← Chapters

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃) - ကျွန်တော့်ကို မျက်နှာသာပေးကြပါဦး။

မုန့်ယီရန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ထားသော်လည်း အခြားသူများမှာမူ ဤအခိုက်အတန့်တွင် သူတို့ကိုယ်သူတို့ပင် သံသယဝင်လာကြတော့သည်။

“အစ်ကို ချန်ယွီ တစ်ခုခုကိုအထင်လွဲနေတာလား... ဒါပေမဲ့ ဒီလိုပြောလိုက်တာက... မီးလောင်ရာ လေပင့်လိုက်သလိုပဲ...”

ရှောင်ဝူသည် လူတိုင်း၏ မျက်နှာအမူအရာနှင့် တုံ့ပြန်မှုများကို ကြည့်ပြီး ဘာဖြစ်နေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။

ရှောင်ချန်ယွီ ပြောနေသည့်ကိစ္စနှင့် နဂါးမင်းကြီး၊ မြွေအဖွားတို့ ပြောနေသည့်ကိစ္စမှာ လုံးဝ လိုင်းမတူပေ။

ကျေးဇူးတင်စရာ မလိုပါဘူး ဆိုသည့် စကားတစ်ခွန်းမှာ နဂါးမင်းကြီးနှင့် မြွေအဖွားတို့၏ ရင်ထဲတွင် မီးပုံကြီးကို ရှို့လိုက်သလို ဖြစ်သွားသည်။ ဒါကတော့ တကယ့်ကို ဘေးဒုက္ခပါပဲ

“ဝါး ဟားဟား ဒီရှောင်ချန်ယွီက တကယ်ကို သတ္တိရှိတာပဲ။ သူက ဒီလိုစကားမျိုးတောင် ပြောရဲတယ်။ သူကတော့ သေတွင်းတူးနေတာပဲ။”

ဘေးတွင် ရပ်နေသော ယွီထျန်းဟန်သည် ပထမတော့ မှင်တက်သွားသော်လည်းနောက်ပိုင်းတွင် သူတစ်ပါး ဘေးဒုက္ခရောက်သည်ကိုသိသဖြင့် အားရပါးရ ရယ်မောမိတော့သည်။

“ရှောင်ချန်ယွီတော့ တကယ်ပြီးပြီ။”

“မင်းက ငါ့ထက် ပါရမီ ပိုကောင်းတာ ငါ့ထက် ပိုချောတာတွေကို ထားလိုက်ဦး ရှောင်ချန်ယွီ... ဒီတစ်ခါတော့ မင်း အရိုက်ခံရတာတောင်နည်းသေးတယ်။”

“ဒီလူကတော့ တကယ်ကို စိတ်တိုဖို့ ကောင်းတာပဲ။ မိန်းကလေးတစ်ယောက်ကို အမြတ်ထုတ်ပြီးမှ အဲဒီမိန်းကလေးက သူ့ကို ကျေးဇူးတင်ရဦးမယ် ဟုတ်လား။”

ဘေးနားတွင် ရပ်နေသော တုကူယန်းသည်လည်း ဤအခိုက်အတန့်တွင် သွားကြိတ်နေမိသည်။

သူမသည် ရှောင်ချန်ယွီနှင့် အတင်းအကျပ် ဘတ်စကက်ဘော ကစားခဲ့ရပုံကိုပထမတော့ ငြင်းဆန်ခဲ့သော်လည်း နောက်ဆုံးတွင် ရုန်းကန်ရင်းနှင့်ပင် အလိုတူအလိုပါ ဖြစ်သွားခဲ့ရပုံကို ပြန်တွေးမိရာ တုကူးယန်သည် သူမ၏ နှုတ်ခမ်းနီလေးကို ကိုက်လိုက်မိပြီး မျက်ဝန်းထဲတွင် အရည်လဲ့လာသည်။

“ယွီထျန်းဟန် နင်က ဘာတွေကို ဒီလောက် ရယ်နေတာလဲ။ အနည်းဆုံးတော့ ရှောင်ချန်ယွီက သူလုပ်တဲ့ကိစ္စကို တာဝန်ယူရဲတဲ့ ယောက်ျားပဲ။ နင်ကျတော့ကော ဘေးကနေ ရယ်ဖို့ပဲ သိတယ် နင်ကတော်တော် သူရဲဘောကြောင်တဲ့ကောင်ပဲ။”

ယွီထျန်းဟန်၏ ပုံစံကို ကြည့်ပြီး တုကူယန်း တကယ်ကို ဒေါသထွက်သွားတော့သည်။

မူလက တုကူယန်းသည် ယွီထျန်းဟန်အပေါ် အတော်လေး စိတ်ကျေနပ်မှု ရှိခဲ့သည်။

သူ့မှာ မဆိုးလှတဲ့ ပါရမီ ရှိတယ်။ ရုပ်ရည်ကလည်း အိုကေတယ် ပြီးတော့ အပြာရောင် လျှပ်စစ် နဂါးဘုရင်ဂိုဏ်းရဲ့ ဆက်ခံသူလည်း ဖြစ်တယ်လေ။

ဒါပေမဲ့ ရှောင်ချန်ယွီနဲ့ ယှဉ်လိုက်တဲ့အခါမှာတော့ ယွီထျန်းဟန်ဟာ လုံးဝ အပြတ်အသတ် အနိုင်ယူခံလိုက်ရပြီး သူ့ရဲ့ ယုံကြည်မှုတွေဟာ ဘာမှမကျန်တော့တဲ့အထိ ရိုက်ချခံလိုက်ရတယ်။

ရှောင်ချန်ယွီရဲ့ ဘေးမှာ မိန်းကလေးတွေ အများကြီး ဝိုင်းနေတယ်ဆိုတာ တုကူယန်း သိပါသည်။

သူမကယွီထျန်းဟန်ရဲ့ ရည်းစားဖြစ်နေခြင်းက သူမအတွက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်သည်ကိုလဲသိသည်။

ဒါပေမဲ့ ယွီထျန်းဟန်ရဲ့ သူရဲဘောကြောင်တဲ့ ပုံစံကို တွေးမိလေလေ တုကူယန်း ပိုပြီး စိတ်ပျက်လာလေလေ ဖြစ်သည်။

“ငါက သူရဲဘောကြောင်တယ် ဟုတ်လား။ ငါ ယွီထျန်းဟန်က အမြဲတမ်း ယောက်ျားပီသတဲ့သူကွ။”

တုကူယန်း၏ စကားကြောင့် ရန်စခံလိုက်ရသဖြင့် ယွီထျန်းဟန်၏ မျက်နှာမှာ ချက်ချင်း ရဲတက်သွားပြီး အသံကျယ်ကြီးဖြင့် ပြန်ငြင်းလိုက်တော့သည်။

“ယောက်ျားတစ်ယောက်ဟာ ဘယ်တော့မှ ငါမလုပ်နိုင်ဘူးလို့ မပြောရဘူး။”

“ငါ ယွီထျန်းဟန်က အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းရဲ့ အနာဂတ် ဆက်ခံသူပဲ ငါက ဘယ်လိုလုပ် နောက်ဆုတ်မှာလဲ။”

သူတို့စကားပြောနေစဉ်မှာပင် ရှောင်ချန်ယွီ၏ အကြည့်က ရောက်လာပြီး နဂါးမင်းကြီး မုန့်ရှုနှင့် မြွေအဖွား ချောင်ထျန်းရှန်းတို့ကို စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည် ။

“ဒါက သေးငယ်တဲ့ အကူအညီလေး တစ်ခုပါပဲ။ စီနီယာကြီး နှစ်ယောက်က ဒီလောက် အဝေးကြီးကနေ လာခဲ့တာက ကျွန်တော့်အတွက်တော့ တကယ့်ကို အားနာစရာပါပဲ။မိတ်ဆက်ပေးပါရစေ။ဒီတစ်ယောက်ကတော့ အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဆက်ခံသူဖြစ်ပြီး ဟွမ်တောက်အဖွဲ့ရဲ့ ခေါင်းဆောင် ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်း ယွီထျန်းဟန် ပါပဲ။”

ရှောင်ချန်ယွီက ယွီထျန်းဟန်ကို လက်ညှိုးထိုးပြရင်း ဇာတ်ခုံကို သူ့လက်ထဲ အပ်လိုက်သည်။

လူတိုင်း၏ အကြည့်မှာ ယွီထျန်းဟန်ထံသို့ ရောက်သွားကြသည်။

နဂါးမင်းကြီး မုန့်ရှုမှာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှ တွေးလိုက်သည် ။

‘အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းလား။ အထက်တန်းလွှာ ဂိုဏ်းကြီးသုံးခုထဲက တစ်ခုပေါ့။ ဒါကြောင့်လည်း ရှောင်ချန်ယွီမှာ ဒီလို နောက်ခံရှိနေတာကိုး။ မအံ့သြပါဘူး၊။ သူက ဒီလောက် မာနကြီးပြီး ငါတို့ စိန်ခေါ်တာကိုတောင် မကြောက်မရွံ့ ရှိနေတာ။’

မြွေအဖွား ချောင်ထျန်းရှန်းကတော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နဂါးမင်းကြီးထံသို့ ဝိညာဉ်အသံလွှင့်နည်းဖြင့် ပြောလိုက်သည်။

“အဖိုးကြီး ရှင် ကြောက်နေတာလား။အထက်တန်းလွှာ ဂိုဏ်းသုံးခုထဲမှာ ဘုံခုနစ်ဆင့်ပြဿဒ်ဂိုဏ်း ဒါမှမဟုတ် ဟောက်ထျန်းဂိုဏ်းဆိုရင်တော့ ငါတို့ နည်းနည်း သတိထားရမယ်။ ဒါပေမဲ့ ဒီ အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းက ဆုတ်ယုတ်နေတဲ့ ဂိုဏ်းပဲလေ။”

“ဒီလောက်ကြီးတဲ့ ဂိုဏ်းကြီးမှာ ထိပ်တန်းတုံ့လောဆိုလို့ ယွီယွမ်ကျန်းတစ်ယောက်ပဲ ရှိတာ။”

“ဒါ့အပြင် ငါအရင်က ကြားဖူးတာတော့ ဒီဂိုဏ်းကနေ လေလည်တဲ့ နဂါးဝိညာဉ် ပိုင်ဆိုင်တဲ့ အမှိုက်တစ်ယောက် ထွက်ဖူးတယ်ဆိုပဲ။”

“ဘာကို ကြောက်နေရမှာလဲ။”

နဂါးမင်းကြီးနှင့် မြွေအဖွားအိုမှာ လင်မယားများ ဖြစ်ကြသည်။ သူတို့၏ ဝိညာဉ် ပေါင်းစပ်ခြင်း အတတ်ကို လေ့ကျင့်ထားသောကြောင့် သူတို့၏ နှလုံးသားချင်း ချိတ်ဆက်နေပြီး အခြားသူများ မသိနိုင်သော အသံလွှင့်နည်းဖြင့် လျှို့ဝှက် ဆက်သွယ်နိုင်ကြသည်။

ဒါကလည်း သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလွန်ပင် စည်းချက်ညီစေသည်။

အပြင်ပန်းတွင် သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ရုံသာ ရှိသော်လည်း အမှန်တကယ်တွင်မူ သူတို့၏ စိတ်ထဲ၌ အပြန်အလှန် ဆွေးနွေးမှုပေါင်း များစွာကို ပြုလုပ်ပြီးသွားပြီ ဖြစ်သည်။

နဂါးမင်းကြီး မုန့်ရှုနှင့် မြွေအဖွား ချောင်ထျန်းရှန်းတို့မှာ သေးငယ်သော မိသားစုတစ်ခုမှ လာသူများ ဖြစ်သည်။ အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းက ဆုတ်ယုတ်နေသည်ဆိုဦးတော့ သူတို့ထက်တော့ အင်အားကြီးမားသည်မှာ အမှန်ပင်။

သို့သော်လည်း အကယ်၍ ဂိုဏ်းချုပ်ကြီး ဖြစ်သူ တစ်ဦးတည်းသော ထိပ်တန်းတုံ့လော ယွီယွမ်ကျန်းသာ ဒီမှာရှိနေရင် နဂါးမြို့စားနဲ့ မြွေအဖွားအိုတို့က မျက်နှာသာ ပေးကောင်း ပေးပါလိမ့်မည်။

ယွီထျန်းဟန်လား။

မျိုးဆက်သစ် လူငယ်လေး တစ်ယောက်ပဲလေ။ သူက သူတို့နဲ့ တန်းတူ စကားပြောနိုင်ဖို့ အရည်အချင်း မရှိသေးပါဘူး။

နဂါးမြို့စားနဲ့ မြွေအဖွားအိုတို့က ယွီထျန်းဟန်ကို သတ်မပစ်သရွေ့တော့ ယွီယွမ်ကျန်းလို ထိပ်တန်းတုံ့လောကြီး တစ်ယောက်က လူငယ်လေးတစ်ယောက်အတွက်နဲ့ အလုပ်တွေ အကုန်ပစ်ထားပြီး ဒီအထိ လိုက်လာမှာ မဟုတ်ဘူး မဟုတ်လား။

“ဟုတ်ပါတယ် စီနီယာတို့ အစ်ကိုဟန်က အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းရဲ့ ဆက်ခံသူဖြစ်ပြီး ထူးခြားတဲ့ ပါရမီ ရှိသူပါ။ သူ့ကို စီနီယာတို့နဲ့ မိတ်ဆက်ပေးဖို့တောင် မေ့နေတော့မလို့။”

ရှောင်ဝူသည် ရှောင်ချန်ယွီက ယွီထျန်းဟန်ကို ရှေ့ထုတ်လိုက်သည်ကို မြင်သောအခါ သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

“စီနီယာတို့ ကျွန်မတို့ ဟွမ်တောက်အဖွဲ့က ဒီတစ်ခါ ကြယ်သစ်တောကို လာတာက လေ့ကျင့်ဖို့ပါ။ ဝိညာဉ်တုံ့လောအဆင့်ရှိတဲ့ ဆရာတွေလည်း ဒီနားမှာ ရှိနေကြပါတယ်။ ကျွန်မတို့ လူငယ်တွေက အတွေ့အကြုံ မရှိတော့ စီနီယာတို့ကို စော်ကားမိတာ ရှိနိုင်ပါတယ်။ စီနီယာတို့ ခဏလောက် စောင့်ပေးရင် ကျွန်မတို့ ဆရာတွေကို ခေါ်ပြီး စီနီယာတို့ကို ဧည့်ခံခိုင်းပါရစေ။”

ရဲ့လင်လင်ကလည်း သူမ၏ ဆရာများကို အကာအကွယ်အဖြစ် သုံးပြီး ချက်ချင်း ဝင်ပြောလိုက်သည်။

နဂါးမင်းကြီးနှင့် မြွေအဖွားတို့က ရန်လိုစွာ ရောက်လာကြသဖြင့် ရဲ့လင်လင်မှာ သူတို့က ရန်သူလား မိတ်ဆွေလား ဆိုသည်ကို မခွဲခြားနိုင်သေးပေ။

ဟွမ်တောက် အဖွဲ့နှင့် ဝိညာဉ်တုံ့လော ဆရာများအကြောင်း ပြောလိုက်ခြင်းမှာ နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့ကို သူတို့နောက်ကွယ်တွင်လည်း အင်အားစုရှိသည်ဟု ပြောပြလိုက်ခြင်းသာ ဖြစ်သည်။

ဝိညာကုန်းမြေ တစ်ခုလုံးတွင် ဝိညာဉ်နန်းတော်က နိုင်ငံမထူထောင်မီအထိ အင်ပါယာ နှစ်ခုသာ ရှိခဲ့သည်။ ကောင်းကင်တုံ့လောအင်ပါယာနှင့် ကြယ်တာရာအင်ပါယာ တို့ဖြစ်သည်။

အင်ပါယာများ၏ အင်အား ဆုတ်ယုတ်နေသည်ဆိုသော်လည်း ငတ်ပြတ်နေတဲ့ ကုလားအုတ်က မြင်းထက်ကြီးတယ် ဆိုသလို အင်ပါယာတစ်ခု၏ အင်အားမှာ သာမန် အင်အားစုများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

“စီနီယာတို့ ကျွန်မက တုကူယန်းပါ။ ဟွမ်တောက်အဖွဲ့ ဒုတိယခေါင်းဆောင်ပါ ပြီးတော့ ဒါက ကျွန်မရဲ့ ရည်းစား ယွီထျန်းဟန် ပါ။”

တုကူးယန်သည်လည်း တည်ငြိမ်သော မျက်နှာထားဖြင့် ယွီထျန်းဟန်ကို နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့ထံ မိတ်ဆက်ပေးလိုက်သည်။

နဂါးမင်းကြီး မုန့်ရှုသည် ယွီထျန်းဟန်ကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်ပြီး စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသည်။

မုန့်ရှုက အနည်းငယ် ပြုံးပြပြီး ပြောလိုက်သည် ။

“ဒါကြောင့် မင်းတို့က ထျန်းတိုတော်ဝင်အကယ်ဒမီက ပါရမီရှင် လူငယ်လေးတွေ ဖြစ်နေတာကိုး။ ငါလည်း ထျန်းတိုအင်ပါယာကို ရောက်ချင်နေတာ ကြာပါပြီ။ ဒီလူငယ်လေး ယွီ ကတော့ ကြည့်ရတာ တကယ်ကို ထူးခြားတဲ့ပုံပဲ။”

အစွမ်းထက်လှသော ဝိညာဉ်တုံ့လောမုန့်ရှု၏ ချီးကျူးမှုကို ခံရပြီး လူတိုင်း၏ အကြည့်က သူ့ထံသို့ ရောက်နေသည်ကို ခံစားရသဖြင့်..

ယွီထျန်းဟန် ဝန်ခံပါသည်။ ဤခံစားချက်မှာ တကယ်ကို ကောင်းမွန်လှသည်။

‘ရှောင်ချန်ယွီ မင်းအစွမ်းထက်တော့ကော ဘာဖြစ်လဲ။ မင်း ချောတော့ကော ဘာဖြစ်လဲ။ဒါတွေက ဘာအသုံးကျလို့လဲ။’

‘ဒီကမ္ဘာကြီးက တိုက်ခိုက်သတ်ဖြတ်နေဖို့ပဲ မဟုတ်ဘူး။ လူမှုရေး ဆက်ဆံရေးနဲ့ မျက်နှာသာ ပေးတာတွေလည်း ရှိသေးတယ်။’

‘အပြင်မှာ ရပ်တည်နိုင်ဖို့ဆိုရင် နောက်ခံအင်အား ရှိရမယ်။’

ယွီထျန်းဟန်က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

“စီနီယာတို့က မြှောက်ပင့်လွန်းပါပြီ။ အခုလို ရန်ဖြစ်ရင်းနဲ့ ဆုံကြတာဆိုတော့ ကျွန်တော်တို့ အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းက စီနီယာတို့ နှစ်ယောက်ကို ဧည့်သည်အဖြစ် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။”

All Chapters