အခန်း (၂၉၅-၂၉၆)
Vol. 30 Ch. 295-296
အခန်း။ ၂၉၅
“ငါ ရှုံးသွားပြီ... ငါ ခဏလောက်ပဲ တစ်ယောက်တည်း နေချင်တယ်...”
စုန်ယန်သည် သူ၏ ဂူဗိမာန်အတွင်းရှိ အစေခံမလေးကို နှုတ်ဆက်စကား ပြောလိုက်သည်။
ဇူယုကျူးက “နတ်ဘုရားအရှင်ရယ်... နိုင်ခြင်း ရှုံးခြင်းဆိုတာ လောကဓံပါပဲ...” ဟု အားပေးနှစ်သိမ့်စကား ဆိုရှာသည်။
သို့သော် သူမ၏ စကားပင် မဆုံးသေးမီမှာပင် ရိုင်းစိုင်းစွာဖြင့် ဘေးသို့ တွန်းဖယ်ခြင်း ခံလိုက်ရတော့သည်။
စုန်ယန်က မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေလျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“လောကဓံ ဟုတ်လား ဘာလောကဓံလဲ”
သူသည် “မင်းတို့ ဘာမှမသိဘူး။ ဘာတစ်ခုမှ မသိကြဘူး” ဟု အော်ဟစ်ရင်း ဂူဗိမာန်အပြင်သို့ ဝုန်းဒိုင်းကြဲကာ ပြေးထွက်သွားခဲ့တော့သည်။
သူ၏ အော်ဟစ်သံများက ပျံ့လွင့်သွားခဲ့ရာ ပတ်ဝန်းကျင် ဂူဗိမာန်များရှိ ကျင့်ကြံသူများအားလုံး ကောင်းစွာ ကြားလိုက်ကြရသည်။
ထို့နောက်တွင်မူ စုန်ယန်သည် ဒေါသအဟုန်ဖြင့် ထွက်ခွာသွားခဲ့ပြီး သူ၏ ပျံသန်းတတ်သော ဓားမြှောင်ကို ထိန်းချုပ်ကာ အဝေးသို့ ပျံသန်းသွားခဲ့တော့သည်။
မိုဓားဂိုဏ်းမှ ထွက်ခွါလာပြီးနောက်တွင်မူ သူသည် လွန်ခဲ့သောရက်များက ကြိုတင်ချန်ထားခဲ့သည့် စွမ်းအင်အမှတ်အသားများကို အသုံးချကာ ထိုလေလွင့်နေသော ချန်ဝမ်သရဲတစ္ဆေများကို အလျင်အမြန်ပင် စတင်လိုက်လံ ရှာဖွေတော့သည်။
...
ရက်အနည်းငယ် ကြာပြီးနောက် ဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးသည် ဓားမြှောင်ကို ထိန်းချုပ်ကာ ကောင်းကင်ယံထက်တွင် ပျံသန်းနေခဲ့သည်။
ရုတ်တရက် မြေပြင်ပေါ်မှ မီးခိုးရောင် အလင်းတန်းတစ်ခုက အရှိန်အဟုန်ဖြင့် ထိုးတက်လာခဲ့သည်။
ထိုအကြီးအကဲသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကောင်းကင်ယံမှ မြေပြင်သို့ လျှောကျသွားခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တော့သည်။
...
အခြားဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးသည် ထူးကဲမြေမြတ်တစ်ခုအတွင်း၌ မျက်လုံးများကို မှိတ်လျက် တရားမှတ်ကျင့်ကြံနေခဲ့သည်။
မီးခိုးရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ထိုအကြီးအကဲလည်း သေဆုံးသွားခဲ့ပြန်သည်။
...
နောက်ထပ် ဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးမူ ဆေးလုံးဖော်စပ်ခြင်း အတတ်ပညာကို လေ့ကျင့်နေခဲ့ကာ မီးခိုးရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူလည်းပဲသေဆုံးသွားခဲ့ရပြန်သည်။
...
ကျောက်ဆောင်ကမ်းပါးတစ်ခုထက်တွင်မူ အကြီးအကဲနှစ်ဦးသည် တစ်စုံတစ်ခုကို ပူးပေါင်းကြံစည်နေကြပုံပင်။
မီးခိုးရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီးတစ်ဦး သေဆုံးသွားခဲ့ပြန်သည်။
ကျန်ရှိနေသော တစ်ဦးမှာမူ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရင်းနှင့် တစ်ပြိုင်နက်တည်းမှာပင် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် အစွမ်းထက်သော ရတနာတစ်ခုကို ထုတ်ဖော်လိုက်သည်။
သို့သော် မီးခိုးရောင် အလင်းတန်းက ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
ထိုရတနာ၏ ကာကွယ်ရေးစွမ်းအားများကို လုံးဝပင် ဂရုမစိုက်ဘဲ အလွယ်တကူ ဖြတ်ကျော်သွားခဲ့ကာ သူလည်းပဲ သေဆုံးသွားခဲ့ရသည်။
...
သေခြင်းတရား၊ သေခြင်းတရား၊ သေခြင်းတရား၊ သေခြင်းတရား၊ သေခြင်းတရား
သေခြင်းတရား၊ သေခြင်းတရား၊ သေခြင်းတရား၊ သေခြင်းတရား၊ သေခြင်းတရား….
စုန်ယန်သည် တစ်လှမ်းချင်း လှမ်းလှမ်းသွားရင်း လမ်းတလျှောက်လုံး သတ်ဖြတ်ခြင်းကို ဆက်တိုက် ပြုလုပ်နေခဲ့သည်။
သူ့အတွက်မူ ဤကြက်သွေးရောင်နန်းတော်အဆင့် အကြီးအကဲများကို သတ်ဖြတ်ရခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်ရသကဲ့သို့ အလွန်တရာ လွယ်ကူသည်။
ထိုကြက်သွေးရောင်နန်းတော်အဆင့် အကြီးအကဲများသည် သူတို့၏ အသက်ဇီဝိန် မချုပ်ငြိမ်းမီအချိန်အထိ မည်သည့်လူသားကိုမျှ မမြင်တွေ့ခဲ့ရသလို ရန်သူ၏ တိုက်ခိုက်မှု စွမ်းအင်ကိုလည်း တစ်ချက်မျှပင် အာရုံမခံမိခဲ့ကြချေ။
သူ၏ လက်ရှိအခြေအနေမှာ အလွန်တရာ ထူးဆန်းလွန်းလှသည်။
သိသာထင်ရှားသည်မှာ သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အားနည်းနေပြီး ထူးကဲချီ သန့်စင်ခြင်းအဆင့်၏ သတ္တမမြောက် အလွှာ၌သာ ရှိသေးသည်။
မည်သည့် ကြက်သွေးရောင်နန်းတော်အဆင့် ကျင့်ကြံသူမဆို သူ့ကို အလွယ်တကူ ချေမှုန်းနိုင်သော်လည်း သူ၏ နာမ်ဝိညာဉ်စွမ်းအားကမူ အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် သန်မာလွန်းနေသည်။
ခရမ်းရောင်နန်းတော်အဆင့်၏ အထက်ပိုင်းကိုမူ မစမ်းသပ်ရသေးသဖြင့် မသိနိုင်သော်လည်း ခရမ်းရောင်နန်းတော်အဆင့်၏ အောက်တွင်မူ သူသည် လုံးဝဥဿုံ ပြိုင်ဘက်ကင်း အနိုင်ရရှိသူ ဖြစ်သည်။ သူ၏ တစ်ချက်မျှသော တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသူ ဤလောကတွင် မရှိသလောက်ပင်။
မည်သည့် ကြက်သွေးရောင်နန်းတော်အဆင့် သွေးမျိုးဆက်မျိုး ဖြစ်ပါစေ သူ၏ မျက်ခုံးအစုံကြားမှ ထိုးထွက်လာသော မီးခိုးရောင် အလင်းတန်းကို ဘယ်လိုမှ ပိတ်ဆို့တားဆီးနိုင်ခြင်း မရှိကြပေ။
ဤသည်ကား အဆင့်အတန်းချင်း လုံးဝကွာခြားလွန်းလှသော စွမ်းအားဖြင့် ဖိနှိပ်ခြေမှုန်းသည့် တိုက်ခိုက်မှုပင်။
...
တစ်လထက်မကသော အချိန်ကာလ ကုန်လွန်ပြီးနောက် ဂိုဏ်းငါးခုမှ လေလွင့်နေသော ချန်ဝမ်သရဲတစ္ဆေ တစ်ဆယ့်ငါးကောင်စလုံးကို သူက လုံးဝဥဿုံ အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ခဲ့ပြီးပြီ ဖြစ်သည်။
ယခုအခါတွင်မူ သူသည် မိုဓားဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း သူ၏ ဂူဗိမာန်ဆီသို့ ဦးတည်မသွားခဲ့ပေ။ ထိုအစား ဝေးလံခေါင်ဖျားသော တောရိုင်းမြေရိုင်း နယ်မြေတစ်ခုဆီသို့ သွားရောက်ခဲ့သည်။
ထိုတောရိုင်းမြေ၏ ပါးလျလှသော မြူနှင်းများကြားတွင် ထူးကဲချီများက ဝဲလည်ကာ စီးဆင်းနေကြပြီး ဒေါင်ဖန်းစိန့်သည် ထိုနေရာ၌ ကျင့်ကြံခြင်းကို ပြုလုပ်နေခဲ့သည်။
ဒေါင်ဖန်းစိန့်၏ မျက်နှာပြင်မှာ တည်ငြိမ်အေးဆေးနေသော်လည်း စိတ်ထဲတွင်မူ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်လို့နေခဲ့သည်။
အကြောင်းမူကား သူ ရွေးချယ်ခြင်း ခံလိုက်ရပြီ ဖြစ်သောကြောင့်ပင်။
သူသည် ဖုံးကွယ်ထားတဲ့ နဂါးအသင်းအဖွဲ့၏ အောင်နိုင်သူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ ရှေးဟောင်းမျိုးနွယ်စုနောက်သို့ လိုက်ပါပြီး မြောက်ပိုင်းမြေရိုင်းဒေသသို့ ပြန်လည်လိုက်ပါသွားရတော့မည် ဖြစ်သည်။
သူသည် သူ၏ ကျင့်ကြံဖော်ကို ပြန်လည်စေလွှတ်လိုက်ပြီးပြီဖြစ်ကာ သူ၏ ပိုင်ဆိုင်မှု ပစ္စည်းပစ္စယများကိုလည်း အကုန်အစင် ထုပ်ပိုးသိမ်းဆည်းပြီး ဖြစ်သဖြင့် ရှေးဟောင်းမျိုးနွယ်စု၏ ခရီးစတင်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။
ယခုအခါတွင်မူ သူသည် ငယ်စဉ်က ဓားသိုင်းပညာရပ်များကို လေ့ကျင့်ခဲ့ဖူးသော နေရာဟောင်းလေးသို့ လာရောက်ကာ အတိတ်ကို ပြန်လည်တမ်းတနေခြင်းပင်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤလမ်းကြောင်းအတိုင်း ဘယ်သောအခါမှ ပြန်လည်ရောက်ရှိလာတော့မည် မဟုတ်ဟု ခံစားနေရသောကြောင့်ပင်။
ဒေါင်ဖန်းစိန့်သည် ဤမျှလောက်သော နှစ်ပေါင်းများစွာအတွင်း ဖြတ်သန်းခဲ့ရသည့် ကျင့်ကြံခြင်းလမ်းကြောင်းကို တွေးတောရင်း သူ့ကိုယ်သူ မချိတင်ကဲဖြစ်ကာ သက်ပြင်းချမိသည်။ ထို့နောက်တွင်မူ ဖုံးကွယ်ထားသော နဂါးအသင်းအဖွဲ့၏ ပြိုင်ပွဲကြီးတွင် သူအပြတ်အသတ် ရိုက်နှက်အနိုင်ယူခဲ့ဖူးသော စုန်ဟန်ကို သတိရမိသွားကာ စိတ်ထဲမှ တိတ်တဆိတ် ဂုဏ်ယူဝင့်ကြွားမိသွားပြန်သည်။
သူ၏ စိတ်အစုံက နောက်ဆုံးတွင်မူ လုံးဝဥဿုံ အေးချမ်းသွားခဲ့ရသည်။
စုန်ဟန်နှင့် ပတ်သက်၍မူ သူ လိုက်လံစုံစမ်းကြည့်ခဲ့ရာ စုန်ဟန်သည် ရှုံးနိမ့်သွားခဲ့သည့် အရှက်ကွဲမှုကို မခံစားနိုင်ဘဲ ဂူဗိမာန်မှ ဒေါသတကြီး ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဘယ်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမျှမသိရှိကြကြောင်း သိရသည်။
လက်ရှိနေရာသည် တောင်နှင့်ပင်လယ် မိစ္ဆာမျိုးနွယ်စုများနှင့် ရင်ဆိုင်နေရသော ရှေ့တန်းစစ်မျက်နှာပြင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်နေရာ ဖြစ်ရာ ထိုကဲ့သို့သော စိတ်အခြေအနေမျိုးဖြင့် အပြင်သို့ ထွက်သွားပါက အပြင်၌ သေဆုံးသွားခြင်းမှာ အလွန်တရာ သဘာဝကျလှသော ကိစ္စရပ်တစ်ခုပင်။
ဒေါင်ဖန်းစိန့်သည် အောင်နိုင်သူတစ်ဦး၏ သနားဂရုဏာသက်သော အကြည့်မျိုးဖြင့် အတိတ်က ပြိုင်ဘက်ဟောင်းကို ပြန်လည်အောက်မေ့ရင်း ခေါင်းကို အသာအယာခါလိုက်သည်။ ထို့နောက်တွင်မူ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ထိုင်နေရာမှ မတ်တပ်ရပ်ကာ “အရာရာတိုင်းက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ” ဟု ရေရွတ်လိုက်သည်။
သူသည် သူ၏ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံဆင့်က အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသည်ဟု ခံစားလိုက်ရသည်။
သူသည် ပိုမိုမြင့်မားသော နယ်ပယ်အဆင့်အတန်းတစ်ခုဆီသို့ တက်လှမ်းရန်အတွက် အတိတ်က ပြိုင်ဘက်ဟောင်းများကို ခြေနင်းတုံးသဖွယ် အသုံးချကာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်”
သူသည် ကောင်းကင်ယံထက်သို့ တိုးညှင်းစွာ ပြောဆိုလိုက်ပြီးနောက် လက်ကို မြှောက်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ သူ၏ ပျံသန်းတတ်သော ဓားမြှောင်က လေထဲတွင် ဝဲပျံလာခဲ့သည်။
သူသည် သက်တန့်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူ၏ ဂူဗိမာန်ဆီသို့ ပြန်
ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ မျက်ခုံးအစုံကြားတည့်တည့်မှ စူးရှလှသော နာကျင်မှုဝေဒနာတစ်ခုက ရုတ်တရက် စိုက်ဝင်လာခဲ့တော့သည်။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် သူ၏ အသိစိတ်အစုံက လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရသည်။
အကယ်၍ သူ့တွင် သိစိတ်သာ ကျန်ရှိနေဦးမည်ဆိုပါက မနီးမဝေးသော နေရာဆီမှ ချဉ်းကပ်လာနေသည့် ခြေသံများကို ဧကန်မုချ ကြားရပေလိမ့်မည်။
တစ်စုံတစ်ယောက်သည် မြူနှင်းများကြားမှ လျှောက်လှမ်းလာခဲ့ခြင်းပင်။
ထိုသူသည် သူ့ရှေ့သို့ ရောက်ရှိလာပြီးနောက် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ သူ့ခါးရှိ သိုလှောင်
အိတ်ကို ကောက်ယူလိုက်ပြီး သူ၏ ရုပ်အလောင်းကို အလျင်အမြန်ပင် ဖျောက်ဖျက်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့တော့သည်။
...
...
ရက်သတ္တပတ်ဝက်ခန့် ကြာပြီးနောက် ရှေးဟောင်းမျိုးနွယ်စုသည် ကောင်းကင်ဟင်းလင်းပြင်သင်္ဘောကြီးတစ်စင်းကို စေလွှတ်ခဲ့သည်။
ထိုသင်္ဘောကြီးသည် သတ်မှတ်ထားသော မှတ်တိုင်တစ်ခုချင်းစီတွင် ရပ်တန့်ကာ ရွေးချယ်ခံရသူများကို လိုက်လံတင်ဆောင်ခဲ့သည်။
ဒေါင်ဖန်းစိန့်သည်လည်း ထိုသင်္ဘောကြီးပေါ်သို့ တက်လှမ်းလာခဲ့ပြီးနောက် အနားယူရန်အတွက် သင်္ဘောခန်းငယ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ ပျံသန်းတတ်သော ဝေါယာဉ်သုံးစင်းက ရှေ့မှ ဦးဆောင်ပျံသန်းနေကြပြီး သင်္ဘောကြီးကမူ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေခဲ့သည်။
ဤကဲ့သို့ ရှေ့နှင့်နောက် လိုက်ပါလာခဲ့ကြရင်းနှင့် သူတို့သည် မကြာမီမှာပင် ရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်ကြီးရှိရာ နေရာဆီသို့ ရောက်ရှိလာခဲ့ကြတော့သည်။
တစ်ချိန်က လူသူမရှိဘဲ ဆိတ်ငြိမ်ပြီး စိမ်းလန်းစိုပြည်ခဲ့သော တောအုပ်ကြီးသည် ယခုအခါတွင်မူ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း မတ်စောက်ပြီး ခန့်ညားထည်ဝါလှသော တောင်ကြားတံခါးပေါက်ကြီးများပမာ တည်ရှိနေပြီး ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးကပင် ထိုနေရာ၌ အမြဲတမ်း စောင့်ကြပ်၍ စခန်းချနေခဲ့သည်။
ထိုရှေးဟောင်း အစီအရင်ကြီး၏အနီးတွင် မင်းသမီး ဆင်းအာသည် ထူးဆန်းသော မျက်နှာအမူအရာမျိုးဖြင့် စောင့်မျှော်ကြည့်ရှုနေခဲ့ရာ သူမ၏ လှပသော မျက်နှာပြင်ပေါ်တွင် မျှော်လင့်စောင့်စားခြင်းများနှင့်အတူ စိုးရိမ်ပူပန်မှုများကပါ ရောယှက်လို့နေခဲ့သည်။ သူမ၏ ဘေးတွင်မူ သားဖြစ်သူ၏ အသံက ထွက်ပေါ်လာခဲ့သည်။
“အမေ... ကျွန်တော် မျိုးနွယ်စုက အကြီးအကဲတွေနဲ့အတူ ကျင့်ကြံခြင်းကို သွားရောက် ပြုလုပ်ရတော့မယ်။ ဒီတစ်ခေါက် ခရီးစဉ်က ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်။ အကယ်၍ အမေအနေနဲ့ ဘယ်လိုသာမန် ကျင့်ကြံသူလေးကိုမဆို သဘောကျတယ်ဆိုရင် အနားကို လွတ်လွတ်လပ်လပ် ခေါ်ထားနိုင်ပါတယ်နော်”
မင်းသမီး ဆင်းအာက တိုးညှင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။
“ယီအာ... မင်းရဲ့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ။ အမေ့အတွက် ဘာမှ စိုးရိမ်ပူပန်မနေပါနဲ့”
ထန်ယီက ခေါင်းညိတ်လိုက်ပြီး မာနတရားများဖြင့် မတ်မတ်ရပ်လျက် ဝေးလံသောနေရာမှ တိမ်တိုက်များကို ဖြတ်ကျော်ပြီး ပေါ်ထွက်လာမည့် သင်္ဘောကြီးကို စောင့်ကြည့်နေရင်း တည်ငြိမ်စွာဖြင့် “လာပါပြီ” ဟု ရေရွတ်လိုက်သည်။
ထိုစက္ကန့်ပိုင်းအတွင်းမှာပင် မင်းသမီး ဆင်းအာသည် သူမ၏ သွေးကျွန်ထံမှ ပြင်းထန်လှသော စွမ်းအင်ဆက်သွယ်မှုတစ်ခု ထပ်မံထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်ရသည်။ သူမ၏ အကြည့်များက ချက်ချင်းပင် လှည်းပတ်ကြည့်ရှုလိုက်ရာ ထိုသင်္ဘောကြီး ချဉ်းကပ်လာပြီး အောက်သို့ ဆင်းသက်လာသည်ကိုလည်းကောင်း ကျင့်ကြံသူများ သင်္ဘောပေါ်မှ တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြသည်ကိုလည်းကောင်း စောင့်ကြည့်နေမိသည်။
နောက်ဆုံးတွင်မူ သူမ၏သခင်ကြီးထံမှ ထွက်ပေါ်နေကျ စွမ်းအင်အရိပ်အယောင်များကို ထုတ်လွှတ်နေသော လုံးဝဥဿုံ သူစိမ်းပြင်ပမျက်နှာတစ်ခုရှိသည့် ကျင့်ကြံသူတစ်ဦးကို မြင်တွေ့လိုက်ရသည့်အခါ သူမသည် တစ်ကိုယ်လုံး လုံးဝ ဆွံ့အကာ မှင်တက်သွားခဲ့ရတော့သည်။
သူမသည် ထပ်မံ၍ သေချာစွာ စိုက်ကြည့်မိသော်လည်း ထိုသခင်ကြီး၏ မျက်နှာပြင်ပေါ်တွင် မည်သည့်အတုအယောင် သဲလွန်စတစ်ခုမျှ ရှာမတွေ့ခဲ့ချေ။ ထိုအရာက သခင်ကြီး၏ ကိုယ်ပိုင်မျက်နှာစစ်စစ် ဖြစ်နေသကဲ့သို့ပင်။
သူမသည် မင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သည့်အလျောက် ဗဟုသုတ အလွန်တရာ ကြွယ်ဝလှပြီး ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ အမျိုးမျိုးသော ကိစ္စရပ်များကို ကောင်းစွာ သိရှိနားလည်ထားသူ ဖြစ်သည်။
ထို့ကြောင့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ ဦးနှောက်ထဲတွင် စကားလုံးတစ်လုံးက ရုတ်တရက် လျှပ်စီးပမာ ထိုးဖောက်ဝင်ရောက်လာခဲ့တော့သည်။
သူမ၏ လှပသော မျက်ဝန်းအစုံထဲတွင် အံ့ဩတုန်လှုပ်ခြင်းများနှင့်အတူ မယုံကြည်နိုင်ခြင်း အရိပ်အယောင်များက တဖြည်းဖြည်း ချဲ့ကားလာခဲ့ရသည်။
ဒါက... မျက်နှာမဲ့မျက်နှာဖုံးပဲ။
မျက်နှာမဲ့မျက်နှာဖုံးတစ်ခုတည်းသာလျှင် လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကိုယ်အလိုရှိသလို ဘာသဲလွန်စမှ မကျန်ဘဲ အလွယ်တကူ ပြောင်းလဲပစ်နိုင်တာ။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
မင်းသမီး ဆင်းအာ၏ ရင်ဘတ်တစ်ခုလုံး တဒိန်းဒိန်းတုန်အောင် ခုန်လှုပ်လာခဲ့ရသည်။
သူမအနေဖြင့် ဤကမ္ဘာလောကကြီးတစ်ခုလုံး ရူးသွပ်သွားခဲ့ပြီဟုပင် ခံစားလိုက်ရတော့သည်။
အခန်း။ ၂၉၆
ဖုံးကွယ်ထားသော နဂါးအသင်းအဖွဲ့မှတစ်ဆင့် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ မျက်နှာသာပေးခြင်းကို ခံရသော ထူးကဲချီ သန့်စင်ခြင်းအဆင့် တပည့် တစ်ဆယ့်နှစ်ဦး ရှိသော်လည်း ကြက်သွေးရောင်နန်းတော်အဆင့် အကြီးအကဲများထဲတွင်မူ နတ်ဘုရားကျောက်စိမ်းပေလွှာစစ်ဆေးမှုကို အောင်မြင်ခဲ့သူ တစ်ဦးတည်းသာ ရှိသည်။
အခြားမျက်နှာသာပေးခြင်း ခံရသောသူများမှာမူ သဘာဝကျကျပင် အခြားသော ရှေးဟောင်းမျိုးနွယ်စုများနှင့်အတူ လိုက်ပါထွက်ခွာသွားကြပြီ ဖြစ်သည်။
ရှေးဟောင်းမျိုးနွယ်စု၏ ဟာလာဟင်းလင်းသင်္ဘောနှင့် ပျံသန်းတတ်သော ဝေါယာဉ်တို့သည် ရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်ကြီးထံသို့ ဆင်းသက်လာခဲ့ကြသည်။
ထိုနေရာ၌ စခန်းချစောင့်ကြပ်နေသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပြီး ပျံသန်းတတ်သော ဝေါယာဉ်ကို ဦးညွှတ်ကာ အလေးပြုလိုက်သည်။
သူသည် ရှေးဟောင်းမျိုးနွယ်စုဝင်တစ်ဦး မဟုတ်ဘဲ ရှေးဟောင်းအင်ပါယာနိုင်ငံတော်၏ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ရာ ဝေါယာဉ်အတွင်း၌ ကြက်သွေးရောင်
နန်းတော်အဆင့်ရှိသော မျိုးဆက်သစ်လူငယ်များသာ ရှိနေပါစေ သူက ဦးညွှတ်ဂါရဝပြုရမည် ဖြစ်ပြီး တစ်ဖက်လူက သူ့ကို လျစ်လျူရှုထားလျှင်ပင် ၎င်းမှာ ပုံမှန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ယခုအခိုက်အတန့်တွင်မူ ပျံသန်းတတ်သော ဝေါယာဉ်၏ လိုက်ကာစသည် ပင့်မတင်ခြင်း ခံလိုက်ရပြီး အရပ်ရှည်ကာ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုက အပြင်သို့ ခုန်ဆင်းလာခဲ့သည်။
သူသည် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကို မြင်တွေ့လိုက်ရသည့်အခါ ရိုသေလေးစားစွာ ဦးညွှတ်ဂါရဝပြုရင်း ပြုံး၍ ပြောလိုက်သည်။
“ဝမ်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ”
ဝမ်ကြီးဟု ခေါ်ဝေါ်ခြင်း ခံရသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူသည်လည်း ပြုံးရွှင်စွာဖြင့် အလေးအလဲ ပြန်လည်ဂါရဝပြုလိုက်သည်။
“သခင်လေး ထန်ယီပါလား”
ခန့်ညားသော ပုံရိပ်လေးက ပြုံးလျက် “ကျွန်တော့်ကို သခင်လေးလို့ မခေါ်ပါနဲ့ခင်ဗျာ။ လူကြီးမင်းရဲ့ ရှေ့မှောက်မှာတော့ ကျွန်တော်က မျိုးဆက်သစ်လူငယ်တစ်ယောက်တင်ပါပဲ” ဟု ပြောလိုက်သည်။
ထို့နောက်တွင် ထန်ယီက “လူကြီးမင်းခင်ဗျာ... ကျွန်တော် ဝေါယာဉ်ထဲကို အရင်ပြန်ဝင်ပါရစေဦး။ နောင်တစ်ချိန် အခွင့်အခါသင့်ရင်တော့ လူကြီးမင်းဆီကို သီးသန့်လာရောက် ဂါရဝပြုပါ့မယ်” ဟု ထပ်မံဦးညွှတ်ရင်း ပြောလိုက်သည်။
ဝမ်ကြီးသည် သူ၏ မုတ်ဆိတ်မွေးများကို သပ်ရင်း ခေါင်းညိတ်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။
“သခင်လေးယီက အားနာတတ်လွန်းတာပဲဗျာ။ မင်းကို ငါ့ရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ မှတ်ယူလိုက်ပါပြီ”
သူသည် ထန်ယီနှင့် နက်ရှိုင်းသော ပတ်သက်မှုမျိုး မရှိခဲ့သော်လည်း တစ်ဖက်လူက သူအား ဂါရဝပြုရန်အတွက် ဝေါယာဉ်အတွင်းမှ သီးသန့်ထွက်လာခဲ့သည့် အပြုအမူကြောင့် နွေဦးလေညင်းကလေး သူမျက်နှာကို ဖြတ်တိုက်သွားသကဲ့သို့ စိတ်ထဲတွင် လွန်စွာကြည်နူးသွားရပြီး ဒီကောင်လေးရဲ့ စိတ်နေသဘောထားကို ကြည့်ရတာ ရှေ့လျှောက် အလားအလာ အလွန်ကောင်းမယ့်ပုံပဲဟု တိတ်တဆိတ် တွေးတောမိသွားသည်။
ထန်ယီသည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ဤတိုက်ကြီး၏ တောင်ပိုင်းမြေရိုင်းဒေသတွင် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုက လိုက်လံရှာဖွေတွေ့ရှိခဲ့သော သွေးမျိုးဆက်တစ်ခု ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
ထိုကဲ့သို့သော သွေးမျိုးဆက်များသည် ပြင်ပလောကတွင် ကြီးမားသော ဆင်းရဲဒုက္ခများကို ခံစားရလေ့ရှိကြပြီး တစ်ကြိမ်တစ်ခါ ရှေးဟောင်းမျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်ရှိသော် ပြင်ပလောကတွင် မာနထောင်လွှားကာ ဝင့်ဝါတတ်ကြသည်မှာ ပုံမှန်ပင်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် ကာလအတွင်းက ရှေးဟောင်းမျိုးနွယ်စုသည် ဤနေရာ၌ မျိုးဆက်ပေါင်းများစွာကို ဆုံးရှုံးခဲ့ဖူးရာ လက်ရှိအချိန်တွင် ရှာဖွေတွေ့ရှိရသော အရေအတွက်ထက် များစွာ ပိုမိုသည်။
ယခုအချိန်အထိပင် သူသည် ဤရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်ကြီး၏ အလှည့်ကျ အစောင့်အကြပ်အဖြစ် တာဝန်ထမ်းဆောင်နေရသကဲ့သို့ တစ်ဖက်မှလည်း ရှေးဟောင်းမျိုးနွယ်စု၏ သွေးမျိုးဆက်များကို ဆက်လက်ရှာဖွေရန် တာဝန်ပေးခြင်း ခံထားရသူ ဖြစ်သည်။
ဤအတောအတွင်း သူသည် တစ်ကြိမ်မျှ အောင်မြင်မှု ရရှိခဲ့ဖူးရာ အချို့သောသူများ၏ အောင်နိုင်သူပမာ မာနတလူလူ ဖြစ်နေသော မျက်နှာပေးများကို မြင်တွေ့ခဲ့ဖူးသဖြင့်၊ ယခုကဲ့သို့ နှိမ့်ချပြီး ယဉ်ကျေးပျူငှာလှသော ထန်ယီကို မြင်တွေ့လိုက်ရသည့်အခါ ဤလူငယ်လေးသည် အခြားသူများနှင့် လုံးဝဥဿုံ ကွဲပြားခြားနားနေပါတကားဟု စိတ်ထဲမှ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
မတည်ငြိမ်သော ခေတ်ကာလများ၏ ဆင်းရဲဒုက္ခများက သူ့ကို စိတ်အားငယ်သွားစေခြင်း မရှိခဲ့သလို ရှေးဟောင်းမျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရသည်ဟူသော သတင်းကလည်း သူ့ကို ရူးသွပ်သွားစေခြင်း မရှိခဲ့ပေ။ ထိုအစား ထိုအရာအားလုံးက သူ၏ စိတ်နေသဘောထားကို ပိုမိုခိုင်မာတောင့်တင်းအောင် သွန်းထုပေးခဲ့ပုံပင်။
ဝမ်ကြီးက ရယ်မောလျက် ချီးကျူးစကား ပြောလိုက်သည်။
“နောက်တစ်ကြိမ် ငါတို့ ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့ သခင်လေးယီက ခရမ်းရောင်နန်းတော်အဆင့်ကို တက်လှမ်းနိုင်နေလောက်ပြီပေါ့”
ထန်ယီက “လူကြီးမင်းရဲ့ ကောင်းမွန်တဲ့ ဆုတောင်းစကားအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထို့နောက်တွင်မူ သူသည် လိုက်ကာစကို ပြန်လည်ချလိုက်တော့သည်။
ခဏအကြာတွင် ရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်ကြီးသည် စတင်လည်ပတ်လာခဲ့သည်။
စူးရှတောက်ပသော အလင်းတန်းအချို့ ထိုးတက်လာခဲ့ပြီး ပျံသန်းတတ်သော ဝေါယာဉ်နှင့် ဟာလာဟင်းလင်းသင်္ဘောကြီးကို လွှမ်းခြုံသွားခဲ့တော့သည်။
...
နောက်တစ်စက္ကန့်တွင်မူ...
ရှူး... ရှူး... ရှူး... ရှူး
မြောက်ပိုင်းမြေရိုင်းဒေသ၏ ကြည်လင်ပြတ်သားလှသော ကောင်းကင်ယံအောက်ရှိ နယ်မြေကူးပြောင်းခြင်း အစီအရင်တစ်ခုထက်တွင် ဟာလာဟင်းလင်းသင်္ဘောနှင့် ပျံသန်းတတ်သော ဝေါယာဉ်တို့သည် ရုတ်တရက် ပေါ်ထွက်လာခဲ့ကြသည်။
စုန်ယန်သည် သင်္ဘော၏ လက်ရန်းအနီးတွင် မတ်တတ်ရပ်လျက် ဤနေရာရှိ စိမ်းလန်းစိုပြည်သော တောင်တန်းများနှင့် ရေပြင်အလှအပများကို ငေးမောကြည့်ရှုနေမိပြီး သူနှင့် ဝေးကွာသွားခဲ့ပြီဖြစ်သော ချုပ်ချယ်မှု၊ ဖိနှိပ်မှု၊ အန္တရာယ်ဟူသော ခံစားချက်များ ယာယီအားဖြင့် လွင့်ပြယ်သွားသကဲ့သို့ တစ်ခဏတာ စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။
သူသည် ခေါင်းကို အသာအယာ လှည့်ကြည့်လိုက်ရာ အနောက်ဆုံးမှ ပျံသန်းလာသော ဝေါယာဉ်၏ ပြတင်းပေါက်မှနေ၍ တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေသည့် မင်းသမီး ဆင်းအာ၏ အကြည့်များနှင့် အချိန်ကိုက်ပင် ဆုံစည်းသွားခဲ့ရသည်။
သူတို့နှစ်ဦး၏ အကြည့်များသည် ဝေးလံသောနေရာမှ ဆုံစည်းသွားခဲ့ကြပြီးနောက် လျင်မြန်စွာပင် ပြန်လည်လွှဲဖယ်လိုက်ကြသည်။
စုန်ယန်သည် လှည့်ပြန်လာခဲ့ပြီး သူ၏ သီးသန့်အခန်းငယ်အတွင်းသို့ ဝင်ရောက်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်တော့သည်။
ဖုန်းချန်ဇီထံမှ ရရှိထားသော အသိစိတ်အရိပ်အယောင်ကလေးမှာ သူ၏ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်ရာ ယခုအခါတွင်မူ သူအလိုရှိသလို စိတ်တိုင်းကျ အသုံးပြုနိုင်ပြီ ဖြစ်သည်။
သို့သော်လည်း သူသည် ထိုအရာ၏ နက်နဲဆန်းကြယ်မှုများကို ပိုမိုကျွမ်းကျင်အောင် လေ့ကျင့်
ရန် လိုအပ်နေသေးသည်။
အကြောင်းမူကား ၎င်းသည် မျက်နှာမဲ့မျက်နှာဖုံးအပြင် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုအတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်နိုင်မည့် အခြားသော သော့ချက်တစ်ခု ဖြစ်လာနိုင်သောကြောင့်ပင်။
သူ့အနေဖြင့် အမှားအယွင်းမရှိစေမည့် စိတ်ချရသော အစီအစဉ်တစ်ခု လိုအပ်သည်။
ထို့ပြင် ဤကိစ္စအတွက်... သူသည် မင်းသမီး ဆင်းအာ၏ အကူအညီကို လိုအပ်လိမ့်မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ပျံသန်းတတ်သော ဝေါယာဉ်အတွင်း၌ မင်းသမီး ဆင်းအာ၏ ရင်ခုန်သံများသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ သူမသည် အသံလွှင့်ကျောက်စိမ်းပြားကို အလျင်အမြန် ထုတ်ယူကာ တိတ်တဆိတ် သတင်းစကားများ ပေးပို့လိုက်တော့သည်။
ယခုအခါတွင် သူမသည် တစ်ကိုယ်တည်း အထီးကျန်နေသူ မဟုတ်တော့ပေ။
သူမ၏ လက်အောက်တွင် ကိုယ်ပိုင်အင်အားစု အချို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ မျက်နှာသာပေးမှုကို ခံရရန် သို့မဟုတ် ရာထူးတိုးတက်ရန် မျှော်လင့်နေကြသော ကျင့်ကြံသူအများအပြားသည် သူမထံသို့ လာရောက်ကာ မျက်နှာလိုမျက်နှာရ ပြုမူတတ်ကြပြီး "ဒီလူက အတော်လေး ပါရမီရှိတာမို့ အသုံးဝင်နိုင်ပါတယ်" ဟူသော စကားလုံးအနည်းငယ်ဖြင့် ရှေးဟောင်းမျိုးနွယ်စုထံ အပ်နှံပေးရန် မျှော်လင့်တတ်ကြသည်။ အကယ်၍ ထိုကျင့်ကြံသူများသည် ရှေးဟောင်းမျိုးနွယ်စု၏ အသုံးချခြင်းကို ခံရသည်ရှိသော် သူတို့အားလုံးမှာ မင်းသမီး ဆင်းအာ၏ တံဆိပ်အမှတ်အသားကို ခံယူရမည်ဖြစ်ပြီး ထန်ယီ၏ လူများအဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။
ထိုသူများထဲတွင် မင်းသမီး ဆင်းအာအပေါ် သစ္စာစောင့်သိကြသော အသေတပ်သား အများအပြားလည်း ပါဝင်သည်။
“အဲဒီ ကာမသခင် သုံးယောက်စလုံးကို သတ်ပစ်လိုက်ပါ။ ပြီးတော့ ဘာသဲလွန်စမှမကျန်အောင် အစအန ဖျောက်ဖျက်ပစ်လိုက်”
မင်းသမီး ဆင်းအာက တည်ငြိမ်အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။
သူမ၏ မျက်နှာအမူအရာမှာ အေးစက်လွန်းလှပြီး မျက်နှာတစ်ခြမ်းမှာ နေရောင်ခြည် အလင်းတန်းအောက်၌ တောက်ပနေသော်လည်း အခြားတစ်ခြမ်းမှာမူ အမှောင်ရိပ်ထဲတွင် နစ်မြုပ်နေသဖြင့် သူမ၏ ပုံရိပ်မှာ လွန်စွာ ခန့်မှန်းရခက်ခဲသည်။
အခြားတစ်ဖက်မှနေ၍ ရိုသေလေးစားလှသော တုံ့ပြန်သံ ထွက်ပေါ်လာခဲ့သည်။
“အမိန့်အတိုင်းပါ မင်းသမီး”
သူမသည် သတင်းစကားကို ပေးပို့ပြီးနောက် ဟာလာဟင်းလင်းပြင်ထဲမှ နတ်ဘုရားမှန်ချပ်
တစ်ခုကို အမြန်ထုတ်ယူကာ သူမကိုယ်သူမ အနည်းငယ် ပြန်လည်ပြင်ဆင်၍ မိတ်ကပ်လိမ်းခြယ်လိုက်တော့သည်။
သူမသည် ထိုမိစ္ဆာအဘိုးအိုကြီးကို သူအနား၌ မြဲမြံအောင် ဆွဲထားနိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမသည် ထိုမိစ္ဆာအဘိုးအိုကြီး၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း အချို့သော အတွေးအမြင်များကို ခန့်မှန်းမိနေခဲ့ပြီ ဖြစ်သည်။
အမှန်စင်စစ် ဤအခြေအနေသို့ ရောက်ရှိလာသည့်အခါ မြေပုံတစ်ခုလုံး ပေါ်လွင်သွားခဲ့ပြီဖြစ်ပြီး ဓားမြှောင်ကလည်း အိတ်ထဲမှ ထွက်လာခဲ့ပြီဖြစ်ရာ ထိုမိစ္ဆာအဘိုးအိုကြီး၏ ဇာစ်မြစ်ကို သိရှိထားပြီး ဖြစ်သည့်အတွက် သူ၏ လျှို့ဝှက်ချက်များကို မရိပ်မိဘဲ နေမည်ဆိုပါက ၎င်းမှာ အလွန်တရာ တုံးအလွန်းရာ ရောက်ပေလိမ့်မည်။
...
...
ရက်သတ္တပတ်ဝက်ခန့် ကြာပြီးနောက် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ စီရင်ပိုင်ခွင့်အောက်တွင် ယာယီအားဖြင့် တည်ရှိပြီး သူတို့ နားခိုနိုင်မည့် မြို့တော်တစ်ခုအတွင်း၌ စွမ်းအင်အရိပ်အယောင်များကို ဖုံးကွယ်ထားနိုင်သော အစီအရင်အလံငယ်များကို မဏ္ဍပ်တစ်ခု၏ ထောင့်စွန်းများတွင် စိုက်ထူထားခဲ့သည်။
ထိုမဏ္ဍပ်အတွင်းရှိ ကြီးမားလှသော ကုတင်ထက်တွင်မူ အချင်းချင်း ကြံစည်တွက်ချက်နေကြသော ယောက်ျားနှင့် မိန်းမတို့က ကာမစည်းစိမ်ကို တဝကြီး ခံစားနေကြသည်။
အတန်ကြာ ကုန်လွန်သွားပြီးနောက်တွင်မှ သူတို့၏ လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့တော့သည်။
တစ်ဦးကမူ သူနှင့် သားဖြစ်သူ၏ ရာထူးအဆင့်အတန်း တည်ငြိမ်မြဲမြံစေရန်အတွက် ကြီးမားသော သစ်ပင်ကြီးတစ်ပင်ကို တွယ်ကပ်လိုခြင်းဖြစ်ပြီး အခြားတစ်ဦးကမူ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုအတွင်းသို့ သဘာဝကျကျ အသားကျဝင်ရောက်နိုင်ရန်အတွက် အခြားတစ်ဖက်ကို အသုံးချလိုခြင်းပင်။
ဤသည်ကား မည်သည့် အချစ်တရားမျှ မပါဝင်ဘဲ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးစီးပွားအတွက်သာ ဖြစ်ပြီး ဤကဲ့သို့ ပေါင်းစပ်ခြင်းမှာ သူတို့၏ အေးစက်လှသော အကျိုးစီးပွား နယ်ပယ်များကြားတွင် နွေးထွေးမှုနှင့် ယုံကြည်စိတ်ချရမှုများကို ပိုမိုတိုးပွားလာစေရန်အတွက် ပြုလုပ်ကြခြင်းသာ ဖြစ်သည်။
ယခုအခိုက်အတန့်တွင်မူ မင်းသမီး ဆင်းအာသည် စုန်ယန်၏ ရင်ခွင်ထက်၌ အမှီသဟဲပြုနေသော ငှက်ငယ်ကလေးတစ်ကောင်ကဲ့သို့လည်းကောင်း လိမ္မာရေးခြားရှိလှသော ဇနီးသည်တစ်ဦးကဲ့သို့လည်းကောင်း လဲလျောင်းနေရှာသည်။
သူမသည် လူငယ်လေး၏ ကျယ်ပြန့်လှသော ခါးအစုံကို ခပ်ဖွဖွလေး ပွေ့ဖက်ထားရင်း တိုးညှင်းစွာ ပြောလိုက်သည်။
“ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မ တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရတာပါ။ သစ်ပင်အိုကြီးတွေမှာ သစ်ကွင်းတွေ ပိုမိုတိုးပွားလာပြီး ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးက သစ်သီးဥယျာဉ်တွေအဖြစ် ပြောင်းလဲသွားခဲ့ရင်တောင်မှ... ကျွန်မ ဘယ်သောအခါမှ တခြားယောက်ျားတစ်ယောက်ကို မရှာဖွေခဲ့ဖူးပါဘူးရှင်”