← Chapters

အခန်း ၆၁၇

Vol. 42 Ch. 617

အခန်း ၆၁၇

Vol. 42 Ch. 617

အခန်း (၆၁၇) ကြမ်းတမ်းပြီး ပွင့်လင်းလွန်းသည့် ဦးလေးငယ် အပိုင်း (၃)

ကျိမိသားစု၏ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ တစ်ချက်က သူတို့မျိုးနွယ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို လူသိရှင်ကြား ကြေညာပြီး ဟေးယွီ အင်မော်တယ် မြို့တော်နယ်မြေတွင် သူတို့၏ အဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်ပြီး... နောက်တစ်ချက်မှာမူ ဟေးယွီ အင်မော်တယ် မြို့တော်ကို တာဝန်ယူထားသော တာအိုသမီးတော် ဖန်ရှောင်၏ တုံ့ပြန်မှုကို စမ်းသပ်ကြည့်ရန် ဖြစ်သည်။ ဖန်ရှောင်က ပြင်းပြင်းထန်ထန် တုံ့ပြန်လာလျှင်တောင်မှ ကျိမိသားစုက လက်ဖျားနှင့်တောင် မတို့ခဲ့ဘူး မဟုတ်ပါလော။ အပြင်က သတင်းများလော... အဲဒါတွေက ကောလာဟလတွေပဲလေ..

ဤကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲဟု စုယွီ တွေးတောနေစဉ်မှာပင် တတိယအဆင့် အဆင့်နိမ့် ကောင်းကင်မိုးကြိုး ကြွက်တစ်ကောင် ပေါ်လာပြီး စုယွီကို ရိုရိုသေသေ ဦးညွှတ်ကာ ဆိုလာသည်။ “အရှင်သခင်... ကျိမိသားစုရဲ့ ဘိုးဘေးကြီးက အင်မော်တယ် စံအိမ်တော်ကို ရောက်လာပါပြီ... တာအိုသမီးတော် ဖန်ရှောင်ကို စော်ကားမိတာတွေအတွက် တောင်းပန်ဖို့ လာတာပါတဲ့... သူတို့ ကျိမိသားစုက အင်မော်တယ်ဂိုဏ်းတော်ကို ဘယ်တော့မှ မစော်ကားဝံ့ပါဘူးလို့လည်း ပြောနေပါတယ်...”

သောက်ကျိုးနည်း... ဒီ ကျိမိသားစုက တစ်ခုပြီးတစ်ခုပါလား..

စုယွီက ဒါကို ကြားတော့ ရုတ်တရက် ရယ်လိုက်သည်။ ဒီ ကျိမိသားစုက တကယ်ကို လှည့်ကွက်တွေ များလွန်းလှ၏။ ဘိုးဘေးကြီး ကိုယ်တိုင် လာတောင်းပန်သည်ဆိုသည့် ကောလာဟလကို အသုံးချပြီး ဖန်ရှောင်ကို အကျပ်ရိုက်အောင် လုပ်နေခြင်းပင်။ ကောလာဟလ သက်သက်မျှနှင့် ဆိုတော့ ဘယ်လို အရေးယူမည်နည်း။ စုယွီက နောက်ထပ် ကောင်းကင်မိုးကြိုး ကြွက်တစ်ကောင်ကို ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေထဲမှ တခြား အင်အားစုများ၏ အခြေအနေကို ထပ်မံ မေးမြန်းလိုက်ပြန်သည်။ သူတို့ ရောက်ခါစထက်စာလျှင် အပြင်က အခြေအနေက ပိုပြီး ဖရိုဖရဲ ဖြစ်နေ၏။ အင်အားစု အတော်များများက အချင်းချင်း တိတ်တဆိတ် ယှဉ်ပြိုင်နေကြပြီး ယွီလုံ နန်းတော်မှ နယ်မြေခံ အင်အားစုများနှင့် ပေါင်းနေကြသည်များလည်း ရှိနေသည်။ ဒါပေမဲ့ အင်မော်တယ် စံအိမ်တော်၏ အပြင်ဘက်မှာတော့ အပေါ်ယံ အေးဆေးနေဆဲပင် ဖြစ်၏။

နှစ်နာရီကျော် ကြာပြီးနောက် ဖန်ရှောင် တစ်ယောက်တည်း ရောက်ရှိလာသည်။

သူမ၏ မျက်ခုံးကြားတွင် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များနှင့်အတူ အေးစက်သော အမူအရာလည်း ပါလာ၏။

စုယွီ၏ အေးအေးဆေးဆေး နေထိုင်ပုံကို မြင်တွေ့လိုက်ရသောအခါ သူမက အနည်းငယ် စိတ်ဆိုးသလိုမျိုး ဆိုလိုက်သည်။

“ဦးလေးငယ်... ဦးလေးငယ်ကတော့ တကယ်ပဲ အလုပ်မလုပ်ဘဲ အေးဆေးနေတာပဲနော်...”

စုယွီက လက်ဝှေ့ယမ်းပြီး သူမကို ထိုင်ခိုင်းလိုက်၏။

“ဘာတွေ လောနေတာလဲ... တစ်နှစ်တောင် မပြည့်သေးဘူးလေ... ဒါက ဟေးယွီ အင်မော်တယ် မြို့တော်ရဲ့ သေးငယ်တဲ့ ကိစ္စလေး တစ်ခုပဲ ရှိသေးတာကို... မင်းက တာအိုသမီးတော်လေ... နောင်ကျရင် အင်မော်တယ်ဂိုဏ်းတော် တစ်ခုလုံးရဲ့ မြို့တော်ဝန် ဖြစ်လာရင် ဘယ်လိုလုပ်မလဲ...”

ဖန်ရှောင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

စုယွီ၏ ရှေ့မှာတော့ သူမက ပုံရိပ်များကို ဂရုမစိုက်တော့ဘဲ နားထင်ကို နှိပ်ရင်း တိုးညှင်းစွာ ပြောလိုက်၏။

“ဒါပေမဲ့ ဒီလို လှည့်ကွက်တွေကြားမှာ နေရတာ တကယ် ပင်ပန်းတာပဲ...”

စုယွီက ခေါင်းယမ်းလိုက်ပြီး..

. “ဘယ်သူက မင်းကို သူတို့ရဲ့ လှည့်ကွက်တွေထဲ ဝင်ပါခိုင်းလို့လဲ... ကျိမိသားစု ဘိုးဘေး ရောက်လာရင်လည်း သူ့ကို ခဏလောက် ပစ်ထားလိုက်ပေါ့... ပြီးတော့ တာအိုသမီးတော် တစ်ယောက်အနေနဲ့ ဒီလောက် ပျော့ပျောင်းလို့ မဖြစ်ဘူး...”

“ဒါဆို ဦးလေးငယ်ဆိုရင် ဘယ်လို လုပ်မလဲဟင်…”

ဖန်ရှောင်က စုယွီကို ကြည့်ပြီး မေးလာ၏။

ထိုအခါ.. စုယွီက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

“အမိန့်တစ်ခု ထုတ်လိုက်ပါ... အခုကစပြီး ဟေးယွီ အင်မော်တယ် မြို့တော်ထဲက ဘယ်အင်အားစုမှ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်တာမျိုး မလုပ်ရဘူး... အင်မော်တယ်ဂိုဏ်းတော်ရဲ့ အလိုကို ဆန့်ကျင်တဲ့သူ မှန်သမျှ သေရမယ်...”

‘တစ်ဖက်လူက စမ်းသပ်တာ၊ ရန်စတာတွေက သူတို့အလုပ်... အခု

က မိမိတို့ဘက်က အရင် လှုပ်ရှားရမည့် အလှည့်ပင်။

ပထမဆုံး လှုပ်ရှားမှုပေါ့’

ဖန်ရှောင်က စိတ်လှုပ်ရှားသွားပြီး..

“အကယ်လို့ ဘယ်သူမှ ဂရုမစိုက်ရင်ကော...”

စုယွီက ရယ်လိုက်၏။

“ဒါဆို ပိုကောင်းတာပေါ့... မင်းက တာအိုသမီးတော်လေ... အင်မော်တယ်ဂိုဏ်းတော်ရဲ့ အလိုတော်ကို ကိုယ်စားပြုတဲ့သူပဲ... အမိန့်ကို မနာခံတဲ့သူကို ဘာလို့ ထားထားရမှာလဲ... အကုန်လုံးကို ရှင်းပစ်လိုက်ပေါ့... ဒါဆို ကျန်တဲ့သူတွေက အလိုလို နာခံလာလိမ့်မယ်... ကျိမိသားစုက အရင်ဆုံး အမိန့်ဖီဆန်လာဖို့တောင် ငါ မျှော်လင့်နေတာ...”

ဖန်ရှောင်က တွေဝေသွားသည်။

“ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်တည်းနဲ့ ဒါကို လုပ်နိုင်ပါ့မလား...”

ထိုအခါ စုယွီက သူမ၏ မျက်ခုံးကို လက်နှင့် တောက်လိုက်ပြီး ဆူလိုက်၏။

“မိုက်လိုက်တာ... သူတို့က ပုန်ကန်ချင်တယ်ဆိုရင် မင်းရဲ့ အရင်းအမြစ်တွေကို အသုံးချပြီး မင်းရဲ့ ဆရာဆီက လူတောင်းပြီး နှိမ်နင်းခိုင်းပေါ့... ဘယ်သူက မင်းကို တစ်ယောက်တည်း လုပ်ခိုင်းလို့လဲ... ပညာရှိဆိုတာ အန္တရာယ်ရှိတဲ့ နေရာမှာ မနေဘူးကွ... မင်းရဲ့ အသက်ကော... ဦးလေးငယ်ရဲ့ အသက်ကောက အဖိုးတန်တယ်လေ...”

ဤစကားကို ကြားသောအခါ ဖန်ရှောင် တစ်ယောက် ချက်ချင်း သဘောပေါက်သွားသည်။

သူမ၏ အတွေးအခေါ်တွေ ပြောင်းလဲသွားပြီ ဖြစ်၏။ အရင်က သူမသည် ဒါကို မြို့တော်ဝန်ဆီက စမ်းသပ်မှု တစ်ခုဟု ထင်နေခဲ့တာ... တပည့်တစ်ယောက်၏ အတွေးနှင့်သာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

ယခုတော့ သူမသည် ဟေးယွီ အင်မော်တယ် မြို့တော်ကို တာဝန်ယူထားသည့် အုပ်ချုပ်သူ တစ်ယောက်၏ အတွေးနှင့် ကိုင်တွယ်ရတော့မည်ပင်။ ဖန်ရှောင်၏ မျက်မှောင်ကြုတ်နေသည်များ ပျောက်ကွယ်သွားပြီး တာအိုသမီးတော် တစ်ယောက်၏ ခန့်ညားထည်ဝါမှုများ ပြန်လည် ရောက်ရှိလာကာ သာမန် မူလဝိညာဉ်အဆင့် အရှင်သခင်ထက်ပင် ပိုမို အားကောင်းနေတော့၏။

သူမ၏ မျက်ခုံးကြားတွင် အနီစက်လေး တစ်ခု ကျန်နေဆဲ ဖြစ်ပြီး စုယွီက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ တာအိုသမီးတော် တစ်ယောက်ကို နဖူးတောက်ပြီး အူတူတူလေးဟု ဆူလိုက်ရသည်မှာ သူ့အတွက်တော့ အတော်လေး အရသာ ရှိလှ၏။

သည်မြင်ကွင်းအား အင်မော်တယ် စံအိမ်တော်၏ ထောင့်တစ်နေရာမှ အဘွားအို တစ်ယောက်က တိတ်တဆိတ် ကြည့်နေပြီး ခေါင်းညိတ်လိုက်သည်။

“သူက တကယ်ပဲ ဟို အဘိုးကြီး ထျန်းယွီရဲ့ တပည့်ပဲ... သူ့ကို ဒီကို ခေါ်လာတာ တကယ် မှန်သွားတာပဲ...”

ဖန်ရှောင်လို တပည့်များအတွက် ဆရာဖြစ်သူက သင်ကြားပေးရန် အချိန် သိပ်မရတတ်ပါချေ။ ထို့ကြောင့် သူမသည် အတွေ့အကြုံများ လိုအပ်နေပြီး နည်းနည်းချင်း ကြီးထွားလာရန် လိုအပ်သည်။ သို့သော် စုယွီ၏ ကိုင်တွယ်ပုံက ဤမျှ ကြမ်းတမ်းပြီး ပွင့်လင်းလိမ့်မည်ဟုတော့ ထိုအဘွားအို မထင်မှတ်ထားခဲ့ပါချေ။

All Chapters