← Chapters

အခန်း ၉၀၉

Vol. 91 Ch. 909

အခန်း ၉၀၉

Vol. 91 Ch. 909

အခန်း (၉၀၉) မင်း ရှိသေးရဲ့လား ၊ အစိမ်းရောင် မြွေနဂါးကြီး ၊ ဆန်းကြယ်သော ကျင့်ကြံခြင်းပင်လယ်

​ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကြောင့် ဝိညာဉ်နတ်ဘုရား ကိုယ်ပွား၏ စိတ်အာရုံကြောများပင် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ပြိုလဲလုနီးပါး ဖြစ်လာရသည်။

​ဤငယ်ရွယ်သော တာအိုဆရာသည် အစအဆုံး မည်သည့် ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးမျိုးမှ ထုတ်မပြခဲ့သော်လည်း... လက်ရဲဇာတ်ရဲ တိုက်ခိုက်ရမည့် အချိန်တွင်မူ တစ်ချက်ကလေးမျှ ညှာတာထောက်ထားခြင်း မရှိခဲ့ချေ။ ဤမျှအထိ တွေးတောမိလိုက်သည့်အခါ ချောမောလှပသော လူငယ်သည် လူ့လောကကြီးမှ ချက်ချင်း စွန့်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။

​ယခုအကြိမ် လူ့လောကသို့ ဆင်းသက်ခွင့် ရရှိခြင်းမှာ အလွန်တရာ ခဲယဉ်းလှပြီး မိမိကိုယ်တိုင်သည်လည်း မသေနိုင်မပျက်စီးနိုင်သော တည်ရှိမှုမျိုး ဖြစ်သော်လည်း... ဤငယ်ရွယ်သော တာအိုဆရာ ပေးစွမ်းသည့် ဖိအားကတော့ တကယ်ကို ကြီးမားလွန်းလှသည်။ ဒီနေ့တော့ အန္တရာယ် မစွန့်စားတာ ပိုကောင်းလိမ့်မည်။

​သူသည် ထိုငယ်ရွယ်သော တာအိုဆရာကို နက်နက်နဲနဲ တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို လှုပ်ရှားကာ ထိုလျှို့ဝှက်ဆန်းကြယ်လှသော နယ်မြေဆီသို့ ပြန်လည် ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော်လည်း တန်ခိုးစွမ်းပကား အမျိုးမျိုးကို ဆက်တိုက် ထုတ်ဖော်လိုက်သည့်တိုင်အောင် ဤကမ္ဘာမြေ ဟင်းလင်းပြင်ကြီးတစ်ခုလုံးသည် လုံးဝ ချိပ်ပိတ် အပယ်ခံထားရပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

​ချောမောသော လူငယ် : "…………"

​သူက ရုတ်တရက် မော့ကြည့်လိုက်ရာ ကောင်းကင်ယံထက်တွင် အလွန်တောက်ပလှသော ရွှေရောင် တာအိုအလင်းတန်း မန္တန်သင်္ကေတများ ဒွန်တွဲပါရှိနေပြီး... ဆန်းကြယ်လှသော မဟာတရားလမ်းစဉ် အရှိန်အဝါများဖြင့် ဤနေရာတစ်ခုလုံးကို ထာဝရ ချိပ်ပိတ်ထားသည်ကို မြင်လိုက်ရသည်။

"ဒီလူက ဘာလို့ နတ်ဘုရားလမ်းစဉ်ရဲ့ ချိပ်ပိတ်အတတ်ကို တတ်မြောက်နေရတာလဲ"

​မျက်စိတစ်မှိတ်အတွင်းမှာပင် ချောမောသော လူငယ်သည် တကယ်ကို ထိတ်လန့်တုန်လှုပ်သွားရချေပြီ။

​လီယန်ချူသည် အစောပိုင်းကတည်းက မြေကမ္ဘာ ထာဝရချိပ်ပိတ်ခြင်း လျှို့ဝှက်အတတ်ကို သုံးစွဲကာ ဤနေရာကို ချုပ်နှောင်ထားခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ သူသည် အလွန်တရာ အစွမ်းထက်လှသော ရတနာတစ်ပါး ဖြစ်သည့် ကြည်လင်သော ဖန်ပုလင်း ကို ထုတ်ဖော်လိုက်သည်။

​လီယန်ချူက ထိုရတနာပုလင်းကို ထုတ်ဖော်လိုက်သည်နှင့် ချက်ချင်းပင် မည်သူမျှ မတွန်းလှန်နိုင်သော စုပ်ယူအားလှိုင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုချောမောသော လူငယ်၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ဆွဲငင်တော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လီယန်ချူ ယခင်က ကြုံတွေ့ခဲ့ဖူးသော ဝိညာဉ်နတ်ဘုရား ကိုယ်ပွားနှစ်ဦးထက် များစွာ ပိုမိုထက်မြက်သော်လည်း... အခက်မသင့်စွာပင် သူ၏ စွမ်းအားများသည် အစောပိုင်းက လီယန်ချူ၏ အဆက်မပြတ် ရိုက်နှက်ခြေမှုန်းခြင်းကို ခံထားရသဖြင့် အလွန်အမင်း ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကြည်လင်သော ဖန်ပုလင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပြီး မည်သည့် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

​မုရုံချွမ်းရွှေ : "…………"

​ဒါက ဝိညာဉ်နတ်ဘုရားလေ... စုန်းအတတ် အားလုံးရဲ့ မြစ်ဖျားခံရာ သခင်ကြီးပါ...။ မည်သို့ကြောင့် သာမန်လူသားတစ်ဦး၏ လက်ထဲတွင် ဤမျှလောက် လွယ်ကူစွာ ဖမ်းဆီးခြင်း ခံလိုက်ရရသနည်း။

​သူမ၏ မျက်ဝန်းအစုံအတွင်း၌ ယခုအချိန်တွင် ကြောက်ရွံ့မှင်တက်ခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ မြောက်ဘက်နယ်စပ် ရွှေရောင်တဲနန်းတွင်းမှ ရောက်ရှိလာကြသော ထိပ်သီးပညာရှင်များအဖို့မူ လီယန်ချူသည် ၎င်းတို့၏ မျက်စိရှေ့မှောက်တွင် နတ်ဘုရားတစ်ပါး၊ မိစ္ဆာတစ်ကောင်ပမာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေချေပြီ။

​ကြည်လင်သော ဖန်ပုလင်းအတွင်း၌...

ချောမောသော လူငယ်သည် မည်သည့် တုံ့ပြန်မှုမျှ မလုပ်နိုင်ဘဲ ပုလင်းထဲသို့ ရောက်ရှိသွားခဲ့သည်။ ပုလင်းအတွင်း၌ ထူးခြားဆန်းကြယ်သော ချိပ်ပိတ်စည်းမျဉ်းများ ရှိနေသဖြင့် မည်သည့် တန်ခိုးစွမ်းပကားမျှ ထုတ်သုံး၍ မရချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤပုလင်းသည် သူ၏ ကိုယ်ပေါ်ရှိ စွမ်းအားများကို အဆက်မပြတ် ဝါးမြိုဖျက်ဆီးနေသည်။

"ဒီငယ်ရွယ်တဲ့ တာအိုဆရာနဲ့ တွေ့ကတည်းက ငါ လူ့လောကကြီးကနေ ချက်ချင်း ထွက်ပြေးခဲ့သင့်တာ"

ချောမောသော လူငယ်၏ ရင်ထဲတွင် အလွန်တရာ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသည်။

​ရုတ်တရက်...

သူသည် မိမိနှင့် အလွန် ရင်းနှီးကျွမ်းဝင်လှသော အသက်ရှူစွမ်းအင်နှစ်ခုကို အာရုံခံမိလိုက်သဖြင့် တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်။ အားအင်ကင်းမဲ့နေသော အနက်ရောင် ဝိညာဉ်ရိပ်နှစ်ခု ပျံသန်းလာပြီး ဝမ်းသာအားရဖြင့် ငိုကြွေးကာ ပြောကြသည်။

"အစ်ကိုကြီး... အစ်ကိုကြီးပါလား။ ကျွန်တော်တို့ကို ကယ်ဖို့အတွက်နဲ့ မမျှော်လင့်ဘဲ အသက်စွန့်ပြီး ဒီပုလင်းထဲအထိ ဆင်းလာခဲ့တာလား"

​ဤချောမောသော လူငယ်သည် တန်ခိုးစွမ်းအား အလွန်ထက်မြက်ပြီး ဝိညာဉ်နတ်ဘုရား ကိုယ်ပွားများထဲတွင် အသန်မာဆုံး ဖြစ်ကာ ဆက်ခံထားသော လျှို့ဝှက်အတတ်များလည်း အများဆုံး ဖြစ်သည်။

​ချောမောသော လူငယ် : "………………"

​ထိုအချိန်တွင် သူသည် ယခင်က မိမိကိုယ်ကိုယ် မသေနိုင်မပျက်စီးနိုင်ဟု ကြွေးကြော်ခဲ့စဉ်က ထိုငယ်ရွယ်သော တာအိုဆရာ ပြုံးခဲ့သည့် အပြုံးကို ပြန်လည် အမှတ်ရသွားပြီး... တွေးမိလေလေ ပိုမို ကြောက်လန့်လာလေလေ ဖြစ်ရသည်။

​"အစ်ကိုကြီး... ဘာလို့ စကားမပြောတော့တာလဲ။ သွားကြစို့။ ညီလေးတို့တော့ ဒီနေရာမှာ ဆက်ပြီး မနေချင်တော့ဘူး"

"အစ်ကိုကြီး..."

"အစ်ကိုကြီး...မင်း ငါတို့ ပြောတာ ကြားရဲ့လား"

"အစ်ကိုကြီး... မင်း ရှိသေးရဲ့လား"

​အပြင်ဘက် ကမ္ဘာတွင်မူ...

လီယန်ချူသည် ကြည်လင်သော ဖန်ပုလင်းကို သုံး၍ ထိုဝိညာဉ်နတ်ဘုရား ကိုယ်ပွားကို စုပ်ယူလိုက်ပြီးနောက်... အကြည့်ကို လှည့်ပြောင်းကာ မြောက်ဘက်နယ်စပ် ရွှေရောင်တဲနန်းတွင်းမှ ရောက်ရှိလာကြသော ကျင့်ကြံခြင်း ထိပ်သီးပညာရှင်များထက်သို့ ဝေ့ကြည့်လိုက်သည်။

​"ထွက်ပြေးကြ..."

မြောက်ဘက်နယ်စပ်မှ ပညာရှင်တစ်ဦးက အော်ဟစ်လိုက်သည်။

​မုရုံချွမ်းရွှေ၏ ဘေးတွင် အမြဲရှိနေခဲ့သဖြင့် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ရောက်ရှိလာသော ထိုချောမောလှပသည့် လူငယ်သည် မည်သည့် တည်ရှိမှုမျိုး ဖြစ်ကြောင်း ၎င်းတို့ ကောင်းကောင်း သိရှိကြသည်။ ဤသာမန်လူသားသည် မသေနိုင်မပျက်စီးနိုင်သော ရှေးဟောင်းနတ်ဘုရားကိုပင် အကြိမ်ကြိမ် ရိုက်ခွဲနိုင်ရုံမက နောက်ဆုံးတွင် ရတနာပုလင်းဖြင့် ဖမ်းဆီးသွားခဲ့ချေပြီ။ ဒါက ၎င်းတို့ ယှဉ်ပြိုင်နိုင်သော အဆင့်အတန်းမျိုး လုံးဝ မဟုတ်တော့ချေ။

​ထိုနေရာတွင် ရှိနေကြသော နန်းတွင်းပညာရှင်များသည် နေရာအနှံ့သို့ ဦးတည်ချက်မရှိ ထွက်ပြေးကြတော့သည်။ ယခုအချိန်တွင် ဆွဲဆောင်မှုရှိသော နိုင်ငံတော်အတိုင်ပင်ခံ မုရုံချွမ်းရွှေကို ကာကွယ်စောင့်ရှောက်ရန်ထက်... မိမိတို့၏ အသက်ရှင်သန်ရေးကသာ ပိုမိုအရေးကြီးလှပေသည်။

​အကယ်၍ ၎င်းတို့သာ လမ်းခွဲ၍ ထွက်ပြေးကြပါက အချို့လူများ လွတ်မြောက်သွားနိုင်ချေ ရှိသော်လည်း... လီယန်ချူက လက်ညှိုးကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

'ကိုယ်ချုပ်နှောင်ခြင်းအတတ်'

​မြောက်ဘက်နယ်စပ်မှ ပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ခန္ဓာကိုယ်များ တောင့်တင်းသွားကာ မည်သို့မျှ လှုပ်ရှား၍ မရတော့ချေ။ ဤလူများသည် ခန္ဓာကိုယ် ထွားကျိုင်းသန်မာကြပြီး မြက်ခင်းပြင်ကြီး၏ ကိုယ်ခန္ဓာ သန်မာရေး လျှို့ဝှက်အတတ်များကို ဆက်ခံထားသဖြင့် သွေးချီစွမ်းအင်များမှာ သက်တံပမာ ထက်သန်လှသော်လည်း... လီယန်ချူ၏ ရှေ့မှောက်တွင်မူ မည်သည့် ပြန်လည်ခုခံပိုင်ခွင့်မျှ မရှိကြချေ။

​အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသော လျှို့ဝှက်ဆန်းကြယ်သည့် စုန်းပညာရှင် မုရုံချွမ်းရွှေသည် ယခုအခါတွင်မူ ဆန့်ကျင်ဘက်အနေဖြင့် ပိုမိုတည်ငြိမ်သွားခဲ့သည်။ ဤငယ်ရွယ်သော တာအိုဆရာ၏ တန်ခိုးစွမ်းပကားမှာ ကောင်းကင်နှင့်မြေကမ္ဘာကို လွှမ်းမိုးထားပြီး သတ်ဖြတ်လိုစိတ်လည်း အလွန်ပြင်းထန်လှရာ... လူ့လောကသို့ ဆင်းသက်လာသော ဝိညာဉ်နတ်ဘုရားကိုပင် သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သဖြင့် သူ၏ ရှေ့မှောက်တွင် ထွက်ပြေးရန် မဖြစ်နိုင်ချေ။

ထို့ပြင် မိမိ၏ လက်အောက်ငယ်သားများ လွတ်မြောက်သွားနိုင်လျှင်ပင် သူမကတော့ ဤငယ်ရွယ်သော တာအိုဆရာ၏ လက်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသည်။ ဤထွားကျိုင်းလှသော ယောက်ျားကြီးများနှင့် နှိုင်းယှဉ်လျှင် သူမကတော့ ပိုမို တည်ငြိမ်ရင့်ကျက်စွာဖြင့်...

"ကျွန်မ မုရုံချွမ်းရွှေက တာအိုဆရာကြီးကို ဂါရဝပြုပါတယ်"

​လီယန်ချူ၏ မျက်ဝန်းအစုံအတွင်း၌ တာအိုအလင်းတန်းများ လျှပ်စီးပမာ လက်သွားကာ အရပ်ရှည်ပြီး မွှန်းမံလှပလှသော ဤအမျိုးသမီးကို စူးစိုက်ကြည့်လိုက်သည်။ သူမတစ်ဦးတည်း မဟုတ်ဘဲ မြောက်ဘက်နယ်စပ်မှ အခြားသော ပညာရှင်များကိုပါ... ဝိညာဥ်မျက်စိအတတ် ၊ အရှိန်အဝါကြည့်အတတ် များအားလုံးကို ထပ်မံဖြည့်စွက်၍ ကြည့်ရှုလိုက်ခြင်း ဖြစ်သည်။

​လီယန်ချူက မသိမသာ မျက်ခုံးပင့်လိုက်မိသည်။ ဤခန္ဓာကိုယ် ထွားကျိုင်းပြီး သွေးချီထက်သန်လှသော မြက်ခင်းပြင်မှ ပညာရှင်များ၏ ကိုယ်ပေါ်ရှိ နာကျည်းမှု အာဃာတ စွမ်းအင်များ အားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် ဤလှပသော အမျိုးသမီးတစ်ဦးတည်းကို မယှဉ်နိုင်ချေ။ ထို့ပြင် ဤအမျိုးသမီး၏ ကိုယ်ပေါ်ရှိ အသက်ရှူစွမ်းအင်မှာ လီယန်ချူ ယခင်က ကောင်းပုရွာတွင် ကြုံတွေ့ခဲ့ဖူးသော မိန်းကလေး ဖုန်းဖေး နှင့် အတော်လေး ဆင်တူလှသည်။

​"နင်ကလည်း ဝိညာဉ်နတ်ဘုရားရဲ့ သွေးမျိုးဆက်လား"

လီယန်ချူက မေးလိုက်သည်။

​"မှန်ပါတယ်" မုရုံချွမ်းရွှေက တိုးညှင်းစွာ ပြောသည်။

"ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်း ဝိညာဉ်နတ်ဘုရားရဲ့ သွေးမျိုးဆက် ရှိနေတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီလောက်အထိတော့ မထက်သန်ပါဘူး"

​မုရုံချွမ်းရွှေက ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမ၏ လေသံမှာ နူးညံ့ပျော့ပျောင်းပြီး လွတ်လပ်ဆန်းကြယ်လှရာ စိမ့်စမ်းရေတံခွန်လေးတစ်ခု စီးဆင်းနေသကဲ့သို့ နားဝင်ချိုလှသည်။ လီယန်ချူက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

​မြောက်ဘက်နယ်စပ်တွင် ငယ်ရွယ်သော ပါရမီရှင်များနှင့် မင်းညီမင်းသား အပေါင်းတို့၏ ဝိုင်းဝိုင်းလည်အောင် ပူဇော်ဆည်းကပ်ခြင်းကို ခံရသော ချောမောလှပသည့် နိုင်ငံတော်အတိုင်ပင်ခံသည် မိမိ၏ ရုပ်ရည်နှင့် တန်ခိုးစွမ်းပကားအပေါ်တွင် အမြဲတမ်း ယုံကြည်မှု ရှိခဲ့သူ ဖြစ်သည်။

"တာအိုဆရာက လူသားတွေထဲက နဂါးတစ်ကောင်၊ ဖီးနစ်တစ်ကောင် ဖြစ်တာမို့ ကျွန်မအနေနဲ့ ဆရာ့ရဲ့ ဘေးနားမှာ အမြဲတမ်း ခစားလိုပါတယ်"

​မုရုံချွမ်းရွှေသည် ဤငယ်ရွယ်သော တာအိုဆရာအပေါ်တွင် ကြောက်ရွံ့ရိုသေစိတ်များ ရှိနေသည်။ သို့သော် ဤကဲ့သို့သော မဟာပြိုင်ပွဲ ခေတ်ကြီးအတွင်း၌ ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ ဘေးတွင် ခစားခွင့်ရခြင်းမှာလည်း တကယ်ကို ကောင်းမွန်လှသော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။

​လီယန်ချူက လက်ချောင်းကို အသာအယာ တောက်လိုက်ရာ ထိုမြက်ခင်းပြင်မှ ပညာရှင်များအားလုံးသည် ချက်ချင်းပင် နဖူးချင်း ဖောက်ထွက်ကာ နေရာမှာတင် သေဆုံးသွားကြတော့သည်။

​စကားပြောဆိုနေရင်းပင် လူအမြောက်အမြားကို သွေးအေးအေးဖြင့် သတ်ဖြတ်လိုက်သဖြင့် မုရုံချွမ်းရွှေ၏ ရင်ထဲတွင် ထိတ်လန့်သွားရသည်။

"နင်က ဒီအတိုင်း စကားအလှလေး ပြောရုံနဲ့တင် ငါက နင့်ကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား"

လီယန်ချူက ပြောလိုက်သည်။

​မုရုံချွမ်းရွှေမှာ မှင်တက်သွားရပြီးနောက် လေသံကို ချက်ချင်းပင် ညို့ဓာတ်ပြင်းလှသော အသံအဖြစ် ပြောင်းလဲလိုက်ကာ...

"ကျွန်မက စုန်းအတတ် အမျိုးမျိုးကို ကျွမ်းကျင်ပြီး တတိယအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်တာမို့... တာအိုဆရာ့အတွက် အသုံးဝင်မယ့် ကိစ္စတွေ အများကြီး လုပ်ပေးနိုင်ပါတယ်"

​လီယန်ချူက မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး...

ချက်ချင်းပင် လက်ဝါးတစ်ချက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

​မုရုံချွမ်းရွှေသည် ဤငယ်ရွယ်သော တာအိုဆရာက စကားပြောဆိုနေရင်းနှင့်ပင် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

​ဘုန်း

​မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် လီယန်ချူ၏ ပြင်းထန်လှသော လက်ဝါးစွမ်းအားလှိုင်းများကြောင့် လွင့်စင်ထွက်သွားရပြီး... ကိုယ်ပေါ်ရှိ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ကာကွယ်ပေးနိုင်သော ရတနာပစ္စည်းများ အားလုံး ချက်ချင်း ပေါက်ကွဲပျက်စီးသွားရရှာသည်။ စုန်းပညာရှင်များ၏ ရတနာပစ္စည်းများသည် ကြောင်လက်သည်း၊ ကြောင်ဦးခေါင်း၊ ဝံပုလွေစွယ် စသည်တို့ဖြင့် ပြုလုပ်ထားပြီး ၎င်းတို့အတွင်း၌ ထူးခြားဆန်းကြယ်သော ဝိညာဉ်စွမ်းအားများ ပါရှိကြသော်လည်း... ယခုအခါတွင်မူ လီယန်ချူ၏ လက်ဝါးအောက်၌ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ရချေပြီ။

​သူမ သတိပြန်မဝင်နိုင်သေးခင်မှာပင် လီယန်ချူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး နောက်ထပ် လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးချလိုက်ပြန်သည်။ ထူထပ်လှသော သွေးချီစွမ်းအင်များမှာ သမုဒ္ဒရာ ပင်လယ်ကြီးတစ်ခုပမာ ပေါက်ကွဲထွက်လာသည်။

​မုရုံချွမ်းရွှေသည် မိမိ၏ ကိုယ်ပေါ်ရှိ နတ်ဘုရား အရှိန်အဝါ ပါဝင်သော သစ်သားပြားတစ်ခုကို အလျင်အမြန် ထုတ်ဖော်လိုက်ကာ...

"တာအိုဆရာကမှ ကျွန်မကို လက်မခံနိုင်ရင်တော့... ကျွန်မ စော်ကားမိတာကို ခွင့်လွှတ်ပါ"

​ပြောပြီးသည်နှင့် တိမ်ပင်လယ်ကြီး၏ အထက်မှနေ၍ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ကျင့်ရွှမ်သီလရှင်နှင့် ရှဲ့ဝမ်ရင်တို့ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရာ တိမ်ပင်လယ်၏ အထက်တွင် အလွန်တရာ ကြီးမားလှသော နတ်ဘုရား ပုံရိပ်ကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ တောက်ပလှသော နတ်ဘုရား အလင်းတန်းများ ဆင်းသက်လာပြီး မုရုံချွမ်းရွှေ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားရာ... မည်သည့် တန်ခိုးစွမ်းပကားမျှ မဖောက်ထွက်နိုင်သော နတ်ဘုရား အကာအကွယ်ပမာ ဖြစ်နေသည်။

​သို့သော် လီယန်ချူ၏ ဤလက်သီးတစ်ချက်ကတော့ ထိုနတ်ဘုရား အလင်းတန်းကြီးကို ပြင်းထန်စွာ တုန်ခါသွားစေကာ ပေါက်ကွဲပျက်စီးလုနီးပါး ဖြစ်သွားစေတော့သည်။

​"သတ္တိရှိလှချေတကား"

​မိုးကောင်းကင်ယံထက်မှနေ၍ ကောင်းကင်နတ်တစ်ပါး အမျက်ဒေါသ ထွက်လာသကဲ့သို့... ကျင့်ကြံခြင်း စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသော လက်ဝါးကြီးတစ်ခု ကောင်းကင်ထက်မှ ဝုန်းခနဲ ဆင်းသက်လာသည်။

​"နောက်ထပ် တစ်ယောက်လား"

ယန်ချူက မျက်ခုံးပင့်လိုက်သည်။

​သူ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားအိမ်အတွင်းမှ ဖြူဖွေးသော အလင်းတန်းတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီး ကြည်လင်လှသော နဂါးဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုဖြူဖွေးသော အလင်းတန်းမှာ အလွန်တရာ ထက်မြက်လှပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသော ထိုကျင့်ကြံခြင်း လက်ဝါးကြီးကို အစိမ်းလိုက် ကြိတ်ခြေဖျက်ဆီးပစ်လိုက်ရုံမက ကောင်းကင် တိမ်ပင်လယ်ကြီး၏ အထက်ဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားကာ... ကောင်းကင်ယံရှိ တိမ်တိုက်များအားလုံးကို ကြိတ်ခြေပစ်လိုက်လေပြီ။

​ကောင်းကင်ယံကြီးသည် ချက်ချင်းပင် ကြည်လင်သွားကာ မိုင်ပေါင်းများစွာအထိ တိမ်တစ်လိပ်မျှ မရှိတော့ချေ။ ထိုကြီးမားလှသော နတ်ဘုရား ပုံရိပ်ကြီးသည်လည်း ဟင်းလင်းပြင်အတွင်း၌ ချက်ချင်း ကွယ်ပျောက်သွားရရှာသည်။ ဤဓားမြတ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် အခြားသော ကမ္ဘာမြေဆီသို့ အတင်းအဓမ္မ မောင်းထုတ်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

​မုရုံချွမ်းရွှေ : "………………"

​ယခုအကြိမ်တွင်မူ သူမသည် တကယ်ကို ထိတ်လန့်တုန်လှုပ်သွားရချေပြီ။ ယခင်က သူမသည် အိပ်မက်အတွင်း၌ ကောင်းကင်နတ်များနှင့် ခဏခဏ တွေ့ဆုံဖူးပြီး လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်စဉ်ကလည်း ထိုနတ်ဘုရား အရှိန်အဝါ ပါဝင်သော သစ်သားပြားကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဘေးအန္တရာယ် ကြုံတွေ့ရသည့် အချိန်တွင် ထိုကောင်းကင်နတ်ကို ဆင့်ခေါ်ကာ တိုက်ခိုက်ခိုင်းနိုင်သော်လည်း... မမျှော်လင့်ဘဲ ထိုကောင်းကင်နတ်သည်ပင် ဤငယ်ရွယ်သော တာအိုဆရာ၏ ဓားတစ်ချက်ဖြင့် အစိမ်းလိုက် ကြိတ်ခြေခြင်း ခံလိုက်ရချေပြီ။

​မုရုံချွမ်းရွှေ၏ အမြဲတမ်း တည်ငြိမ်အေးဆေးလှသော အရှိန်အဝါမှာ ချက်ချင်းပင် ပြိုလဲပျက်စီးသွားရသည်။ ယခင်က ဝိညာဉ်နတ်ဘုရား အသတ်ခံရစဉ်ကပင် သူမသည် မနည်း တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ လုံးဝ ထိတ်လန့်သွားရချေပြီ။ ဤငယ်ရွယ်သော တာအိုဆရာ၏ မျက်နှာမှာ အလွန်တရာ အေးစက်နေသဖြင့် မုရုံချွမ်းရွှေ၏ ရင်ထဲတွင်

'ဒီတာအိုဆရာက မျက်စိကန်းနေတာလား။ ငါ့လိုမျိုး ချောမောလှပပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့ မိန်းမလှလေးတစ်ယောက်ကို ဘေးနားမှာ ခစားခွင့်တောင် မပေးချင်ဘူးလား' ဟု တွေးတောမိလိုက်သည်။

​ဤအတွေးသည် မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားပြီးနောက် သူမသည် ကိုယ်ပေါ်ရှိ မြွေစွယ်တစ်ခုကို အလျင်အမြန် ထုတ်ဖော်လိုက်ပြန်သည်။ ဤမြွေစွယ်မှာ လက်ဝါးခန့် ကြီးမားပြီး အထက်တွင် ဆန်းကြယ်လှသော မန္တန်သင်္ကေတများ ထင်ဟပ်နေသည်။ မုရုံချွမ်းရွှေ၏ နောက်ကျောဘက်တွင် ပေရာချီ ကြီးမားလှသော အစိမ်းရောင် မြွေနဂါးကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ၎င်းပေးစွမ်းသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ... စောစောက ကောင်းကင်ထက်မှ နတ်ဘုရားထက်ပင် လျော့နည်းခြင်း မရှိချေ။

​ကျင့်ရွှမ်သီလရှင်၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားကာ...

"ဒီမိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ဝှက်ဖဲတွေကလည်း ဒီလောက်တောင် များနေရတာလား"

​ဤမြွေနဂါးကြီးသည် စစ်မှန်သော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်ပေသည်။

​ရှူး

​လီယန်ချူက လက်ကို ဝှေ့ယမ်းလိုက်ပြီး 'ရှစ်ခွင်မှန်' ကို ထုတ်ဖော်လိုက်ရာ... ကမ္ဘာမြေနှင့် ဟင်းလင်းပြင် ကောင်းကင်ဝိညာဉ်များ ပါရှိသော ဤရှေးဟောင်းမှန်ကြီးသည် လေထဲတွင် ကြီးမားလာပြီး အလင်းတန်းများက မိုင်ပေါင်းများစွာအထိ လွှမ်းခြုံသွားတော့သည်။ ထိုအစိမ်းရောင် မြွေနဂါးကြီး၏ ခန္ဓာကိုယ် ပုံရိပ်မှာ ချက်ချင်းပင် အနည်းငယ် မှေးမှိန်သွားရသည်။

​လီယန်ချူက စိတ်ထဲမှ ညွှန်ကြားလိုက်ကာ 'စိတ်ဓား' ဖြင့် ထိုးစိုက်လိုက်သည်။ စိတ်ဓားသည် မူလဝိညာဉ်ကိုသာ သတ်ဖြတ်ခြင်း ဖြစ်ပြီး ဤအစိမ်းရောင် မြွေနဂါးကြီးမှာ အရှိန်အဝါ ပုံရိပ်တစ်ခုမျှသာ ဖြစ်သဖြင့်... ဓားတစ်ချက် အထိုးခံရပြီးနောက် ပိုမို၍ မှုန်ဝါးသွားရပြန်သည်။ ကျန်ရှိနေသော သိစိတ်အာရုံ စွမ်းအင်ကြိုးမျှင်လေးတစ်ခုတည်းဖြင့် ဤမျှလောက် အစွမ်းထက်သော ပုံရိပ်ကို ဖွဲ့စည်းနိုင်ခြင်းမှာ... မိစ္ဆာနတ်ဘုရားများသာ လုပ်ဆောင်နိုင်သည့် ကိစ္စ ဖြစ်ပေသည်။

​ရှူး

​အစိမ်းရောင် မြွေနဂါးကြီးသည် ပါးစပ်မှ ယင်ယန်ဓာတ်နှစ်ပါး စွမ်းအင်များကို ထုံ့ထုတ်လိုက်ရာ ချက်ချင်းပင် ဘေးပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားပြီး တိုက်ခိုက်မှု စွမ်းအားမှာ အလွန်တရာ ပြင်းထန်လှသည်။

​လီယန်ချူက ရင်ခွင်အတွင်းမှ ယင်ယန်ဓာတ်နှစ်ပါးပုလင်းကို ထုတ်ဖော်လိုက်ရာ ပုလင်းအတွင်းမှ ရှေးဦး ယင်ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး... ၎င်းတို့နှစ်ခု ထိပ်တိုက်တွေ့ဆုံမည့် အချိန်တွင်မူ မြွေနဂါးကြီး၏ ယင်ယန်စွမ်းအင်များကို ပုလင်းအတွင်းသို့ အစိမ်းလိုက် စုပ်ယူကာ ပိတ်လှောင်ထားလိုက်လေပြီ။ သူသည် မမျှော်လင့်ဘဲ ဤမြွေနဂါးကြီး၏ စွမ်းအားများကို အသုံးချကာ မိမိ၏ ရတနာပုလင်းကို ပိုမိုအစွမ်းထက်အောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

​သို့သော် ဤမြွေနဂါးကြီး၏ စွမ်းအားမှာ မျှော်လင့်ထားသည်ထက် ပိုမို အစွမ်းထက်လှသဖြင့်... ယင်ယန်စွမ်းအင်များ အလုခံလိုက်ရသော်လည်း လောလောဆယ်တွင် လီယန်ချူ၏ တန်ခိုးစွမ်းပကားများကို တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။

​လူအားလုံးက လီယန်ချူသည် ဤမြွေနဂါးကြီးကို အနိုင်ယူနိုင်မည် မဟုတ်ဟု ထင်မှတ်နေကြစဉ်မှာပင်... လီယန်ချူသည် ကျန့်‌ေကျာင်းဓား ကို ထုတ်ဖော်လိုက်ရာ ၎င်းသည် ဖြူဖွေးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြွေနဂါးကြီးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကာ လက်သီးတစ်ချက် အပြင်းအထန် ထိုးချလိုက်သည်။

ကျန့်ကေျာင်းဓား ၏ ထက်မြက်မှုမှာ မည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်ချေ။

​အစိမ်းရောင် မြွေနဂါးကြီးသည် ဤတိုက်ခိုက်မှုကို တောင့်ခံထားနိုင်သော်လည်း ခန္ဓာကိုယ်မှာ ပိုမို၍ မှုန်ဝါးသွားရပြန်သည်။ ယနေ့တွင် ပြင်းထန်လှသော ဒဏ်ရာများကို ဆက်တိုက် ရရှိထားသဖြင့် ဤမိစ္ဆာနတ်ဘုရား၏ ကျန်ရှိနေသော သိစိတ်မှာလည်း ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ လီယန်ချူက အနီးကပ် ချဉ်းကပ်သွားပြီး လက်သီးတစ်ချက်ဖြင့် ထပ်မံ ထိုးချလိုက်ရာ... ပေရာချီ ကြီးမားလှသော အစိမ်းရောင် မြွေနဂါးကြီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားပြီး ကမ္ဘာမြေနှင့် ကောင်းကင်ယံအကြားတွင် ပျောက်ကွယ်သွားတော့သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် မုရုံချွမ်းရွှေကြောင့် တတိယအဆင့်ထက် များစွာ သာလွန်လှသော အလွန်အမင်း အစွမ်းထက်သည့် ရှေးဟောင်း တည်ရှိမှုကြီး သုံးခုစလုံး ပေါ်ထွက်လာခဲ့ရချေပြီ။ မုရုံချွမ်းရွှေသည် ထိုအစိမ်းရောင် မြွေနဂါးကြီးပါ ပေါက်ကွဲပျက်စီးသွားသည်ကို မြင်လိုက်ရသည့်အခါ ကြောက်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။

​ရှူး

​ ကျန့်‌ေကျာင်းဓား သည် ဖြူဖွေးသော အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျံသန်းလာပြီး မုရုံချွမ်းရွှေ၏ နောက်ကျောဘက်တွင် တစ်ချက် ဝေ့ယမ်းလိုက်ရာ... သူမ၏ ဦးခေါင်းကို အစိမ်းလိုက် ဖြတ်တောက်ပစ်လိုက်လေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းနှင့်ကိုယ် အိုးစားကွဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ထို့နောက်တွင်မူ ရှစ်ခွင်မှန်၏ အလင်းတန်းက မုရုံချွမ်းရွှေ၏ မူလဝိညာဉ်ကိုပါ ချက်ချင်း ကြိတ်ခြေဖျက်ဆီးပစ်လိုက်သည်။ ဤရတနာနှစ်ခု၏ ပြင်းထန်လှသော သတ်ဖြတ်မှု စွမ်းအားအောက်၌ မုရုံချွမ်းရွှေသည် နေရာမှာတင် သေဆုံးသွားခဲ့ရချေပြီ။

​မြောက်ဘက်နယ်စပ် ရွှေရောင်တဲနန်းတွင်း၌ ကျော်ကြားလှပြီး ရေတွက်၍မရသော ပါရမီရှင်များကို ဝိုင်းဝိုင်းလည်အောင် ဆွဲဆောင်နိုင်ခဲ့သည့် ချောမောလှပလှသော နိုင်ငံတော်အတိုင်ပင်ခံသည်... အလွန်တရာ အစွမ်းထက်သော ရှေးဟောင်း တည်ရှိမှုကြီး နှစ်ခုကို ဆင့်ခေါ်ခဲ့သော်လည်း လီယန်ချူ၏ လက်အောက်၌ တစ်ခုပြီးတစ်ခု အပေါက်ကွဲခံလိုက်ရကာ မိမိကိုယ်တိုင်လည်း ထာဝရ ပျက်စီးသွားခဲ့ရသည်။

​လီယန်ချူက မသိမသာ မျက်ခုံးပင့်လိုက်မိသည်။ မုရုံချွမ်းရွှေ၏ တန်ခိုးစွမ်းအားအပေါ်တွင် သူက မည်သည့် ကြောက်ရွံ့မှုမျိုးမျှ မရှိသော်လည်း... ဤအမျိုးသမီးသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီး သုံးခုစလုံးနှင့် ဆက်တိုက်ဆိုသလို ကုသိုလ်ကံ ဆက်နွှယ်မှုများ ရှိနေခြင်းကိုမူ သူ တကယ်ကို အံ့ဩမိသည်။

"တကယ်ကို ထူးဆန်းတဲ့ မိန်းကလေးပဲ... သုံးကမ္ဘာ့ကျွန်... မဟုတ်ဘူး... သခင်သုံးဦးရဲ့ ကျွန် ပဲ"

​လီယန်ချူသည် ဤလှပသော အမျိုးသမီး၏ ကိုယ်ပေါ်မှ ရှေးဆန်သော ပုံစံရှိသည့် ကြေးနီလက်စွပ်တစ်ကွင်းကို သိမ်းဆည်းလိုက်သည်။ သူ၏ ရေရှည် အလောင်းရှာဖွေရေး အတွေ့အကြုံအရ ဤအရာမှာ သူမ၏ အာကာသ သိုလှောင်မှု ရတနာပစ္စည်း ဖြစ်သည်မှာ သေချာလှသည်။ ၎င်းအပြင် အစောပိုင်းက နတ်ဘုရား အရှိန်အဝါ ပါဝင်သော သစ်သားပြားနှင့် ထိုမြွေစွယ်ကိုပါ လီယန်ချူက အတူတူ သိမ်းဆည်းလိုက်သည်။

ထို့နောက်တွင်မူ ပါးစပ်ကို ဟကာ မီးတောက် ကို ထုတ်လိုက်သည်။

​ဝုန်း

​မီးတောက်သည် အလွန်တရာ ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး မြေပြင်ပေါ်ရှိ အလောင်းများ အားလုံးကို ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲပစ်လိုက်သဖြင့် မည်သည့် သဲလွန်စမျှ မကျန်တော့ချေ။ ဤကဲ့သို့သော လျင်မြန်ဖြတ်လတ်လှသော လုပ်ဆောင်မှုများသည် ကျင့်ရွှမ်သီလရှင်နှင့် ရှဲ့ဝမ်ရင်တို့ကို အကြီးအကျယ် ဆွံ့အမှင်တက်သွားစေတော့သည်။ ဒါက တကယ်ကို လျင်မြန်လွန်းလှသည်။ လူသတ်ပြီး ရတနာလုယူခြင်းကို မျက်စိတစ်မှိတ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်သွားခြင်း ဖြစ်သည်။

​ကမ္ဘာမြေပေါ်မှ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သော ရှေးဟောင်း ဝိညာဉ်နတ်ဘုရား၊ ကောင်းကင် တိမ်ပင်လယ်ထက်တွင် ပြင်းထန်သော တန်ခိုးစွမ်းပကားကို ပြသခဲ့သော ကောင်းကင်နတ်လူ၊ ထို့ပြင် နောက်ဆုံးမှ ထွက်ပေါ်လာသော ပေရာချီ ကြီးမားလှသည့် အစိမ်းရောင် မြွေနဂါးကြီး... အားလုံးသည် ယခုအခါတွင်မူ အစိမ်းလိုက် အပေါက်ကွဲခံလိုက်ရချေပြီ။

​လီယန်ချူ လျှောက်လှမ်းလာသည်ကို ကြည့်ရင်း ကျင့်ရွှမ်သီလရှင်က သတိပေးလိုက်သည်။

"ဒီနေ့ တာအိုဆရာ ချောင်ချောင် သတ်လိုက်တဲ့ အမျိုးသမီးက... မြောက်ဘက်နယ်စပ် ရွှေရောင်တဲနန်းတွင်းရဲ့ နိုင်ငံတော်အတိုင်ပင်ခံ မုရုံချွမ်းရွှေ ဖြစ်ပုံရတယ်"

​လီယန်ချူက မှင်တက်သွားကာ "မုရုံချွမ်းရွှေ..."

အစောပိုင်းက သူသည် ဤအမျိုးသမီး၏ အမည်ကို မမေးမြန်းခဲ့ချေ။ သို့သော် ဤအမျိုးသမီးက နိုင်ငံတော်အတိုင်ပင်ခံတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။

​ကျင့်ရွှမ်သီလရှင်က ခပ်ဖွဖွ ခေါင်းညိတ်ပြကာ

"ဟုတ်ပါတယ်" ထို့နောက်တွင်မူ ကျင့်ရွှမ်သီလရှင်က

သက်ပြင်းချလိုက်ရင်း...

"တာအိုဆရာ လီက ကျွန်မတို့အတွက် ဤမျှလောက် ကြီးမားလှတဲ့ ဘေးဒုက္ခ ကြီးကို တာဝန်ယူ ပေးဆပ်ခဲ့တာဆိုတော့... ဒီကျေးဇူးတရားကို ကျွန်မတို့ ဘယ်လို ပြန်ပေးဆပ်ရမလဲ မသိတော့ပါဘူး"

​ရှဲ့ဝမ်ရင်က လီယန်ချူကို ကြည့်ကာ

"ဒါမှမဟုတ်... ကျွန်မနဲ့ အဒေါ်လေး နှစ်ယောက်စလုံး ရှင့်ဆီမှာ မယားငယ်လေးတွေ လာလုပ်ရမလား"

​ကျင့်ရွှမ်သီလရှင်က မျက်နှာကို တင်းထားရင်း ဟောက်လိုက်သည်။

"ရူးနေတဲ့ မိန်းကလေး... နင် ဘာတွေ လျှောက်ပြောနေတာလဲ"

​ရှဲ့ဝမ်ရင်က အတည်ပေါက်ဖြင့် ပြောသည်။

"ပုံမှန်ဆိုရင် ငယ်ရွယ်ပြီး ချောမောတဲ့ သူရဲကောင်းတစ်ယောက်က ကယ်တင်ခဲ့ရင် ကိုယ်တိုင်ပေးဆပ်ပြီး ဇနီးအဖြစ် အလုပ်အကျွေးပြုရတာပဲလေ။ ဒါ့အပြင် တာအိုဆရာ ချောင်ချောင်က ဒီလောက်တောင် ချောတာပဲ၊ ကျွန်မတို့ဘက်ကလည်း နစ်နာမှု မရှိပါဘူး"

​ကျင့်ရွှမ်သီလရှင်က ရှဲ့ဝမ်ရင်၏ ဦးခေါင်းကို လက်သီးဖြင့် အပြင်းအထန် တစ်ချက် ခေါက်လိုက်ရင်း ဒေါသတကြီးဖြင့်...

"လျှောက်မပြောနဲ့"

​လီယန်ချူက အားရပါးရ ရယ်မောလိုက်မိပြီး စကားကို ဆက်မပြောတော့ချေ။

​ကျွေ့ဟွာက ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေရင်း စိတ်ထဲတွင်

'ဒီမိန်းမနှစ်ယောက်စလုံးက သူ့ရဲ့ ခန္ဓာကိုယ်ကို လောဘတက်နေကြတာပဲ' ဟု တွေးတောလိုက်မိသည်။ ၎င်းသည် လီယန်ချူ၏ ထင်ရှားပြတ်သားလှသော ချောမောသည့် မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်ကာ...

"ဒါကလည်း မတတ်နိုင်ဘူးလေ၊ သူ့ရဲ့ ကိုယ်ပေါ်မှာ ဖြစ်ပျက်တာဆိုတော့ သိပ်ပြီးတော့လည်း မဆန်းပါဘူး"

​ကျင့်ရွှမ်သီလရှင်က ရှဲ့ဝမ်ရင်ကို ဒေါသတကြီး စူးစိုက်ကြည့်နေသဖြင့် ရှဲ့ဝမ်ရင်က လျှာလေးထုတ်ပြကာ စကား ဆက်မပြောတော့ဘဲ ပြုံးစိစိ လုပ်နေသည်။ ကျင့်ရွှမ်သီလရှင်က လှည့်ပြန်သွားပြီး စကားအလှအချို့ ပြောရန် ပြင်လိုက်စဉ်မှာပင်... ရှဲ့ဝမ်ရင်က နောက်ကွယ်မှနေ၍ တိုးတိတ်စွာ ရေရွတ်လိုက်သည်ကို ကြားလိုက်ရသည်။

"ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လိုက်တာပဲ၊ ဒေါ်လေးက တာအိုဆရာ ချောင်ချောင်ရဲ့ ပုံတူပန်းချီကားချပ်ကို ခိုးခိုးကြည့်နေတာလေ။ အခု ဒီလို အခွင့်အရေး ရနေတာကို မဖမ်းဆွဲထားဘူး"

​သူမ၏ လေသံမှာ အလွန်တရာ တိုးညှင်းလှသော်လည်း ထိုနေရာတွင် ရှိနေကြသော လူများအားလုံးမှာ တတိယအဆင့် ထိပ်သီးပညာရှင်များ ဖြစ်ကြသဖြင့် အာရုံငါးပါးလုံး အလွန်ထက်မြက်လှရာ... ဤစကားသည် လူနှစ်ဦးစလုံး၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားခဲ့ချေပြီ။

​လီယန်ချူ : "…………"

​ကျင့်ရွှမ်သီလရှင်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားရပြီး နားရွက်များပါ ချက်ချင်း နီမြန်းသွားတော့သည်။ ဤအမြဲတမ်း တည်ငြိမ်အေးဆေးပြီး အေးစက်လှသော သီလရှင်သည် ကျင့်ကြံခြင်းနှင့် ဆေးဝါးဖော်စပ်ခြင်းကိုသာ အမြဲတမ်း အာရုံစိုက်ခဲ့သူ ဖြစ်သော်လည်း... မမျှော်လင့်ဘဲ ယနေ့တွင် ရှဲ့ဝမ်ရင်ကြောင့် မိမိ၏ စိတ်တွင်းလျှို့ဝှက်ချက်မှာ အစိမ်းလိုက် ဖော်ထုတ်ခြင်း ခံလိုက်ရချေပြီ။ သူမက ချက်ချင်း လှည့်ကြည့်လိုက်ရာ မျက်ဝန်းအစုံအတွင်းမှ မီးတောက်များပင် ထွက်ပေါ်လုမတတ် ဖြစ်နေပြီး...

"ရှဲ့... ဝမ်... ရင်..."

​တစ်လုံးချင်းစီကို ဒေါသတကြီးဖြင့် အံကြိတ်ကာ အော်ဟစ်လိုက်ခြင်း ဖြစ်ပြီး ဒေါသများမှာ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲတော့မည့်ပုံစံ ဖြစ်နေသည်။

​ကျွေ့ဟွာက ဘေးမှနေ၍ 'မျှော်လင့်ထားတဲ့အတိုင်းပါပဲလား' ဟူသော မျက်နှာပေးမျိုး ပြသလိုက်ရင်း ဘာမှမပြောဘဲ နေလိုက်သည်။ ရှဲ့ဝမ်ရင်က အလျင်အမြန်ပင် လီယန်ချူ၏ နောက်ကျောဘက်သို့ ထွက်ပြေးသွားကာ ငယ်ရွယ်ပြီး ကျုံ့ဆန့်နိုင်စွမ်းရှိသော ခန္ဓာကိုယ်လေးဖြင့် လီယန်ချူ၏ ကိုယ်ပေါ်သို့ တင်းကျပ်စွာ မှီတွဲထားရင်း...

"ဒေါ်လေး... ကျွန်မ နည်းနည်း မူးနေလို့ ထင်တယ်၊ စောစောက ဘာတွေ လျှောက်ပြောမိသွားလဲမသိဘူး"

​ကျင့်ရွှမ်သီလရှင်၏ အကြည့်က လီယန်ချူနှင့် ဆုံတွေ့သွားရာ မျက်နှာထက်တွင် ရုတ်တရက် နီမြန်းခြင်း အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် ချက်ချင်းပင် ကွယ်ပျောက်သွားသည်။ သူမသည် ဒေါသကို အတင်းအဓမ္မ ဖိနှိပ်ထားရင်း ရှင်းပြလိုက်သည်။

"ဒီမိန်းကလေးက အိမ်မှာ အလိုလိုက်ခံထားရလို့ အမြဲတမ်း စကားတွေကို လျှောက်ပြောတတ်တာ။ တာအိုဆရာအနေနဲ့ စိတ်ထဲမထားပါနဲ့"

​လီယန်ချူက ပြုံးလိုက်ရင်း "ဘာမှမဖြစ်ပါဘူး"

​ကျွေ့ဟွာက ဘေးမှနေ၍ စိတ်ဝင်တစား ပြုံးကြည့်နေသည်။ သူမသည် ဤအရှိန်အဝါ ထူးကဲလှသော သီလရှင်ကို ကြည့်လိုက်ရာ... ထိုသူမ၏ လက်ဝါးများမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၊ ပြန်လွှတ်လိုက် ဖြစ်နေပြီး ခန္ဓာကိုယ်လေးမှာလည်း တောင့်တင်းနေသဖြင့် အလွန်တရာ စိတ်လှုပ်ရှားနေပုံရသည်။ လီယန်ချူက နောက်သို့ လှည့်ကာ ရှဲ့ဝမ်ရင်ကို ကြည့်ပြီး တိုးညှင်းစွာ မေးလိုက်သည်။

​"နင့်ရဲ့ ခန္ဓာကိုယ်ထဲက အဲဒီ ဆေးဝါးရနံ့ကို မထိန်းချုပ်နိုင်တာက... အခု လောလောဆယ် ငါက ချိပ်ပိတ်အတတ်နဲ့ နှိမ်နင်းထားလို့ပဲ။ အကယ်၍ ငါက ချိပ်ပိတ်အတတ်ကို ဖြည်ပေးလိုက်ရင် ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရလာမှာ ဖြစ်ပေမဲ့ အဲဒီ ဆေးဝါးရနံ့ကတော့ နောက်ထပ်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာလိမ့်မယ်"

"နင်က အဲဒီ ဆေးဝါးရနံ့ကို ကိုယ်တိုင် ကျေညက်အောင် လုပ်နိုင်စွမ်း ရှိလား"

​ရှဲ့ဝမ်ရင်က ခတ္တမျှ စဉ်းစားပြီးနောက် ပြောသည်။

"အဲဒီ ဆေးဝါးစွမ်းအားက စတင်လှုံ့ဆော်ပေးတဲ့ အရာတစ်ခုမျှသာ ဖြစ်ပုံရတယ်။ ကျွန်မ ခန္ဓာကိုယ် ကျင့်ကြံခြင်းပင်လယ် အတွင်းမှာ နောက်ထပ် ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတစ်ခု ရှိနေသလိုပဲ၊ အဲဒီ ဆေးဝါးကြောင့် အဲဒီစွမ်းအားက လှုံ့ဆော်ခံလိုက်ရပြီး မထိန်းချုပ်နိုင် ဖြစ်နေတာက အဲဒီစွမ်းအား ဖြစ်ပုံရတယ်"

​ကျင့်ရွှမ်သီလရှင်က ထိုစကားကို ကြားလိုက်ရသဖြင့် ဒေါသကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး စိုးရိမ်တကြီးဖြင့်...

"စောစောက ဘာလို့ ငါ့ကို မပြောခဲ့ရတာလဲ"

​ရှဲ့ဝမ်ရင်က ပြောသည်။

"အစပိုင်းကတော့ ကျွန်မက အဲဒီ ဆေးဝါးရဲ့ စွမ်းအားပဲလို့ ထင်နေတာလေ၊ ဒါပေမဲ့ ချိပ်ပိတ်ခြင်း ခံလိုက်ရပြီးတဲ့နောက်မှသာ အတွင်းထဲက ကွဲပြားခြားနားမှုကို ခံစားမိတာ"

​ကျင့်ရွှမ်သီလရှင်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

​ဒါက နားလည်ပေး၍ ရပေသည်။ ရှဲ့ဝမ်ရင်သည် ပုလင်းအိုးလေးတစ်ခုပမာ ဖြစ်နေပြီး စောစောက ဆေးဝါးကို သုံးစွဲပြီးနောက် တစ်ကိုယ်လုံး ပြည့်လျှံသွားကာ အပြင်ဘက်သို့ အဆက်မပြတ် လျှံထွက်နေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ ထိုပူပြင်းလှသော စွမ်းအားများသည် ကျင့်ကြံခြင်းပင်လယ်မှ လာသလား သို့မဟုတ် ဆေးဝါးမှ လာသလားဟူ၍ ရှင်းလင်းစွာ ခွဲခြားနိုင်စွမ်း မရှိခဲ့ချေ။

​လီယန်ချူက မသိမသာ မျက်ခုံးပင့်လိုက်ကာ "ငါ နင့်ကို တစ်ချက် စစ်ဆေးပေးမယ်"

​ရှဲ့ဝမ်ရင်က ခေါင်းညိတ်ပြလိုက်ပြီး နူးညံ့လှပလှသော မျက်နှာလေးမှာ ရှုံ့မဲ့သွားကာ သနားစရာကောင်းလောက်အောင်...

"တာအိုဆရာ... ကျွန်မကို ကယ်ပေးပါဦးနော်၊ ကျွန်မက ငယ်ငယ်လေးပဲ ရှိသေးတာ၊ မသေချင်သေးဘူး"

​လီယန်ချူက ခေါင်းညိတ်ပြလိုက်ရင်း

"ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

​ရှဲ့ဝမ်ရင်က သူမ၏ နူးညံ့လှသော လက်ချောင်းလေးဖြင့် လီယန်ချူ၏ လက်ဝါးကြီးကို ဆွဲကိုင်ကာ မိမိ၏ ဆီးခုံဝမ်းဗိုက်ဆီသို့ အတင်း ဖိကပ်လိုက်ရင်း...

"တာအိုဆရာ... တစ်ချက် အာရုံခံကြည့်ပါဦး၊ ဒီနေရာကနေပြီးတော့ အဲဒီစွမ်းအားတွေက အဆက်မပြတ် ထွက်ပေါ်နေတာမို့ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တအား ပူနေတာ"

​ကျင့်ရွှမ်သီလရှင်က မသိမသာ မျက်ခုံးပင့်လိုက်မိပြီး စကားအချို့ ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများ ပါးစပ်ဖျား ရောက်လာသည့်အခါတွင်မူ ပြန်လည် မျိုသိပ်လိုက်ရရှာသည်။ အစောပိုင်းက မြင်ကွင်းကြီး ပြီးသွားသည့်နောက်တွင်မူ မိမိအနေဖြင့် တည်ကြည်လှသော လူကြီးမိဘတစ်ဦး၏ ပုံစံကို ထိန်းသိမ်းရန် တကယ်ကို ခက်ခဲလှပေသည်။ တစ်ချက်ပိတ်ပြီး တစ်ချက်ဖွင့်ထားရုံမျှသာ တတ်နိုင်တော့သည်။

​'အကယ်၍ ဝမ်ရင်သာ တာအိုဆရာ ချောင်ချောင်နဲ့ အဆင်ပြေသွားရင်... ငါက သူတို့နှစ်ယောက်ရဲ့ လူကြီးမိဘ ဖြစ်သွားမှာမို့ အဲဒီအချိန်ကျရင် စကားပြောရတာလည်း ပိုပြီး အဆင်ပြေလိမ့်မယ်။ ငါက ဘယ်လိုလုပ် သူမနဲ့အတူတူ တာအိုဆရာ ချောင်ချောင်ကို ခစားဖို့ သွားလို့ရမှာလဲ၊ ဒါက တအားကို ရှုပ်ထွေးလွန်းမနေဘူးလား'

​လီယန်ချူ၏ လက်ဝါးမှာ ရှဲ့ဝမ်ရင်၏ ဆီးခုံဝမ်းဗိုက်ပေါ်သို့ ဖိကပ်ခြင်း ခံလိုက်ရသဖြင့် ချက်ချင်းပင် အလွန်တရာ ချောမွေ့လှသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ မိန်းကလေး၏ အသားအရေမှာ နွေးထွေးသော ကျောက်စိမ်းပမာ ဖြစ်နေသည်။ ရှဲ့ဝမ်ရင်၏ မျက်နှာထက်တွင် နီမြန်းခြင်း အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ပိုမို၍ ညို့ဓာတ်ပြင်းလှသော ပုံစံ ဖြစ်နေကာ...

"တာအိုဆရာ... ဒီနေရာလေးပါ၊ တစ်ချက် အာရုံခံကြည့်ပါဦး"

​ရှဲ့ဝမ်ရင်သည် လီယန်ချူနှင့် ပိုမိုနီးကပ်စွာ နေထိုင်လိုသော်လည်း မိန်းကလေးတစ်ဦး ဖြစ်သည့်အားလျော်စွာ ရှက်သွေးဖြန်းနေရဆဲ ဖြစ်ပြီး မျက်နှာလေးမှာ နီရဲလျက် နှလုံးခုန်သံများပင် မြန်ဆန်လာရသည်။ ဒါက သူမအနေဖြင့် အမျိုးသားတစ်ဦးနှင့် ပထမဆုံးအကြိမ် ခန္ဓာကိုယ်ချင်း ထိတွေ့ဖူးခြင်း ဖြစ်ပေသည်။

​လီယန်ချူ၏ စိတ်အာရုံအားလုံးကမူ ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်အတွင်းသို့ ကျရောက်နေသည်။ လက်ချောင်းဖျားများမှနေ၍ သန့်စင်လှသော တာအိုကျင့်ကြံခြင်းစွမ်းအားတစ်ခု ရှဲ့ဝမ်ရင်၏ ဝမ်းဗိုက်အတွင်းသို့ တရွေ့ရွေ့ စိမ့်ဝင်သွားတော့သည်။

​ရှဲ့ဝမ်ရင်သည် ချက်ချင်းပင် တစ်ကိုယ်လုံး ပူနွေးသွားကာ ခန္ဓာကိုယ်လေး ပျော့ခွေသွားရသဖြင့် လီယန်ချူ၏ ကိုယ်ပေါ်သို့ မှီတွဲလိုက်မိသည်။ လီယန်ချူက သေသေချာချာ အာရုံခံကြည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများသည် ရှဲ့ဝမ်ရင်၏ ဝမ်းဗိုက်

ကျင့်ကြံခြင်းပင်လယ်အတွင်းသို့ ရောက်ရှိသွားသည့် အခါတွင်မူ... မမျှော်လင့်ဘဲ မည်သည့် အရိပ်အယောင်မျှ မကျန်တော့ဘဲ ချက်ချင်းပင် အစိမ်းလိုက် ကျေညက်အောင် ဝါးမြိုခြင်း ခံလိုက်ရချေပြီ။

All Chapters