အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀) အလောင်းအစား
နန်ကုန်းယွမ်သည် သူ၏ ကိုယ်ပိုင်ရထားလုံးထဲတွင် ထိုင်လျက် မျက်ခွံများကို ဖွင့်ကာ ရှောင်ရှင်းဟွာကို တစ်ချက်ကြည့်လိုက်၏။
"မနက်ဖြန်ကစပြီး မင်း မျက်နှာဖုံးတပ်ထားရမယ်..."
နားလည်မှုလွဲမှားနေခြင်းများ ရှင်းလင်းသွားသည့်နေ့အထိပင်။
ရှောင်ရှင်းဟွာသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ကဲ့ပါ..."
သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ ရုပ်ချောနေခြင်းက ခေါင်းကိုက်စရာကောင်းသည်ဟု သူ ခံစားလိုက်ရလေသည်။
ယွင်ဟွား အိမ်တော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မိခင်က သူမအား ယွင်မိသားစု ဘိုးဘေးခန်းမဆီသို့ ဆွဲခေါ်သွားလေသည်။
အမွှေးတိုင်များထွန်းခြင်း၊ ငွေစက္ကူများ မီးရှို့ခြင်းနှင့် ပူဇော်သက္ကာရများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်လေသည်။
"ဘိုးဘေးတို့... ကျွန်မတို့ရဲ့ မိန်းကလေးက မင်းသမီးအဖြစ် ခန့်အပ်ခံရပြီး အိမ်တော်တစ်လုံးလုံးလည်း ဆုလာဘ်တွေ ရရှိခဲ့ပါတယ်... ဘိုးဘေးတို့အားလုံး များများစားသုံးကြပါ... ကြည့်ပါဦး... ကျွန်မရဲ့ ဗိုက်က ဘယ်လောက်တောင် ကောင်းကောင်းမွန်မွန် အလုပ်လုပ်သလဲဆိုတာ..."
"ကျွန်မ ပြောပြမယ်... ကျွန်မ ကိုယ်ဝန်ရှိတုန်းက သည်ကိုယ်ဝန်က ထူးခြားတယ်လို့ ခံစားခဲ့ရတာ..."
"ဒါနဲ့ ဘိုးဘေးတို့... ရုပ်ချောတဲ့ လူငယ်လေး တစ်ယောက်ယောက် ဒါမှမဟုတ် လှပဆွဲဆောင်မှုရှိတဲ့ မိန်းကလေး တစ်ယောက်ယောက်ကိုများ အလိုရှိကြပါသလား... အကယ်၍ အလိုရှိတယ်ဆိုရင် အိပ်မက်ထဲမှာ အသိပေးပါ... မနက်ဖြန်ကျရင် ကျွန်မ သူတို့ကို မီးရှို့ပြီး ပို့ပေးပါ့မယ်..."
အားလုံးက နားထောင်ရင်း တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြ၏။
သခင်မကြီး၊ မိခင်ဖြစ်သူအနေဖြင့် ဘိုးဘေးများက ညဘက်တွင် လာရောက်၍ အရိုက်အနှက် ပြုလုပ်မည်ကို မကြောက်ရွံ့ပေလော။
အကြောင်းအရာအမျိုးမျိုးကို ပြောဆိုပြီးနောက် ချွေ့ဝမ်ရှင်းက လူတိုင်းကို ဘေးနားရှိ ငရဲခန်းမသို့ ခေါ်ဆောင်သွားလေသည်။
ယွင်ဟွား၏ မျက်ခွံများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။
"အမေ့..."
ယွင်ဟွားသည် တံခါးဝတွင် ရပ်နေရင်း ရုတ်တရက် ထိတ်လန့်မှုတစ်ရပ်ကို ခံစားလိုက်ရ၏။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဤငရဲခန်းမထဲသို့ ဝင်ရောက်ရန် ပြင်းထန်သော ငြင်းဆန်လိုစိတ်ကို ခံစားလိုက်ရလေသည်။
"ဘာဖြစ်လို့လဲ..."
ချွေ့ဝမ်ရှင်းသည် အသစ်ထွန်းညှိထားသော အမွှေးတိုင်တစ်တိုင်ကို လက်ထဲတွင် ကိုင်ထားလျက် ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။
ဤသည်မှာ သူမ၏ မိန်းကလေးငယ်၏ မူလနေရပ်ဖြစ်သော်လည်း သူမက ၎င်းကို ငြင်းပယ်နေဟန် ရှိလေသည်။
“ပန်းကလေး... ရှူးရှူးက အဲ့ငရဲခန်းမထဲကို ဝင်လို့မရဘူးလို့ ခံစားနေရတယ်..”
သေခြင်းရှင်ခြင်းစာအုပ်၏ ဆဋ္ဌမအာရုံမှာ အထူးသဖြင့် ပြင်းထန်နေပြီး အသံမှာ အနည်းငယ် တုန်ယင်နေကာ ခန္ဓာကိုယ်သေးသေးလေးမှာလည်း အလိုအလျောက် တုန်ခါနေလေသည်။
“ငါလည်း မဝင်ချင်ဘူး... ပေပေ့က ခိုးထွက်လာခဲ့တာ... အကယ်၍ သူက ငါ ဒီမှာရှိနေတာကို သိသွားရင် ငါ့ကိုဖမ်းဖို့ တစ္ဆေသံတမန်တွေကို သေချာပေါက် စေလွှတ်လိမ့်မယ်... ငါ့ရဲ့ အမွေးတွေကို နုတ်ပြီး ရေနွေးအိုးထဲ ထည့်ပြုတ်ပြီးတော့ ချက်စားပစ်လိမ့်မယ်..”
ယွင်ဟွားက ယမမင်း၏ ရုပ်တုကို မော့ကြည့်လိုက်လေသည်။
ဤရုပ်တုကို သူမ၏ မိခင်က ငွေအမြောက်အမြား ပေး၍ ထုလုပ်စေခဲ့ခြင်း ဖြစ်သည်။ မျက်လုံးများထဲရှိ မောက်မာသော မျက်နှာအမူအရာကိုပင် တစ်ပုံစံတည်း ကူးယူထုလုပ်ထားလေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်း၏ အစွမ်းထက်သော စွမ်းအင်ကို ခံစားနိုင်ပေသည်။
“နင် ပြောတာ မှန်တယ်... ငါလည်း နည်းနည်း ကြောက်နေတယ် ဟွားဟွား..”
သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်၏။
“ပန်းကလေး... နင်နဲ့ငါက ချိတ်ဆက်ထားတာမို့ ပြန်လည်မွေးဖွားဖို့အတွက် ခွဲခွာခဲ့ရတာ မဟုတ်ဘူး... ဒီစုတ်တံအစုတ်လေးကကျ ငရဲပြည်ကနေ ရတနာတစ်ခုကို ခိုးပြီး ငါတို့ဆီ လာပူးပေါင်းခဲ့တာလေ..”
“အကယ်၍ ငါတို့သာ အဲ့နေရာမှာ ရပ်ပြီး အမွှေးတိုင် ထွန်းလိုက်မယ်ဆိုရင် အမွှေးတိုင်ရဲ့ အနံ့က ယမမင်းဆီ ရောက်သွားနိုင်တယ်... ပြီးတော့ သူက ငါတို့သုံးယောက်လုံးကို ငရဲပြည်ဆီ ချက်ချင်း ပြန်ခေါ်သွားပြီး ငါတို့ရဲ့ ပြန်လည်မွေးဖွားခြင်းတွေကို ပြန်စီစဉ်ပေးလိမ့်မယ်... ဒါဆိုရင် ငါတို့အားလုံး ပြီးသွားပြီပေါ့..”
အားလုံးက တုန်လှုပ်သွားကြလေသည်။
ချွေ့ဝမ်ရှင်းသည် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူမ၏ လက်ထဲရှိ အမွှေးတိုင်ကို မြေပြင်ပေါ်သို့ ချက်ချင်း လွှင့်ပစ်ကာ ခြေဖြင့် နင်းချေလိုက်လေသည်။
ယွင်ဟွားက အံ့ဩတကြီးဖြင့် အော်ပြောလိုက်သည်။
"အမေ... ဘာလုပ်နေတာလဲ..."
အမွှေးတိုင်ထွန်းပြီးနောက် ပြန်လည်ငြှိမ်းသတ်ခြင်းမှာ နတ်ဘုရားများအပေါ် ကြီးမားသော မလေးစားမှုတစ်ခုပင်ဖြစ်သည်။
ချွေ့ဝမ်ရှင်းသည် မိန်းမောနေပြီး သူမ၏ စိတ်ထဲတွင် သေခြင်းရှင်ခြင်းစာအုပ်ထံမှ စကားလုံးများက ပြန်လည်လည်ပတ်နေဆဲ ဖြစ်သည်။ သူမသည် ဤအမူအရာကို မသိစိတ်မှ အလိုအလျောက် ပြုလုပ်မိသွားခြင်း ဖြစ်လေသည်။
မည်သူကမျှ သူမ၏ သမီးကို ခေါ်ဆောင်သွားမည်ကို သူမ ခွင့်ပြုမည် မဟုတ်ပေ။ ယမမင်းပင်လျှင် ခွင့်မပြုနိုင်ပေ။
"ဒီဟာက... ဒီအမွှေးတိုင်က အရည်အသွေး မကောင်းဘူး... ဒီလိုမျိုး အဆင့်နိမ့်တဲ့ပစ္စည်းတွေကို နတ်ဘုရားတွေကို ပူဇော်ဖို့ ဘယ်လိုလုပ် သုံးလို့ရမှာလဲ... မနက်ဖြန်ကျရင် အိမ်တော်ထိန်းကို အသစ်တစ်သုတ်နဲ့ လဲလှယ်ခိုင်းလိုက်မယ်..."
ယွင်ဟွားက မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော အမွှေးတိုင်ကို သံသယဖြင့် ကြည့်လိုက်သည်။
"တကယ်လား... ဒါပေမယ့် စောစောကတင် ဘိုးဘေးတွေကိုကျ ဒီအမွှေးတိုင်ကိုပဲ သုံးခဲ့တာလေ..."
၎င်းသည် အလွန်ကောင်းမွန်သည်ဟု သူမ ထင်ပေသည်။
"ညီမလေး... အမေ ပြောတာ မှန်တယ်..."
ယွင်ဝေက ရှေ့သို့ လှမ်းလာပြီး မြေပြင်ပေါ်မှ အမွှေးတိုင်ကို ကောက်ယူကာ အနံ့ခံကြည့်လိုက်ပြီးနောက် ရွံရှာဖွယ် အမူအရာဖြင့် ပြောလိုက်၏။
"ဒီအမွှေးတိုင်က တကယ့်ကို ဆိုးရွားတာပဲ... ဘိုးဘေးတွေအတွက်တော့ အဆင်ပြေပေမယ့် နတ်ဘုရားတွေအတွက်တော့ မဟုတ်ဘူး..."
ဘေးခန်းရှိ ဘိုးဘေးများ….
"အမေ... အဲ့လိုဆိုမှတော့ နောက်ရက်အနည်းငယ်ကြာမှ ငရဲခန်းမကို ပြန်လာကြတာပေါ့..."
ယွင်ယာက ပြုံးလိုက်ပြီး ချွေ့ဝမ်ရှင်းကို တံခါးဆီသို့ တွဲခေါ်သွားလေသည်။ ရိုးရိုးသားသား ပြောရလျှင် သူမ၏ ညီမလေး၏ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားကို သူမ သိထားသော်လည်း...။
သို့သော် ဤငရဲခန်းမထဲတွင် အမြဲတမ်း အေးစက်မှုကို ခံစားနေရဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ ညီမလေးသည် နွေးထွေးသော သက်ရှိလူသားတစ်ဦးဖြစ်ပြီး ယမမင်းမှာမူ ငရဲပြည်၏ အေးစက်စက် နတ်ဘုရားတစ်ပါး ဖြစ်နေသည် မဟုတ်ပါလော။
ယွင်ဟွားက အလွန်ပေါ့ပေါ့ပါးပါးပင်။
လူတိုင်းက ဝင်ရောက်ပြောဆိုနေကြသဖြင့် သူမက များများစားစား မတွေးတော့ဘဲ သူမ၏ တတိယအစ်မ၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေသည်။
ချွေ့ဝမ်ရှင်းသည် ငရဲခန်းမမှ ထွက်ခွာသွားစဉ် နောက်သို့ လှည့်ကာ ယမမင်း၏ ရုပ်တုကို နက်ရှိုင်းစွာ တစ်ချက်စိုက်ကြည့်လိုက်လေသည်။
ယမမင်းက နှာချေလိုက်၏။
သူသည် အမွှေးတိုင်ငွေ့ တစ်စွန်းတစ်စကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
အကယ်၍ အတိတ်ကသာဆိုလျှင်... သူသည် စုံစမ်းစစ်ဆေးရန် သူ၏ နတ်ဘုရားအာရုံ တစ်စွန်းတစ်စကို စေလွှတ်လိုက်မည် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ။ သူသည် ထိုကောင်များကို ရှာဖွေရန်သာ လုံးလုံးလျားလျား အာရုံစိုက်ထားပြီး အခြားမည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ရန် အချိန်မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ ယမမင်းခန်းမ (ယမမင်းနှင့် ပတ်သက်သော နေရာတစ်ခု) သည် အခါအားလျော်စွာ ပိတ်သွားတတ်ခြင်းမှာ သာမန်ကိစ္စတစ်ခုပင် ဖြစ်လေသည်။
ပန်းတစ်ပွင့်၊ စာအုပ်တစ်အုပ်၊ စုတ်တံတစ်ချောင်းနှင့် ဖုန်းတုဧကရာဇ်၏ အဖိုးတန် ကျောက်တုံးလေးတို့ပင်။
“မင်းတို့ လူဆိုးလေးလေးယောက် ဘယ်ကိုများ ထွက်ပြေးသွားကြတာလဲ”
သူ တကယ့်ကိုပင် စိုးရိမ်လွန်းလို့ သေတော့မည်ပင်။
“မဖြစ်ဘူး မဖြစ်ဘူး…”
ထိုအသုံးမကျသော လူစုကို အားကိုးလျက် ထိုင်ပြီး သေမည့်အချိန်ကို စောင့်နေ၍ မရနိုင်ပေ။ သူကိုယ်တိုင် သွားရောက်ပြီး ဘဝကို တွေ့ကြုံခံစားကြည့်ခြင်းက ပိုကောင်းပေမည်။
ယွင်ဟွားသည် သူမ၏ ခြံဝင်းထဲသို့ ပြန်ရောက်ရုံရှိသေးရာ ပန်းနီလေးကို သယ်ဆောင်လာသော တတိယမင်းသားက နေရာမရွေးမှ ရုတ်တရက် ပေါ်ထွက်လာလေသည်။
"နောက်တစ်ခါကျရင် ရှင့်ခေါင်းကို ကျွန်မ ခွဲပစ်နိုင်တယ်ဆိုတာ ယုံလား..."
ယွင်ဟွားက သူမ၏ လက်ထဲရှိ ရွှေအုတ်ခဲလေးကို ပြန်သိမ်းလိုက်လေသည်။
တတိယမင်းသားက သူ၏ ထိတ်လန့်သွားသော ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး ချက်ချင်းပင် သွားဖြီးပြကာ ချဉ်းကပ်လာ၏။
"ဟေး အစ်မကြီး... ကျွန်တော့်ရဲ့ ဆိုင်ကိုသွားပြီး ပျော်ပျော်ပါးပါး နေကြရင် ဘယ်လိုလဲ..."
ယွင်ဟွားက သူ့ကို တစ်ချက် ကြည့်လိုက်သည်။
"မသွားဘူး..."
သူမ၏ အခန်းသို့ ပြန်သွားပြီး ရှောင်ယွမ်ယွမ်၏ ကိုယ်ထဲမှ အဆိပ်များကို အမြန်ဆုံး စုပ်ယူနိုင်ရန် သေချာစွာ ကျင့်ကြံခြင်းက ပိုကောင်းပေမည်။
တတိယမင်းသားက လက်မလျှော့ဘဲ ပို၍ အနီးသို့ တိုးကပ်လာ၏။
"အစ်မကြီး... ကျွန်တော့်ဆိုင်က တကယ်ပျော်စရာကောင်းတယ်... ကျောက်စိမ်းလောင်းကစားဆိုင်လေ..."
ယွင်ဟွား၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။
"ကျောက်စိမ်းလောင်းကစား ဟုတ်လား..."
တစ်ချက်ခွဲလိုက်ရုံဖြင့် သင့်ကို ဆင်းရဲသွားစေနိုင်သလို အခြားတစ်ချက်က သင့်ကို သူဌေးဖြစ်သွားစေနိုင်သည်။
သူမက ထိုအရာကို သိထားသည်။ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ လူတိုင်းက ၎င်းကို ကစားရသည်ကို နှစ်သက်ကြသည်။
ယွင်ဟွားက စိတ်ဝင်စားသွား၏။ သူမက တတိယမင်းသားကို ကြည့်လိုက်ရာ သူ၏ အနည်းငယ် အပြစ်ရှိနေသလို ဖြစ်နေသော အမူအရာကို သတိထားမိလိုက်သည်။ သူ တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု သူမ ခံစားလိုက်ရလေသည်။
"ရိုးရိုးသားသား ပြောစမ်း… နင် ငါ့ကို ထပ်ပြီး လိမ်ဖို့ ကြံစည်နေတာလား..."
ဤကောင်စုတ်လေးက ကျောက်စိမ်းလောင်းကစားကို အကြောင်းပြပြီး သူမကို ပေးထားခဲ့သော အိမ်လခနှင့် စားစရိတ်များကို ပြန်လိမ်ယူရန် ကြိုးစားနေခြင်းများ ဖြစ်မည်လော။
"အစ်မကြီးက ကျွန်တော့်ရဲ့ အစ်မကြီးပဲ... မောင်လေးဖြစ်တဲ့ ကျွန်တော်က ဘယ်လိုလုပ် အစ်မကြီးကို သစ္စာဖောက်ရက်မှာလဲ... ဟုတ်တယ်မလား..."
တတိယမင်းသားက မျက်နှာပေါ်တွင် မြှောက်ပင့်ဖားယားသည့် အပြုံးဖြင့် သွားဖြီးပြလေသည်။
ယွင်ဝေက နှာမှုတ်လိုက်ပြီး လျှောက်လာကာ ပြောလိုက်၏။
"သူက တစ်ယောက်ယောက်နဲ့ အလောင်းအစား လုပ်ထားတာ... အခု သူ ရှုံးမှာကို ကြောက်နေတော့ နင့်ဆီက အကူအညီ တောင်းနေတာလေ..."
ယွင်ဝေသည် ထိုအချိန်က အဖြစ်အပျက်ကို မှတ်မိနေဆဲဖြစ်သည်။ သူမက သူ့ကို ဘယ်လိုမှ တားမရခဲ့ပေ။ အကယ်၍ သူမသာ သူ့ကို အရင်က ဒဏ်ရာမရစေခဲ့လျှင် သူ့အား အုတ်ခဲဖြင့် သတိလစ်သွားသည်အထိ တကယ်ပင် ထုရိုက်ချင်ခဲ့သည်။
ဤအရူးလေး သတိပြန်ဝင်လာပြီးနောက် သူ မည်မျှ မိုက်မဲသောအလုပ်ကို လုပ်ခဲ့မိသည်ကို သဘောပေါက်သွားလေသည်။
ထို့နောက် သူက သူမ၏ လက်မောင်းကို ဖက်ကာ ငိုကြွေးတော့သည်ပင်။
မတတ်နိုင်တော့ပေ... သူမ ပေးနိုင်သောအရာမှာ အကြံဉာဏ်တစ်ခုသာ ဖြစ်သည်။ သူ၏ နောက်ခံအင်အားတောင့်တင်းသော သူမ၏ ညီမလေးကို သွားရှာရန်ပင် ဖြစ်လေသည်။
ယွင်ဟွားက သူ့ကို တစ်ချက် ကြည့်လိုက်ရာ တတိယမင်းသား၏ မျက်နှာပေါ်တွင် မြှောက်ပင့်သော အပြုံးတစ်ခု ချက်ချင်း ကပ်ငြိသွားလေသည်။
"ဒါက... ခဏတာ စိတ်လိုက်မာပါ ဖြစ်သွားတာပါ..."
သူ စကားတစ်ခွန်းမျှ မဟရဲသော်လည်း သူသည် တစ်ယောက်ယောက်နှင့် ရန်ဖြစ်ခဲ့ပြီး ထိုသို့ ရန်ဖြစ်နေစဉ်အတွင်း သူတို့နှစ်ယောက် အလောင်းအစား ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
"အစ်မကြီး... အစ်ကြီးက တုံလင်မှာ အစွမ်းအထက်ဆုံး နက္ခတ်တာရာအရာရှိကြီးဖြစ်ပြီး နတ်ဘုရားတွေရဲ့ ကာကွယ်မှုကိုလည်း ရထားတာလေ... အစ်မကြီး ကျွန်တော့်ကို ကူညီပေးရမယ်... အဲဒါက ကျွန်တော့်ရဲ့ အမြတ်အစွန်းအများဆုံးရတဲ့ဆိုင်ပါ..."
တတိယမင်းသား၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး ဆက်ပြောလိုက်၏။
"အစ်မကြီး... ကျွန်တော် အစ်မကြီးကို ပေးနေတဲ့ ရွှေတွေက အဲ့ဆိုင်ကနေ ရတဲ့ ပိုက်ဆံတွေလေ... အစ်မကြီး စဉ်းစားကြည့်ပါဦး... ရွှေတွေအပြည့်ပါတဲ့ သေတ္တာကြီး အများကြီးဆိုတာကို..."
အခြားတစ်ဖက်တွင်မူ သေခြင်းရှင်ခြင်းစာအုပ်မှာ ထိန်းချုပ်မရသော ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။
“ပန်းကလေး... သူနဲ့ ရှန်ကွမ်ဝမ်တိုက ငယ်ငယ်ကတည်းက မတည့်ကြဘူး... သူတို့နှစ်ယောက်လုံးဆီမှာ ကျောက်စိမ်းလောင်းကစားဆိုင် ကိုယ်စီ ရှိကြတယ်..”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ စားသောက်ဆိုင်တစ်ခုမှာ ဆုံကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်ကာ ရန်ဖြစ်ခဲ့ကြတာ... အပြန်အလှန် စကားများကြပြီးနောက် သူတို့ရဲ့ ဆိုင်တွေကို အပေါင်ထားပြီး အလောင်းအစား လုပ်ခဲ့ကြတယ်... သုံးပွဲမှာ နှစ်ပွဲနိုင်စနစ်နဲ့ ဘယ်သူက တန်ဖိုးအကြီးဆုံးပစ္စည်းကို ဖွင့်နိုင်မလဲ ဆိုတာကိုပေါ့..”
ChineseEnglishMyanmar
上官温多Shangguan Wenduoရှန်ကွမ်းဝမ်သော်
赌石店Jade gambling shopကျောက်စိမ်းလောင်းကစားဆိုင်
Shangguan ရှန်ကွမ်း
阴曹地府Underworld Hall / Yinsi Hallငရဲခန်းမ