← Chapters

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁)

Vol. 5 Ch. 41

​အခန်း (၄၁) -အနိုင်ကျင့်ခံရသော ယွီထျန်းဟန်။

​ရှောင်ချန်ယွီ၏ နောက်ခံမိသားစုက နိမ့်ပါးသလား။

အမှန်အတိုင်း တိတိကျကျ ပြောရလျှင်တော့ မဆိုးလှဟု ဆိုနိုင်သည်။

ရှောင်ချန်ယွီ၏ ဖခင်မှာ ဝိညာဉ်နန်းတော် ၏ လက်အောက်ခံ နော့တင်းမြို့ ၏ မြို့စားမင်း ဖြစ်သည်။

နယ်စပ်ဒေသတစ်ခု၏ မြို့စားတစ်ဦးအနေဖြင့် ရှောင်ချန်ယွီ၏ ဖခင်ကို ဒေသခံအာဏာရှင်တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။

အာဏာကြီးမားသော ရာထူးနေရာကို မပိုင်ဆိုင်ထားသော်လည်း နော့တင်းမြို့ကဲ့သို့ သေးငယ်သော နယ်မြေအတွင်း၌မူ သူသည် ခေါင်းမော့ရင်ကော့၍ လမ်းလျှောက်နိုင်သူ ဖြစ်သည်

​သို့သော်လည်း နဂါးမင်းကြီးမုန့်ရှု့နှင့် မြွေအဖွားချောင်ထျန်းရှန်းတို့အတွက်မူ သူတို့သည် လုံးဝ စိတ်ကျေနပ်မှု မရှိသေးပေ။

နောက်ဆုံးတွင်တော့ ရှောင်ချန်ယွီ ဖခင်၏ အစွမ်းမှာ နဂါးမင်းကြီးနှင့် မြွေအဖွားတို့ထက် နိမ့်ကျနေသေးသည် မဟုတ်ပါလား။

ဝိညာဉ်ကုန်းမြေပေါ်တွင် အစွမ်းသတ္တိသည်သာလျှင် စစ်မှန်သော အရင်းအနှီး ဖြစ်သည်။

ထို့ပြင် နဂါးမြို့စား မုန့်ရှုနှင့် မြွေအဖွားအို ချောင်ထျန်းရှန်းတို့ ပူးပေါင်းအသုံးပြုသည့် နဂါး-မြွေ ပူးပေါင်းတိုက်ခိုက်မှုမှာ ထိပ်တန်းတုံ့လောအဆင့်ရှိသူတစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

​ထိုအကြောင်းကြောင့်ပင် နဂါးမင်းကြီးနှင့် မြွေအဖွားတို့သည် အလုပ်အကိုင် ရှာဖွေလိုပါက ဝိညာဉ်ကုန်းမြေပေါ်ရှိ မည်သည့်အင်အားစုမဆို သူတို့ကို နွေးထွေးစွာ ကြိုဆိုကြမည်ဖြစ်သည်။

နောက်ဆုံးတွင်တော့ သူတို့နှစ်ဦးမှာ ထိပ်တန်းတုံ့လောတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သောကြောင့် အနှစ်သာရအားဖြင့် သူတို့ကို တစ်ဦးတည်းဟုပင် သတ်မှတ်နိုင်သည်။ ဝိညာဉ်ကုန်းမြေပေါ်တွင် ထိပ်တန်းတုံ့လောမည်မျှရှိပါသနည်း။

ဂုဏ်ဒြပ်ချင်း ညီမျှသော မိသားစုကို ရှာရန်အတွက် အခြားတစ်ဖက်တွင် အနည်းဆုံး ထိပ်တန်းတုံ့လောတစ်ဦးတော့ အခြေခံ ရှိရမည် မဟုတ်ပါလား။

ထန်စန်းကဲ့သို့ မိသားစုနောက်ခံမျိုးဆိုလျှင် တော်တန်ရုံ ရှိသော်လည်း ရှောင်ချန်ယွီမှာမူကား...

နည်းနည်းတော့ နိမ့်ပါးလွန်းနေသေးသည်။

​"အစ်ကို ချန်ယွီက အထဲမှာ ရှိတယ်။ ဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲ အဖိုးနဲ့ အဖွားတို့က ဒီတစ်ခါ အရမ်း ဒေါသတကြီးနဲ့ ရောက်လာတာ။"

ထိုအချိန်တွင် မုန့်ယီရန် သည်လည်း သူမ၏ အဝတ်စွန်းကို လက်နှစ်ဖက်ဖြင့် ဆွဲလိမ်နေပြီး အမူအရာမှာ အလွန်ပင် ပျာယာခတ်နေလေသည်။

ရှောင်ချန်ယွီမှာ ပါရမီရှိပြီး အစွမ်းထက်သော်လည်း သူမနှင့် ခွဲခွါခဲ့စဉ်က သူသည် အဆင့် (၁၉) သာ ရှိသေးသည်။

သူမ၏ အဖိုးနှင့် အဖွားမှာ ဝိညာဉ်တုံ့လောနှင့် ဝိညာဉ်သူတော်စင်အဆင့်များ အသီးသီး ဖြစ်ကြပြီး ဝိညာဉ်ကုန်းမြေ၏ ထိပ်တန်း ဝိညာဉ်သခင်များထဲတွင် ပါဝင်သည်။

အကယ်၍ သူမ၏ အဖိုးနှင့် အဖွားတို့ တိုက်ခိုက်လာပါက သူမ မည်သို့ တားဆီးနိုင်မည်နည်း။

မုန့်ယီရန်မှာ ခေါင်းခဲနေတော့သည်။

​"ရှောင်ချန်ယွီဆိုတဲ့ကောင် အပြင်ထွက်ခဲ့စမ်း။ နင်ကများ ငါ့မြေးမလေးကိုအနိုင်ကျင့်ရဲတယ်ပေါ့။"

တည်းခိုခန်း၏ အဝင်ဝတွင် ချောင်ထျန်းရှန်းသည် သူမ၏ တောင်ဝှေးဖြင့် မြေကြီးကို ဆောင့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။

ဟိန်းထွက်လာသော အသံမှာ ရှောင်ချန်ယွီနှင့် အခြားသူများ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ခဏချင်းမှာပင် လူတိုင်း၏ မျက်နှာအမူအရာများ အမျိုးမျိုး ဖြစ်သွားကြသည်။

ရှောင်ချန်ယွီနှင့် အဖွဲ့သားများသည် တည်းခိုခန်း၏ တံခါးမကြီးမှ ထွက်လာကြရာ နဂါးမြို့စား မုန့်ရှုတို့ အဖွဲ့နှင့် ဆုံတွေ့လေသည်။

​"မုန့်ယီရန် နင်က ဘာလို့ ဒီကို ရောက်နေတာလဲ။"

ရှောင်ဝူ က မုန့်ယီရန်ကို ချက်ချင်း မှတ်မိသွားပြီး အံ့အားသင့်သည့် အမူအရာကို မဖုံးကွယ်နိုင် ဖြစ်သွားသည်။

​"အစ်ကို ချန်ယွီကတော့ တကယ်ပဲ မိန်းကလေးတွေနဲ့ ပတ်သက်ရင် ပြိုင်ဘက်ကင်းတယ်။ ရှောင်ဝူကို ထားလိုက်ဦး။ သူက ဒီမုန့်ယီရန်နဲ့ရော ဘယ်တုန်းက သိသွားရတာလဲ။"

သူတို့ဘေးတွင် ရဲ့လင်လင် သည်လည်း စိတ်ထဲတွင် မနာလိုဖြစ်လာတော့သည်။ သူမက ပြောရင်းနှင့် မုန့်ယီရန်၏ ရုပ်ရည်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးထဲတွင် မနာလိုမှုများ ဖြတ်ပြေးသွားသည်။

မုန့်ယီရန်၏ အလှမှာ မဆိုးလှပေ။ သူမသည် ရဲ့လင်လင်နှင့်ပင် ရင်ပေါင်တန်းနိုင်သည့်အလှမျိုးပင်ဖြစ်၏။

'ဒီရှောင်ချန်ယွီက ဘယ်ကနေ ဒီလောက်လှတဲ့ မိန်းကလေးတွေကို သိလာတာလဲ။'

'သူတို့က ကြယ်သစ်တောထဲ ရောက်နေတာတောင် မိန်းကလေးတစ်ယောက်က သူ့ကို လိုက်ရှာနေသေးတယ်။'

​"ဟမ့် ဒီရှောင်ချန်ယွီက တကယ့် လူရှုပ်ပဲ။မိန်းကလေးတွေရဲ့ ခံစားချက်ကို ကစားတဲ့ ကောင်စုတ် အခုတော့ ကောင်းပြီ မိသားစုက စာရင်းလာရှင်းပြီ။ မင်းဘယ်လိုသေမလဲဆိုတာ ကြည့်ရသေးတာပေါ့။"

ဘေးနားမှ ယွီထျန်းဟန် သည် ဤမြင်ကွင်းကို မြင်သောအခါ သူတစ်ပါး ဘေးဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြင့် မပြောဘဲ မနေနိုင်တော့ပေ။

နဂါးမင်းကြီး မုန့်ရှုဖြစ်စေ မြွေအဖွားချောင်ထျန်းရှန်းဖြစ်စေ သူတို့နှစ်ဦးလုံးဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သာမန် ဝိညာဉ်သခင်တစ်ဦး ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

ရှောင်ချန်ယွီမှာ ဤအစွမ်းထက်သော ဝိညာဉ်သခင်နှစ်ဦး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရတော့မည်ဟု တွေးမိပြီး ရှောင်ချန်ယွီ ဒုက္ခရောက်သည်ကို မြင်ရသဖြင့် ယွီထျန်းဟန်မှာ အလွန်အမင်း ပျော်ရွှင်နေမိသည်။

အကယ်၍ ဤအခွင့်အရေးကို သုံးပြီး ရှောင်ချန်ယွီ၏ ဘေးနားက မိန်းကလေးတွေကို သူ့ရဲ့ အစစ်အမှန်ကို မြင်အောင် လုပ်နိုင်ရင် သူ လူတိုင်းရှေ့မှာ အရှက်ကွဲခဲ့တဲ့ အထင်အမြင်တွေကို ပြောင်းလဲနိုင်မလား။

အထူးသဖြင့် တုကူယန်းပေါ့ သူမက သူ့ရဲ့ ရည်းစားလေ။ ဒါပေမဲ့ သူမက သူ့ကို ဂရုမစိုက်တာ ကြာပြီ။

'မျှော်လင့်ထားတဲ့အတိုင်းပဲ မိန်းကလေးတွေက အားသန်သူကိုပဲ အထင်ကြီးကြတာ။'

'ရှောင်ချန်ယွီကငါ့ထက် အစွမ်းထက်တာ မြင်တော့ အားလုံးက ငါ့ကို ကျောခိုင်းကုန်ကြပြီ။ တကယ်ကို လွန်လွန်းတယ်။'

​"တိတ်စမ်း ယွီထျန်းဟန် ခွေးပါးစပ်က နတ်စကားထွက်နေတယ်။ ရှောင်ချန်ယွီက ဘယ်လိုလူလဲဆိုတာ နင် ဝေဖန်စရာ မလိုဘူး။"

ဘေးနားတွင် တုကူယန်းသည် ယွီထျန်းဟန်၏ စကားကို ကြားသောအခါ စိတ်တိုတိုဖြင့် ငေါက်တော့လိုက်သည်။

ရှောင်ချန်ယွီက လူဆိုးတစ်ယောက်ဆိုတာတုကူယန်း မသိဘဲ နေမည်လား။

ယွီထျန်းဟန်ကို ကယ်ဖို့အတွက် သူမ တုကူယန်းဟာ ကိုယ့်ကိုယ်ကိုယ် စတေးပြီး ရှောင်ချန်ယွီနဲ့ ဘတ်စကက်ဘောကစားခဲ့ရသည်။

ရှောင်ချန်ယွီက ဘယ်လိုလူလဲဆိုတာ ယွီထျန်းဟန်ထက် တုကူယန်းက ပိုသိသည်ဟု ဆိုနိုင်သည်။

ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ တုကူယန်းဟာ ရှောင်ချန်ယွီကို မမုန်းနိုင် ဖြစ်နေသည်။

ယခုအချိန်တွင် တုကူယန်း၏ စိတ်ထဲ၌ ယွီထျန်းဟန်၏ အရိပ်မှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ရှောင်ချန်ယွီ၏ ပုံရိပ်နှင့် အစားထိုးဝင်ရောက်လာလေသည်။

သူမသည် ရှောင်ချန်ယွီနှင့် အတင်းအကျပ် ဘတ်စကက်ဘော ကစားခဲ့ရပုံကို တွေးမိရင်း မထင်မှတ်ဘဲ ရှောင်ချန်ယွီတွင် မိန်းကလေး အဖော်အပေါင်း အများကြီး ရှိနေသည်ကို မြင်သောအခါ တုကူယန်းမှာ ပို၍ပင် ဒေါသထွက်လာသည်။

​"လူယုတ်မာ အရိုက်ခံရပြီး သေသွားပါစေ။"

တုကူးယန်က ဆဲဆိုလိုက်သော်လည်း သူမ၏ လေသံမှာ အတော်လေး မနာလိုဖြစ်နေသည့် အရသာ ပါဝင်နေသည်။

​"ဟုတ်တယ်။ ဒီတစ်ခါတော့ ရှောင်ချန်ယွီ သေမှာ သေချာတယ်။ ယန်းယန်း ငါတို့ နောက်မှ ပွဲကြည့်ကြတာပေါ့။"

ဘေးနားတွင် ယွီထျန်းဟန်၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားသည်။

​"သွားစမ်း။"

ယွီထျန်းဟန်ကို ပြန်လည် ကြိုဆိုလိုက်သည်မှာ တုကူယန်း၏ မျက်စောင်းတစ်ချက်သာ ဖြစ်သည်။

ယွီထျန်းဟန် အလွန်တရာ မကျေမချမ်း ဖြစ်သွားသည်။

'တုကူယန်း တစ်ခုခု မှားနေပြီလား။ သူမ သွေးဆုံးနေတာလား။'

'ရှောင်ချန်ယွီကို ချီးကျူးလို့လည်း မရ ဆဲလို့လည်း မရ။ ပြောစမ်းပါဦး ငါက ဘာလုပ်ရမှာလဲ။'

'နင့်ရဲ့ ရည်းစားဖြစ်ရတာ တကယ်ကို ခက်ခဲလွန်းတယ်။'

'နင့်ရဲ့ အဲဒီလို ဒေါသတကြီး အကျင့်နဲ့ဆိုရင် နောင်ကျရင် နင် ဘယ်သူနဲ့မှ လက်ထပ်နိုင်မှာ မဟုတ်ဘူး။'

'တောက်'

​"အစ်ကို ချန်ယွီ။"

တစ်ချိန်တည်းမှာပင် မုန့်ယီရန်သည် ရှောင်ချန်ယွီကို မြင်လိုက်ရသည့် ခဏ၌ သူမ၏ ချစ်သူကို မြင်တွေ့ရသည့် ဝမ်းသာပီတိကို လုံးဝ မဖုံးကွယ်နိုင်တော့ပေ။

သူမက ရှောင်ချန်ယွီ၏ နာမည်ကို ခေါ်လိုက်သည်။ အကယ်၍ သူမ၏ အဖိုးနှင့် အဖွားက ဘေးမှ ကြည့်မနေလျှင် သူမသည် ရှောင်ချန်ယွီ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားမိနိုင်ပေသည်။

​" အစ်ကို ချန်ယွီတဲ့ ဘယ်လောက်တောင် ချိုသာလိုက်သလဲ။ ဒီမုန့်ယီရန်ဆိုတဲ့ တစ်ယောက်ကလည်း ရှောင်ချန်ယွီနဲ့ ဘတ်စကက်ဘော ကစားဖူးတာတော့ မဟုတ်လောက်ပါဘူးနော်။"

ဘေးနားတွင် ရဲ့လင်လင်သည် မုန့်ယီရန်၏ ပြည့်စုံသော မျက်နှာလေးကို ကြည့်ရင်း စိတ်ထဲတွင် ချဉ်စုတ်စုတ် ဖြစ်နေလေသည်။

'ရှင်းရှင်းပြောရရင် ငါ ရဲ့လင်လင်လည်း အစောကြီး ရောက်တာပဲ။ ဘာလို့ ငါက အမြဲတမ်း တခြားလူတွေရဲ့ နောက်မှ ရောက်နေသလို ခံစားနေရတာလဲ။'

'အခုတလောငါရဲ့ ဝိညာဉ်စွမ်းအားတွေက အားလုံး အစိမ်းရောင်တွေ ဖြစ်နေပြီ။'

(မှတ်ချက်။ ။ အစိမ်းရောင်မှာ တရုတ်ယဉ်ကျေးမှုအရ အဖောက်ပြန်ခံရခြင်းကို ဆိုလိုသည်။)

'ဒါက တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။'

​"ဒီမုန့်ယီရန်က တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ။ သူမက အဖိုးနဲ့ အဖွားကိုပါ ခေါ်လာတယ်။ ဒီလောက်စောစောကြီး မိသားစုနဲ့ မိတ်ဆက်ပေးတော့မလို့လား။"

ရှောင်ဝူ၏ မျက်လုံးထဲတွင်လည်း သတိထားရမည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဒီမုန့်ယီရန်ရဲ့ အခွင့်အရေးကို အရယူနိုင်စွမ်းက တကယ်ကို အားကောင်းလှသည်။

ဒါ့အပြင် ရှောင်ဝူ ကိုယ်တိုင်တောင် ရှောင်ချန်ယွီကို သူမရဲ့ မိသားစုနဲ့ တွေ့ဖို့ မခေါ်သွားရသေးပေ။

'တာ့မင် နဲ့ အာ့မင်တို့က တောအုပ်ထဲမှာ စောင့်နေကြတုန်းပဲ။'

'ဒီမုန်းစရာကောင်းတဲ့ မုန့်ယီရန် သူမက ဘာလို့နဲ့ ပထမဆုံး ဖြစ်ခွင့်ရတာလဲ။'

All Chapters