အခန်း ၆၂၉
Vol. 42 Ch. 629
အခန်း (၆၂၉) - စတုတ္ထအဆင့် အလယ်အလတ် အစွမ်းနှင့် ပိုင်ဟွာဂိုဏ်း၏ ရန်စမှု အပိုင်း (၁)
မာရှီချင်းသည် စုယွီ၏ ရှေ့မှောက်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာချိန်တွင် လွန်ခဲ့သော လအနည်းငယ်ကထက်စာလျှင် သူ၏ ရုပ်သွင်နှင့် စိတ်ဓာတ် ခွန်အားတို့မှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီ။ သူသည် များစွာ ပိုမို နုပျိုလာသယောင် ရှိသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှလည်း လွန်စွာ တက်ကြွသော သက်စောင့်အားအင်များ ဖြာထွက်နေတော့၏။
စုယွီက သူ့ကို အနီးကပ် စူးစမ်းကြည့်လိုက်သောအခါ ထိုသက်စောင့်အားအင်မှာ အပေါ်ယံမျှသာ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ လွန်ခဲ့သော အချိန်က သူ ပေးအပ်ခဲ့သည့် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အစက်တစ်ရာကို သန့်စင်လိုက်သော်ငြား မာရှီချင်း၏ သက်တမ်းမှာ များစွာ တိုးပွားလာခြင်း မရှိခဲ့ပါချေ။
သို့သော် ဝိညာဉ်အရည်အတွင်း ကိန်းအောင်းနေသော နတ်ဘုရား စွမ်းအင်များက မာရှီချင်း၏ ကျန်းမာရေးကို တိုတောင်းသော ကာလအတွင်း သိသိသာသာ ကောင်းမွန်လာစေပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်တော့သည်။
စုယွီသည် ခဏမျှ တွေးတောပြီးနောက် အခြားသော ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ မာရှီချင်းထံသို့ စတုတ္ထအဆင့် အဆင့်မြင့် ဝိညာဉ်အရည် ဆယ်စက်ကို ကမ်းပေးလိုက်၏။
“အစွမ်းကုန် ကြိုးစားကြည့်ပါဗျ... ချန်ယွီနဲ့ ချင်းချွမ်တို့တောင် မူလဝိညာဉ် အဆင့်ကို ချိုးဖြတ် ဝင်ရောက်သွားကြပြီ... ခင်ဗျားလည်း သူတို့ကို အမှီလိုက်နိုင်ဖို့ လိုတယ်နော်”
မာရှီချင်းက ငြင်းပယ်ရန် ကြိုးစားသော်လည်း စုယွီနှင့် သူ၏ ဆက်ဆံရေးကို ပြန်လည် ဆင်ခြင်မိကာ ခေါင်းကို လေးနက်စွာ ညှိတ်လိုက်ပြီး ဝိညာဉ်အရည်ကို လက်ခံလိုက်တော့သည်။ ဤကျေးဇူးတရားကို သူ၏ ရင်ထဲ၌သာ မှတ်ကျောက်တင်ထားရန် ဆုံးဖြတ်လိုက်ပုံ ရသည်။ သို့သော် သူသည် စုယွီ အစောပိုင်းက ပေးအပ်ခဲ့သော ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည်ကို ပြန်ထုတ်ပေးလာ၏။
“ကျွန်တော် ဒီကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည်ကို မသုံးရသေးဘူး... ညီအစ်ကိုစုပဲ ဒါကို စိတ်ချလက်ချ ပြန်သိမ်းထားပါ”
စုယွီက ခပ်ဟဟ ရယ်လိုက်ပြီး ထိုအရာကို ပြန်လည် လက်မခံခဲ့ပါချေ။
“ခင်ဗျား မူလဝိညာဉ် အဆင့်ကို ရောက်ပြီးမှပဲ ဒီကိစ္စကို ပြောကြတာပေါ့... မူလဝိညာဉ် အဆင့်ရဲ့ စိတ်ဝိဉာဉ် အဟန့်အတားကလည်း တကယ့်ကို ကြီးမားတဲ့ အတားအဆီး တစ်ခုပဲ... ဒါလေး ရှိနေတော့ ခင်ဗျားအတွက် အထောက်အကူ ဖြစ်တာပေါ့...”
မာရှီချင်းသည် မူလဝိညာဉ် အဆင့်သို့ ချိုးဖြတ် ဝင်ရောက်နိုင်ရန်အတွက် ဂိုဏ်း၏ လျှို့ဝှက်ကျင့်ကြံရာ နေရာသို့ ထွက်ခွာသွားခဲ့လေပြီ။
စုယွီသည် ထိုနေရာ၌ပင် နေထိုင်ရင်း နေ့စဉ် ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် ရုပ်သေးများ ဖန်တီးခြင်းတို့ဖြင့် အချိန်ကုန်လွန်စေရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် များမကြာမီမှာပင် မာရှီချင်း၏ ဆရာဖြစ်သူ ကြယ်ခူး မျှော်စင်သခင်သည် မာရှီချင်း၏ ဂူစံအိမ် အပြင်ဘက်သို့ ရောက်ရှိလာခဲ့တော့၏။
ကြယ်ခူး မျှော်စင်သခင်သည် မူလဝိညာဉ် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အရှင်သခင် တစ်ပါးဖြစ်ပြီး စတုတ္ထအဆင့် ဦးဆောင်သူ အခင်းအကျင်း ပညာရှင်ကြီး တစ်ဦးလည်း ဖြစ်သည်။
သူ၏ ကျော်ကြားမှုမှာ တာ့ချန် ကမ္ဘာ တစ်ခွင်ရှိ ကျင့်ကြံသူများကြား၌ ဟိုးလေးတကျော်ပင် ဖြစ်တော့၏။ သို့သော် စုယွီ၏ ရှေ့မှောက်တွင်မူ သူသည် မည်သည့် မာန်မာနမျှ မရှိဘဲ ပွင့်လင်းစွာပင် ဆက်ဆံပါသည်။
“ဒါ မြေကမ္ဘာအင်မော်တယ် နန်းတော်က အကြီးအကဲ စုယွီလား... ဟားဟားဟား... ကျွန်တော် ဧည့်ဝတ်ကျေပွန်ဖို့ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါဦး အကြီးအကဲစု”
မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုဆရာ ထျန်းယွီထက် မနုပျိုလှသော ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦးသည် စုယွီ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပါ၏။
စုယွီမှာမူ အံ့အားသင့်ခြင်း မရှိဘဲ တည်ငြိမ်စွာပင် နေရာမှ ထရပ်လိုက်ကာ ကြယ်ခူး မျှော်စင်သခင်ကို ဂါရဝပြုလိုက်၏။
“ဆရာ ကြယ်ခူး ကို ဂါရဝပြုပါတယ် ခင်ဗျာ”
ကြယ်ခူး မျှော်စင်သခင်က စုယွီကို ကြည့်ကာ ခပ်ဟဟ ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။
“ကျွန်တော်က မင်းရဲ့ ဆရာနဲ့လည်း အဆက်အသွယ် ရှိသလို တာအိုဆရာ ထျန်းယွီ ထက်လည်း အသက် နည်းနည်း ပိုကြီးပါတယ်... အဆင်ပြေမယ်ဆိုရင်တော့ ကျွန်တော့်ကို ဦးလေးငယ် လို့ပဲ ခေါ်နိုင်ပါတယ်”
စုယွီက ပြုံးလိုက်ရင်း ဆို၏။
“ဆရာကြီးကလည်း နောက်နေပြန်ပြီ... ကျွန်တော့်ဘက်က ဘာလို့ ငြင်းဆန်စရာ အကြောင်း ရှိမှာလဲ ခင်ဗျာ”
စုယွီ၏ စိတ်ထဲမှမူ သရော်တော်တော် တွေးတောလိုက်မိသည်။
'ဒီ ဦးလေးငယ် ဆိုတဲ့ အခေါ်အဝေါ်က လွယ်လွယ်နဲ့ ခေါ်လို့ရတာ မဟုတ်ဘူးနော်... မြေကမ္ဘာအင်မော်တယ် နန်းတော် သခင်ကတောင် ငါ့ကို ညီအစ်ကို လို့ ခေါ်နေတာလေ... အကယ်လို့ ငါက ကြယ်ခူး မျှော်စင်သခင်ကို ဦးလေးငယ် လို့ ခေါ်လိုက်ရင် သူ တောင့်ခံနိုင်ပါ့မလားတောင် မသိဘူး...'
တစ်နှစ်နှင့် ခြောက်လခန့် အချိန်ကာလ ကွန်လွန်သွားခဲ့လေပြီ။
စုယွီသည် ကြယ်ခူး မျှော်စင်တွင် အချိန်ကုန်လွန်စေပြီးနောက် မာရှီချင်းသည် တိတ်တဆိတ်ပင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
မာရှီချင်းသည် သူ၏ ဂူစံအိမ်သို့ ပြန်ရောက်လာချိန်တွင် မူလဝိညာဉ် အဆင့် (၁) သို့ အောင်မြင်စွာ ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။
သူ၏ ရုပ်သွင်မှာလည်း အသက် (၃၀) (၄၀) အရွယ် အမျိုးသားတစ်ဦး၏ ပုံစံသို့ ပြန်လည် ပြောင်းလဲသွားခဲ့၏။ မူလဝိညာဉ် အဆင့် (၁) သို့ ရောက်ရှိသူ တစ်ဦး၏ သက်တမ်းမှာ အနည်းဆုံး ခုနစ်ရာမှ ရှစ်ရာအထိ ရှိနိုင်ပြီး အဆင့် (၉) သို့ ရောက်လျှင် နှစ်ပေါင်း တစ်ထောင်ခန့်အထိ ရှိတတ်သည်။ မာရှီချင်းသည် သူ၏ သက်တမ်း အစိတ်အပိုင်း တော်တော်များများကို အသုံးချခဲ့ရသော်ငြား ယခုအခါတွင်မူ အနည်းဆုံး နှစ်ပေါင်း လေးရာခန့် သက်တမ်း ကျန်ရှိနေသေးပါ၏။
ဤသည်မှာ မြေဆရာ တစ်ဦးအနေဖြင့် စိတ်ကြိုက် ဖြုန်းတီးနိုင်ရန် လုံလောက်သော အချိန်ပင် ဖြစ်တော့သည်။ မာရှီချင်း ပြန်လည် ရောက်ရှိလာသည်နှင့် စုယွီမှာ စိတ်သက်သာရာ ရသွားကာ တောင်းဆိုချက်တစ်ခု တောင်းဆိုလိုက်၏။ သူသည် ကြယ်ခူး မျှော်စင်၏ ဘိုးဘေးကြီးနှင့် တွေ့ဆုံလိုခြင်းပင် ဖြစ်တော့သတည်း။