← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉) စကြဝဠာမီးဖို သန့်စင်သောလက်နက် အပိုင်းအစ

ကျင်းဝူရှင်းသည် စကားမပြောဘဲ ခေါင်းကို တစ်ဖက်သို့ လှည့်သွားပြီး သူ၏ ရင်ဘတ်ထဲတွင် တင်းကျပ်မှုတစ်ခုကို ခံစားလိုက်ရလေ၏။

‘မင်းက လူလည်ကျနေတာပဲ... ဘာလို့ အဲ့ဒီမေးခွန်းကို မေးရတာလဲ... ကိုယ့်ကိုယ်ကိုယ် ပြဿနာ ရှာနေတာ မဟုတ်ဘူးလား…’

ချင်ယီက ကျိုးယွမ်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ "ကျိုးယွမ်... မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ..." ဟု မေးမြန်းလိုက်လေ၏။

ကျိုးယွမ် သူတို့ကို တကယ်တမ်း စိတ်ဓာတ်မကျစေချင်သော်လည်း ချင်ယီက မေးလာသောအခါ "မင်းတို့နဲ့ အတူတူလောက်ပါပဲ..." ဟု တည်ငြိမ်စွာ ပြန်ဖြေလိုက်လေ၏။

‘အခြေတည်စိတ်ဝိညာဉ် အလယ်အလတ်အဆင့် လား…’’

ချင်ယီသည် ကျိုးယွမ်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေသော်လည်း ကျိုးယွမ် ခေါင်းညိတ်ပြပြီးနောက် သူမလည်း စကားမပြောဘဲ ခေါင်းကို တစ်ဖက်သို့ လှည့်သွားလေ၏။

သူတို့နှစ်ဦးစလုံး ယနေ့ ကျိုးယွမ်၏ စကားများကြောင့် ပြင်းထန်စွာ ထိခိုက်သွားခဲ့လေ၏။

ကျိုးယွမ်သည် အဆင့် ၄ မှော်အဆောင်ဆရာ ဖြစ်ကြောင်း သိထားသင့်ပေသည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် သူသည် မည်သည့် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ နှင့်မဆို တန်းတူ ဖြစ်နေသည်။

"ငါတို့ မင်းကို မသိဘူး..."

ကျင်းဝူရှင်း ဘေးသို့ ဖယ်သွားပြီး ကျိုးယွမ်နှင့် ဝေးရာသို့ ရှောင်ထွက်သွားဟန် ပြုလုပ်လိုက်ရာ ကျိုးယွမ်ကို ရယ်မောသွားစေလေ၏။

ထိုအချိန်တွင် လူအချို့ ကျိုးယွမ်၏ ဆိုင်ခန်းဆီသို့ လျှောက်လာကြလေ၏။ ခေါင်းဆောင်မှာ မှော်အဆောင် ကို မိုးကြိုးစွမ်းအင်များ ပါဝင်သော ပုတီးစေ့ဖြင့် လဲလှယ်သွားခဲ့သော အမျိုးသမီး ဖြစ်လေ၏။

"စီနီယာအစ်မ ပိုင်ချင်... ရှင် ကျွန်မတို့ကို လိမ်နေတာ မဟုတ်ဘူးမလား... အဲ့ဒီ တန်ဖိုးမရှိတဲ့ မိုးကြိုးပုတီးစေ့ အနည်းငယ်ကို အဲ့ဒီ မှော်အဆောင် နှစ်ခုနဲ့ တကယ် လဲခဲ့တာလား..."

အမျိုးသမီးတစ်ဦးက အဖွဲ့ကို ဦးဆောင်လာသော ပိုင်ချင်ကို ပြောဆိုလိုက်လေ၏။

"လျိုဟုန်းဂျူနီယာညီမလေး... ငါ မင်းတို့ကို ဒီကို ခေါ်လာခဲ့တယ် မဟုတ်လား... ကြည့်... ဟိုမှာလေ..."

ပိုင်ချင်က လမ်းတစ်လျှောက် သူတို့ကို အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း သူတို့က သိပ်မယုံကြည်ကြသဖြင့် ပိုင်ချင်မှာ သူတို့ကို ပြောပြမိသည်ကို နောင်တရနေလေသည်။

မကြာမီ အဖွဲ့သည် ကျိုးယွမ်၏ ဆိုင်ခန်းသို့ ရောက်ရှိလာကြလေသည်။

ဆိုင်ခန်းပေါ်ရှိ အဆင့် ၂ နှင့် အဆင့် ၃ မှော်အဆောင် များကို မြင်သောအခါ အဖွဲ့သည် စိတ်သက်သာရာ ရသွားကြလေ၏။

စီးပွားရေး ဝင်လာသည်ကို မြင်သောအခါ ကျိုးယွမ် သဘာဝကျကျ အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ဘဲ ပြုံးလျက် အလျင်အမြန် ပြောဆိုလိုက်လေ၏။ "ချစ်လှစွာသော ဂျူနီယာညီမလေးတို့... ဒီဆိုင်ခန်းက ပစ္စည်းတွေ အားလုံးက ပစ္စည်းချင်း ဖလှယ်ဖို့ပါ... ဝိညာဉ်ကျောက်တုံး လက်မခံပါဘူး..."

"အကယ်၍ ဒီ မှော်အဆောင် တွေကို သဘောကျရင်... မလိုအပ်တဲ့ အရာတစ်ခုခုနဲ့ လဲလှယ်လို့ ရပါတယ်..."

"သေချာတာပေါ့... ကြိုတင်သတ်မှတ်ချက် ကတော့ ကျွန်တော် သဘောကျဖို့ လိုတယ်... အကယ်၍ ကျွန်တော် သဘောမကျရင်တော့ ကူညီလို့ မရဘူး..."

ကျိုးယွမ် ဤသို့ ပြောသည်ကို ကြားသောအခါ လျိုဟုန်း နှင့် အခြားသူများ စိတ်သက်သာရာ ရသွားကြလေ၏။ လျိုဟုန်းက သူမ၏ လက်ကို အရင်ဆုံး ဝှေ့ယမ်းလိုက်ရာ ပစ္စည်းအချို့ သူမ၏ လက်ထဲတွင် ပေါ်လာလေ၏။

ကျိုးပဲ့နေသော မြေအိုးတစ်လုံး၊ မြေဓာတ် အလွန်ပြင်းထန်သော ပုတီးစေ့တစ်စေ့၊ အချွန်ပဲ့နေသော ဓားတစ်လက် နှင့် မည်းနက်နေသော ဒိုင်းလွှားတစ်ခု။

လျိုဟုန်း ခေတ္တမျှ တွေဝေသွားပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းကာ လက်ဖဝါးအရွယ်အစားရှိ အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်လေ၏။

လျိုဟုန်းသည် ဤ အပိုင်းအစကို လျှို့ဝှက်နယ်မြေ စမ်းသပ်ပွဲတစ်ခုတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ သူမက အလွန် အရေးကြီးသည်ဟု ထင်ခဲ့သော်လည်း နှစ်ပေါင်းများစွာ လေ့လာပြီးနောက် မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ချေ။

လျိုဟုန်းသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့် တွင် ရှိပြီး အဆင့် ၂ မှော်အဆောင် သည် သူမအတွက် သိပ်အသုံးမဝင်လှချေ။ သို့သော် အဆင့် ၃ မှော်အဆောင် မှာမူ ကွဲပြားပြီး သူမ၏ အသက်ကို ကယ်တင်ရန် အသုံးပြုနိုင်ပေသည်။

[ဒင်... စနစ်မှ သန့်စင်သောလက်နက် စကြဝဠာမီးဖို ရဲ့ အပိုင်းအစတစ်ခုကို ထောက်လှမ်းမိပါသည်... သခင် ကောက်ယူနိုင်ပါတယ်... အနာဂတ်မှာ သန့်စင်သောလက်နက် စကြဝဠာမီးဖို ကို ပြန်လည် ဖန်တီးနိုင်မယ့် အခွင့်အရေး ရလာနိုင်ပါတယ်...]

လျိုဟုန်း ထို အပိုင်းအစကို ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် စနစ်၏ အသံက ကျိုးယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေ၏။

ဤစကားကို ကြားချိန်၌ ကျိုးယွမ် အတွင်းစိတ်ထဲတွင် အလွန် ဝမ်းသာသွားသော်လည်း အပြင်ပန်းတွင် လုံးဝ တည်ငြိမ်စွာ နေလိုက်လေ၏။

သန့်စင်သောလက်နက် ၏ အပိုင်းအစ တစ်ခုတည်းပင်လျှင် အသက်သွင်းလိုက်ပါက အံ့မခန်း စွမ်းအားကို ပိုင်ဆိုင်ထားနိုင်သေးပေသည်။

ကျိုးယွမ်သည် လျိုဟုန်းကို ရုတ်တရက် သိချင်စိတ် ဖြစ်လာလေ၏။ ဤလူသည် သန့်စင်သောလက်နက် ၏ အပိုင်းအစများကို ရရှိရန် ဤမျှလောက် ကြီးမားသော ကံကြမ္မာ ရှိနေပေသည်။ ကြည့်ရသည်မှာ သူမသည် အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိမည်ပုံရပေသည်။

ကျိုးယွမ် 'ကောင်းကင်ဆင့်ကဲဖြစ်စဉ်' ကျင့်စဉ် ကို အသုံးပြု၍ ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေ၏။

"ဒီနေ့ လျိုဟုန်း ဟာ အဆင့် ၃ မှော်အဆောင် နှစ်ခုကို ရရှိခဲ့ပြီး တာဖုန်းကုန်သွယ်ရေးအဖွဲ့ ကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့တယ်..."

"နောက်တစ်နေ့မှာ လျိုဟုန်း ဟာ အရင်က သွားခဲ့ဖူးတဲ့ အင်မော်တယ်လိုဏ်ဂူ ဆီ သွားပြီး အဆင့် ၃ မိစ္ဆာသားရဲ ကို အဆင့် ၃ မှော်အဆောင် နှစ်ခုနဲ့ သတ်ပစ်ခဲ့တယ်..."

"လျိုဟုန်း ဟာ အင်မော်တယ်လိုဏ်ဂူ ထဲက အဘိုးအိုရဲ့ အမွေအနှစ် ကို အောင်မြင်စွာ ရရှိခဲ့ပြီး အဆင့် ၈ ချီပြုစုပျိုးထောင်ရေး ဆေးလုံး တစ်လုံးကိုလည်း ရရှိခဲ့တယ်..."

"တတိယနေ့မှာ လျိုဟုန်း ဟာ သူမရဲ့ တံခါးပိတ် ကျင့်ကြံခြင်း ကို စတင်ခဲ့တယ်..."

“အနှစ်ဆယ် အကြာတွင် လျိုဟုန်းသည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီး သူမ၏ ကျင့်ကြံမှုအဆင့်မှာ အခြေတည်စိတ်ဝိညာဉ် နှောင်းပိုင်းအဆင့် သို့ ရောက်ရှိနေလေပြီ။”

"လျိုဟုန်း ဟာ ဝိညာဉ်နယ်မြေ ကြေးဝါတိုကင်ပြား တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဝိညာဉ်နယ်မြေ ထဲမှာ သူမရဲ့ ခရီးစဉ်ကို စတင်ခဲ့တယ်..."

"အနှစ်နှစ်ဆယ် အကြာမှာ လျိုဟုန်းဟာ နတ်ဘုရားအသွင်ပြောင်းအဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီး ဝိညာဉ်နယ်မြေ မှာ ကောင်းကင်ဆင့်ကဲဖြစ်စဉ် ပါရမီရှင်များစာရင်း ထဲ ဝင်ရောက်လာခဲ့တယ်..."

“အနှစ်သုံးဆယ် အကြာတွင် လျိုဟုန်းသည် ဝိညာဉ်နယ်မြေ တွင် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံရပြီး စိတ်ဝိညာဉ် ထိခိုက်ပျက်စီးသွားခဲ့လေ၏”

“အနှစ်လေးဆယ် အကြာတွင် လျိုဟုန်းသည် ဝိညာဉ်နယ်မြေ တွင် ကလဲ့စားချေရန် ပြန်လည် ပေါ်လာခဲ့သော်လည်း နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး ဝိညာဉ်နယ်မြေ ကြေးဝါတိုကင်ပြား လည်း ဆုံးရှုံးသွားခဲ့လေ၏’

"လျိုဟုန်းရဲ့ အခြေခံအုတ်မြစ် ထိခိုက်သွားပြီး ကျင့်ကြံမှုအဆင့် ကျဆင်းသွားခဲ့တယ်..."

“နှစ်ပေါင်း သုံးရာ အကြာတွင် လျိုဟုန်းသည် ကောင်းကင်တံခါး အစောပိုင်းအဆင့် သို့ ရောက်ရှိပြီး တာဖုန်းကုန်သွယ်ရေးအဖွဲ့ ၏ အကြီးအကဲ ဖြစ်လာခဲ့ကာ ထို့နောက်တွင် မည်သည့် တိုးတက်မှုမျှ မရှိတော့ချေ။”

ဖတ်ရှုပြီးနောက် ကျိုးယွမ် မနေနိုင်ဘဲ လျိုဟုန်းအတွက် သက်ပြင်းချလိုက်မိလေ၏။ အကယ်၍ သူမ၏ အခြေခံအုတ်မြစ်သာ မထိခိုက်ခဲ့ပါက သူမသည် ပိုမို မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိနေမည် ဖြစ်ပေသည်။

"ဒီပစ္စည်းတွေကို အဆင့် ၃ မီးအဆောင် နှစ်ခုနဲ့ လဲလို့ ရမလား..."

လျိုဟုန်းက သူမ၏ အဖြေအတွက် လုံးဝ မသေချာသဖြင့် ကြောက်ရွံ့စွာ မေးမြန်းလိုက်လေ၏။

ကျိုးယွမ် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ဖဝါးအရွယ်အစားရှိ အပိုင်းအစကို ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် အဆင့် ၃ မီးအဆောင် နှစ်ခုကို ထုတ်ယူကာ လျိုဟုန်းအား ပေးလိုက်လေ၏။

သူသည် အခြားပစ္စည်းများကို ကြည့်ပြီးဖြစ်ရာ သူ့အတွက် အသုံးမဝင်သဖြင့် သူ ဂရုမစိုက်တော့ချေ။

လျိုဟုန်း အလွန် ဝမ်းသာသွားပြီး မီးအဆောင် နှစ်ခုကို အလျင်အမြန် ယူကာ လှည့်၍ ထွက်သွားလေတော့သည်။

ကျိုးယွမ်သည် ထို အဆင့် ၈ ချီပြုစုပျိုးထောင်ရေး ဆေးလုံး ကို အလွန် သွေးဆောင်ခံနေရသော်လည်း သေချာ စဉ်းစားပြီးနောက် မယူတော့ရန် ဆုံးဖြတ်လိုက်လေ၏။

တစ်ဖက်လူက သန့်စင်သောလက်နက် ၏ အပိုင်းအစကို ပေးအပ်ခြင်းဖြင့် ကြီးမားသော အခွင့်အရေးကို ရရှိပြီးဖြစ်ရာ သူမ၏ အခွင့်အရေးကို မလုယူတော့ရန် သူ ဆုံးဖြတ်လိုက်လေ၏။

လျိုဟုန်း အောင်မြင်သည်ကို မြင်သောအခါ အခြား အမျိုးသမီးများ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး သူတို့၏ ကိုယ်ပိုင် ပစ္စည်းများကို အသီးသီး ထုတ်ယူလာကြလေ၏။

ကံမကောင်းစွာဖြင့် ထိုပစ္စည်းများအနက် မည်သည့်အရာကမျှ ကျိုးယွမ်အတွက် အသုံးမဝင်ခဲ့သော်လည်း ကျိုးယွမ်သည် သူတို့ တစ်ယောက်စီအတွက် တစ်ခုစီ ရွေးချယ်ပေးကာ အဆင့် ၂ မှော်အဆောင် တစ်ခုစီ ပေးလိုက်လေ၏။

ကျင်းဝူရှင်းသည် ကျိုးယွမ်၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်နေလေ၏။ ထိုလဲလှယ်မှုသည် သူအတွက် သိသိသာသာ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေသည်။

သို့သော် သူနှင့် မသက်ဆိုင်သဖြင့် မတားဆီးခဲ့ချေ။ ထို့အပြင် ကျိုးယွမ်၏ စွမ်းရည်များဖြင့် သူသည် အကျိုးအမြတ်မရှိသော အရာကို မလုပ်လောက်ဟု သူ ယုံကြည်ထားလေ၏။

ခဏအကြာတွင် နောက်ထပ် လူအချို့ ရောက်လာကြသော်လည်း သူတို့ ယူလာသော ပစ္စည်းများကို ကျိုးယွမ် သဘောမကျသဖြင့် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်လေ၏။

‘မင်းတို့ ငါ့ကို နောက်နေတာလား... အဲ့ဒီ အမှိုက်တွေ အကုန်လုံးနဲ့ ငါ ဘာလုပ်ရမှာလဲ…’

"စီနီယာအစ်ကိုကျင်း... တာဖုန်းကုန်သွယ်ရေးအဖွဲ့ မှာ အခု လူစုံနေပြီဆိုတော့ နည်းနည်း သတိထားဖို့ လိုတယ်နော်..."

ကျိုးယွမ် ကျန်ရှိနေသော မှော်အဆောင် များကို သိမ်းဆည်းလိုက်ပြီး ကျင်းဝူရှင်းကို တစ်ချက် ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်လေ၏။

ကျင်းဝူရှင်း၏ မျက်ခုံးကြားရှိ အမည်းရောင် သွေး တစ်မျှင်မှာ လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးသည်ကို သတိပြုမိသဖြင့် ကျိုးယွမ် သတိပေးလိုက်ခြင်း ဖြစ်လေ၏။

ယဲ့ချင်းချန် မပေါ်လာရုံဖြင့် ယဲ့ဖိန်က ကျင်းဝူရှင်းကို လုပ်ကြံသတ်ဖြတ်ရန် လက်လျှော့လိုက်ပြီ မဟုတ်ကြောင်း ထင်ရှားပေသည်။

ကျင်းဝူရှင်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်လေ၏။

ကျိုးယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်မည်ဟု သူထင်ကာ သိပ်ဂရုမစိုက်ခဲ့ချေ။

ကျိုးယွမ် သူ၏ နေအိမ်သို့ ပြန်ရောက်ပြီးနောက် သက်ပြင်းချလိုက်လေ၏။

သူသည် 'ကောင်းကင်ဆင့်ကဲဖြစ်စဉ်' ကျင့်စဉ် ကို အသုံးပြု၍ သူ၏ ကိုယ်ပိုင် ကံကြမ္မာကို တွက်ချက်ကြည့်ချင်ခဲ့သော်လည်း ဟာလာဟင်းလင်း ဖြစ်နေသည်ကိုသာ မြင်တွေ့ခဲ့ရပြီး ဘာမှ မရှိချေ။

ဗေဒင်ဆရာများသည် မိမိကိုယ်ပိုင် ကံကြမ္မာမှလွဲ၍ မည်သူ့ကိုမဆို ဟောကိန်းထုတ်နိုင်သည်ဟု လူများ ပြောဖူးသည်ကို သူ ကြားခဲ့ဖူးပြီး ထိုအခိုက်အတန့်တွင် သူ ယုံကြည်သွားလေ၏။

ထို့နောက် ကျိုးယွမ်သည် အခန်းကို မှော်အဆောင်ဖြင့် အလှဆင်လိုက်လေ၏။ ဤနေရာသည် တန်ယန်မြို့ ရှိ သူ၏ အသိုက်ငယ်လေး နှင့် မတူသဖြင့် သတိထားခြင်းက ပိုကောင်းပေသည်။

အကယ်၍ ယဲ့ဖိန်က ကျင်းဝူရှင်းကို လုပ်ကြံသတ်ဖြတ်ရဲပါက အခြားသူများလည်း ထိုသို့ ပြုလုပ်ရဲမည် ဖြစ်ကြောင်း ဆိုလိုပေသည်။

ကျိုးယွမ်သည် သူ စီစဉ်ထားသည်ကို မြင်သောအခါ ချက်ချင်း စိတ်သက်သာရာ ရသွားလေ၏။

အကယ်၍ တစ်စုံတစ်ယောက် တကယ် ရောက်လာပါက သူ လက်ခုပ်တီးပြီး အားရပါးရ ရယ်မောမိပေလိမ့်မည်။ ဆက်တိုက် မှော်အဆောင် အမြောက်အမြားက သူ့ကို ကောင်းကင်ဘုံ ရောက်သွားသလို သေချာပေါက် ခံစားရစေမည် ဖြစ်သည်။

အခန်း (၁၉၀) ကျင်းဝူရှင်း လုပ်ကြံခံရခြင်းနှင့် အချစ်ကြီးသော လျိုရူယန်

ကျိုးယွမ် ရှိရာသို့ မည်သူမျှ မလာခဲ့သော်လည်း ထိုညက ကျင်းဝူရှင်း ဒုက္ခရောက်ခဲ့လေ၏။

သူ လုပ်ကြံခံရပြီး ရင်ဘတ်ကို ဓားတစ်လက်က ထိုးဖောက်ဝင်ရောက်သွားလေသည်။

အကယ်၍ အရေးကြီးသော အချိန်တွင် သူသာ ဘေးသို့ အနည်းငယ် မရှောင်တိမ်းခဲ့ပါက သူ၏ နှလုံးကို ထိုဓားက သေချာပေါက် ဖောက်ထွင်းသွားလောက်ပြီ ဖြစ်သည်။

ထိုသူ၏ လှုပ်ရှားမှုများမှာ အလွန် ထူးဆန်းလွန်းလှပေသည်။

နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုရှိသော နာမည်ကြီး ကျင်းဝူရှင်း ပင်လျှင် တစ်ဖက်လူ၏ ရောက်ရှိလာမှုကို မသိရှိခဲ့ချေ။

တစ်ဖက်လူ သူနှင့် ဆယ်ပေအကွာသို့ ရောက်ရှိလာချိန်မှသာ သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ကျင်းဝူရှင်း၏ အော်ဟစ်သံများကို ကြားသောအခါ ချင်ယီ အလျင်အမြန် ရောက်လာပြီး တစ်ဖက်လူ ထပ်မံ တိုက်ခိုက်ခြင်းကို တားဆီးနိုင်ခဲ့သည်။ မဟုတ်ပါက ကျင်းဝူရှင်း အလွန် အန္တရာယ်များသည့် အခြေအနေသို့ ရောက်သွားနိုင်ပေသည်။

မကြာမီ ရှီးမန်ချုံ ရောက်ရှိလာလေ၏။ သူသည် ဂိုဏ်းချုပ် ချွီပုချွန်း၊ ချင်ချန် နှင့် အခြားသူများနှင့်အတူ ကိစ္စရပ်များ ဆွေးနွေးနေခဲ့ခြင်း ဖြစ်သည်။

ကျင်းဝူရှင်း၏ အခြေအနေကို မြင်သောအခါ ရှီးမန်ချုံ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ဂိုဏ်းချုပ် ချွီပုချွန်း ၏ အမူအရာမှာလည်း အလွန် ဆိုးရွားနေလေ၏။

"စုံစမ်းစမ်း... ဘယ်သူလဲ ဆိုတာ ရှာ... ဒီလို ယုတ်မာတဲ့ အလုပ်ကို ဘယ်လို လုပ်ရဲတာလဲ... သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်..."

ဂိုဏ်းချုပ် ချွီပုချွန်း ဒေါသတကြီး ဟိန်းဟောက်လိုက်လေ၏။ "အကယ်၍ ကျင်းဝူရှင်း သာ တာဖုန်းကုန်သွယ်ရေးအဖွဲ့ မှာ သေသွားရင် ဒီ အငြိုးအတေးက အရမ်း ကြီးမားသွားမှာဖြစ်ပြီး အနာဂတ်မှာ တာဖုန်းကုန်သွယ်ရေးအဖွဲ့ အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အကျပ်အတည်းတစ်ခု ဖြစ်လာလိမ့်မယ်..."

ကျင်းဝူရှင်း သည် သာမန်လူ မဟုတ်ဘဲ နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်း ဂိုဏ်းချုပ် ၏ သား ဖြစ်ကြောင်း သိထားပေသည်။

ချင်ယီ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူမ၏ မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေကာ တာဖုန်းကုန်သွယ်ရေးအဖွဲ့ မှ လူများကို ကြည့်နေလေ၏။

အကယ်၍ ကျင်းဝူရှင်း တစ်ခုခု ဖြစ်သွားပါက တာဖုန်းကုန်သွယ်ရေးအဖွဲ့ ကို ဖျက်ဆီးပစ်မည်ဟု သူမ ကျိန်ဆိုထားလေ၏။

တာဖုန်းကုန်သွယ်ရေးအဖွဲ့ မှ အကြီးအကဲ အချို့ ပေါ်လာပြီး ကျင်းဝူရှင်း၏ အခန်းကို စတင် ရှာဖွေကြရာ သူတို့၏ အမူအရာများ ပို၍ မှုန်ကုပ်ကုပ် ဖြစ်လာကြလေ၏။

"ဂိုဏ်းချုပ်... ဒီအခန်းမှာ ယာယီ နေရာပြောင်းရွေ့အစီအရင် တစ်ခု တပ်ဆင်ထားပါတယ်... ဒီလူက ဒီ ယာယီ နေရာပြောင်းရွေ့အစီအရင် ကနေတစ်ဆင့် အသံမမြည်ဘဲ ရောက်လာတာပါ..."

တာဖုန်းကုန်သွယ်ရေးအဖွဲ့ ၏ ဒုတိယအကြီးအကဲ ချွေ့အန်းချွန်း က မှုန်ကုပ်ကုပ် မျက်နှာဖြင့် ပြောဆိုလိုက်လေ၏။

"အရင်က ဒီခြံဝင်းကို ဘယ်သူ ရှင်းလင်းခဲ့လဲ ဆိုတာ ရှာပြီး ခြံဝင်းကို ရှင်းလင်းခဲ့တဲ့ လူတွေ အားလုံးကို ဒီကို ခေါ်ခဲ့..."

ဂိုဏ်းချုပ် ချွီပုချွန်း ပြာနှမ်းနေသော မျက်နှာဖြင့် ပြောဆိုလိုက်လေ၏။

ဒုတိယအကြီးအကဲ ၏ စကားများက ဤဖြစ်ရပ်မှာ တာဖုန်းကုန်သွယ်ရေးအဖွဲ့ မှ လူများ၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုပေးလိုက်လေ၏။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ယာယီ နေရာပြောင်းရွေ့အစီအရင် ကို ကြိုတင် တပ်ဆင်ခြင်းမှာ အချိန်တိုအတွင်း လုပ်ဆောင်နိုင်သော ကိစ္စ မဟုတ်ချေ။

ချွေ့အန်းချွန်း ခေါင်းညိတ်လိုက်ပြီး အစီအစဉ်များ ပြုလုပ်ရန် အလျင်အမြန် သွားလေ၏။ ခဏအကြာတွင် သူသည် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြန်ရောက်လာလေ၏။

ချွေ့အန်းချွန်း သည် ဂိုဏ်းချုပ် ချွီပုချွန်း နှင့် ရှီးမန်ချုံ ကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် စကားစလိုက်လေ၏။ "ဂိုဏ်းချုပ်... ဒီခြံဝင်းကို မဟာအကြီးအကဲ ရဲ့ မြေးမလေး လျိုရူယန် က စီမံခန့်ခွဲတာပါ..."

"ဂိုဏ်းချုပ်ချွီ... ခင်ဗျားတို့ရဲ့ တာဖုန်းကုန်သွယ်ရေးအဖွဲ့ က ဒီကိစ္စအတွက် နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်း ကို ရှင်းလင်းချက် တစ်ခု သေချာပေါက် ပေးရမယ်..."

ရှီးမန်ချုံ အေးစက်စွာ ပြောဆိုလိုက်ရာ သူ၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေလေ၏။

အကယ်၍ ကျင်းဝူရှင်း ပြဿနာ တစ်ခုခု ဖြစ်သွားပါက သူ ဂိုဏ်း သို့ ပြန်ရောက်သောအခါ ဂုဏ်သိက္ခာ ကျဆင်းရုံသာမက ဂိုဏ်းချုပ် နှင့် ဘိုးဘေး တို့၏ အပြစ်တင်မှုကိုလည်း ခံရနိုင်ပေသည်။

"လျိုရူယန်..."

ဂိုဏ်းချုပ် ချွီပုချွန်း မျက်မှောင်ကြုတ်သွားလေ၏။ သူမ ဘာလို့ ‘ဒီလို လုပ်ရတာလဲ... သူမမှာ ဒီလိုလုပ်ဖို့ အကြောင်းပြချက် မရှိသင့်ဘူး…’

"အကြီးအကဲရှီးမန်... စိတ်ချပါ... တာဖုန်းကုန်သွယ်ရေးအဖွဲ့ က နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်း ကို ဒီကိစ္စအတွက် ကျေနပ်လောက်တဲ့ ရှင်းလင်းချက် တစ်ခု သေချာပေါက် ပေးပါ့မယ်..."

"ဘယ်သူပဲ ပါဝင်ပါစေ... တာဖုန်းကုန်သွယ်ရေးအဖွဲ့ က လုံးဝ ဖုံးကွယ်ထားမှာ မဟုတ်ဘူး..."

ဂိုဏ်းချုပ် ချွီပုချွန်း ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေပြီး ရှီးမန်ချုံ ကို စိတ်တည်ငြိမ်စေရန်လည်း ကြိုးစားနေလေ၏။

ဂိုဏ်းချုပ် ချွီပုချွန်း သည် ကျင်းဝူရှင်း၏ ဒဏ်ရာများကို ကိုယ်တိုင် တည်ငြိမ်အောင် ပြုလုပ်ပေးပြီးနောက် ချွေ့အန်းချွန်း ကို အပြင်သို့ ခေါ်သွားလေ၏။

"လျိုရူယန် ကို သွားရှာပေး... ပြီးတော့ မဟာအကြီးအကဲ ကိုလည်း ဖိတ်ခဲ့ပါ..."

ဂိုဏ်းချုပ် ချွီပုချွန်း သည် သူ၏ ဒေါသကို အတင်းအကြပ် ဖိနှိပ်ထားပြီး သူ၏ ဘေးရှိ ချွီယန်ရန် ကို ပြောဆိုလိုက်လေ၏။

ချွီယန်ရန် ခေါင်းညိတ်လိုက်ပြီး သူမ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေကာ ခန့်မှန်းချက် အချို့ ရှိနေလေသည်။

သိပ်မကြာမီ မဟာအကြီးအကဲ လျိုကျုံးယောက် နှင့် လျိုရူယန် တို့ ရောက်ရှိလာကြလေ၏။

ဤအခိုက်အတန့်တွင် နေရာသည် သဘာဝကျကျပင် ကျင်းဝူရှင်း ရှိနေသော ခြံဝင်းလေး မဟုတ်တော့ဘဲ တာဖုန်းကုန်သွယ်ရေးအဖွဲ့ ၏ အစည်းအဝေးခန်းမ ဖြစ်လေ၏။

"လျိုရူယန်... ဒီည ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် ရှင်းပြစရာ ရှိလား..."

ဂိုဏ်းချုပ် ချွီပုချွန်း သည် အောက်ဘက်ရှိ လျိုရူယန် ကို ကြည့်ကာ တည်ငြိမ်စွာ မေးမြန်းလိုက်လေ၏။

ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ် ချွီပုချွန်း သည် သူ၏ ဒေါသကို ဖိနှိပ်ထားပြီး သူ၏ စိတ်ထဲတွင် ခန့်မှန်းချက် အနည်းငယ် ပေါ်ထွက်လာလေသည်။

ထိုအချိန်တွင် ဒုတိယအကြီးအကဲ ချွေ့အန်းချွန်း ရောက်ရှိလာလေ၏။ သူသည် လျိုကျုံးယောက် နှင့် လျိုရူယန် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် "ဂိုဏ်းချုပ်... ယဲ့ဖိန် ပျောက်နေတယ်..." ဟု သတင်းပို့လိုက်လေ၏။

"သူ့နေရာကို ကျွန်တော် အခုလေးတင် သွားကြည့်ပေမဲ့ သူ့ကို မတွေ့ခဲ့ဘူး..."

"ဂိုဏ်း အဝင်ဝက အစောင့်တွေကို မေးကြည့်တော့... ယဲ့ဖိန် က သိပ်မကြာခင်ကမှ တောင်အောက်ကို ဆင်းသွားတယ် လို့ ပြောတယ်..."

ချွေ့အန်းချွန်း စကားပြောပြီးသည်နှင့် လျိုကျုံးယောက် ၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။

"ရူယန်... ဒီည ငါ့ဆီက တောင်းသွားတဲ့ အဆင့် ၅ သွေးချီဆေးလုံး မင်းဆီမှာ ရှိသေးလား..."

လျိုရူယန် ခေါင်းငုံ့ကာ တိတ်ဆိတ်နေပြီး ခေါင်းမာသော အမူအရာ ရှိနေလေ၏။

ဤအခိုက်အတန့်တွင် ကိစ္စရပ်မှာ ရှင်းလင်းသွားပြီဖြစ်ပြီး လူတိုင်း ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို သိရှိသွားကြလေသည်။

ထိုအချိန်တွင် လျိုကျုံးယောက် ၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။ သူသည် လျိုရူယန် ကို သေချာ ဂရုတစိုက် မကြည့်ခဲ့သော်လည်း ယခုအခါ သူမ တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း နောက်ဆုံးတွင် သတိပြုမိသွားလေ၏။

လျိုရူယန် သည် အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ မျိုး ဖြစ်ပြီး အခြေခံအားဖြင့် မီးဖိုခန္ဓာကိုယ်ဖွဲ့စည်းပုံ ဖြစ်ကာ သူမ အပျိုစင်အဖြစ် ရှိနေသရွေ့ အထူး ချီစွမ်းအင် တစ်ခုက သူမကို ဝန်းရံထားလေ၏။

သို့သော် ယခုအခါ ထို ချီစွမ်းအင် သည် လျိုရူယန် ၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားပြီဖြစ်ရာ သူမ အပျိုစင် မဟုတ်တော့ကြောင်း ညွှန်ပြနေပေသည်။

လျိုရူယန် နှင့် ပထမဆုံး အတူနေထိုင်သူသည် သူ၏ ကျင့်ကြံမှုအဆင့်ကို အဆင့်ငယ်တစ်ခုအထိ တိုက်ရိုက် မြှင့်တင်နိုင်ကြောင်း သိထားသင့်ပေသည်။ ဤသည်မှာ မီးဖိုခန္ဓာကိုယ်ဖွဲ့စည်းပုံ ၏ ထူးခြားချက် ပင် ဖြစ်သည်။

လျိုကျုံးယောက် ၏ မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ ဖြတ်ပြေးသွားလေ၏။ "ပြောစမ်း... ယဲ့ဖိန် က မင်းကို လိမ်ခဲ့တာလား..."

လျိုကျုံးယောက် ထံမှ ကောင်းကင်တံခါး အစောပိုင်းအဆင့် ဖိအားများ ထွက်ပေါ်လာရာ အလွန် ပြင်းထန်လွန်းသဖြင့် လျိုရူယန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီး သူမ၏ မျက်နှာမှာ ဖြူရော်သွားလေ၏။

သို့သော် လျိုရူယန် သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

ယဲ့ဖိန် သည် သွေးချီဆေးလုံး ကို စားသုံးလိုက်ပြီး သူမ၏ အကူအညီဖြင့် သူ၏ ပြတ်တောက်သွားသော လက်မောင်း ပြန်လည် ထွက်ပေါ်လာကာ သူ၏ ကျင့်ကြံမှုအဆင့်မှာ အခြေတည်စိတ်ဝိညာဉ် နှောင်းပိုင်းအဆင့် သို့ ရောက်ရှိသွားခဲ့လေ၏။

ယဲ့ဖိန်က သူမကို ကတိပေးခဲ့သည်မှာ ဤကိစ္စ ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက် သူမကို ခေါ်ဆောင်သွားရန် နည်းလမ်း ရှာမည်ဖြစ်ပြီး သူတို့နှစ်ဦး ပျော်ရွှင်စွာ အတူတကွ နေထိုင်ကြမည် ဟူ၍ပင် ဖြစ်သည်။

လျိုရူယန် သည် ယဲ့ဖိန် အတွက် မည်သည့်အရာကိုမဆို လုပ်ပေးရန် ဆန္ဒရှိသဖြင့် သူမ အရာအားလုံးကို ခြွင်းချက်မရှိ ပေးဆပ်ခဲ့လေ၏။

"တကယ့် အဖြစ်ဆိုးပါပဲ... ဂိုဏ်းချုပ်... ဒါတွေ အားလုံးက ကျွန်တော့်ရဲ့ အမှားပါ... ဂိုဏ်းချုပ် ရဲ့ ဘယ်လို အပြစ်ပေးမှုကိုမဆို ကျေကျေနပ်နပ် ခံယူပါ့မယ်..."

လျိုကျုံးယောက် သည် ချက်ချင်း ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ဖြစ်သွားပြီး ဂိုဏ်းချုပ် ချွီပုချွန်း ကို ချက်ချင်း တောင်းပန်လိုက်ကာ သူ၏ ကိုယ်ဟန်မှာ အလိုအလျောက် ကိုင်းညွတ်သွားလေ၏။

ဂိုဏ်းချုပ် ချွီပုချွန်း လည်း ဘာလုပ်ရမှန်း မသိဖြစ်နေပြီး ဤကိစ္စကို မည်သို့ ကိုင်တွယ်ရမည်ကို မသေချာဖြစ်နေလေ၏။

ပြောရမည်ဆိုလျှင် ယဲ့ဖိန် သည် သူ၏ တပည့် ဖြစ်နေဆဲပင် ဖြစ်သည်။ ယခုအခါ သူသည် ကျင်းဝူရှင်းကို လုပ်ကြံသတ်ဖြတ်ရုံသာမက လျိုရူယန် နှင့်ပါ ဤသို့ ပြုလုပ်ခဲ့လေ၏။

အကယ်၍ တစ်စုံတစ်ယောက်ကို တာဝန်ယူခိုင်းမည်ဆိုပါက ဂိုဏ်းချုပ် ချွီပုချွန်း ကိုလည်း အပြစ်တင်ရမည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ် ချွီပုချွန်း သည် လုံးဝ ဝေခွဲမရ ဖြစ်နေသော်လည်း စိတ်သက်သာရာ ရသည့် ခံစားချက်တစ်ခုလည်း ရှိနေလေ၏။

အချိန်အတိုင်းအတာ တစ်ခုအထိ ဂိုဏ်းချုပ် ချွီပုချွန်း သည် ယဲ့ဖိန်ကို အလွန် ယုံကြည်ခဲ့ပြီး သူ၏ တောင်းဆိုမှုတိုင်းနီးပါးကို ခွင့်ပြုပေးခဲ့ကြောင်း သိထားသင့်ပေသည်။ သူသည် ချွီယန်ရန် ကိုပင် ယဲ့ဖိန်နှင့် လက်ထပ်ပေးရန် စဉ်းစားခဲ့သေးလေ၏။

ယခုအခါ ဂိုဏ်းချုပ် ချွီပုချွန်း ဤအဖြစ်အပျက်များကို ပြန်လည် တွေးတောမိသောအခါ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ချက်ချင်း ခံစားလိုက်ရလေ၏။ ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော ဤ မိစ္ဆာအိုကြီး သည် အသက် တစ်ရာခန့်သာ ရှိသေးသော လူတစ်ယောက်၏ လှည့်စားခြင်းကို ခံလိုက်ရလေ၏။

"ဒုတိယအကြီးအကဲ... သတင်းပို့လိုက်... ယဲ့ဖိန် ဟာ လျိုရူယန် ကို အနိုင်ကျင့်ပြီး နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်း က ကျင်းဝူရှင်း ကို လုပ်ကြံသတ်ဖြတ်ဖို့ ပုံသေ နေရာပြောင်းရွေ့အစီအရင် တစ်ခု တပ်ဆင်ခိုင်းခဲ့တယ်... သူ့ရဲ့ ပြစ်မှုက သေဒဏ်နဲ့ ထိုက်တန်တယ်..."

"ဒီနေ့ကစပြီး ယဲ့ဖိန် ဟာ ငါတို့ တာဖုန်းကုန်သွယ်ရေးအဖွဲ့ ရဲ့ သစ္စာဖောက်ပဲ... ယဲ့ဖိန်ကို သတ်တဲ့သူ ဘယ်သူ့ကိုမဆို ငါတို့ တာဖုန်းကုန်သွယ်ရေးအဖွဲ့ က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်း ဆုချမယ်..."

ဂိုဏ်းချုပ် ချွီပုချွန်း အေးစက်စွာ ပြောဆိုလိုက်ရာ သူ၏ မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေလေ၏။

"မလုပ်ပါနဲ့ ဂိုဏ်းချုပ်... ဒါတွေ အားလုံးက ကျွန်မ ကိုယ်ပိုင် ရွေးချယ်မှုပါ... ကျွန်မကိုသာ အပြစ်ပေးပါ..."

ဤစကားကို ကြားချိန်၌ လျိုရူယန် ချက်ချင်း ဖြူရော်သွားပြီး ခွင့်လွှတ်ပေးရန် တောင်းပန်ရန် ချက်ချင်း ဒူးထောက်လိုက်လေ၏။

သို့သော် ထိုအချိန်တွင် လျိုကျုံးယောက် က လျိုရူယန် ကို လက်ဝါးတစ်ချက်တည်းဖြင့် သတိလစ်သွားအောင် ရိုက်လိုက်ပြီးနောက် လူသတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြောဆိုလိုက်လေ၏။ "ဂိုဏ်းချုပ်... သူ့ကို ကျွန်တော် ကိုယ်တိုင် အဆုံးသတ်ပေးပါ့မယ်..."

ဂိုဏ်းချုပ် ချွီပုချွန်း ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်လေ၏။

All Chapters