← Chapters

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း (၆၂၃) စတုတ္ထအဆင့် အဆင့်နိမ့် ထိုက်ရွှီ နှင့် ကြယ်ခူး မျှော်စင် ရှိ အရေးအခင်း အပိုင်း (၁)

ဟေးယွီ အင်မော်တယ် စံအိမ်တော်... ပင်မ ခန်းမဆောင်ကြီး၏ အပြင်ဘက်ရှိ ကျယ်ဝန်းလှသော ရင်ပြင်ထက်၌။

ဆံပင်ဖြူများ ရောယှက်နေပြီး ဝမ်းနည်းမှုနှင့် ဒေါသတရားများ ဖုံးလွှမ်းနေသော အရှိန်အဝါရှိသည့် အဘိုးအို တစ်ဦးသည် အပြင်စည်း နန်းတော်မှ တပည့် လေးဆယ်ခန့်ကို ဦးဆောင်လျက် ရောက်ရှိနေ၏။

ကျန်းဝမ် သည် ထိုအဘိုးအို၏ ရှေ့တွင် အကူအညီမဲ့စွာ ရပ်နေပြီး စကား ဆိုလိုက်သည်။

“အကြီးအကဲချောင်... ခင်ဗျား တကယ်ကို အထဲမဝင်သင့်ဘူး... တာအိုသမီးတော်က ခင်ဗျားကို ခေါ်မထားဘူး... အခု ပြန်သွားတာက ပိုကောင်းပါလိမ့်မယ်... ဒီမှာ ပြဿနာ ရှာနေလို့လည်း ခင်ဗျားအတွက် ဘာမှ ထူးလာမှာ မဟုတ်ဘူး...”

ချောင်ဝမ်ရှန်း ၏ မျက်ဝန်းများမှာ သွေးစွန်းနေသကဲ့သို့ နီရဲနေပြီး... သူသည် ကျန်းဝမ် ကို စိုက်ကြည့်ကာ အက်ကွဲလှသော လေသံဖြင့် အော်ဟစ်လိုက်တော့သည်။

“ငါ့ရဲ့ ချောင်မိသားစု တစ်ခုလုံး ပျောက်ကွယ်သွားပြီ ဆိုတာ မင်း သိလား...”

“ငါတို့က ဘာအမှားတွေများ လုပ်မိလို့ ဒီ အင်မော်တယ် ဂိတ်တံခါး က ဒီလောက်တောင် ရက်စက်ရတာလဲ... ညတွင်းချင်းပဲ ငါ့မိသားစုကြီး တစ်ခုလုံးကို အမြစ်ဖြတ် သတ်ပစ်လိုက်ကြတယ်...”

ကျန်းဝမ် က ကပျာကယာ ပြန်လည် တုံ့ပြန်လိုက်၏။

“မဟုတ်ပါဘူး အကြီးအကဲချောင်... ခင်ဗျား တစ်ခုခု မှားနေပြီ... တာအိုသမီးတော် က သနားကြင်နာတတ်တဲ့ သူပါ... သူက ချောင်မိသားစု ထဲက လူအနည်းငယ်ကိုပဲ အပြစ်ပေးခဲ့တာ... တခြားလူတွေရဲ့ အသက်နဲ့ သေခြင်းက တာအိုသမီးတော် နဲ့ ဘာမှ မဆိုင်ပါဘူး...”

ထိုစကားကို ကြားရသောအခါ ချောင်ဝမ်ရှန်း မှာ ရူးသွပ်စွာဖြင့် ရယ်လိုက်ပြီးနောက်။

“ဘာမှ မဆိုင်ဘူး ဟုတ်လား... ချောင်မိသားစု ရဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ အကုန်လုံး အသတ်ခံလိုက်ရပြီလေ... အခု ငါ့မိသားစုကြီး တစ်ခုလုံး ပျက်စီးသွားပြီကို မင်းက သူမနဲ့ မဆိုင်ဘူးလို့ ပြောတာကို ငါက ယုံရမှာလား...”

“ငါ ချောင်ဝမ်ရှန်း က အင်မော်တယ် ဂိတ်တံခါး အတွက် နှစ်ပေါင်း ရာနဲ့ချီပြီး အမှုထမ်းခဲ့တယ်...စွမ်းဆောင်မှုတွေ အများကြီး လုပ်ခဲ့တယ်... ဒါပေမဲ့ ငါ့ဘဝက ဒီလို အဆုံးသတ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး...”

“အကယ်လို့ သူမ က ငါ့ကို သေချာ ရှင်းပြချက် မပေးနိုင်ဘူး ဆိုရင် ငါ ကိုယ်တိုင် စံအိမ်တော် သခင်ကြီး ဆီကို သွားမယ်...”

“ဝုန်း...”

ရုတ်တရက်ဆိုသလိုပင် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ဒါဇင်ကျော်မှာ ချောင်ဝမ်ရှန်း ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာပြီး... သူ့ကို ဝိုင်းရံကာ အခင်းအကျင်း တစ်ခုကို ချမှတ်လိုက်သည်။ အဆောင်လက်ဖွဲ့များ အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက်... အလွန်တရာ တောက်ပလှသော အင်မော်တယ် အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာတော့၏။

ဟင်းလင်းပြင် စွမ်းအားများမှာလည်း ဟုန်းခနဲ ပေါ်ထွက်လာပြီး အခင်းအကျင်း တစ်ခု ဖြစ်တည်သွားသည်။ ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်ပါက... ဧရာမ ဆေးဖိုကြီး တစ်ခု ဆင်းသက်လာသကဲ့သို့ ရှိနေပြီး... လေးလံလှသော ဟင်းလင်းပြင် ဖိအားများက အလယ်ဗဟိုရှိ ချောင်ဝမ်ရှန်း ကို ဖိနှိပ် ချုပ်နှောင်လိုက်တော့၏။

အဆောင်လက်ဖွဲ့များ ပေါ်လာသည့် အခိုက်အတန့်မှာပင် ကျန်းဝမ် ၏ မျက်နှာမှာ ဖြူလျော့သွား၏။ သူသည် ချောင်ဝမ်ရှန်း ကို ကူညီရန် ပြင်လိုက်သော်လည်း... အဝေးမှ လျှောက်လှမ်းလာသော စုယွီ ကို မြင်လိုက်ရချိန်တွင်မူ ချက်ချင်းပင် ရပ်တန့်သွားခဲ့ရသည်။

“ဝှစ်...”

စုယွီ သည် ခြေတစ်လှမ်းတည်းဖြင့် ချောင်ဝမ်ရှန်း ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။ စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း တစ်ခုကို ပုံဖော်ပေးလိုက်သော ကြေးမုံလမင်းအဆောင်လက်ဖွဲ့ တစ်ဒါဇင်ကျော်၏ စွမ်းအားမှာ... အဝေးမှ ကြည့်နေသော မူလဝိညာဉ် အဆင့် (၄) ရှိ ကျန်းဝမ် ကိုပင်လျှင် ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခုအလား ခံစားရစေပြီး ကျောရိုးထဲအထိ စိမ့်တက်သွားစေခဲ့ပါ၏။

မူလဝိညာဉ် အဆင့် (၂) တွင် ရှိနေပြီး အိုမင်းမစွမ်း ဖြစ်နေကာ အထွတ်အထိပ် စွမ်းအားများ မရှိတော့သော ချောင်ဝမ်ရှန်း အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပါချေ။ အဆောင်လက်ဖွဲ့ အခင်းအကျင်း ပေါ်ပေါက်လာသည့် အချိန်မှစ၍... ချောင်ဝမ်ရှန်း မှာ ထိုဟင်းလင်းပြင် စွမ်းအားကြီး၏ ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံလိုက်ရသဖြင့် လှုပ်ရှားနိုင်စွမ်း လုံးဝ မရှိတော့ချေ။

သူ၏ မျက်ဝန်းများ အတွင်း၌သာ အလွန်အမင်း ထိတ်လန့်မှုနှင့် ဒေါသတရားများ ပေါ်လွင်နေတော့၏။

စုယွီ သည် သူ၏ ရှေ့မှောက်တွင် ပေါ်လာပြီး ခပ်ဟဟ ရယ်လိုက်ကာ ဆိုလိုက်၏။

“ခင်ဗျားတို့ရဲ့ ချောင်မိသားစု က ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေကြတာပဲ... တာအိုသမီးတော် ရဲ့ အင်မော်တယ် စွမ်းအားကိုလည်း လျစ်လျူရှုတယ်... တာအိုသမီးတော် နဲ့ စည်းမျဉ်းတွေကိုလည်း ဘာမှ မဟုတ်သလို သဘောထားပြီး အင်မော်တယ် ဂိတ်တံခါး ရဲ့ ဂုဏ်သိက္ခာကိုပါ စိန်ခေါ်ရဲကြတယ်ပေါ့...”

“အင်မော်တယ် ဂိတ်တံခါး ဆိုတာ ခင်ဗျားတို့ စိတ်ကြိုက် လျှောက်လုပ်လို့ ရတဲ့ နေရာလို့ ထင်နေတာလား...”

“အခု ခင်ဗျားတို့ရဲ့ ချောင်မိသားစု က အင်မော်တယ် ဂိတ်တံခါး ရဲ့ အပြစ်ပေးမှုကို ခံနေရတာ... တစ်မိသားစုလုံးကို ဒီနေရာတင် အမြစ်ဖြတ် သတ်မပစ်တာကိုပဲ ကျေးဇူးတင်သင့်လှပြီ... ခင်ဗျားကိုလည်း လက်ဖျားနဲ့တောင် မတို့သလို ဒီကိစ္စထဲမှာလည်း မပတ်သက်စေတာဟာ အင်မော်တယ် ဂိတ်တံခါး ရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့်ပဲ... ချောင်မိသားစု ဒုက္ခရောက်တာဟာ ချောင်မိသားစု ရဲ့ တာဝန်ပဲ... ခင်ဗျားနဲ့ မဆိုင်ဘူးလေ...”

“ဒါပေမဲ့ ခင်ဗျားက အင်မော်တယ် ဂိတ်တံခါး ရဲ့ သနားကြင်နာမှုကို အရှက်မရှိ အသုံးချနေတာလား...”

“အကြီးအကဲချောင်... ခင်ဗျားရဲ့ အရှိန်အဝါက တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲနော်...”

စုယွီ သည် မည်သည့် မန္တန်စွမ်းအားကိုမျှ အသုံးမပြုဘဲ... လက်ဖဝါးဖြင့် ချောင်ဝမ်ရှန်း ၏ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ချောင်ဝမ်ရှန်း သည် သူ၏ မျက်နှာတစ်ခုလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး... အသားများနှင့် အရေပြားများမှာ ကွဲအက်သွားတော့သည်။ သူ၏ ခေါင်းမှာ စောင်းသွားပြီး... “ဂျွတ်” ဆိုသည့် အသံနှင့်အတူ လွင့်ထွက်သွားခဲ့၏။

ဤလက်ဝါးချက် တစ်ချက်တည်းဖြင့်ပင် ချောင်ဝမ်ရှန်း မှာ ခေါင်းနားပန်းကြီး သွားရ၏။ သို့သော် သူသည် မူလဝိညာဉ် အဆင့် အရှင်သခင် တစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသော်လည်း... သူ၏ မူလဝိညာဉ် မှာမူ မထိခိုက်ဘဲ အသိစိတ်မှာ ကြည်လင်နေဆဲ ဖြစ်၏။

ထိုအခိုက်တွင် မူလဝိညာဉ် က သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ ချောင်ဝမ်ရှန်း သည် စုယွီကို ထိတ်လန့်တကြား ကြည့်ကာ ဟိန်းဟောက်လိုက်တော့၏။

“မင်းက ဘယ်သူလဲ... မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ အကြီးအကဲ တစ်ယောက်ကို ဒီလို တိုက်ခိုက်ရဲတာလား...”

“မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ အကြီးအကဲ” ဆိုသည့် စကားလုံးကို ကြားရသောအခါ စုယွီ က မပြုံးဘဲ မနေနိုင်တော့ပါချေ။

ဤ အပြင်စည်း နန်းတော် အကြီးအကဲ ဆိုသည့် ဘွဲ့ထူးက ဘာလို့ သူတို့ ပါးစပ်ဖျားမှာ အမြဲ ရှိနေရတာလဲ.. ဤဘွဲ့ထူးကို ကိုင်ဆောင်ထားရုံဖြင့် အင်မော်တယ် ဂိတ်တံခါး ၏ ရိုသေမှုနှင့် ဂုဏ်သိက္ခာကို လျစ်လျူရှုကာ ရိုင်းစိုင်းခွင့် ရှိသည်ဟု ထင်နေကြသည်လား..။

“စိတ်မကောင်းပါဘူး... ကျုပ် အခုပဲ ရိုက်လိုက်တာက အဲဒီ အကြီးအကဲ ဆိုတဲ့ ခင်ဗျားကိုပဲ...”

အခင်းအကျင်း စွမ်းအားမှာ တစ်ဖန် ပြန်လည် နိုးထလာပြန်၏။ ချောင်ဝမ်ရှန်း ၏ ခန္ဓာကိုယ် လွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက်... ဟင်းလင်းပြင် စွမ်းအားဖြင့် ၎င်းကို လေထဲ၌ပင် ရပ်တန့်လိုက်သည်။ စုယွီ သည် ပကတိ ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့် ချောင်ဝမ်ရှန်း ကို ထပ်မံ၍ ရိုက်နှက်လိုက်ပြန်၏။

“ဘုန်း...”

ဤလက်ဝါးချက်မှာ ချောင်ဝမ်ရှန်း ၏ မူလဝိညာဉ် ကိုပင် ခန္ဓာကိုယ် အပြင်ဘက်သို့ လွင့်ထွက်သွားစေခဲ့၏။ စုယွီ သည် နောက်ထပ် လက်ဝါးချက် အချို့ကိုပါ ထပ်ဆင့် ရိုက်နှက်လိုက်ရာ... ချောင်ဝမ်ရှန်း ၏ မူလဝိညာဉ် မှာ ပြိုကွဲ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပါ၏။ ထို့နောက်မှ စုယွီ က သူ့ကို လွှတ်ပေးလိုက်ပြီး မူလဝိညာဉ် ကို ဒန်တျန် အတွင်းသို့ ပြန်လည် ရိုက်သွင်းပေးလိုက်၏။

စုယွီ သည် ချောင်ဝမ်ရှန်း အား အပြင်စည်း နန်းတော် မှ တပည့် လေးဆယ်ခန့်၏ အနားသို့ ခြေတစ်ချက်ဖြင့် ကန်ပို့လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။

“သူ့ကို ပြန်ခေါ်သွားကြ...”

“ဒီနေ့ အကြီးအကဲချောင် နဲ့ လက်ရည်စမ်းရတာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်... ငါက နည်းနည်း ပေါ့ဆသွားလို့ သူ့ကို အမှတ်မထင် ပိုပြီး ရိုက်မိသွားတယ်...”

“ဒီကိစ္စကို ငါ အင်မော်တယ် ဂိတ်တံခါး ရဲ့ ပြစ်ဒဏ်ပေးဆောင် ဆီကို သတင်းပို့လိုက်မယ်... အကြီးအကဲချောင် နဲ့ ပတ်သက်ပြီးတော့ သူ့ကို ပြန်ခေါ်သွားပြီး သေချာ ဂရုစိုက်လိုက်ကြဦး...”

“သတိတော့ ထားကြနော်... သူ့ကို အမှတ်မထင် သေအောင်တော့ မလုပ်မိစေနဲ့...”

အပြင်စည်း နန်းတော် မှ တပည့် လေးဆယ်ခန့်မှာ စုယွီ ကို ထိတ်လန့် ခြောက်ခြားစွာဖြင့် ကြည့်နေကြသော်လည်း... ဘယ်သူမှ စကားတစ်ခွန်းမျှ မဟရဲကြပါချေ။

သောက်ကျိုးနည်း လက်ရည်စမ်းတာတဲ့လား..

ဒါက အကြီးအကဲချောင် ကို မသေရုံတမယ် ဖြစ်အောင် တမင် လုပ်လိုက်တာပဲလေ.. သူတို့သည် ချောင်ဝမ်ရှန်း ကို ကပျာကယာ ခေါ်ဆောင်ကာ ထွက်ခွာသွားကြသဖြင့်... အုတ်အော်သောင်းနင်း ဖြစ်နေသော ဟေးယွီ အင်မော်တယ် စံအိမ်တော် မှာ ပြန်လည် တိတ်ဆိတ်သွားသည်။

ကျန်းဝမ် မှာ စုယွီ ကို ကြည့်ကာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရ၏။

ဤအတွင်းစည်း နန်းတော် အကြီးအကဲ သည် ဟေးယွီ အင်မော်တယ် မြို့တော် သို့ ရောက်ရှိလာကတည်းက အလွန်တရာ ခပ်လျိုလျို နေထိုင်တတ်ပြီး... လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းလည်း အလွန် ရှားပါးလှသည်။

သူသည် လေအေးတစ်ချက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိ၏။

စုယွီ ဟေးယွီ အင်မော်တယ် မြို့တော် သို့ ရောက်ရှိလာစဉ်က ကျင့်ကြံသူများ၏ အမြင်တွင် သူသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) ရှိသော ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။ ထိုစဉ်က စုယွီ ကဲ့သို့သော သူတစ်ဦးက ဘာကြောင့် အတွင်းစည်း နန်းတော် အကြီးအကဲ ဖြစ်လာရသနည်း ဆိုသည်ကို ကျန်းဝမ် နှင့် အခြားသူများမှာ ကောင်းစွာ နားမလည်ခဲ့ကြပါချေ။

သို့သော် ယခုမူ... ကျန်းဝမ် တစ်ယောက် အားလုံးကို နားလည် သဘောပေါက်သွားခဲ့ပါ၏။

All Chapters