← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း (၁၉၉) ငွေများ ပျောက်ကွယ်သွားခြင်း

တစ်လောကလုံး ချက်ချင်း တိတ်ဆိတ်သွားလေ၏။

အမည်တပ်ခံလိုက်ရသော လူသုံးယောက်မှာ အတင်းအကျပ် ပြုံးပြလိုက်ရသည်။

ဤကဲ့သို့သော သမီး၊ တူမ၊ အမတ်မျိုး ရှိနေခြင်းမှာ သူတို့အတွက် တကယ့်ကို ကောင်းချီးတစ်ခုပင် ဖြစ်လေသည်။

အမတ်ရွှီ၏ လက်များသာ တစ်နေ့တာလုံး ရပ်တန့်မသွားခဲ့ပေ။

အမတ်ရွှီ ရေးသားနေသော နောက်ဆုံးစာကြောင်းအနည်းငယ်ကို နန်ကုန်းယွမ်က ဝေဝါးစွာ မြင်လိုက်ရ၏။

မင်းသမီးက သူမကိုယ်သူမ ကောင်းကင်တာအို၏ တပည့်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ငရဲပြည်မှ ဝိညာဉ်ရိတ်သိမ်းသော တမန်တော်တစ်ဦး ဖြစ်သည်။ သူမ၏ လှည့်စားနိုင်စွမ်းများမှာ ပြိုင်ဘက်ကင်းလှပြီး သူမ၏ မင်းသမီးဘွဲ့ကို တစ်လောကလုံးသို့ ကြေညာလိုက်လေသည်။

နန်ကုန်းယွမ်…

ရှောင်လီဟွာသည် အမတ်ရွှီကို ဆက်ခံရန် အပြည့်အဝ အရည်အချင်းပြည့်မီသည်ဟု သူ ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်က အစွမ်းအစချင်း ညီမျှနေကြသည်ပင်။

ယွင်ဟွား မင်းသမီးအဖြစ် ခန့်အပ်ခံရသည့် သတင်းသည် မြို့တော်တစ်ခွင်သို့ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။

ယွင်မိသားစု၏ အစေခံများက ဝမ်းသာအားရ အော်ဟစ်ကာ ခုန်ပေါက်နေကြ၏။

ယွင်ဟွားက နန်ကုန်းယွမ်ကို နန်းတော်တံခါးဆီသို့ တွန်းသွားရင်း ပြောလိုက်သည်။

“ရှောင်ယွမ်ယွမ်...အစ်မက နင့်အတွက် ဗေဒင်တွက်ပေးခဲ့တယ်... နင့်ရဲ့ အဆိပ်က မြင်ရသလောက် မရိုးရှင်းဘူးဆိုတာ ပြောပြမယ်…”

ယွင်ဟွားသည် လှပစွာ ပြောဆိုတတ်ပြီး ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် အမှန်တရားကို သူ့အား ပြောပြနေလေသည်။

“ရှောင်ယွမ်ယွမ်... ငါ့ရဲ့ ဆရာက အရမ်းအစွမ်းထက်တယ်... သူက ငါ့ကို မြောက်ပိုင်းနယ်စပ်ဆီ မျက်တောင်တစ်ခတ်အတွင်း ပို့ပေးခဲ့တာ... တကယ် မယုံနိုင်စရာပဲ မဟုတ်လား…”

နန်ကုန်းယွမ်သည် ယွင်ဟွား၏ စကားများကို မျက်လုံးထဲတွင် အပြုံးတစ်ခုနှင့်အတူ အာရုံစိုက်၍ နားထောင်နေလေ၏။

“ဟုတ်တယ်... မင်းရဲ့ ဆရာက အရမ်းအစွမ်းထက်တာပဲ…”

ယွင်ဟွားက တောက်ပစွာ ပြုံးလိုက်သည်။

*ဒါပေါ့…”

“ငါ့ရဲ့ အကြီးမားဆုံး အရည်အချင်းက နင်တို့ကို လှည့်စားတာပဲလေ..”

သူမသည် ခေတ္တရပ်တန့်သွားပြီးနောက် နန်ကုန်းယွမ်၏ နားအနီးသို့ လျှို့ဝှက်စွာ ကပ်သွားလေသည်။

“ရှောင်ယွမ်ယွမ်...ငါ နင့်အတွက် လက်စားချေပေးခဲ့တယ်... ငါ သူ့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး လျှာကို ဖြတ်ပစ်ခဲ့တယ်... ပြီးတော့ ခေါင်းကိုခွဲပြီး ဆီပူအိုးထဲတောင် ကြော်ပစ်လိုက်သေးတယ်…”

နန်ကုန်းယွမ်က သူမကို စနောက်လိုက်၏။

“ဒါဆိုရင်... သေချာလေး ကြော်လိုက်ရရဲ့လား…”

ယွင်ဟွားက မွှေးရနံ့ကို ပြန်လည်သတိရသွားပြီး သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

“အနံ့လေးကတော့ မွှေးတယ်... ဒါပေမယ့် စားလို့တော့ မရဘူးလေ…”

သူမသည် လူသားအဖြစ် ပြန်လည်ဝင်စားလာခဲ့ပြီး လူ့လောက၏ အရသာရှိသော အစားအစာများ၏ သိမ်းသွင်းခြင်းကို ခံလိုက်ရပြီဖြစ်ရာ ထိုကလဲ့စားတစ္ဆေများသည် မည်သည့်အရသာမျှ မရှိတော့ပေ။

ယွင်ဟွားသည် နန်ကုန်းယွမ်နှင့် ဟိုဟိုသည်သည် စကားစမြည်ပြောနေသော်လည်း တဖြည်းဖြည်းနှင့် သူမ၏ အကြည့်က သူ၏ ခြေထောက်များဆီသို့ ပြန်လည်ကျရောက်သွားပြီး သူမ၏ မျက်လုံးများ ရုတ်တရက် ထက်မြက်သွားလေသည်။

“ရှောင်ယွမ်ယွမ်... နောက်ထပ် နည်းနည်းလောက် စောင့်ပါဦး... နင့်ရဲ့ အဆိပ်က မကြာခင် ပျောက်ကင်းသွားတော့မှာပါ…”

စစ်တလင်းပေါ်ရှိ ယင်စွမ်းအင်သည် နောက်ပိုင်းတွင် ရရှိလာသော ကုသိုလ်စွမ်းအားများနှင့် ပေါင်းစပ်သွားကာ သူမ၏ ခွန်အားကို ပိုမိုတိုးတက်လာစေခဲ့သည်။

နန်ကုန်းယွမ်မှာ အံ့အားသင့်သွားလေ၏။

မနေ့ညက သူ၏ ခြေထောက်များတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကို ပြန်လည်သတိရသွားပြီး သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားလေသည်။

“အင်း... ဆယ်နှစ်ကျော်တောင် ရှိနေပြီဆိုတော့ ကိုယ်လည်း ကျင့်သားရနေပါပြီ…”

ယွင်ရှောင်ထျန်းသည် သူ၏ မိန်းကလေးငယ်၏ နောက်မှ လိုက်ပါလာပြီး သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေကာ သူတို့နှစ်ဦးကို ချက်ချင်းပင် ပြေးသွား၍ ဆွဲခွဲပစ်ချင်စိတ်များ ပြင်းပြနေလေသည်။

“အဘိုးကြီးချန်... ငါ့ကို မဆွဲထားနဲ့... မင်း ငါ့ကို ယုံလား... ငါ့မိန်းမကို ခေါ်ပြီး မင်းအိမ်ကို လာခဲ့မယ်... အဲ့ကောင်စုတ်လေး…”

ချန်ကျဲဟန်က မျက်လုံးလှန်ကြည့်ကာ စနောက်လိုက်၏။

“မြန်မြန်သွားပါ... ငါ့သမီးကို မင်းအိမ်မှာ မွေးစားဖို့ အခုပဲ ခေါ်သွားလိုက်မယ်... ဒါပေမယ့် ငါနဲ့ ငါ့မိန်းမက မင်းအိမ်ကို အတူတူလာရင်ရော မင်း ကန့်ကွက်မှာလား... စိတ်မပူပါနဲ့... ငါတို့ရဲ့ စားစရိတ်ကို ငါတို့ဘာသာ ယူလာခဲ့ပါ့မယ်…”

ချန်ကျဲဟန်က သွားရှစ်ချောင်းပေါ်အောင် ပြုံးလိုက်လေသည်။ ယွင်အိမ်တော်မှာ အလွန်စည်ကားကြောင်း သူ ကြားထားပြီး သူလည်း ပါဝင်ဆင်နွှဲချင်နေ၏။

ယွင်ရှောင်ထျန်းမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး သူ၏ လက်ကို အလျင်အမြန် ခါချလိုက်သည်။

“တခြားတစ်နေရာ သွားပြီး အေးအေးဆေးဆေး နေစမ်းပါ... ငါ့အိမ်ကို လာဖို့တော့ မစဉ်းစားနဲ့…”

တကယ့် ရည်ရွယ်ချက်က အရက်သောက်ရန် မဟုတ်ပေ။ တစ်ယောက်ပြီး တစ်ယောက် သူတို့အားလုံး အိမ်သို့ အလျင်စလို ပြန်သွားကြလေသည်။

မင်းသားစုက တိုးညင်းစွာ သက်ပြင်းချလိုက်၏။ သူသည် အသုံးမကျသော သူ၏ သားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယွင်ရှောင်ထျန်းကို ကြည့်ကာ နောက်တစ်ကြိမ် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

“အဘိုးကြီးယွင်... စိတ်မပူပါနဲ့... ငါ့သားက မိန်းမလျာပါ... သူက ယောက်ျားလေးတွေကိုပဲ စိတ်ဝင်စားတာ…”

မင်းသားစုက လက်တွေ့ကို လက်ခံလိုက်ပြီဖြစ်ပြီး ယခု သူ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ သူ၏ ဇနီးသည် ဤကိစ္စကို လက်ခံနိုင်မည်လား ဆိုသည်သာ ဖြစ်ကြောင်း ပြောလေသည်။

ယွင်ရှောင်ထျန်းနှင့် ချန်ကျဲဟန်တို့က မင်းသားစုကို ကြောက်လန့်တကြား ကြည့်လိုက်ကြ၏။

အထူးသဖြင့် သူက လက်ခံထားသည့် သဘောထားကို ပြသနေသဖြင့် သူတို့နှစ်ဦးမှာ မင်းသားစု၏ ဦးနှောက်ထဲတွင် ဘာတွေရှိနေသနည်းဟု သိရှိရန် ဦးခေါင်းကို ခွဲကြည့်ချင်စိတ်များပင် ဖြစ်ပေါ်လာလေသည်။

သူ ညီလာခံသို့ ဝင်ရောက်လာချိန်မှစ၍ ယခုအထိ မင်းသားနန်ကုန်း၏ တန်ဖိုးမရှိသော အပြုံးနှင့် မြှောက်ပင့်ဖားယားတတ်သော အမူအရာတို့မှာ မိန်းမလျာတစ်ဦးဖြစ်သည့် အရိပ်အယောင်မျှပင် မပြသခဲ့ပေ။ သူတို့အားလုံးကို မိန်းကလေးငယ်က လမ်းလွဲအောင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် ယွင်ရှောင်ထျန်းက မင်းသားနန်ကုန်းကို စူးစိုက်၍ ကြည့်နေလေသည်။

သူ၏ သမီးဖြစ်သူမှာ သူ၏ ရုပ်ရည်သွင်ပြင်ကြောင့် အလွယ်တကူ လှည့်စားခံရလိမ့်မည်ဟု သူ အမြဲတမ်း ခံစားနေရ၏။

မင်းသားစုသည် သူတို့၏ စူးစမ်းရှာဖွေနေသော အကြည့်များကြောင့် တုန်လှုပ်သွားခြင်းမရှိဘဲ မလှမ်းမကမ်းရှိ တစ်စုံတစ်ခုကို ကြည့်လိုက်ပြီးနောက် ရှည်လျားသော သက်ပြင်းတစ်ခု ချလိုက်လေသည်။

“အာ... ငါ့ရဲ့ 'ယောက်ျားလေး' ချွေးမက ထပ်ရောက်လာပြန်ပြီပဲ…”

ယွင်ရှောင်ထျန်းနှင့် ချန်ကျဲဟန်တို့၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တွန့်လိမ်သွားလေသည်။

ယွင်ဟွားသည် ရှောင်ရှင်းဟွာကို မြင်သောအခါ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်ကာ ရှောင်ရှင်းဟွာထံသို့ ဘီးတပ်ကုလားထိုင်ကို တွန်းသွားလေသည်။

“ဟေး... လူကို ကိုယ်တိုင် ပြန်လာ‌ခေါ်တယ်…”

“အိုး.. ဘယ်လောက်တောင် လှပတဲ့ မြင်ကွင်းလေးလဲ... ရိုးရာလယ်သမား မိသားစုတစ်စုမှာ ဇနီးသည်က ထမင်းဟင်းတွေ ပြင်ဆင်ပြီး တစ်နေ့တာလုံး အလုပ်လုပ်ပြီး အိမ်ပြန်လာမယ့် ခင်ပွန်းသည်ကို တံခါးဝကနေ စောင့်နေသလိုမျိုးလေးပဲ..”

“ပန်းကလေး... သူတို့က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ... တစ်ယောက်က ခန့်ညားပြီး နောက်တစ်ယောက်က ဆွဲဆောင်မှုရှိတယ်... ရှောင်လီဟွာက နင့်ရဲ့ မောင်လေးအနားမှာ ဘာလို့ ဆက်မနေနိုင်တာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး... သူက ရှင်းဟွာ သဝန်တိုမှာကို ကြောက်နေတာလေ..”

သေခြင်းရှင်ခြင်းစာအုပ်သည် ပန်းကလေး၏ အနားတွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ရာ ၎င်း၏ နှစ်သက်မှုများမှာလည်း တဖြည်းဖြည်းနှင့် သူမဘက်သို့ ယိမ်းယိုင်လာခဲ့သည်။ လိင်မည်သို့ပင်ဖြစ်စေ လှပသော အမျိုးသမီးများကို ကြည့်ရသည်ကိုလည်း ၎င်းက နှစ်သက်လေသည်။

တရားသူကြီး၏စုတ်တံသည် ရှောင်လီဟွာ၏ ဆံပင်အဆုပ်လေးကို ဆွဲကာ သူမအတွက် သီချင်းစတင်ဆိုလေသည်။

“သစ်ပင်ပေါ်က အဝါရောင် သစ်တော်ပန်းလေး... ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်ကနေ နှင်ထုတ်ခံခဲ့ရတယ်... သနားစရာလေး... သနားစရာလေး... ဟွားဟွားရဲ့ နောက်ကို လိုက်မှသာ အသက်ရှင်နိုင်မှာ..”

နန်ကုန်းယွမ်…

သည်လိုမျိုး ဖြစ်လာမည်ကို သူ သိထားခဲ့ပြီးသားပင်။ ဤမိန်းကလေးသည် သူ့အား အရာသွင်းရသည်ကို စွဲလန်းနေခြင်း ဖြစ်ရမည်။

ပြီးတော့ ထိုစုတ်တံက ဘာသီချင်းကိုများ ဆိုနေရတာလဲ။

နန်ကုန်းယွမ်သည် သူ၏ နားထင်များကို ပွတ်သပ်လိုက်ပြီး ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ သူ ကိုယ်တိုင် ရှင်းပြခြင်း မပြုပါက နောင်တွင် မည်သို့မျှ ရှင်းပြနိုင်တော့မည် မဟုတ်ကြောင်း သူ သဘောပေါက်လိုက်၏။

ယွင်လေး...

သူ စကားပြောရန် ပြင်လိုက်သည်။

ရှောင်ရှင်းဟွာသည် လှမ်းယူရန် လက်မကမ်းသေးသည်ကို မြင်သောအခါ ယွင်ဟွားက သူ့အား အဆက်မပြတ် တိုက်တွန်းလေသည်။

“ဘာလို့ ရပ်နေတာလဲ... ခင်ပွန်းသည်ကို... အဟမ်း အဟမ်း...နင့်ရဲ့ သခင်ကို ဘာလို့ လှမ်းမယူတာလဲ…”

နန်ကုန်းယွမ်၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားသော်လည်း သူသည် ယွင်ဟွားကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ ထိုအစား သူသည် ပန်းတစ်ပွင့်ကဲ့သို့ လှပသော ရှောင်ရှင်းဟွာနှင့် ယွင်အိမ်တော်တွင် ပုန်းအောင်းနေသော ရှောင်လီဟွာတို့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ရှောင်ရှင်းဟွာက တံတွေးများကို ခက်ခဲစွာ မျိုချလိုက်လေသည်။ အေးစက်သော လေပြင်းတစ်ချက်က သူ့အား ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ တစ်ကိုယ်လုံးသို့ တဖြည်းဖြည်း တွားသွားနေသကဲ့သို့ ခံစားလိုက်ရ၏။

“သွားလေ…”

ယွင်ဟွားက ရှောင်ရှင်းဟွာကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ရှောင်ယွမ်ယွမ်၏ နောက်တွင် ရပ်နေသော ယွင်ဟွားသည် ဤအခိုက်အတန့်တွင် နန်ကုန်းယွမ်၏ မျက်နှာအမူအရာကို သဘာဝကျစွာပင် မမြင်နိုင်သော်လည်း ရှောင်ရှင်းဟွာကမူ သူ၏ သခင်၏ မျက်လုံးများမှာ အတော်လေး ထူးဆန်းနေကြောင်း မြင်တွေ့နိုင်လေသည်။

“သခင်မလေးယွင်... ပိုကောင်းတာက…”

ရှောင်ရှင်းဟွာ စကားပြောမဆုံးမီမှာပင် ယွင်ရှောင်ထျန်းက ပြေးလာပြီး သူ၏ မိန်းကလေးငယ်ကို ရထားလုံးဆီသို့ တွန်းပို့ကာ ပြောလိုက်လေသည်။

“အရမ်းအေးနေတာကို... ဘာတွေများ ပြောစရာရှိနေလို့လဲ... အိမ်ပြန်ပြီး ကုတင်ပေါ် သွားလှဲနေရင် မကောင်းဘူးလား…”

ထိုသို့ပြောပြီးနောက် ယွင်ရှောင်ထျန်းက ပြုံးကာ လူအုပ်ဆီသို့ လက်အုပ်ချီလိုက်ပြီး ပြောလိုက်၏။

“အချိန်လည်း လင့်နေပြီ... အားလုံးပဲ မြန်မြန်လုပ်ကြပါဦး…”

ယွင်ရှောင်ထျန်း၏ အသံမှာ ရုတ်တရက် စူးရှစွာ ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

“အဘိုးကြီးနန်ကုန်း... ဘာလုပ်နေတာလဲ…”

ယွင်ရှောင်ထျန်းသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ မင်းသားစုကို သူ၏ ရထားလုံးပေါ်မှ ဆွဲချလိုက်လေသည်။

“မင်းသားစု... အရမ်းကို အားနာပါတယ်... ပြီးခဲ့တဲ့အကြိမ်က ငါ့ရထားလုံးက ဝန်မခံနိုင်လို့ လမ်းတစ်ဝက်မှာ ပြိုကျသွားခဲ့တယ်... ဒီတစ်ခါတော့ အားလုံး ကိုယ့်ရထားလုံးနဲ့ကိုယ် စီးကြတာပေါ့…”

*မင်း ငါ့ကို နောက်နေတာလား*

သူသာ တက်သွားပါက အခြားသူများကလည်း သူ၏ ရထားလုံးပေါ်သို့ အခမဲ့ စီးနင်းရန် ကြိုးစားလာကြမည် ဖြစ်သည်။

သူ၏ မြင်းကလေးမှာ ထပ်မံ၍ ဒုက္ခရောက်ရတော့မည်ပင်။

“အဘိုးကြီးယွင်... အရမ်းကပ်စေးမနဲပါနဲ့... လူများရင် ပိုနွေးတာ မဟုတ်ဘူးလား…”

ယွင်ရှောင်ထျန်းမှာ တိတ်ဆိတ်နေပြီး သူ၏ အကြည့်များက မင်းသားစုအပေါ်သို့ ဖြတ်ပြေးသွားလေသည်။ သူက မကောင်းဆိုးဝါးဆန်သော ရည်ရွယ်ချက်ဖြင့် ပြောလိုက်၏။

“မင်းသားစု... ဒီနေ့ ခင်ဗျား ပိုက်ဆံအများကြီး ရှာထားတယ်ဆို... အဲဒီအထဲက အများကြီးကို ပြန်ပေးမယ်ဆိုရင်ရော... ခင်ဗျားကို ရထားလုံးပေါ် စီးခွင့်ပြုမယ်လေ…”

မင်းသားစု၏ မျက်နှာမှာ တောင့်တင်းသွားပြီး သူ၏ ယခင်သဘောထားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ လှည့်ထွက်သွားလေသည်။

“ယောက်ျားကြီးတွေက အေးတာကို ဘာကြောက်စရာရှိလို့လဲ... အဲဒီလိုမျိုး စုပြုံကျပ်ညပ်နေရင် လက်တွေခြေထောက်တွေ လှုပ်ရှားရခက်ပြီး တကယ်တော့ အတော်လေး အဆင်မပြေဖြစ်ရတာ…”

“သား... လာ... ငါတို့ ကိုယ်ပိုင်ရထားလုံးနဲ့ စီးကြမယ်... ဒါမှ ကြီးကြီးမားမားနဲ့ သက်တောင့်သက်သာရှိမှာ…”

နန်ကုန်းယွမ်သည် သူ၏ ဖခင်ကို နက်ရှိုင်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။

သူ၏ လက်များမှာ အလွန်တရာ မြန်ဆန်စွာ လှုပ်ရှားသွားလေသည်။

သူ၏ သားဖြစ်သူက ယနေ့အတွက် သူ၏ ဝင်ငွေအားလုံးကို ခိုးယူသွားပြီဖြစ်ကြောင်း မင်းသားစု သတိမထားမိခဲ့ပေ။ ထိုအချိန်တွင် သူသည် အရက်ပိုမိုသိုလှောင်ရန် မည်သို့ပြုလုပ်နိုင်မည်ကို ဝမ်းသာအားရ တွေးတောနေလေတော့သည်။

All Chapters