← Chapters

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း (၆၁၆) ကြမ်းတမ်းပြီး ပွင့်လင်းလွန်းသည့် ဦးလေးငယ် အပိုင်း (၂)

ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ပြီးဆုံးသွားခဲ့ပါ၏။

အင်မော်တယ် စံအိမ်တော်၏ ပင်မဝင်းအတွင်း၌ ဖန်ရှောင်သည် စုယွီကို ဖိတ်ကြားထားပြီး သူမကိုယ်တိုင် ဝိညာဉ်လက်ဖက်ရည်ကို နှပ်၍ ငှဲ့ပေးနေသည်။

သူမသည် စုယွီကို အစစအရာရာ ဂရုတစိုက် ပြုစုပြီးနောက်မှ မေးခွန်းထုတ်လာ၏။

“ဦးလေးငယ်... ဒီနေ့တော့ ဘာမှ မပြောဘူးနော်.. ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေထဲက မငြိမ်မသက်မှုတွေကို ဘယ်လို ပြုပြင်သင့်တယ်လို့ ထင်လဲဟင်...”

ထိုနေရာတွင် သူတို့နှစ်ဦးတည်းသာ ရှိနေသည်။ စုယွီသည် တာအိုသမီးတော် တူမလေး ဆက်သသော ဝိညာဉ်လက်ဖက်ရည်ကို မြည်းစမ်းကြည့်လိုက်ရာ အရသာမှာ အလွန်ပင် ပြေပြစ်ချိုမြိန်လှ၏။

လက်ဖက်ရည်၏ အရသာကို ချီးကျူးပြီးနောက် စုယွီက ဆိုလိုက်သည်။

“ငါ ရောက်တာ တစ်လပဲ ရှိသေးတာလေ... ဘာတွေ လုပ်နေရမှာလဲ.. သူတို့ပြောတဲ့ သတင်းလောက်ပဲ သိရသေးတာကို... မင်းက ဘယ်သူ့ကို သွားပြီး အရေးယူချင်လို့လဲ...”

စုယွီ၏ စကားကို ကြားသောအခါ ဖန်ရှောင်က ခပ်ဟဟ ရယ်လိုက်တော့၏။

ဤစကားတစ်ခွန်းတည်းဖြင့်ပင် သူမ၏ ဦးလေးငယ်သည် ကိုယ်ပိုင်အမြင် ရှိသူဖြစ်ပြီး ဦးနှောက်မပါဘဲ လုပ်တတ်သူ မဟုတ်ကြောင်း သိလိုက်ရသည်။

ဖန်ရှောင်သည် စုယွီ လက်ဖက်ရည် သောက်လိုက်သည်ကို စောင့်ကြည့်ရင်း ခွက်ထဲသို့ လက်ဖက်ရည် ထပ်ဖြည့်ပေးလိုက်ပြန်၏။ ထို့နောက် သူမက ထပ်မံ မေးမြန်းလိုက်သည်။ “ဦးလေးငယ်... ကျွန်မနဲ့အတူ အပြင်ကို ကင်းလှည့်ဖို့ လိုက်ခဲ့ပေးမလားဟင်...”

စုယွီက ခေါင်းခါယမ်းလိုက်ပြီး ပြုံးစိစိဖြင့် ကြည့်လိုက်၏။ အကယ်၍သာ သူသည် ဤတူမလေးနှင့်အတူ မြို့ပြင်သို့ ထွက်သွားမည်ဆိုပါက မူလဝိညာဉ်အဆင့်ရှိ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူများ ပေါ်လာလျှင်ပင် သူ အံ့သြမိမည် မဟုတ်ပါချေ။

စုယွီက ဆက်၍ ဆို၏။ “ငါ အရင်က ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို ဒီကို ခေါ်လာခဲ့တယ် မဟုတ်လား... သူတို့က ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေရဲ့ ထောင့်တိုင်းဆီကို တပ်ဖြန့်သွားကြပြီ.. သတင်းအချက်အလက်တွေကို သူတို့ စုံစမ်းပါစေဦး...”

“တစ်နှစ်လောက်တော့ မြို့ထဲမှာပဲ အေးအေးဆေးဆေး နေကြည့်ကြတာပေါ့။ တစ်နှစ်ပြည့်လို့ ဟေးယွီ အင်မော်တယ် မြို့တော်နဲ့ သူ့နယ်မြေရဲ့ အခြေအနေမှန်ကို သိပြီဆိုမှ ငါတို့ ဘာလုပ်မလဲဆိုတာ သိမှာပေါ့...”

“အဲဒီကျရင်တော့ အထင်ရှားဆုံး လူတချို့ကို ခေါင်းဖြတ်ပြီး ငါတို့ရဲ့ အာဏာကို ပြရမှာပဲ... ဒါမှ ဒီက မငြိမ်မသက်မှုတွေက ငြိမ်သွားမှာ...”

“အဲဒီနောက်မှ ယွီလုံ နန်းတော်ရဲ့ ကိစ္စကို ကိုင်တွယ်ကြတာပေါ့...”

ဖန်ရှောင်၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများတွင် အံ့သြမှု အရိပ်အယောင်များ ဖြာထွက်သွား၏။ ဤနေရာသို့ မလာမီက သူမ၏ ဆရာဖြစ်သူ မြေကမ္ဘာအင်မော်တယ် နန်းတော်၏ စံအိမ်တော် သခင်ကြီးက သူမအား မှာကြားခဲ့ဖူးသည်။ ဦးလေးငယ်၏ အကြံပြုချက်များကို များများ နားထောင်ရန် ဖြစ်၏။

တာအိုသမီးတော် ဖြစ်လာရုံဖြင့် မိမိကိုယ်ကို အထင်ကြီးပြီး မောက်မာမနေရန် သတိပေးခဲ့ခြင်းပင် ဖြစ်သည်။ ယခု စုယွီ၏ အကြံပြုချက်များကို ကြားလိုက်ရသောအခါ သူမ၏ ဆရာမှာ လူကြည့်တော်ကြောင်း ဖန်ရှောင် သိလိုက်ရ၏။ သူမ၏ ဦးလေးငယ်သည် အမှန်တကယ်ပင် အမြင်ကျယ်လှသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ဖန်ရှောင်က သဘောတူလိုက်၏။ “ဒါဆိုရင်တော့ ဦးလေးငယ်ရဲ့ စကားကိုပဲ နားထောင်ပါ့မယ်...”

“မဟုတ်တာ... မဟုတ်တာ... ငါက ဒီမှာ အပျော်လိုက်လာတာပါ။ အရာရာကို မင်းပဲ ဆုံးဖြတ်ရမှာလေ...” စုယွီက လူပျင်းတစ်ယောက်ပမာ ငြင်းဆိုလိုက်ပြီး တူမလေး ငှဲ့ပေးသော ချိုမြိန်သည့် ဝိညာဉ်လက်ဖက်ရည်ကို နောက်ထပ် နှစ်ခွက်ခန့် သောက်လိုက်ကာ သူ၏ နေအိမ်သို့ အေးဆေးစွာ ပြန်လာခဲ့တော့၏။

စုယွီ၏ အမြင်တွင်မူ ဟေးယွီ အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှ မငြိမ်မသက်မှုများမှာ အပေါ်ယံမျှသာ ဖြစ်သည်။ မြေကမ္ဘာအင်မော်တယ် နန်းတော်အတွက် ၎င်းတို့ကို ကိုင်တွယ်ရန်မှာ လုံးဝ မခက်ခဲလှပါချေ။

သို့သော်လည်း ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်မှာမူ အနည်းငယ် စိတ်ရှုပ်စရာ ကောင်းပေလိမ့်မည်။

ထိုကဲ့သို့သော စိတ်ရှုပ်စရာ ကိစ္စရပ်များကို သူ၏ တူမလေးကိုသာ ဖြေရှင်းခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုသည်။ ပြဿနာ မရှာခြင်းက အကောင်းဆုံး မဟုတ်ပါလော။

နောက်ပိုင်း ကာလများတွင်တော့ စုယွီက နေ့စဉ် ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် အခင်းအကျင်း အခြေခံ သန့်စင်ခြင်းတို့နှင့်သာ အချိန်ကုန်လွန်စေခဲ့၏။ သူက အပြင်ကိုလည်း လုံးဝ မထွက်သလောက် ဖြစ်ပြီး လူမသိအောင် တိတ်တဆိတ်သာ နေထိုင်ပါသည်။

သို့သော် သူ အားလပ်သော အချိန်တွေမှာ အင်မော်တယ် စံအိမ်တော် တစ်ဝိုက်ကို လှည့်ပတ်သွားလာရင်း... ဘယ်သူမှ မသိအောင် အခင်းအကျင်းတွေ စီရင်နေခဲ့တာကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့ပါ။ သူက ဟေးယွီ အင်မော်တယ် စံအိမ်တော်ကို မည်သူမျှ မထိုးဖောက်နိုင်သည့် ခံတပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်နေခဲ့တာ ဖြစ်သည်။

ဟေးယွီ အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင်မူ..

မြေကမ္ဘာအင်မော်တယ် နန်းတော်မှ တာအိုသမီးတော် တစ်ဦး မြို့တော်တွင် လာရောက် စောင့်ကြပ်နေသည်ဟူသော သတင်းမှာ အချိန်အတော်ကြာကပင် ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဖန်ရှောင် စတင် ရောက်ရှိလာစ အချိန်တွင် အင်အားစု အသီးသီးကြားမှ ပဋိပက္ခများမှာ များစွာ ငြိမ်သက်သွားခဲ့၏။

သို့သော်လည်း ဖန်ရှောင်သည် မြို့တော်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်ငြား မြို့တံခါးပြင်သို့ပင် ခြေတစ်လှမ်းမျှ မချရဲကြောင်း သတင်းများ ဂယက်ထလာသောအခါတွင်မူ အင်အားစု အသီးသီးကြား၌ ကဲ့ရဲ့လှောင်ပြောင်သံများ ထွက်ပေါ်လာတော့သည်။

တာအိုသမီးတော် ဖန်ရှောင်မှာ သေရမှာ ကြောက်လို့ မြို့ထဲမှာ ပုန်းနေသူအဖြစ် စွပ်စွဲခြင်း ခံလာရတော့၏။

(၁) နှစ်ပင် မပြည့်သေးမီမှာပင် ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေအတွင်း၌ ဖြစ်ရပ်တစ်ခုက ဟိုးလေးတကျော် ဖြစ်သွားခဲ့ရ၏။

ဖန်ရှောင်က ကျန်းဝမ်၊ ချန်ကျိုးတောက်၊ ပိုင်ချွမ်နှင့် အခြားသူများကို အစည်းအဝေး ခေါ်ယူလိုက်သော်လည်း စုယွီမှာမူ ထိုအစည်းအဝေးကို မတက်ရောက်ခဲ့ပါချေ။ သူသည် နောက်ဖေးဝင်းအတွင်း၌ တတိယအဆင့် အဆင့်နိမ့် ကောင်းကင်မိုးကြိုး ကြွက်နှစ်ကောင်နှင့် တွေ့ဆုံနေခဲ့ခြင်း ဖြစ်သည်။

“အရှင်သခင်... ဟေးယွီ အင်မော်တယ် မြို့တော်မှာ ကျိ လို့ ခေါ်တဲ့ ကျင့်ကြံခြင်း မိသားစုက တော်တော်လေး နာမည်ကြီးပါတယ်... ကောလာဟလတွေအရ သူတို့ဆီမှာ အင်မော်တယ် ဂိုဏ်းတော်ရဲ့ အတွင်းနန်းတော်က အကြီးအကဲ တစ်ယောက် ရှိတယ်လို့ သိရပြီး... ကျိ မိသားစုမှာတင် မူလဝိညာဉ် အဆင့်ရှိ အရှင်သခင် သုံးပါး ရှိနေပါတယ်... အစွမ်းအထက်ဆုံး ဘိုးဘေးကြီးကတော့ မူလဝိညာဉ် အဆင့် (၅) အထိ ရောက်နေပြီး သူတို့ရဲ့ အင်အားက ဒီမြို့တော်မှာ အဆင့်မြင့်ကပဲ ဖြစ်ပါတယ်...”

“အခု သူတို့က ဝမ် လို့ ခေါ်တဲ့ အခြား ကျင့်ကြံခြင်း မိသားစုတစ်ခုကို ချေမှုန်းပစ်လိုက်ပါပြီ... ဝမ် မိသားစုက ကျိ မိသားစုလောက် အင်အား မကြီးဘူး ဆိုပေမယ့် ဝမ် မိသားစုရဲ့ ဘိုးဘေးကြီးကလည်း မူလဝိညာဉ် အဆင့် (၅) မှာ ရှိနေတာပါ...”

“အကယ်လို့ ကျိ မိသားစုရဲ့ အင်အား သက်သက်နဲ့ ဆိုရင်တော့ ဝမ် မိသားစုကို ဒီလောက်လွယ်လွယ်နဲ့ ချေမှုန်းနိုင်မှာ မဟုတ်ပါဘူး...”

“ဒါပေမဲ့ ဝမ် မိသားစုရဲ့ ဘိုးဘေးကြီးက မကြာသေးခင်ကမှ မတော်တဆမှု တစ်ခုနဲ့ ကြုံခဲ့ရတယ်... အကြောင်းပြချက် မရှိဘဲ သူ အပြင်ထွက်သွားရာကနေ အပြင်မှာပဲ သေဆုံးသွားခဲ့တာပါ...”

“တရားခံက ဘယ်သူလဲ ဆိုတာကိုတော့ အခုထိ ဘယ်သူမှ မသိကြသေးပါဘူး...”

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းချက်အရ ကျိ မိသားစုက ယွီလုံ နန်းတော် က အင်အားစု တော်တော်များများနဲ့ ဆက်ဆံရေး ကောင်းတယ်လို့ သိရပါတယ်... မကြာသေးခင်ကပဲ ကျိ မိသားစုရဲ့ လက်အောက်ခံ အင်အားစုတွေက ပုံမှန်မဟုတ်ဘဲ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတာပါ...”

“ဒီတစ်ခါ ကျိ မိသားစုက ဝမ် မိသားစုကို ဝါးမြိုပစ်လိုက်ပြီး... အင်မော်တယ် ဂိုဏ်းတော်ရဲ့ ဈေးကွက်တစ်ခုနဲ့ အရင်းအမြစ် နယ်မြေ သုံးခုကိုပါ သူတို့ပိုင်တယ်လို့ ကြေညာလိုက်ပါတယ်... ဒါက အခြေအနေကို စမ်းသပ်ကြည့်တဲ့ သဘောလို့ ယူဆရပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ကျိ မိသားစုက အဲဒီ ဈေးကွက်နဲ့ နယ်မြေတွေကို တကယ်တမ်း လက်တွေ့မှာတော့ ထိန်းချုပ်ခြင်း မရှိသေးလို့ပါပဲ...”

ကောင်းကင်မိုးကြိုး ကြွက်တစ်ကောင်က ကျိ မိသားစုနှင့် ပတ်သက်သည့် အချက်အလက်များ အပါအဝင် မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် တင်ပြလာခဲ့၏။ ဤသည်မှာ စုယွီ ဟေးယွီ အင်မော်တယ် မြို့တော်သို့ ရောက်ရှိလာပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော အကြီးမားဆုံး ဖြစ်ရပ်ပင် ဖြစ်သည်။

ထိုအကြောင်းကို ကြားသိရသောအခါ စုယွီက စိတ်ဝင်တစား ဆိုလိုက်၏။ “သူပိုင်တဲ့ နယ်မြေထဲက အရင်းအမြစ်အားလုံးကို သူပိုင်တယ်လို့ ကြေညာပြီး... လက်တွေ့မှာတော့ ဘာမှ မလှုပ်ရှားသေးဘူးပေါ့လေ...”

ကျိ မိသားစုက ဝမ် မိသားစုကို ဝါးမြိုလိုက်ခြင်းအပေါ် စုယွီက ဂရုမစိုက်ပါချေ။

အားကြီးသူက အားနည်းသူကို အနိုင်ယူခြင်းမှာ ကျင့်ကြံခြင်း လောက၏ အခြေခံ စည်းမျဉ်းတစ်ခု မဟုတ်ပါလော။ ဝမ် မိသားစု ရှင်သန်ခြင်း သေဆုံးခြင်းမှာ သူနှင့် မည်သို့မျှ မသက်ဆိုင်ပါချေ။

‘ဒါပေမဲ့ ကျိ မိသားစုက အင်မော်တယ် ဂိုဏ်းတော်ရဲ့ ဈေးကွက်တစ်ခုနဲ့ အရင်းအမြစ် နယ်မြေ သုံးခုကိုပါ ပိုင်ဆိုင်မယ်လို့ ပြောလာတာကတော့... ငါ့အတွက် ပြဿနာ ဖြစ်လာခဲ့ပြီပဲ..

အဲဒီ ဈေးကွက်နဲ့ နယ်မြေတွေက အရေးမကြီးဘူး ဆိုဦးတော့... မြေကမ္ဘာအင်မော်တယ် နန်းတော်ရဲ့ အပြင်နန်းတော်က လူတစ်ယောက်ကိုပဲ ဖြစ်ဖြစ် ကျိ မိသားစုက ထိပါးလာမယ် ဆိုရင်တောင်... အဲဒီ မိသားစုက သေတွင်းတူးနေတာပဲ ဖြစ်လိမ့်မယ်…’

ယခု ကျိ မိသားစုက ဤသို့ လုပ်ဆောင်နေခြင်းမှာ အဓိပ္ပာယ် နှစ်မျိုးသာ ရှိနိုင်၏။

All Chapters