← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅)

အရုပ်ငယ်များ

နောက်ဆုံးတွင် ချီရှောင်ရွှယ် ထွက်ခွာသွားခဲ့လေသည်။

သူမသည် ဒေါသတကြီးဖြင့် ထွက်သွားခဲ့ခြင်း ဖြစ်လေ၏။

ချီရှောင်ရွှယ် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချန်ဖိန်ဖိန်က ရွှီပေါ်အန်းအား အားနာသောဟန်ဖြင့် ပြောလိုက်လေ သည်။

"လောင်ရွှီ...၊ ရှင့်ခွင့်ပြုချက်မပါဘဲ လျှောက်ပြောပြီး လိမ်ညာလိုက်မိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါ တယ်...။"

ရွှီပေါ်အန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။

"ကိစ္စမရှိပါဘူး...။ ဒီလိုလုပ်လိုက်တာက နောက် သူမ ငါ့ကို လာမနှောင့်ယှက်တော့ဘူးပေါ့...၊ ဒါနဲ့ ငါနဲ့ ပြန်ပေါင်း ချင်တယ်ဆိုတဲ့ ကိစ္စက ဘာလဲ...။"

ချန်ဖိန်ဖိန်က ရှင်းပြလေသည်။

"ခုနက သူမ ကျွန်မကို ခေါ်သွားပြီး စကားနည်းနည်းပြောပြီးတော့ လင်မယားအဖြစ် တစ်ရက်လောက် နေခဲ့ဖူးရင် တောင် ရက်တစ်ရာစာ သံယောဇဉ်ရှိတယ်ဆိုတာမျိုးတွေ ပြောပြီး ရှင်နဲ့ ပြန်ပေါင်းချင်တယ်တဲ့...။ ယွမ် တစ်သောင်း တောင် ထုတ်ပြီး ကျွန်မကို ပေးနေသေးတယ်...။"

"ကျွန်မ သဘောမတူလိုက်ဘူး...။ အဲဒီနောက်တော့လည်း ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူးလေ...။ သူမက ကျွန်မကို မယားငယ်လို့ အထင်လွဲသွားပြီး ကျောင်းသားဟောင်း ဂရုထဲမှာ ကျွန်မကို အသရေဖျက်မယ်လို့ ခြိမ်း ခြောက်တယ်...။ ကျွန်မလည်း အရမ်းဒေါသထွက်သွားလို့ ပြန်ပက်လိုက်မိတာ...၊ အဲဒီနောက် ဘာဖြစ်သွားလဲ ဆိုတာတော့ ရှင် မြင်တဲ့အတိုင်းပဲ...။"

ရွှီပေါ်အန်းသည် သိပ်မဝေးလှသော နေရာတွင် ရှိနေခဲ့သည်။ ချန်ဖိန်ဖိန်နှင့် ချီရှောင်ရွှယ်တို့၏ စကားပြောသံများ ကို သူ သေချာ မကြားရသော်လည်း လေတိုက်ခတ်လာသောအခါ တစ်ခွန်းစ နှစ်ခွန်းစ ကြားလိုက်ရလေ၏။

ချန်ဖိန်ဖိန်၏ အတိုချုံး ရှင်းပြချက်ကို ကြားပြီးနောက် ရွှီပေါ်အန်းသည် အဖြစ်အပျက်တစ်ခုလုံးကို ချက်ချင်း ဆက်စပ်တွေးတောလိုက်ပြီး ဘာဖြစ်ခဲ့သည်ကို ယေဘုယျအားဖြင့် နားလည်သွားခဲ့လေသည်။

*ချီရှောင်ရွှယ်က ငါနဲ့ တကယ် ပြန်ပေါင်းချင်နေတာပဲ...။ သူမရဲ့ အကြံအစည်က သိပ်ကို ကောင်းလွန်းပါတယ် ...။*

*ဆယ်ပုံကိုးပုံကတော့ သူတို့ပြောနေကြတဲ့ အိမ်ဖျက်သိမ်းရေး လျော်ကြေးငွေတွေကို လိုချင်နေတာပဲ ဖြစ်ရ မယ်...။*

ရွှီပေါ်အန်း၏ ခန့်မှန်းချက် မှန်ကန်ပေသည်။ ချီရှောင်ရွှယ်၏ မူလအစီအစဉ်မှာ ရွှီပေါ်အန်း မကြာမီ ရရှိမည့် အိမ်ဖျက်သိမ်းရေး လျော်ကြေးငွေများကို အကြောင်းပြချက်ကောင်းကောင်းဖြင့် ခွဲဝေယူရန်ပင် ဖြစ်လေ၏။

သို့သော် ချန်တက်ဝေမှတစ်ဆင့် ကျွမ်းကျင်ရှေ့နေတစ်ဦးနှင့် တိုင်ပင်ပြီးနောက် သူမအတွက် အခွင့်အရေး နည်းပါးကြောင်း သိလိုက်ရသော်လည်း ချီရှောင်ရွှယ်သည် ရွှီပေါ်အန်းနှင့် ပြန်လည်ပေါင်းဖက်နိုင်ရန် ခေါင်းမာစွာ တွေးတောနေခဲ့ဆဲပင် ဖြစ်သည်။

ထိုကိစ္စသည် အလွန်ခက်ခဲမည်ကို သူမ သိထားသော်လည်း ၎င်းမှာ သူမ၏ လက်ကျန်ဘဝတစ်လျှောက်လုံး ပူပင်သောကကင်းစွာ နေထိုင်နိုင်မည့် စည်းစိမ်ဥစ္စာကြီး ဖြစ်နေလေသည်။ မည်သို့လုပ်၍ သူမက လက်လွှတ်ခံ နိုင်မည်နည်း။ ထို့ကြောင့် မည်မျှပင် ခက်ခဲစေကာမူ တစ်ကြိမ်လောက်တော့ စမ်းကြည့်လိုက်မည်ဟု သူမ တွေးတောခဲ့ခြင်း ဖြစ်၏။

အကယ်၍ အောင်မြင်ခဲ့လျှင် သူမ ကြီးပွားသွားမည်ဖြစ်ပြီး ကျရှုံးခဲ့လျှင်လည်း မည်သည့် ဆုံးရှုံးမှုမှ ရှိမည် မဟုတ်ချေ။

သူမသည် မူလက ရွှီပေါ်အန်းနှင့် ရင်ဖွင့်စကားပြောဆိုကာ အတိတ်ကို ပြန်လည်အမှတ်ရစေပြီး သူ၏ ခံစားချက် များကို လှုံ့ဆော်ရန် စီစဉ်ထားခဲ့သည်။ သူမ၏ အမြင်တွင် ရွှီပေါ်အန်းသည် အလွယ်တကူ ဆွဲဆောင်၍ရသူ တစ်ဦးဖြစ်ပြီး သူမ အမှန်တကယ် အောင်မြင်နိုင်မည်ဟု ထင်မှတ်ထားခဲ့လေ၏။

မထင်မှတ်ဘဲ သူမထက် ပို၍ ငယ်ရွယ်ပြီး လှပသော ချန်ဖိန်ဖိန်နှင့် ရွှီပေါ်အန်း အတူနေထိုင်နေသည်ကို မြင်လိုက် ရသောအခါ သူမ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး အသိဉာဏ်ကင်းမဲ့စွာ ပြုမူမိသွားခဲ့လေသည်။

ရွှီပေါ်အန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်ဖိန်ဖိန်က လက်မြှောက်ကာ ရွှီပေါ်အန်း၏ အင်္ကျီကို ချွတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။

"စောစောက ကျွန်မကို အရှက်မခွဲခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...။ အဲဒီ ယွမ် ငါးသိန်းက ချီရှောင်ရွှယ်ကို ရွဲ့ချင်လို့ ရှင် ပေးလိုက်တာ မလား...၊ အခု ပြန်လွှဲပေးပါ့မယ်...။"

ရွှီပေါ်အန်းက ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး ခေါင်းခါကာ ပြောလိုက်လေ၏။

"ပေးပြီးသားငွေကို ပြန်တောင်းလို့ မရပါဘူး...။ မင်း ခုလို ကြုံလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်...။"

ချန်ဖိန်ဖိန်က ရယ်မောကာ ပြန်ပြောလေသည်။

"တကယ်တော့ မတရားခံရတာပါ...။ ဒါပေမဲ့ ယွမ် ငါးသိန်းလောက်တော့ တန်နိုင်မှာ မဟုတ်ပါဘူး...။ ရှင်က ကျွန်မကို တစ်လ ယွမ် တစ်သိန်း ပေးထားနိုင်တော့ ကျွန်မတို့က အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေး ဖြစ်သွားပြီလေ...။"

"ဒီရှုထောင့်ကနေ ကြည့်ရင် သူဌေးကိုယ်စား ဒီလောက် မတရားခံရတာက ဘာများ အရေးကြီးလို့လဲ...။ အသုံး မကျတဲ့သူ တစ်ယောက်အတွက် အရှုံးတစ်ခုလို့ပဲ သဘောထားလိုက်ပါ့မယ်...။"

"နှစ်ပေါင်းများစွာ ဆိုင်ဖွင့်လာတာတောင် မတရားမှုတွေ အများကြီး ကြုံခဲ့ရတာပဲ...။ ဒီလောက်ကတော့ ကျွန်မ ခံစားခဲ့ရတာတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး...၊ ဒါက မီးအိမ်နဲ့ ရှာရင်တောင် မရနိုင်တဲ့ ကောင်းမွန်တဲ့ အလုပ် တစ်ခုမို့လို့ သေချာ တန်ဖိုးထားရမှာပေါ့...။"

ထိုသို့ ပြောဆိုနေစဉ်မှာပင် ချန်ဖိန်ဖိန်က ဖုန်းကို ဖွင့်ကာ ရွှီပေါ်အန်း၏ ငွေလွှဲပြောင်းမှုကို တိုက်ရိုက် ငြင်းပယ် လိုက်လေသည်။

"ချီရှောင်ရွှယ်ကို ရှင် ဒေါသထွက်စေချင်မှန်း သိလို့ ကျွန်မ ချက်ချင်း မငြင်းလိုက်တာပါ...။ အခုတော့ ကျွန်မ အလုပ်လုပ်ဖို့ သွားရတော့မယ်...။"

ချန်ဖိန်ဖိန်က ပြုံးလျက် ပြောလေ၏။

"မင်း အဝတ်အစားတွေ အကုန် စိုရွှဲနေပြီပဲ...၊ အဝတ်အစားသစ် ဝယ်ဖို့ ငါ ပိုက်ဆံ နည်းနည်း ပေးရမယ် မလား...။"

ရွှီပေါ်အန်းက သူ၏ ဖုန်းကို ထပ်သုံးရန် ပြင်လိုက်သော်လည်း ချန်ဖိန်ဖိန်က သူ၏ လက်ကို ဖမ်းကိုင်လိုက် လေသည်။

ချန်ဖိန်ဖိန်က မျက်ခုံးတစ်ဖက် ပင့်ကာ ပြောလိုက်လေ၏။

"ရှင် မေ့နေပြီလား...။ ကျွန်မက အဝတ်အစား ရောင်းတဲ့သူလေ...၊ ဘာလို့ အဝတ်အစား ဝယ်ဖို့ လိုမှာလဲ...။ ရိုးရိုးသားသား ဝန်ခံရရင် ကျွန်မက တော်တော်လေး ငွေမက်တဲ့သူပါ...။ ရှင် ရယ်မှာကိုလည်း မကြောက်ပါ ဘူး...။ ငယ်ငယ်တုန်းက ဆင်းရဲတာကို အရမ်းကြောက်ခဲ့ရလို့ပါ...။"

"ဒါပေမဲ့ ဘယ်ပိုက်ဆံကို ယူသင့်တယ် ဘယ်ပိုက်ဆံကို မယူသင့်ဘူး ဆိုတာ ကျွန်မ သိပါတယ်...။ ငွေလည်း မက်သလို လူကောင်းလည်း ဖြစ်ချင်နေတယ်လို့ မထင်လိုက်ပါနဲ့...။ ဒါက တကယ်ကို ကျွန်မရဲ့ ရိုးသားတဲ့ သဘောထားပါ...။ ကဲပါ သူဌေးရွှီ...၊ ကျွန်မရဲ့ သရုပ်ဆောင်မှုက ရှင့်ကို ကျေနပ်စေမယ်လို့ မျှော်လင့်ပါတယ်...။"

ချန်ဖိန်ဖိန်၏ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်သောအခါ ရွှီပေါ်အန်းမှာ အနည်းငယ် အထင်ကြီးသွားခဲ့လေသည်။

လူအများစုက သူတို့ ငွေမက်ကြောင်း ဝန်ခံတတ်ကြလေ၏။

သို့သော် ငွေလည်းမက်ချင်ပြီး လူကောင်းပုံစံလည်း ဖမ်းချင်ကြောင်း ဝန်ခံရဲသူမှာ အလွန် ရှားပါးလှပေသည်။

ချန်ဖိန်ဖိန်ကို နှုတ်ဆက်ပြီးနောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာငယ်လေးဆီသို့ မသိမသာ လှမ်းကြည့်လိုက် လေသည်။

နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဘွန်ဆိုင်းကမ္ဘာထဲရှိ ခေါင်ရှန်းရွာမှ လက်ခံထားသော ဒုက္ခသည်များကို မည်သို့ နေရာချထားသည်ကိုမူ မသိရသေးချေ။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ လူများနှင့် ပြည့်ကျပ်နေခဲ့သော ဘွန်ဆိုင်းဥယျာဉ်မှာ ယခုအခါ

လူရှင်းသွားပြီး အတော်လေး ကျယ်ဝန်းသွားသကဲ့သို့ ဖြစ်နေသည်ကို ရွှီပေါ်အန်း တွေ့လိုက်ရလေ၏။

စည်ကားနေသော ခေါင်ရှန်းရွာ၏ တူလို မြေနံရံအိမ်ရာများတွင် လူအများစုမှာ နေရာတကျ ဖြစ်နေကြပြီ ဖြစ်လေသည်။

လူများသည် သန့်ရှင်းရေးလုပ်ကာ သူတို့၏ ပစ္စည်းများကို သပ်ရပ်အောင် သိမ်းဆည်းနေကြလေ၏။

တစ်ချိန်တည်းမှာပင် မြို့ရိုး၏ အခြားတစ်ဖက်တွင်လည်း လူစုများစွာက အလုပ်များနေကြလေသည်။

ကြည့်ရသည့် အနေအထားအရ မီးဖိုတည်ဆောက်နေပုံ ရလေ၏။

မြို့ရိုးများသည် လေနှင့် မိုးဒဏ်မှ ယာယီ ခိုလှုံရာအဖြစ် ပံ့ပိုးပေးထားသော်လည်း အတွင်းဘက်၌ ဟင်းချက်ခြင်း နှင့် မီးမွှေးခြင်းတို့ကို ခွင့်မပြုထားချေ။

ခဏအကြာတွင် လူပုလေးများသည် မြို့ရိုးအောက်ခြေ တစ်လျှောက်၌ မီးဖိုများစွာကို တည်ဆောက်ပြီးဖြစ် ကြောင်း ရွှီပေါ်အန်း တွေ့လိုက်ရလေသည်။

အနီးနားရှိ တောင်တန်းများနှင့် သစ်တောများထဲတွင်လည်း လှုပ်ရှားနေသော အရိပ်များကို မြင်တွေ့ရလေ၏။ ရွှီပေါ်အန်းက အထူး ဂရုစိုက်ကြည့်လိုက်ရာ လူများက ထင်းရှာဖွေနေကြခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

လတ်တလောတွင် ဟင်းချက်ခြင်းနှင့် အနွေးဓာတ်ရယူခြင်း နှစ်ခုစလုံးမှာ ထင်းမီးကိုသာ အားထားနေရလေ၏။

အစပိုင်းတွင် ရွာ၌ လူအနည်းငယ်သာ ရှိခဲ့သဖြင့် အတော်လေး အဆင်ပြေခဲ့လေသည်။

ဤမျှလောက် လူအများအပြား ဝင်ရောက်လာသောအခါ ထင်းသုံးစွဲမှုမှာလည်း သဘာဝကျကျပင် အဆမတန် တိုးလာခဲ့လေ၏။ ယခင်က အနီးအနားတွင် အလွယ်တကူ ရှာဖွေနိုင်ခဲ့သော ထင်းအများစုအတွက် ယခုအခါ သစ်တောထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်၍ ရှာဖွေရန် လိုအပ်လာလေသည်။

ရွှီပေါ်အန်း၏ ခေါင်းထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး မသိမသာ ခေါင်းညိတ်လိုက်လေ၏။

*နောက်မှ လူပုလေးတွေအတွက် ဆုလာဘ်အနေနဲ့ ကျောက်မီးသွေး နည်းနည်း သွားယူပေးရမယ်...။ ဒါက အသုံး ဝင်တဲ့အရာမို့လို့ သူတို့ သေချာပေါက် ပျော်ရွှင်ကြမှာပဲ...။*

ရွှီပေါ်အန်းက ဘွန်ဆိုင်းကမ္ဘာကို လေ့လာကြည့်ရှုနေခြင်းမှာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူများ ပျင်းရိသော အခါ ဝီချက်၏ လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ပွတ်ကြည့်နေတတ်သည်နှင့် ဆင်တူလှပေသည်။

ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ရွှီပေါ်အန်းသည် သူ၏ အာရုံကို ရုပ်သိမ်းလိုက်လေ၏။

အိမ်သို့ ပြန်ရောက်ပြီး သူ၏ ဖခင်နှင့် အတန်ကြာ စကားပြောပြီးနောက် မွန်းလွဲပိုင်း အလုပ်သွားရမည့်အချိန် နီးကပ်လာပြီဖြစ်သဖြင့် ရွှီပေါ်အန်းသည် ဆေးရုံသို့ ကားမောင်းသွားခဲ့လေတော့သည်။

သူက ကုမ္ပဏီ၏ သူဌေးဖြစ်သောကြောင့် အနည်းငယ် နောက်ကျလျှင်လည်း ကိစ္စမရှိချေ။ သူ ဆေးဖက်ဝင် အပင်များကို အရင်ဝယ်ယူပြီးမှ သူ၏ မိခင်ဖြစ်သူ ထန်ရုံကျီ၏ ကိစ္စကို ဖြေရှင်းပေးမည် ဖြစ်လေသည်။

မီးပွိုင့်တွင် စောင့်နေစဉ် ရွှီပေါ်အန်းက ဘွန်ဆိုင်းကမ္ဘာထဲရှိ အခြေအနေကို ထပ်မံ ကြည့်ရှုလိုက်ပြန်လေ၏။

ခေါင်ရှန်းရွာ၏ မီးခိုးတိုင်များနှင့် မြို့ရိုးတစ်လျှောက်မှ မီးခိုးများ ထွက်ပေါ်နေပြီ ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဤအချိန်တွင် လူပုလေးများသည် ဟင်းချက်လေ့ မရှိကြပေ။

သူတို့သည် များသောအားဖြင့် တစ်နေ့လျှင် နှစ်နပ်သာ ချက်ပြုတ်လေ့ရှိပြီး နံနက်စောစော တစ်ကြိမ်နှင့် မွန်းလွဲ ပိုင်း တစ်ကြိမ်သာ ဖြစ်သော်လည်း ယနေ့တွင် ဒုက္ခသည်များကို စောင့်ရှောက်နေရသဖြင့် အချိန်နှောင့်နှေးသွား ကာ အစောပိုင်းက အစားအနည်းငယ်သာ စားခဲ့ရလေသည်။

ယခုအချိန်တွင်လည်း ပုံမှန်အတိုင်း ချက်ပြုတ်ရန် လိုအပ်နေဆဲ ဖြစ်လေ၏။

သူတို့ထဲမှ မည်သူမျှ အသင့်စား ခေါက်ဆွဲများကို မစားဖူးကြသော်လည်း စားဖူးသူများက ၎င်းတို့ကို သိမ်းဆည်း ရ လွယ်ကူကြောင်း သိနိုင်လေသည်။

ထို့ပြင် ဤအရာများသည် တောင်စောင့်နတ်မင်းကြီးထံမှ လက်ဆောင်ဖြစ်သောကြောင့် လူတိုင်းက အရေးပေါ် အခြေအနေများအတွက် သိမ်းထားချင်ကြပြီး တစ်ထိုင်တည်းနှင့် အကုန်စားပစ်ရန် မရည်ရွယ်ထားကြချေ။

ဘွန်ဆိုင်းကို အလွန်အမင်း အာရုံစိုက်နေသဖြင့် မီးစိမ်းလင်းသွားသည်ကိုပင် ရွှီပေါ်အန်း သတိမထားမိခဲ့ပေ။

အနောက်ဘက်မှ ကားများ ဟွန်းတီးလာသောအခါမှသာ ရွှီပေါ်အန်းသည် အကြည့်လွှဲကာ ကားမောင်းရန် အာရုံ စိုက်လိုက်လေတော့သည်။

တုန်းကျန်းမြို့ အမှတ် (၂) ပြည်သူ့ဆေးရုံ။

ဆေးရုံများတွင် ကားပါကင် နေရာများ အမြဲတမ်း ရှားပါးလေ့ရှိ၏။ ရွှီပေါ်အန်းသည် ဆေးရုံ ကားပါကင်ကို နှစ်ပတ်ခန့် ပတ်မောင်းပြီးမှသာ ကားရပ်ရန် နေရာတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့ခဲ့လေသည်။

မြားပြထားသော ဦးတည်ချက်အတိုင်း ကားပါကင်နေရာသို့ နောက်ဆုတ်ဝင်ရန် ပြင်ဆင်ရင်း အရှေ့သို့ ကား မောင်းသွားစဉ် အနောက်မှ အနက်ရောင် အော်ဒီကား တစ်စီးက သူ၏ရှေ့သို့ ဖြတ်ဝင်ကာ အရင် ဝင်ရပ်ရန် ကြိုးစားလာလေ၏။

အနောက်ဘက်မှ ကားသည် သူ၏ ကားပါကင်နေရာကို လုယူရန် ကြိုးစားနေကြောင်းကို နောက်ကြည့်မှန်မှ တစ် ဆင့် မြင်လိုက်ရသောအခါ ရွှီပေါ်အန်းသည် ချက်ချင်းပင် စတီယာရင်ကို အားကုန်လှည့်လိုက်ပြီး ဘရိတ်ကို လွှတ်ကာ အနောက်သို့ အရှိန်ဖြင့် ဆုတ်လိုက်လေသည်။

နှစ်စက္ကန့် သုံးစက္ကန့်အတွင်းမှာပင် ရွှီပေါ်အန်းသည် ကားပါကင်နေရာသို့ ပထမဆုံး နောက်ဆုတ်ဝင်သွားခဲ့လေ၏။

ကားပြတင်းပေါက်မှ ကြည့်လိုက်ရာ အော်ဒီကား မောင်းသူမှာ ရွှီပေါ်အန်း၏ လုပ်ရပ်ကြောင့် အနည်းငယ် အံ့အားသင့်သွားပုံရလေသည်။

ထိုနေရာတွင် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် သူသည် ဟွန်းကို မကျေမနပ် တီးလိုက်ပြီး တိုးတိုးလေး ကျိန်ဆဲကာ ဒေါသတကြီးဖြင့် မောင်းထွက်သွားလေတော့သည်။

အနက်ရောင် အော်ဒီကား မောင်းသူကို ကြည့်ရင်း ရွှီပေါ်အန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေ၏။

ထိုသူကို သူ မှတ်မိနေသည်။ ယခင်က ဒေါက်တာကျန်း၏ တပည့်ဖြစ်သည်ဟု ဆိုခဲ့သော လူငယ် ဆရာဝန်ပင် ဖြစ်လေသည်။

ကားရပ်ပြီးနောက် ရွှီပေါ်အန်းသည် တရုတ်ရိုးရာဆေးပညာ ဌာနသို့ သွားရောက်ခဲ့လေသည်။

ဆေးစာကို ဆေးဖော်စပ်ရေးဌာနရှိ ဆရာဝန်က စစ်ဆေးကြည့်လေ၏။ မည်သည့်ပြဿနာမျှ မရှိကြောင်း မြင်သောအခါ ဆရာဝန်က သူ၏ လက်ထောက်ကို ဆေးဖော်စပ်ရန် ညွှန်ကြားလိုက်လေသည်။

တရုတ်ရိုးရာဆေးပညာ ဌာနတွင် ဆရာဝန်များနှင့် သူနာပြုများအပြင် အလုပ်သင်ပုံစံ လက်ထောက်အချို့လည်း ရှိသဖြင့် သူတို့၏ လက်အမြန်နှုန်းမှာ နှိုင်းယှဉ်ချက်အရ ပို၍ နှေးကွေးလေသည်။

ထို့ပြင် အမှတ် (၂) ဆေးရုံသည် တုန်းကျန်းမြို့တွင် နာမည်ကောင်းရှိသဖြင့် ဆေးကုသရန် လာရောက်သော လူနာ အရေအတွက်မှာ အတော်လေး များပြားလှပေသည်။

ထို့ကြောင့် တန်းစီစောင့်ဆိုင်းရန်မှာ ရှောင်လွှဲ၍ မရနိုင်ချေ။ ရွှီပေါ်အန်းသည် အခကြေးငွေပေးချေကာ နံပါတ် တစ်ခု ယူပြီး အပြင်ဘက်ရှိ ခုံတန်းလျားတွင် စောင့်ဆိုင်းနေခဲ့လေ၏။

ဖုန်းကို အပျင်းပြေ ကစားနေစဉ် ရိယဲ့စတူဒီယို ဘွန်ဆိုင်းဆိုင်ပိုင်ရှင် စုန့်ကျိချိုးက သူ၏ ဝီချက်တွင် အိမ်ငယ် လေးများ၊ စားပွဲများ၊ ကုလားထိုင်များ၊ မီးဖိုများနှင့် အခြားသော အဆောက်အအုံ ပုံစံငယ်များ၏ ဓာတ်ပုံများကို တင်ထားသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။

ဓာတ်ပုံထဲတွင် စုန့်ကျိချိုးသည် ဇာတ်လမ်းရှုခင်း အမျိုးမျိုးကို ဖန်တီးနေပုံရလေ၏။

ခေတ်သစ် မြို့ပြပန်းခြံပုံစံများ၊ တိတ်ဆိတ်ငြိမ်သက်သော ကျေးလက်ရှုခင်းများ၊ စည်ကားသော မြို့ဟောင်းများ နှင့် အထက်တန်းကျသော ပညာရှင်များအတွက် ဆိတ်ငြိမ်သော တောင်ကြား ခိုလှုံရာများ ပါဝင်လေသည်။

စစ်ပွဲအတွင်း တပ်မတော်များကို ဖြန့်ကြက်ထားသည့်ပုံစံ ပြသထားသော ဓာတ်ပုံတစ်ပုံပင် ပါဝင်သေး၏။

ရွှီပေါ်အန်းသာ သေချာ ဂရုတစိုက် မကြည့်ခဲ့လျှင် ချင်ဧကရာဇ်၏ ဂူဗိမာန်မှ ရွှံ့စစ်သည်တော်များ၏ ဓာတ်ပုံဟု ပင် ထင်မှတ်သွားမည် ဖြစ်လေသည်။

ထို့ပြင် အိမ်ငယ်လေးများ၊ စားပွဲများ၊ ကုလားထိုင်များနှင့် အခြားပစ္စည်းများ၏ အရည်အသွေးမြင့် သီးသန့် ဓာတ်ပုံများလည်း ပါဝင်လေသည်။

ရွှီပေါ်အန်းကို အံ့အားသင့်စေသည်မှာ ဓာတ်ပုံများအရ အိမ်များမှလွဲ၍ ဤပုံစံငယ်လေးများကို စတီးဖြင့် အမှန် တကယ် ပြုလုပ်ထားခြင်းပင် ဖြစ်လေ၏။

ထို့ကြောင့် ဤဓာတ်ပုံများကို ကြည့်ရှုပြီးနောက် ရွှီပေါ်အန်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့လေသည်။

ထိုအိမ်ငယ်လေးအပေါ် သူ အထူး စိတ်ဝင်စားသွားခဲ့၏။

အိမ်များသည် ပုံသဏ္ဍာန်နှင့် အရွယ်အစား မျိုးစုံရှိပြီး သီးခြား အိမ်ငယ်လေးများ၊ ဆက်တိုက် တည်ဆောက် ထားသော တန်းလျားများနှင့် အထပ်မြင့် အဆောက်အအုံများပါ ပါဝင်ကာ အိမ်ခြံမြေ အရောင်းရုံးမှ တကယ့် ပုံစံငယ်များနှင့် များစွာ တူညီလေသည်။

ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ ခေါင်ရှန်းရွာသည် မကြာသေးမီက ဒုက္ခသည် ရာဂဏန်းကို လက်ခံထားခဲ့လေသည်။ တစ်ခုတည်းသော မြေနံရံအိမ်ရာက လူအများစုကို မပြည့်မစုံ နေရာချထားပေးနိုင်သော်လည်း လူများမှာ ပြည့်ကျပ်နေဆဲဖြစ်ပြီး အတူနေထိုင်သော မိသားစုတစ်စု၏ လိုအပ်ချက်များကိုမူ မဖြည့်ဆည်းပေးနိုင်ချေ။

စုန့်ကျိချိုးတွင် ထိုကဲ့သို့ အရင်းအမြစ်များ ရှိနေပြီဖြစ်ရာ နောက်ထပ် နေစရာအချို့ကို တည်ဆောက်ပေးရန် သူ့ကို အဘယ်ကြောင့် အကူအညီ မတောင်းရမည်နည်း။

ခေါင်ရှန်းရွာ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရ နောက်ထပ် မြေနံရံအိမ်ရာတစ်ခု တည်ဆောက်ခြင်းက အသင့်တော်ဆုံး ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။

မကြာမီ ရွှီပေါ်အန်းသည် စုန့်ကျိချိုးထံသို့ ဖုန်းဆက်သွယ်လိုက်လေသည်။

ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းသည် တစ်ဖက်မှ ရယ်မောသံကို ကြားလိုက်ရပြီး စုန့်ကျိချိုး၏ နှုတ်ဆက်စကားကိုပါ ဆက်တိုက် ကြားလိုက်ရလေ၏။

"ဟားဟား...၊ သူဌေးရွှီ...။ တိုက်ဆိုင်လိုက်တာဗျာ...၊ ခုနလေးတင်ပဲ ငှက်ကျားအော်သံ ကြားလိုက်ရတယ်...။ ပြီးတော့ ခင်ဗျား ဖုန်းဆက်လာတာပဲ...။"

ရွှီပေါ်အန်းက ရယ်မောကာ ပြောလိုက်လေသည်။

"သူဌေးစုန့်...၊ ခင်ဗျားရဲ့ ဝီချက်က ပို့စ်တွေကို ကျွန်တော် အခုလေးတင် တွေ့လိုက်တယ်...။ ခင်ဗျားမှာ တကယ် အားလပ်ချိန် အများကြီး ရှိတာပဲ...။"

စုန့်ကျိချိုးက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"သူဌေးရွှီ...၊ ခင်ဗျားက မြှောက်ပြောနေပါပြီ...။ မနေ့ညက အလှဆင်ပစ္စည်း တစ်သုတ်လောက်ရဖို့ ကျွန်တော့် အစ်ကိုကို တောင်းဆိုထားတာလေ...။ အဲဒါနဲ့ လေ့ကျင့်ကြည့်မယ်လို့ စဉ်းစားနေတာ...။ အလှဆင်ပြီးတော့ သြော် နှမြောစရာပဲလို့ တွေးမိလို့ အမှတ်တရအနေနဲ့ ဝီချက်မှာ ပုံတစ်ပုံ တင်လိုက်တာပါ...။ သူဌေးရွှီကို အနှောင့်အယှက် ဖြစ်သွားစေမယ်လို့ မထင်ထားဘူး...။"

ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်လေသည်။ အရုပ်ငယ်လေးများ ပြုလုပ်သည့် လုပ်ငန်းတွင် လုပ်ကိုင်နေသော အစ်ကိုတစ်ယောက်ရှိကြောင်း၊ ၎င်းက သူ၏ ဘွန်ဆိုင်းလုပ်ငန်းကို တိုးတက်စေရန်နှင့် ဖြည့်ဆည်းပေးရန် အထောက်အကူပြုနိုင်ကြောင်း စုန့်ကျိချိုး ပြောခဲ့ဖူးသည်ကို သူ အမှတ်ရသွားခဲ့လေ၏။

ရွှီပေါ်အန်းက မေးလိုက်လေသည်။

"ဟားဟား...၊ ဒါက ကျွန်တော်တို့ ဆုံတွေ့ဖို့ ရေစက်ရှိတယ် ဆိုတဲ့ သဘောပေါ့...။ ဒီလိုပါ...၊ ခင်ဗျားရဲ့ ဝီချက်ထဲ က ပစ္စည်းလေးတွေကို ကျွန်တော် သတိထားမိလိုက်တယ်...၊ အဲဒါတွေက စတီးနဲ့ လုပ်ထားတာလား...။"

စုန့်ကျိချိုးက ခေါင်းညိတ်ကာ ပြန်ဖြေလေ၏။

"ဟုတ်တယ်ဗျ...၊ ကျွန်တော့်အစ်ကိုက မကြာသေးခင်က နိုင်ငံခြားက စီးပွားရေး အလုပ်ကြီးတစ်ခုကို လက်ခံ ရရှိခဲ့တယ်လေ...။ သူတို့က သဲပွဲကစားနည်းတစ်ခုအတွက် ပုံစံငယ်လေးတွေ လိုအပ်ပြီးတော့ ပစ္စည်းရဲ့ ကြံ့ခိုင်မှု နဲ့ ပတ်သက်လို့ အရမ်းကို တောင်းဆိုချက် မြင့်မားတယ်...။ သူတို့က အဲဒါတွေကို ပြုလုပ်ဖို့ စတီးကို အသုံးပြုဖို့ သီးသန့် တောင်းဆိုထားတာပါ...။"

"ကျွန်တော့်အစ်ကိုက နောက်ဆုံးမှာ ပစ္စည်းတစ်သုတ် ထုတ်လုပ်နိုင်ဖို့ အချိန်အကြာကြီး သုတေသန လုပ်ခဲ့ရ တယ်...။ မနေ့က ပြည်နယ်မြို့တော်ကို ရောက်တုန်း ကျွန်တော် အဲဒါတချို့ကို တွေ့လိုက်ရပြီး တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တာနဲ့ နည်းနည်းလောက် တောင်းလာခဲ့တာ...။"

"ဒါပေမဲ့ အားလုံးက စတီးချည်းပဲတော့ မဟုတ်ဘူး...။ အိမ်လေးတွေရယ်၊ စားပွဲနဲ့ ကုလားထိုင်တွေရယ်ကို ကျွန်တော့်အစ်ကို ရှာတွေ့ထားတဲ့ ပလပ်စတစ် ပေါင်းစပ်ပစ္စည်း တစ်မျိုးနဲ့ ပြုလုပ်ထားတာပါ...။ အဲဒါက မီးခံနိုင် တယ်၊ အလွယ်တကူ ပုံသဏ္ဍာန် မပျက်ဘူး...။ ပြီးတော့ နေဒဏ်နဲ့ အအေးဒဏ်ကိုပါ ခံနိုင်ရည်ရှိတယ်...။ အရင် သစ်သား မော်ဒယ်တွေထက် အများကြီး ပိုကောင်းတယ်...။"

ထိုပစ္စည်းကို စတီးဖြင့် အမှန်တကယ် ပြုလုပ်ထားကြောင်းနှင့် ပိုမို အဆင့်မြင့်သော ပလပ်စတစ် ပေါင်းစပ် ပစ္စည်းဖြင့်ပါ ပြုလုပ်ထားကြောင်း ကြားရသောအခါ ရွှီပေါ်အန်းမှာ အလွန်တရာ ဝမ်းသာသွားပြီး အာမေဍိတ် သံဖြင့် ပြောလိုက်လေ၏။

"ခင်ဗျားရဲ့ လုပ်ငန်းက တကယ်ကို အောင်မြင်နေတာပဲ...။ ကျွန်တော်လည်း ပစ္စည်းသေးသေးလေး တချို့ လုပ်ပေးဖို့ အကူအညီ တောင်းချင်လို့ပါ...။ ဒါပေမဲ့ ခင်ဗျားဘက်က ဒီအလုပ်နဲ့ ဘယ်လို ဆက်သွယ်ပေးရမလဲ မသိဘူး...။"

စုန့်ကျိချိုးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလေသည်။

"ဥက္ကဋ္ဌရွှီက ကျွန်တော်တို့ရဲ့ လုပ်ငန်းကို အားပေးမယ်ဆိုရင် သိပ်ကို ကောင်းမှာပေါ့...။ ဒါပေမဲ့ ကျွန်တော့်အစ်ကို က မကြာသေးခင်က နိုင်ငံခြားကို သွားနေလို့ နောက်တစ်ပတ်လောက်မှ ပြန်ရောက်လာနိုင်မယ်ထင်တယ်...။"

ရွှီပေါ်အန်းက ပြောလိုက်လေ၏။

"ကောင်းပါပြီ...၊ ကျွန်တော့်ဘက်ကလည်း သိပ်အလျင်မလိုပါဘူး...။ သူ ပြန်ရောက်လာမှပဲ ပြောကြတာပေါ့...၊ ဒါပေမဲ့ သူဌေးစုန့်...၊ ခင်ဗျားရဲ့ ဝီချက်မှာ တင်ထားတဲ့ မီးဖိုငယ်လေးတွေ၊ အိုးတွေ၊ ဒယ်အိုးတွေ နည်းနည်း လောက် ခွဲပေးလို့ ရမလား...။"

စုန့်ကျိချိုးက အလွယ်တကူ သဘောတူလိုက်လေသည်။

"ရတာပေါ့...၊ ပြဿနာ မရှိပါဘူး...။ ကျွန်တော် ဆိုင်မှာ ရှိနေမှာပါ...၊ ခင်ဗျားလာမယ့် အချိန်ကို ကြိုပြီး ပြောပေး ရုံပါပဲ...။"

ဤပစ္စည်းများသည် သေသပ်လှပသော်လည်း တန်ဖိုးအရမူ ငွေများများစားစား တန်လှသည် မဟုတ်ချေ။

ဝယ်ယူသူများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရာတွင် အသုံးပြုနိုင်သဖြင့် ပစ္စည်းကို အကောင်းဆုံး အသုံးချခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်လေ၏။

ဖုန်းချပြီး မကြာမီမှာပင် ရွှီပေါ်အန်းသည် ဆရာဝန်က သူ၏ နံပါတ်ကို ခေါ်နေသည်ကို ကြားလိုက်ရလေသည်။ သူ ဆေးသွားယူရမည့် အလှည့် ရောက်လာပြီ ဖြစ်၏။

ရွှီပေါ်အန်း ဆေးသွားယူရန် မတ်တတ်ရပ်လိုက်ချိန်တွင် သူ၏ ကိုယ်တွင်းမှ ဆင့်ခေါ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

*ကဲ... ဘယ်အဖွဲ့ခွဲ စခန်းက ငါ့ကို ဆင့်ခေါ်နေပြန်ပြီလဲ မသိဘူးလေ...။*

All Chapters