← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇) အပြစ်ပေးတာလား

နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် လူတိုင်းက လျှို့ဝှက်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သည်များကို တွေးတောမိသွားကြပြီး အနည်းငယ် အံ့အားသင့်ကာ သံသယဖြစ်သွားကြ၏။

‘အဲဒီတုန်းက ချင်းယိုအင်ပါယာရဲ့ တော်ဝင်မိသားစုသာ နိုးလာခဲ့ပုံရတယ်... ဒါက ငါတို့ရှေ့က လူငယ်လေးရဲ့ လက်ချက် တကယ်ပဲ ဖြစ်နိုင်ပါ့မလား’

အခြားသူများက သံသယဖြစ်နေဆဲဖြစ်ကြောင်း မြင်ချိန်တွင် နန်ကုန်းယွီက များများစားစား မပြောတော့ဘဲ ပြုံးကာ ပြောဆိုလိုက်သည်။

"စတုတ္ထမြောက် ဘိုးလေး... အစ်မရွှယ်နဲ့ ကျွန်တော် ပြောစရာတချို့ ရှိလို့ ခွင့်ပြုပါဦး... ချင်းယိုအင်ပါယာကို ရောက်ရင် ကျွန်တော်တို့ကို ခေါ်လိုက်ပါ"

ထိုသို့ပြောပြီးနောက် နန်ကုန်းယွီက ချင် မင်းသား နှင့် အခြားသူများတွင် မေးခွန်းများ ရှိနေသေးသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လျစ်လျူရှုလိုက်ပြီး နန်ကုန်းရိုရွှယ်ကို အခန်းတစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့သည်။

ဤသည်ကို မြင်ချိန်တွင် အချို့လူများက အနည်းငယ် မျက်မှောင်ကြုတ်သွားကြသော်လည်း ချင်မင်းသား ကို တစ်ချက်ကြည့်ပြီးနောက် ဘာမှထပ်မပြောကြတော့ချေ။

သို့သော် ချင်ဝူဟွေ့က အနည်းငယ် ပြုံးလိုက်ပြီး လူတိုင်းကို ခေါင်းညိတ်ပြကာ မတ်တတ်ရပ်၍ နန်ကုန်းယွီ၏ အခန်းဆီသို့ သွားခဲ့၏။

သူက မားမားမတ်မတ် ရပ်တည်နေသော ရုပ်တုတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေပြီး ဂရုမစိုက်သော အေးစက်စက် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။

သူ၏ ကိုယ်ဟန်က ထင်းရှူးပင်တစ်ပင်ကဲ့သို့ ဖြောင့်မတ်နေပြီး အဝေးသို့ မလှုပ်မယှက် ငေးကြည့်နေသော်လည်း မသိမသာ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုက သူ၏ မျက်လုံးများထဲတွင် ရံဖန်ရံခါ ဖြတ်ပြေးသွားတတ်ပေသည်။

ထိုအရာက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသော သတ်ဖြတ်ခြင်း အသိဉာဏ်အလင်းပွင့်ခြင်း၏ ပြယုဂ်ဖြစ်ပြီး အခြားသူများကို အနီးကပ် မလာရန် သတိပေးနေပုံရ၏။

ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် ချင်မင်းသား နှင့် သူ၏အဖွဲ့သာမက ဝိညာဉ်အရှင်မြတ်အဆင့် နှစ်ဦးဖြစ်သော သခင်ကြီး ကျန်း တို့ပင်လျှင် ချင်ဝူဟွေ့ကို အထင်မသေးရဲကြချေ။

ချင်ဝူဟွေ့က မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ရသော စစ်မှုသားဟောင်းတစ်ဦး ဖြစ်ပြီး သတ်ဖြတ်ခြင်း တာအိုကိုပင် ကျွမ်းကျင်ပိုင်နိုင်ထားသူ ဖြစ်သည်။ ရွယ်တူများထဲတွင် မည်သူက သူ့ကို အထင်သေးရဲမည်နည်း။

အခန်းအတွင်း၌ နန်ကုန်းယွီနှင့် နန်ကုန်းရိုရွှယ်တို့ ဝင်ရောက်သွားကြသည်။ နန်ကုန်းယွီက သူ၏ နောက်သို့ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ရိုးရှင်းပုံရသော ဖုံးကွယ်ခြင်း ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်၏။

"ရှောင်ယွီ... ဘာဖြစ်လို့လဲ"

နန်ကုန်းရိုရွှယ်က နန်ကုန်းယွီကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ပြီး သံသယဖြင့် မေးမြန်းလိုက်သည်။နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်၏။

"အစ်မရွှယ်... အရမ်းကြီး စိတ်မပူပါနဲ့... ဝင်္ကပါက စိတ်ကူးပေါက်လို့ ဖန်တီးလိုက်တာပါ... အစ်မကို ကျွန်တော် အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့တဲ့ ကိစ္စတစ်ခုကို ရှင်းပြဖို့ စီစဉ်နေတာ"

"အိုး..."

'ဖုံးကွယ်' ဆိုသော စကားလုံးကို ထပ်မံကြားချိန်တွင် နန်ကုန်းရိုရွှယ်က နောက်ဆုံး၌ စိတ်ဝင်စားသွားခဲ့သည်။

"ရှောင်ယွီ... အစ်မကို ဘာပြောချင်လို့လဲ"

နန်ကုန်းယွီက တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြောဆိုလိုက်၏။

"အစ်မကို ကျွန်တော် ပြောပြမယ်... အစ်မ ကျွန်တော့်ကို ဒေါသမထွက်ရဘူးနော်"

နန်ကုန်းရိုရွှယ်က ပြုံးလိုက်ပြီး ရှေ့သို့လှမ်းကာ သူ့ကို ဖက်ထားရင်း ရယ်မောလိုက်သည်။ "စိတ်လျှော့ပါ... မင်းအစ်မကို ဖုံးကွယ်ထားတာ မင်းမှာ အကြောင်းပြချက်တွေ ရှိလို့နေမှာပေါ့... အစ်မက ဘယ်လိုလုပ်ပြီး စိတ်ဆိုးနိုင်မှာလဲ"

ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက ခေါင်းကို ကုတ်ကာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။ ထို့နောက် သူက ပြောဆိုလာ၏။

"အစ်မရွှယ်... တကယ်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်က ဝိညာဉ်အရှင်မြတ်အဆင့် အလယ်အလတ်အဆင့်ကို ရောက်နေပြီဆိုတာ အမေ့ကို ပြောပြခဲ့ပြီးပြီ"

ဤသည်ကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားတော့သည်။

"ဘာ... လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက မင်းရဲ့ ကျင့်ကြံမှုက တက်လှမ်းသွားပြီ ဟုတ်လား...

ဝိညာဉ်အရှင်မြတ်အဆင့်ကိုလေ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"အင်း..."

နန်ကုန်းယွီက ခေါင်းညိတ်ကာ အနည်းငယ် ပြုံးလိုက်၏။

"အစ်မရွှယ်... လျှို့ဝှက်ဆန်းကြယ်သူကို မေ့သွားပြီလား... ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပေးတာလေ... ကျွန်တော်က ပထမဆုံး အကျိုးခံစားခွင့်ရသူပဲ"

ဤရှင်းပြချက်ကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

"ဒါဆို လျှို့ဝှက်ဆန်းကြယ်သူရဲ့ ကျေးဇူးကြောင့် အဲဒီတုန်းကတည်းက မင်းမှာ ဝိညာဉ်အရှင်မြတ်အဆင့် အလယ်အလတ်အဆင့်ရဲ့ စွမ်းအားတွေ တကယ်ရှိနေပြီပေါ့"

"အင်း..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ဒါပေမဲ့ အမေက ကျွန်တော့်အတွက် စိတ်ပူလို့ ကျွန်တော့်ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားခိုင်းခဲ့တယ်... အဲဒါကို ဝှက်ဖဲတစ်ကတ် ချန်ထားတယ်လို့ မှတ်ယူလို့ ရတာပေါ့"

နန်ကုန်းရိုရွှယ်က တွေးတောနေပုံဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျွီပေ တောင်ကြားစခန်း အပြင်ဘက် တိုက်ပွဲတွေနဲ့ နောက်ပိုင်း ခရီးသွားနေတုန်း ငါ့ကို ကူညီပေးဖို့ မင်း အဲဒီမှာ ရှိနေခဲ့လို့ အန္တရာယ်တွေကို အမြဲတမ်း ဘေးကင်းအောင် ပြောင်းလဲနိုင်ခဲ့တာပေါ့ "

"အစ်မရွှယ်ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဆိုဖြေရှင်းနိုင်မှာပါ... ဒါပေမဲ့ ဒဏ်ရာရသွားဖို့ များတယ်လေ... ဒါကြောင့် ကျွန်တော် ဝင်ပါခဲ့တာပါ... အစ်မရွှယ် ကျွန်တော့်ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်"

နန်ကုန်းယွီက နန်ကုန်းရိုရွှယ်၏ လက်မောင်းကို ကိုင်ထားရင်း အနည်းငယ် အနေရခက်စွာ ပြုံးလိုက်၏။

နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းယမ်းကာ ပြုံးလိုက်သည်။

"ရှောင်ယွီ... အရမ်း မတွေးပါနဲ့... မင်းက မင်းအစ်မကို ကာကွယ်ဖို့ ကြိုးစားရုံပါပဲ... အစ်မက မင်းကို ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ"

ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက သက်သာရာရသွားသလို သက်ပြင်းချဟန်ဆောင်လိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်မရွှယ် "

နန်ကုန်းရိုရွှယ်က မျက်တောင်ကို ညင်သာစွာ ခတ်လိုက်ပြီးနောက် နောက်ပြောင်လိုက်သည်။ "အိုး... ရှောင်ယွီက တကယ်ပဲ ကျေးဇူးတင်တယ်လို့ ပြောလိုက်တာလား... မင်းက ငါ့ကို အစ်မကြီးတစ်ယောက်လို မဆက်ဆံဘူးပဲ"

နန်ကုန်းယွီက သူမ၏ ဆိုလိုရင်းကို သိပ်နားမလည်ဘဲ တွေဝေသွားပုံရကာ သူမကို မေးခွန်းထုတ်သည့် အမူအရာဖြင့် ကြည့်လိုက်၏။

သို့သော် ထို့နောက် နန်ကုန်းရိုရွှယ်က ရယ်မောကာ ပြောဆိုလာသည်။ "မင်း မှားယွင်းတဲ့ စကားတွေ ပြောခဲ့တဲ့အတွက် ပြစ်ဒဏ်အနေနဲ့ မင်းကို ငါ အပြစ်ပေးမယ်"

"အစ်မရွှယ်က ကျွန်တော့်ကို ဘယ်လို အပြစ်ပေးဖို့ စီစဉ်ထားလဲဆိုတာ ကျွန်တော် သိချင်မိတယ်..." နန်ကုန်းယွီက နားမလည်သလို ဟန်ဆောင်ကာ မျက်တောင်ခတ်လိုက်၏။

နန်ကုန်းရိုရွှယ်က အရမ်း စိတ်ခံစားချက် ကောင်းနေတယ်ဆိုတာကို သူ ဘယ်လိုလုပ် မမြင်ဘဲ နေမှာလဲ... ဒီအပြစ်ပေးခြင်းနဲ့ ပတ်သက်ပြီးတော့ကော။

ကြည့်ရတာတော့…

အခန်း (၁၇၈) အဲဒီလို လုပ်လို့ ရလို့လား

‘တကယ်ပဲ’

နန်ကုန်းရိုရွှယ်က ရယ်မောကာ ပြောဆိုလိုက်၏။ "အပြစ်ပေးတဲ့အနေနဲ့ မင်းက မင်းအစ်မကို ဘယ်တော့မှ ခွဲမသွားဖို့ တားမြစ်မယ်... ပြီးတော့ အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်... ဘယ်လိုလဲ..."

နန်ကုန်းယွီ၏ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားပြီး ပြုံးကာ ပြောဆိုလိုက်သည်။ "သေချာတာပေါ့... ကျွန်တော်က အစ်မရွှယ်နဲ့ အမြဲတမ်း အတူတူရှိနေပြီး အစ်မကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ"

"သိရင် ပြီးတာပဲ..."

နန်ကုန်းရိုရွှယ်က ရယ်မောလိုက်ပြီး သူမ၏ ဖီးနစ်မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ဒါပေမဲ့ ဒီအရာက ပထမဆုံး အပြစ်ပေးမှုပဲ ရှိသေးတယ်"

နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး နောက်တစ်ပိုင်းကို စောင့်နေလိုက်သည်။

နန်ကုန်းရိုရွှယ်က အနီးသို့ တိုးကပ်လာပြီး ရယ်မောလိုက်၏။ "ဒုတိယ အပြစ်ပေးမှုကတော့... အခုကစပြီး မင်းအစ်မက မင်းနဲ့ နီးနီးကပ်ကပ် နေချင်ရင် မင်း ငြင်းဆန်လို့ မရဘူး "

ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက မျက်တောင်ခတ်လိုက်သော်လည်း မရယ်မောဘဲ မနေနိုင်ခဲ့ချေ။

"အစ်မရွှယ်... ဒီလိုကိစ္စမျိုးကို ငြင်းဆန်ပိုင်ခွင့် ကျွန်တော့်မှာ ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ "

ဤသည်ကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က အော်ဟစ်ရယ်မောလိုက်၏။ "အဲဒါ အမှန်ပဲ..."

နန်ကုန်းယွီက အလျင်အမြန် မေးမြန်းလိုက်သည်။ "အစ်မရွှယ်... တခြား အပြစ်ပေးစရာတွေ ရှိသေးလား... တစ်ခါတည်း အကုန်ပြောပြလိုက်ပါလား"

ဤသည်ကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က တွေးတောနေသည့် အမူအရာကို မပြဘဲ မနေနိုင်ခဲ့ချေ။ ထို့နောက် ပြုံးကာ ပြောဆိုလိုက်၏။

"တတိယမြောက် အပြစ်ပေးမှုနဲ့ ပတ်သက်ပြီးတော့..."

သူမက အလေးအနက် တွေးတောနေဟန်ဆောင်နေသော လှပသည့် မျက်နှာလေးကို ကြည့်ရင်း နန်ကုန်းယွီက အနည်းငယ် ပြုံးကာ မေးမြန်းလိုက်သည်။

"အစ်မရွှယ်... တတိယမြောက် အပြစ်ပေးမှုက ဘာလဲ..."

နန်ကုန်းရိုရွှယ်က ရယ်မောလိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။ "တတိယမြောက် အပြစ်ပေးမှုကို ငါ မဆုံးဖြတ်ရသေးဘူး... အဲဒါကို နောက်မှချန်ထားရင် ဘယ်လိုလဲ"

ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် အံ့အားသင့်သွားပြီး ဒီလိုလုပ်လို့ ရသလားဟု တွေးလိုက်မိသည်။

သို့သော် ထို့နောက် သူက ပြုံးကာ ပြောဆိုလိုက်၏။ "ရပါတယ်... အစ်မရွှယ် ပြောတဲ့အတိုင်း အကုန်လုပ်ပါ့မယ်..."

အဖြေတစ်ခု ရရှိပြီးနောက် နန်ကုန်းရိုရွှယ်က မပြုံးဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ ဝမ်းသာမှုများက လျှံကျလုနီးပါး ဖြစ်နေ၏။

သူမ၏ ဇာမဏီမျက်လုံးများထဲတွင် အပြုံးတစ်ခုနှင့်အတူ သူမက နန်ကုန်းယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တိုးတိတ်စွာ ပြောဆိုလိုက်သည်။ "ရှောင်ယွီ... ငါ နည်းနည်း ပင်ပန်းနေပြီ... ငါနဲ့အတူ ခဏလောက် လှဲနေပေးမလား"

ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက သူမကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်ခုံးများကြားရှိ မသိမသာ ပင်ပန်းနွမ်းနယ်နေမှုကို သတိပြုမိသွားပြီး သူ့ကို အနည်းငယ် လန့်သွားစေခဲ့၏။

တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီးနောက် နန်ကုန်းယွီက နှလုံးသားနာကျင်မှုကို မခံစားရဘဲ မနေနိုင်ခဲ့ချေ။

သူက နန်ကုန်းရိုရွှယ်ကို ကုတင်ဆီသို့ ပွေ့ချီသွားပြီးနောက် သူမ၏ ဘေးတွင် လှဲလျောင်းကာ တိုးတိတ်စွာ ပြောဆိုလိုက်သည်။ "အစ်မရွှယ်... စိတ်ပူစေခဲ့မိလို့ တောင်းပန်ပါတယ်... အခု ရှောင်ယွီ ပြန်ရောက်နေပြီဆိုတော့ အစ်မရွှယ် အိပ်လိုက်ပါတော့"

"အင်း..."

နန်ကုန်းရိုရွှယ်က ပြုံးလိုက်ပြီး နန်ကုန်းယွီ၏ ရင်ခွင်ထဲတွင် တိုးဝင်ကာ လျင်မြန်စွာ အိပ်ပျော်သွားခဲ့၏။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး မည်သည့်အသံမှ မထွက်ဘဲ တည်ငြိမ်စွာ လှဲလျောင်းနေလိုက်သည်။

သူက မျက်နှာကြက်ကို မော့ကြည့်ကာ အတွေးများထဲတွင် နစ်မျောနေခဲ့၏။

မြင့်မြတ်နယ်မြေကို ကြီးကြပ်နေသော နတ်ဘုရားအရိပ်တမန်တော် ရှိနေသဖြင့် သူ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ သိပ်အရေးမကြီးလှပေ။

နတ်ဘုရားအရိပ်တပ်မတော်က သန့်စင် ဝိညာဉ်ကျောက်တုံးများကို စုဆောင်းရာတွင် သဘာဝကျကျ ကူညီပေးမည်ဖြစ်ရာ သူ၏ ကျင့်ကြံမှုအဆင့်က နှေးကွေးသွားမည် မဟုတ်ချေ။

ထို့ပြင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ဌာနခွဲကို ဖွင့်လှစ်ထားသဖြင့် သူ့အမေ ရှန်ကွမ်ယွဲ့ရှီးက အဲဒီကနေ ပစ္စည်းများ ဝယ်ယူနိုင်ပြီဖြစ်ရာ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ပတ်သက်၍ မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။

သူတို့၏ လုံခြုံရေးကို ရှဲဒိုးကျွယ်နှင့် အခြားသူများက ကာကွယ်ပေးထားသဖြင့် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ချေ။ သူက သူတို့ကို လွမ်းဆွတ်နေရုံမျှသာ ဖြစ်သည်။

သူတို့က သူ့ကို လွမ်းဆွတ်ကြသလို သူကလည်း သူတို့ကို လွမ်းဆွတ်မိပေသည်။

ဒါလည်း မမှန်သေးဘူး…

သူ့အဒေါ် နှင့် အစ်မရွှယ်၏ ကျင့်ကြံမှုကို ကောင်းကင်နှင့်မြေကြီးက ကန့်သတ်ထားပြီး သူတို့က မြင့်မြတ်နယ်မြေသို့ သွားရောက်ကာ အဆင့်တက်လှမ်းရမည် ဖြစ်၏။

‘နှစ်နှစ်လား…မဟုတ်ဘူး...သူ ဆက်ပြီး မစောင့်နိုင်တော့ဘူး'

ပို၍ တိတိကျကျ ပြောရလျှင် သူ၏ အဒေါ်နှင့် အမေကို ဆက်ပြီး စောင့်ခိုင်း၍ မရနိုင်တော့ချေ။

‘ပြန်သွားပြီး ပြင်ဆင်ရမယ်... အဲဒီနောက် ထွက်ခွာမယ်…’

ချင်းလင်နှင့် အခြားသုံးဦးအတွက်မူ ထိုက်ရွှီနယ်ပယ် ရှိနေသဖြင့် သူတို့က သေချာပေါက် သူနှင့်အတူ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်နိုင်မည် ဖြစ်၏။

ဤအရာကို သေချာစဉ်းစားပြီးနောက် နန်ကုန်းယွီက ရှင်းလင်းပြတ်သားသွားသလို ခံစားလိုက်ရပြီး ပို၍ပင် အလျင်လိုလာခဲ့သည်။

သူက အဝေးသို့ ငေးကြည့်ကာ တိုးတိတ်စွာ ရေရွတ်လိုက်၏။

"အမေ... ယွီအာ စောင့်နေခဲ့တာ ခြောက်နှစ်ရှိပြီ... ကျွန်တော် ထပ်မစောင့်ချင်တော့ဘူး... ဆက်ပြီးလည်း မစောင့်နိုင်တော့ဘူး... ယွီအာ ရက်အနည်းငယ်အတွင်း အမေ့ကို လာတွေ့နိုင်တော့မှာပါ..."

သူက လေကို ညင်သာစွာ ရှူရှိုက်လိုက်ရာ ရင်းနှီးပြီး လန်းဆန်းစေသော ရနံ့လေးတစ်ခုက သူ၏ နှာခေါင်းထဲသို့ ပျံ့လွင့်လာပြီး သူ့ကို အလိုအလျောက် အနည်းငယ် ပြုံးသွားစေခဲ့သည်။

နန်ကုန်းယွီက နန်ကုန်းရိုရွှယ်ကို ငုံ့ကြည့်လိုက်ပြီး တိုးတိတ်စွာ ရယ်မောလိုက်ကာနောက် သူ၏ စိတ်ကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းကမ္ဘာပေါ်သို့ အာရုံစိုက်လိုက်၏။

All Chapters