← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း (၁၅၇)

ဟွမ်ဟွာလီသစ်

ကျယ်လောင်သော ဆူညံသံကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းသည် အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့လေ၏။ မည်သို့ပင်ဆိုစေကာမူ ရွှီပေါ်အန်းအတွက် ခေါင်ရှန်းရွာသည် သူ၏ အခြေချရာ စခန်းတစ်ခု ဖြစ်နေသဖြင့် မည် သည့် ပြဿနာမျှ ဖြစ်ပေါ်လာရန် ခွင့်မပြုနိုင်ပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှီပေါ်အန်းသည် ခေါင်ရှန်းရွာသို့ ရောက်ရှိသွားလေသည်။ မျက်စိတစ်ဆုံး ကြည့်လိုက်ရာ လူတိုင်းနီးပါးသည် အရပ်မျက်နှာတစ်ခုတည်းဆီသို့သာ ကြည့်နေကြသည်ကို မြင်လိုက်ရလေ၏။

ထိုနေရာမှာ တောင်စောင့်နတ်မင်း နတ်ကွန်း တည်ရှိရာ တောင်တန်းပင် ဖြစ်လေသည်။ ဤမျှ ကြီးမားသော ဆူညံသံက ပတ်ဝန်းကျင်ရှိ လူများကို သတိထားမိသွားစေခဲ့ပုံရပေသည်။

ရွှီပေါ်အန်း သေချာစွာ ကြည့်လိုက်သောအခါ တောင်ထွတ်ပေါ်တွင် လဲကျနေသော သစ်ပင်ကြီး တစ်တန်းကို တွေ့ လိုက်ရလေသည်။ ကျင်းတာ့ကျန့်နှင့် လူငယ်အချို့သည် မြေပြင်ပေါ်တွင် လဲကျနေသော ကောင်းကင်ယံသို့ ထိုး ထွက်လုမတတ် ရှည်လျားလှသည့် သစ်ပင်ကြီးများကို အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကြည့်ရှုနေ ကြလေ၏။

“အစ်ကိုကျင်း...၊ ခင်ဗျားက တကယ်တော်တာပဲ...။ ဒါဆိုရင် လူပင်ပန်း သက်သာသွားတာပေါ့...။”

“ဟုတ်တယ် ဦးလေးကျင်း...၊ ဦးလေးရဲ့ နည်းလမ်းကိုသာ အစကတည်းက သိခဲ့ရင် တောထဲမှာ သစ်ပင်ငယ်လေး တွေကို လိုက်ရွေးနေရတဲ့ ဒုက္ခတွေကို ခံနေစရာ မလိုတော့ဘူး...။”

“ဒီသစ်ပင်တွေရှိရင် မကြာခင် သစ်တွေရလာတော့မှာမို့ တောင်စောင့်နတ်မင်း နတ်ကွန်း ပြန်လည်တည်ဆောက် ရေးကလည်း လက်တစ်ကမ်းမှာတင် ရှိနေပါပြီ...။”

“ဟုတ်ပါ့...၊ ပြီးတော့ ကျွန်တော်တို့ အိမ်တွေလည်း ထပ်ဆောက်လို့ရသေးတယ်...။ ဒါဆိုရင် ကြပ်ကြပ်တည်း တည်း နေစရာမလိုတော့ဘူး...။”

“ဟေး...၊ ဒါတင် မကသေးဘူး...။ ခုတ်ထစ်လိုက်တဲ့ သစ်ကိုင်းတွေကိုလည်း ထင်းအဖြစ် သုံးလို့ရသေးတယ်...။ ဒါဆိုရင် ကျွန်တော်တို့ ထင်းသွားကောက်စရာတောင် မလိုတော့ဘူး...။”

“အတတ်ပညာတစ်ခု ရှိနေတာက ကောင်းပါတယ်...။ မဟုတ်ရင် လယ်ထဲမှာပဲ အလုပ်လုပ်နေရမှာ...၊ ပြီးတော့ ဒီလို မိုးခေါင်နေတဲ့ အချိန်မျိုးမှာ ဝမ်းရေးတောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး...။”

သူတို့၏ ချီးကျူးစကားများကို ကြားသောအခါ ကျင်းတာ့ကျန့်က ရယ်မောလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက် လေသည်။

“ဒီအရာတွေက သာမန် ကျွမ်းကျင်မှုလေးတွေပါ...၊ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး...။ မင်းတို့လည်း အလွယ် တကူ သင်ယူနိုင်ပါတယ်...။ သင်ချင်တယ်ဆိုရင် ငါ သင်ပေးပါ့မယ်...။”

“အို...၊ တကယ်လား...။ ကျွန်တော် သင်ချင်တယ်...။”

လူငယ်တစ်ဦးက ချက်ချင်းပင် အော်ဟစ်လိုက်လေ၏။

“ကျွန်တော်လည်း သင်ချင်တယ်...။ ဒါပေမဲ့ ဦးလေးကျင်း...၊ ပညာသင်ကြေးကိုတော့ အရမ်းမကြီးပါစေနဲ့နော်...။ ကျွန်တော့် မိဘတွေကလည်း မရှိကြတော့ဘူးဆိုတော့ အခုချိန်မှာ ကောင်းကောင်းမွန်မွန် ပေးစရာ ဘာမှမရှိလို့ ပါ...။ ”

မကြာမီ လူနှစ်ဦးသည် သူ၏ တပည့်အဖြစ် ခံယူကာ ပညာသင်ယူရန် ဆူညံစွာ တောင်းဆိုလာကြလေ တော့သည်။

ကျင်းတာ့ကျန့်သည် လက်ကာပြလိုက်ရင်း ပြောလိုက်လေ၏။

“လက်ဆောင်တွေ ဘာတွေ ဘာလုပ်ဖို့လဲ...။ မင်းတို့ သင်ယူချင်စိတ်ရှိရင် ငါ့အတွက် အများကြီး အထောက် အကူ ဖြစ်ပါတယ်...။ ငါလည်း ဝမ်းသာအားရ သင်ပေးမှာပါ...။ မဟုတ်ရင် ငါ တစ်ယောက်တည်း အကုန်မလုပ် နိုင်ဘူး...။”

ထိုအခါမှသာ ဤလူများသည် သစ်ရရှိရန်အတွက် သစ်ပင်များကို ခုတ်လှဲရန် ဤနေရာသို့ စုရုံးရောက်ရှိနေကြ ခြင်းဖြစ်ကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေသည်။ ဤဒုက္ခသည်များ ရောက်ရှိလာခြင်းနှင့်အတူ ဤနေရာတွင် လူငယ်များလည်း အတော်လေး များပြားလာခဲ့လေ၏။ လုပ်သားအင်အားလည်း တိုးလာခဲ့ပေ သည်။

ယခင်ကဆိုလျှင် လီချိန်းရှီမှလွဲ၍ ထူးချွန်သည်ဟု သတ်မှတ်နိုင်သော အခြားလူငယ်များ လုံးဝမရှိသလောက်ပင် ဖြစ်လေသည်။

လဲကျနေသော သစ်ပင်များကို ကြည့်လိုက်ရာ ကြိုးချည်ထားသည့် ပထမဆုံး သစ်ပင်မှလွဲ၍ ကျန်သစ်ပင်များမှာ အခေါက်များ ခွာချခံထားရပြီး ၎င်းတို့၏ အောက်ခြေရှိ ပင်စည်တစ်ဝက်ခန့်မှာ ခုတ်ထစ်ခံထားရသည်ကို တွေ့လိုက်ရလေသည်။

လီဗာသဘောတရားကို အသုံးပြု၍ ၎င်းတို့ကို တစ်ပင်ပြီးတစ်ပင် လဲကျစေနိုင်သော်လည်း ဤသို့ပြုလုပ်ရန် အင်အားနှင့် ဦးတည်ချက်ကို အလွန်တိကျစွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။ ဤသည်မှာ ကျင်းတာ့ကျန့်၏ အကြံအစည် ဖြစ်ပုံရလေ၏။

နည်းလမ်းကတော့ တကယ်ကို ကောင်းမွန်လှပေသည်...၊ ကျင်းတာ့ကျန့်တွင် အမှန်တကယ်ပင် အရည်အချင်းရှိ ပေ၏။

ရွှီပေါ်အန်းသည် မသိမသာပင် သစ်ပင်များကို လိုက်လံကြည့်ရှုလိုက်ရာ နောက်ဆုံးသစ်ပင်ကို မြင်လိုက်ရသော အခါ ရုတ်တရက် အံ့အားသင့်သွားခဲ့လေသည်။

*ဘုရားရေ...*

ယခင်က ဤအရာကို သတိပင် မထားမိခဲ့ချေ။ တောင်စောင့်နတ်မင်း နတ်ကွန်း၏ အနောက်ဘက်ရှိ ဤ တောင်ထွတ်ပေါ်တွင် ဤမျှ ကြီးမားလှသော ဟွမ်ဟွာလီသစ်ပင်ကြီး တစ်ပင် ရှိနေခဲ့သည်ပင်။

ဤသည်မှာ ထိပ်တန်းအရည်အသွေးရှိသော ဟွမ်ဟွာလီသစ်ပင် ဖြစ်လေသည်။ ၎င်းကို စန္ဒကူးသစ်နှင့်အတူ အဖိုးတန်ဆုံး သစ်အမျိုးအစားများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြလေ၏။

ရွှီပေါ်အန်းသည် လက်ကောက်များကို စိတ်ဝင်စား၍ စုဆောင်းစဉ်က တစ်စုံတစ်ယောက်ထံမှ ဤအရာအ ကြောင်း ကြားဖူးခဲ့သဖြင့် ချက်ချင်း မှတ်မိနေခြင်း ဖြစ်လေသည်။

လေလံပွဲတစ်ခုတွင် ဟွမ်ဟွာလီ ပင်စည် အပိုင်းအစတစ်ခုကို မြင်တွေ့ခွင့်ရခဲ့ပြီး ၎င်းမှာ ယွမ်ငွေ သန်းဆယ်ချီ သော မိုးပျံနေသောဈေးဖြင့် ရောင်းချသွားခဲ့သည်ကို သူ မှတ်မိနေခဲ့၏။

လက်ရှိ အခြေအနေများအရ ဟွမ်ဟွာလီသစ်ကို အလှပြစုဆောင်းရန်နှင့် ပုတီးစေ့များ ပြုလုပ်ရန်သာမက အခြား သော ရည်ရွယ်ချက်များအတွက်ပါ အသုံးပြုကြလေသည်။ ၎င်းကို တန်ဖိုးကြီးမားလှသော ပရိဘောဂ အမျိုးမျိုး ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။

ရွှီပေါ်အန်းသည် အလွန်အမင်း စိတ်ဝင်စားသွားကာ တောင်စောင့်နတ်မင်း နတ်ကွန်း အနောက်ဘက်ရှိ ထူထပ် သော တောအုပ်ထဲတွင် အချိန်အနည်းငယ်ကြာ ထပ်မံ ရှာဖွေကြည့်လိုက်ရာ သူ၏ ပါးစပ်မှာ အံ့သြမှုကြောင့် တဖြည်းဖြည်း ဟဟလာလေတော့သည်။

ခေတ္တမျှ သေချာစွာ ရှာဖွေပြီးနောက်တွင် ဟွမ်ဟွာလီသစ်ပင် အပင်သုံးဆယ်ကျော်ကို သူ အမှန်တကယ်ပင် တွေ့ရှိခဲ့လေ၏။

ကြီးမားသော အပင်များမှာ အရွယ်ရောက်ပြီးသူ တစ်ဦး၏ ခါးလောက် တုတ်ခိုင်နေပြီဖြစ်ပြီး သေးငယ်သော အပင်များမှာမူ လက်မောင်းတစ်ဖက်စာခန့် အရွယ်အစား ရှိနေပြီ ဖြစ်လေသည်။

*ဘုရားရေ...၊ ဒါက ကြီးမားလှတဲ့ ဓနဥစ္စာကြီးပဲ မဟုတ်ဘူးလား…။*’

သို့သော် ဤအချက်က ဘွန်ဆိုင်းကမ္ဘာထဲတွင် ဤအရာမှာ ရှားပါးသောအရာ မဟုတ်ကြောင်းကိုလည်း ညွှန်ပြနေ သကဲ့သို့ ရှိပေ၏။ ထို့ကြောင့် ရွှီပေါ်အန်းသည် ဤသစ်ပင်များကို အထူးတလည် ဂရုစိုက်နေခြင်းကို ရပ်တန့်လိုက် လေတော့သည်။

ပထမအချက်အနေဖြင့် ဤအရာကို အသုံးပြု၍ ငွေရှာမည်ဆိုပါက ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သောကြောင့် ပင်။ ယနေ့ခေတ်တွင် ဟွမ်ဟွာလီသစ်မှာ အလွန် ရှားပါးနေပြီး ရရှိနိုင်သော သစ်များပင် ပြတ်လပ်နေလေသည်။ ထို့ကြောင့် ဤမျှ များပြားလှသော ဟွမ်ဟွာလီသစ်များကို ရုတ်တရက် မည်သို့ ရရှိလာခဲ့ကြောင်း ရှင်းပြရန် ခက်ခဲလှပေသည်။

အကယ်၍ မသမာသော ရည်ရွယ်ချက် ရှိသူများ၏ အာရုံစိုက်ခြင်းကို ခံရပါက အခြေအနေ ဆိုးရွားသွားနိုင်ပေ သည်။

ဒုတိယအချက်အနေဖြင့် မည်သူကမျှ အလုအယက် မဝယ်ယူကြသရွေ့ ဤဟွမ်ဟွာလီသစ်များမှာ လုံးဝ ပြတ်လပ်သွားမည် မဟုတ်ကြောင်း ရွှီပေါ်အန်း ယုံကြည်ထားလေ၏။

မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ဟွမ်ဟွာလီသစ်ကို ထင်းအဖြစ်သာ အသုံးပြုခဲ့ ကြပြီး ဤမျှ လူကြိုက်များသော အရာတစ်ခု မဟုတ်ခဲ့ချေ။ အကယ်၍ သူ တစ်နေ့နေ့တွင် ဟွမ်ဟွာလီ ပရိ ဘောဂများကို အသုံးပြုချင်လာပါက သစ်ပင် တစ်ပင် နှစ်ပင်ခန့်ကို ထုတ်ယူ၍ ပြုပြင်ဖန်တီးနိုင်ပေသည်။

သူသည် ဟွမ်ဟွာလီသစ်များကို ပြန်လည်ရောင်းချ၍ ငွေရှာရန် ရည်ရွယ်မထားသော်လည်း ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာကို ဦးစွာ လေ့လာခံစားကြည့်ချင်နေမိ၏။ အိမ်များ ဆောက်လုပ်ရန်နှင့် တောင်စောင့်နတ်မင်း နတ်ကွန်းကို ပြုပြင်ရန်အတွက် ဟွမ်ဟွာလီသစ်များကို ဦးစားပေး အသုံးပြုရန် ကျင်းတာ့ကျန့်ကို လှမ်းခေါ်၍ ပြောပြရန် သူ ပြင်လိုက်လေသည်။

ရွှီပေါ်အန်း စကားမပြောနိုင်မီမှာပင် ကျင်းတာ့ကျန့်၏ ဘေးရှိ လူငယ်တစ်ဦးက ဝမ်းသာအားရဖြင့် ပြောလိုက် လေ၏။

“ဝိုး...၊ ဒီနေရာမှာ သစ်နီပင် ရှိနေတာပဲ...။ ဒီအသားက မီးလောင်ရတာ အရမ်းကောင်းပြီး အကြာကြီးလည်း ခံ တယ်...။ အေးတဲ့အချိန် အနွေးဓာတ်ရဖို့အတွက် အရမ်းအဆင်ပြေတာပဲ...။”

ရွှီပေါ်အန်း သက်ပြင်းချလိုက်လေသည်။ အလွန် ရိုးသားဖြူစင်လှသော အတွေးပင် ဖြစ်ချေ၏။

ကျင်းတာ့ကျန့်သည် ခေါင်းယမ်းလိုက်ပြီး ပညာရှင်ပီသစွာဖြင့် ပြောလိုက်လေသည်။

“ငါတို့က ဤအပင်မျိုးကို အနံ့မွှေးတမလန်းပင်လို့ ခေါ်တယ်...။ မင်းပြောတဲ့ သစ်နီဆိုတာက မျိုးကွဲကြီးတစ်ခု ဖြစ်ပြီး အဲ့ဒါက ဒီအနံ့မွှေးတမလန်းပင် သာမက အခြားသစ်ပင်တွေလည်း ပါဝင်တယ်...။”

ဤသစ်ပင်များမှရသော သစ်သားသည် အလွန် ကောင်းမွန်လှ၏။ ၎င်း၏ အကောင်းဆုံး အသုံးဝင်မှုမှာ အိမ်များ ဆောက်လုပ်ရန်နှင့် ပရိဘောဂများ ပြုလုပ်ရန်ပင် ဖြစ်သည်။ ၎င်းသည် သာမန်သစ်သားများထက် ခေါင်မိုးရက်မ များအတွက် ပိုမို စိတ်ချရရုံသာမက ၎င်းဖြင့် ပြုလုပ်ထားသော ပရိဘောဂများတွင်လည်း ထူးခြားသော မွှေးရနံ့ တစ်ခု ရှိနေတတ်သဖြင့် သာမန်သစ်များဖြင့် ပြုလုပ်ထားသော ပရိဘောဂများထက် ပိုမို လူကြိုက်များလေ သည်။

လူငယ်လေးသည် ရယ်မောလိုက်ပြီး သူ၏ နောက်စေ့ကို ကုတ်ကာ ပြောလိုက်လေ၏။

“ကျွန်တော်လည်း ဒီလောက်ထိတော့ မသိပါဘူး...။ အစ်ကိုကျင်း ပြောတာကိုပဲ နားထောင်ပါ့မယ်...။”

ကျင်းတာ့ကျန့်သည် အနောက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။

“အခြားသစ်ပင်တွေနဲ့ ယှဉ်ရင် ဒီစန္ဒကူးပင်က တော်တော်လေး ရှားပါးတယ်...။ ဒီသစ်ပင်ကို တောင်စောင့်နတ် မင်း နတ်ကွန်း ပြုပြင်ဖို့အတွက် အသုံးပြုကြစို့...။ လာကြ... ပိုနေတဲ့ သစ်ကိုင်းတွေကို အရင် ဖယ်ရှားဖို့ ငါ့ကို ကူညီကြဦး...။”

ရွှီပေါ်အန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ညွှန်ကြားလိုက်လေ၏။

“ကျင်းတာ့ကျန့်...၊ မင်းပြောတဲ့ ဒီစန္ဒကူးသစ်ကို လူတစ်ရပ်စာလောက် အပိုင်းတစ်ပိုင်း ငါ့အတွက် ချန်ထား ပေး...။”

အကယ်၍ တစ်နေ့နေ့တွင် အရေးပေါ် ကိစ္စတစ်ခုခု ကြုံလာပါက ကြိုတင် ပြင်ဆင်ထားခြင်းက ပိုကောင်းသည် ဟု ရွှီပေါ်အန်း တွေးတောနေမိခြင်း ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ ဤသစ်ပင်သည် မျိုးသုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသော မျိုးစိတ်တစ်ခုဖြစ် ပြီး ယခုမှ ခုတ်လှဲထားခါစဖြစ်ပါက လူများက ဝယ်ယူရန် ဝံ့ရဲကြမည် မဟုတ်ပေ။ အကယ်၍ ၎င်းကို အခြောက် ခံထားပါက ဈေးကွက်တစ်ခု ရရှိနိုင်ပေလိမ့်မည်။

ကျင်းတာ့ကျန့်သည် ရွှီပေါ်အန်း၏ အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် ဒူးထောက်ချလိုက်ကာ ပြောလိုက် လေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အကယ်၍ အရှင်မင်းကြီးအတွက် အသုံးဝင်တယ်ဆိုရင် ကျွန်တော်မျိုး နောက်တစ်ပင် ထပ်ရှာပေးပါ့မယ်...။ ဒီသစ်ပင်တွေက နည်းပါးပေမဲ့ ရှားပါးတာတော့ မဟုတ်ပါဘူး။ ကျွန်တော် မျိုးကို နှစ်ရက်လောက် အချိန်ပေးပါ...။ အရှင်နတ်မင်းကြီးအတွက် နောက်တစ်ပင် ထပ်ရှာပေးပါ့မယ်...။”

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းနယ်မြေအကြောင်း အားလုံးကို သိရှိထားပြီး ဟွမ်ဟွာလီ သစ်ပင်သုံးဆယ်ကျော်ကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်သောကြောင့် သူတို့ကို ရှာဖွေပေးရန် ကျင်းတာ့ကျန့်၏ အကူအညီကို သဘာဝကျကျ ပင် မလိုအပ်ခဲ့ပေ။

ထို့ကြောင့် သူက ညွှန်ကြားလိုက်လေ၏။

“ဒီလိုလုပ်ဖို့ မလိုပါဘူး...။ တစ်ပိုင်းလောက်ပဲ ချန်ထားပေးပါ...။ ပြင်ဆင်ပြီးတာနဲ့ နတ်ကွန်းထဲကို ထည့်ထား လိုက်ပါ...။ ငါ ထပ်လိုလာရင် မင်းဆီ လာခဲ့ပါ့မယ်…။”

ကျင်းတာ့ကျန့်သည် ရိုသေလေးစားစွာ ဦးချလိုက်ပြီးနောက် ပြောလိုက်လေသည်။

“တာ့ကျန့် နားလည်ပါပြီ...။”

“ကောင်းပြီ... မင်းတို့ ဆက်လုပ်ကြတော့...။ ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတွေ ကြုံလာရင် ငါ့ကို ရှာဖို့ နတ်ကွန်း ဆီသာ လာခဲ့ကြပါ...။”

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အခြေခံအားဖြင့် သူ၏ ကိုယ်စား လုပ်ဆောင်ပေးနေခြင်း ဖြစ်သောကြောင့် သူလည်း အနည်းငယ် ကြိုးစားအားထုတ်သင့်ပေသည်။

ဤစကားကို ကြားသောအခါ ကျင်းတာ့ကျန့်က အနည်းငယ် စိုးရိမ်တကြီးဖြင့် လျှောက်တင်လိုက်လေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို အကြောင်းကြားအပ်ပါတယ်...။ တာ့ကျန့်မှာ...၊ အရှင်နတ်မင်းကြီးကို အနှောင့်အယှက်ပေးချင်တဲ့ ကိစ္စလေးတစ်ခု ရှိနေလို့ပါ...။”

ရွှီပေါ်အန်းက ညင်သာစွာ ပြောလိုက်လေ၏။

“ရပါတယ်...၊ ပြောပါ...။”

ကျင်းတာ့ကျန့်သည် တစ်ကြိမ် ဦးချလိုက်ပြီးနောက် ဆက်ပြောလေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ကျွန်တော်မျိုးတို့ကို ကိရိယာအချို့ ပေးသနားဖို့ နှိမ့်ချစွာ တောင်းဆိုပါ ရစေ...။”

“အို... မင်းတို့ ဘယ်လို ကိရိယာတွေ လိုအပ်လို့လဲ...။”

ကျင်းတာ့ကျန့် မပြောပြသော်လည်း ရွှီပေါ်အန်းမှာ မည်သည့်အရာဖြစ်မည်ကို အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်လေ သည်။

ကျင်းတာ့ကျန့်နှင့် အခြားသူများနှင့် မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင် အရွယ်အစား မတူညီသော ပုဆိန်အချို့နှင့် သံချောင်းများ ကျနေသည်ကို ရွှီပေါ်အန်း သတိထားမိခဲ့လေ၏။ ပုဆိန်အများစုမှာ ပဲ့နေပြီး ၎င်းတို့ထဲမှ တစ်လက် မှာ အသွားပင် တုံးနေပြီ ဖြစ်လေသည်။ သူတို့သည် ဤမျှများပြားသော သစ်ပင်များကို ခုတ်လှဲနိုင်ခဲ့ခြင်းမှာ အတော်လေး အံ့မခန်း ဖြစ်ပေသည်။

ကျင်းတာ့ကျန့်က ရှင်းပြလေသည်။

“ခုနက ကျွန်တော်မျိုး အပေါ်တက်လာတုန်းက လှေကားက ထူးထူးခြားခြား မာကျောနေတာကို မြင်တွေ့ခဲ့ရပါ တယ်...။ ခေါင်ရှန်းရွာက ဦးလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို မေးကြည့်ပြီးတဲ့နောက်မှာတော့ အဲဒါက အရှင် နတ်မင်းကြီး ပေးသနားထားတဲ့ နတ်ဘုရားပစ္စည်းဆိုတာ သိလိုက်ရပါတယ်...။ တကယ်လို့များ ဒီပစ္စည်းကို ပုဆိန်တွေ၊ တူတွေနဲ့ ရွေကြိုးတွေလို ကိရိယာတွေအဖြစ် ပြုလုပ်မယ်ဆိုရင် သေချာပေါက် ပိုပြီး ထိရောက်လိမ့် မယ်လို့ ကျွန်တော်မျိုး တွေးမိလို့ပါ...။ တကယ်လို့များ အဆင်ပြေမယ်ဆိုရင် ကျွန်တော်မျိုးရဲ့ တောင်းဆိုချက်ကို တောင်စောင့်နတ်မင်းကြီး ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်...။”

ကျင်းတာ့ကျန့်အတွက်မူ ကောင်းမွန်သော လက်သမားနှင့် ပန်းရံကိရိယာများသည် သူ၏ အမြတ်နိုးဆုံး ပိုင်ဆိုင် မှုများပင် ဖြစ်လေသည်။ ထို့ကြောင့် သူသည် သတ္တိမွေးကာ ဤစကားများကို ပြောထွက်ခဲ့ခြင်း ဖြစ်၏။

ရွှီပေါ်အန်းသည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

“ငါ ဒီကိစ္စကို မှတ်ထားလိုက်ပါ့မယ်...။”

ဤအရာကို အထူးမှာယူ ပြုလုပ်ရမည်ဖြစ်သောကြောင့် ရွှီပေါ်အန်းသည် မှတ်ထားမည်ဟုသာ ပြောခဲ့ခြင်း ဖြစ် လေသည်။ လက်ရှိတွင် အဆင်အပြေဆုံး နည်းလမ်းမှာ စုန့်ကျိချိုး၏ အစ်ကိုမှတစ်ဆင့် ဖြစ်သော်လည်း ကံမ ကောင်းစွာဖြင့် သူသည် နောက်ထပ် တစ်ပတ်ကြာမှ ပြန်ရောက်မည် ဖြစ်သောကြောင့် ချက်ချင်း သဘောတူ လိုက်ရန် မသင့်တော်ချေ။

ကျင်းတာ့ကျန့်သည် သူ၏ ကျေးဇူးတင်မှုကို ဖော်ပြရန် နောက်ထပ်တစ်ကြိမ် ဦးချလိုက်ပြန်လေသည်။

ရွှီပေါ်အန်းသည် ခွန်အားဖြစ်စေမည့် စကားအနည်းငယ် ပြောကြားပြီးနောက် တောင်စောင့်နတ်မင်း နတ်ကွန်းသို့ ပြန်လှည့်သွားလေ၏။ အမွှေးတိုင်ပြာ အနည်းငယ်ကို ယူပြီးနောက် သူသည် ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်းသို့ ပြန်သွားခဲ့လေသည်။

ကျင်းတာ့ကျန့်သည် မြေပြင်ပေါ်တွင် အချိန်အနည်းငယ်ကြာ ဆက်လက် ဒူးထောက်နေခဲ့ပြီး တောင်စောင့် နတ်မင်းထံမှ နောက်ထပ် ညွှန်ကြားချက်များ မရှိတော့မှသာ တဖြည်းဖြည်း မတ်တတ်ရပ်လိုက်လေတော့သည်။

“အစ်ကိုကျင်း...၊ ခုနက...၊ တောင်စောင့်နတ်မင်းကြီးက အစ်ကို့ကို လာရှာတာလား...။”

ကျင်းတာ့ကျန့် မတ်တတ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ဦးက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။

ကျင်းတာ့ကျန့်သည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ငါ့ကို ပြဿနာတစ်ခုခု ကြုံလာရင် သူ့ကို အကူအညီ တောင်းနိုင်တယ်လို့ ပြောသွားတယ်...။”

“အား...၊ တကယ်လား...။”

လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကြလေ၏။

ကျင်းတာ့ကျန့်သည် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

“ဒါပေါ့...၊ တောင်စောင့်နတ်မင်းကြီးက ငါတို့အတွက် နတ်ဘုရားသုံး ကိရိယာတွေ ရှာပေးမယ်လို့လည်း ပြော သေးတယ်...။ ငါတို့ရဲ့ ပုဆိန်က တကယ်ကို ညံ့လွန်းနေပြီလေ...။”

သူတို့ စကားပြောနေစဉ် အဖွဲ့လိုက်သည် ဘေးနားရှိ ကိရိယာများကို မသိမသာ လှမ်းကြည့်လိုက်မိကြလေ၏။

သစ်ပင်များကို ခုတ်လှဲစဉ်က ပုဆိန်သုံးလက်၏ အသွားများ ပျက်စီးသွားခဲ့လေသည်။ ကျင်းတာ့ကျန့်၏ ကျွမ်းကျင်စွာ ကိုင်တွယ်လှုပ်ရှားမှုကြောင့်သာ သစ်သားပြဿနာကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက တောင်ပေါ်ရွာတွင် ရရှိနိုင်သော ကိရိယာအားလုံးကို အသုံးပြုလျှင်တောင်မှ ဤမျှများပြားသော သစ်ပင်များကို ခုတ်လှဲရန် ခက်ခဲပေလိမ့်မည်။

“အားလုံးပဲ...၊ ဦးလေးတာ့ကျန့်နဲ့အတူ ကြိုးကြိုးစားစား လုပ်ကြပါ...။ ငါတို့ရဲ့ အလုပ်တွေကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ဆောင်နေသရွေ့ တောင်စောင့်နတ်မင်းကြီးက ငါတို့ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်...။ ဒီနေ့ ခေါင်ရှန်းရွာရဲ့ ဘဝက မနက်ဖြန် ငါတို့ ဖြစ်လာမယ့် ဘဝပါပဲ...။”

ရွှင်လန်းတက်ကြွသော လူငယ်တစ်ဦးက အားလုံးကို ဝမ်းသာအားရ ခွန်အားပေးစကား ပြောကြားလိုက်လေ၏။

ကျင်းတာ့ကျန့်သည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည်။

“ရှောင်ဝူ...၊ ပေါက်ကရတွေ မပြောစမ်းနဲ့...။ ငါတို့က တောင်စောင့်နတ်မင်းကြီးအတွက် အလုပ်လုပ်ပေးတာ သူ့ရဲ့ ကျေးဇူးကို ဆပ်ဖို့နဲ့ ငါတို့ရဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်ဖို့အတွက်ပဲ...။ ဆုလာဘ်ကို မျှော်လင့်ပြီး လုပ် တာ မဟုတ်ဘူး...။”

ရှောင်ဝူသည် လျှာလေးထုတ်လိုက်ပြီး တီးတိုး ပြောလိုက်လေ၏။

“ဦးလေးကျင်း ပြောတာ မှန်ပါတယ်...။ ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီးက သဘောကောင်းတယ်ဆိုတော့ ငါတို့ ကို သေချာပေါက် မတရား လုပ်မှာမဟုတ်ဘူးလို့ ထင်မိလို့ပါ...။”

“မင်းလို တုံးအတဲ့ ကလေးလေး...။”

ကျင်းတာ့ကျန့်သည် အကူအညီမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီးနောက် ဆက်ပြောလေသည်။

“တကယ်တော့...၊ ငါလည်း အဲဒီလိုပဲ ထင်ပါတယ်...။”

အနီးအနားတွင် ရပ်နေသော လူများမှာလည်း ချက်ချင်းပင် ဝမ်းသာပျော်ရွှင်သွားကြလေ၏။ အနာဂတ်တွင် မျှော်လင့်စရာ တစ်ခုခုရှိနေခြင်းက သူတို့ကို အလုပ်လုပ်ရန် ပိုမို ခွန်အားဖြစ်စေသည့်အလားပင်။

ဤသည်မှာ ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်း ဖြစ်လေသည်။

ယန်ရှိုယီသည် ဘုရားရှိခိုးရာ ဖျာပေါ်တွင် မလှုပ်မယှက် ဆက်လက် ဒူးထောက်နေဆဲပင်။ ရုတ်တရက် ညင်သာ သော လေပြေတစ်ခု တိုက်ခတ်သွားပြီးနောက် တောင်စောင့်နတ်မင်းကြီး၏ အသံ ထပ်မံ ထွက်ပေါ်လာခဲ့ လေသည်။

“ယန်ရှိုယီ...၊ ဒါက ဒဏ်ရာများကို ကုသရန်အတွက် သန့်စင်သော ဆေးတစ်ခွက် ဖြစ်တယ်...။ ဒါကို ဒဏ်ရာ အပေါ်မှာ လိမ်းပေးလိုက်ပါက ပျောက်ကင်းမှုကို မြန်ဆန်စေလိမ့်မယ်...။”

ယန်ရှိုယီသည် မသိမသာ မော့ကြည့်လိုက်ရာ သူ၏ ရှေ့ရှိ အမွှေးတိုင်တင်သည့် စားပွဲပေါ်တွင် ပေါ်လာသော မီးခိုးရောင်သန်းနေသည့် အနက်ရောင် အမှုန့်ပုံငယ်လေးကို တွေ့လိုက်ရလေ၏။ ဤသည်မှာ ရွှီပေါ်အန်း ယူလာ ခဲ့သော အမွှေးတိုင်ပြာများ ဖြစ်လေသည်။ ၎င်းသည် ပြင်ပဒဏ်ရာများကို ကုသရာတွင် အံ့ဖွယ် ဆေးဖက်ဝင် အာနိသင်များ ရှိပေသည်။

“ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။”

ယန်ရှိုယီ၏ မျက်လုံးများ အရောင်လက်သွားပြီး သူသည် သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေ၏။

ညီအစ်ကို အများစုမှာ အခြေအနေ ဆိုးရွားနေကြသော်လည်း တောင်စောင့်နတ်မင်းကြီး၏ အကူအညီကြောင့် နောက်ဆုံးတွင် သူတို့ မျှော်လင့်ချက် ရရှိသွားကြပြီ ဖြစ်လေသည်။ ခေါင်ရှန်းရွာတွင် အချိန်များစွာ ကုန်ဆုံးခဲ့ပြီး ဖြစ်ရာ ယခုအချိန်တွင် ဤနေရာရှိ အမွှေးတိုင်မှာလည်း ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။

ရွှီပေါ်အန်း ထွက်ခွာတော့မည့် အချိန်တွင် ရှန်းယန်ခရိုင်ရှိ မြို့စောင့်နတ်ကွန်း၌ ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားခဲ့လေ၏။

မြို့စောင့်နတ်ကွန်း၏ ခေါင်မိုးပေါ်တွင် အပေါက်တစ်ခု ရှိနေခဲ့ပြီး သူ၏ သိစိတ်သည် ထိုအပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ထွက်သွားနိုင်ကာ ဘွန်ဆိုင်းကို ကြည့်နေရသည့်အလား ကျယ်ပြန့်သော နယ်မြေတစ်ခုလုံးကို လွှမ်းခြုံမြင်တွေ့နိုင်ခဲ့လေသည်။ ဤနေရာရှိ ခေါင်မိုးတွင် အပေါက်များ မရှိသော်လည်း ရှေ့ဘက်ရှိ မျက်နှာပြင် အကာအကွယ်နောက်တွင်မူ တံခါးကြီးတစ်ခု ရှိနေလေ၏။

သူ ကိုယ်တိုင် အပြင်ထွက်လို့ ရနိုင်မည်လား။

ရွှီပေါ်အန်းသည် အပြင်ဘက်သို့ ရုန်းထွက်ရန် ကြိုးစားကြည့်သော်လည်း အားလုံးမှာ အချည်းနှီးသာ ဖြစ်နေ ကြောင်း တွေ့လိုက်ရလေသည်။ မျက်နှာပြင် အကာအကွယ်အနီးသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တံခါး အပြင်ဘက်တွင် ဖရိုဖရဲ အခြေအနေများသာ ရှိနေပြီး သူ၏ မျက်စိဖြင့် လုံးဝ မမြင်နိုင်ကြောင်း သဘောပေါက် သွားခဲ့လေ၏။

သို့နှင့် ရွှီပေါ်အန်းသည် စိတ်အားထက်သန်စွာ ရောက်ရှိလာခဲ့သော်လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လည် ထွက်ခွာသွားရလေတော့သည်။

All Chapters