← Chapters

အခန်း ၉၀၁

Vol. 91 Ch. 901

အခန်း ၉၀၁

Vol. 91 Ch. 901

အခန်း (၉၀၁) ကျွမ်းကျင်သူအပေါင်း စုစည်းရောက်ရှိလာခြင်း ၊ အလောင်းဖျောက်နတ်ဘုရား

​ဝုန်း

​အဝတ်စိမ်းဝတ်အမျိုးသားက ဦးစွာ လက်ဦးမှုရယူကာ တိုက်ခိုက်လိုက်သည်။

​သူ၏ကျင့်ကြံမှုမှာ အလွန်အမင်း ထက်မြက်ပြင်းထန်လှပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းသွားကာ တောင်တန်းများပင် ပြိုလဲလုမတတ် ဖြစ်သွားရသည်။ အတိုင်းအဆမဲ့လှိုင်းတံပိုးကဲ့သို့ ထူထပ်လှသော ကျင့်ကြံမှုစွမ်းအားများသည် ရွှေရောင်တောက်ပသော လက်ဝါးရိပ်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး လေထုကို ဖြတ်သန်းကာ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

​၎င်းမှာ ပင်လယ်မှောက်လက်ဝါးကျင့်စဉ် ပင် ဖြစ်သည်။

​"ကျင့်ကြံသူ ပါလား "

​ဝူမျိုးနွယ်ဘိုးဘေးသည် မျက်ခုံးပင့်လိုက်မိသည်။

​အဝတ်စိမ်းဝတ်အမျိုးသား၏ မှော်အတတ်စွမ်းအားမှာ အလွန်တရာ အစွမ်းထက်လှသဖြင့် သူသည်လည်း ပေါ့ပေါ့ဆဆ မဆက်ဆံဝံ့ချေ။ သူ၏ မျက်ခုံအလယ် တွင် ရွှေရောင်အစက်အပြောက်တစ်ခု လင်းထိန်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ တစ်ကိုယ်လုံး ရွှေရောင်တဝင်းဝင်း တောက်ပြောင်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားတော့သည်။

​သူက လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ လျှပ်တပြတ်အတွင်း ရိုးရှင်းဆန်းကြယ်သော လက်သီးရိပ်နှင့် ပင်လယ်မှောက်လက်ဝါးရိပ်တို့ လေထုထဲတွင် အားပြိုင်တိုက်ခိုက်မိကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးကြီးများ ဘေးပတ်ပတ်လည်သို့ ကစဉ့်ကလျား ပျံ့လွင့်သွားတော့သည်။

​ဤကွက်တိတိုက်ကွက်တွင် သူတို့နှစ်ဦးမှာ အနိမ့်အမြင့်မရှိ အစွမ်းချင်း တူညီနေကြသည်။

​ဤအဝတ်စိမ်းဝတ်အမျိုးသားမှာ ယုယူတောင်ထိပ် ၌ လင်းလုံနတ်သမီး ၏ ရွှေအမြုတေ ကိုပင် ရိုက်ချခဲ့ဖူးသည့် ထိပ်တန်းကျွမ်းကျင်သူ ဖြစ်သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် မိမိ၏ အရှိန်အဝါကို ထပ်မံမြှင့်တင်လိုက်ရာ ခန္ဓာကိုယ်ရှေ့တွင် ရွှေရောင်နတ်ဘုရားအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးအတားအဆီးများ ပေါ်ထွက်လာသည်။ အဝတ်စိမ်းဝတ်အမျိုးသားက အားကောင်းလှသော်လည်း သူသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။ သို့မဟုတ်ပါကလည်း သူသည် ဤတောင်မြတ်ခြေရင်းသို့ လာရောက်ကာ တတိယအဆင့် ကျွမ်းကျင်သူများကို ချောင်းမြောင်းသတ်ဖြတ်ရန် သတ္တိရှိမည်မဟုတ်ပေ။

​သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် အခြားသော ကျွမ်းကျင်သူများ၏ ကြောက်မက်ဖွယ်ကောင်းသော မှော်အတတ်စုံလင်စွာ ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။

​ချက်ချင်းပင်...

​မိုးမြေအကြားတွင် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းလုံးကြီးများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ မှိုပွင့်ကြီးများကဲ့သို့ မီးခိုးလုံးကြီးများ လွင့်ပျံတက်သွားကြသည်။ မြေကမ္ဘာတုန်ခါကာ လေပြင်းများ တိုက်ခတ်ပြီး ကောင်းကင်တစ်ခုလုံး အရောင်အဆင်း ပြောင်းလဲသွားတော့သည်။ ဝူမျိုးနွယ်ဘိုးဘေး၏ ရွှေရောင်ကာကွယ်မှုအလွှာမှာ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲခြင်း ခံလိုက်ရသည်။

​သူက မည်မျှပင် အစွမ်းထက်ပါစေ၊ ဤမျှများပြားလှသော ထိပ်တန်းကျွမ်းကျင်သူများ၏ ပူးပေါင်းတိုက်ခိုက်မှုကိုမူ လုံးဝ ခုခံနိုင်စွမ်း မရှိချေ။

​ရုပ်ရည်သာမန်ရှိသော အမျိုးသားက မိမိ၏ ရွှေအမြုတေ ကို ထုတ်ပစ်လိုက်ရာ ၎င်း၏ပတ်ပတ်လည်တွင် ခရမ်းရောင်အငွေ့အသက်များ ဝန်းရံလျက် ရှိနေသည်။ ထိုရွှေအမြုတေအလင်းသည် ဝူမျိုးနွယ်ဘိုးဘေး၏ ကိုယ်ပေါ်သို့ ဖြာကျသွားပြီး သူ၏ရွှေရောင်ကာကွယ်မှုကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။ ထိုအလင်းတန်း ကျရောက်ရာနေရာတိုင်းတွင် ဝူမျိုးနွယ်ဘိုးဘေး ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အလွှာများ ကွာကျလာတော့သည်။

​ဗုန်း

​အပြာရောင်ဝတ်အမျိုးသမီးက မျှော်စင် ကို ထုတ်လိုက်ရာ ၎င်းမှာ လေပြင်းကို စုပ်ယူပြီး တောင်ပတ်ကဲ့သို့ ကြီးမားလာကာ ဝူမျိုးနွယ်ဘိုးဘေးဆီသို့ ပြင်းထန်စွာ ဖိနှိပ်ရိုက်ချလိုက်တော့သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် ပြင်းထန်လှသော ကျင့်ကြံမှုစွမ်းအား ရှိသော်လည်း ဤမျှကြီးမားသော တိုက်ခိုက်မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။

​ထို့အပြင် အမည်းရောင်ဝတ်၊ အနီရောင်ခါးပတ်နှင့် အမျိုးသားကလည်း လက်ထဲမှ မှော်မှန်ကို ပစ်လွှတ်လိုက်ရာ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ဝူမျိုးနွယ်ဘိုးဘေး၏ ဝိညာဉ်ကို မူးဝေထုံိုင်းသွားစေတော့သည်။

​ဝုန်း ဝုန်း

​ဝူမျိုးနွယ်ဘိုးဘေးသည် သံဓားတစ်လက်ကို ဆွဲကိုင်ကာ ဝှေ့ယမ်းလိုက်ရာ ကြာပန်းစိမ်းဓားချီ များ ပွင့်အံထွက်လာသည်။

​ရွှပ်

​ထက်ရှလှသော ကြာပန်းစိမ်းတစ်ပွင့် ပျံထွက်သွားသည်။ ထို ကြာပန်းစိမ်းဓားကျင့်စဉ် မှာ အလွန်တရာ ထက်မြက်လှပြီး တတိယအဆင့် ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်သည်။ သို့သော် အဝတ်စိမ်းဝတ်အမျိုးသားက လက်တစ်ချက် ဝှေ့ယမ်းကာ ထိုကြာပန်းစိမ်းကို တိုက်ရိုက် ရိုက်ချပစ်လိုက်သည်။ ပြင်းထန်လှသော တုံ့ပြန်မှုစွမ်းအားကြောင့် သူ၏ခန္ဓာကိုယ်မှာ ခဏတာ လှုပ်ရှား၍မရဘဲ ဖြစ်သွားပြီး ထိုထက်ရှလှသော ဓားချီကို ချေဖျက်လိုက်ရသည်။

​ထိုအချိန်တွင် ဘေးပတ်ပတ်လည်မှ ကျွမ်းကျင်သူများ၏ မှော်အတတ်များ ထပ်မံ ရောက်ရှိလာပြန်သည်။

​ဝုန်း ဝုန်း

​ဝူမျိုးနွယ်ဘိုးဘေးသည် သူ၏ အမြင့်ဆုံးကိုယ်ဖျောက်အတတ်ကို သုံးကာ ကျွမ်းကျင်သူများအကြား ရှောင်တိမ်းပြေးလွှားနေရသည်။ သို့သော် အသက်ရှူခြင်း ဒါဇင်အနည်းငယ်မျှသော အချိန်အတွင်းမှာပင် သူသည် သွေးသားများ ဆူဝေလာကာ ပါးစပ်မှ သွေးများ အကြိမ်ကြိမ် အန်ထုတ်လိုက်ရတော့သည်။

​ဤလျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသော ကျွမ်းကျင်သူများသည် နတ်ဘုရားနန်းတော်အတွင်းရှိ ခရမ်းရောင်ဝတ် နတ်ဘုရား၏ ခန္ဓာကိုယ်ကိုပင် ရိုက်ခွဲနိုင်ခဲ့ကြသူများ မဟုတ်ပါလား။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝူမျိုးနွယ်ဘိုးဘေးသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရတော့သည်။

​'ဒီလူတွေက ဘယ်ကနေ ထွက်လာတာလဲ၊ ဘာလို့ တွေ့တွေ့ချင်းပဲ ငါ့ကို အသေသတ်ဖို့ ကြိုးစားနေကြတာလဲ'

​ဝူမျိုးနွယ်ဘိုးဘေးသည် ဘာမျှနားမလည်ဘဲ အူကြောင်ကြောင် ဖြစ်နေရသည်။

ဤလူအချို့၏ စွမ်းအားသဘာဝမှာ မိစ္ဆာလမ်းစဉ် သို့ သိသိသာသာ ယိမ်းနေပြီး ထုတ်သုံးလိုက်သော မှော်အတတ်များမှာလည်း အလွန်တရာ ယုတ်မာကောက်ကျစ်လှသဖြင့် ၎င်းတို့သည် လုံးဝ တရားမျှတမှုကို အခြေခံသော ရိုးသားသည့် ကျင့်ကြံသူများ မဟုတ်ကြချေ။ ထို့ကြောင့် သူတို့သည် သူတော်ကောင်းတရားအတွက် ကလဲ့စားလာချေခြင်း မဟုတ်သည်မှာ သေချာသည်။

​'ဒါက တကယ်ပဲ ဘာဖြစ်တာလဲ'

​ဝူမျိုးနွယ်ဘိုးဘေးသည် မိမိ၏ စွမ်းအားများကို လှုပ်ခတ်ကာ လက်ဝါးမိုးကြိုး တစ်ချက် ပစ်လွှတ်လိုက်သည်။ ၎င်းမှာ တောက်ပဆန်းပြားပြီး နတ်ဘုရားအရှိန်အဝါဖြင့် အလွန် အစွမ်းထက်လှသည်။ သို့သော် မျက်နှာချောမောသန့်ပြန့်သော လူငယ်လေးတစ်ဦး၏ ဝတ်ရုံလက်အင်္ကျီမှာ ရုတ်တရက် လွင့်ပျံလာပြီး အဆုံးမဲ့ကျယ်ပြောသော နေရာတစ်ခုအဖြစ် ပြောင်းလဲကာ ထိုလက်ဝါးမိုးကြိုးကို အထဲသို့ သိမ်းဆည်းလိုက်တော့သည်။

​၎င်းမှာ ဝတ်ရုံစွန်းကမ္ဘာ နှင့် ဆင်တူသော နတ်ဘုရားမှော်အတတ်ပင် ဖြစ်သည်။

​ထိုလူငယ်လေး၏ အရှိန်အဝါမှာ အလွန်တရာ ရှေးကျလှပြီး သူ၏ မျက်လုံးနှစ်လုံးမှာ လောကကြီး၏ အပြောင်းအလဲများကို တွေ့ကြုံခဲ့ဖူးသည့် ရင့်ကျက်မှုများ ပြည့်နှက်နေသည်။ ဤသူသည် ဘယ်နေရာက ရောက်လာသည်မသိရဘဲ တိုက်ခိုက်လိုက်သည့် အကွက်တိုင်းမှာ မိုးမြေကို တုန်ခါစေလောက်သည်။ ဝူမျိုးနွယ်ဘိုးဘေး၏ လက်ဝါးမိုးကြိုး အသိမ်းခံလိုက်ရသည့် အချိန်တွင် အဝတ်စိမ်းဝတ်အမျိုးသားက အနီးသို့ ကပ်လာပြီး သူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

​ဒိုင်း

​ကြီးမားလှသော ခေါင်းလောင်းကြီးတစ်လုံးကို တီးခတ်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကို ဗဟိုပြုကာ ဘေးပတ်ပတ်လည် ရာဂဏန်းမျှရှိသော မြေပြင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအဝတ်စိမ်းဝတ်အမျိုးသားမှာ သူ့အပေါ် သတ်ဖြတ်လိုစိတ် အပြင်းထန်ဆုံး ဖြစ်နေပြီး မိမိနှင့် မကျေပွဲရှိနေသည့်အလား ပြုမူနေသည်။

​သူ၏လက်ထဲမှ ရှေးဟောင်းဓားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝတ်စိမ်းဝတ်အမျိုးသား၏ ဦးခေါင်းနောက်သို့ ပျံသန်းသွားသည်။ သို့သော် ထိုအဝတ်စိမ်းဝတ်အမျိုးသားမှာ ရှောင်တိမ်းခြင်း လုံးဝမရှိဘဲ သူ၏လက်ဝါးပေါ်ရှိ စိမ်းမှောင်သော အလင်းတန်းများမှာ ပိုမိုတောက်ပလာကာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအငွေ့အသက်များကို ထုတ်ဖော်လျက် ဝူမျိုးနွယ်ဘိုးဘေးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။

​၎င်းမှာ အသက်ကို ရင်းပြီး တိုက်ခိုက်သော ရက်စက်လှသည့် တိုက်ကွက်ပင်။

​'ရူးနေတာလား'

​ဝူမျိုးနွယ်ဘိုးဘေး၏ စိတ်ထဲတွင် လေးပင်သွားသည်။ သူသည် ဤအဝတ်စိမ်းဝတ်အမျိုးသားနှင့် အသက်ရင်းပြီး မတိုက်ခိုက်လိုသဖြင့် ခန္ဓာကိုယ်ကို ဖြူဖွေးသောအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နောက်သို့ အမြန် ဆုတ်ခွာလိုက်သည်။ ယခုအခါ ရန်သူများစွာ ဝန်းရံနေသဖြင့် အနည်းငယ် မျှ သတိပေါ့လျော့ပါက ဤနေရာတွင် အသက်ပျောက်သွားနိုင်သည်။

​အဝတ်စိမ်းဝတ်အမျိုးသား၏ ဦးခေါင်းနောက်မှ ရွှေအမြုတေတစ်လုံး ပျံထွက်လာပြီး ၎င်းပေါ်ရှိ အလင်းတန်းများမှာ အလွန်တရာ ထူထပ်လှသော်လည်း ယုတ်မာသောအငွေ့အသက်များ ပါဝင်နေသည်။ ထိုရွှေအမြုတေက ပျံသန်းလာသော ဓားကို တားဆီးလိုက်သဖြင့် ဝူမျိုးနွယ်ဘိုးဘေးသည်လည်း ထိုအခွင့်အရေးကို သုံးကာ အဝေးသို့ ဆုတ်ခွာသွားနိုင်ခဲ့သည်။

​"မင်း ရူးနေတာလား၊ ငါက မင်းနဲ့ ဘာရန်ငြိုးရှိလို့လဲ"

​ဝူမျိုးနွယ်ဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

​ဤကဲ့သို့သော ကျင့်ကြံမှုအဆင့်အထိ ရောက်ရှိနေပါလျက်နှင့် ဘာကြောင့် ဤမျှ သတ်ဖြတ်လိုစိတ် ပြင်းထန်နေရသနည်း။ ၎င်းမှာ တစ်ဦးကိုတစ်ဦး ပြာဖြစ်အောင် လုပ်မည့် ပုံစံပင် မဟုတ်ပါလား။

​အဝတ်စိမ်းဝတ်အမျိုးသားက ဒေါသတကြီးဖြင့်

​"ဘာရန်ငြိုးလဲ ဟုတ်လား။ မင်းလို ခွေးအိုကြီးကများ ငါ့ကို မေးဝံ့သေးတယ်"

ဟု ဟိန်းဟောက်လိုက်သည်။

​မိမိသည် နတ်ဘုရားလက်နက်ဖြစ်သော ကောင်းကင်ဖဲကြိုး ကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်သည်။ ယခုတစ်ခါတွင်လည်း ကျားသစ်ငှက်ရိုင်းကို စတေးကာ အားလုံးကို တားဆီးပြီးမှ ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ကို လုယူကာ နန်းတော်ထဲမှ ထွက်ပြေးလာခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ဤခွေးအိုကြီး၏ လုယူခြင်းကို ခံလိုက်ရပြန်သည်။

​ဒုတိယအကြိမ်မြောက် နတ်ဘုရားလက်နက် အလုခံရခြင်း ဖြစ်သဖြင့် အဝတ်စိမ်းဝတ်အမျိုးသားသည် ဤခွေးအိုကြီးအပေါ် ထားရှိသော သတ်ဖြတ်လိုစိတ်မှာ ဓားသမား ယန်ချီရှ ထက်ပင် ပိုမို ပြင်းထန်နေတော့သည်။

​ဝုန်း

​အဝတ်စိမ်းဝတ်အမျိုးသား၏ မျက်လုံးနှစ်လုံးထဲမှ ဒေါသမျက်ရည်များ ထွက်ပေါ်လာမတတ် ဖြစ်နေပြီး လက်ဝါးနှစ်ဖက်လုံးကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်သည်။ ခဏအတွင်းမှာပင် ဒီရေလှိုင်းကဲ့သို့ ပြင်းထန်လှသော လက်ဝါးစွမ်းအားများ ပျံ့လွင့်သွားပြီး သူ၏ဘေးပတ်ပတ်လည်တွင် သမုဒ္ဒရာကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားတော့သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် မျက်မှောင်ကြုတ်ကာ စိတ်ထဲတွင် အတွေးပေါင်းများစွာ လျင်မြန်စွာ တွေးတောနေမိသည်။

​'ဒါက ငါ့ရဲ့ အရင်က ရန်သူတွေက ငါ့ရဲ့ အရှိန်အဝါကို သိသွားလို့လား၊ ဒါမှမဟုတ် ငါသိမ်းပိုက်ထားတဲ့ ဒီခန္ဓာကိုယ်ရဲ့ အရင်က ရန်ငြိုးတွေလား'

​သို့သော် ပြင်းထန်လှသော လက်ဝါးစွမ်းအားများနှင့် အခြားသော မှော်အတတ်များ မျက်စိရှေ့သို့ ရောက်ရှိလာသဖြင့် သူသည် ရှင်းပြရန် အချိန်မရှိတော့ပေ။ ဤမျှများပြားသော ကျွမ်းကျင်သူများ၏ ရှေ့တွင် အနည်းငယ်မျှ အာရုံပျံ့လွင့်၍မရချေ။

​သူသည် လက်မှ ဂါထာများ ရွတ်ဖတ်ကာ အပြာရောင်အငွေ့အသက်အဖြစ် ပြောင်းလဲ၍ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ယခုတစ်ခါတွင်မူ အပြာရောင်အငွေ့အသက်မှာ မိုင်အနည်းငယ်မျှသာ သွားနိုင်ပြီး သူ၏ခန္ဓာကိုယ်မှာ ပြန်လည် ပေါ်ထွက်လာရပြန်သည်။

​ဝူမျိုးနွယ်ဘိုးဘေး : ".........."

​အရှိန်အဝါ ရှေးကျလှပြီး မျက်လုံးများထဲတွင် ရင့်ကျက်မှုများ ပြည့်နှက်နေသော လူငယ်လေးက လှောင်ပြောင်လိုက်သည်။

​"တကယ်တော့... အလောင်းဖျောက်နတ်ဘုရား တစ်ပါး ဖြစ်နေတာကိုး"

​ထိုလူငယ်လေး၏ ဘေးပတ်ပတ်လည်တွင် ကြီးမားလှသော စတုရန်းဒုတိယ စစ်တုရင်ခုံ ကြီးတစ်ခု ပေါ်ထွက်လာပြီး စစ်တုရင်ရုပ်များမှာ တောင်ကုန်းများကဲ့သို့ ကြီးမားလှသည်။ ဤနတ်ဘုရားတောင်မြတ်ကြီးတစ်ခုလုံးမှာ ထိုစစ်တုရင်ခုံအတွင်း၌ စစ်တုရင်ရုပ်အကြီးစားတစ်ခုမျှသာ ဖြစ်နေတော့သည်။

​ဤကြောက်မက်ဖွယ်ကောင်းသော မှော်အတတ်မှာ နတ်ဘုရားတောင်မြတ်ကြီး၏ ဘေးပတ်ပတ်လည် နယ်မြေတစ်ခုလုံးကို တိုက်ရိုက် ပိတ်ဆို့ထားခြင်းပင်။

​ဝူမျိုးနွယ်ဘိုးဘေးသည် မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့်

​"မင်းက ဘယ်သူလဲ" ဟု မေးလိုက်သည်။

​'အလောင်းဖျောက်နတ်ဘုရား' ဟူသော စကားလုံး သုံးလုံး ထွက်ပေါ်လာသည်နှင့် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများ၏ အကြည့်များမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။

​ချက်ချင်းပင်... ကြောက်မက်ဖွယ်ကောင်းသော မှော်အတတ်များမှာ မြစ်ရေကဲ့သို့ စီးဆင်းသွားပြီး ဝူမျိုးနွယ်ဘိုးဘေးကို အလုံးစုံ လွှမ်းမိုးသွားတော့သည်။ ဝူမျိုးနွယ်ဘိုးဘေးသည် ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ပြောင်းလဲသော်လည်း ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် သွေးများ အဆက်မပြတ် အန်ထုတ်နေရသည်။ ဤလူများသည် နတ်ဘုရားနန်းတော်အတွင်း၌ ခရမ်းရောင်ဝတ် နတ်ဘုရား၏ ခန္ဓာကိုယ်ကိုပင် ရိုက်ခွဲနိုင်ခဲ့ကြသူများ ဖြစ်ရာ သူတို့၏ မှော်အတတ်စွမ်းအားများမှာ မည်မျှ ပြင်းထန်ကြောင်း ထင်ရှားလှသည်။

​ဝူမျိုးနွယ်ဘိုးဘေး၏ စိတ်ထဲတွင် လေးပင်သွားသည်။ သူသည် ထပ်မံ၍ အပြာရောင်အငွေ့အသက်အဖြစ် ပြောင်းလဲကာ ထွက်ပြေးသော်လည်း ဤပတ်ဝန်းကျင်နယ်မြေမှ လုံးဝ ထွက်မသွားနိုင်ပေ။ ဤစစ်တုရင်ခုံတွင် အဆုံးမဲ့သော စွမ်းအားများ ကိန်းအောင်းနေပြီး မိုးမြေ၏ တရားများ ပါဝင်နေသည်။ ဝူမျိုးနွယ်ဘိုးဘေးသည် ဘယ်သို့ပင် သွားပါစေ၊ သူ၏ စစ်တုရင်ခုံအတွင်း၌သာ ရှိနေရသည်။

​'ဒီနေ့ ဒီလူကို မသတ်နိုင်ရင် ငါတော့ သေရုံပဲ ရှိတော့တယ်'

​ဝူမျိုးနွယ်ဘိုးဘေးသည် စိတ်ကို တင်းလိုက်ကာ ဓားတစ်ချက် ထိုးနှက်လိုက်ရာ မိုးမြေ၏ အရှိန်အဝါများ ပြောင်းလဲသွားပြီး ပြင်းထန်လှသော ဓားချီများမှာ သူ၏ ဤဓားချက်ပေါ်တွင် ပေါင်းစည်းသွားတော့သည်။ သို့သော် ထိုဓားချက်မှာ သာမန်အတိုင်းပင် ဖြစ်နေပြီး အလွန် နှေးကွေးနေသကဲ့သို့ ခံစားရသည်။

​အဝတ်စိမ်းဝတ်အမျိုးသားက ယုယူတောင်ထိပ်မှ နတ်သမီးထံမှ လုယူခဲ့သော ရွှေအမြုတေကို ပစ်လွှတ်လိုက်သည်။ အခြားအမျိုးသားတစ်ဦးကလည်း ခရမ်းရောင်အငွေ့အသက်များနှင့် ရွှေအမြုတေကို ပစ်လွှတ်လိုက်ရာ ရွှေအမြုတေနှစ်ခုမှာ ထိုဓားချက်ကို တပြိုင်နက်တည်း ခုခံလိုက်ကြသည်။

​ဝုန်း

​ဤဓားချက်မှာ ထပ်မံ၍ ရှေ့သို့ မတိုးနိုင်တော့ပေ။ ဤသည်မှာ ဝိုင်းအုံတိုက်ခိုက်ခံရခြင်း၏ ဆိုးကျိုးပင် ဖြစ်သည်။ မိမိသည် တစ်ဦးတစ်ယောက်၏ မှော်အတတ်ကို ခုခံနိုင်သည့် နည်းလမ်းရှိသော်လည်း အခြားတစ်ဦးက မည်သည့်မှော်အတတ်ကို သုံးဦးမည်ကိုမူ လုံးဝ ခန့်မှန်းနိုင်ခြင်း မရှိချေ။

​ဝူမျိုးနွယ်ဘိုးဘေးသည် နောက်ကျောမှနေ၍ အခြားတစ်ဦး၏ မှော်အတတ်ဖြင့် ချောင်းမြောင်းရိုက်ခတ်ခြင်း ခံလိုက်ရသည်။

​ဒိုင်း

​ကြီးမားလှသော ခေါင်းလောင်းသံကြီး ထွက်ပေါ်လာပြီး သူ၏ကိုယ်ပေါ်မှ ရွှေရောင်အလွှာများမှာ တဖျပ်ဖျပ် ကွာကျလာတော့သည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှရှိသေး၊ မျှော်စင် က သူ၏ကိုယ်ပေါ်သို့ ထပ်မံ ရိုက်ချလိုက်ပြန်သဖြင့် သူသည် တောင်ကုန်းတစ်ခုဆီသို့ ပြင်းထန်စွာ လွင့်စင်ကျသွားပြီး ထိုတောင်ကုန်းကြီးမှာလည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။

​မျှော်စင်မှာ အဆုံးမဲ့စွမ်းအား ရှိသဖြင့် လူကို ရိုက်ချရာတွင် အမြဲတမ်း အောင်မြင်လှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကျွမ်းကျင်သူများ၏ ဝိုင်းအုံတိုက်ခိုက်မှုအောက်သို့ ထပ်မံ ကျရောက်သွားပြီး ထွက်ပြေးရန် အလွန် ခက်ခဲသွားတော့သည်။

​ကြီးမားလှသော အရှိန်အဝါများကြောင့် အနီးနားရှိ ကျင့်ကြံသူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော စစ်တုရင်ခုံကြီး ဖြစ်သည်။ စစ်တုရင်ခုံတွင် ယင်ယန်သဘော ‌တရားများ ပါဝင်နေပြီး နတ်ဘုရားတောင်မြတ်ကြီးတစ်ခုလုံးကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။

​လီယန်ချူသည် တောင်ကြားမှ ဤနေရာသို့ ရောက်ရှိလာသောအခါ ကျွမ်းကျင်သူများ၏ ဝိုင်းအုံတိုက်ခိုက်ခြင်းကို ခံနေရသော ဝူမျိုးနွယ်ဘိုးဘေးကို သတိပြုမိလိုက်သည်။ ခန္ဓာကိုယ်မှ အရှိန်အဝါ ရှေးကျလှသော လူငယ်လေးကို မြင်လိုက်ရသည့်အခါ သူသည်လည်း အနည်းငယ် မှင်တက်သွားမိသည်။ ဤသူ၏ မှော်အတတ်စွမ်းအားမှာ အလွန်တရာ ပြင်းထန်လှသဖြင့် လူကို အံ့ဩစေရုံသာမက ဤဝူမျိုးနွယ်ဘိုးဘေး၏ နောက်ခံကိုပါ တစ်ချက်တည်းနှင့် သိမြင်နိုင်ခဲ့သည်။

​"အလောင်းဖျောက်နတ်ဘုရား လား"

​လီယန်ချူက တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်လုံးများထဲတွင် စဉ်းစားရခက်ဟန်များ ပေါ်ထွက်လာသည်။

​'ဒီလူငယ်လေး ပြောတဲ့ အလောင်းဖျောက်နတ်ဘုရားဆိုတာ ရှေးဟောင်းကျမ်းစာတွေထဲမှာ ပါတဲ့ အလောင်းဖျောက်ခြင်းအတတ် နဲ့ ဘာပတ်သက်မှု ရှိလို့လဲ' လီယန်ချူက စိတ်ထဲမှ တွေးနေမိသည်။

​'အလောင်းဖျောက်ခြင်း' ဟူသော အယူအဆမှာ တာအိုကျမ်းစာများထဲတွင် စိမ်းနေသည်တော့ မဟုတ်ပေ။

အလောင်းဖျောက်ခြင်းအတတ်တွင်လည်း နည်းလမ်းများစွာ ရှိသည်၊ ဥပမာ - ဓားဖြင့်ဖျောက်ခြင်း ၊ မီးဖြင့်ဖျောက်ခြင်း ၊ ဓားရှည်ဖြင့်ဖျောက်ခြင်း စသည်ဖြင့်...

​သို့သော် ကျမ်းစာများထဲတွင် အယူအဆမျှသာ ပါဝင်ပြီး တိကျသော ကျင့်စဉ်နည်းလမ်းများ မပါဝင်သလို၊ ဤအတတ်ဖြင့် မည်သည့်ကျင့်ကြံမှုအဆင့်အထိ ရောက်ရှိနိုင်သည်ကိုလည်း မည်သူမျှ မသိကြချေ။

​လီယန်ချူသည် ဝူမျိုးနွယ်ဘိုးဘေး အပြာရောင်အငွေ့အသက်အဖြစ် ပြောင်းလဲကာ ထွက်ပြေးသည့် အတတ်ကို အမြဲတမ်း ထူးဆန်းသည်ဟု ထင်ခဲ့ဖူးသည်။

၎င်းမှာ သာမန်ကိုယ်ဖျောက်အတတ်များနှင့် မတူချေ။ ယခုအခါမှသာ သူ နားလည်လိုက်ရသည်မှာ ဤသည်မှာ အလောင်းဖျောက်နတ်ဘုရားများ၏ သီးသန့်မှော်အတတ် ဖြစ်နိုင်သည် မဟုတ်ပါလား။

​ဝူမျိုးနွယ်ဘိုးဘေးအပြင်၊ မျက်လုံးနှစ်လုံးထဲတွင် ရှေးကျလှသော ရင့်ကျက်မှုများ ပြည့်နှက်နေသော လူငယ်လေးကလည်း သူ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဝတ်ရုံစွန်းကမ္ဘာ အတတ်နှင့် မိုးမြေစစ်တုရင်ခုံတို့မှာ နတ်ဘုရားအဆင့် မှော်အတတ်နှစ်ခု ဖြစ်ရမည်။ ဤလူငယ်လေး၏ နောက်ခံမှာ အမှန်တကယ်ပင် လူကို စိတ်ဝင်စားစေလှသည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် ကျွမ်းကျင်သူများ၏ မှော်အတတ်များဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံရသဖြင့် လက်ထဲမှ ရှေးဟောင်းဓားမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

​သူ၏လက်ဝါးထဲတွင် နီမြန်းသောအလင်းတန်းတစ်ခု လင်းထိန်လာပြီး မိမိ၏ သွေးသားအနှစ်သာရများကို ဓားတစ်လက်အဖြစ် ပေါင်းစည်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤခန္ဓာကိုယ်မှာ ဝူမျိုးနွယ်ဘိုးဘေး၏ မူရင်းခန္ဓာကိုယ် ဖြစ်သည်မဟုတ်ပါလား။ သွေးသားအနှစ်သာရများ ဓားအဖြစ် ပြောင်းလဲသွားပြီးနောက် ပူပြင်းလှသော အရှိန်အဝါများ ထွက်ပေါ်လာကာ ကျွမ်းကျင်သူများကိုပင် နောက်သို့ ဆုတ်ခွာသွားစေတော့သည်။

​ဝူမျိုးနွယ်ဘိုးဘေး၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ တရိပ်ရိပ် မြင့်တက်လာသည်။ ယခုအခါ သူသည် မိမိ၏ ကျင့်ကြံမှု ဆုံးရှုံးသွားမည့်အရေးကို လုံးဝ ဂရုမစိုက်တော့ပေ။

​"ဒါက မင်းတို့ကိုယ်တိုင် သေလမ်းရှာတာပဲ" ဝူမျိုးနွယ်ဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

​လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သူသည် ကြောက်မက်ဖွယ်ကောင်းသော ပိုးကောင်များကို ထုတ်ပစ်လိုက်ရာ ၎င်းတို့မှာ အမည်းရောင် တိမ်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျင့်ကြံသူတစ်ဦးကို ဝါးမြိုပစ်လိုက်တော့သည်။ ယခုအခါ ထိုပိုးကောင်များမှာ အလွန်တရာ ရက်စက်လှပြီး သွေးသား၊ အရေခွံနှင့် ကလီစာအားလုံးကို ခဏချင်းအတွင်း စားပစ်လိုက်ကြသည်။ ပိုးကောင်များပေါ်တွင် နီမြန်းသောအလင်းတန်းများ တောက်ပြောင်လာပြီး ဝူမျိုးနွယ်ဘိုးဘေး၏ အရှိန်အဝါမှာလည်း ထပ်မံ မြင့်တက်လာပြန်သည်။

​'ချောက်နက်ထဲကနေ ဘယ်လိုမျိုး ယုတ်မာတဲ့ တည်ရှိမှုတစ်ခု ထွက်လာတာလဲ'

​လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။ သူက အနည်းငယ် စိတ်ဝင်စားမိသည်၊ ဝူမျိုးနွယ်ဘိုးဘေးတွင် ဤမျှ ကြောက်စရာကောင်းသော ပိုးကောင်များ ရှိနေပါလျက်နှင့် ဘာကြောင့် စောစောက ထုတ်မသုံးခဲ့ရသနည်း။ သူသည် အရင်က ထွက်ပြေးနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့၍လား။

​နောက်ထပ် စဉ်းစားကြည့်ပြန်လျှင်လည်း မဟုတ်သေးပေ။ ဤစစ်တုရင်ခုံကြီး ပေါ်လာပြီးနောက် သူသည် ဤလူငယ်လေး၏ မိုးမြေစစ်တုရင်ခုံထဲမှ ထွက်ပြေး၍မရမှန်း သိသင့်သည်။

​'ဒါက... ဒီပိုးကောင်တွေကို သုံးလိုက်ရင် သူ့အတွက်လည်း ကြီးမားတဲ့ ပေးဆပ်မှု ရှိနိုင်လို့ ဖြစ်ရမယ်။ မိမိစိတ်ကြိုက် သုံးလို့မရသလို၊ အမှားအယွင်းရှိရင် ကိုယ့်ကိုပါ ပြန်ပြီး ဒုက္ခပေးနိုင်တယ်' လီယန်ချူက အနည်းငယ် တွေးတောလိုက်ပြီးနောက် သူ၏ ကိုယ်ခန္ဓာပြောင်းလဲခြင်း နတ်ဘုရားမှော်အတတ်ကို သုံးလိုက်သည်။

​ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူသည် ထွားကျိုင်းသော ယောက်ျားကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး မျက်လုံးနှစ်လုံးထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်လျက် လက်ထဲတွင် ကြေးနီဓားတစ်လက်ကို ကိုင်ဆောင်ထားတော့သည်။

ဤဓားမှာ သူသည် မဟာရိုင်းကမ္ဘာ မှ ရရှိခဲ့ခြင်း ဖြစ်ပြီး ပြင်ပ မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းရန်အတွက် သုံးသော နတ်ဘုရားဓားတစ်လက် ဖြစ်သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် မိမိ၏ အရှိန်အဝါကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ပြီး ထိုထူးဆန်းသော ပိုးကောင်များကို ထုတ်လိုက်သည့်အခါ ကျွမ်းကျင်သူတစ်ဦးကို ချက်ချင်း ဝါးမြိုနိုင်ခဲ့သည်။ ခဏတာအတွင်းမှာပင် သူသည် ဤပေါက်ကွဲမှုစွမ်းအားဖြင့် ကျွမ်းကျင်သူများစွာ၏ တိုက်ခိုက်မှုကို ခုခံထားနိုင်ခဲ့သည်။

​သူ၏ နတ်ဘုရားအရှိန်အဝါမှာ တစ်လောကလုံးကို လွှမ်းမိုးထားနိုင်သည့်အလား။

​သူ၏ကိုယ်ပေါ်ရှိ ရွှေရောင်အလွှာများမှာ တစ်ကိုယ်လုံးကို ထပ်မံ လွှမ်းမိုးသွားသည်။ သူသည် ထိုပိုးကောင်များကို အဝတ်စိမ်းဝတ်အမျိုးသားဆီသို့ အဓိက ဦးတည်တိုက်ခိုက်စေလိုက်သည်။ အဝတ်စိမ်းဝတ်အမျိုးသားက သူ့အပေါ် သတ်ဖြတ်လိုစိတ် ပြင်းထန်သကဲ့သို့ သူသည်လည်း ဤအဝတ်စိမ်းဝတ်အမျိုးသားအပေါ် သတ်ဖြတ်လိုစိတ် မနည်းချေ။

​အဝတ်စိမ်းဝတ်အမျိုးသားက မိမိ၏ ရွှေအမြုတေကို လှုပ်ခတ်လိုက်ရာ ရွှေအမြုတေထဲမှ ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်လာပြီး ထိုပိုးကောင်များ၏ ရှေ့သို့ တိုးလာမှုကို အတိုင်းအတာတစ်ခုအထိ အဟန့်အတား ဖြစ်စေခဲ့သည်။ သို့သော် ထိုပိုးကောင်များမှာ အလွန်တရာ ကြောက်စရာကောင်းလှပြီး အမည်းရောင် တိမ်တိုက်ကြီးကဲ့သို့ လွှမ်းမိုးလာသဖြင့် အဝတ်စိမ်းဝတ်အမျိုးသားကဲ့သို့ အစွမ်းထက်သူပင်လျှင် ခဏတာ နောက်သို့ ဆုတ်ခွာကာ သူတို့၏ ရက်စက်မှုကို ရှောင်တိမ်းလိုက်ရသည်။

​"ဒီနေ့ ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား"

ဝူမျိုးနွယ်ဘိုးဘေးက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။

​အမည်းရောင် တိမ်တိုက်ကြီးကဲ့သို့ ပိုးကောင်များ ဝါးမြိုရန် တိုးဝင်လာစဉ်...

​ရုတ်တရက်... အမည်းရောင် ပေတံငယ် တစ်ခု ပျံသန်းလာသည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းမှာ လေပြင်းကို စုပ်ယူပြီး ကြီးမားလာကာ ထိုအမည်းရောင် ပိုးကောင်တိမ်တိုက်ကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

​၎င်းမှာ အတိုင်းအဆမဲ့ပေတံ ပင် ဖြစ်သည်။

​၎င်းမှာ ကျင်းထျန်းလှံ ကဲ့သို့ပင် ကောင်းကင်ပြင်ပ လကြယ်သံရိုင်းများဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ပြီး အဆိပ်ပေါင်းစုံကို ပြယ်စေနိုင်ကာ အဆုံးမဲ့ နတ်ဘုရားအရှိန်အဝါများ ကိန်းအောင်းနေသည်။ ခဏအတွင်းမှာပင် ထိုပိုးကောင်အချို့မှာ ရိုက်ခွဲခံလိုက်ရပြီး လေထုထဲတွင် ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

​တစ်ပြိုင်နက်တည်းမှာပင်...

​ဝူမျိုးနွယ်ဘိုးဘေးသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် မိမိ၏ နောက်ကျောဘက်မှ ထက်ရှလှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ တောင်ကဲ့သို့ ကြီးမားလှသော ဓားချီကြီးတစ်ခုမှာ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များနှင့်အတူ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

​သူသည် ဓားတစ်ချက် ထိုးနှက်ကာ ခုခံလိုက်သည်။ သို့သော် သူ၏ ဓားချီမှာ သာမန်အချိန်များထက် များစွာ အားနည်းနေတော့သည်။ တစ်ဖက်လူ၏ ဓားချီမှာမူ လျင်မြန်စွာ အားကောင်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝူမျိုးနွယ်ဘိုးဘေး၏ ဓားချီကို ရိုက်ခွဲပစ်လိုက်သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် ဤဓားချက်ကြောင့် ပြင်းထန်စွာ လွင့်စင်သွားတော့သည်။

​ချက်ချင်းပင်... ခန္ဓာကိုယ်ထွားကျိုင်းသော ယောက်ျားကြီးတစ်ဦးက ကြေးနီဓားကို ကိုင်ဆောင်ကာ သတ်ဖြတ်ရန် တိုးဝင်လာသည်။ ဓားရှည်က ဝိုင်းဝန်းကာ ဓားချက်တစ်ခု ပစ်လွှတ်လိုက်ရာ လှပလှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝူမျိုးနွယ်ဘိုးဘေးကို နက်ရှိုင်းသော မြေကျင်းကြီးတစ်ခုထဲသို့ ထပ်မံ ရိုက်သွင်းပစ်လိုက်ပြန်သည်။

​'ဒီလူ့ရဲ့ ဓားချီက တကယ်ကို သန်မာတာပဲ'

​ကျွမ်းကျင်သူအားလုံး၏ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ ဝူမျိုးနွယ်ဘိုးဘေး၏ ဓားချီမှာ အလွန်တရာ အစွမ်းထက်လှသော်လည်း စောစောက ဤသူ့ကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။

​သို့သော် မျက်လုံးနှစ်လုံးထဲတွင် ရင့်ကျက်မှုများ ပြည့်နှက်နေသော လူငယ်လေးတစ်ဦးတည်းသာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ သူသည် စောစောက ဝူမျိုးနွယ်ဘိုးဘေး၏ ဓားချီမှာ ချက်ချင်းပင် အဆမတန် အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ဤထွားကျိုင်းသော ယောက်ျားကြီး၏ ဓားချီက သန်မာသော်လည်း လောကကြီးတွင် အနှိုင်းမဲ့လောက်အောင် ပြင်းထန်နေခြင်းတော့ မဟုတ်ပေ။

​လူငယ်လေးက ထွားကျိုင်းသော ယောက်ျားကြီးကို တစ်ချက် ကြည့်လိုက်ပြီး မျက်လုံးထဲတွင် စဉ်းစားစရာများ ပေါ်ထွက်လာသည်။

​ထွားကျိုင်းသော ယောက်ျားကြီးက ဓားကို ကိုင်ကာ ဝူမျိုးနွယ်ဘိုးဘေးဆီသို့ ထပ်မံ တိုးဝင်သွားပြန်သည်။

​"မင်းတစ်ယောက်တည်းနဲ့ ဒီလောကက သူရဲကောင်းတွေရဲ့လက်ထဲကနေ ထွက်ပြေးချင်နေတာလား။ ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်ခါချင်နေသလိုပဲ၊ ကိုယ့်အရည်အချင်းကိုယ် မသိတဲ့ကောင်"

ထွားကျိုင်းသော ယောက်ျားကြီးက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။

​"မင်း ဒီနေ့ မသေရင် ငါတို့အားလုံးရဲ့ မျက်နှာ ဘယ်နား သွားထားရမလဲ"

​ဤသူ၏ ဓားချီမှာ အလွန်တရာ ပြင်းထန်လှပြီး ပြောလိုက်သော စကားလုံးများမှာလည်း လူတိုင်း၏ စိတ်ကို ကျေနပ်စေလှသည်။ မှန်ပေသည်၊ စောစောက နတ်ဘုရားနန်းတော်အတွင်း၌ မိမိတို့၏ အရည်အချင်းအတိုင်း နတ်ဘုရားလက်နက်ကို လုယူနေကြစဉ် ဝူမျိုးနွယ်ဘိုးဘေးက ကောင်းကင်ယံမှ ပေါ်လာပြီး လူတိုင်းကို အအတွေ ဟု စော်ကားခဲ့ဖူးသည် မဟုတ်ပါလား။

၎င်းမှာ အလွန်တရာ ဒေါသဖြစ်စရာ ကောင်းလှသည်။ ယနေ့ လူတိုင်းက ဝိုင်းအုံတိုက်ခိုက်နေပါလျက်နှင့် သူ့ကို ထွက်ပြေးခွင့်ပေးလိုက်ရလျှင် တစ်လောကလုံး၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။

​ချက်ချင်းပင်... ကျွမ်းကျင်သူအားလုံး၏ မှော်အတတ်များ ထပ်မံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်များစွာ ဝူမျိုးနွယ်ဘိုးဘေးဆီသို့ ရိုက်ချလိုက်ကြသဖြင့် ဝူမျိုးနွယ်ဘိုးဘေး၏ ဖိအားမှာ အဆမတန် ကြီးမားသွားတော့သည်။

​အဝတ်စိမ်းဝတ်အမျိုးသားက

"ဒီမိတ်ဆွေ ပြောတာ မှန်တယ်။ ဒီခွေးအိုကြီးကို အသေသတ်ကြစမ်း" ဟု အော်ပြောလိုက်သည်။

​ချက်ချင်းပင်... သူသည် ထိုထွားကျိုင်းသော ယောက်ျားကြီးက မိမိကို ကြည့်ကာ အနည်းငယ် ပြုံးပြသည်ကို မြင်လိုက်ရသည်။ အလွန်တရာ ရင်းနှီးဖော်ရွေလှသော အပြုံးပင်။

​အဝတ်စိမ်းဝတ်အမျိုးသားက ခေါင်းငြိမ့်ပြကာ အသိအမှတ်ပြုလိုက်သည်။

​ဤသူ၏ ကျင့်ကြံမှုမှာ ထက်မြက်ပြင်းထန်လှပြီး လက်ထဲမှ ကြေးနီဓားတွင်လည်း ကောင်းကင်ယံသို့ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များ ရှိနေသည်။ ယခုအခါ မိမိအပေါ်တွင်လည်း အလွန် ရင်းနှီးဖော်ရွေဟန် ပြသနေသည်။ သူသည် ပို၍ မစဉ်းစားတော့ပေ။

​ယန်ချီရှက ကောင်းကင်ဖဲကြိုးကို လုယူခဲ့ပြီး၊ ဝူမျိုးနွယ်ဘိုးဘေးက ဝိညာဉ်ခြောက်ခြားခေါင်းလောင်းကို ထပ်မံ လုယူခဲ့ပြန်သည်။ နတ်ဘုရားလက်နက် နှစ်ခုလုံးနှင့် လွဲချော်ခဲ့ရသဖြင့် သူသည် အလွန်အမင်း ဒေါသထွက်နေပြီ ဖြစ်ရာ ချက်ချင်းပင် ကျားရဲတစ်ကောင်ကဲ့သို့ ဝူမျိုးနွယ်ဘိုးဘေးဆီသို့ သတ်ဖြတ်ရန် တိုးဝင်သွားတော့သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် ထိုအမည်းရောင် ပိုးကောင်တိမ်တိုက်ကြီးကို ထပ်မံ လှုပ်ခတ်ကာ အတိုင်းအဆမဲ့ပေတံကို ခုခံရန် ကြိုးစားလိုက်သည်။ အတိုင်းအဆမဲ့ပေတံတွင် အဆိပ်ပြယ်စေသော အာနိသင် ရှိသည်။ ထိုပိုးကောင်များထဲတွင်လည်း ပြင်းထန်လှသော အဆိပ်များ ရှိနေသည်၊ သို့မဟုတ်ပါက ကျင့်ကြံသူတစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း အသားစပင်မကျန်အောင် ဝါးမြိုနိုင်မည်မဟုတ်ပေ။ ထိုအဆိပ်မှာ အလွန်တရာ ဆန်းကြယ်လှပြီး လူ့လောကရှိ အရာတစ်ခုနှင့် လုံးဝ မတူချေ။

​ဤပိုးကောင်များမှာလည်း လူ့လောကရှိ သာမန်ပိုးကောင်များနှင့် မတူချေ။ လောကကြီးတွင် ဤမျှ ကြောက်စရာကောင်းသော ပိုးကောင်မျိုး ရှိသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။ သို့သော် ယခုအခါ ဤပိုးကောင်များမှာ အတိုင်းအဆမဲ့ပေတံ၏ ဖိနှိပ်မှုကို ကွက်တိ ခံလိုက်ရတော့သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤထွားကျိုင်းသော ယောက်ျားကြီး၏ ကိုယ်ပေါ်တွင် ဤမျှ အစွမ်းထက်သော ရတနာ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

​သူသည် မိမိ၏ စွမ်းအားများကို သုံးကာ ပိုးကောင်များကို လူစုခွဲလိုက်ပြီး အတိုင်းအဆမဲ့ပေတံကို ရှောင်တိမ်းစေလိုက်သည်။ သို့သော် ထိုထွားကျိုင်းသော ယောက်ျားကြီးက တစ်ပြိုင်နက်တည်းမှာပင် အဆောင် တစ်ရွက်ကို ထုတ်ပစ်လိုက်ပြန်သည်။ ထို အဆောင် ပေါ်တွင် ဆန်းကြယ်လှသော အရှိန်အဝါများ စီးဆင်းနေပြီး နတ်ဘုရားအလင်းတန်းများ တဖျပ်ဖျပ် တောက်ပြောင်နေသည်။

​ချက်ချင်းပင်... အဆောင် မှာ နက်မှောင်သော နတ်ဘုရားပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖီးနစ်ငှက် ကို စီးနင်းလျက် ရှိနေသည်။ ဝတ်ရုံတော်များ လွင့်ပျံနေပြီး လက်တစ်ဖက်က စစ်ကျမ်းစာကို ကိုင်ဆောင်ကာ အခြားလက်တစ်ဖက်က ဂါထာများ ရွတ်ဖတ်နေသည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းတန်းပေါင်း သောင်းချီကာ တောက်ပြောင်နေပြီး နတ်ဘုရားအငွေ့အသက်များ ဖုံးလွှမ်းလျက် ရှိသည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် တုံ့ပြန်ရန် အချိန်မရခင်မှာပင် ထိုနတ်ဘုရားအလင်းတန်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ထိုအမည်းရောင် ပိုးကောင်တိမ်တိုက်ကြီးမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

​၎င်းမှာ မိုးကောင်းကင် မိစ္ဆာနှိမ်နင်းရေး အဆောင် ပင် ဖြစ်သည်။

​ဤပထမအဆင့် အစွမ်းထက် အဆောင် မှာ ထိုပိုးကောင်များကို နှိမ်နင်းရန်အတွက် ကွက်တိပင် ဖြစ်သည်။ လူသားများကို ကာကွယ် စောင့်ရှောက်ပြီး မိစ္ဆာနတ်ဆိုးများကို အမြစ်ပြတ် ချေမှုန်းပေးနိုင်သည့် စွမ်းအား ဖြစ်သည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် အကြီးအကျယ် ဒေါသထွက်သွားတော့သည်။ ပိုးကောင်များ ဖျက်ဆီးခံလိုက်ရခြင်းမှာ သူ၏ စွမ်းအားများအတွက် ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်သည်။

​သို့သော် ချက်ချင်းပင်... သူ၏ စိတ်ထဲတွင် ခုခံ၍မရသော အကုသိုလ်မီးတောက် များ စတင် လောင်ကျွမ်းလာသည်။ သူ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းလာတော့သည်။ ဤ အကုသိုလ်မီးတောက်မှာ အလွန်တရာ ပြင်းထန်လှပြီး နှလုံးသားထဲမှနေ၍ လောင်ကျွမ်းလာသဖြင့် သူသည် လုံးဝ ခုခံနိုင်စွမ်း မရှိချေ။ ယခုအခါ သူ၏ စိတ်ဓာတ်မှာ အားနည်းချက်များ ရှိနေသဖြင့် အကုသိုလ်မီးတောက်၏ လောင်ကျွမ်းမှုကို ခံလိုက်ရပြီး ခန္ဓာကိုယ်၏ တစ်နေရာရာတွင် မထင်မှတ်ဘဲ တုံ့ပြန်မှုများ ဖြစ်ပေါ်လာတော့သည်။

​ဤကဲ့သို့သော အသက်နှင့်ရင်းရသည့် အချိန်မျိုးတွင်၊ ဘေးပတ်ပတ်လည်၌ ကျွမ်းကျင်သူများစွာ ဝိုင်းအုံတိုက်ခိုက်နေချိန်တွင် မထင်မှတ်ဘဲ ဤကဲ့သို့သော (လိင်ပိုင်းဆိုင်ရာ) တုံ့ပြန်မှု ဖြစ်ပေါ်လာသဖြင့် ဝူမျိုးနွယ်ဘိုးဘေးသည် ရှက်လွန်း၍ ဒေါသအလွန်ထွက်သွားတော့သည်။

​အဝတ်စိမ်းဝတ်အမျိုးသားက ဤမြင်ကွင်းကို သတိပြုမိသွားပြီး

"မင်းလို ခွေးအိုကြီးကများ၊ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုစိတ်မျိုး ရှိနေသေးတယ်၊ တကယ်ကို စိတ်မနှံ့တဲ့ ဗီလိန်ပဲ "

ဟု အော်ဟစ်လိုက်သည်။

​ဝူမျိုးနွယ်ဘိုးဘေး : ".........."

​သူသည် ဝမ်းနည်းပူဆွေးမှုများနှင့်အတူ ဒေါသတကြီး ဟိန်းဟောက်လိုက်မိသည်။

​"ဘယ်သူလဲ။ ဘယ်သူကများ ငါ့အပေါ်ကို ဒီလောက်အထိ ယုတ်ညံ့ပြီး အောက်တန်းကျတဲ့ နည်းလမ်းကို သုံးရဲတာလဲ"

​ဤအော်ဟစ်သံမှာ မိုးမြေတစ်ခုလုံးကို တုန်ခါသွားစေသဖြင့် လူတိုင်း သတိမထားမိဘဲ မနေနိုင်ကြချေ။ တောင်ပေါ်သို့ ရောက်မလာသေးဘဲ အဝေးမှ ပြင်းထန်သော အရှိန်အဝါကိုသာ ခံစားနေရသော ကျင့်ကြံသူများစွာမှာလည်း ကြောင်အသွားကြရသည်။

​"ယုတ်ညံ့တဲ့ နည်းလမ်း ဟုတ်လား"

​"ဘယ်လောက်အထိ ယုတ်ညံ့လို့လဲ"

​ကြေးနီဓားကို ကိုင်ဆောင်ထားသော ထွားကျိုင်းသော ယောက်ျားကြီးသည် ရုတ်တရက် သတ်ဖြတ်ရန် တိုးဝင်လာသည်။ အတိုင်းအဆမဲ့ပေတံနှင့် မိုးကောင်းကင် မိစ္ဆာနှိမ်နင်းရေး အဆောင် တို့က ဝူမျိုးနွယ်ဘိုးဘေး၏ ပိုးကောင်များကို ဖျက်ဆီးပစ်လိုက်သဖြင့် လူတိုင်း၏ ဖိအားမှာ ချက်ချင်း လျော့ကျသွားသည်။

​ဝူမျိုးနွယ်ဘိုးဘေးသည် ခဏမျှသာ တောင့်ခံနိုင်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ရိုက်ခွဲခြင်း ခံလိုက်ရသည်။ ဒဏ်ရာရနေသော ဝိညာဉ်ပုံရိပ်တစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်လာတော့သည်။

​ချက်ချင်းပင်... ကျွမ်းကျင်သူများ၏ နတ်ဘုရားမှော်အတတ် ခုနစ်မျိုး၊ ရှစ်မျိုးခန့်မှာ ထိုဝိညာဉ်ကိုသာ သီးသန့် ဦးတည်၍ ရိုက်ချလိုက်ကြပြန်သည်။ ထို ဝိညာဉ်ပုံရိပ်မှာ ဒဏ်ရာများစွာ ရရှိသွားပြီး ချက်ချင်းပင် သွေးချင်းချင်းနီသွားတော့သည်။

​သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးမြေစစ်တုရင်ခုံကို ထိန်းချုပ်ထားသော လူငယ်လေးဆီသို့ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် သူ၏ ဝိညာဉ်ထဲမှ အကုသိုလ်မီးတောက်များမှာ အဆမတန် တောက်လောင်လာပြီး သူ၏ ဝိညာဉ်တစ်ခုလုံးကို ဝါးမြိုပစ်လိုက်တော့သည်။ သူ၏ ဝိညာဉ်ကို လုံးစုံ မဖျက်ဆီးနိုင်သော်လည်း သူ့ကို ကြီးမားလှသော နာကျင်မှုများနှင့်အတူ တားဆီးထားနိုင်ခဲ့သည်။ စိတ်ထဲတွင် အတွေးပေါင်းစုံ ပရမ်းပတာ ပေါ်ထွက်လာတော့သည်။

​သူသည် အလွန် ဒေါသထွက်မိသည်၊ သာမန်အချိန်များတွင် သူသည်သာ အခြားသူများကို ချောင်းမြောင်းခဲ့သူ ဖြစ်သည်။ မထင်မှတ်ဘဲ ယနေ့တွင်မူ အခြားသူ၏ ချောင်းမြောင်းခြင်းကို ဤမျှ ပြင်းထန်စွာ ခံလိုက်ရသည်။ ထို့အပြင် ဤ အကုသိုလ်မီးတောက်ကို မည်သူက ထိန်းချုပ်နေသည်ကိုလည်း သူ လုံးဝ ရှာမတွေ့ချေ။

​ပို၍ ဒေါသထွက်စရာကောင်းသည်မှာ မိမိ၏ ဓားချီများမှာ တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင် အလိုအလျောက် အဆမတန် အားနည်းသွားခြင်း ဖြစ်သည်။ ထူးဆန်းသော စွမ်းအားတစ်ခုက မိမိ၏ ဓားချီကို ဖိနှိပ်ထားသကဲ့သို့ ခံစားရသည်။

​အမည်းရောင်ဝတ်၊ အနီရောင်ခါးပတ်နှင့် အမျိုးသား၏ လက်ထဲမှ မှော်မှန်မှာ လေထဲတွင် ကြီးမားလာတော့သည်။

​နတ်ဘုရားအလင်းတန်းများမှာ ထိုဝိညာဉ်ပုံရိပ်ပေါ်သို့ ဖြာကျသွားသည်။

​ဝိညာဉ်ပုံရိပ်မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး သူ၏ ကိုယ်ပေါ်ရှိ ဖြူဖွေးသော အလင်းတန်းများမှာ ပျောက်ကွယ်သွားတော့သည်။ ယခုအခါမှသာ လူတိုင်း သေချာ မြင်လိုက်ရသည်မှာ ဤသည်မှာ မပြည့်စုံသော ဝိညာဉ်အကြွင်းအကျန် တစ်ခု ဖြစ်နေခြင်းပင်။ ကြီးမားလှသော နှိပ်စက်ညှင်းပန်းမှုများကို ခံထားရသကဲ့သို့ ဒဏ်ရာ ဒဏ်ချက်ပေါင်းစုံ ရှိနေသည်။ အချို့သော ဒဏ်ရာများမှာ အလွန်တရာ ရှေးကျလှသဖြင့် ဤဝိညာဉ်သည် ယခင်က မည်သည့်အရာများနှင့် ရင်ဆိုင်ခဲ့ရသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။

​လူငယ်လေးက မျက်မှောင်ကြုတ်ကာ

"တကယ်တော့... သူ ဖြစ်နေတာကိုး" ဟု ရေရွတ်လိုက်သည်။

​ကျွမ်းကျင်သူများထဲတွင်လည်း ဤဝိညာဉ်၏ နောက်ခံကို သိရှိသူ ရှိနေပုံရသည်။

​တစ်စုံတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ပြောလိုက်တော့သည်။

​" အော်‌မေဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ကြီး ရှန်ထူမင် ပါလား"

​ဤစကား ထွက်ပေါ်လာသည်နှင့် မိုးမြေတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြရတော့သည်။

All Chapters