အခန်း (၄၉)
Vol. 5 Ch. 49
အခန်း (၄၉) - ငါတို့က မိသားစုတွေပါပဲ။
“တောက် ထိပ်တန်းတုံ့လောကြီးက အစောင့်အရှောက်တဲ့လား။ ရှောင်ချန်ယွီရဲ့ အဆင့်အတန်းက မနာလိုလိုက်တာကွာ။”
ရှောင်ချန်ယွီက သူ့ကို လုံးဝကျော်တက်သွားသည်ကို ကြည့်ရင်း ယွီထျန်းဟန်မှာ ငိုယိုရင်း မေ့လဲမတတ် ဖြစ်သွားရသည်။
သူက မူလက ရှောင်ချန်ယွီကို နဂါးမင်းကြီး မုန့်ရှုက ရိုက်နှက်ဆုံးမလိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ချန်ယွီက သူ၏ကိုယ်ပိုင် အစောင့်အရှောက်ကို ဆင့်ခေါ်လိုက်သည်။
အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းမှာဆိုရင် အင်အားအကြီးဆုံး ဂိုဏ်းချုပ်ကြီး ယွီယွမ်ကျန့်တောင်မှ သာမန် ထိပ်တန်းတုံ့လောတစ်ယောက်ပင်ဖြစ်၏။
ဒီလို ထိပ်တန်းတုံ့လောကြီးတစ်ယောက်သာ အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းကို ရောက်သွားမယ်ဆိုရင် ဂိုဏ်းတစ်ခုလုံးကို အလွယ်တကူ အပြတ်ရှင်းပစ်နိုင်ပါတယ်။
ဒါ့အပြင် ယွီထျန်းဟန်ရဲ့ အဆင့်အတန်းနဲ့ဆိုလျှင်သူ့ဘေးနားမှာ အစွမ်းထက်တဲ့သူ တစ်ယောက်မှတောင် မရှိပါဘူး။ အရာရာကို ကိုယ့်ဖာသာကိုယ်ပဲ ဖန်တီးနေရခြင်းဖြစ်သည်။
ဒါပေမဲ့ ရှောင်ချန်ယွီမှာတော့ အဆင့် ၉၉ ထိပ်တန်းတုံ့လောကြီးက နောက်ကနေ အရိပ်လို လိုက်နေသည်။ ဒီဂုဏ်သရေကတော့ ကောင်းကင်ထိအောင် မြင့်မားလွန်းလှသည်။
အကယ်၍ ယွီထျန်းဟန်သာ အဲဒီလို အစောင့်အရှောက်မျိုး ရှိခဲ့ရင် နဂါးမင်းကြီးရဲ့ အရိုက်ကို ဘယ်ခံရပါ့မည်နည်း။
တကယ်ကို အရှက်ရဖို့ ကောင်းလိုက်တာ။
ကြည့်ရတာ တစ်ချိန်လုံး အသုံးမကျဖြစ်နေခဲ့တာ ငါပါလား။
“အစ်ကို ချန်ယွီမှာ တကယ်ပဲ ဒီလိုနောက်ခံမျိုး ရှိနေတာလား။”
ရဲ့လင်လင်သည် ရှောင်ချန်ယွီကို ကြည့်ရင်း အံ့ဩလွန်း၍ အသက်ရှူပင် မှားသွားရသည်။
ရှောင်ချန်ယွီ၏ လူသိရှင်ကြား အဆင့်အတန်းဖြစ်သော နော့တင်းမြို့စား၏ သားဆိုသည်မှာပင် ရဲ့လင်လင်အတွက် အတော်လေး မြင့်မားနေပြီဖြစ်သည်။
ဒါပေမဲ့ သူမှာ ဒီလိုကြောက်စရာကောင်းတဲ့ ပုန်းကွယ်နေတဲ့ သရုပ်ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မည်နည်း။
ထိပ်တန်းတုံ့လော အစောင့်အရှောက်နဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီ ရှောင်ချန်ယွီရဲ့ အနာဂတ်ကတော့ အကန့်အသတ် မရှိတော့ပေ။
သူမ ရဲ့လင်လင်ကတော့ ဟိုင်ထန်ပန်းဝိညာဉ် ပိုင်ဆိုင်တဲ့ သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။
‘ကြည့်ရတာ ငါ ရဲ့လင်လင်က ရှောင်ချန်ယွီနဲ့ မထိုက်တန်ဘူး ထင်တယ်..’
‘ရှောင်ချန်ယွီရဲ့ ဘေးနားမှာ အစေခံလေး ဒါမှမဟုတ် အိမ်ဖော်လေးတစ်ယောက်အဖြစ် နေခွင့်ရရင်တောင် ငါ ကျေနပ်ပါပြီ။’
“အရမ်း အစွမ်းထက်တာပဲ အစ်ကို ချန်ယွီက တကယ် တော်တယ်။”
တုကူယန်းသည် ရှောင်ချန်ယွီ၏ မျက်နှာကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းလေးများ အနည်းငယ် ဟသွားကာ မျက်လုံးထဲတွင် ရမ္မက်ဆန်သော အပူရှိန်များ ဖြတ်ပြေးသွားသည်။
ချမ်းသာကြွယ်ဝမှုနှင့် မိသားစုနောက်ခံဆိုသည်မှာ အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုတွင် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ယခုအချိန်တွင် တုကူယန်း၏ မျက်လုံးထဲ၌ ရှောင်ချန်ယွီမှာ ပို၍ပင် ချောမောခန့်ညားလာနေသည်။
တုကူယန်း၏ အဖိုး တုကူပိုသည် ထိပ်တန်းတုံ့လော တစ်ဦး ဖြစ်သော်လည်း အဆင့် ၉၁ သာ ရှိသည်။
ဒါပေမဲ့ ရှောင်ချန်ယွီကတော့...
သူ ဒီအတိုင်း ခေါ်လာတဲ့ အစောင့်အရှောက်တောင် ထိပ်တန်းတုံ့လောကြီး ဖြစ်နေတာပင်။
ဒါဆိုရင် သူ့ရဲ့ မိသားစု အမွေအနှစ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။
“ဒါက အဓိပ္ပာယ်မရှိဘူး။ ရဲ့လင်လင်လို နောက်ခံမျိုးနဲ့ ရုပ်ရည်မျိုးရှိတဲ့သူတောင် ရှောင်ချန်ယွီရဲ့ ဘေးနားမှာ နေနိုင်ရင် ငါ တုကူယန်းက ဘာလို့ မနေနိုင်ရမှာလဲ။”
ထိုသို့တွေးမိသည်နှင့် တုကူယန်းသည် သူမကိုယ်သူမ ပြန်လည် နှိုင်းယှဉ်ကြည့်မိတော့သည်။
သို့သော်လည်း ရဲ့လင်လင်က ဖြူစင်ရိုးသားသူဖြစ်ပြီး သူမကမူ လူသိရှင်ကြားတွင် ယွီထျန်းဟန်၏ ရည်းစားဖြစ်နေဆဲ ဖြစ်သည်။
ယွီထျန်းဟန်နှင့် ဘာမှမဖြစ်ခဲ့သော်လည်း ရှောင်ချန်ယွီနှင့်မူ အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးပြီ ဖြစ်သည်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမဟာ ရဲ့လင်လင်ကို မယှဉ်နိုင်သေးပါဘူး။
‘ငါ ပြန်သွားပြီး ယွီထျန်းဟန်နဲ့ ချက်ချင်း လမ်းခွဲလိုက်ရမလား။’
ထိုအတွေးမှာ တုကူယန်း၏ ခေါင်းထဲသို့ ဝင်လာပြီး ယွီထျန်းဟန်အပေါ် ထားရှိသော ခံစားချက်များမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
နောက်ဆုံးတော့ အရိုက်ခံရပြီး အဖိုးအဖွားတွေကို ငိုယိုတမ်းတနေတဲ့ ရည်းစားမျိုးကို ဘယ်သူကမှ မကြိုက်ချင်ကြ။
‘မဟုတ်ဘူး ကြည့်ရတာ အစ်ကို ချန်ယွီက ငါ့ကို ယွီထျန်းဟန်ရဲ့ ရည်းစားလို့ သိလိုက်ရတုန်းက ပိုပြီး စိတ်လှုပ်ရှားနေသလိုပဲ။အစ်ကို ချန်ယွီက အဲဒီလိုမျိုးကိုမှ ကြိုက်တာလားမသိဘူး။’
“အစ်ကို ချန်ယွီရဲ့ ဘေးမှာ ဒီလို အစွမ်းထက်တဲ့သူ ရှိနေတာကို ငါ တစ်ခါမှ မသိခဲ့ဘူး။”
ရှောင်ချန်ယွီ၏ ဘေးတွင် အမြဲရှိနေခဲ့သော ရှောင်ဝူသည်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
ရှောင်ဝူ၏ နောက်ကွယ်တွင် နှစ်တစ်သိန်း ဝိညာဉ်သားရဲများဖြစ်သော တာ့မင်နှင့် အာ့မင်တို့ ရှိနေသည်။
သို့သော်လည်း...
နှစ်တစ်သိန်း ဝိညာဉ်သားရဲတွေက အစွမ်းထက်တယ်ဆိုပေမယ့် ထိပ်တန်းတုံ့လောတစ်ယောက်ရဲ့ ရှေ့မှာတော့ သူတို့လည်း အသက်လုပြီး ထွက်ပြေးရမှာပင်ဖြစ်၏။
မူရင်းဇာတ်လမ်းထဲမှာ ရှောင်ဝူရဲ့ အမေဟာ ပိပိတုံနဲ့ တွေ့ခဲ့စဉ်က ပိပိတုံဟာ အဆင့် ၉၈ လောက်ပဲ ရှိဦးမှာပါ။ ဒါတောင် ရှောင်ဝူရဲ့ အမေက မနိုင်ခဲ့ပါဘူး။
ထိပ်တန်းတုံ့လောတစ်ဦး မည်မျှ အစွမ်းထက်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
“အစ်ကို ချန်ယွီက ငါ့ရဲ့ ဝိညာဉ်သားရဲ သရုပ်မှန်ကို သိပေမယ့် ငါ့ကို လက်မလွှတ်ခဲ့ဘူး။ ပြီးတော့ ငါ့ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းလည်း ရှိတယ် ကြည့်ရတာ ဒီဘဝမှာတော့ ငါ အစ်ကို ချန်ယွီ နောက်ကိုပဲ လိုက်ရတော့မှာပဲ။”
ရှောင်ဝူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ပျော်ရွှင်မှုများ ဖြတ်ပြေးသွားသည်။
ယခုအချိန်တွင် သူမသည် ရှောင်ချန်ယွီ၏ ရင်ခွင်ထဲသို့ ခုန်ဝင်ပြီး ဘတ်စကက်ဘော ပျော်ပျော်ရွှင်ရွှင် ကစားချင်စိတ်မှလွဲ၍ ဘာမှ မရှိတော့ပေ။
ထန်စန်း အကြောင်းလား...
နော့တင်း အကယ်ဒမီမှာ ထန်စန်း သူမကို ခဏခဏ ဝန်ခံခဲ့တာတွေကို ရှောင်ဝူ မှတ်မိနေပါသေးသည်။
သူက သူမကို တစ်သက်လုံး ကာကွယ်ပေးပါ့မယ်။ နာကျင်အောင် မလုပ်ပါဘူးလို့ အလွန်ချိုသာစွာ ပြောခဲ့တာလေ။
ရှောင်ဝူ ခံစားမိတာကတော့ ထန်စန်းရဲ့ လိမ်ညာမှုတွေကိုသာ ယုံကြည်ခဲ့ရင် သူမဟာ အနာဂတ်မှာ ကံဆိုးမယ့်သူ ဖြစ်သွားလိမ့်မယ် ဆိုတာပါပဲ။
ဝိညာဉ်ကုန်းမြေဆိုတာ အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့ နေရာပါ။
အစွမ်းထက်တဲ့သူတွေက မိန်းကလေးတွေကြားမှာ ပိုရေပန်းစားတာဟာ အခြေခံ အမှန်တရားပါပဲ။
အစွမ်းထက်တဲ့သူ တစ်ယောက်ဟာ မိန်းမတွေ အများကြီး ပိုင်ဆိုင်နိုင်သလို တစ်ချိန်တည်းမှာပဲ သူတို့ကို ကာကွယ်ပေးဖို့ တာဝန်ကိုလည်း ယူရမှာဖြစ်သည်။
“ထန်စန်းက ဒီလိုကိစ္စတွေကို တကယ် လုပ်ပေးနိုင်မှာလား။ အညတရ လူညံ့တစ်ယောက်ပဲ။ ငါ့ရဲ့ အစ်ကို ချန်ယွီကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”
“ငါ ထန်စန်းကို ဆဲတာ နည်းသွားပုံရတယ်။နောက်တစ်ခါ တွေ့ရင် သူ့ကို နာနာလေး ဆုံးမပေးဦးမယ်။”
“စီနီယာတို့ အကြီးအကဲ ရှောင်က ပုံမှန်အားဖြင့် ကျွန်တော့်နောက်ကိုပဲ လိုက်နေတာဆိုတော့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်က ကျဉ်းတယ် ပညာဖလှယ်ခွင့် သိပ်မရဘူးဗျ။”
“အခု အကြီးအကဲ ရှောင်က စီနီယာတို့ နှစ်ယောက်နဲ့ တွေ့ပြီဆိုတော့ သူက စိန်ခေါ်ချင်စိတ်တွေ ပြင်းပြနေတယ်။ စီနီယာတို့ နှစ်ယောက် အကြီးအကဲ ရှောင်နဲ့ ပညာလေး ဘာလေး ဖလှယ်ပေးလို့ ရမလား။”
ကွင်းပြင်တွင် ရှောင်ချန်ယွီက အေးအေးဆေးဆေးနှင့် အပြစ်ကင်းသော ပုံစံဖြင့် ပြောလိုက်သည်။
နဂါးမင်းကြီး မုန့်ရှုသည် စောစောက ယွီထျန်းဟန်ကို အလားတူ စကားမျိုး ပြောခဲ့ပြီးနောက် ယွီထျန်းဟန်မှာ မျက်နှာတစ်ခုလုံး ဖူးယောင်သွားအောင် အရိုက်ခံခဲ့ရသည်။
အခု ရှောင်ချန်ယွီဆီကနေ ဒီစကားကို ပြန်ကြားလိုက်ရတဲ့အခါ နဂါးမင်းကြီး မုန့်ရှုရဲ့ ကျောပြင်မှာ ချွေးစေးတွေ ပြန်လာတော့သည်။
ထိပ်တန်းတုံ့လောတစ်ယောက်နဲ့ ပညာဖလှယ်ဖို့လား။
ငါက အသက်ရှင်ရတာ ငြီးငွေ့နေပြီလို့ ထင်လို့လား။
နဂါးမင်းကြီးသည် စောစောက ယွီထျန်းဟန်ကို ရိုက်နှက်ရတာကို သူ မည်မျှ ပျော်မွေ့ခဲ့သည်ကို ပြန်စဉ်းစားမိသွားသည်။
ဒီယွီထျန်းဟန်က ရှောင်ချန်ယွီရဲ့ သူငယ်ချင်းကောင်းလို့ ပြောခဲ့တာလေ။
အကယ်၍ အကြီးအကဲ ရှောင်က ငါ နဂါးမင်းကြီး မုန့်ရှုကို နည်းအမျိုးမျိုးနဲ့ ပြန်နှိပ်ကွပ်ရင် ဘယ်လိုလုပ်မလဲ။
သိက္ခာရှိလှတဲ့ ဝိညာဉ်တုံ့လောကြီးက လူငယ်တွေရှေ့မှာ အရှက်တကွဲ ဖြစ်သွားရတော့မှာလား။
“အကြီးအကဲ ရှောင်က နောက်နေတာပဲ ဖြစ်မှာပါ။ ကျွန်တော် စောစောက ပြောခဲ့တာတွေက ချန်ယွီနဲ့ နောက်ပြောင်ခဲ့တာပါ။”
နဂါးမင်းကြီး မုန့်ရှုသည် ဖော်လံဖားသော အပြုံးတစ်ခုကို ပြသရင်း ပြောလိုက်သည်။
“ကျွန်တော့်မြေးမလေး ယီရန်နဲ့ ကျွန်တော့်ရဲ့ သားမက်လောင်း ချန်ယွီတို့က အတော်လေး ရင်းနှီးကြတာလေ။ ဒီနေ့ ကျွန်တော်တို့ လာတာကလည်း ကျွန်တော်တို့ရဲ့ အနာဂတ် မြေးသားမက်ကို လာကြည့်တာပါ။”
“သားမက်လောင်း ချန်ယွီက တကယ်ပဲ ပါရမီရှိပြီး ဉာဏ်ကောင်းတဲ့သူပဲ ငါ့မြေးမလေး ယီရန်နဲ့ဆိုရင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ။”
မိသားစုနောက်ခံ သေးငယ်ပြီး စကားပြောမတတ်သော နဂါးမင်းကြီးမုန့်ရှုမှာ ယခုအချိန်တွင်မူ ရှင်သန်လိုစိတ် အပြည့်နှင့် သူ၏ ဉာဏ်ရည်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားကာ ချီးကျူးစကားများကို တရစပ် ပြောဆိုနေတော့သည်။