← Chapters

အခန်း ၂၈၆

Vol. 23 Ch. 286

အခန်း ၂၈၆

Vol. 23 Ch. 286

အခန်း (၂၈၆)

- အပိုင်း (၅၄) - မိစ္ဆာဘုရင်သတ်ဖြတ်သူ (၂)

နောက်ဆုံးတော့ ကျနော် စောင့်ဆိုင်းနေခဲ့သည့် မက်ဆေ့ချ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက်ကြံစည်သူ ၏ ကိုယ်ပိုင်ဇာတ်ဝင်ခန်း ရောက်ရှိလာပြီဖြစ်သည်။

[ဇာတ်ဝင်ခန်းအသေး (လျှို့ဝှက်ကြံစည်သူ) - ???]

အမျိုးအစားဇာတ်ဝင်ခန်းအသေး (ကိုယ်ပိုင်)

ခက်ခဲမှု???

အောင်မြင်ရန် လိုအပ်ချက်???

အချိန်ကန့်သတ်ချက်-

ဆုလာဘ်ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်း (၁) ခု၊ စွမ်းရည် (၁) ခု နှင့် ပစ္စည်း (၁) ခုတို့ဖြင့် မူလနောက်ပြန်ဆုတ်မှုသို့ ပြန်သွားနိုင်သည်။ (လိုအပ်သော ဖြစ်နိုင်စွမ်း ကို ဇာတ်ဝင်ခန်း အဆိုပြုသူက တာဝန်ယူမည် ဖြစ်သည်။)

ကျရှုံးမှုမူလနောက်ပြန်ဆုတ်မှုသို့ ပြန်မသွားနိုင်ဘဲ သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ် ပျက်စီးသွားမည် ဖြစ်သည်။

ကျနော် ဇာတ်ဝင်ခန်းဇယား ကို ဖွင့်လိုက်သည့် ခဏတွင် မျက်စိထဲသို့ ပထမဆုံး ဝင်လာသည့်အရာမှာ 'ဆုလာဘ်' ဖြစ်သည်။

[စနစ် စီမံခန့်ခွဲရေးဌာနက လက်ရှိတွင် သင်၏ ဖြစ်နိုင်စွမ်း အပေါ် သံသယဝင်နေသည်။]

ကျနော်သည် ဤ 'နောက်ပြန်ဆုတ်ခြင်း' ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ဤအကျော့တွင် ပစ္စည်း၊ စွမ်းရည် သို့မဟုတ် ဇာတ်လမ်းတစ်ခုခု ရရှိခဲ့လျှင်တောင် မူလကမ္ဘာသို့ ပြန်ရောက်သည့်အခါ ထိန်းသိမ်းထားနိုင်မည် မဟုတ်သည်က သေချာ၏။ ပြောရမည်ဆိုလျှင် ယခုလက်ရှိအခြေအနေက (၄၁) ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ရှင်ယူဆောင်းသည် အလွန်အမင်း အားနည်းသွားခဲ့သဖြင့် အဆော်ခံလိုက်ရသည့် အခြေအနေမျိုးနှင့် အတူတူပင် ဖြစ်လေသည်။

သို့သော်လည်း ဤဆုလာဘ်သာ အမှန်ဖြစ်ခဲ့လျှင်... ကျနော်သည် ဤအကျော့တွင် ရရှိခဲ့သည့် အရာများကို မူလကမ္ဘာသို့ ယူဆောင်သွားနိုင်မည် ဖြစ်သည်။

ရရှိမည့် ဆုလာဘ်မှာ မတရားကြီးမားလှသည့် ဆုလာဘ် ဖြစ်သည်။ ဖြစ်နိုင်စွမ်း ကို မည်မျှပင် ကန့်သတ်ထားပါစေကာမူ (၉၅) ခုမြောက် ဇာတ်ဝင်ခန်း၏ ဆုလာဘ်များမှာ (၉၅) ခုမြောက် ဇာတ်ဝင်ခန်းနှင့် ထိုက်တန်လိမ့်မည် ဖြစ်၏။ ဤနေရာတွင် ရရှိနိုင်သော စွမ်းရည်များနှင့် ဇာတ်လမ်းများသည် (၂၀) ခုမြောက် ဇာတ်ဝင်ခန်းရှိ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအား ရှိကြ၏။

「 သိပ်ပြီး စိတ်မလှုပ်ရှားနဲ့။ ကင်ဒေါ့ဂျာ 」

Fourth Wall ၏ စကားကြောင့် ကျနော် စိတ်ကို မနည်း ပြန်ထိန်းလိုက်ရသည်။ အမှန်တော့ ဝမ်းသာနေရမည့် အခြေအနေမျိုး မဟုတ်ပေ။ ဇာတ်ဝင်ခန်း၏ ဆုလာဘ်မှာ မြင့်မားသော်လည်း ကျရှုံးမှုအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာလည်း ထိုနည်းတူပင် ကြီးမားလှသည်။ အကယ်၍ ကျရှုံးခဲ့ပါက ကျနော်သည် မူလကမ္ဘာသို့ ပြန်မသွားနိုင်တော့ဘဲ ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

ဤနေရာသည် ကျနော် ရှိရမည့် အကျော့ မဟုတ်သဖြင့် ကျနော့် 'ဇာတ်လမ်းများ' ၏ လွှမ်းမိုးမှုမှာ ကြီးမားခြင်း မရှိပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရလျှင် ဖြစ်နိုင်စွမ်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားနိုင်သည်။ ထို့အပြင် ထိုအရာက အကြီးမားဆုံး ပြဿနာ မဟုတ်သေးပေ။

[ဤဇာတ်ဝင်ခန်း၏ အောင်မြင်ရန်လိုအပ်ချက်များကို အဆင့်မြှင့်တင်နေပါသည်။]

အရေးအကြီးဆုံး ဖြစ်သည့် အောင်မြင်ရန်လိုအပ်ချက်မှာ အဆင့်မမြှင့်တင်ရသေးပေ။ ဒိုင်မင်းရှင်း ဖြတ်ကျော်လာခဲ့ရခြင်းကြောင့် ဖြစ်ပွားသော စနစ်ချို့ယွင်းချက်လား၊ သို့မဟုတ် လျှို့ဝှက်ကြံစည်သူ က တမင်သက်သက် အချိန်ဆွဲနေခြင်းလား ဆိုသည်ကို ကျနော် မသိရပေ။

ရိုးရိုးသားသား ပြောရလျှင် နှစ်မျိုးလုံး ဖြစ်နိုင်၏။ ဝေးလံသော နေရာတွင် တိုက်ခိုက်နေသည့် ယူဂျွန်ဟော့ ကို ကြည့်ရင်း ကျနော် တွေးမိသည်။ ကျနော်သာ လျှို့ဝှက်ကြံစည်သူ ဖြစ်ခဲ့လျှင် ဤဇာတ်ဝင်ခန်းအတွက် မည်သို့သော အောင်မြင်မှု သတ်မှတ်ချက်မျိုးကို ထားရှိမည်နည်း။ လျှို့ဝှက်ကြံစည်သူ ၏ ယခုအထိ လှုပ်ရှားမှုများကို အခြေခံ၍ စဉ်းစားကြည့်လိုက်သောအခါ

စိတ်ထဲတွင် မကောင်းသော ခံစားချက်ဖြစ်ပေါ်လာသည်။

[သီးသန့်စွမ်းရည် 'စာဖတ်နားလည်နိုင်စွမ်း' အသက်ဝင်ပါပြီ။]

လျှို့ဝှက်ကြံစည်သူ။ သူသည် တွားသွားနေသော ကစဉ့်ကလျားကြီး ဖြစ်လိမ့်မည်ဟု ကျနော် မျှော်လင့်ထားခဲ့သော်လည်း ထိုပြင်ပနတ်ဘုရား ၏ တကယ့်သရုပ်မှန်မှာ မသိရသေးပေ။

ကျနော့်၏ ပထမဆုံး ချန်နယ်ပွင့်ကတည်းက သူသည် ကျနော့်အနားတွင် ရှိနေခဲ့သော်လည်း သူ့အကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ကျနော် အနည်းငယ်သာ သိရှိထားသည်။ သူသည် ကောင်းကင်တစ်မျှ မဟာပညာရှိ ကဲ့သို့ မာနထောင်လွှားသူ မဟုတ်သလို၊ ယူရီအယ် ကဲ့သို့ တရားမျှတမှုနှင့် ပြည့်စုံသူလည်း မဟုတ်ပေ။ မဟူရာမီးလျှံ အသူတစ်ရာနဂါး ကဲ့သို့ မိစ္ဆာဆန်သူလည်း မဟုတ်ခဲ့ပေ... သူသည် မူရင်း Ways of Survival ထဲတွင်ပင် တည်ရှိမနေခဲ့ပေ။ သူသည် လျှို့ဝှက်ကြံစည်သူ အဖြစ်သာ ရှိနေခဲ့သည်။

[သင့်ထံတွင် ရှိသော အချက်အလက်များဖြင့် ပစ်မှတ်ကို မဖတ်ရှုနိုင်ပါ။]

[သီးသန့်စွမ်းရည် 'စာဖတ်နားလည်နိုင်စွမ်း' အသက်ဝင်ခြင်းကို ဖျက်သိမ်းလိုက်ပါပြီ။]

[မသိနားမလည်သောအရာအပေါ် သိလိုစိတ်ပြင်းပြမှုက စွမ်းရည်အသစ်တစ်ခုဆီသို့ ဦးတည်နေသည်။]

...ကျနော် မသိတော့ပေ။ ဤဇာတ်ဝင်ခန်းမှတစ်ဆင့် သူ ကျနော့်ကို ဘာကို ပြသချင်နေသနည်း။ ထို့အပြင် သူ ဘာကို ရယူချင်နေသနည်း။

ထို ပြင်ပနတ်ဘုရား သည် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မလုပ်ဖူးသဖြင့် ကျနော် အလွယ်တကူ ခန့်မှန်း၍ မရနိုင်ပေ။ တစ်ခုကတော့ သေချာသည်။

[ဂါး...]

ဤဇာတ်ဝင်ခန်းမှာ ဟိုဘက်တွင် နက္ခတ်များ ကို သတ်ဖြတ်နေသည့် သားရဲကြီးနှင့် ဆက်စပ်နေနိုင်ချေ ရှိ၏။

[အဲဒါပဲ။ ချကြတော့။ အားလုံး ဝိုင်းပြီး ညှပ်တိုက်ကြစမ်း]

[သေလိုက်တော့။ ယူဂျွန်ဟော့]

ကျနော် ဇာတ်ဝင်ခန်းဇယား ကို ခေတ္တခဏကြည့်နေစဉ်မှာပင် တိုက်ပွဲမြေပြင်မှာ မျှော်လင့်မထားသော ပုံစံသို့ စီးဆင်းသွားခဲ့သည်။ ယူဂျွန်ဟော့ ၏ အခြေအနေမှာ ထူးဆန်းနေသည်။ သိပ်မကြာသေးခင်ကပင် သူသည် နက္ခတ်များ ကို သတ်ဖြတ်ရင်း စစ်မြေပြင်ကို လွှမ်းမိုးထားခဲ့သော်လည်း...ယခုအခါ သူ၏ လှုပ်ရှားမှုများမှာ တုံ့ဆိုင်းနေလေသည်။ ပုံအောကျဆင်းလာသော တရစပ်တိုက်ခိုက်မှုများအောက်တွင် ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှာ တောင့်တင်းလာခဲ့သည်။

...ဒီကောင် ဘာဖြစ်နေတာလဲ။ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ။

သူ့အခြေအနေကို စစ်ဆေးရန် ကျနော် ဇာတ်ကောင်စာရင်း ၏ settingကို ပြောင်းလဲလိုက်သည်။

လက်ရှိတွင် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်ပွားနေygသည်။

ပုံမှန်မဟုတ်သော အခြေအနေဟုတ်လား။ မဖြစ်နိုင်တာ။ (၁၈၆၃) ကြိမ်မြောက် နောက်ပြန်ဆုတ်မှုက ယူဂျွန်ဟော့ က ဘယ်သူမလို့လဲ။ သူက အရှေ့ငရဲ၏ အုပ်စိုးသူ ဖြစ်ပြီး နိယာမများ၏ နတ်ဆိုး ကို သတ်ဖြတ်ခဲ့တဲ့ ယူဂျွန်ဟော့လေ။

လက်ရှိ ယူဂျွန်ဟော့ ကို ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်အောင် လုပ်နိုင်သည့်သူ နက္ခတ်များ ထဲတွင် မရှိနိုင်ပေ။

ယူဂျွန်ဟော့ ၏ မျက်လုံးများမှာ ဗလာဖြစ်နေ၏။

လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်နေသကဲ့သို့ စိတ်မသက်မသာဖြစ်မှုကို ကျနော်ခံစားလိုက်ရသည်။

မဟုတ်ဘူး။ ရှိတယ်။ ယူဂျွန်ဟော့ ကို ပုံမှန်မဟုတ်တဲ့အခြေအနေ ဖြစ်အောင် လုပ်နိုင်တဲ့သူ ကမ္ဘာပေါ်မှာ တစ်ယောက်ပဲ ရှိတယ်။

ပစ်မှတ်သည် ဘာမှန်းမသိသော အကြောင်းရင်းကြောင့် 'နောက်ပြန်ဆုတ်ခြင်း စိတ်ဓါတ်ကျရောဂါ' ကို ခံစားနေရပါသည်။

၎င်းမှာ ယူဂျွန်ဟော့ ကိုယ်တိုင်ပင် ဖြစ်သည်။

နောက်ပြန်ဆုတ်ခြင်း စိတ်ဓါတ်ကျရောဂါ။ ဘဝပေါင်း ၁၈၆၃ခုလုံးတွင် ပျက်စီးခဲ့ရသော ထိုလူ၏ စိတ်ဓါတ်မှာ နောက်ပြန်ဆုတ်ခြင်း စိတ်ဓါတ်ကျရောဂါကို အလိုအလျောက် တုံ့ပြန်သော အဆင့်နိမ့်စွမ်းရည်တစ်ခု ကဲ့သို့ ဖြစ်စေခဲ့သည်။ သူသည် ထိုစိတ်ဓါတ်ကျရောဂါထဲသို့ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် သူ၏ သတိစိတ်မှာ မှတ်ဉာဏ်များ၏ လေးလံမှုအောက်တွင် ပိတ်မိသွားပြီး ပြန်နိုးထလာနိုင်ခြင်း မရှိတော့ပေ။

[သတ်ပစ်စမ်း။ သူက မသေနိုင်တဲ့ကောင် မဟုတ်ဘူး]

ရက်စက်လှသော တိုက်ခိုက်မှုများကြောင့် ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှ သွေးများမှာ တဖြည်းဖြည်း စီးကျလာခဲ့သည်။ ထူးဆန်းလှသည်။ မူလက ဤကဲ့သို့သော အခြေအနေမျိုးတွင် နောက်ပြန်ဆုတ်ခြင်း စိတ်ဓါတ်ကျရောဂါ မဖြစ်ပွားသင့်ပေ။ (၁၈၆၃) ကြိမ်မြောက် နောက်ပြန်ဆုတ်မှုတွင် ယူဂျွန်ဟော့ သည် ဤရောဂါကို မည်သို့ စီမံခန့်ခွဲရမည်ကို လေ့လာခဲ့ပြီး ဖြစ်သည်။

သူ ဘာကြောင့် လက်ရှိ အခြေအနေသို့ ရောက်နေရသနည်း။

「 Fourth Wall က "ဟားဟားဟား" ဟု ပြောနေပါသည်။ 」

“...ဒါ မင်းလက်ချက်လား”

Fourth Wall က ပြန်မဖြေခဲ့သော်လည်း ကျနော့်တွင် ဤခန့်မှန်းချက်တစ်ခုသာ ရှိသည်။ သိပ်မကြာသေးခင်က Fourth Wall နှင့် တိုက်ခိုက်မိခဲ့ခြင်းက ယူဂျွန်ဟော့ ၏ စိတ်အတွင်းပိုင်းမျက်နှာပြင်တွင် တစ်စုံတစ်ခုကို အနှောင့်အယှက် ဖြစ်စေခဲ့ပုံရသည်။

ချီး။ ငါ ဘာလုပ်သင့်လဲ။

ယူဂျွန်ဟော့ သည် သူ၏ မျက်နှာကို ကာကွယ်ထားစဉ် သူ၏ အရေပြား သွေးများ စီးကျလာခဲ့သည်။ သံမဏိအသားအရေ ၏ စွမ်းအားမှာ ရှိနေသေးသော်လည်း ယူဂျွန်ဟော့ သေဆုံးရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။

「 ငါ ကူညီရမယ် 」

「 ငါ သူ့ကို ဘာလို့ ကူညီရမှာလဲ 」

ရွေးချယ်မှုများမှာ ကျနော့်စိတ်ထဲတွင် လွန်ဆွဲနေသည်။

「 ယူဂျွန်ဟော့က အခု သားရဲကြီးတစ်ကောင် ဖြစ်နေပြီ။ ငါ ကူညီလိုက်ရင် သူ ပြန်နိုးလာတဲ့အခါ ငါ့ကို သေချာပေါက် သတ်လိမ့်မယ် 」

「 သေချာ စဉ်းစားစမ်း။ မင်းက ဒီဇာတ်ဝင်ခန်းရဲ့ အောင်မြင်ရန် လိုအပ်ချက်ကို သိတာမဟုတ်ဘူး 」

အောင်မြင်ရန်လိုအပ်ချက်မှာ ယခုအထိ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။

「 ဇာတ်ဝင်ခန်းကို အောင်မြင်ဖို့ လိုအပ်ချက်က ယူဂျွန်ဟော့ သေဆုံးဖို့ ဖြစ်နေရင် ဒါက အခွင့်ကောင်းပဲ 」

သို့သော်လည်း—

「 တကယ်လို့ အောင်မြင်ရန်လိုအပ်ချက်က ယူဂျွန်ဟော့ ရှင်သန်ဖို့ ဖြစ်နေရင်ကော...ဘယ်လိုလုပ်မလဲ 」

ယူဂျွန်ဟော့ သေဆုံးသွားလျှင် ကျနော် အရာအားလုံး ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

“ချီးပဲ...”

ငါ ကူညီရမလား၊ မကူညီရဘူးလား။

ယူဂျွန်ဟော့ ၏ ဒူးများမှာ မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ ပုံမှန်ဆိုလျှင် အားနည်းလှသည့် ကောင်များမှာ စိတ်လှုပ်ရှားစွာဖြင့် ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်ကို ဝိုင်းဝန်းဆုတ်ဖြဲနေကြသည်။

[ဟားဟားဟား။ သံမဏိသွေး အမြင့်မြတ်ဆုံးဘုရင်ရဲ့ ဇာတ်လမ်းကို ငါ ရတော့မှာပဲ။]

ယူဂျွန်ဟော့ သည် ဤနေရာတွင် သေဆုံးသွားလျှင်တောင် နောက်ထပ် နောက်ပြန်ဆုတ်မှုကိုလုပ်လိမ့်မည် ဖြစ်သည်။ ထို့နောက် သူသည် အလှည့်အသစ်တစ်ခုကို ထပ်မံ စတင်လိမ့်မည်။

နောက်ပြန်ဆုတ်ခြင်း...

[ ဒါဆိုရင် တခြားကမ္ဘာတွေကကော ဘယ်လိုလုပ်မလဲ ]

...စောက်ကျိုးနည်း ကြံစည်သူ။

[ မင်း မကယ်တင်ခဲ့တဲ့ ကမ္ဘာတွေ အားလုံးကကော ဘယ်လိုလုပ်မလဲ ]

ယူဂျွန်ဟော့ ဤနေရာတွင် သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် မူရင်းဝတ္ထုထဲတွင် မရှိခဲ့သော ကမ္ဘာတစ်ခု ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။ ယူဂျွန်ဟော့ သည် ငရဲကို နောက်တစ်ကြိမ် ထပ်မံ အဖတ်ဆယ်ရလိမ့်မည်။ လျှို့ဝှက်ကြံစည်သူ ကျနော့်ကို ပြသခဲ့သည့် စွန့်ပစ်ခံရသော ကမ္ဘာတစ်ခု ဖန်တီးခံရလိမ့်မည်ဖြစ်ပြီး ယူဂျွန်ဟော့သည် အတိုင်းအဆမဲ့စိတ်ပျက်မှုထဲတွင် နောက်တစ်ကြိမ် ထပ်မံ ဖြတ်သန်းရပေလိမ့်မည်။

...လီး။ မသိတော့ဘူးကွာ။

ကျနော်သည် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ကို အသက်သွင်းပြီး ယူဂျွန်ဟော့ ရှိရာသို့ ပျံသန်းသွားလိုက်သည်။

[ဟေ့။ ငါ့အတွက်လည်း ဝေစု ချန်ထားဦး]

ကျနော့်၏ ကြမ်းတမ်းသော စစ်မှန်သောအသံ ကြောင့် ယူဂျွန်ဟော့ကို တိုက်ခိုက်နေသည့် မိစ္ဆာဘုရင်များနှင့် နက္ခတ်များ က မော့ကြည့်လာကြသည်။

[မင်းက ဘယ်သူလဲ]

[...မိစ္ဆာစွမ်းအင်လား။ မင်းကို တစ်ခါမှ မမြင်ဖူးပါဘူး။]

[မင်းက မိစ္ဆာဘုရင်သတ်ဖြတ်သူ ကို သတ်ဖို့ လာတာလား]

ကျနော့်ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအင်များ စီးဆင်းလာသဖြင့် ရန်သူဘက်မှ တင်းမာမှုများ လျော့ကျသွားသည်ကို မြင်လိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ကျနော်သည် ကျနော့်၏ အရှိန်အဝါကို ထုတ်ဖော်ရင်း ပြောလိုက်သည်။

[ဟုတ်တယ်။ ကောင်းတဲ့အရာတွေကို ငါတို့ အတူတူ ခွဲဝေကြတာပေါ့။ အဆင်မပြေဘူးလား]

[မင်းက နောက်ကျမှ ရောက်လာတာဆိုတော့ ကောင်းတဲ့ဇာတ်လမ်းတွေကို မပေးနိုင်ဘူး]

[မစိုးရိမ်ပါနဲ့။ ငါက နောက်ကနေပဲ ကူညီမှာပါ]

[ကောင်းပြီလေ။ ကဲ… အားလုံး ဆက်လုပ်ကြစမ်း...]

ကျနော်သည် လှည့်၍ ထိုနက္ခတ်ကို ကျနော့်ခွန်အားရှိသမျှဖြင့် ရိုက်ချလိုက်သည်။ ထိုနက္ခတ်မှာ အော်ဟစ်ရင်း မျဉ်းဖြောင့်အတိုင်း လွင့်ထွက်သွားပြီး ပျက်စီးနေသော အဆောက်အဦးတစ်ခုကို သွားရောက် ထိမှန်လေသည်။

[အွတ်... မင်း ဘာလုပ်တာလဲ]

သူ့ကို သေအောင် ရိုက်သတ်ချင်သော်လည်း အားနည်းနေသေးသည်။ နက္ခတ်များမှာ ကျနော့်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ဒေါသထွက်သွားကြပြီး ကျနော့်ကို စိုက်ကြည့်လာကြသည်။

[မင်းက မိစ္ဆာဘုရင်သတ်ဖြတ်သူ ဘက်က ရပ်တည်နေတာလား]

ကျနော် ပြန်မဖြေဘဲ မဟာဇာတ်လမ်းကြီး ၏ စွမ်းအားကို ဖွင့်လိုက်သည်။

[မဟာဇာတ်လမ်းကြီး 'မိစ္ဆာနယ်မြေ၏ နွေဦး' စတင်ပါပြီ။]

ဇာတ်လမ်း၏ လှုပ်ခါမှုမှာ ကျနော့်နှလုံးသား အနက်ရှိုင်းဆုံးတွင် လှုပ်ရှားလာခဲ့သည်။ ဇာတ်လမ်းစွမ်းအင်များမှာ ကျနော့်သွေးထဲသို့ လျှံထွက်လာစဉ် ကျနော့်ခန္ဓာကိုယ်ကို လျှပ်စစ်မီးပွားများက ဝန်းရံထားခဲ့သည်။ နက္ခတ်အချို့မှာ ကျနော့်၏ 'မဟာဇာတ်လမ်းကြီး'ကို မြင်ပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

[မိစ္ဆာဘုရင်တစ်ပါးရဲ့ အရှိန်အဝါလား။ ငါ တစ်ခါမှ မကြားဖူးတဲ့ ကောင်ဆီကနေလား။]

သဘာဝကျစွာပင် ကျနော်သည် ဤကမ္ဘာ၏ မိစ္ဆာဘုရင် မဟုတ်ပေ။ ကျနော်သည် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ၏ စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံ စုစည်းပြီး နက္ခတ်တစ်ပါးကို တိုက်ခိုက်ပစ်လိုက်သည်။ ထိုနက္ခတ်မှာ ဝမ်းဗိုက်ကို ထိမှန်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။ ယူဂျွန်ဟော့ နှင့် နှိုင်းယှဉ်၍ မရသော်လည်း အကျိုးသက်ရောက်မှုမှာ မဆိုးလှပေ။ ဤအတိုင်းသာ ဆက်သွားလျှင် ကျနော် တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

[ဇာတ်လမ်း လည်ပတ်မှုတွင် ချို့ယွင်းချက်တစ်ခု ဖြစ်ပွားခဲ့သည်။]

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က သင် ပိုင်ဆိုင်သော မဟာဇာတ်လမ်းကြီး၏ မူလအစကို ရှာမတွေ့နိုင်ပါ။]

[’မဟာဇာတ်လမ်းကြီး’ ၏ စွမ်းအားမှာ သိသိသာသာ လျော့ကျသွားသည်။]

...စောက်ကျိုးနည်း။

ကျနော့်မဟာဇာတ်လမ်းကြီး၏ အခြေခံဖြစ်သော (၇၃) ခုမြောက် မိစ္ဆာနယ်မြေမှာ ဤနေရာတွင် မရှိပေ။ ကျနော်တို့သည် ထိုမဟာဇာတ်လမ်းကြီးကို အတူတူ ဖန်တီးခဲ့ကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျနော့်ဇာတ်လမ်းမှာ သေချာပေါက် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းပင် ဖြစ်သည်။

ကျနော်သည် ချဉ်းကပ်လာသော နက္ခတ်များကို ဓါးဖြင့် ခုတ်လွှဲရင်း ယူဂျွန်ဟော့ ကို အော်ပြောလိုက်သည်။

“ဟေ့ကောင်… မြန်မြန် ထစမ်းပါဟ။ မအေဘေး”

ယူဂျွန်ဟော့ ပြန်မဖြေခဲ့ပေ။ သူ့ကို နှိုးရန် စကားလုံးများကို စဉ်းစားရန် ကြိုးစားခဲ့သော်လည်း ဘာမှ ပေါ်မလာခဲ့ပေ။ ကျနော့်အရှိန်အဝါမှာ စတင် ကျဆင်းလာခဲ့ပြီး စစ်မြေပြင်တွင် ပြန်လည် ထလာခဲ့သော မိစ္ဆာဘုရင် အိုဆေး က အော်ပြောလိုက်သည်။

[သူက မိစ္ဆာဘုရင်သတ်ဖြတ်သူ နဲ့ တစ်ဖွဲ့တည်းပဲ။ သတ်ပစ်ကြစမ်း]

မိစ္ဆာဘုရင် အိုဆေး အပါအဝင် နက္ခတ်ခုနစ်ပါး ရှိနေလေသည်။ ကျနော့်၏ လက်ရှိစွမ်းအားဖြင့် သူတို့ကို မရင်ဆိုင်နိုင်ပေ။ ကျနော်သည် တိုက်ခိုက်မှုများကို အသည်းအသန် ရှောင်တိမ်းခဲ့သော်လည်း (၉၅) ခုမြောက် ဇာတ်ဝင်ခန်းမှာ (၉၅) ခုမြောက် ဇာတ်ဝင်ခန်းပင် ဖြစ်သည်။

သူတို့မှာ အကြွင်းမဲ့မိစ္ဆာစနစ်၏ သာမန်နက္ခတ်များ ဖြစ်ကြသော်လည်း တိုက်ခိုက်မှုများမှာ ပြင်းထန်လှသည်။ ကျနော့်အသားအရေမှာ တရစပ်တိုက်ခိုက်ခံရမှုများကြောင့် စုတ်ပြဲသွားခဲ့ပြီး လှုပ်ရှားနိုင်သော အကွာအဝေးမှာလည်း ကျဉ်းမြောင်းလာခဲ့သည်။

အရေးပေါ် အခြေအနေ ဖြစ်နေသော်လည်း ကျနော်သည် ယူဂျွန်ဟော့ကို နှိုးနိုင်မည့် နည်းလမ်းများကို ဆက်လက် စဉ်းစားနေခဲ့သည်။ ယူဂျွန်ဟော့ ကို သေချာပေါက် နိုးလာစေမည့် အရာအချို့ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ပြဿနာမှာ နောက်ဆက်တွဲ ဖြစ်သည်။ ကျနော် စဉ်းစားနေသည့် နည်းလမ်းများကို သုံးပြီး သူ့ကို နှိုးလိုက်လျှင် ကျနော် သေဆုံးသွားနိုင်ချေ ရှိသည်။

ကျနော် နှုတ်ခမ်းကို ကိုက်ပြီး နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ဟလိုက်သည်။ နည်းလမ်းမရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ကျနော် အသက်ကို ပြင်းပြင်းရှူပြီး နှုတ်ကို ဟလိုက်သည်။

“မင်း ဘယ်လောက်အထိ နှုတ်ဆိတ်နေဦးမှာလဲ”

ကျနော့်စကားကြောင့် နက္ခတ်များ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ ကျနော် ဘာကို ပြောနေသလဲဆိုသည်ကို သူတို့၏ မျက်လုံးများက တွေးတောနေကြသည်။

ကျနော် ဆက်ပြောလိုက်သည်။

“ငါ ဒီနေရာမှာ သေဆုံးသွားရင် သူတို့အတွက် ခက်ခဲလိမ့်မယ်နော်”

ခဏအကြာတွင် ကျနော့်ရင်ဘတ် အိတ်ကပ်မှာ တောက်ပလာခဲ့ပြီး စစ်မှန်သောအသံ တစ်ခုကို ကြားလိုက်ရသည်။

[ဘာလဲ၊ မင်းက သိနေတာလား]

သဘာဝကျစွာပင် ကျနော်သည် ယူဂျွန်ဟော့ ကို နှိုးမည် မဟုတ်ပေ။ ထိုကဲ့သို့သော အရူးအလုပ်မျိုးကို လုပ်လိုက်လျှင် ကျနော် သေဆုံးသွားနိုင်၏။

“ငါ မသိရင် ထူးဆန်းနေမှာပေါ့။ ငါ့မှာ ပန်းကိုဆောင်ထားတတ်တဲ့ ဝါသနာ မရှိဘူးလေ”

ကျနော့်ဝတ်ရုံ၏ အတွင်းအိတ်ကပ်ထဲမှ ပန်းနှစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အနီရောင် ကော့စမော့စ်ပန်းနှင့် အဖြူရောင် နှင်းပန်းတစ်ပွင့် ဖြစ်သည်။ အစပိုင်းတွင် သူတို့ တည်ရှိနေခြင်းကို ကျနော် သတိမထားမိခဲ့ပေ။ ကမ္ဘာများကို ဖြတ်ကျော်လာသည့် အခါမှသာ သတိပြုမိခဲ့ခြင်း ဖြစ်သည်။ သူတို့မှာ တကယ်ပဲ ရဲတင်းလှသည့် နက္ခတ်များ ဖြစ်ကြသည်။

[ကျွတ်။ ဘယ်တတ်နိုင်မလဲလေ]

သူတို့သည် စစ်မှန်သောအသံ ၏ အမှန်တရားကို သတိပြုမိသွားသည့် ခဏတွင် ကျနော့်ကို ရန်ပြုနေသော နက္ခတ်များ၏ မျက်နှာအရောင်မှာ ပျက်သွားခဲ့သည်။ ’နှင်းပန်း’ က သူတို့ကို လှောင်ရယ်လိုက်သည်။

[ငါတို့ နှစ်ယောက်လုံး ထွက်လာရမလား။ ဒါမှမဟုတ် ဂျိုဖီရယ်၊ မင်း တစ်ယောက်ထဲပဲ လုပ်မလား]

[သူတို့က အေဒင် ရဲ့ ရန်သူတွေပဲ။ ချက်ချင်း ကွပ်မျက်လိုက်စမ်း]

[...အတူတူ လုပ်ချင်တာလား။ စိတ်ပျက်စရာကောင်းလိုက်တာ။ အေးပါ၊ ငါ နားလည်ပါပြီ]

နောက်ထပ် ခဏတွင် ကော့စမော့စ်ပန်းနှင့် နှင်းပန်း၏ ပွင့်ဖတ်များမှာ လေထဲတွင် ပြန့်လွင့်သွားခဲ့သည်။ ပွင့်ဖတ်များမှာ ကောင်းကင်ယံသို့ ဦးတည်သွားခဲ့ပြီး ကျနော့်ရှေ့တွင် မက်ဆေ့ချ်တစ်ခု လင်းထိန်လာခဲ့သည်။ ကျနော် မက်ဆေ့ချ်ကို ခဏ ကြည့်ပြီးမှ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြလိုက်သည်။

မဟာဖြစ်တည်မှုကြီးတစ်ခုမှာ ကျနော့်နောက်ကွယ်သို့ စတင် ဆင်းသက်လာခဲ့သည်။ နက္ခတ်များ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာခဲ့ပြီး ကျနော် မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ကျနော် သိချင်နေခဲ့သည်။ ယောင်ဟီဝန် ထိုအချိန်က မည်သို့ ခံစားခဲ့ရသလဲဆိုသည်ကို ကျနော် တွေးတောနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျနော် ကောင်းကောင်း သိသွားခဲ့ပြီ ဖြစ်သည်။

ကျနော့်နောက်ကွယ်မှ အတောင်ပံခြောက်ခု ဆန့်ထွက်လာခဲ့သည်။ အေဒင် ၏ အကောင်းဆုံး နတ်ခေါင်ချုပ်များ ၏ ’အရှိန်အဝါ’ မှာ ကျနော့်ခန္ဓာကိုယ်မှ လျှံထွက်လာသဖြင့် ကျနော့်ထံတွင် ဖြစ်နိုင်စွမ်းများ ပြည့်နှက်သွားခဲ့သည်။

['အနီရောင်အာကာသ၏ စစ်သေနာပတိ' နက္ခတ်သည် ဆိုးလ်တွင် ပေါ်လာခဲ့ပါပြီ။]

['Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း' နက္ခတ်က ဆိုးလ်တွင် ပေါ်လာခဲ့ပါပြီ။]

All Chapters