← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း - ၈၇

အမှုကြီးစုံစမ်းစစ်ဆေးရေးဌာနအတွင်း ချန်ကွမ်လျန်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် နားကပ်တစ်ဖက်၊ အားမောင်နှင့် ရှောင်လန်တို့ကို ကြည့်ကာ ပြောလိုက်သည်။ “နားကပ်တစ်ဖက်၊ အားမောင်... မင်းတို့ တမင်သက်သက် အမှုဆင်ပြီး စွပ်စွဲတာဆိုရင်တော့ ဥပဒေအရ တရားရင်ဆိုင်ရမယ်ဆိုတာ ငါကြိုသတိပေးထားမယ်”

နားကပ်တစ်ဖက်က ဘာမှပြန်မပြောပေ။ အားမောင်ကမူ ခိုင်မာစွာဖြင့် “ကပ္ပတိန်ချန်... ကျွန်တော် ခင်ဗျားကို တစ်ခုပဲ မေးမယ်..ချန်မင်ကို ဖမ်းရဲသလား” ဟု ပြန်မေးလိုက်သည်။

ချန်ကွမ်လျန် ဒေါသထွက်သွားသည်။ “ငါလည်း တစ်ခုပဲ ပြောမယ်.... ခိုင်လုံတဲ့ သက်သေသာရှိရင် ချန်မင်အသာထား’လဲ့ယာခွန်း’ ကိုတောင် ငါဖမ်းရဲတယ်”

“ကောင်းပြီ ကပ္ပတိန်ချန်... ခင်ဗျားက ခိုင်လုံတဲ့ သက်သေလိုချင်တာလား ရော့... ဒါ သက်သေပဲ” အားမောင်သည် သူ၏ ဂျင်းဘောင်းဘီအိတ်ထဲမှ USB Drive တစ်ခုကို ထုတ်ကာ ချန်ကွမ်လျန်၏ စားပွဲပေါ်သို့ တင်လိုက်သည်။ “ကပ္ပတိန်ချန်... ဒီထဲမှာ ချန်မင်က ကျွန်တော့်ရည်းစားကို အဓမ္မကျင့်နေတဲ့ ဓာတ်ပုံတွေရှိတယ်..ဒါကို သက်သေအဖြစ်ပဲ သုံးပြီး အပြင်ကို မပေါက်ကြားစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

ချန်ကွမ်လျန်က လေးနက်စွာ ခေါင်းညိတ်သည်။ “စိတ်မပူနဲ့ ငါကိုယ်တိုင် ဒါကို လုံခြုံအောင် သိမ်းထားပေးမယ်”

USB Drive ကို ကွန်ပျူတာတွင် တပ်လိုက်သောအခါ စက်က ချက်ချင်း သိရှိသွားသည်။ ထိုအခါ အားမောင်က အမြန်ပြောလိုက်သည်။ “အစ်ကိုကြီးနဲ့ အရာရှိ... ခဏလောက် အပြင်ထွက်ပေးပါဦး”

နားကပ်တစ်ဖက်က ခေါင်းညိတ်ကာ အားမောင်၏ ပုခုံးကို ပုတ်ပြီး အပြင်သို့ ထွက်သွားသည်။ တောက်ကျွင်းလည်း ထိုနည်းတူပင်။ သူနှင့် နားကပ်သည် ရုံးခန်းထဲမှ ထွက်လာကာ ဝရံတာဘက်သို့ သွားပြီး အပြင်ဘက်ကို ငေးကြည့်နေကြသည်။

“နားကပ်တစ်ဖက်... မင်း ဒီတစ်ခါ တကယ် အတည်လုပ်နေတာလား” ဟု တောက်ကျွင်းက ရုတ်တရက် မေးလိုက်သည်။

နားကပ်တစ်ဖက်က လုံးဝ မထိတ်လန့်ဘဲ ပြန်ဖြေသည်။ “ကျွန်တော် မှတ်မိသလောက်ဆို ခင်ဗျားက အရာရှိတောက်... ဟုတ်တယ်မလား ကျွန်တော်တို့က ဒီတစ်ခါ တကယ် နစ်နာသူတွေပါ.. အားနည်းတဲ့ အုပ်စုမို့လို့ ရဲတပ်ဖွဲ့ဆီက အကူအညီ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

တောက်ကျွင်း ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင် သံသယအချို့ ရှိနေသော်လည်း အပြင်ထုတ်မပြောပေ။

အခန်းထဲတွင်မူ ချန်ကွမ်လျန်သည် ကွန်ပျူတာပေါ်ရှိ ကြည်လင်ပြတ်သားသော ဓာတ်ပုံများကို ကြည့်ရှုနေသည်။ ချန်မင်၏ ‘ဗီဒီယို’ မှာ အတော်လေး ရိုက်ချက်ကောင်းလှသည်။ သူ၏ မျက်နှာအမူအရာမှအစ လှုပ်ရှားမှုများအထိ အားလုံး အထင်အရှား မြင်နေရသည်။

ရှောင်လန်၏ မျက်နှာမှာ ဖြူလျော်နေပြီး မျက်ရည်များက တိတ်တဆိတ် စီးကျနေသည်။ သူမ၏ သရုပ်ဆောင်မှုက အလွန်ပင် ပြောင်မြောက်လှသည်။ သူမသာ အနုပညာလောကထဲ ဝင်လျှင် အောင်မြင်နိုင်ခြေ ရှိပေသည်။

အားမောင်က နှာခေါင်းရှုံ့ကာ “ကပ္ပတိန်ချန်... ဒီသက်သေက မလုံလောက်သေးဘူးလား” ဟု မေးသည်။

ချန်ကွမ်လျန်က ခေါင်းခါလိုက်သည်။ “ဓာတ်ပုံအနည်းငယ်နဲ့တော့ ဘာမှ သက်သေမပြနိုင်သေးဘူး..မင်းတို့က ငွေညှစ်ဖို့ ဒါမှမဟုတ် တရားမဝင် ပြည့်တန်ဆာလုပ်ငန်း လုပ်နေတာလားလို့တောင် ငါသံသယဝင်လို့ ရတယ်”

“တောက်” အားမောင် ဝုန်းခနဲ ထရပ်လိုက်ပြီး ချန်ကွမ်လျန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူသည် ချန်ကွမ်လျန်ကို စိမ်းစိမ်းဝါးဝါး ဝါးစားမတတ် ကြည့်နေရင်း “ကပ္ပတိန်ချန်... အစ်ကိုရှီပြောဖူးတဲ့ စကားတစ်ခွန်း ငှားပြောရရင်တော့... ထမင်းကို ကြိုက်သလို စားလို့ရပေမဲ့ စကားကိုတော့ ကြိုက်သလို ပြောလို့မရဘူးဗျ... ခင်ဗျားက ကျွန်တော့်ရည်းစားကို မကောင်းတဲ့မိန်းကလေးလို့ ပြောနေတာလား”

ချန်ကွမ်လျန်က မကြောက်မရွံ့ဘဲ ပြန်ပြောသည်။ “ဘယ်သူသိမှာလဲ”

အားမောင် ဒေါသအလွန်ထွက်သွားပြီး ချန်ကွမ်လျန်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ သို့သော် ချန်ကွမ်လျန်က အဆင်သင့် ဖြစ်နေသည်။ သူသည် စားပွဲကို အားဖြင့် တွန်းလိုက်ရာ ဘီးတပ်ကုလားထိုင်မှာ နောက်သို့ လျှောထွက်သွားပြီး အားမောင်၏ လက်သီးကို ရှောင်တိမ်းသွားသည်။

ဌာနထဲမှ အခြားရဲအရာရှိများက ချက်ချင်း အော်ဟစ်လိုက်ကြသည်။ “မင်း ဘာလုပ်တာလဲ ရဲစခန်းထဲမှာ ရဲကို ရန်မူချင်တာလား ငြိမ်ငြိမ်နေစမ်း”

ဟွာချန်းက အားမောင်ကို နံပါတ်တုတ်ဖြင့် ချိန်ကာ “မင်း ပုန်ကန်ချင်နေတာလား အိန္ဒြေရရ နေစမ်း” ဟု ဟောက်လိုက်သည်။

သို့သော် ချန်ကွမ်လျန်က တားလိုက်သည်။ “တော်ကြတော့... အားလုံး စိတ်အေးအေးထားပါ...ငါ အားမောင်ကို စမ်းသပ်ကြည့်တာပါ..အားမောင်... ငါ တောင်းပန်ပါတယ်...စိတ်မရှိပါနဲ့”

အားမောင် ကြောင်သွားသည်။ “ကပ္ပတိန်ချန်... ခင်ဗျား ဘာကို ဆိုလိုတာလဲ”

“မင်းရဲ့ သဘောထားကို စမ်းကြည့်တာပါ..ရှောင်လန်က တကယ်ပဲ မင်းရဲ့ရည်းစားဆိုရင် ငါက သူ့ကို အဲဒီလို စော်ကားပြောဆိုတဲ့အခါ မင်း ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး... ဘယ်ယောကျ်ားမဆို သည်းခံနိုင်မှာ မဟုတ်ဘူးလေ... ဟားဟား” ချန်ကွမ်လျန်က ရယ်မောကာ ဆက်ပြောသည်။ “ရှောင်လန်က မင်းရည်းစား မဟုတ်ဘဲ ငါပြောသလိုသာ တကယ်ဖြစ်နေရင် မင်း ဒီလောက် တုံ့ပြန်မှု ပြင်းထန်မှာ မဟုတ်ဘူး”

အားမောင်က နားလည်သွားသည့်ဟန်ဖြင့် “အော်... အော်... အဲဒီလိုကိုး... ရှောင်လန်က ကျွန်တော့်ရည်းစား အစစ်ပါဗျ” ဟု ဆိုသည်။ အားမောင်သည် စိတ်ထဲမှနေ၍ ရှီလဲ့ကို တိတ်တဆိတ် ချီးကျူးနေမိသည်။ ‘အစ်ကိုရှီ ခန့်မှန်းထားတဲ့အတိုင်းပဲ၊ ချန်ကွမ်လျန်က ဖြောင့်မတ်ချင် ဖြောင့်မတ်မယ်၊ ဒါပေမဲ့ လူအတော့ မဟုတ်ဘူး.. ကျောက်ခေါင်းရဲ့ လမ်းညွှန်မှုသာ မရှိရင် ခုနက ငါ အမှားပြမိတော့မှာ ဒီရဲတွေက တကယ် မရိုးရှင်းဘူးပဲ’

“ကပ္ပတိန်ချန်... အခု သက်သေလည်း ရှိပြီ၊ စမ်းသပ်လို့လည်း အောင်ပြီဆိုတော့ ချန်မင်ကို သွားမဖမ်းသေးဘူးလား” ဟု အားမောင်က မေးလိုက်သည်။

ချန်ကွမ်လျန်က ခေါင်းခါပြသည်။ “ဇာတ်ကြောင်း အစအဆုံးကို ပြောပြဦး... ချန်မင်က မင်းရည်းစားကို အဓမ္မကျင့်ဖို့ ဘယ်လို အခွင့်အရေး ရသွားတာလဲ”

အားမောင်က ဇာတ်လမ်းကို ဖြည်းဖြည်းချင်း ပြောပြသည်။ ချန်မင်နှင့် နားကပ်တို့သည် အသိများ ဖြစ်ကြသည်။ နောက်ဖေးလမ်းတွင် တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြပြီးနောက် စကားစမြည်ပြောရင်း အရက်နှင့် အမြည်းများဝယ်ကာ နားကပ်၏ ငှားရမ်းထားသောအိမ်သို့ ပြန်လာခဲ့ကြသည်။

အားလုံး အတူတူ သောက်စားကြရင်း မိုးနတ်မင်းအကြောင်းကအစ အကုန်လျှောက်ပြောကာ သတိလစ်သွားသည်အထိ သောက်ခဲ့ကြသည်။ သို့သော် ရှောင်လန်နှင့် ချန်မင်ကမူ အများကြီး မသောက်ခဲ့ပေ။ ချန်မင်သည် အားမောင်နှင့် နားကပ်တို့ မူးပြီး အိပ်ပျော်နေသည်ကို အခွင့်ကောင်းယူကာ ရှောင်လန်ကို နားကပ်၏ အခန်းထဲသို့ ဆွဲခေါ်သွားပြီး အဓမ္မကျင့်ခဲ့ခြင်း ဖြစ်သည်။ အားမောင်နှင့် နားကပ်တို့ ပြန်နိုးလာချိန်တွင် ချန်မင်မှာ ထွက်သွားပြီဖြစ်ပြီး ငိုယိုနေသော ရှောင်လန်သာ ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

ချန်ကွမ်လျန်၏ မျက်လုံးများ တောက်ပသွားသည်။ “အခင်းဖြစ်ပွားတဲ့နေရာကို မင်းတို့ ပြောင်းရွှေ့လိုက်သေးလား”

အာမောက ခေါင်းခါကာ “မလုပ်ပါဘူး အခင်းဖြစ်ပြီးကတည်းက အစ်ကိုကြီးက ရဲတွေကို အလွယ်တကူ လွှဲပေးနိုင်အောင် နေရာကို ဒီအတိုင်း ထိန်းသိမ်းထားဖို့ မှာထားတယ်” ဟု ဖြေသည်။

“သိပ်ကောင်းတယ် ငါတို့ကို အဲဒီနေရာကို အခုချက်ချင်း ခေါ်သွားပေး”

နှစ်နာရီခန့်အကြာတွင် ချန်ကွမ်လျန်သည် သက်သေခံပစ္စည်း စုဆောင်းရေးအဖွဲ့နှင့်အတူ ရဲစခန်းသို့ ပြန်ရောက်လာသည်။ သူ၏ မျက်နှာမှာ တည်တင်းနေပြီး ကွန်ပျူတာဘေးတွင် ထိုင်ကာ USB ကို တပ်လိုက်ပြီး ဓာတ်ပုံအချို့ကို ဖွင့်ကြည့်နေသည်။

“နားကပ်... မင်းရဲ့ အခန်းထဲမှာ ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာကို ဘာလို့ ဖုံးကွယ်ပြီး တပ်ထားရတာလဲဆိုတာ ရှင်းပြနိုင်မလား ဒီဓာတ်ပုံတွေကို မင်းတို့ ဘယ်လိုရလဲဆိုတာ ငါစဉ်းစားနေတာ...အခု ဒီကင်မရာကို မြင်တော့မှ ငါနားလည်သွားတော့တယ်..ချန်မင်က ရှောင်လန်ကို အဓမ္မကျင့်မယ်ဆိုတာ မင်းတို့ ကြိုသိနေပြီး ပြင်ဆင်ထားတာများလား” ချန်ကွမ်လျန်၏ လေသံမှာ ပြင်းထန်လာသည်။

“အဟွတ်... အဟွတ်...”

ဌာနတံခါးဝမှ ချောင်းဟန့်သံ တစ်ချက် ကြားလိုက်ရသည်။ ရှီလဲ့သည် ပလတ်စတစ်ဘူးကြီး တစ်ဘူးကို ကိုင်ကာ လမ်းလျှောက်ဝင်လာသည်။ သူသည် နားကပ်နှင့် အားမောင်ကို တစ်ချက်ကြည့်ကာ “နားကပ်... အားမောင်... မင်းတို့ ဒီတစ်ခါ ဘာအပြစ်တွေ လုပ်ပြန်ပြီလဲ” ဟု နောက်ပြောင်လိုက်သည်။

ချန်ကွမ်လျန်က ရှီလဲ့ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် “ရှီလဲ့... မင်း ဒီကို ဘာလာလုပ်တာလဲ” ဟု အေးစက်စွာ မေးသည်။

ရှီလဲ့က အိုးရန်ရှန်းဘက်ကို မေးငေါ့ပြကာ “ကပ္ပတိန်ချန်... ကျွန်တော်ကတော့ အိုရန်ရှန်းကို လာတွေ့တာပေါ့” ဟု ပြောရင်း သူမဆီသို့ လျှောက်သွားသည်။

အိုးရန်ရှန်း၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်လေး တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက မကျေနပ်သလို ဟန်ဆောင်ကာ “ဘာလာလုပ်တာလဲ” ဟု မေးလိုက်သည်။

ရှီလဲ့သည် သူယူလာသော ဘူးကို စားပွဲပေါ်တင်ကာ အဖုံးဖွင့်လိုက်သည်။ အထဲမှ အအေးဓာတ်များ ချက်ချင်း ထွက်ပေါ်လာပြီး အခန်းထဲရှိ လေထုနှင့် ထိတွေ့ကာ မြူနှင်းများကဲ့သို့ ဖြစ်သွားသည်။

“ရှီလဲ့... မင်း ဘာလုပ်နေတာလဲ” ဟု အိုးရန်ရှန်းက စူးစမ်းစွာ မေးသည်။

ရှီလဲ့သည် ဘူးထဲမှ ရေခဲမုန့်တစ်ခွက်ကို ထုတ်ကာ သူမကို ပေးလိုက်သည်။ “အိုရန်ရှန်း... မင်းကို ရေခဲမုန့် ကျွေးမလို့လေ” ရှီလဲ့လက်ထဲရှိ ရေခဲမုန့်မှာ အအေးဓာတ်များ ထွက်နေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဤတံဆိပ်မှာ ရေခဲမုန့်လောက၏ ဘုရင်ဟု တင်စားခံရလောက်အောင် နာမည်ကြီးသည်။

အိုးရန်ရှန်းသည် ရေခဲမုန့် ကြိုက်တတ်သည်ကို ရှီလဲ့က သူမ၏ ရေခဲသေတ္တာကို မွှေနှောက်စဉ်ကတည်းက သိထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဤရေခဲမုန့်ကို အသုံးချကာ သူမကို ချော့ရန်နှင့် တစ်ဖက်ကလည်း ချန်မင်ကို အကွက်ဆင်ထားသည့် အစီအစဉ်၏ တိုးတက်မှုကို လာရောက် စောင့်ကြည့်ရန် အကြောင်းပြချက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အိုးရန်ရှန်းသည် ရှီလဲ့လက်ထဲမှ ရေခဲမုန့်ကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဈေးနှုန်းကြောင့် မဟုတ်ဘဲ ရွှမ်းဟူခရိုင်တွင် ဆိုင် မရှိသောကြောင့် ဖြစ်သည်။ အနီးဆုံးဆိုင်မှာ တစ်နာရီခန့် ကားမောင်းသွားရသည့် ချာပူးခရိုင်တွင် ရှိသည်။ ယခုကဲ့သို့ အောက်တိုဘာလကုန် ပူအိုက်လှသော အချိန်တွင်...

ရှီလဲ့က တစ်နာရီခန့် ဝေးသောနေရာမှ ရေခဲမုန့်ကို အရည်မပျော်အောင် သယ်လာပေးခဲ့ခြင်း ဖြစ်သည်။

“ရှီလဲ့... ငါ ရေခဲမုန့် ကြိုက်တာ မင်းကို ဘယ်သူပြောလဲ” အိုးရန်ရှန်းက ရေခဲမုန့်ကို လှမ်းယူလိုက်သည်။ ရှီလဲ့အပေါ် ထားရှိသည့် အစိုင်အခဲလေးများမှာလည်း တဖြည်းဖြည်း အရည်ပျော်စပြုလာသည်။

ရှီလဲ့သည် ဘူးထဲမှ နောက်ထပ် ရေခဲမုန့်တစ်ခွက်ကို ထုတ်ကာ တောက်ကျွင်းဆီသို့ လှမ်းပစ်ပေးလိုက်သည်။ “အစ်ကို‌ေတာက်၊ အစ်ကိုဟွာ... ပြီးတော့ တခြား အစ်ကို၊ အစ်မတို့လည်း ရေခဲမုန့် စားကြပါဦး”

တောက်ကျွင်းက ရေခဲမုန့်ကို လှမ်းဖမ်းကာ ရယ်လိုက်သည်။ “ရှီလဲ့... မင်းက တကယ့်ကို ရက်ရောတာပဲ ဒါက ဈေးမသေးဘူးနော်”

ရုံးခန်းထဲတွင် ရှစ်ယောက် ရှိသော်လည်း ရှီလဲ့က ၁၂ ခွက်တောင် ဝယ်လာသဖြင့် အားလုံးအတွက် လုံလောက်ရုံသာမက ပိုပင် ပိုသေးသည်။ ရေခဲမုန့်အချို့နှင့် ရဲစခန်းက လူများနှင့် ရင်းနှီးမှုရယူခြင်းမှာ အလွန်တန်သော ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။

ရှီလဲ့သည် အိုးရန်ရှန်းဘေးတွင် ထိုင်ကာ ရေခဲမုန့်စားရင်း မေးလိုက်သည်။ “အိုးရန်ရှန်း... နားကပ်တို့က ဒီတစ်ခါ ဘာဖြစ်ကြပြန်တာလဲ”

အိုးရန်ရှန်းက အသံတိုးတိုးဖြင့် “ရှီလဲ့... အသံလျှော့ပါ.. ဒီတစ်ခါတော့ နားကပ်တို့က နစ်နာသူတွေပါ.. ဟိုမိန်းကလေးက အဓမ္မကျင့်ခံရတာ... တိုက်တိုက်ဆိုင်ဆိုင်ပဲ... တရားခံကလည်း ရွှမ်ချင်းတက္ကသိုလ်က ကျောင်းသားပဲညမင်း သိမလားတော့ မသိဘူး...” အိုးရန်ရှန်းက စကားကို ရုတ်တရက် ရပ်ကာ ရှီလဲ့ကို သံသယဖြင့် ကြည့်လိုက်သည်။

‘တကယ်ပဲ ဒီလောက် တိုက်ဆိုင်နေတာလား.. ဒါမှမဟုတ် နောက်ကွယ်မှာ တစ်ခုခု ရှိနေတာလား’ အိုးရန်ရှန်းက ရှီလဲ့ကို ကြည့်လိုက်သော်လည်း ရှီလဲ့မှာ အေးအေးဆေးဆေးပင် ရေခဲမုန့် စားနေသည်။

“ဟေ့... ဆက်ပြောလေ.. တရားခံက ဘယ်သူလဲ ကျွန်တော် သိကောင်းသိမှာပေါ့” ရှီလဲ့က ပါးစပ်ထဲ ရေခဲမုန့်အပြည့်ဖြင့် ဗလုံးဗထွေး ပြောလိုက်သည်။

‘ငါများ သံသယလွန်နေတာလား’ အိုးရန်ရှန်းက မျက်မှောင်ကြုတ်လျက် “တရားခံ နာမည်က ချန်မင်တဲ့.. မင်း သိလား”

“ဟမ်” ရှီလဲ့က ရေခဲမုန့်ကို မျိုချလိုက်ပြီး သူမကို လှည့်ကြည့်သည်။ “ချန်မင်လား ကျင်းယိုဆော့ဖ်ဝဲက ချန်မင်လား...အဲဒါဆိုရင်တော့ တကယ် တိုက်ဆိုင်တာပဲ...သူက ကျွန်တော့်အတန်းဖော်လေ.. မနေ့က ကျောင်းကလုပ်တဲ့ ဆော့ဖ်ဝဲပြိုင်ပွဲမှာ ကျွန်တော်က ပထမ၊ သူက ဒုတိယ ရတာ”

ရှီလဲ့၏ ဖွင့်ဟချက်ကြောင့် အိုးရန်ရှန်း၏ သံသယများ ပြေပျောက်သွားသည်။ “ဘာပထမလဲ”

“ဆော့ဖ်ဝဲပြိုင်ပွဲမှာ ပထမရလို့ ဆုကြေး ယွမ်တစ်သောင်း ရတယ်လေ” ရှီလဲ့က ဂုဏ်ယူစွာ ပြောသည်။ “ဒါကြောင့်လည်း မင်းကို ‌‌ေရခဲမုန့် ကေျွးတာပေါ့”

ချန်ကွမ်လျန်သည် ရှီလဲ့ကို တစ်ချက်ကြည့်ကာ သံသယစိတ်လေးတစ်ခု ဝင်လာသည်။ ရှီလဲ့ အခုလို အချိန်ကိုက် ရောက်လာတာက တကယ်ပဲ တိုက်ဆိုင်လွန်းနေသည်။

“နားကပ်... မင်းရဲ့ အခန်းထဲက ကင်မရာအကြောင်း ပြန်ရှင်းစမ်းပါဦး.. အဲဒါ ဘာဖြစ်တာလဲ” ချန်ကွမ်လျန်က ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။

အခန်း - ၈၈

နားကပ်တစ်ဖက်၏ အမည်ရင်းမှာ လျိုတာကျွမ်းဖြစ်ပြီး အလွန်ရိုးရှင်းလွန်းသည့် အမည်တစ်ခုဖြစ်သည်။ ရှုမ်းချင်းမြို့အနီးရှိ ဆင်းရဲသားရပ်ကွက်တွင် မွေးဖွားခဲ့သဖြင့် လူကြီးများက ‘မွေးရလွယ်၊ ပြုစုရလွယ်’ စေရန် ရည်ရွယ်၍ ထိုကဲ့သို့ အမည်ပေးခဲ့ခြင်း ဖြစ်သည်။

လျိုတာကျွမ်းသည် ကျောင်းများများစားစား မနေခဲ့ရသဖြင့် ပညာအရည်အချင်း မမြင့်မားပေ။ ရွှမ်ချင်းမြို့သို့ ရောက်လာပြီးနောက် သူသည် လူမိုက်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ထက်မြက်ပြီး သစ္စာရှိသူဖြစ်သဖြင့် တဖြည်းဖြည်းနှင့် နောက်လိုက်နောက်ပါများ စုမိလာကာ ရွှမ်ချင်းမြို့၏ နောက်ဖေးလမ်းများတွင် အခြေချနေထိုင်ခဲ့သည်။

သူသည် သူ၏ဘဝကို ပြောင်းလဲပစ်ချင်သည့်စိတ် အမြဲရှိသည်။ မည်သည့်နည်းလမ်းကိုသုံးရသည်ဖြစ်စေ သူ၏ကံကြမ္မာကို ပြောင်းလဲလိုသည်။ ယခုတစ်ကြိမ် ရှီလဲ့နှင့် ချိတ်ဆက်မိပြီးနောက်တွင်မူ သူ၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေး ရောက်လာပြီဟု သူ သိလိုက်သည်။ ရှီလဲ့နောက်ကိုသာ စိတ်ရောကိုယ်ပါ လိုက်သွားမည်ဆိုလျှင် သူသည် နာမည်တစ်လုံး ရလာမည်မှာ အသေအချာပင်။

ချန်ကွမ်လျန်၏ သံသယများရှေ့တွင် နားကပ်တစ်ဖက်၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။ သူသည် လုံးဝ ထိတ်လန့်ခြင်းမရှိဘဲ “ကပ္ပတိန်ချန်... ကျွန်တော် ဘယ်လိုလူလဲဆိုတာ ခင်ဗျား အသိဆုံးပါ... ကျွန်တော့်အခန်းထဲမှာ ဗီဒီယိုကင်မရာ ဘာလို့ တပ်ထားရလဲဆိုတာကတော့... ဒါက ကျွန်တော့်ရဲ့ ဝါသနာလို့ ပြောရင်ရမလား.. ခင်ဗျားက ဒါကို အမှုနဲ့ပတ်သက်နေလို့ ရှင်းပြရမယ်ဆိုရင်တော့ ကျွန်တော် ပြောပြပါ့မယ်... ကျွန်တော့်ရဲ့ စုဆောင်းထားတဲ့ ငွေအားလုံးကို ကုတင်အောက်မှာ ဝှက်ထားတာမို့လို့ အဲဒါကို စောင့်ကြည့်ဖို့ ကင်မရာတပ်ထားတာပါ...ဘယ်လိုလဲ... ယုတ္တိရှိတယ် မဟုတ်လား” ဟု ပြန်ပြောလိုက်သည်။

နားကပ်တစ်ဖက်၏ ရှင်းပြချက်မှာ အနည်းငယ် လက်ခံရခက်သော်လည်း လုံးဝ အဓိပ္ပာယ်မရှိသည်တော့ မဟုတ်ပေ။ ချန်ကွမ်လျန်သည် နားကပ်ကို သံသယရှိနေသော်လည်း ဘာမှ မတတ်နိုင်ပေ။

အားမောင်က ဘေးမှနေ၍ “ကပ္ပတိန်ချန်... သက်သေတွေအကုန် ရှိနေပြီပဲ.. ခင်ဗျား ဘာတွေ တွန့်ဆုတ်နေတာလဲ” ဟု တိုက်တွန်းနေသည်။

ချန်ကွမ်လျန် စဉ်းစားကြည့်ပြီးနောက် ချန်မင်ကို အရင်ဖမ်းဆီးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်မှ ချန်မင်နှင့် နားကပ်တို့ကို မျက်နှာချင်းဆိုင် စစ်ဆေးပြီး အခြားသဲလွန်စများ ရှာဖွေမည်ဖြစ်သည်။

“ဟွာချန်း၊ တောက်ကျွင်း... မင်းတို့နှစ်ယောက် ရွှမ်ချင်းတက္ကသိုလ်ကိုသွားပြီး ချန်မင်ကို ဖမ်းလာခဲ့ကြ” ဟု ချန်ကွမ်လျန်က အမိန့်ပေးလိုက်သည်။

သူတို့နှစ်ဦး ထွက်သွားလိုက်သည်မှာ တစ်မနက်လုံး ပြန်မလာကြပေ။ မွန်းတည့်ချိန်တွင် အိုးရန်ရှန်းသည် ရှီလဲ့ကို ရဲစခန်း၏ ထမင်းစားဆောင်သို့ ခေါ်သွားသည်။ လူအတော်များများက သူတို့နှစ်ဦးကို ထူးဆန်းသလို ကြည့်နေကြသည်။

ရှီလဲ့၏ မျက်နှာမှာ တည်ငြိမ်နေပြီး အပြုံးလေးတစ်ခု ရှိနေသော်လည်း အိုးရန်ရှန်းမှာမူ မျက်နှာလေး အနည်းငယ် နီမြန်းနေပြီး ခေါင်းငုံ့ထားမိသည်။ သူမသည် ထိုလူများကို မကြည့်ရဲပေ။ သူတို့နှစ်ဦးသည် ဝန်ထမ်းထမင်းဘူး နှစ်ဘူးမှာယူကာ တတိယထပ်ရှိ အမှုကြီးစုံစမ်းစစ်ဆေးရေးဌာနသို့ ပြန်လာခဲ့ကြသည်။ ထမင်းစားဆောင်တွင် ထိုင်မစားကြပေ။

အိုးရန်ရှန်း၏ စားပွဲပေါ်တွင် ထမင်းဘူးနှစ်ဘူး ရှိနေသည်။ အိုးရန်ရှန်းက ပုံမှန်အတိုင်း စားနေသော်လည်း ရှီလဲ့ကမူ မနှစ်မြို့သော မျက်နှာပေးဖြင့် ရှိနေသည်။ ရွှမ်းဟူရဲစခန်း၏ ထမင်းမှာ ကျောင်းထမင်းထက် အများကြီး သာသော်လည်း ရှီလဲ့၏ အကြိုက်နှင့်မူ မကိုက်ညီသေးပေ။

“အိုးရန်... ဒီလို အရသာမရှိတဲ့ ထမင်းတွေကို မင်း ဘယ်လိုစားနေတာလဲ” ရှီလဲ့က ညည်းညူရင်း ပြောလိုက်သည်။

အိုးရန်ရှန်းက ရှီလဲ့ကို တစ်ချက်ကြည့်ကာ “မင်း လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး အိမ်မပြန်ဘူးနော်.. ညစာ ဘယ်မှာစားလဲ” ဟု မေးလိုက်သည်။

သူမ ဆိုလိုသည်မှာ ရှီလဲ့သည် သူမချက်သော ညစာကို မစားဘဲ ဘယ်လို နေထိုင်ခဲ့သလဲဟူ၍ ဖြစ်သည်။ ရှီလဲ့က ထိုအဓိပ္ပာယ်ကို နားလည်သဖြင့် “ကျောင်းထမင်းဆိုင်မှာပေါ့... ဗိုက်ကို ဆာနေတာပဲ” ဟု ဟန်ဆောင်ကာ နာနာကျင်ကျင် ပြောလိုက်သည်။

အိုးရန်ရှန်းက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ သူမ၏ တည်ကြည်သော မျက်နှာထားတွင် ရှားရှားပါးပါး ချစ်စဖွယ်ကောင်းမှုလေး တစ်ခု ပေါ်လာသည်။ “ဒါဆို ဘာလို့ အိမ်မပြန်တာလဲ”

ရှီလဲ့က အိုးတိုးအန်းတန်းဖြင့် “ကိုယ်... ကိုယ်က မင်း စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးလို့ပါ... ဟိုကလေးတွေက တကယ်ကို အမြင်ကတ်စရာ ကောင်းတာ သူတို့ကို သင်ခန်းစာ မပေးလိုက်ရရင် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေမှာ”

“ဟွန်း” အိုးရန်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ “ရှီလဲ့... နောက်တစ်ခါ အဲဒီလို မလုပ်နဲ့တော့ နောက်ဆို ဒီလိုကိစ္စတွေကြုံရင် ဥပဒေကို ချိုးဖောက်ခွင့် မရှိဘူးနော်၊ နားလည်လား”

“ဟုတ်ကဲ့ပါ” ရှီလဲ့က သက်ပြင်းချရင်း “အိုးရန်... မင်းက အဲဒီလို အလိုရှိတယ်ဆိုရင်လည်း နောက်ဆို ကျွန်တော် ပိုသတိထားပါ့မယ်” ဟု ဆိုသည်။

အိုးရန်ရှန်း၏ နှုတ်ခမ်းထောင့်များတွင် ပျော်ရွှင်သော အပြုံးလေးတစ်ခု ပေါ်လာသည်။ “ဒီည မင်းပြန်လာရင် ငါ ‘ဝက်သားနီချက်’ ချက်ပေးမယ်”

“ဟုတ်ကဲ့” ရှီလဲ့သည် ဝမ်းသာအားရ ပြုံးလိုက်တော့သည်။

ညစာကို မျှော်လင့်ရင်း ရှီလဲ့သည် ရဲစခန်းမှ ထမင်းများကို ကြည့်ကာ အကုန်လွှင့်ပစ်ချင်စိတ် ပေါက်နေသော်လည်း နေ့လယ်ဘက် ဗိုက်မဆာစေရန် အတင်းမြိုချလိုက်ရသည်။

သူတို့ ထမင်းစားမပြီးခင်မှာပင် တောက်ကျွင်းနှင့် ဟွာချန်းတို့သည် ချန်မင်ကို ဖမ်းဆီးကာ ပြန်ရောက်လာကြသည်။ ရှီလဲ့က ခေါင်းမော့ကာ ချန်မင်ကို ကြည့်လိုက်သည်။ ချန်မင်၏ မောက်မာသော အမူအရာကို မြင်သောအခါ ရှီလဲ့က ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်မိသည်။

ချန်မင်သည်လည်း ရှီလဲ့ကို မြင်သောအခါ အံ့အားသင့်သွားသည်။ ရှီလဲ့က နားကပ်နှင့် သူ၏ အစီအစဉ်ကို သိသွားပြီး ရဲတိုင်လိုက်တာလားဟုပင် သူ တွေးလိုက်မိသည်။ သနားစရာကောင်းသော ချန်မင်မှာမူ သူကိုယ်တိုင် ရှီလဲ့၏ ထောင်ချောက်ထဲသို့ ကျရောက်နေပြီဖြစ်ကြောင်း မသိသေးပေ။

“ရှီလဲ့... မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ” ချန်မင်က အံ့အားသင့်သလို၊ စမ်းသပ်သလို လေသံဖြင့် မေးလိုက်သည်။

ရှီလဲ့သည် မျက်နှာထားကို အနည်းငယ် ပြောင်းလဲလိုက်သလို ဟန်ဆောင်ကာ အိုးရန်ရှန်းကို တစ်ချက်ကြည့်ပြီး “ချန်မင်... မင်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး” ဟု ပြောလိုက်သည်။

ချန်မင်သည် ရှီလဲ့ဘေးရှိ အိုးရန်ရှန်းကို ကြည့်ကာ သူမ၏ အလှအပနှင့် ရဲရင့်သော အရှိန်အဝါကြောင့် မှင်တက်သွားသည်။ ထို့နောက် ရှီလဲ့ကို ထူးဆန်းသလို ကြည့်ကာ “ရှီလဲ့... ဒါ မင်းရဲ့ အမျိုးလား.. ဒါနဲ့... မင်းရည်းစား လင်းယွိမော့က မင်းကို ရှာနေသလိုပဲနော်” ဟု ရှီလဲ့ကို ပြဿနာရှာရန် တမင်သက်သက် ပြောလိုက်သည်။

ချန်မင်သည် ရှီလဲ့၏ နောက်ကြောင်းကို စုံစမ်းထားပြီးသား ဖြစ်သည်။ ရှီလဲ့တွင် အမျိုး မရှိကြောင်း သူ ကောင်းကောင်းသိသည်။ သူက ရှီလဲ့ကို အခက်တွေ့စေရန် တမင် ပြောလိုက်ခြင်းသာ ဖြစ်သည်။

ချန်မင်၏ စကားကို ကြားသောအခါ အိုးရန်ရှန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ စိတ်ပျက်သွားသည့် အရိပ်အယောင်လေး တစ်ခု ပြသသွားသည်။ ထိုအချက်ကို ချန်မင်က အမိအရ မြင်လိုက်သည်။

‘ရှီလဲ့... မင်းက တကယ်ကို မိန်းမပွေတဲ့ကောင်ပဲ.. လင်းယွိမော့တင်မကဘူး၊ ရင့်ကျက်တဲ့ အမျိုးသမီးတွေကိုပါ ကြိုက်တာကိုး...ဒီသတင်းကို လင်းယွိမော့ဆီ ပေးလိုက်ရင် မင်း ဘယ်လို ရှင်းမလဲ ကြည့်ကြသေးတာပေါ့’ ဟု ချန်မင်က စိတ်ထဲမှ ကြံစည်နေသည်။

ရှီလဲ့က ချန်မင်၏ မေးခွန်းကို မဖြေဘဲ “ချန်မင်... မင်း အဓမ္မကျင့်မှုမှာ ပါဝင်နေတယ်လို့ ကြားတယ်၊ အဲဒါ တကယ်လား..ငါ့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရတော့ မင်းက အဲဒီလို လူစားမျိုးလို့ မယုံပေမဲ့... လောကမှာ လူရုပ်ဖမ်းထားတဲ့ တိရစ္ဆာန်တွေလည်း ရှိတတ်တာပဲလေ...မင်းက အဲဒီထဲက တစ်ယောက်လား” ဟု ပြန်မေးလိုက်သည်။

ချန်မင်က နှာခေါင်းရှုံ့ကာ “မင်း ဘာတွေပြောနေတာလဲ ငါမသိဘူး ငါက ရဲတွေကို သက်သေလာကူပေးတာပဲ” ဟု ဆိုသည်။

ရှီလဲ့က တောက်ကျွင်းကို ကြည့်ကာ ပြုံးလျက် “အစ်ကိုတောက်... သူ့ကို ဘာမှ မပြောရသေးဘူးလား ဒါနဲ့... အစ်ကိုတို့ ထမင်းစားပြီးပြီလား”

“အပြင်မှာ စားလာခဲ့ပြီ...ဒီကောင်ကို ဖမ်းဖို့အတွက် ထျန်းဟူခရိုင်အထိ သွားခဲ့ရတာ...သူ့အိမ်မှာပဲ မိတာ လူတွေ အလန့်တကြား မဖြစ်အောင် အမှန်အတိုင်း မပြောဘဲ ခေါ်လာခဲ့တာ” ဟု တောက်ကျွင်းက ဖြေသည်။

ချန်မင်၏ မျက်နှာ ပျက်သွားသည်။ သူ အခုမှ ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားသည်။ “အရာရှိတောက်၊ အရာရှိဟွာ... ဒါ ဘာသဘောလဲ”

ဟွာချန်းက အေးစက်စွာ ပြောလိုက်သည်။ “မင်း အမှန်အတိုင်း ပြောတာ ကောင်းလိမ့်မယ် မင်းက အခု အဓမ္မကျင့်မှုရဲ့ အဓိက သံသယရှိသူ ဖြစ်နေပြီ.. ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါ”

ချန်မင်က ရယ်မောလိုက်သည်။ “အရာရှိဟွာ... ကျွန်တော်က သံသယရှိသူ ဟုတ်လား ကျွန်တော်က အဓမ္မကျင့်တဲ့လူတဲ့လား ဒါ လောကမှာ အကြီးမားဆုံး ဟာသပဲ ကျွန်တော် ချန်မင်က ဘယ်လို မိန်းမမျိုးကိုမဆို ရနိုင်တာဗျ”

“အစ်ကိုဟွာ... ချန်မင်ကို စစ်ဆေးမေးမြန်းရေးခန်းထဲ ခေါ်သွားပြီး သေချာ စစ်လိုက်ပါဦး” ဟု တောက်ကျွင်းက အကြံပြုသည်။ “ကျွန်တော် နားကပ်တို့ကို အရင် စစ်လိုက်ဦးမယ်”

ဟွာချန်းက ခေါင်းညိတ်ကာ “ရတယ်... သီးခြားစီ စစ်ပြီးမှ အတူတူ ပြန်စစ်ကြတာပေါ့” ဟု ဆိုသည်။

ချန်မင်၏ အမူအရာမှာ အေးစက်နေသည်။ “ကျွန်တော့်ဝမ်းကွဲ အစ်ကိုကလည်း ဒီရဲစခန်းမှာပဲ အလုပ်လုပ်တာ ခင်ဗျားတို့ သိလား...သူက လဲ့ယာခွန်းဗျ ခင်ဗျားတို့မှာ ဖမ်းဝရမ်းမပါဘဲ ကျွန်တော့်ကို ဖမ်းလာတာ... ဒါ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး”

ရှီလဲ့က ကြားဖြတ်ပြောလိုက်သည်။ “ကျောင်းသားချန်မင်... အစ်ကိုတို့က မင်းကို ဖမ်းလာတာ မဟုတ်ပါဘူး...စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးဖို့ ဖိတ်ခေါ်လာတာပါ... ဥပဒေအရ နိုင်ငံသားတိုင်းမှာ ရဲကို ကူညီဖို့ တာဝန်ရှိတယ် ရဲတွေက ၂၄ နာရီအတွင်း စစ်ဆေးပိုင်ခွင့် ရှိပါတယ် ပူးပေါင်းဆောင်ရွက်လိုက်ပါဦး အိုးရန်... ကျွန်တော် ပြောတာ ဟုတ်တယ်မလား” ရှီလဲ့သည် ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ပြောလိုက်သည်။

အိုရန်ရှန်း ခေါင်းညိတ်လိုက်သော်လည်း သူမစိတ်ထဲတွင် သံသယများ တစ်ကျော့ပြန် ပေါ်လာပြန်သည်။ ‘ရှီလဲ့... ဒါ မင်းရဲ့ လက်ချက်တွေထဲက တစ်ခုလား’

တောက်ကျွင်းနှင့် ဟွာချန်းတို့က ချန်မင်ကို ခေါ်ထုတ်သွားကြသည်။ အခန်းထဲတွင် အိုးရန်ရှန်းနှင့် ရှီလဲ့သာ ကျန်ရစ်သည်။

“အိုးရန်... အစ်ကို‌ေတာက်တို့ တရားခံကို ဘယ်လို စစ်ဆေးလဲဆိုတာ သွားကြည့်လို့ ရမလား” ရှီလဲ့က မျှော်လင့်တကြီး မေးသည်။ “ကျွန်တော် ရဲတွေ စစ်ဆေးတာ တစ်ခါမှ မမြင်ဖူးလို့”

အိုးရန်ရှန်းက ရှီလဲ့ကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်ကာ “ရှီလဲ့... မင်း တကယ်ပဲ မြင်ချင်တာလား” ဟု မေးသည်။

ရှီလဲ့က သူမ၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ “ကြည့်ချင်တာပေါ့.. တီဗီထဲကလိုမျိုး နှိပ်စက်ပြီး စစ်တာလားလို့ သိချင်တာ”

“မင်း ဘာတွေ လျှောက်တွေးနေတာလဲ..တို့က ယဉ်ကျေးစွာ စစ်ဆေးတာပါ တို့က ပြည်သူ့ရဲတွေလေ၊ ဓားပြတွေ မဟုတ်ဘူး” အိုးရန်ရှန်းက သူ့ကို မျက်စောင်းထိုးကာ “လာ... ငါ ခေါ်သွားပေးမယ်” ဟု ဆိုသည်။

အိုရန်ရှန်းသည် ထမင်းပန်းကန်များကို ပြန်ပို့ပြီးနောက် ရှီလဲ့ကို စစ်ဆေးရေးခန်းဘေးရှိ အကဲခတ်ခန်းသို့ ခေါ်သွားသည်။

စစ်ဆေးရေးခန်းကို အခန်းနှစ်ခန်း ခွဲထားသည်။ တစ်ခန်းက စစ်ဆေးရန်ဖြစ်ပြီး နောက်တစ်ခန်းမှာ အကဲခတ်ရန် ဖြစ်သည်။ ကြားထဲတွင် ‘တစ်ဖက်မြင် မှန်ချပ်’ ကြီးတစ်ခု ခြားထားသည်။ စစ်ဆေးခံရသူဘက်မှ ကြည့်လျှင် မှန်အဖြစ်သာ မြင်ရသော်လည်း အကဲခတ်ခန်းဘက်မှ ကြည့်လျှင် တစ်ဖက်ခန်းကို အထင်အရှား မြင်ရရုံသာမက အသံကိုပါ ကြားနိုင်သည်။

ပထမ စစ်ဆေးရေးခန်းတွင် နားကပ်၊ အားမောင်နှင့် ရှောင်လန်တို့မှာ ရဲစခန်းမှ ကျွေးသော နေ့လယ်စာကို စားနေကြသည်။ ‌တောက်ကျွင်းက သူတို့ရှေ့တွင် ထိုင်နေပြီး သူတို့ကို မလောဘဲ ထမင်းစားပြီးသည်အထိ စောင့်နေပေးသည်။

ရှီလဲ့က တိုးတိုးလေး ပြောလိုက်သည်။ “အိုးရန်... ချန်မင်ဆီ သွားရအောင်”

အိုးရန်ရှန်း ခေါင်းညိတ်ကာ ရှေ့မှ ဦးဆောင်သွားသည်။ ‘ရှီလဲ့... ဒါက တကယ်ပဲ မင်းနဲ့ ပတ်သက်နေပြန်ပြီလား’

ဒုတိယ စစ်ဆေးရေးခန်းတွင် ချန်မင်က ဒေါသတကြီး အော်ဟစ်နေသည်။ “ခင်ဗျားတို့ ဘာပြောတယ် ရှောင်လန်က အားမောင်ရဲ့ ရည်းစား ဟုတ်လား ကျွန်တော်က သူ့ကို အဓမ္မကျင့်တယ် ဟုတ်လား တောက် အဲဒီရှောင်လန်က ပြည့်တန်ဆာဗျ.. အားလုံးက ကြည်ဖြူလို့ လုပ်ခဲ့ကြတာ အလွန်ဆုံးရှိရင်တော့ ကျွန်တော့်ကို ပြည့်တန်ဆာနဲ့ ပတ်သက်မှုနဲ့ ဒဏ်ရိုက်ရုံပဲ ရှိမှာပေါ့”

ဟွာချန်းက ထပ်မံ မေးခွန်းထုတ်ရန် ပြင်စဉ်မှာပင် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး လဲ့ယာခွန်း ဝင်လာသည်။ “ဟွာချန်း... ဒါ ဘာသဘောလဲ” ဟု သူက ဒေါသတကြီး မေးလိုက်သည်။

ခေတ္တ စကားပြောပြီးနောက် လဲ့ယာခွန်းသည် ဟွာချန်းနှင့် တောက်ကျွင်းတို့ကို ခေါ်ကာ သက်သေရှာရန် ‘သစ်ခွရနံ့ ကလပ် ‘ သို့ သွားခဲ့ကြသည်။

သူတို့ ရောက်သွားသည်နှင့် ဆိုင်မှ မမဟုန်က အပြေးအလွှား လာကြိုသည်။ လဲ့ယာခွန်းကို မြင်သောအခါ သူမ၏ မျက်လုံးများ တောက်ပသွားကာ “အို... သစ်ခွရနံ့ ကလပ်ရဲ့ အထူးဧည့်သည်တော်ကြီး ရောက်လာပြီပဲ.. ကောင်မလေးတွေ အကုန် စောင့်နေကြတာနော် ဒီနေ့လည်း အရင် အစဉ်အလာအတိုင်းပဲလား” ဟု မေးလိုက်သည်။

လဲ့ယာခွန်း မျက်နှာ ပျက်သွားကာ “စကားကို ဆင်ခြင်ပါ ကျွန်တော်က အလုပ်ကိစ္စနဲ့ လာတဲ့ ရဲအရာရှိပါ” ဟု ဟောက်လိုက်တော့သည်။

All Chapters