← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

အခန်းး (၅၀) - ယွီထျန်းဟန်၏ ရည်မှန်းချက်။

“ငါတို့က မိသားစုတွေပါပဲ။”

နဂါးမင်းကြီး မုန့်ရှုသည် သူ၏စိတ်ထဲမှ ဟစ်ကြွေးလိုက်မိသည်။

“ဟားဟားဟား ကျွန်တော့်ဇနီးက စကားပြောတာ သိပ်မတတ်လို့ပါ။ ငါတို့အားလုံးက မိသားစုတွေပဲလေ။ ဒါက နဂါးမင်းနန်းတော်ကို ရေကြီးလို့ ကိုယ့်လူကိုယ် ပြန်မမှတ်မိသလို ဖြစ်သွားတာပါ။”

သူ့ဘေးတွင် မြွေအဖွား ချောင်ထျန်းရှန်းသည်လည်း မျက်နှာတစ်ခုလုံး အပြုံးများဖြင့် တွန့်လိပ်နေပြီး မုန့်ယီရန်ကိုပင် လှမ်းခေါ်လိုက်သည်။

“မြေးမလေး ဘာလို့ ဒီအတိုင်း ကြောင်ရပ်နေတာလဲ လာ နှုတ်ဆက်ဦးလေ။”

သူတို့ဘေးတွင် မုန့်ယီရန်၏ မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီရဲနေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဖော်လံဖားတတ်သူများအဖြစ် ပြောင်းလဲသွားသော သူမ၏ အဖိုးအဖွားများကို ကြည့်ရင်း မုန့်ယီရန်မှာ ခေတ္တမျှ ဆွံ့အသွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေရသည်။

“ဘယ်သူက ရှင့်တို့နဲ့ မိသားစုလဲ။ အစ်ကို ချန်ယွီက ကျွန်မနဲ့ အရင်သိတာနော်။”

တစ်ဖက်တွင် ရှောင်ဝူကလည်း မျက်စောင်းထိုးလိုက်သည်။ နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့၏ ဖော်လံဖားနေသော အမူအရာကို မြင်ရသည်မှာ သူမအတွက် အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

မုန့်ယီရန်မှာမူ သူမအတွက် ဆုံးဖြတ်ချက်ချပေးမည့် အဖိုးအဖွားများ ရှိနေသည်။

ဒါပေမဲ့ ရှောင်ဝူမှာကော။

သူမ၏ ဖခင်နှင့် မိခင်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့ကြပြီး သူမ ရင်ဖွင့်တိုင်ပင်နိုင်သူဟူ၍ တာ့မင်နှင့် အာ့မင်တို့သာ ရှိသည်။

သို့သော် ထိုဝိညာဉ်သားရဲ နှစ်ကောင်မှာ ရှောင်ဝူအတွက် အမျိုးများကဲ့သို့ ခံစားရသော်လည်း သွေးသားရင်းချာ မဟုတ်သည့်အပြင် အတော်လေးလည်း ထုံအကြသည်။

မိန်းကလေးတစ်ယောက်၏ လျှို့ဝှက်ချက်များကို သူတို့နှင့် ဘယ်လိုလုပ် ဝေမျှနိုင်ပါမည်နည်း။

ထို့ကြောင့် ရှောင်ဝူသည် စောင့်ရှောက်ပေးမည့် လူကြီးမိဘ ရှိသူများကို စိတ်ထဲမှ အလွန်မနာလို ဖြစ်နေမိသည်။

မူရင်းဇာတ်လမ်းတွင် ရှောင်ဝူနှင့် ထန်စန်းတို့ အတူရှိနေစဉ် ထန်စန်းသည် သူ၏မိခင်ကို ပြန်လည်ရှင်သန်အောင် လုပ်ခဲ့သော်လည်း ရှောင်ဝူ၏ မိဘများကိုမူ တစ်ခါမျှ ထည့်မစဉ်းစားခဲ့ပေ။

ရလဒ်အနေဖြင့် နတ်ဘုရားလောကတွင် ရှောင်ဝူသည် အချိန်အတော်ကြာ မပျော်မရွှင် ဖြစ်ခဲ့ရသည်။

သို့သော် ထန်စန်း၏ စိတ်ထဲတွင်မူ ရှောင်ဝူမှာ အသူရာနတ်ဘုရား အတွက် ဓားအိမ်တစ်ခု သို့မဟုတ် သူ၏ စွမ်းအားကို ထိန်းညှိပေးမည့် အသုံးချခံတစ်ခုသာ ဖြစ်သည်။

အသုံးချခံ ယုန်လေးတစ်ကောင်သက်သက်မို့ သူမရဲ့ ခံစားချက်ကို သူက ဘာလို့ ဂရုစိုက်နေမှာလဲ။

“ဒါက တကယ့်ကို အရှက်မရှိလွန်းတာပဲ။လူကြီးတွေက ဒီလိုမျိုး လုပ်ရသလား။”

နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့၏ ပုံစံကို ကြည့်ပြီး ရဲ့လင်လင်လည်း ဒေါသထွက်နေမိသည်။

စောစောကတော့ မောက်မာနေပြီး အခုကျမှ နှိမ့်ချပြနေကြသည်။ စောစောက ရှောင်ချန်ယွီအပေါ် ရန်လိုနေပြီး သူ၏ နောက်ခံအစစ်အမှန်ကို သိလိုက်ရသည်နှင့် ချက်ချင်း ဖော်လံဖားတော့သည်။

ဒါက တကယ့်ကို လောကကြီးရဲ့ အမှန်တရားပါပဲ။

ပုတ်သင်ညိုတောင် ရှင့်တို့လောက် အရောင် မပြောင်းနိုင်ဘူး။

“အရှက်မရှိလိုက်တာ!ယ။ လူငယ်တွေရဲ့ အချစ်ရေးကို လူကြီးတွေက ဝင်ရှုပ်နေတာပဲ။နင့်မှာပဲ အဖိုးရှိတာ ကျနေတာပဲ။ ငါလည်း ငါ့အဖိုးကို သွားပြောပြမယ်။”

တုကူယန်းသည်လည်း အလွန်ဒေါသထွက်နေပြီး ခေတ္တမျှတွင် သူမ၊ ရဲ့လင်လင်နှင့် ရှောင်ဝူတို့မှာ မဟာမိတ်အဖွဲ့လေး ဖြစ်သွားကြသည်။

သို့သော် ပြန်စဉ်းစားကြည့်တော့လည်း ဒါက မဟုတ်သေးပါဘူး။

သူမ၏အဖိုး တုကူပိုကိုတော့ သွားပြောလို့ မဖြစ်ဘူးလေ။

နောက်ဆုံးတော့ တုကူပိုက တုကူးယန်ရဲ့ ရည်းစားဟာ ယွီထျန်းဟန်လို့ပဲ သိထားသည်။

“စီနီယာတို့ နားလည်မှု လွဲနေပါပြီ။ ကျွန်တော် ရှောင်ချန်ယွီက တကယ်ပဲ သာမန်မိသားစုက လာတာပါ။ လျှို့ဝှက် မျိုးနွယ်စုက မဟုတ်ပါဘူး။”

ရှောင်ချန်ယွီက သက်ပြင်းအသာချရင်း ပြောလိုက်သည်။

သူ့နောက်မှာ အဆင့် ၉၉ ထိပ်တန်းတုံ့လောကြီးလိုက်နေတာက တကယ်ကို နားလည်မှုလွဲစရာ ကောင်းလွန်းလှသည်။

အကြီးအကဲ ရှောင်ကို ဆင့်ခေါ်လိုက်တာနဲ့ တွေ့သမျှလူတိုင်းက ချက်ချင်း ကြောက်ရွံ့ရိုသေကုန်ကြသည်။

အဲဒီလိုသာဆိုရင် ဒီ လေ့ကျင့်မှု ဆိုတာက ဘာထူးမှာလဲ။

“ကျွန်တော့်ရဲ့ သားမက်လောင်း ချန်ယွီ ပြောတာ မှန်တာပေါ့။ ကျွန်တော် နားလည်ပါတယ်။ အကုန်လုံးကို နားလည်ပါတယ်။”

နဂါးမင်းကြီး မုန့်ရှုတွင် အရာအားလုံးကို အထာပေါက်သွားသည့် ပုံစံမျိုး ရှိနေသည်။

သူက မျိုးနွယ်စုကြီးတွေက လာတာမဟုတ်ပေမယ့် သူတို့ရဲ့ စည်းမျဉ်းတချို့ကိုတော့ သိထားသည်။

မျိုးနွယ်စုကြီးတွေက နာမည်ကြီး သားသမီးတွေ လေ့ကျင့်ဖို့ ထွက်လာတဲ့အခါ သူတို့ရဲ့ အစောင့်အရှောက်တွေက ပုံမှန်အားဖြင့် ဝင်မပါတတ်ကြဘူးလေ။

ရှောင်ချန်ယွီ လုပ်သလိုမျိုးပဲ သူတို့ရဲ့ အစောင့်အရှောက်တွေကို ဖုံးကွယ်ထားတတ်ကြသည်။

တကယ့် အန္တရာယ်နဲ့ ကြုံရမှသာ...

နောက်ဆုံးတော့ အဆင့် ၉၉ ထိပ်တန်းတုံ့လောကြီး တစ်ယောက်က နောက်က လိုက်နေတယ်ဆိုရင် လေ့ကျင့်တယ်ဆိုတာက အဓိပ္ပာယ် မရှိတော့ဘူးလေ။

ရှောင်ချန်ယွီက သာမန်မိသားစုကလို့ ပြောတာလား

ဟုတ်ကဲ့ ဟုတ်ကဲ့ သခင်လေးက တကယ်ကို သာမန်ပါဗျာ။

သာမန်လွန်းလို့ ကျွန်တော်တို့တောင် ငိုချင်လာပြီ။

“သားမက်လောင်း ချန်ယွီ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်တို့ ဘာမှ မသိတော့ပါဘူး။ မင်းက တကယ့်ကို သာမန်မိသားစုက လာတဲ့ သာမန်ကလေး တစ်ယောက်ပါပဲ။”

မြွေအဖွား ချောင်ထျန်းရှန်းကလည်း ခေါင်းကို တရစပ် ညိတ်ပြနေသည်။

ရှောင်ချန်ယွီတို့လို မျိုးနွယ်စုကြီးတွေမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိပြီး သူတို့ သားသမီးတွေကို မိသားစု နောက်ခံကို အားကိုးပြီး ရမ်းကားတာမျိုး မဖြစ်စေချင်လို့ ရှောင်ချန်ယွီက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ ဖြစ်မည်ဟုထင်နေကြသည်။

နဂါးမင်းကြီးနှင့် မြွေအဖွားတို့သာမက မုန့်ယီရန်ပင်လျှင် ရှောင်ချန်ယွီ၏ နောက်ခံကို အမျိုးမျိုး လျှောက်တွေးနေမိတော့သည်။

“မောင်လေး ချန်ယွီက ဒီလိုနောက်ခံမျိုး ရှိတာတောင် အရမ်းကို နှိမ့်ချတတ်တာပဲ။ ဒီလိုပုံစံလေးကို ငါ အရမ်းချစ်တာပဲ။”

ရဲ့လင်လင်၏ မျက်နှာတွင်လည်း အရှက်ပိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ရှောင်ချန်ယွီကို ကြည့်နေသော သူမ၏ မျက်ဝန်းများမှာလည်း အားကျနှစ်သက်မှုများဖြင့် ပြည့်နှက်နေသည်။

“ရှောင်ချန်ယွီနဲ့ နှိုင်းယှဉ်ရင် ယွီထျန်းဟန်က အဝေးကြီးမှာ ကျန်ခဲ့ပြီ။ ဒါက အမြော်အမြင် ကွာခြားတာပဲ။ ဒီယွီထျန်းဟန်ကတော့ တကယ့်အမှိုက်ပဲ။”

တုကူယန်းသည် သူမ၏ရည်းစားကို ပြန်ကြည့်ပြီး ရှောင်ချန်ယွီနှင့် နှိုင်းယှဉ်လိုက်ရာ ယခုအခါတွင် သူမ အတင်းအပြုံးပင် မပြုံးနိုင်တော့ပေ။

မူလက သူမသည် ယွီထျန်းဟန်ကို အတော်လေး ကောင်းသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ ရှောင်ချန်ယွီနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ သူက ဖားသူငယ် တစ်ကောင်လိုပါပဲ။

ဒီယွီထျန်းဟန်က အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းရဲ့ ဆက်ခံသူဆိုပြီး စောစောက သူ့နောက်ခံကို နည်းမျိုးစုံနဲ့ ကြွားနေတာလေ။

ရလဒ်အနေနဲ့ နဂါးမင််းကြီးရဲ့ ရိုက်နှက်တာကို ခံလိုက်ရတာပဲ။

တစ်ဖက်မှာတော့ ရှောင်ချန်ယွီက သူ့နောက်ခံကို ဖုံးကွယ်လို့တောင် မရတော့ဘူး။ လူတိုင်းက ရိပ်မိကုန်ကြပြီ။

ဒါတောင် ရှောင်ချန်ယွီက သာမန်မိသားစုက လာတာပါလို့ အရမ်းကို နှိမ့်ချပြနေသေးတယ်။

လူအချင်းချင်းကြားမှာ ဘာလို့ ဒီလောက်တောင် ကွာဟနေရတာလဲ။

“အစ်ကို ချန်ယွီမှာ ဘယ်လိုနောက်ခံပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး။ ငါ သိတာကတော့ အစ်ကို ချန်ယွီက ငါ့ရဲ့ အစ်ကို ချန်ယွီပဲ ဒါနဲ့တင် လုံလောက်ပြီ။”

ရှောင်ဝူသည်လည်း သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြောနေသည်။ ရှောင်ချန်ယွီက သာမန်မိသားစုက လာတာပါဟု ပြောသည်ကို ကြားသောအခါ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

ရှောင်ချန်ယွီ၏ နောက်ခံက ဘာပဲဖြစ်ဖြစ်သူမကတော့ နောက်ခံကို မဟုတ်ဘဲ လူကိုပဲ ကြိုက်တာပါ။

“အကြီးအကဲ ရှောင် နောင်မှာ အရေးကြီးတဲ့ ကိစ္စမရှိရင် အပြင်ကို မထွက်လာတာ ပိုကောင်းမယ်။”

နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့ တကယ်ပဲ နားလည်သွားသလားဆိုတာ ရှောင်ချန်ယွီ မသိပေ။

နားလည်တာလည်း ဖြစ်နိုင်သလို နားမလည်တာလည်း ဖြစ်နိုင်သည်။

ဒါပေမဲ့ သူတို့အားလုံးက နားလည်ပါတယ်လို့ ပြောနေကြတော့လည်း ရှောင်ချန်ယွီ ဘာလုပ်ရမှန်း မသိတော့ပေ။

ထားလိုက်ပါတော့ ကြိုက်သလိုသာ နားလည်ကြပါစေ။

“ဒီမိသားစုကတော့ တကယ့်ကို လောကကြီးရဲ့ အမှန်တရားပါပဲ ရှောင်ချန်ယွီမှာ အစွမ်းထက်တဲ့ နောက်ခံရှိတာကို မြင်တာနဲ့ သူတို့ရဲ့ သဘောထားက ချက်ချင်း ပြောင်းသွားတယ်... ငါတစ်ယောက်တည်းပဲ ဘာလို့ နာကျင်နေရတာလဲ။”

ယွီထျန်းဟန်သည် ဖော်လံဖားလုပ်နေသော နဂါးမင်းကြီးနှင့် မြွေအဖွားတို့ကို ကြည့်ပြီး အလွန်ဒေါသထွက်နေမိသည်။

ယွီထျန်းဟန်သည် အလွန် မကျေမနပ်ဖြစ်နေပြီး...

“အဓိကကတော့ ဒီရှောင်ချန်ယွီက သူ့နောက်ခံကိုပဲ အားကိုးနေတာပါ။ သူ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ပါရမီကတော့ သာမန်လောက်ပဲ ဖြစ်မှာ။”

“ငါ ယွီထျန်းဟန်လည်း အနှေးနဲ့အမြန် ထိပ်တန်းတုံ့လော ဖြစ်လာမှာပါ။ ငါကတော့ ဘယ်နောက်ခံကိုမှ အားမကိုးချင်ဘူး။ ငါကိုယ်တိုင်ကသာ နောက်ခံ ဖြစ်စေရမယ်။”

All Chapters