← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း။၂၉၇

စုန်ယန်က “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။

မင်းသမီး ဆင်းအာက စနောက်ကျီစယ်သော အမူအရာဖြင့် “တစ်ခါက သခင်ကြီးရဲ့ ခန့်ညားထည်ဝါတဲ့ အရှိန်အဝါကို မြင်တွေ့ဖူးခဲ့ပြီးမှတော့... တခြား သာမန်လူတွေက ကျွန်မမျက်စိထဲ ဘယ်လိုလုပ် ဝင်နိုင်တော့မှာလဲရှင်။

အဲဒီတုန်းက သခင်ကြီးကသာ ကျွန်မကို အဲဒီလိုလုပ်ဖို့ ဇွတ်မတိုက်တွန်းခဲ့ရင်... ကျွန်မ... ကျွန်မ တကယ်ပဲ သခင်ကြီးအနားမှာ စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုချင်ခဲ့တာပါ” ဟု ပြောလိုက်သည်။

သူမ၏ လက်ချောင်းဆယ်ချောင်းလုံးတွင် နက်မှောင်သော ထူးကဲပန်းရည်များ ဆိုးစွတ်ထားပြီး၊ သန်းကြွယ်လက်သန်းတွင်မူ စူးရှပြီး ဆန်းပြားလှပသော ရွှေဝါရောင် လက်သည်းစွပ်ကလေးကို စွပ်ထားသဖြင့် မြင့်မြတ်သော အမျိုးသမီးတစ်ဦး၏ လက်ချောင်းများဖြစ်ကြောင်း အထင်အရှား ပြသနေကာ ထိန်းသိမ်းရခက်ခဲပြီး နုနယ်လွန်းသည်။

သို့သော်လည်း ဤနုနယ်လှသော လက်ကလေးများသည် စုန်ယန်၏ ခန္ဓာကိုယ်ကို ခပ်ဖွဖွလေး ပွတ်သပ်၍ ဆုပ်ကိုင်လာခဲ့သည်။

မင်းသမီး ဆင်းအာက သူ့ကို ဆက်လက်ပွတ်သပ်ပေးရင်း တိုးညှင်းစွာဖြင့် “သခင်ကြီးနဲ့ ပြန်လည်ဆုံတွေ့ရတာ ကျွန်မ တကယ်ပဲ ဝမ်းသာပါတယ်။ ဒီနေ့ကစပြီး ယီအာနဲ့ ကျွန်မက သခင်ကြီးကိုပဲ မှီခိုအားထားသွားပါတော့မယ်ရှင်... ဟီးဟီးဟီး...” ဟု ချွဲနွဲ့လိုက်သည်။

သူရှေ့မှ လူငယ်လေးသည် ထူးကဲချီ သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည်ကို သူမ ကောင်းစွာ သိရှိထားသည်။

သို့သော်လည်း သူမ၏ သွေးကျွန်ရှေးဟောင်းမန္တန်မှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

ဤသည်ကား သူ၏ စစ်မှန်သော စွမ်းအားမှာ သူမထက် များစွာ ပိုမိုမြင့်မားနေပြီး ကြက်သွေးရောင်နန်းတော်၏ အလယ်အလတ်အဆင့်ကိုပင် ကျော်လွန်နေကြောင်း ပြသနေခြင်းပင်။ သို့မဟုတ်ပါက ထိုမန္တန်သည် ဧကန်မုချ ပြန်လှန်ရိုက်ခတ်နိုင်သည်။

ထို့ကြောင့်ပင် သူမသည် ဤမိစ္ဆာအဘိုးအိုကြီး၏ စိတ်ကျေနပ်မှုကို ရရှိရန်အတွက် ထာဝရချစ်ခြင်း၊ အသိုက်အမြုံတစ်ခုတည်း၌ အတူတကွ နေထိုင်ခြင်း၊ အသက်ထက်ဆုံး အတူအိုမင်းခြင်းဟူသော နက်နဲလှသည့် သစ္စာတရားများကို ပြသရင်း အစွမ်းကုန် ကြိုးစားအားထုတ်နေခြင်းပင်။

အကြောင်းမူကား ဤမိစ္ဆာကြီးသည် မည်မျှလောက်အထိ နက်နဲသောအဆင့်တွင် ရှိနေသည်ကို သူမ လုံးဝ ခန့်မှန်း၍မရသောကြောင့်ပင်။

စုန်ယန်အနေဖြင့်လည်း ဤကဲ့သို့သော မိစ္ဆာမများမှ ဆင့်ကဲပြောင်းလဲလာသည့် လှည့်ဖြားတတ်သော မင်းသမီးများ၏ အကြောင်းကို ကောင်းစွာ နားလည်ထားသည်။

ထို့ကြောင့် တစ်ဖက်လူက မည်သို့ပင် မျှော်လင့်နေပါစေ သူသည် မျက်နှာလွှဲ၍ ခါးခါးသီးသီးငြင်းပယ်ခြင်း သို့မဟုတ် ဒေါသတကြီး ပြစ်တင်မောင်းထုတ်ခြင်းဟူသော ရွှံ့ထဲက ကြာပမာ မစွန်းထင်ဘဲ နေပြခြင်းမျိုးကို မလုပ်ဘဲ ပြင်းထန်သော အပြုအမူများနှင့် လှုပ်ရှားမှုများဖြင့်သာ သဘာဝကျကျ အမြဲတမ်း တုံ့ပြန်ပေးလေ့ရှိသည်။

အကယ်၍ သူ ဤကမ္ဘာသို့ စတင်ကူးပြောင်းလာစအချိန်ကသာ ဆိုလျှင် ဤကဲ့သို့သော မိစ္ဆာမမျိုးအပေါ် ရွံရှာစက်ဆုပ်မှုနှင့် စိတ်မသက်မသာဖြစ်မှုများကိုသာ ခံစားရမည်ဖြစ်ပြီး သူ၏ စိတ်အစုံက စောစောပိုင်းကာလများက စုယောင်ကဲ့သို့ ဖြူစင်ဝင်းပသော အမျိုးသမီးများကိုသာ လက်ခံနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူ့တွင် နှလုံးသားမရှိတော့ဘူးဟု ခံစားနေရသည်။

သို့မဟုတ်ပါကလည်း သူ၏ နှလုံးသားသည် မည်းမှောင်သွားခဲ့ပြီဖြစ်ကာ သူကိုယ်တိုင်လည်း ပြုပြင်မရနိုင်လောက်အောင် ညစ်ပေသွားခဲ့ခြင်းပင်။

"ငါက မိစ္ဆာဘုရင်တစ်ပါးပဲလေ။

အဲဒီတော့ မိစ္ဆာဘုရင်နဲ့ မိစ္ဆာမတို့ ပေါင်းစပ်ကြတယ်ဆိုတာက အလိုက်ဖက်ဆုံးပဲ။

နဂါးကို သတ်တဲ့သူက... နောက်ဆုံးကျတော့ သူကိုယ်တိုင်လည်း နဂါးပြန်ဖြစ်သွားရစမြဲပဲ..."

စုန်ယန်သည် သူရှေ့တွင် တွန့်လိမ်လှုပ်ရှားနေသော နုနယ်ဖြူဖွေးသည့် လောက်ကောင်ကြီးတစ်ကောင်ကဲ့သို့သော ပုံရိပ်ကို ငေးကြည့်ရင်း သူကိုယ်သူ လှောင်ပြောင်မိသွားသည်။

ရုတ်တရက် မင်းသမီး ဆင်းအာသည် ခန္ဓာကိုယ်ကို အနည်းငယ် ကြွလိုက်ပြီး ဝတ်ရုံပါးလေးကို ကိုယ်ပေါ်သို့ ဆွဲခြုံကာ ကုတင်ထက်မှ အသာအယာ ဆင်းသက်လိုက်ပြီး ဘေးနားရှိ သိုလှောင်အိတ်ဆီသို့ လှမ်းကိုင်လိုက်သည်။

ထို့နောက်တွင် ထူးဆန်းသော ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် စနစ်တကျ ပွေ့ပိုက်လျက် စုန်ယန်၏ ရှေ့မှောက်၌ ဒူးထောက်၍ ဆက်သလိုက်တော့သည်။

စုန်ယန်သည် ထိုကျောက်စိမ်းပေလွှာကို ကြည့်လိုက်သည်။

ဤကျောက်စိမ်းပေလွှာသည် သူ လွန်ခဲ့သောရက်များက မြင်တွေ့ခဲ့ဖူးသည့် နတ်ဘုရားကျောက်စိမ်းပေလွှာနှင့် ပုံသဏ္ဌာန်ချင်း ဆင်တူသော်လည်း တစ်ဖက်မှလည်း ကွဲပြားခြားနားနေပုံပင်။

မင်းသမီး ဆင်းအာက သူ့ကို အောင်မြင်မှု အထိမ်းအမှတ် ခံစားချက်မျိုးဖြင့် စိုက်ကြည့်နေခဲ့သည်။

မိစ္ဆာဘုရင်နှင့် မိစ္ဆာမတို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသော်လည်း မည်သည့်စကားတစ်လုံးမျှ မဆိုကြပေ။

စုန်ယန်သည် ထိုကျောက်စိမ်းပေလွှာကို ရုတ်တရက် လှမ်း၍ ဆွဲကိုင်လိုက်သည်။

မိစ္ဆာမလေးသည် ထိုအခွင့်အရေးကို အသုံးချကာ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် သူမ၏ ခြေဖဝါးနုနုလေးဖြင့် သူ၏ ခြေသလုံးကို ပွတ်သပ်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

“ဒါကို ယီအာ့ဆီကနေ ရဖို့အတွက် မနည်းကြိုးစားခဲ့ရတာ သိရဲ့လား။ သခင်ကြီးအနေနဲ့ ဆင်းအာ့ကို ကောင်းကောင်းလေး ဆုမချချင်ဘူးလားဟင်”

စုန်ယန်က “ဒါက ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို စစ်ဆေးတဲ့အရာလား” ဟု ပြန်မေးလိုက်သည်။

မင်းသမီး ဆင်းအာက “ဟုတ်ပါတယ်ရှင်... အဲဒီအရာပါပဲ” ဟု တိုးညှင်းစွာ ဖြေကြားလိုက်သည်။

စုန်ယန်က တဟားဟားရယ်ကာ “ငါ တစ်ခွန်းမှ မဟရသေးဘူး... မင်းက အလိုက်သိရုံတင်မကဘဲ အပြင်ကိုပါ ယူထုတ်လာပေးတတ်နေပြီပဲ။ တိုးတက်လာတာပဲ” ဟု ပြောလိုက်သည်။

မင်းသမီး ဆင်းအာက တဟီးဟီးရယ်လျက် “ကျွန်မသာ မတိုးတက်ရင် သခင်ကြီးနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါတော့မလဲရှင်” ဟု ပြန်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမသည် ကိုယ်ကို တစ်ပတ်ပြန်လှည့်ကာ လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ဝက်ခန့် ဖိကပ်လျက် သေသေချာချာ ရှင်းပြလိုက်သည်။

“ဒီနေ့အထိ တောင်ပိုင်းမြေရိုင်းဒေသတခွင်မှာ ရှာမတွေ့သေးဘဲ လေလွင့်ကျန်ရစ်နေတဲ့ သွေးမျိုးဆက်တွေ အများကြီး ရှိနေသေးတာ။ ဒါကြောင့် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုက မျိုးနွယ်စုဝင်တိုင်းဆီကို ဒီလို သွေးမျိုးဆက်စစ်ဆေးတဲ့ ကျောက်စိမ်းပေလွှာတွေ ဝေမျှပေးထားတာ။

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အတိတ်က လေလွင့်ကျန်ရစ်ခဲ့တဲ့ မျိုးနွယ်စုဝင်တွေကို အမြန်ဆုံး ပြန်လည်စုစည်းဖို့ပါပဲ။ အကယ်၍ သခင်ကြီးအနေနဲ့ ဒီကျောက်စိမ်းပေလွှာရဲ့ စစ်ဆေးမှုကို အောင်မြင်အောင် ဖြတ်ကျော်နိုင်မယ်ဆိုရင် အထောက်အထားကို သက်သေပြနိုင်မှာပါ။ အလွန်ဆုံးရှိလှ မျက်နှာမဲ့မျက်နှာဖုံးတစ်ခုကိုပါ ထပ်ပေါင်းလိုက်ရင် လုံးဝ ပြီးပြည့်စုံသွားပြီ”

မျက်နှာမဲ့မျက်နှာဖုံးအကြောင်းကို ပြောဆိုလိုက်သည့်အခါတွင်မူ မင်းသမီး ဆင်းအာသည် မသိမသာဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုနေပုံဖမ်းထားသော်လည်း ကွယ်ရာမှ စုန်ယန်၏ မျက်နှာအမူအရာ တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။

စုန်ယန်ကမူ ပေါ်တင်သာ ပြောချလိုက်သည်။

“ဒီမျက်နှာဖုံးက မျိုးရိုးအမွေအနှစ်အရ ဆိုရင်တော့ မင်းရဲ့သား ပိုင်ဆိုင်ရမယ့်အရာပဲ မဟုတ်ဘူးလား”

မင်းသမီး ဆင်းအာသည် သခင်ကြီးက ဤမျှလောက်အထိ ပွင့်လင်းပြတ်သားစွာ ပြောဆိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် တစ်ခဏမျှ ဆွံ့အသွားခဲ့ရပြီးမှ ပြုံးလျက် “ယီအာနဲ့ ကျွန်မ နှစ်ယောက်စလုံးကလည်း သခင်ကြီးရဲ့ ပိုင်ဆိုင်မှုတွေပဲ မဟုတ်လားရှင်” ဟု ပြန်လည်ချွဲနွဲ့လိုက်သည်။

စုန်ယန်သည် ထိုမိစ္ဆာမကို ဂရုမစိုက်တော့ဘဲ လျစ်လျူရှုထားလိုက်သည်။

သူတို့နှစ်ဦးကြားရှိ အကျိုးစီးပွားချင်း လုံးဝဥဿုံ ဆန့်ကျင်ဘက် မဖြစ်သရွေ့ သို့မဟုတ် သူမကို အကျပ်အတည်းတစ်ခုထဲသို့ အတင်းအကြပ် တွန်းပို့ခြင်း မပြုသရွေ့ ဤမိစ္ဆာမသည် သူ့ကို ဘယ်သောအခါမှ ဆန့်ကျင်ဘက် ပြုလုပ်လိမ့်မည် မဟုတ်ပေ။

သွေးကျွန်ရှေးဟောင်းမန္တန်၏ နောက်ပြန်လှန်ရိုက်ခတ်မှုကိုမူ စုန်ယန်အနေဖြင့် ယုံကြည်ချက် အပြည့်အဝ ရှိသည်။

မင်းသမီး ဆင်းအာ၏ စွမ်းအားတစ်ခုတည်းအပေါ် အခြေခံရုံမျှဖြင့် သူ့ကို နောက်ပြန်လှန်ရိုက်ခတ်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

ဤသည်ကား မိစ္ဆာမတစ်ဦး၏ အားသာချက်ပင်။

သူတို့နှစ်ဦးကြားတွင် မည်မျှပင် ရင်းနှီးကျွမ်းဝင်စွာဖြင့် ကာမစည်းစိမ်ကို အတူတကွ ခံစားခဲ့ကြပါစေ မည်သည့် သံယောဇဉ် ခံစားချက်ကိုမျှ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ တစ်ဦးနှင့်တစ်ဦးကြားရှိ အကျိုးစီးပွားတွက်ချက်မှုများကို အေးအေးဆေးဆေး လုပ်ဆောင်နိုင်ကြသဖြင့် မည်

သည့် ကံတရားအကျိုးဆက် သို့မဟုတ် စိတ်မိစ္ဆာများကိုမဆို ကြိုတင်ရှောင်ရှားနိုင်ကြသည်။

ယခုအခိုက်အတန့်တွင်မူ သူသည် သူရှေ့ရှိ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု သွေးမျိုးဆက်

စစ်ဆေးသည့် ကျောက်စိမ်းပေလွှာကို သေသေချာချာ လေ့လာစမ်းသပ်ကြည့်လိုက်သည်။

သူသည် ထိုအရာကို အသာအယာ ဆုပ်ကိုင်ကြည့်လိုက်သည့်အခါ ၎င်းအတွင်းမှနေ၍ နာမ်

ဝိညာဉ်စွမ်းအားတစ်ခု ပြင်းထန်စွာ တိုးဝှေ့ထွက်ပေါ်လာသည်ကို ချက်ချင်း အာရုံခံမိလိုက်ရသဖြင့် သူ၏ နာမ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ကာ အလျင်အမြန်ပင် တုံ့ပြန်ခုခံလိုက်ရသည်။

ထို့နောက်တွင်မူ ထိုစွမ်းအားသည် လျပ်တစ်ပြက်အတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ကျောက်စိမ်းပေလွှာမှာမူ မည်သည့်တုံ့ပြန်မှု အရောင်အဝါမျှ ထွက်ပေါ်လာခြင်း မရှိချေ။

စုန်ယန်သည် မျက်လုံးများကို အသာအယာ မှေးလိုက်ရင်း အတွေးနက်သွားခဲ့သည်။

မင်းသမီး ဆင်းအာကမူ ဘေးနားမှနေ၍ ချိုသာစွာဖြင့် “သခင်ကြီး... အကယ်၍ စစ်ဆေးမှုကို အောင်မြင်ခဲ့မယ်ဆိုရင် ကျောက်စိမ်းပေလွှာကနေ ရွှေဝါရောင် အလင်းတန်းတွေ ထွက်ပေါ်လာမှာပါ။ နာမ်ဝိညာဉ်စွမ်းအား ပိုမိုသန်မာလေလေ ရွှေဝါရောင်အလင်းတန်းက ပိုမိုတောက်ပလေလေပဲ” ဟု ရှင်းပြရှာသည်။

စုန်ယန်က ခေါင်းညိတ်လိုက်ရင်း လွန်ခဲ့သော စက္ကန့်ပိုင်းက ဖြတ်သန်းခဲ့ရသည့် လုပ်ငန်းစဉ်ကို စိတ်ထဲမှ အမြန်ဆုံး ပြန်လည်သုံးသပ်လိုက်သည်။

သူ၏ နာမ်ဝိညာဉ်သည် အလွန်တရာ ထက်မြက်လှသဖြင့် ဤစစ်ဆေးသည့် ကျောက်စိမ်းပေလွှာ၏ အဓိက လုပ်ဆောင်ချက် သဘောတရားကို လျင်မြန်စွာပင် သဘောပေါက်နားလည်သွားခဲ့သည်။

ဤလုပ်ဆောင်ချက် သဘောတရားသည် လူသားလောကရှိ သွေးချင်းစပ်၍ ဆွေးမျိုးတော်စပ်မှု ရှာဖွေခြင်းနှင့် အလွန်တရာ ဆင်တူသည်။

လူသားလောကရှိ သွေးချင်းစပ်ခြင်းမှာမူ လုံးဝဥဿုံ စိတ်မချရသော်လည်း ဤစစ်ဆေးသည့် ကျောက်စိမ်းပေလွှာကမူ အမှန်တကယ်ပင် စိတ်ချရသည်။

နတ်ဘုရားကျောက်စိမ်းပေလွှာသည် အလယ်အလတ်အဆင့်ရှိသော နာမ်ဝိညာဉ်ကျူးကျော်မှုစွမ်းအားကို အသုံးပြု၍ ပစ်မှတ်၏ နာမ်ဝိညာဉ်ခုခံမှုစွမ်းအားကို သဘာဝကျကျ လှုံ့ဆော်ပေးခြင်းဖြင့် ၎င်း၏ မွေးရာပါ နာမ်ဝိညာဉ်စွမ်းအားပမာဏနှင့် နာမ်ဝိညာဉ်ပါရမီအဆင့်အတန်းစသည်တို့ကို စစ်ဆေးပေးခြင်းပင်။

ဤသွေးမျိုးဆက်စစ်ဆေးသည့် ကျောက်စိမ်းပေလွှာကမူ ထိုနတ်ဘုရားကျောက်စိမ်းပေလွှာ၏ အခြေခံလုပ်ဆောင်ချက်အပေါ်တွင် နောက်ထပ် အဆင့်တစ်ခုကို ထပ်မံဖြည့်စွက်ထားခြင်းပင်။ ၎င်းမှာ နမူနာ ရယူခြင်းပင်။

ပစ်မှတ်၏ နာမ်ဝိညာဉ်ထံမှ စွမ်းအင်အရိပ်အယောင် အပိုင်းအစကလေးတစ်ခုကို စုပ်ယူပြီး ကျောက်စိမ်းပေလွှာအတွင်း၌ ကြိုတင်သိမ်းဆည်းထားသော မျိုးနွယ်စုဝင်များ၏ စွမ်းအင်အရိပ်အယောင်များနှင့် တိုက်ဆိုင်စစ်ဆေးကာ ကိုက်ညီမှု ရှိမှသာလျှင် အောင်မြင်မှုအလင်းတန်းကို ထုတ်လွှတ်ပေးခြင်းပင်။

စုန်ယန်သည် သူအနေဖြင့် ရှေးဟောင်းမျိုးနွယ်စုဝင်အဖြစ် ဟန်ဆောင်ရန်အတွက် မျက်နှာမဲ့မျက်နှာဖုံးတစ်ခုတည်းအပေါ်၌သာ လုံးလုံးလျားလျား အားမကိုးခဲ့မိခြင်းကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသွားသည်။

သို့မဟုတ်ပါက ဤအဆင့်သို့ ရောက်ရှိလာသည့်အခါ သူ၏ အတုအယောင် လှည့်ဖြားမှုများမှာ ချက်ချင်းပင် ဗူးပေါ်သျှံပေါ် ဖြစ်သွားရုံမျှမက ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ သူတို့၏ အဆက်မပြတ် လိုက်လံသတ်ဖြတ်ခြင်းကိုပင် ခံရပေလိမ့်မည်။

မင်းသမီး ဆင်းအာသည် ရှေ့သို့ အနည်းငယ် တိုးကပ်လာခဲ့ပြီး ရုတ်တရက် “သခင်ကြီး... ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုထဲကို ဝင်ဖို့ဆိုတာ လုံးဝ မဖြစ်မနေ လိုအပ်တာမျိုးတော့ မဟုတ်ပါဘူးရှင်...” ဟု တိုးတိုးလေး ဆိုလိုက်တော့သည်။

အခန်း။ ၂၉၈

“ယီအာက ခရမ်းရောင်နန်းတော်အဆင့်ကို တက်လှမ်းတော့မှာမို့ ကျွန်မအနားမှာ အဖော်ပြုပေးမယ့်သူတစ်ယောက်ကို ရှာဖွေပေးဖို့ စိတ်ကူးရှိနေတာ။

ကျွန်မ ယီအာ့ကို သင့်အကြောင်း မိတ်ဆက်ပေးပြီး သခင်ကြီးကို အရမ်းသဘောကျတယ်လို့ ပြောလိုက်မယ်။ အဲဒါဆိုရင် သခင်ကြီးက ကျွန်မအနားကို ပေါ်ပေါ်ထင်ထင် သဘာဝကျကျ ရောက်လာနိုင်ပြီး အဲဒီနောက်ကျရင်တော့...”

သူမ၏ စကားပင် မဆုံးသေးမီမှာပင် မင်းသမီး၏ လှပသော မျက်ဝန်းအစုံထဲ၌ ရွှေဝါရောင် အလင်းဖျော့ဖျော့တစ်ခု ရုတ်တရက် လင်းလက်ထင်ဟပ်သွားခဲ့သည်။

သူမသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကာ သူပါးစပ်ကို လက်ဖြင့် အုပ်လျက် မယုံကြည်နိုင်လောက်အောင် အာမေဍိတ်သံ ပြုလိုက်မိတော့သည်။

“ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

သူမ၏ မျက်စိရှေ့မှောက်တွင်မူ လူငယ်လေး၏ လက်ထဲရှိ ကျောက်စိမ်းပေလွှာသည် ရွှေဝါရောင် အလင်းတန်းများကို တောက်ပစွာ ထုတ်လွှတ်နေပြီး ထိုအလင်းတန်းမှာ တစ်ချက်တစ်

ချက်တွင် မှိန်ဖျော့သွားကာ အခန်းငယ်လေးကိုသာ လင်းထိန်စေသည့် ဖယောင်းတိုင်

မီးတောက်ကလေးပမာ ရှိနေသော်လည်း အခြားတစ်ချက်တွင်မူ တစ်ခန်းလုံးကို လင်းထိန်သွားစေသည့် ကြီးမားသော မီးလုံးကြီးတစ်ခုပမာ တဖိတ်ဖိတ် တောက်လောင်နေခဲ့သည်။

“ဒါ မဖြစ်နိုင်တာ... ကျောက်စိမ်းပေလွှာကြီး ပျက်စီးသွားတာလား ဒါ... မဟုတ်ဘူး... မဖြစ်နိုင်ဘူး...”

မင်းသမီးသည် ဤကဲ့သို့သော မယုံကြည်နိုင်စရာ မြင်ကွင်းကြောင့် ဆွံ့အကာ အံ့ဩနေခဲ့ရသည်။

စုန်ယန်က “ငါက အစကတည်းက ပုံသဏ္ဌာန်မဲ့မျိုးနွယ်စုက ပေါက်ဖွားလာတဲ့သူပဲဟာ... ဒါကြောင့် ဒီလိုအရာမျိုးက ငါ့အတွက်တော့ ဘာမှ မခက်ခဲပါဘူး” ဟု ပြောလိုက်သည်။

မင်းသမီးက မနေနိုင်ဘဲ “ဒါပေမဲ့ သခင်ကြီးရဲ့ မျိုးရိုးအမည်က ကျန်းပဲ မဟုတ်ဘူးလား...” ဟု လွှတ်ခနဲ မေးမိသွားသည်။

စုန်ယန်က တည်ငြိမ်အေးဆေးစွာဖြင့် “ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက ငါ့ကို မွေးစားခဲ့တဲ့ လယ်သမားကြီးရဲ့ မျိုးရိုးအမည် ဖြစ်နေလို့ပဲ။ ငါ့ရဲ့ စစ်မှန်တဲ့ မျိုးရိုးအမည်က ဘာလဲဆိုတာ ငါကိုယ်တိုင်လည်း မသိဘူး။ ငါက စွန့်ပစ်ခံခဲ့ရတဲ့ ကလေးငယ်တစ်ယောက်သာသာပဲ” ဟု ပြောလိုက်သည်။

လွန်ခဲ့သော စက္ကန့်ပိုင်းက သူသည် စွန့်စားမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဖုန်းချန်ဇီထံမှ ရရှိထားသော နတ်ဘုရားသန္ဓေသား၏ စွမ်းအင်အရိပ်အယောင်ကလေးတစ်ခုကို ကျောက်စိမ်းပေလွှာအတွင်းသို့ တိတ်တဆိတ် ထည့်သွင်းကြည့်ခဲ့ခြင်းပင်။

ထင်မှတ်မထားရဘဲ ထိုကျောက်စိမ်းပေလွှာသည် ၎င်းစွမ်းအင်ကို အပြည့်အဝ တိုက်ရိုက် လက်ခံသွားခဲ့ချေသည်။

အလင်းတန်း၏ လင်းထိန်မှု အင်အားပမာဏမှာမူ သူ၏ စိတ်တိုင်းကျ ထိန်းချုပ်မှုအောက်တွင်သာ ရှိသည်။

ယခုအခါတွင် သူ၏ နာမ်ဝိညာဉ်စွမ်းအားသည် သာမန် ကျောက်စိမ်းပေလွှာတစ်ခုမျှဖြင့် စစ်ဆေး၍မရနိုင်လောက်အောင် ခြောက်ခြားဖွယ် ကောင်းလှသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူက နာမ်ဝိညာဉ်ကို သန်မာစေချင်လျှင် သန်မာစေနိုင်ပြီး အားနည်းဟန် ဆောင်ချင်လျှင်လည်း မည်သူမျှ ရိပ်မိနိုင်မည် မဟုတ်ပေ။

ပိုမိုကောင်းမွန်လှသောအချက်မှာ သူ၏ လက်ရှိကျင့်ကြံဆင့်မှာ ထူးကဲချီ သန့်စင်ခြင်းအဆင့်၏ သတ္တမမြောက်အလွှာ၌သာ ရှိနေသေးခြင်းပင်။

ထူးကဲချီ သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသော ကောင်လေးတစ်ယောက်က ဤကဲ့သို့ လှည့်ဖြားအတုအယောင်များ ပြုလုပ်နေလိမ့်မည်ဟု မည်သူကမှ သံသယဝင်မည်မဟုတ်ပေ။

ထိုကဲ့သို့သော ဆန်းကြယ်လှသည့် သဘောတရားကို တွေးတောရင်း စုန်ယန်သည် သူ၏ ဖြူစင်

ဝင်းပသော သွားအစုံ ပေါ်ထွက်လာသည်အထိ ဖြဲပြုံးပြုံးလိုက်ပြီး ဟင်း….ဟင်း…ဟင်…ဟု မိစ္ဆာဆန်စွာ ရယ်မောလိုက်တော့သည်။

ထို့နောက်တွင်မူ သူသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ကောင်းကင်ယံထက်သို့ မြှောက်လျက် “ဒီနေ့တော့ ငါ ဘယ်သူလဲဆိုတာ ငါ နောက်ဆုံးတော့ သိလိုက်ရပြီဟေ့

ဒီနေ့တော့ ငါက ပုံသဏ္ဌာန်မဲ့မျိုးနွယ်စုဝင်တစ်ယောက်ဆိုတာ ငါ ကောင်းကောင်းကြီး သိလိုက်ရပြီ။ ငါ အိမ်ပြန်ရတော့မယ်။ ငါ နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ်” ဟု အော်ဟစ်လိုက်တော့သည်။

မင်းသမီးမှာမူ ဘေးနားမှနေ၍ လုံးဝ ဆွံ့အမှင်တက်လို့ နေခဲ့ရသည်။

သူမအနေဖြင့် အခြေအနေအရပ်ရပ်ကို လုံးဝ နားမလည်နိုင်တော့ပေ။

သူမ၏ မျက်စိထဲတွင်မူ သခင်ကြီး၏ ဆန်းကြယ်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားများသည် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သဖြင့် စိတ်ထဲမှ ခြောက်ခြားရသလို တစ်ဖက်မှလည်း လွန်စွာ ဝမ်းမြောက်မိသွားသည်။

မိစ္ဆာမများသည် သဘာဝကျကျပင် အစွမ်းထက်သော အားကြီးသူများကို မြတ်နိုးတတ်ကြပြီးအထူးသဖြင့် သူတို့ဘက်တော်သားဖြစ်သော ကျောထောက်နောက်ခံ အင်အားကြီးသူများကို ပိုမို၍ မျက်နှာသာပေးတတ်ကြသည်။

တစ်ခဏတာ အံ့ဩမှင်တက်သွားပြီးနောက် သူမသည် စုန်ယန်၏ ရင်ခွင်ထဲသို့ တစ်ကိုယ်လုံး ပစ်ဝင်လိုက်ပြီး တဟီးဟီးရယ်လျက် “သခင်ကြီးအတွက် ဂုဏ်ယူပါတယ်ရှင်... သခင်ကြီးအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ်နော်။ ဒါပေမဲ့ ယီအာနဲ့ ကျွန်မကိုတော့ ဘယ်သောအခါမှ မေ့မပစ်လိုက်ပါနဲ့ဦးရှင်” ဟု ပြောလိုက်သည်။

စုန်ယန်သည် သူမ၏ ဆံနွယ်များကို သာသာယာယာ ပွတ်သပ်ပေးရင်း အတွေးနက်သွားခဲ့ပြီး ထို့နောက်တွင်မူ မင်းသမီးနှင့်အတူ လိုအပ်သော အချက်အလက်များကို အပြန်အလှန် ဖလှယ်ကာ နက်နဲလှသော အစီအစဉ်များကို စတင်ရေးဆွဲကြလေတော့သည်။

...

...

မျက်စိတစ်မှိတ်အတွင်းမှာပင် လအနည်းငယ် ကုန်လွန်သွားခဲ့သည်။

နွေရာသီ၏ အပူရှိန်က အထွတ်အထိပ်သို့ ရောက်ရှိနေကာ ရှေးဆန်လှသော ဥယျာဉ်တော်ကြီးတစ်ခုအတွင်း၌ ပုရစ်ကောင်များ၏ အော်မြည်သံများမှာ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များပမာ ပဲ့တင်ထပ်လို့နေခဲ့သည်။

ထိုဥယျာဉ်တော်ကြီးမှာ လူသားလောက၌ တည်ရှိခြင်း မဟုတ်ဘဲ သီးသန့်နတ်ဘုရားနယ်မြေတစ်ခုနှင့် ဆက်စပ်၍ တည်ရှိနေခြင်းပင်။

အကယ်၍ သော့ချက်မရှိပါက မည်သူမျှ ဤသီးသန့်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်သလို ပြင်ပလောကမှနေ၍ မည်မျှပင် အဆင့်မြင့်မားလှသော အချီအာရုံခံအတတ်ပညာဖြင့် ကြည့်ရှုပါစေ မည်သည့် ထူးခြားဆန်းပြားမှုကိုမျှ ရိပ်မိနိုင်မည် မဟုတ်ပေ။

ထိုဥယျာဉ်တော်ကြီး၏ အဝင်ဝတွင်မူ လူသုံးဦး၏ ပုံရိပ်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုသူများမှာ စုန်ယန်၊ ထန်ယီနှင့် မင်းသမီးတို့ ဖြစ်ကြသည်။

ထန်ယီက စုန်ယန်၏ ပုခုံးကို ခင်မင်ရင်းနှီးစွာ ပုတ်လိုက်ပြီး “ဟန်လေး... မင်းအနေနဲ့ သိပ်ပြီး ရင်ခုန်စိတ်လှုပ်ရှားမနေပါနဲ့။ ဒီနေရာက ငါတို့ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုရဲ့ မျိုးရိုးအမြုတေ သီးသန့်နယ်မြေ ဖြစ်နေပေမယ့်လည်း တစ်ဖက်ကကြည့်ရင် ဒါဟာ မင်းရဲ့ အိမ်စစ်စစ်ပါပဲ။ အခု ငါ မင်းကို မျိုးနွယ်စုထဲက အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ ခေါ်သွားပေးမယ်။ မင်းအနေနဲ့ စစ်ဆေးမှုကို အောင်မြင်အောင် ဖြတ်ကျော်ပြီး မျိုးနွယ်စုရဲ့ မှတ်တမ်းစာအုပ်ထဲမှာ အမည်စာရင်း သွင်းနိုင်ရင်ပဲ အရာရာတိုင်း အဆင်ပြေသွားမှာပါ” ဟု ပြောလိုက်သည်။

သူ့ထံမှနေ၍ မွေးရာပါ တွန်းလှန်၍မရနိုင်သော ခေါင်းဆောင်ကောင်းတစ်ဦး၏ ဆွဲဆောင်မှု အရှိန်အဝါများ ထွက်ပေါ်နေပြီး သူက သက်ပြင်းချရင်း “ငါ ဒီနေရာကို ပထမဆုံး စတင်ရောက်ရှိလာတုန်းကလည်း မင်းလိုပါပဲ... တစ်ကိုယ်လုံး တုန်ရင်နေပြီး မျက်လုံးကို မော့ကြည့်ဖို့တောင် ကိုယ့်ကိုကိုယ် အားငယ်စိတ်တွေ ဝင်နေခဲ့တာ။

ဒါပေမဲ့ အဲဒီအရာတွေအားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။

မင်းနဲ့ငါက တောင်ပိုင်းမြေရိုင်းဒေသကနေ အတူတူ လာခဲ့ကြတာဖြစ်ပြီး နှစ်ယောက်စလုံးကလည်း ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုဝင်တွေ ဖြစ်နေကြတာဆိုတော့ ဒါဟာ တကယ့်ကို ကံကြမ္မာရဲ့ အလိုကျပါပဲ။ ငါတို့က မျိုးနွယ်စုတူရုံတင်မကဘဲ ငါတို့နှစ်ယောက်ကြားက ပတ်သက်မှုက ပိုပြီးတော့ နက်ရှိုင်းသင့်တာမို့ ငါတို့ ဘာလို့..."

ထန်ယီသည် ခဏမျှ စဉ်းစားလိုက်ရာ သူ၏ ခန့်ညားလှသော မျက်နှာပြင်ပေါ်တွင် တွေးတောဆင်ခြင်မှု အမူအရာကလေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားသော်လည်း သူက သိပ်ပြီး တုံ့ဆိုင်းမနေတော့ဘဲ “ငါတို့ နောက်ဆို ညီအစ်ကိုတွေလိုပဲ သဘောထားပြီး ခေါ်ကြတာပေါ့။ ငါက အသက်နည်းနည်း ပိုကြီးတာမို့ မင်းက...” ဟု ဆက်ပြောရန် ဟန်ပြင်လိုက်သည်။

သူ့စကားပင် မဆုံးသေးမီမှာပင် မင်းသမီးက ကြားဖြတ်၍ “ယီအာ... မင်းတို့နှစ်ယောက်ရဲ့ အသက်အရွယ် ကွာခြားချက်က ကြီးမားလွန်းတာကို ဘယ်လိုလုပ်ပြီး ညီအစ်ကိုတွေလို ခေါ်လို့ဖြစ်မှာလဲ” ဟု ဟန့်တားလိုက်တော့သည်။

မိခင်ဖြစ်သူ၏ စကားကို အမြဲတမ်း မြေဝယ်မကျ နားထောင်လေ့ရှိသော ထန်ယီသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ပြုံးလိုက်ပြီး “ဒါဆိုရင်လည်း ငါတို့က အချင်းချင်း ဦးလေးတို့၊ အဘိုးတို့လို့ ခေါ်နေလို့လည်း မဖြစ်ဘူးမလား အဲဒီလိုကျတော့လည်း အလှမ်းကွာလွန်းရာ ကျမနေဘူးလား” ဟု ပြောလိုက်သည်။

မင်းသမီးက “မင်းတို့ နှစ်ယောက်စလုံးက တောင်ပိုင်းမြေရိုင်းဒေသက လာကြတာဖြစ်ပြီး မျိုးနွယ်စုတူရုံတင်မကဘဲ နေရပ်တူ ဇာတိတူတွေလည်း ဖြစ်ကြတာဆိုတော့ သဘာဝကျကျပဲ ရင်းနှီးပြီးသားပါ။ အဲဒီတော့ ဒီလို လူ့လောကရဲ့ သာမန် အခေါ်အဝေါ် ရာထူးအဆင့်အတန်းတွေနဲ့ ရှုပ်ထွေးအောင် လုပ်နေဖို့ ဘာလိုလို့လဲ” ဟု ပြောလိုက်သည်။

မိစ္ဆာအဘိုးအိုကြီးက သူ၏ သားဖြစ်သူကို "အစ်ကိုကြီး၊ ဦးလေး သို့မဟုတ် အဘိုး" ဟု ခေါ်ဆိုနေမည့် မြင်ကွင်းမျိုးကို သူမအနေဖြင့် စိတ်ကူးထဲမှာပင် ထည့်မတွေးရဲသဖြင့် အလျင်အမြန်ပင် ကြားဖြတ်ဟန့်တားခဲ့ခြင်းပင်။

ထန်ယီက တဟားဟားရယ်မောလျက် “ဒါလည်း ဟုတ်တာပါပဲ” ဟု ပြောလိုက်သည်။

ထို့နောက်တွင် သူက လူကြီးတစ်ဦး၏ အမူအရာမျိုးဖြင့် စုန်ယန်၏ ပုခုံးကို သေသေချာချာ ပုတ်ပေးရင်း “စုန်... မဟုတ်ဘူး မင်းကို နောက်ဆို တန်ဟန်လို့ပဲ ခေါ်ရတော့မယ်။ စိတ်အေးအေးထားပါ။ ဒေါင်ဖန်းစိန့်ရဲ့ ကိစ္စရပ်တွေကို ငါ မင်းအတွက် လုံးဝဖုံးကွယ် ပေးထားပြီးပါပြီ။

ဒီတစ်ခေါက် စမ်းသပ်စစ်ဆေးပွဲမှာ ငါတို့မျိုးနွယ်စုက ကျင့်ကြံသူတွေ အများအပြား ထိခိုက်သေဆုံးခဲ့ကြရပြီး ဒေါင်ဖန်းစိန့်လည်း အဲဒီထဲမှာပဲ သေဆုံးသွားခဲ့ရတာ။ မင်း ပြောခဲ့တဲ့ မင်းကို ကွယ်ရာက ချောင်းမြောင်းစောင့်ကြည့်နေပြီး ရတနာတွေကို လုယူချင်နေတဲ့ ရန်ငြိုးရန်စ ရှိတဲ့သူနဲ့ ပတ်သက်လို့ကတော့ မင်းဘာသာမင်း အေးအေးဆေးဆေး ဖြေရှင်းရမယ့် ကိစ္စပဲ။ ငါ အဲဒီထဲကို ကြားဖြတ်ဝင်ရောက်တာမျိုး သို့မဟုတ် လက်လှမ်းတာမျိုး လုပ်မှာ မဟုတ်ဘူး။

ဒီလို ရန်သူတစ်ယောက် ရှိနေတာက ဒီရန်သူကို ကြီးထွားအောင် မွေးမြူထားပြီး နောင်ကျမှ ကိုယ်တိုင် လက်စားချေတာက မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံဆင့်တိုးတက်ဖို့အတွက် အများကြီး အကျိုးရှိစေလိမ့်မယ်” ဟု ပြောလိုက်သည်။

စုန်ယန်က လက်သီးဆုပ် ဂါရဝပြုလျက် “အစ်ကိုယီကို ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု ပြောလိုက်သည်။

မင်းသမီးမှာမူ ဤမြင်ကွင်းကို ဆက်၍ ကြည့်မနေရဲတော့ချေ။

ထိုညက လျှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် သူမသည် ထန်ယီကို ဤအစီအစဉ်ငယ်လေးထဲသို့ ဆွဲသွင်းရန် အခွင့်အရေးကို သဘာဝကျကျပင် ရှာဖွေခဲ့ခြင်းပင်။

စုန်ယန်၏ အကြောင်းပြချက်မှာမူ "ဒေါင်ဖန်းစိန့်က ငါ့အပေါ် ရန်ငြိုးရန်စ ရှိနေခဲ့တာ။ ငါ့ဘက်ကလည်း မျက်နှာမဲ့မျက်နှာဖုံးရဲ့ အထောက်အထားကို ဘယ်လိုမှ မဖော်ပြရဲခဲ့ဘူးလေ။ အဲဒီကြားထဲ သာမန်ကျင့်ကြံသူတစ်ဦးကပါ ငါ့အပေါ် သံသယဝင်ပြီး ရတနာတွေကို လုဖို့ ကြံစည်နေခဲ့သေးတာ။

အဲဒါကြောင့်ပဲ ငါက ဒေါင်ဖန်းစိန့်ကို သတ်ပစ်ပြီး သူ့နေရာမှာ ဟန်ဆောင်ခဲ့ရတာပေါ့။ ပြီးတော့ အကူအညီရဖို့အတွက် မင်းသမီးဆီကို တိတ်တဆိတ် သွားပြီး အကူအညီတောင်းခဲ့ရတယ်။

ကရုဏာစိတ် အပြည့်ရှိတဲ့ မင်းသမီးကလည်း ငါက ပုံသဏ္ဌာန်မဲ့မျိုးနွယ်စုဝင်စစ်စစ်

ဖြစ်မှန်း အတည်ပြုပြီးတဲ့နောက်မှာတော့ ထန်ယီနဲ့ တွေ့ပေးဖို့အတွက် ငါ့ကို အလောတကြီး ခေါ်လာခဲ့တာ” ဟူ၍ပင်။

ထိုအကြောင်းပြချက်များကြောင့်ပင် ထန်ယီသည် ဖုံးကွယ်ထား​သော နဂါးအသင်းအဖွဲ့ အောင်

နိုင်သူများအတွက် သတ်မှတ်ထားသော အခြေခံ စစ်ဆေးမှုအဆင့်ကို အနည်းငယ် ပိုမိုမြှင့်တင်ပေးခဲ့ခြင်းပင်။

အမှန်စင်စစ် ဤအောင်နိုင်သူ ကျင့်ကြံသူများထဲတွင် ကျင်းအင်ပါယာနိုင်ငံတော်၏ ဂိုဏ်းကြီးငါးခုမှ ကျင့်ကြံသူများသာမက ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ လက်အောက်ခံနိုင်ငံငယ်များမှ ကျင့်ကြံသူအများအပြားလည်း ပါဝင်သည်။

ဟိုမှသည်မှ စုစည်းလိုက်သည့်အခါတွင်မူ ဤစစ်ဆေးမှု ပြိုင်ပွဲကြီးအတွင်း၌ ပါဝင်ယှဉ်ပြိုင်ကြမည့်သူ စုစုပေါင်း လူတစ်ရာကျော်ခန့် ရှိနေခဲ့ပြီ ဖြစ်သည်။

All Chapters