← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

180

ကျန်းယွင်ဖျင်၏ ဦးနှောက်မှာ ပေါက်ကွဲမတတ် ဖြစ်သွားကာ အာစေးမိသွားသကဲ့သို့ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများပါ ပြူးကျယ်သွားတော့သည်။

ဘေးတွင်ရှိသော ကျန်းရှောင်ရှောင်မှာလည်း ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် ကျောက်ရုပ်အလား ကြောင်စီစီဖြင့် ရပ်ကြည့်နေမိ၏။

အရေးကြီးသတင်း လာပို့သယောင် ပျာပျာသလဲ ပြေးလာခဲ့ကြသော ဝန်ထမ်းသုံးဦးမှာ ရုတ်ချည်း အသွင်ပြောင်းလဲကာ ဓားမြှောင်များကို ဆွဲထုတ်လိုက်ကြသည်။

ထိုသူသုံးဦးမှာ မျက်မှန်းတန်းမိနေသည့် ကုမ္ပဏီဝန်ထမ်းများ မဟုတ်လား။

သူတို့က လူသတ်သမားများ ဖြစ်နေသည်ဆိုသည့်အချက်ကို ကျန်းယွင်ဖျင် လုံးဝ စဉ်းစားမရနိုင်ချေ။

သူ့ကို သတ်ရန်အတွက် ဤကုမ္ပဏီထဲတွင် ထိုမျှအထိ အချိန်ယူ ပုန်းကွယ်နေခဲ့ကြသည်လား။

အတွေးပေါင်းစုံမှာ လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားပြီးနောက် ကျန်းယွင်ဖျင် တစ်ကိုယ်လုံး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ထိုစဉ် ဓားမြှောင်သုံးစင်းမှာ သူ့လည်ပင်းထံသို့ ဦးတည်ထားပြီးဖြစ်ကာ ထူးဆန်းသော အရှိန်အဝါတစ်ခုက သူ့အား ရုန်းမရအောင် ချုပ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရသည်။

*ရွှပ်*

ဖိန်လင်းမြို့၏ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ကျန်းယွင်ဖျင်၏ လည်ပင်းထံသို့ ထက်ရှသော ဓားသွားသုံးစင်း ကျရောက်ကာ မျက်စိတစ်မှိတ်အတွင်း ခေါင်းပြတ်တော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်၏။

သို့သော် သူ့နောက်တွင် ရှိနေသော ချင်ရန်မှာမူ ထိုသို့ဖြစ်သွားရန် လုံးဝ ခွင့်မပြုနိုင်ချေ။

လူသတ်သမားသုံးဦး လှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် ချင်ရန်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ကျန်းယွင်ဖျင်၏ ရှေ့သို့ ရောက်ရှိသွားသည်။

ရုတ်တရက် ပေါ်လာသည့် ချင်ရန်ကြောင့် လူသတ်သမားသုံးဦး၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

သူတို့သည် မိမိတို့၏နောက်တွင် ရှိနေသော ထိုလူက အဘယ်ကြောင့် ဤမျှမြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ ရုတ်တရက် ရောက်လာရသနည်းဟု မချင့်မရဲ ဖြစ်သွားကြသည်။

*ဘုန်း ဘုန်း ဘုန်း*

ချင်ရန်၏ ခြေထောက်များမှာ လျှပ်စီးကဲ့သို့ လက်ကနဲ ကန်ထုတ်လိုက်ရာ မြန်လွန်းလှသဖြင့် ပုံရိပ်ယောင်များပင် ထွက်ပေါ်လာပြီး လူသတ်သမား သုံးဦး၏ ဓားချက်များကို လွဲချော်သွားစေသည်။

"ဟင်း... ဘယ်ကနေ ဒီလိုပညာရှင်မျိုး ထွက်လာတာလဲ"

လူသတ်သမားသုံးဦးမှာ ချင်ရန်၏ ခြေကန်ချက်ကြောင့် ချက်ချင်းပင် နောက်သို့ ဆုတ်ပေးလိုက်ရ၏။

သူတို့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

ဤလူ၏ ခွန်အားမှာ မယုံနိုင်စရာပင် ကောင်းလှပြီး သူတို့သုံးယောက်လုံးကို တစ်ပြိုင်တည်း နောက်ဆုတ်သွားအောင် ရိုက်ထုတ်နိုင်စွမ်း ရှိနေသည်။

လူသတ်သမားသုံးဦးထဲမှ အမျိုးသမီးဖြစ်သူ ရီဘက်ကာသည် သူမ၏နည်းပြကို ရုတ်တရက် သတိရသွား၏။

သူမ နည်းပြမှာ အလွန်သန်မာသော်လည်း ယခု သူမရှေ့မှ လူ၏စွမ်းရည်မှာ နည်းပြနှင့်ပင် အဆင့်တူနေသလို ခံစားလိုက်ရသည်။

သူတို့ သုံးဦးစလုံးမှာ အလွန်ပင် စွမ်းအားကြီးသော A-အဆင့် လူသတ်သမားများ ဖြစ်ကြသဖြင့် တိုက်ခိုက်ရေးနှင့် ဓားရေးပညာများမှာ ထိပ်တန်းအဆင့် ဖြစ်သော်လည်း ချင်ရန်၏ ခြေကန်ချက် သုံးချက်အောက်တွင် ရှုံးနိမ့်လုနီးပါး ဖြစ်သွားရသည်။

"အချိန်မဖြုန်းနဲ့... ဆက်လုပ်"

ရီဘက်ကာက အေးစက်စွာ အမိန့်ပေးလိုက်သည်။

သူတို့သည် တစ်ခဏမျှ အံ့ဩသွားသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်လည် တည်ငြိမ်သွားကြပြီး ချင်ရန်ကို မတူညီသော ဘက်ပေါင်းစုံမှနေ၍ ခက်ခဲသော နည်းလမ်းများဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြတော့၏။

ချင်ရန်မှာမူ ကျန်းယွင်ဖျင်နှင့် ကျန်းရှောင်ရှောင်တို့ကို သူ့နောက်တွင် ထားကာ ကာကွယ်ထားလိုက်သည်။

သူ့ကို ကျော်မသွားနိုင်သရွေ့ သူတို့၏ရည်ရွယ်ချက် အထမြောက်မည်မဟုတ်ပေ။

ထိုအချိန်တွင် ကျန်းယွင်ဖျင်လည်း အခြေအနေကို နားလည်သွားပြီး ကျန်းရှောင်ရှောင်ကို ဆွဲကာ နောက်သို့ အမြန်ဆုတ်ပြေးတော့သည်။

နှစ်အတော်ကြာ အတူလက်တွဲ လုပ်ကိုင်လာသော လုပ်ဖော်ကိုင်ဖက်များက လူသတ်သမားများ ဖြစ်နေသည်ဟူသော အချက်က သူ့ကို သေလောက်အောင် ထိတ်လန့်သွားစေ၏။

*ဖုန်း*

ကျန်းယွင်ဖျင်တို့ ထွက်ပြေးသွားသောကြောင့် ချင်ရန်မှာ အနှောင်အဖွဲ့ ကင်းသွားပြီး တိုက်ခိုက်ရသည်မှာ လွတ်လပ်သွားသည်။

ထိုလူသတ်သမား သုံးဦးကို ကြည့်ကာ အနည်းငယ်မျှသော အန္တရာယ်အငွေ့အသက်ကို သူ ခံစားလိုက်ရ၏။

စိတ်ဝင်စားဖို့ကောင်းလှပေသည်။

ထိုလူသတ်သမားသုံးယောက်က သူ လက်ရည်စမ်းခဲ့ဖူးသော လက်ဝှေ့သမားများထက် အများကြီး ပိုသန်မာသည်မှာ သိသာလွန်းလှပြီး ထိုလက်ဝှေ့သမားနှစ်ဦးမှာလည်း ဤသတ်သမားများထဲမှ တစ်ဦးဦး၏ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု ချင်ရန်က တွေးလိုက်၏။

*ရှပ်*

လျှပ်စီးကဲ့သို့ အေးစက်သော ဓားအလင်းတန်းများက ချင်ရန်ထံသို့ ကျရောက်လာပြီး မကြုံစဖူး ပြင်းထန်သော တိုက်ပွဲကြီး စတင်လေတော့သည်။

လူသတ်သမား သုံးဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ချင်ရန်မှာ အန္တရာယ်ကြားတွင် ရှိနေသော်လည်း လက်နက်မပါဘဲနှင့်ပင် တန်းတူ တိုက်ခိုက်နိုင်၏။

တဖြည်းဖြည်းနှင့် သူကပင် အသာစီး ပြန်ရလာခဲ့သည်။

တိုက်ပွဲအတွင်း၌ တိုက်ခိုက်နေကြသော လူသတ်သမားသုံးဦးမှာလည်း တုန်လှုပ်လာကြသည်။

သူတို့ရင်ဆိုင်နေရသူမှာ သာမန်ရဲတစ်ဦးမဟုတ်ဘဲ စစ်မှန်သော ပညာရှင်ကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရသဖြင့် အခြေအနေမှာ ပိုမိုခက်ခဲလာ၏။

ကျန်းယွင်ဖျင်၏ သက်တော်စောင့်သုံးဦးအနက် လက်ဝှေ့သမားနှစ်ဦးသာ တော်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။

ဤမျှချောမောပြီး နူးညံ့ပုံရသည့် ရဲအရာရှိလေးက ထိပ်တန်းပညာရှင် ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

တိုက်ကွက်ပေါင်း တစ်ရာကျော် အပြန်အလှန် တိုက်ခိုက်ပြီးနောက် လူသတ်သမားသုံးဦးမှာ အလွန်ပင် ဖိအားများလာသည်။

ထိုဖိအားမှာ သူတို့နည်းပြနှင့် ရင်ဆိုင်နေရသကဲ့သို့ ဟာကွက်မရှိဘဲ ပင်ပန်းလွန်းလှ၏။

*ဘုန်း*

ထပ်မံ၍ အချက်ပေါင်းတစ်ရာခန့် တိုက်ခိုက်ပြီးချိန်တွင် ချင်ရန်သည် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည်။

သူ့လက်သီးမှာ လေးလံသော တူကြီးတစ်ချောင်းကဲ့သို့ လူသတ်သမားတစ်ဦး၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားရာ ထိုသူ၏ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး ချက်ချင်းပင် ခုခံနိုင်စွမ်း ကင်းမဲ့သွား၏။

လူသတ်သမားသုံးဦး၏ စုပေါင်းတိုက်ကွက်မှာ ပြိုကွဲသွားပြီး ကျန်နှစ်ဦးမှာလည်း ချင်ရန် လက်ချက်အောက်တွင် လွယ်လွယ်ကူကူပင် အရေးနိမ့်လာတော့သည်။

ထို့ပြင် ချင်ရန်သည် ယခုအခါ လက်ထဲ၌ ဓားတစ်ချောင်းကိုလည်း ကိုင်ဆောင်ထား၏။

အမှန်အတိုင်း ပြောရလျှင် ချင်ရန်သည် အစက လက်နက်မဲ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ အစကတည်းက ဓားရှိခဲ့လျှင် အချက်ပေါင်းရာချီအောင် တိုက်ခိုက်နေစရာမလိုဘဲ ထိုသုံးယောက်ကို ရှင်းပစ်နိုင်သည်မှာ ကြာပြီဖြစ်သည်။

ကျန်ရှိသော လူသတ်သမားနှစ်ဦးမှာလည်း ထိတ်လန့်ကုန်ကြသည်။

သူတို့၏ ပင်ကိုယ်အသိအရ ဤအခြေအနေကို ဆက်လက်ရင်ဆိုင်ရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်ရ၏။

ယခုအခါ သူတို့၏ မဟာမိတ်အဖွဲ့မှ တစ်ဦး လဲကျသွားပြီး ချင်ရန်က ဓားကို ရရှိသွားပြီဖြစ်ရာ သူတို့အနေဖြင့် ချင်ရန်ကို လုံးဝ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

"ရီဘက်ကာ... ပြေးတော့၊ ငါ ခုခံထားပေးမယ်"

လူသတ်သမားတစ်ဦးက အော်ဟစ်လိုက်ပြီး ချင်ရန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။

ရီဘက်ကာသည် အံကိုကြိတ်ကာ အနည်းငယ်မျှ မတွန့်ဆုတ်ဘဲ ပြတင်းပေါက်မှန်ကို ရိုက်ခွဲ၍ အပြင်သို့ ခုန်ချသွားတော့၏။

အမျိုးသမီးကို လွတ်အောင် ကူညီပေးလိုက်သော ထိုလူသတ်သမားမှာ အမှောင်ထဲတွင် အမျိုးသမီးကို အမြဲစနောက်တတ်ပြီး ထိုအမျိုးသမီးအပေါ် စိတ်ဝင်စားနေသူလည်း ဖြစ်သည်။

ယခုကဲ့သို့ အသက်လုနေရသော အခြေအနေမျိုးတွင်မှ သူက အနစ်နာခံကာ ထိုအမျိုးသမီးကို အရင်လွတ်အောင် ကူညီပေးလိုက်ခြင်း ဖြစ်၏။

"ပြေးဖို့က အဲဒီလောက် မလွယ်ဘူးလေ"

ချင်ရန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

သူ့ဓားချက်မှာ လျှပ်စီးထက် မြန်ဆန်စွာဖြင့် ထွက်ပြေးရန် ပြောသော ထိုလူသတ်သမား၏ လက်ကြောများကို ဖြတ်တောက်ပစ်လိုက်၏။

ချင်ရန်သည် အနည်းငယ်မျှ ညှာတာခြင်းမရှိဘဲ ခြေထောက်နှစ်ဖက်ကိုပါ ကန်ချိုးလိုက်သဖြင့် ထိုသတ်သမားမှာ လုံးဝ မလှုပ်နိုင်တော့ချေ။

သူသည် အလွန်သန်မာလွန်းသဖြင့် ထိုလူသတ်သမားမှာ ရင်ထဲမှနေ၍ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"မင်းရဲ့ ရဲဘော်ရဲဘက်ကို ကာကွယ်ပေးပြီး သူရဲကောင်းလုပ်ချင်တယ်ဆိုရင် တကယ့်စွမ်းရည်ရှိဖို့ လိုတယ်"

ချင်ရန်က ထိုစကားကိုသာ ခပ်ပြတ်ပြတ် ပြောလိုက်ပြီးနောက် ရီဘက်ကာ ထွက်ပြေးသွားသည့် ဘက်သို့ ချက်ချင်းပင် လိုက်သွားတော့သည်။

သူသည် မြင့်မားသော အဆောက်အဦးပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ ရီဘက်ကာမှာ အဆောက်အဦး၏ ပြတင်းပေါက် အနားစွန်းငယ်လေးများကို နင်းကာ တဖြည်းဖြည်း ဆင်းသွားသည်ကို တွေ့လိုက်ရ၏။

ထိုအဆောက်အအုံ၏ ပြတင်းပေါက်များတွင် ခြေဖျားထောက်ရုံမျှသာ ရှိသော အနားစွန်းငယ်လေးများ ရှိကြသည်။

သာမန်လူများအတွက် ထိုအရာမှာ မဖြစ်နိုင်သော်လည်း ဝါရင့်ကြေးစား လူသတ်သမားများအတွက်မူ မခက်ခဲလှချေ။

"သူ လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမယ်"

ချင်ရန်သည် အသက်ကို ပြင်းပြင်းရှူကာ ပြတင်းပေါက်မှ ခုန်ချလိုက်ပြီး ရီဘက်ကာကဲ့သို့ပင် ပြတင်းပေါက် အနားစွန်းများကို တစ်ဆင့်ချင်းနင်းကာ လိုက်လံဆင်းသက်တော့သည်။

ထိုအချိန်တွင် လင်းကုဝေနှင့် ရဲအရာရှိအများအပြား ရောက်ရှိလာကြ၏။

ချင်ရန်နှင့် လူသတ်သမားတို့၏ တိုက်ပွဲမှာ ခဏမျှသာ ကြာမြင့်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြေပြင်ပေါ်တွင် လူသတ်သမားနှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာများဖြင့် လဲလျောင်းနေကြရသည်။

All Chapters