အခန်း (၄၂)
Vol. 5 Ch. 42
အခန်း (၄၂) - ကျေးဇူးတင်စရာ မလိုပါဘူး။
“ညီမလေး ယီရန် မင်းဘေးက ဒီနှစ်ယောက်က ဘယ်သူတွေလဲ။”
မုန့်ယီရန်၏ တောက်လောင်နေသော အကြည့်များကို ရင်ဆိုင်ရင်း ရှောင်ချန်ယွီသည် သူမဘေးမှ သက်ကြီးရွယ်အို နှစ်ဦး၏ အမှတ်အသားကို သိနှင့်ပြီးသားဖြစ်သော်လည်း လေပြည်လေညင်းကဲ့သို့ တည်ငြိမ်စွာဖြင့် မသိနားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။
လေထုထဲတွင် မီးပွင့်တော့မတတ် တင်းမာမှုများ ဖုံးလွှမ်းသွားသည်။
“ဟက် ဒီအဖိုးကြီးက ယီရန်ရဲ့ အဖိုးပဲ ဓားတောင် မမနိုင်တော့တဲ့ အဖိုးကြီးတစ်ယောက်ပါပဲ။”
နဂါးမင်းကြီးသည် ရှောင်ချန်ယွီကို တစ်လုပ်တည်း ဝါးစားတော့မည့်အလား ဖိနှိပ်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
ရှောင်ချန်ယွီ... ဒီရုပ်ချောချောကောင်လေးက တကယ်ကို လွန်လွန်းလှသည်။
သူသည် ငါ့ရဲ့ ချစ်စရာ မြေးမလေး မုန့်ယီရန်ကို လုံးဝ အမြတ်ထုတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း ဘာမှမသိသလို အပြစ်ကင်းစင်ဟန် ဆောင်နေသေးသည်။
‘ဒီအဖိုးကြီးသာ ဒီတစ်ခါ နင့်ကို သင်ခန်းစာ မပေးနိုင်ရင် ငါ့မျိုးရိုးနာမည်ကို မုန့်လို့ မခေါ်တော့ဘူး။’
“ငါကတော့ ယီရန်ရဲ့ အဖွားပဲ ကောင်လေး ငါတို့ မုန့်မိသားစုက အနိုင်ကျင့်လို့ရတဲ့သူတွေ မဟုတ်ဘူး။ နင် ငါ့မြေးမလေးကို အနိုင်ကျင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီအဖွားအိုကို ရှင်းပြချက်တစ်ခု ပေးရမယ်။”
မြွေအဖွားအိုသည် သူမ၏ တောင်ဝှေးကို မြေကြီးပေါ်သို့ ထောက်လိုက်ရာ စကျင်ကျောက်ပြားများမှာ ချက်ချင်းပင် အက်ကွဲသွားသည်။
ဝိညာဉ်သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် မြွေအဖွား၏ ပြသမှုမှာ အံ့မခန်းလှပေ။
ခဏချင်းမှာပင်ယွီထျန်းဟန်နှင့် အခြားသူများမှာ ဆောင်းရာသီက ပုစဉ်းရင်ကွဲများကဲ့သို့ ငြိမ်ကျသွားကြသည်။
“ဒုက္ခပဲ မုန့်ယီရန်ရဲ့ မိသားစုက တကယ်ကြီး ပြဿနာလာရှာနေတာပဲ။”
ရှောင်ဝူ၏ မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ဖြတ်ပြေးသွားသည်။
ရှောင်ချန်ယွီနှင့် မုန့်ယီရန်တို့ ဘတ်စကက်ဘော ကစားရင်း အမြတ်ထုတ်ခဲ့မိသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။
နှစ်တစ်ထောင်ကျိကွမ်းမြွေ က အဆိပ်ရှိလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် သူတို့နှစ်ဦးမှာ ချစ်သူများ ဖြစ်သွားခဲ့ကြသည်။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဤကိစ္စတစ်ခုလုံးတွင် အမြတ်ထွက်ခဲ့သူမှာ ရှောင်ချန်ယွီသာ ဖြစ်သည်။
ယခု မုန့်ယီရန်၏ မိသားစုက တံခါးဝအထိ လာရောက် စာရင်းရှင်းနေပြီဖြစ်ရာ သူတို့သည် ယုတ္တိရှိရှိ ပြောဆိုမည့်ပုံ မပေါ်ပေ။
‘နဂါးမင်းကြီး မုန့်ရှု ဝိညာဉ်တုံ့လောအဆင့် ကျွမ်းကျင်သူ သူက ဓားမမနိုင်တော့ဘူးလို့ ပြောတာလား။’
နဂါးမင်းကြီးက ဓားမသုံးတာ သေချာပါသည်။ သူ၏ နဂါးတောင်ဝှေး ဝိညာဉ်က မင်းရဲ့ ခေါင်းဘူးသီးသီးအောင် ရိုက်နိုင်စွမ်း ရှိသည်။
ပြီးတော့ မြွေအဖွားအိုက ရှင်းပြချက် တောင်းနေတာလား။
ဒါက တကယ့်ကို အခြေအနေဆိုးပဲ။ သူမက ဝိညာဉ်သူတော်စင် အဆင့်လော မင်းက ဘယ်လိုများ သူတို့ နားဝင်အောင် ရှင်းပြနိုင်မှာလဲ။
ထွက်ပေါက်မရှိတဲ့ လမ်းပိတ်ပဲ။
အစ်ကို ချန်ယွီကတော့ အခု တကယ့်ကို လမ်းပိတ်နေပြီ။
“အဲဒီ လူရှုပ်လေး အစ်ကို ချန်ယွီ တစ်နေ့ကုန် လိုက်ပတ်ပွေနေတာ ထားပါဦး ဒီလိုမျိုး မိန်းကလေးကို ဘယ်လိုများ သွားပြီး ရန်စရဲတာလဲ။ ဒီလူကြီးနှစ်ယောက်က ကြည့်ရတာ တကယ့်ပြဿနာပဲ။”
ဘေးနားတွင် ရဲ့လင်လင်သည် နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့၏ ရန်လိုသော အမူအရာကို ကြည့်ရင်း စိုးရိမ်နေမိသည်
ရဲ့လင်လင်၏ ဝိညာဉ်မှာ ဟိုင်ထန်ပန်း ဖြစ်ပြီး သူမသည် ကုသခြင်းတွင်သာ ထူးချွန်ကာ တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သူ မဟုတ်ပေ။
အကယ်၍ နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့က ရှောင်ချန်ယွီကို ဝိုင်းရိုက်ကြလျှင် ရဲ့လင်လင်မှာ လုံးဝ ကူညီနိုင်မည် မဟုတ်ပေ။
အလွန်ဆုံးရှိမှ ရှောင်ချန်ယွီ တစ်ကိုယ်လုံး ဖူးယောင်နေအောင် အရိုက်ခံရသည့်အခါ သူမ၏ ဝိညာဉ်စွမ်းအားဖြင့် ကုသပေးရုံသာ တတ်နိုင်မည်။
‘ရှောင်ချန်ယွီ သေအောင် အရိုက်ခံရမှာလား။’
ရှောင်ချန်ယွီအပေါ် ချစ်ခင်စုံမက်မှုများ ပြည့်နှက်နေဆဲဖြစ်သော မုန့်ယီရန်၏ မျက်လုံးများကို ကြည့်ရလျှင် သူမသည် သူမ၏ အစ်ကို ချန်ယွီ သေအောင် အရိုက်ခံရသည်ကို ကြည့်နေမှာ မဟုတ်လောက်ပေ။
“အဲဒီ လူယုတ်မာ ရှောင်ချန်ယွီ သေအောင် အရိုက်ခံရတာက သူ့အတွက် ထိုက်တန်ပါတယ်။ တစ်နေ့ကုန် လူတွေကို အနိုင်ကျင့်ဖို့ပဲ သိတာ။”
တုကူယန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မာနကြီးလှသော လေသံဖြင့် ပြောလိုက်သည်။
နဂါးမင်းကြီး မုန့်ရှုနှင့် မြွေအဖွား ချောင်ထျန်းရှန်းတို့၏ အရှိန်အဝါမှာ ပြင်းထန်သော်လည်း တုကူးယန်ကတော့ အလွန်အမင်း မကြောက်ပေ။
နောက်ဆုံးတွင်တော့ တုကူယန်း၏ အဖိုး တုကူပိုမှာ ထျန်းတိုအင်ပါယာ၏ ဂုဏ်ထူးဆောင် အကြီးအကဲ အဆင့် (၉၁) ရှိသော အဆိပ်တုံ့လောဖြစ်သည်။
နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့က အတော်လေး အစွမ်းထက်သော်လည်း ထိပ်တန်းတုံ့လော အဆင့်သို့ မရောက်သေးပေ။
အဆိပ်တုံ့လော တုကူပို၏ ရှေ့မှောက်တွင်မူ သူတို့က ဘာမှမဟုတ်သေးပေ။
“ငါ အဖိုးကို သွားတောင်းပန်ပြီး ကူညီခိုင်းရမလား။ ဟင့်အင်း မဖြစ်ဘူး ငါနဲ့ ရှောင်ချန်ယွီက ဘာမှပတ်သက်တာ မဟုတ်ဘူး။”
ဤအတွေးက တုကူယန်း၏ စိတ်ထဲသို့ ဖြတ်ပြေးသွားပြီးနောက် သူမ၏ ဦးနှောက်များ ချောင်နေသလားဟု သူမကိုယ်သူမ ပြန်တွေးမိသွားသည်။
ဒီမုန်းစရာကောင်းတဲ့ ရှောင်ချန်ယွီက သူမ တုကူယန်းကို တစ်ညလုံး အနိုင်ကျင့်ခဲ့တာလေ။
သူမခန္ဓာကိုယ်ထဲက မြွေအဆိပ်ကို ကုသဖို့နဲ့ ယွီထျန်းဟန် ဘေးကင်းဖို့အတွက် သူမ တုကူယန်းဟာ အရှက်တရားတွေကို မြိုသိပ်ပြီး သည်းခံခဲ့ရသည်။
အခု ရှောင်ချန်ယွီ ဘေးဒုက္ခရောက်တော့မည့်အချိန်မှာ သူမက ဘေးကနေ လက်ခုပ်တီးပြီး ကြည့်နေသင့်သည်။ ဘာလို့ သူ့ကို ကူညီချင်နေရသနည်း။
ဒါ့အပြင် သူမအဖိုး တုကူပိုသာ ဒါကို သိသွားရင် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြံစည်တော့မှာ..
“ဟားဟားဟား ဒီတစ်ခါတော့ မင်းဘယ်လိုသေမလဲဆိုတာ ကြည့်ရသေးတာပေါ့ ရှောင်ချန်ယွီ။”
ဘေးနားမှ ယွီထျန်းဟန်သည်လည်း စိတ်ထဲတွင် အားရပါးရ ရယ်မောနေသည်။
ဝိညာဉ်တုံ့လောတစ်ယောက်နဲ့ ဝိညာဉ်သူတော်စင် တစ်ယောက် အစွမ်းထက်တဲ့ ပညာရှင်နှစ်ယောက်က ရှောင်ချန်ယွီကို ဝိုင်းရိုက်တော့မှာဖြစ်သည်။
‘ရှောင်ချန်ယွီဘယ်လောက်ပဲ တတ်နိုင်တတ်နိုင် ဒီတစ်ခါတော့ လွတ်လမ်းမရှိတော့ဘူး။’
‘အဆင့် (၁၉) ဝိညာဉ်သခင် တစ်ယောက်က ဝိညာဉ်တုံ့လောနဲ့ ဝိညာဉ်သူတော်စင်ကို ဘယ်လိုယှဉ်မှာလဲ။’
‘ရှောင်ချန်ယွီ အမေခေါ် အဖေခေါ် အရိုက်ခံရပြီး ငါ့ကို အကူအညီတောင်းလာတဲ့အခါ ငါက နည်းနည်းပဲ ဟန်ဆောင်ရမလား။ ဒါမှမဟုတ် အများကြီး ဟန်ဆောင်ရမလား။’
ယွီထျန်းဟန်မှာ စိတ်ကူးယဉ် ကမ္ဘာထဲတွင် နစ်မျောနေတော့သည်။
လူတိုင်းမှာ အတွေးကိုယ်စီ ရှိကြပြီး။ထိုအချိန်တွင် ရှောင်ချန်ယွီသည် သူတို့ ဘာတွေးနေမှန်းကို မသိရှာပေ။
ရှောင်ချန်ယွီက နဂါးမင်းကြီးနှင့် မြွေအဖွားကို စိတ်ရင်းမှန်ဖြင့် ကြည့်လိုက်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။
“စီနီယာကြီး နှစ်ယောက်ကျွန်တော့်ကို ကျေးဇူးလာတင်တာလား။ ကျေးဇူးတင်ဖို့ မလိုပါဘူးခင်ဗျာ။ ရှင်းပြချက်တို့ ဘာတို့ဆိုတာကလည်း ဒါဟာ ကျွန်တော် ရှောင်ချန်ယွီ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ။”
စိတ်ရင်းမှန်ခြင်းက အဆုံးစွန်သော လက်နက်ဖြစ်သည်။
ရှောင်ချန်ယွီက နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့က သူ့ကို ကျေးဇူးလာတင်သည်ဟု တကယ်ကြီး ထင်နေခြင်းဖြစ်သည်။
နောက်ဆုံးတွင်တော့ မုန့်ယီရန်၏ ဒုတိယ ဝိညာဉ်ကွင်းဖြစ်သော နှစ်တစ်ထောင် ကျိကွမ်းမြွေကို ရှောင်ချန်ယွီက ပေးခဲ့သည် မဟုတ်ပါလား။
ဝိညာဉ်သခင်တစ်ဦးအနေဖြင့် သင့်တော်သော ဝိညာဉ်ကွင်းတစ်ခုကို ရှာဖွေရသည်မှာ မည်မျှ ခက်ခဲသနည်း။
ရှောင်ချန်ယွီက နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့သည် ဝါရင့် စီနီယာကြီးများဖြစ်သည့်အတွက် ထိုအခက်အခဲကို သူ့ထက် ပိုသိကြလိမ့်မည်ဟု ယုံကြည်နေသည်။
ရှောင်ချန်ယွီက သူတို့မြေးမလေးအတွက် ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တာကို သူတို့က ကျေးဇူးတစ်ခွန်းတောင် မပြောရင် ဒါက ယဉ်ကျေးမှု မရှိရာ ရောက်မည် မဟုတ်ပါလား။
သို့သော် ရှောင်ချန်ယွီ အနည်းငယ် စိတ်ပျက်မိသည်။ နဂါးမင်းကြီးနဲ့ မြွေအဖွားအိုတို့က သိပ်ပြီး စေးနှဲလွန်းတာ မဟုတ်ဘူးလား။
ကျေးဇူးလာတင်တာဆိုရင် အနည်းဆုံးတော့ လက်ဆောင်ပစ္စည်းလေး ဘာလေး ပါလာသင့်တာပေါ့။
အခုလို လက်ဗလာနဲ့ လာတာက တကယ်ကို တွန့်တိုလွန်းရာ ရောက်တယ်။
‘ငါ ရှောင်ချန်ယွီက မင်းတို့ရဲ့ လက်ဆောင်ကို မက်မောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းတို့အနေနဲ့ လူမှုရေးအရ အခြေခံ ယဉ်ကျေးမှုကိုတော့ နားလည်သင့်တာပေါ့။’
ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ မူရင်းဇာတ်လမ်းထဲမှာ နဂါးမင်းကြီးနဲ့ မြွေအဖွားတို့က သိပ်ပြီး ချမ်းသာကြတာ မဟုတ်ဘူးဆိုတော့ ရှောင်ချန်ယွီ နားလည်ပေးနိုင်ပါသည်။
နောက်ဆုံးတော့ မင်းတို့က မုန့်ယီရန်ရဲ့ အဖိုးနဲ့ အဖွားတွေပဲလေ။
‘ငါ ခွင့်လွှတ်ပေးလိုက်ပါမယ်။’
ရှောင်ချန်ယွီ စကားပြောပြီးသောအခါ ထိုနေရာရှိ လူအားလုံးမှာ လုံးဝ မှင်တက်သွားကြသည်
‘ရှောင်ချန်ယွီ မင်းကတော့ တကယ့် ပါရမီရှင်ပဲ။’
‘သူတို့မြေးမလေးကို အနိုင်ကျင့်ထားပြီးမှ အခုကျတော့ အုပ်ထိန်းသူတွေကို ကျေးဇူးတင်ဖို့ မလိုဘူးလို့ ပြောနေတာလား..’
‘မင်းတို့ နော့တင်းမြို့က လူတွေကတော့ တကယ်ကို ကစားတတ်တာပဲ။’
“ကျေးဇူးတင်ဖို့ မလိုဘူး။ အစ်ကို ချန်ယွီ ရှင်... ရှင် ဘာတွေ ပြောနေတာလဲ။”
မုန့်ယီရန်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး သူမသည် ခေါင်းကို အလိုလိုငုံ့ထားမိရာ သူမ၏ နားရွက်များပင် ပူထူလာတော့သည်။