← Chapters

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈) - ကျွန်တော် အသံကျယ်သွားတယ်ဆိုတာ ဝန်ခံပါတယ်။

ယွီထျန်းဟန်မှာ အလွန်ပင် စိတ်ဓာတ်ကျနေသည်။

လူဖြစ်ဖြစ် တစ္ဆေဖြစ်ဖြစ် လူတိုင်းက ကြွားဝါပြသနေကြသော်လည်း ယွီထျန်းဟန် တစ်ယောက်တည်းသာ အရိုက်ခံနေရသည်။ု

ဒီလောက် လူတွေအများကြီးထဲမှာ ယွီထျန်းဟန် တစ်ယောက်တည်းကသာ သနားစရာကောင်းအောင် အရိုက်ခံရပြီး အရှက်ကွဲရသည်။

ဒါကို ဘယ်သူက ခံနိုင်မှာလဲ။

ယခု ရှောင်ချန်ယွီက ရှေ့သို့ တက်လှမ်းလာပြီဖြစ်ရာ သူလည်းပဲ အရိုက်ခံရတော့မည်ဟု ထင်ရသည်။

ထိုသို့တွေးမိသည်နှင့် ယွီထျန်းဟန်သည် စိတ်ထဲမှ ကြိတ်၍ ဝမ်းသာနေမိသည်။

“အကြီးအကဲ ရှောင် ထွက်လာခဲ့ပါ ဒီစီနီယာ နှစ်ယောက်က ပညာဖလှယ်ချင်နေကြတယ်။”

သို့သော်လည်း...

လူတိုင်းကို အံ့အားသင့်စေသည်မှာ ရှောင်ချန်ယွီသည် ရုတ်တရက် လက်ဖျောက်တစ်ချက် တီးလိုက်ခြင်းပင်။

နောက်တစ်ခဏတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် ရှောင်ချန်ယွီ၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာတော့သည်။

ထိုအနက်ရောင်ဝတ် အဖိုးအိုတွင် ထူးခြားဆန်းပြားသော အရှိန်အဝါတစ်ခု ရှိနေပြီး သူ၏ အကြည့်မှာ သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှလှသည်။

သူ၏ ဝိညာဉ်စွမ်းအား တုန်ခါမှုမှာ နဂါးမင်းကြီး မုန့်ရှုနှင့် မြွေအဖွားအို ချောင်ထျန်းရှန်းတို့ နှစ်ယောက်ပေါင်းထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။

“သခင်လေး။”

ထိုအနက်ရောင်ဝတ် အဖိုးအိုကို အကြီးအကဲ ရှောင်ဟု ခေါ်ဝေါ်ကြပြီး သူသည် ရှောင်ချန်ယွီကို ရိုသေစွာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

၎င်းမှာ ထိပ်ထိန်းတုံ့လအရုပ်သေးရုပ်ပင် ဖြစ်သည်။

ဒါက ရှောင်ချန်ယွီ အရင်က ရရှိထားခဲ့သော ဆုလာဘ်တစ်ခု ဖြစ်သည်။

“အဆင့် (၉၉) ထိပ်တန်းတုံ့လော...”

နဂါးမင်းကြီး မုန့်ရှု၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားပြီး သူ၏ မျက်နှာမှာလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။

ရှောင်ချန်ယွီ ဆင့်ခေါ်လိုက်သော သူ့ရှေ့မှ ပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ထိပ်တန်းတုံ့လောတစ်ဦး ဖြစ်နေသည်။

လူတိုင်းသိကြသည့်အတိုင်း ဝိညာဉ်ကုန်းမြေတွင် အဆင့် ၉၀ အထက်ရှိသော တုံ့လောများကို ထိပ်တန်းတုံ့လောများဟု ခေါ်ကြသည်။

သို့သော် အမှန်တကယ်တွင်မူ ထိပ်တန်းတုံလောများအကြား၌လည်း စွမ်းအားကွာခြားချက်များ ရှိပါသည်။

အဆင့် ၉၀ မှ ၉၄ အထိမှာ သာမန်ဖြစ်ကြသည်။

ထိပ်တန်းတုံ့လောတစ်ဦးတွင် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ပြီးပြည့်စုံသော ဝိညာဉ်အမြုတေရှိပြီး ထိုနေရာမှ စွမ်းအင်များကို စုပ်ယူကာ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်သည်။

သို့သော် အဆင့် ၉၉ မှာမူ ထိပ်တန်းတုံ့လောဖြစ်ပြီး ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။

ထိပ်တန်းတုံ့လောတစ်ဦး ဒေါသထွက်လျှင် မြို့တစ်မြို့ကို ကစားစရာ ရဲတိုက်တစ်ခုလို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

ထို့အပြင် ထိပ်တန်းတုံ့လောများသည် ဟင်းလင်းပြင် စွမ်းအား ကို အခြေခံကျကျ အသုံးချနိုင်စွမ်း ရှိသဖြင့် တည်ငြိမ်သော ဟင်းလင်းပြင်အတွင်း ရုတ်တရက် ပျောက်ကွယ်သွားခြင်း နှင့် ဟင်းလင်းပြင် တစ်ခုလုံးကို ပိတ်ဆို့ထားခြင်းများကို ပြုလုပ်နိုင်ကြသည်။

လက်ရှိ ဝိညာဉ်ကုန်းမြေပေါ်တွင် ကျော်ကြားသော ထိပ်တန်းတုံ့လောများမှာ ပိပိတုန်း ချန်တောက်လျို ထန်ချန် နှင့် အခြားလူအနည်းငယ်သာ ရှိသည်။

သူတို့ကို လက်ချိုးရေတွက်၍ပင် ရနိုင်သည်။

ယခု သူတို့ရှေ့တွင် ရှိနေသော ရှောင်ချန်ယွီက အကြီးအကဲ ရှောင်ဟု ခေါ်သည့် ပုဂ္ဂိုလ်မှာ ကျော်ကြားသော တုံ့လောများထဲမှ မဟုတ်သော်လည်း သူသည် အမှန်တကယ်ပင် ထိပ်တန်းတုံ့လော တစ်ဦး ဖြစ်နေသည်။

“အဖိုးကြီး ရှင် မျက်စိမှားနေတာ မဟုတ်ဘူးမလား။ ထိပ်တန်းတုံ့လောတစ်ယောက်က ရှောင်ချန်ယွီ နောက်ကို ဒီအတိုင်း လိုက်နေတာလား။”

မြွေအဖွားချောင်ထျန်းရှန်းမှာလည်း ဆွံ့အသွားပြီး သူမ၏ နှုတ်ခမ်းများမှာ တုန်ယင်နေမိသည်။

သူတို့သည် ရှောင်ချန်ယွီ၏ နောက်ခံကို စုံစမ်းကြည့်ဖူးပြီး သူသည် နော့တင်းမြို့စား၏ သားဖြစ်ကာ သာမန် မိသားစုနောက်ခံသာ ရှိသည်ဟု သိထားကြသည်။

ဒါပေမဲ့ သာမန်မိသားစုတစ်ခုက ထိပ်တန်းတုံ့လောတစ်ယောက်ကို အစောင့်အရှောက်အဖြစ် ဘယ်လိုလုပ် ထားနိုင်မည်နည်း။

ထို့အပြင် ထိုသူက ရှောင်ချန်ယွီကို သခင်လေး ဟုပင် အလွန်ရိုသေစွာ ခေါ်နေသေးသည်။

“ငါတို့ သိထားတာတွေက အပေါ်ယံဖြစ်နေပုံရတယ်။ ဒါက သူတို့ ငါတို့ကို သိစေချင်တဲ့ အပိုင်းပဲ ဖြစ်မှာပါ။ ရှောင်ချန်ယွီနဲ့ သူ့မိသားစုက တစ်နေရာမှာ ပုန်းကွယ်နေတဲ့ အင်အားကြီး မျိုးနွယ်စုတစ်ခု ဖြစ်ရမယ်။ သူက တကယ်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ။”

နဂါးမင်းကြီး မုန့်ရှုမှာ ဤအချိန်တွင် အံ့ဩလွန်း၍ အသက်ရှူပင် မှားသွားသည်။

ထိပ်တန်းတုံ့လော တစ်ယောက်ကို တိုက်ခိုက်ဖို့လား။

မေ့လိုက်ပါတော့။ နဂါးမင်းကြီး မုန့်ရှုမှာ အခုအချိန်တွင် ကိုယ်လက်ပင် မလှုပ်ရဲတော့ပေ။

ထိုကဲ့သို့သော အစွမ်းထက်သူ၏ ရှေ့တွင် တစ်ဖက်လူကသာ သူ့ကို ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းမည်ဆိုလျှင်ပင် သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။

မဟုတ်လျှင် မိသားစုကိုးဆက်လုံး အသတ်ခံရမည့် ဘေးကို သင် မြည်းစမ်းကြည့်ချင်ပါသလား။

“ပုန်းကွယ်နေတဲ့ မျိုးနွယ်စုလား။ အဲဒါကြောင့်ကိုး... ဝိညာဉ်ကုန်းမြေက အရမ်းကျယ်တာပဲ။ ရှေးခေတ်တုန်းက ရှောင်မျိုးနွယ်ဆိုတဲ့ အင်အားကြီး မိသားစုတစ်ခု ရှိခဲ့ပြီး အခု ရှောင်ချန်ယွီက သူတို့မျိုးနွယ်စုရဲ့ ဂုဏ်ဆောင် ရှောင်မျိုးနွယ်ရဲ့ အနာဂတ် ဆက်ခံသူ ဖြစ်လိမ့်မယ်။”

မြွေအဖွား ချောင်ထျန်းရှန်းမှာလည်း တုန်တုန်ယင်ယင် ဖြစ်နေသည်။

ရှောင်ချန်ယွီ၏ နောက်ခံ မြွေအဖွားအိုက လျှောက်တွေးနေခြင်းမှာ သူမ၏ အပြစ်မဟုတ်ပေ။ ထိပ်တန်းတုံ့လော တစ်ဦးပေးလိုက်သည့် တုန်လှုပ်မှုမှာ အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

“ငါ့မြေးမလေးကမှ တကယ့် ကျောက်မျက်ရတနာကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်တာပဲ ငါကပဲ အမြင်ကျဉ်းမြောင်းခဲ့တာပါ။”

နဂါးမင်းကြီး မုန့်ရှုသည် သူ၏မြေးမလေး မုန့်ယီရန်ကို တစ်ချက်ကြည့်လိုက်ပြီး နောင်တရစွာ သက်ပြင်းချမိသည်။

သူသည် ရှောင်ချန်ယွီ၏ နောက်ခံမှာ ယွီထျန်းဟန်လောက်သာ ရှိမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

ယခုကြည့်ရသည်မှာ ယွီထျန်းဟန်သည် ရှောင်ချန်ယွီ၏ ဖိနပ်ကို သယ်ပေးရန်ပင် မထိုက်တန်ပေ။

ရှောင်ချန်ယွီမှာ နောက်ခံမရှိဘူးလို့ ဘယ်သူက ပြောတာလဲ။

ဒီနောက်ခံက ကောင်းကင်ကို ထိနေတာပဲ။

မူလက နဂါးမင်းကြီးသည် ဘယ်ကမှန်းမသိတဲ့ ဒီရုပ်ချောချောကောင်လေးက သူ့မြေးမလေးကို လှည့်စားပြီး လူရောစိတ်ပါ ခိုးယူသွားသည်ဟု ထင်ခဲ့သည်။

ယခုမူ သူ၏ မြေးမလေးကမှ အဆင့်အတန်း မြင့်မားလွန်းသူကို တော်စပ်အောင် ကြိုးစားနေရခြင်း ဖြစ်ပုံရသည်။

ထိုသို့တွေးမိသည်နှင့် နဂါးမင်းကြီးမှာ ချွေးစေးများ ထွက်လာတော့သည်။

“ချန်ယွီ ပုန်းကွယ်နေတဲ့ မျိုးနွယ်စု...”

တစ်ဖက်တွင်လည်း မုန့်ယီရန်မှာ ရှောင်ချန်ယွီ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းလေးများ အနည်းငယ် ဟသွားကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

မုန့်ယီရန် ရှောင်ချန်ယွီနှင့် အတူရှိနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုနှစ်တစ်ထောင် ကျိကွမ်းမြွေကြောင့် ဖြစ်သည်။

အကယ်၍ ထိုမြွေဟောက်မှ ထုတ်လွှတ်လိုက်သော စိတ်ကို လှုံ့ဆော်ပေးသည့် အဆိပ်ငွေ့သာ မရှိခဲ့လျှင်..

ကံတရား၏ စီမံမှုကြောင့် မုန့်ယီရန်နှင့် ရှောင်ချန်ယွီတို့သည် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။

မူလက မုန့်ယီရန်သည် ထိုကိစ္စကို အများကြီး မစဉ်းစားခဲ့ပေ။

ထိုအချိန်တုန်းက ရှောင်ချန်ယွီ၏ နောက်ခံကို မုန့်ယီရန်က ဘယ်လိုလုပ် ထည့်စဉ်းစားနေပါမည်နည်း။

မုန့်ယီရန် ကိုယ်တိုင်လည်း ရှောင်ချန်ယွီနှင့် ဒီအတိုင်းပင် ပတ်သက်မိသွားခြင်း ဖြစ်ပုံရသည်။

‘ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ။ ရှောင်ချန်ယွီရဲ့ အစစ်အမှန် သရုပ်က ပုန်းကွယ်နေတဲ့ မျိုးနွယ်စုတစ်ခုက သခင်လေး ဖြစ်နေလိမ့်မယ်လို့။’

သူ့ဘေးမှာ တစ်ချိန်လုံး လိုက်ပါစောင့်ရှောက်ပေးနေတဲ့ ထိပ်တန်းတုံ့လောကြီးနဲ့အတူ ဒီလို ဂုဏ်သိက္ခာ ဒီလို အရှိန်အဝါမျိုးက တကယ့်ကို ကြီးမားလွန်းလှသည်။

“အဖိုး... ချန်ယွီက...”

ထိုအချိန်တွင် မုန့်ယီရန်သည် သူမ၏ အဖိုးကို မကျေမနပ်ဖြစ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

‘အဖိုးက တစ်နေ့လုံး လူတွေရဲ့ မိသားစုနောက်ခံကိုပဲ ကြည့်နေတာ ရှောင်ချန်ယွီက နော့တင်းမြို့စားရဲ့ သားပဲမို့ ငါတို့နဲ့ မထိုက်တန်ဘူးလို့ ပြောခဲ့တယ်။’

‘ကဲ...အခုကြည့်လိုက်လေ သူက လျှို့ဝှက် မျိုးနွယ်စုရဲ့ သခင်လေး ငါတို့ထက် အများကြီး ပိုအစွမ်းထက်တယ်။’

‘အခုက ငါတို့က ရှောင်ချန်ယွီကို အထင်ကြီးဖို့ မဟုတ်တော့ဘူး။’

‘ရှောင်ချန်ယွီက ငါတို့ကို ဘယ်လိုမြင်မလဲဆိုတာကသာ အဓိက ဖြစ်သွားပြီ။’

“အဖိုးကြီး ငါတို့တော့ ပြသနာမိပြီ ထင်တယ်။”

မြွေအဖွား ချောင်ထျန်းရှန်းမှာလည်း ချွေးများဖြင့် ရွဲနစ်နေသည်။

ရှောင်ချန်ယွီက အကျင့်စာရိတ္တကောင်းတယ်။ပါရမီရှိတယ်။ နောက်ခံကလည်း ကောင်းလွန်းတယ်။ ဒီလိုယောက်ျားမျိုးကို ဝိညာဉ်ကုန်းမြေမှာ လူတိုင်းက လုယူကြမှာ သေချာသည်။

သူတို့မြေးမလေးက နောက်ဆုံးတော့ သူမသဘောကျတဲ့ သင့်တော်တဲ့ ကောင်လေးတစ်ယောက်ကို ရှာတွေ့ခဲ့တာလေ။

ဒါကို သူတို့နှစ်ယောက်က ခုနက ဘာတွေ လုပ်နေမိတာလဲ။

သူတို့ကို ခွဲပစ်ဖို့ ကြိုးစားနေတာလား။

အကယ်၍ သူတို့ရဲ့ လုပ်ရပ်ကြောင့် အချစ်ရေး ပျက်ပြားသွားမယ်ဆိုရင်...

သူတို့မြေးမလေး မုန့်ယီရန်ကတော့ သူတို့ကို တစ်သက်လုံး နာကျည်းသွားပါလိမ့်မည်။

All Chapters