← Chapters

အခန်း ၉၁၀

Vol. 91 Ch. 910

အခန်း ၉၁၀

Vol. 91 Ch. 910

အခန်း (၉၁၀)။ အပြစ်အနာအဆာကင်းသော တာအိုခန္ဓာကိုယ် ၊ နဂါးအကြော လျှို့ဝှက်နယ်မြေ ၊ ရဟန်းပျို

​အစောပိုင်းက ထိတွေ့မိလိုက်သည့် ခဏ၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်သည် စမ်းချောင်းလေးတစ်ခုကဲ့သို့ အဆက်မပြတ် စီးဆင်းအန်ထွက်လာသည်ကို ခံစားလိုက်ရသဖြင့် လီယန်ချူ၏ မျက်ခုံးတန်းများသည် မသိမသာ စုကုတ်သွားခဲ့သည်။

​သူ၏ ကျင့်ကြံခြင်း စွမ်းအားသည် အလွန်တရာ နက်ရှိုင်းလှသည့်အပြင် ဓာတ်ငါးပါးလုံး ပြည့်စုံလှသော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်နှင့် တပြိုင်နက် အရည်ပျော်ကာ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ဤသည်မှာ သူ၏ ကျင့်ကြံသူဘဝတွင် ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင် ဖြစ်သည်။

​သူသည် ခဏမျှ တွေးတောလိုက်ပြီးနောက် ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအားများ ဆက်လက်ထည့်သွင်းခြင်းမပြုတော့ဘဲ ရပ်တန့်လိုက်သည်။ ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်ထဲတွင် ထိုအစွမ်းထက်လှသော နတ်ဆေးပင်၏ ဆေးစွမ်းအင်များအပြင်၊ သူမ၏ အသက်ရှူစွမ်းအင်ပင်လယ် ထဲမှ စီးထွက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများလည်း ရှိနေသည်။ အကယ်၍ လီယန်ချူ၏ စွမ်းအားများပါ ထပ်မံပေါင်းစပ်သွားပါက ထိုအရှိန်အဝါသည် တရိပ်ရိပ် ပိုမိုကြီးထွားလာမည် ဖြစ်သည်။

​လီယန်ချူသည် ထိုဒဏ်ကြောင့် ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားမည်ကို အလွန် စိုးရိမ်မိသည်။ ထို့ကြောင့် သူသည် မိမိ၏ စိတ်အာရုံ အမျှင်တန်းလေးတစ်ခုကို သတိထား၍ ထုတ်လွှင့်ကာ ရှဲ့ဝမ်ရင်၏ အခြေအနေကို စူးစမ်းရန် ကြိုးစားလိုက်သည်။

​အကြိမ်ကြိမ် ကြိုးစားစစ်ဆေးပြီးနောက်တွင်မူ ရှဲ့ဝမ်ရင်၏ အသက်ရှူစွမ်းအင်ပင်လယ်ထဲက အခြေအနေကို သူ အကြမ်းဖျင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ စွမ်းအားပင်လယ်ထဲတွင် ဖျော့တော့တော့ အစိမ်းနုရောင် ဝဲဂယက်တစ်ခု ရှိနေသည်။

​ထိုဝဲဂယက်မှာ အလွန်တရာ ကြီးမားထည်ဝါလှပြီး သန့်စင်ထက်မြက်သော သက်စောင့်အသက်ရှူစွမ်းအင်များ ပါဝင်နေကာ ထိုအစိမ်းရောင်ဝဲဂယက်ထဲမှ တရဟောစီးဆင်းပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောကွန်ရက် အသွယ်သွယ်ထဲသို့ စီးဆင်းပျံ့နှံ့နေခြင်း ဖြစ်သည်။

​သူသည် ဤအခြေအနေကို ကျင့်ရွှမ်သီလရှင်နှင့် ရှဲ့ဝမ်ရင်တို့အား ပြောပြလိုက်သည်။ ထိုအစိမ်းရောင် ဝဲဂယက်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ၎င်းဝဲဂယက်က ဘာကို ကိုယ်စားပြုသည်ကိုမူ လီယန်ချူ ကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိချေ။ သို့သော် လက်ရှိအခြေအနေအရ ဤအစိမ်းရောင်ဝဲဂယက်သည် ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်ထဲတွင် မူလကတည်းက တည်ရှိနေခြင်း ဖြစ်ဟန်တူသည်။

​ယခင်က မည်သည့်အခါမျှ ပေါ်ထွက်လာခြင်းမရှိဘဲ ယခုအကြိမ်တွင်မှ အထူးဆန်းပြားသော နတ်ဆေးပင်ကို သောက်သုံးမိသဖြင့်၊ ဆေးစွမ်းအင်က အလွန်ကြီးမားလွန်းကာ ခန္ဓာကိုယ်က မစုပ်ယူနိုင် ဖြစ်ရာမှ စွမ်းအားပင်လယ်ထဲက ဝဲဂယက်ကို စတင်လှည့်ပတ် နှိုးဆွပေးလိုက်ခြင်း ဖြစ်ပေသည်။

​ကျင့်ရွှမ်သီလရှင်သည် ထိုစကားကို ကြားသောအခါ ဆွံ့အမှင်တက်သွားပြီး အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

​“ဒီအခြေအနေက... ငါတို့မိသားစုရဲ့ ရှေးဟောင်းကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ အပြစ်အနာအဆာကင်းတဲ့ တာအိုခန္ဓာကိုယ် နဲ့ ဘာလို့ ဒီလောက်တောင် ဆင်တူနေရတာလဲ။”

​လီယန်ချူက

“အပြစ်အနာအဆာကင်းတဲ့ တာအိုခန္ဓာကိုယ် ဟုတ်လား” ဟု မေးလိုက်သည်။

​ကျင့်ရွှမ်သီလရှင်က ခေါင်းညိတ်၍ ဆက်ပြောသည်။

​“ဟုတ်တယ်... အပြစ်အနာအဆာကင်းတဲ့ တာအိုခန္ဓာကိုယ်ပဲ။ မှတ်တမ်းတွေအရ ဒါဟာ အလွန်ကို ထူးခြားဆန်းပြားတဲ့ တာအိုခန္ဓာကိုယ် အမျိုးအစားပဲ။ ဆေးလုံးတွေ ဒါမှမဟုတ် ကောင်းကင်နဲ့မြေကမ္ဘာရဲ့ ရတနာပစ္စည်းတွေကို သန့်စင်စုပ်ယူတဲ့နေရာမှာ ဘာအလေအလွင့်မှ မရှိဘဲ ရာနှုန်းပြည့် စုပ်ယူနိုင်စွမ်း ရှိတယ်။ ဒါတင်မကသေးဘူး၊ တခြား ထူးခြားဆန်းကြယ်တဲ့ အစွမ်းတွေလည်း ရှိသေးတယ်လို့ ဆိုတယ်။”

​‘ဒါက တကယ်ကို အလေအလွင့်မရှိတဲ့ အပြစ်အနာအဆာကင်းတာပဲပေါ့...’ လီယန်ချူက တွေးတောရင်း ပြောလိုက်သည်။

​“အဲဒီအစိမ်းရောင်ဝဲဂယက်က ငါ့ရဲ့ နတ်စွမ်းအားတွေကိုတောင် ဝါးမြိုပြီး မျက်စိတစ်မှိတ်အတွင်းမှာ သန့်စင်ပစ်နိုင်တယ်။ ဒီအချက်တစ်ချက်တည်းနဲ့တင်ပဲ တကယ့်ကို ရှားပါးလှတဲ့ ပါရမီလို့ ပြောရမယ်။”

​ဤစကားကို ပြောရာတွင် သူသည် ဝါကြွားခြင်း အလျင်းမရှိချေ။ ထို့ပြင် သူ၏နှုတ်မှ ထွက်လာသော စကားဖြစ်သဖြင့် ကျင့်ရွှမ်သီလရှင်နှင့် ရှဲ့ဝမ်ရင်တို့ကလည်း မည်သည့်သံသယမျှ မရှိဘဲ လက်ခံကြသည်။ သာမန်လူတစ်ယောက်အနေဖြင့် လီယန်ချူ၏ နတ်စွမ်းအားကို သန့်စင်စုပ်ယူရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သောအရာ ဖြစ်သည်။ တူညီသော စွမ်းအားပမာဏချင်း ဖြစ်လင့်ကစား လီယန်ချူ၏ စွမ်းအားမှာ အလွန်တရာ သိပ်သည်းကျစ်လျစ်လှသဖြင့် သာမန် တတိယအဆင့် ကျင့်ကြံသူများနှင့် လုံးဝ နှိုင်းယှဉ်၍မရချေ။

​ ကျေွ့ဟွာကလည်း ဘေးမှ ဝင်ရောက်ပြောဆိုသည်။

​“တကယ့်ကို အပြစ်အနာအဆာကင်းတဲ့ တာအိုခန္ဓာကိုယ်နဲ့ တူတာပဲ။ ငါ့ရဲ့ မျိုးရိုးဗီဇ မှတ်ဉာဏ်ထဲမှာလည်း ဒီလိုခန္ဓာကိုယ်အကြောင်း မှတ်သားချက်တချို့ ရှိဖူးတယ်။ ဒီလို တာအိုခန္ဓာကိုယ်က ဖီးနစ်တာအိုခန္ဓာကိုယ်၊ နဂါးစစ်ခန္ဓာကိုယ်တို့လို တခြားအမျိုးအစားတွေနဲ့ မတူဘူး။ အစောပိုင်းကာလတွေမှာတော့ ဘာအားသာချက်မှ ထင်ထင်ရှားရှား မရှိလှပေမဲ့... တစ်နေ့မှာ ယင်နဲ့ယန် ဆုံစည်းလို့၊ ရေနဲ့မီး ပေါင်းစပ်သွားတဲ့အခါမျိုးကျရင်တော့ ၎င်းရဲ့ အောင်မြင်မှု အလားအလာက အတိုင်းအဆမရှိ ကြီးမားသွားလိမ့်မယ်။”

​ကျင့်ရွှမ်သီလရှင်သည် ပို၍ပင် အံ့ဩသွားရသည်။ ဤကြောင်ကြီးကပင် ‘အပြစ်အနာအဆာကင်းသော တာအိုခန္ဓာကိုယ်’ အကြောင်းကို သိနေသည် မဟုတ်ပါလော။ ဤခန္ဓာကိုယ်မျိုးသည် သူမ၏ မိသားစု ရှေးဟောင်းကျမ်းစာများထဲတွင်သာ တွေ့ဖူးပြီး အလွန်ရှားပါးလှသည်။ သို့သော် ကျမ်းစာထဲက မှတ်တမ်းများနှင့် ဤကြောင်ကြီး ပြောပြသည်မှာ ထပ်တူနီးပါး တူညီနေသည်။

​စင်စစ်တော့လည်း... မည်သို့သောလူက မည်သို့သောကြောင်ကို မွေးမြူသည် မဟုတ်ပါလော။

​ရှဲ့ဝမ်ရင်က မျက်တောင်တခတ်ခတ်ဖြင့်

“ဒါဆို ငါ့ရဲ့ ကျင့်ကြံခြင်းပါရမီက ဒီလောက်တောင် ကောင်းတာပေါ့။ ဒါပေမဲ့ ယင်နဲ့ယန် ဆုံစည်းတယ်၊ ရေနဲ့မီး ပေါင်းစပ်တယ်ဆိုတာ ဘာကို ပြောတာလဲ” ဟု မေးလိုက်သည်။

​ ကျွေ့ဟွာက ဖြုံးခနဲ ပြုံးလိုက်ရင်း ရှင်းပြသည်။

​“ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ယင်ယန်ကျင့်စဉ် ပေါ့။ ပြီးတော့ မဖြစ်မနေ သွေးသားအဟုန် ပြင်းထန်တဲ့ ယောက်ျားပျိုတစ်ယောက် ဖြစ်ရမယ်။ မဟုတ်ရင် ယင်ဓာတ် သက်သက် ဒါမှမဟုတ် ယန်ဓာတ် သက်သက်ပဲ ရှိနေရင်တော့ ဒီခန္ဓာကိုယ်ရဲ့ အောင်မြင်မှုက အကန့်အသတ် ရှိလိမ့်မယ်။”

​ရှဲ့ဝမ်ရင်သည် ထိုစကားကို ကြားရလျှင် ပါးပြင်ထက်တွင် နီမြန်းသော အရှက်သွေးများ ဖြာတက်သွားပြီး ခေါင်းလေးငုံ့ကာ လီယန်ချူကို ခိုး၍ ကြည့်လိုက်လေသည်။

​လီယန်ချူက တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။

​“ကျင့်ကြံခြင်း ကိစ္စကို ခဏဘေးဖယ်ထားဦး။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ဆေးစွမ်းအင်တွေနဲ့ အစိမ်းရောင်ဝဲဂယက်ထဲက အားမာန်တွေကို မင်း အပြည့်အဝ သန့်စင်စုပ်ယူနိုင်အောင် ငါ လမ်းကြောင်းပြ ထိန်းကျောင်းပေးမယ်။”

​ရှဲ့ဝမ်ရင်က မျက်လုံးလေး တောက်ပသွားကာ

“ဒါ... ယင်ယန်ကျင့်စဉ်လား” ဟု မေးလိုက်သည်။

​လီယန်ချူက ခေါင်းခါပြလိုက်ရာ ရှဲ့ဝမ်ရင်၏ မျက်နှာလေးထက်တွင် ချက်ချင်းပင် စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်လာသည်။

​ကျင့်ရွှမ်သီလရှင်သည် သက်ပြင်းတစ်ချက်ကို မောစွာချလိုက်မိပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူမသည် ဝမ်ရင်တစ်ယောက် ဤအတိုင်းဆိုလျှင် နှောင်းလူတို့၏ စံပြဖြစ်သော ‘ချောင်ချောင်တာအိုဆရာ’ ၏ အိပ်ရာပေါ်သို့ တစ်နေ့နေ့တွင် အနှေးနှင့်အမြန် တက်သွားလိမ့်မည်ဟု ပြင်းပြင်းထန်ထန် သံသယဝင်နေမိသည်။ ထိုမြင်ကွင်းကို ယခုကတည်းကပင် ကြိုတင်မြင်ယောင်နေမိချေပြီ။

​လီယန်ချူသည် ဖန်တီးခြင်း ‌ေရွှကျမ်းစာ ကို လှည့်ပတ်လိုက်ပြီး ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်အတွင်း ရှုပ်ထွေးပွေလီနေသော ဆေးစွမ်းအင်များကို စတင်ဆွဲငင် ထိန်းညှိပေးလိုက်သည်။

​သူ၏ ဦးခေါင်းထက်တွင် ရွှေရောင်ကြာပန်းတစ်ပွင့် ပေါ်ထွက်လာပြီး ခန္ဓာကိုယ်ပတ်လည်တွင် ဆန်းပြားသော နတ်ရောင်ခြည်တန်းများ ဝန်းရံသွားခဲ့သည်။ ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေသော ဆေးစွမ်းအင်များသည် လီယန်ချူ၏ စွမ်းအားနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် တစ်စစီ ပြိုကွဲသွားပြီး၊ မကြာမီမှာပင် စနစ်တကျ ရှိသင့်ရှိထိုက်သော ပုံသဏ္ဍာန်သို့ ပြန်လည် စီးဆင်းသွားတော့သည်။

​ရှဲ့ဝမ်ရင်သည် အစပိုင်းတွင် စိတ်ဝင်တစားဖြင့်သာ ကြည့်နေသော်လည်း၊ နောက်ပိုင်းတွင် သူမ ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲဖြစ်နေသော စွမ်းအားများ လမ်းကြောင်းမှန်ပေါ် ရောက်သွားသည်နှင့် တပြိုင်နက် တစ်ကိုယ်လုံး ပေါ့ပါးသွားကာ ဖော်ပြ၍မရလောက်အောင် နေထိုင်ကောင်းသွားခဲ့သည်။ ထို့ကြောင့် သူမသည် စိတ်အာရုံကို ကျင့်ကြံခြင်းအပေါ်သို့ အာရုံစိုက်လိုက်ပြီး ရှဲ့မိသားစု၏ ကျင့်စဉ်ကို လှည့်ပတ်လိုက်တော့သည်။

​သူမ ကျင့်ကြံသော ကျင့်စဉ်မှာ နတ်ဘုရားတံခါးတွင်း စိတ်အာရုံကျမ်း ဖြစ်ပြီး၊ လူသားခန္ဓာကိုယ်၏ လျှို့ဝှက်တံခါးများကို ဖွင့်လှစ်ကာ ကောင်းကင်နှင့်မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရသော ကျင့်စဉ် ဖြစ်သည်။ စင်စစ် ရှဲ့ဝမ်ရင်သည် ထိုအချိန်အထိ လူသားခန္ဓာကိုယ်၏ ပဉ္စမမြောက် လျှို့ဝှက်တံခါးကိုသာ ဖွင့်လှစ်နိုင်သေးပြီး တစ်ကိုယ်လုံးရှိ သွေးကြောကွန်ရက်များကို ဆက်သွယ်ထားနိုင်ခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် ရင်မိုင် နှင့် တုမိုင် သွေးကြောမကြီးများ ပါဝင်ကာ နတ်စွမ်းအားများ တားဆီးမှုမရှိ စီးဆင်းနေသည်။

​လီယန်ချူက ဆေးစွမ်းအင်များကို ထိန်းညှိပေးပြီးသွားသောအခါ ရှဲ့ဝမ်ရင်သည် ဆဋ္ဌမမြောက်အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်ဝန်းအစုံမှ နတ်အလင်းတန်းများ ဖျာထွက်နေပြီး၊ အသားအရေထက်တွင် ဖျော့တော့သော ကျောက်စိမ်းရောင် အလင်းတန်းများ လွှမ်းခြုံနေသဖြင့် တစ်ကိုယ်လုံး ပိုမိုနုပျို လှပဆွဲဆောင်မှု ရှိလာခဲ့သည်။ ခန္ဓာကိုယ်တွင်းရှိ နတ်စွမ်းအားများသာမက ရှဲ့ဝမ်ရင်၏ မူလဝိညာဉ် သည်လည်း ပိုမိုတောင့်တင်း အစွမ်းထက်လာခဲ့သည်။

​လီယန်ချူ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။ အစောပိုင်းက သောင်းကျန်းလှသော ဆေးစွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်ထဲက အစိမ်းရောင်ဝဲဂယက်ကြောင့် တိုက်ရိုက် သန့်စင်စုပ်ယူခြင်း ခံလိုက်ရသည်။ ဤနည်းဖြင့် ရှဲ့ဝမ်ရင်၏ အင်အားသည် ယခင်ကထက် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပြောင်းလဲသွားပြီး နှစ်ဆမက တိုးတက်လာခဲ့သည်။ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းရုံမျှဖြင့် တတိယအဆင့် ကျင့်ကြံခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိနေပြီ ဖြစ်သည်။

​ယခုကဲ့သို့ ကမ္ဘာမြေကြီး အားပြိုင်မှု ပြင်းထန်နေသောခေတ်တွင် ပါရမီရှင်များ စုပြုံထွက်ပေါ်လာပြီး ကံတရား၏ သားတော်သမီးတော်များက အလှည့်ကျ နေရာယူနေကြသည်။ ရှဲ့ဝမ်ရင်သည်လည်း ထိုသူများထဲမှ တစ်ယောက် ဖြစ်လိမ့်မည်ဟု လီယန်ချူ မထင်မှတ်ခဲ့မိချေ။ မူလကမူ သူမအား နွဲ့နှောင်းလှပပြီး လိုရာဆန္ဒဇွတ်တရွတ်လုပ်တတ်သော သူဌေးသမီးလေးတစ်ဦးဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

​“ချောင်ချောင် တာအိုဆရာကို ကျေးဇူးတင်ပါတယ်” ဟု ရှဲ့ဝမ်ရင်က ပြုံး၍ ပြောလိုက်သည်။

​လီယန်ချူက အသာအယာ ခေါင်းညိတ်ပြရင်း

“ကျေးဇူးတင်ဖို့ မလိုပါဘူး။ မင်းရဲ့ ပါရမီနဲ့ ကျင့်ကြံမှုအရ နောက်ပိုင်းရက်တွေကျရင် မင်းဘာသာမင်းလည်း သန့်စင်နိုင်မှာပါ” ဟု ဆိုသည်။

​ကျင့်ရွှမ်သီလရှင်သည် ရှဲ့ဝမ်ရင်၏ အခြေအနေကို စိတ်ပူသဖြင့် လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်ရာ၊ သူမ၏ ခန္ဓာကိုယ်ထဲတွင် ပိုမိုလှိုင်းထန်လာသော ဖာလီစွမ်းအားများကို ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

​“ဒီအတိုင်းသာ ဆက်သွားရင် တတိယအဆင့်ကို ချိုးဖျက်ဖို့က လက်တစ်ကမ်းအလိုပဲ။”

​ဤနေရာတွင် လုပ်စရာကိစ္စများ ပြီးမြောက်သွားပြီ ဖြစ်သဖြင့် လီယန်ချူက ပြောလိုက်သည်။

​“ငါ့မှာ လုပ်စရာ ကိစ္စရှိသေးလို့ ဆက်ပြီး အဖော်မပြုပေးနိုင်တော့ဘူး။”

​ကျင့်ရွှမ်သီလရှင်သည် ဆွံ့အသွားပြီး ရှဲ့ဝမ်ရင်ကမူ အလောတကြီး မေးလိုက်သည်။

​“ချောင်တာအိုဆရာ... ဘာကိစ္စရှိလို့လဲ။ အခုတင် တွေ့ပြီးတာကို ချက်ချင်း ပြန်ခွဲရတော့မှာလား။”

​လီယန်ချူက ပြန်လည်ဖြေကြားသည်။

​“အမှန်အတိုင်း ပြောရရင်တော့... ငါ ဒီနေရာမှာ ဟော်ထုံတောင် ရဲ့ ခြေရာလက်ရာကို ရှာတွေ့နိုင်မလားလို့ လာကြည့်တာပါ။”

​ကျင့်ရွှမ်သီလရှင်က အံ့ဩတကြီးဖြင့်

“ဟော်ထုံတောင်က ပိတ်သွားပြီလေ။ တာအိုဆရာချောင်က ဒါကို နောက်တစ်ကြိမ် ထပ်ဖွင့်ချင်လို့လား” ဟု မေးသည်။

​လီယန်ချူက

“နတ်ဘုရားအစွမ်းတွေကို ကျင့်ကြံဆင်ခြင်ရင်းနဲ့ နည်းနည်း သဘောပေါက်လာတာ ရှိလို့၊ ဒီကိုလာပြီး သက်သေပြကြည့်ရုံပါ” ဟု ဆိုလိုက်သည်။

​ကျင့်ရွှမ်သီလရှင်သည် ရင်ထဲ၌ ထိတ်လန့်သွားရသည်။ ကြည့်ရသည်မှာ သူသည် ထိပ်တန်းကိုယ်ခံပညာရှင်တစ်ဦး ဖြစ်ရုံသာမက၊ ဤစကားအရ ဆိုရလျှင် ဟင်းလင်းပြင်နှင့်ဆိုင်သော ဆန်းကြယ်သည့် နတ်ဘုရားအစွမ်းမျိုးကိုပါ တတ်မြောက်ထားပုံ ရသည်။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။

​ထိုအချိန်တွင် ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်ပတ်လည်မှ ထွက်ပေါ်နေသော ဆေးရနံ့များသည် လုံးဝ ထိန်းချုပ်သွားနိုင်ပြီ ဖြစ်၍ သူမတစ်ကိုယ်လုံး နတ်အလင်းတန်းများ တောက်ပနေသည်။ ကျင့်ရွှမ်သီလရှင်သည်လည်း သူမအား ရှဲ့မိသားစုဆီသို့ ပြန်ခေါ်သွားပြီး ပိုမိုမြင့်မားသော ကျင့်စဉ်များနှင့် နတ်ဘုရားအစွမ်းများကို သင်ကြားပေးရန် ရည်ရွယ်ချက် ရှိနေသည်။

​ထို့ကြောင့် သူတို့သည် တစ်ဖန်ပြန်၍ လမ်းခွဲခဲ့ကြပြန်သည်။ လီယန်ချူသည် ကျွေ့ ဟွာ၏ ကျောပေါ်သို့ ခွစီးလိုက်ပြီးနောက် မင်ရှန်းတောင်တန်းကြီးအတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့သည်။

​ရှဲ့ဝမ်ရင်က သက်ပြင်းတစ်ချက်ချရင်း “ငါသာ အဲဒီကြောင်ကြီး ဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲ” ဟု ညည်းတွားလိုက်သည်။

​ကျင့်ရွှမ်သီလရှင်က စိတ်မရှည်သလိုဖြင့်

“ သူ့ရဲ့ ခွစီးတာကို ခံချင်လို့လား” ဟု မေးလိုက်ရာ၊ ရှဲ့ဝမ်ရင်သည် ခဏမျှ စဉ်းစားလိုက်ပြီးမှ တိုးတိုးလေး ပြန်ပြောသည်။

​“အဲဒါလည်း... ရတာပဲ။”

​ကျင့်ရွှမ်သီလရှင် : “…………”

​လီယန်ချူနှင့် ကျွေ့ ဟွာတို့သည် မင်းရှန်းတောင်တန်းတစ်ခုလုံး၏ ထောင့်စေ့အောင် ရှာဖွေခဲ့ကြသော်လည်း မည်သည့် ထူးခြားသော ဟင်းလင်းပြင် အငွေ့အသက်ကိုမျှ မခံစားရချေ။ ထိုသုံးဆယ့်ခြောက်ခုသော နတ်ဘုရားနယ်‌ေမြများထဲတွင် အဆင့် (၁) ရှိသော ဟော်ထုံတောင်သည် ပိတ်သွားပြီးနောက် မင်းရှးန်းတောင်တန်းတွင် ထပ်မံ ပေါ်ပေါက်မလာတော့ချေ။

​သူသည် မင်ရှန်းတောင်တန်းမှ ထွက်ခွာလာပြီးနောက် မကြာမီမှာပင် ကျိုဖုန်းတောင် သို့ ရောက်ရှိလာခဲ့သည်။ ကျိုဖုန်းတောင်သည် မင်ရှန်းတောင်တန်းနှင့် မတူချေ။ ဤနေရာတွင် လျှို့ဝှက်နယ်မြေ ဝင်ပေါက်များစွာ ရှိပြီး၊ ယခင်က လီယန်ချူသည် ဤနေရာမှတစ်ဆင့် အရိုင်းကမ္ဘာမြေရိုင်းထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။

​ထို့ပြင် နောက်ပိုင်းတွင် အလွန်ရှေးကျသော လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ ဝင်ရောက်ကာ ထိုနေရာမှ လှံရှည်ကြီး ကို လုယူခဲ့ဖူးသည်။ မင်ရှန်းတောင်တန်းနှင့် မတူသည်မှာ ဤကျိုဖုန်းတောင်သည် ရှေးယခင်ကတည်းက ဒဏ္ဍာရီပုံပြင်ပေါင်းများစွာ ရှိခဲ့ဖူးခြင်း ဖြစ်သည်။

​ထို့ပြင် လီယန်ချူကဲ့သို့ပင် လျှို့ဝှက်နယ်မြေများစွာကို လူအများ တွေ့ရှိခဲ့ကြပြီး အချို့ကလည်း ထိုနေရာမှ ရတနာပစ္စည်းများကို ရရှိခဲ့ကြသည်။ ထို့ကြောင့် ကျင့်ကြံသူအမြောက်အမြားသည် ဤနေရာကို လာရောက်စူးစမ်းရန် စိတ်အားထက်သန်မှု လျော့နည်းမသွားကြချေ။

​လီယန်ချူသည် ထိုမြူခိုးတောကို ဖြတ်ကျော်ပြီးနောက် နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးထဲသို့ ဆင်းသက်သွားခဲ့သည်။ ယခင်က သူသည် ထိုပိုင်လီရှန်းလန် ၏ နှုတ်မှတစ်ဆင့် ဤနေရာတွင် ထူးခြားသော လျှို့ဝှက်နယ်မြေတစ်ခု ရှိကြောင်း သိခဲ့ရခြင်း ဖြစ်သည်။ ၎င်းနေရာမှ ဓမ္မလက်နက်များစွာ ရရှိခဲ့ရုံသာမက နောက်ဆုံးတွင် အလွန်အစွမ်းထက်သော လှံရှည်ကြီးကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

​ယခုတစ်ကြိမ်တွင် သူသည် ထိုချောက်ကမ္ဘာကြီးထဲသို့ တစ်ဖန်ပြန်လည် ဆင်းသက်သွားပြီးနောက် ချက်ချင်းပင် ဒိုချန်ပုတီး ကို ထုတ်လိုက်သည်။ ဒိုချန်ပုတီးသည် ကုသိုလ်မှတ် ခုနစ်သိန်းအဆင့်ရှိသော ရတနာပစ္စည်းဖြစ်ပြီး ကျင့်ကြံသူ၏ ကံတရားနှင့် ကံကောင်းခြင်းများကို တိုးပွားစေနိုင်သည်။ ကျိုဖုန်းတောင်ကဲ့သို့သော နေရာမျိုးတွင် အသုံးပြုရန် အသင့်တော်ဆုံးပင် ဖြစ်သည်။

​ပုတီးထက်တွင် ဖျော့တော့သော တာအိုအငွေ့အသက်များ စီးဆင်းနေသည်။ ကနဦးက ကျွေ့ ဟွာသည် ဤပုတီးကို တစ်ကြိမ် လှောင်ပြောင်ဖူးသော်လည်း၊ လီယန်ချူက ဟော်ထုံတောင် ထဲတွင် ထိုနတ်ဆေးပင်မြတ်ကို လုယူနိုင်ခဲ့ပြီးနောက်တွင်မူ ဤပုတီးကို မည်သည့်အခါမျှ အထင်မသေးရဲတော့ချေ။

​ယခုတစ်ကြိမ်တွင် လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် ကျိုဖုန်းတောင်ထဲတွင် ပိုမိုကြာမြင့်စွာ နေထိုင်ခဲ့ကြပြီး တတိယမြောက်နေ့အထိပင် ရောက်ရှိလာခဲ့သည်။ ဒိုချန်ပုတီး၏ စွမ်းအင်ကြောင့်လော သို့မဟုတ် ဤနေရာတွင် လျှို့ဝှက်နယ်မြေများ အလွန်များပြားလွန်းခြင်းကြောင့်လော မသိရဘဲ၊ လီယန်ချူသည် အမှန်တကယ်ပင် လျှို့ဝှက်နယ်မြေတစ်ခု၏ ဝင်ပေါက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

​ ကျေွ့ဟွာက စိတ်လှုပ်ရှားစွာဖြင့်

“ဒိုချန်ပုတီးက တကယ်ကို ရတနာအစစ်ကြီးပဲ” ဟု အော်လိုက်သည်။

​လီယန်ချူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုလျှို့ဝှက်နယ်မြေ ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။

​ဤနေရာသည် အလွန်တရာ ကျယ်ပြောလှပြီး ရှေးကျလှသော ကမ္ဘာမြေတစ်ခု ဖြစ်သည်။ တောင်တန်းကြီးများက မြင့်တက်ကာ ကွေ့ကောက်လျက် တည်ရှိနေပြီး၊ ကြည့်ရသည်မှာ နဂါးကြီးတစ်ကောင် ဝပ်စင်းနေသကဲ့သို့ ဖြစ်နေသည်။ လျှို့ဝှက်နယ်မြေတစ်ခုလုံးသည် အလွန်ခြောက်သွေ့ဆိတ်သုဉ်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

​လီယန်ချူ၏ မျက်ဝန်းအစုံတွင် အလင်းတန်းများ ဝင်းလက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

​“ဒီနေရာက နတ်တောင်တန်းတွေက တကယ့်နဂါးစစ်စစ်တစ်ကောင် အသွင်ပြောင်းလဲထားသလိုပဲ။”

​ ကျွေ့ ဟွာက “ဒီလို အသွင်ပြောင်းထားရင်တောင်မှ ဒီတောင်က သေနေပြီ” ဟု ဆိုသည်။

​လီယန်ချူက အံ့ဩတကြီးဖြင့် တွေ့ဟွာကို ကြည့်လိုက်ပြီး

“မင်းရဲ့ သွေးမျိုးဆက် နတ်ဘုရားအစွမ်းထဲမှာ ဘယ်လောက်တောင် များပြားတဲ့ အမွေအနှစ်တွေ ပါနေတာလဲ” ဟု မေးလိုက်သည်။

​လီယန်ချူသည် တောင်တန်းများကို ရွှေ့ပြောင်းနိုင်သော တောင်ရွှေ့ပြောင်းအတတ် ကို တတ်မြောက်ထားသဖြင့် တောင်ကြောများ၏ စီးဆင်းပုံကို အလွန် ကောင်းမွန်စွာ မြင်နိုင်သည်။ အစောပိုင်းက ကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်သောအခါ ဤတောင်တန်းကြီးသည် သေဆုံးနေပြီဖြစ်ကြောင်း သူ မြင်လိုက်ရသည်။ သို့သော် မူလကမူ ဤတောင်တန်းသည် အမှန်တကယ်ပင် နဂါးအကြော စစ်စစ်တစ်ခုကို စုစည်းပေးနိုင်မည့် တောင်တန်း ဖြစ်ခဲ့ပေလိမ့်မည်။ ယခုမူ မည်သည့်အကြောင်းကြောင့် မသိရဘဲ တောင်တွင်းပိုင်းတစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်နေသည်။

​တောင်နတ်ဘုရားများစွာသည် ဤကဲ့သို့ပင် ဖြစ်ပေါ်လာတတ်ကြသည်။ တောင်တစ်ခုလုံးက အသက်ဝင်ကာ မိစ္ဆာအသွင်ပြောင်းလဲသွားခြင်း သို့မဟုတ် တောင်၏ဝိညာဉ်သခင်က အသွင်ပြောင်းလဲသွားခြင်းမျိုး ဖြစ်သည်။

​“ဒီနေရာက သေမင်းတမန်နယ်မြေ ဖြစ်နေပြီပဲ၊ သွားကြည့်ဖို့ လိုသေးလို့လား”

ဟု ကျေွ့ဟွာက ဘေးမှ ပြောလိုက်သည်။

​လီယန်ချူက မိမိနောက်ကွယ်က လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ဆိုသည်။

​“ရောက်မှတော့ သွားကြည့်ရမှာပေါ့။”

ကျွေ့​ဟွာသည် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်ရာ ‌ကျားဖြူကြီးတစ်ကောင်ပမာ ကြီးမားသွားခဲ့သည်။ လီယန်ချူက ကျောပေါ်သို့ ခွစီးလိုက်ပြီးနောက် လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် တောတောင်လျှိုမြောင်များကြားတွင် ပျောက်ကွယ်သွားခဲ့တော့သည်။

​လျှို့ဝှက်နယ်မြေသည် အလွန်ခြောက်သွေ့ဆိတ်သုဉ်းလှသဖြင့် မည်သည့် နတ်ဆေးပင် သို့မဟုတ် ကောင်းကင်နှင့်မြေကမ္ဘာ၏ ရတနာပစ္စည်းမျှ မရှိချေ။ ထို့ပြင် မည်သည့် ရှေးဟောင်းအဆောက်အအုံ ခြေရာလက်ရာ သို့မဟုတ် ကောင်းကင်မိစ္ဆာများ ချန်ထားခဲ့သော အမှတ်အသားမျှလည်း မရှိချေ။

​သို့သော် ဤလျှို့ဝှက်နယ်မြေထဲတွင် လျှောက်လှမ်းနေစဉ် ကျွေ့ ဟွာသည် တစ်စုံတစ်ဦး၏ ချောင်းမြောင်းကြည့်ရှုခြင်းကို ခံနေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ ကြည့်ရသည်မှာ မည်သူမည်ဝါမှန်းမသိသော မျက်လုံးတစ်စုံက သူတို့အား စိုက်ကြည့်နေသကဲ့သို့ပင်။

​“ခဏနေဦး” ဟု တွေ့ဟွာက လီယန်ချူအား ဤအကြောင်းကို ပြောပြလိုက်သည်။

​လီယန်ချူသည် ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်သွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ဟော်ထုံတောင် ထဲတွင်မူ အလွန်ထူးဆန်းပြီး မိစ္ဆာဆန်သော နေမင်းကြီးတစ်စင်း ရှိခဲ့ဖူးသည်။ ယခုမူ သူသည် ဤလျှို့ဝှက်နယ်မြေထဲတွင် မည်သည့် ထူးခြားသော အငွေ့အသက်ကိုမျှ ရှာမတွေ့သေးချေ။

​သူသည် မိမိ၏ စိတ်အာရုံ ကို ဖြန့်ကြက်ထုတ်လွှင့်ကာ စူးစမ်းရန် ကြိုးစားလိုက်သည်။ ဤနည်းဖြင့် သူတို့၏ စူးစမ်းမှု အရှိန်အဟုန်မှာ ပိုမိုမြန်ဆန်လာခဲ့သည်။

​“အရှေ့တောင်ဘက် အရပ်မှာ သားရဲဆိုးကြီးရဲ့ အရိုးစု ရှိနေတယ်”

ဟု လီယန်ချူက မိမိ၏ စိတ်အာရုံထဲတွင် မြင်လိုက်ရသော အရိုးစုကြီးတစ်ခုကို ပြောပြလိုက်သည်။

ထိုအရိုးစုထဲတွင် အလွန်တရာ ကြီးမားလှသော စွမ်းအားများ ပါဝင်နေသဖြင့် သူ ကိုယ်တိုင်ပင် ကြည့်ရှုပြီးနောက် ရင်ထဲ၌ ထိတ်လန့်သွားရသည်။

​သို့သော် ချက်ချင်းပင် သူ၏မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ ဤနေရာသည် သက်စောင့်စွမ်းအားများ ပြတ်တောက်နေပြီး အလွန်ဆိတ်သုဉ်းလှရာ၊ ဤကဲ့သို့သော နေရာမျိုးတွင် သားရဲဆိုးကြီး၏ အရိုးစုကို တွေ့ရခြင်းမှာ အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလော။

​လီယန်ချူ ရောက်ရှိသွားသောအခါ ထိုနေရာသို့ တစ်စုံတစ်ဦးက ကြိုတင်ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုသူမှာ ခန္ဓာကိုယ် မြင့်မားထည်ဝါပြီး တောင့်တင်းခိုင်မာလှသော ရဟန်းပျိုတစ်ပါး ဖြစ်ကာ၊ မျက်နှာအမူအရာမှာ အေးစက်တည်တင်းနေသည်။ သို့သော် ယခုအချိန်တွင်မူ သူ၏မျက်ဝန်းထဲ၌ ပြင်းထန်သော ရမ္မက်ဆန္ဒအရိပ်အယောင်များ ဖြာထွက်နေသည်။

​“နောက်ဆုံးတော့... အောင်မြင်တော့မယ်။”

​ထိုထည်ဝါသော ရဟန်းပျိုက ပါးစပ်မှ တတွတ်တွတ် ရွတ်ဖတ်နေသည်။ ရုတ်တရက်ဆိုသလိုပင် တောင်ပတ်ကဲ့သို့ ကြီးမားလှသော ဆင်စွယ်ရောင် အရိုးစုကြီးသည် တစ်ချက် တုန်ခါသွားပြီးနောက်၊ မြေငလျင်လှုပ်သကဲ့သို့ တောင်တန်းတစ်ခုလုံး ပိုမိုပြင်းထန်စွာ တုန်ခါလာခဲ့တော့သည်။

​လီယန်ချူ သတိထားမိလိုက်သည်မှာ ထိုအရိုးစုကြီး၏ အတွင်းပိုင်းထဲတွင် အလွန်ဖျော့တော့လှသော မီးတောက်တစ်ခု ကောင်းကင်သို့ ဆာ့ခနဲ မြင့်တက်လာခြင်း ဖြစ်သည်။ အမြင်အရ ဖျော့တော့နေသော်လည်း လီယန်ချူကမူ ၎င်းထဲတွင် ပါဝင်နေသော နေမင်းကြီး၏ အစစ်အမှန် စွမ်းပကားအရှိန်အဝါကို မြင်လိုက်ရသည်။

​ဒါက... နေမင်းအစစ်အမှန်မီးတောက် လား... လီယန်ချူက မနေနိုင်ဘဲ မှင်တက်သွားရသည်။

​ဤသက်စောင့်စွမ်းအား ပြတ်တောက်နေသော လျှို့ဝှက်နယ်မြေထဲတွင် အရိုးစုကြီးတစ်ခုကို တွေ့ရခြင်းကပင် အလွန်ခက်ခဲလှပြီ ဖြစ်ရာ၊ ယခုမူ ထိုဆင်စွယ်ရောင်အရိုးစုထဲမှ နေမင်းအစစ်အမှန်မီးတောက်တစ်ခု ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။

​လီယန်ချူသည် ထိုမြင့်မားထည်ဝါသော ရဟန်းပျို၏ ရုပ်သွင်ကို သဲသဲကွဲကွဲ မြင်လိုက်ရသောအခါတွင်မူ မျက်ခုံးကို မနေနိုင်ဘဲ ပင့်လိုက်မိတော့သည်။

​‘ဘယ်လိုလုပ်ပြီး သူ ဖြစ်နေရတာလဲ။’

​လီယန်ချူသည် ဤရဟန်းပျိုကို မြင်လိုက်ရသဖြင့် အစောပိုင်းက နေမင်းအစစ်အမှန်မီးတောက်ကို မြင်ရသည်ထက် ပိုမိုအံ့ဩသွားခဲ့သည်။ သူသည် ယခင်က ထောင်ယွဲ့ရှန်း နတ်ဘုရားနယ်မြေ ထဲတွင် ဤရဟန်းပျိုနှင့် ပညာပြိုင်ဆိုင်ဖူးသည်။

​ဤလူတွင် ထောင်ယဲ့ နှင့် ချီလင် ဟူသော မူလဝိညာဉ်ရုပ်ပွားတော်ကြီး နှစ်ပါး ရှိပြီး၊ မိမိလက်ထဲရှိ သန့်စင်သော ဖန်ပုလင်း မှာလည်း ဤလူ့လက်ထဲမှ လုယူခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဤရဟန်းပျိုသည် တတိယအဆင့်သို့ မဝင်ရောက်သေးသော်လည်း၊ ယခုမူ သူ၏ အရှိန်အဝါအရ သာမန် တတိယအဆင့်ဦးစွန်း ကျင့်ကြံသူမျှ မကတော့ချေ။

​ခန္ဓာကိုယ် မြင့်မားထည်ဝါသော ကျာနန်ရဟန်း သည် လောကအနှံ့ လှည့်လည်သွားလာရင်း လျှို့ဝှက်နယ်မြေပေါင်းစုံကို စူးစမ်းရှာဖွေခဲ့ရာ၊ နောက်ဆုံးတွင် ဤနေရာ၌ နဂါးအကြော လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

​ဤနေရာသည် ပြင်ပလောကရှိ တောတောင်ရေမြေများနှင့် ထပ်တူနီးပါး တူညီနေပြီး၊ တစ်စုံတစ်ဦးက ကြီးမားလှသော နတ်ဘုရားအစွမ်းဖြင့် ပြင်ပလောကက တောတောင်များကို ဤနေရာတွင် ပုံတူကူးယူထားခဲ့ခြင်း ဖြစ်သည်။ သူတွင် ဗုဒ္ဓဘာသာ၏ နတ်မျက်စိအတတ် ရှိသဖြင့် ဤနေရာသည် မျက်နှာပြင်ထက်တွင် သက်စောင့်စွမ်းအားများ ပြတ်တောက်နေသော်လည်း အလွန်ကြီးမားသော တန်ဖိုးရှိကြောင်း မြင်နိုင်သည်။

​ထိုအရာမှာ ဤနေရာ၌ ကျဆုံးကွယ်လွန်သွားခဲ့သော ‌ ရွှေ ကျီးကန်း ၏ အရိုးစုကြီးပင် ဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းနတ်သားရဲဖြစ်ပြီး ဒဏ္ဍာရီပုံပြင်များထဲက ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည် ရှိသူ ဖြစ်သည်။ ထို့ပြင် ဤနေရာရှိ အရိုးစုထဲတွင် အလွန်တန်ဖိုးရှိလှသော နတ်ဘုရားစွမ်းအား အကြွင်းအကျန်များနှင့် နေမင်းအစစ်အမှန်မီးတောက်တစ်ခု ကိန်းဝပ်နေသည်။

​ကျာနန်ရဟန်းသည် အရင်းအမြစ်ပေါင်းများစွာကို အသုံးပြုကာ နဂါးအကြောကို ရှာဖွေတွက်ချက်ခဲ့ပြီး၊ နောက်ဆုံးတွင် ဤကြီးမားလှသော ကျိန်းဝူးအရိုးစုကြီးထဲမှ နတ်ဘုရားစွမ်းအားအကြွင်းအကျန်များနှင့် နေမင်းအစစ်အမှန်မီးတောက် ရှိရာနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

​နေမင်းအစစ်အမှန်မီးတောက် ထွက်ပေါ်လာသည့် ခဏ၌ ကျာနန်ရဟန်းသည် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ အစောပိုင်းက ထိုအရပ်မျက်နှာမှ အသက်ရှူသံအငွေ့အသက်ကို ခံစားလိုက်ရသော်လည်း၊ အလွန်တရာ တည်ငြိမ်လွန်းသဖြင့် သတိမထားမိခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ကျာနန်ရဟန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။

​ထိုထက်မြက်လှသော မျက်နှာသွင်ပြင်သည် သူ့အား မည်သည့်အခါမျှ မေ့ပျောက်၍မရနိုင်အောင် လုပ်ခဲ့ဖူးသည် မဟုတ်ပါလော။

​“သူပဲ။”

​သို့သော် ဤနဂါးအကြော လျှို့ဝှက်နယ်မြေကို ထိုလူက မည်သို့သော နည်းလမ်းဖြင့် ရှာဖွေတွေ့ရှိသွားခဲ့သည်ကိုမူ သူ အံ့ဩနေမိသည်။ သူသည် တာ့ရှန်ကော်ကျောင်းတော် ထဲတွင် အဆင့်အတန်း အလွန်မြင့်မားလှပြီး မိမိကိုယ်တိုင်လည်း ကြီးမြတ်သောအရှင်တစ်ပါး လူဝင်စားခြင်း ဖြစ်သည်။ လက်ထဲတွင်လည်း အစွမ်းထက်သော ရတနာပစ္စည်းများ ရှိသဖြင့် ပထမအဆင့်တွင် ပြိုင်ဘက်ကင်း၊ ဒုတိယအဆင့်တွင် ပြိုင်ဘက်ကင်း၊ တတိယအဆင့်တွင်လည်း ပြိုင်ဘက်ကင်းအဖြစ် ဤကဲ့သို့ တောက်ပသော လမ်းစဉ်အတိုင်း လျှောက်လှမ်းလာခဲ့သူ ဖြစ်သည်။

​သို့သော် မထင်မှတ်ဘဲ ထောင်ယွဲ့ရှန်း ထဲတွင် ထိုတာအိုဆရာ၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် သူသည် အရှက်တကွဲဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ရသဖြင့် မိမိ၏ စိတ်နှလုံးထဲတွင် ကြီးမားသော အမာရွတ်တစ်ခု ဖြစ်ကျန်ခဲ့ရသည်။

သန့်စင်သော ဖန်ပုလင်း နှင့် ခရမ်းရွှေရောင် သပိတ်တော် တို့လည်း လုယူခြင်း ခံခဲ့ရသည်။

​ရန်သူချင်း တွေ့ဆုံကြလျှင် မျက်လုံးများ နီမြန်းသွားတတ်ကြသည် မဟုတ်ပါလော။ ကျာနန်ရဟန်းသည် မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ မျက်ခုံးအလယ်ဗဟိုကို လက်ညှိုးဖြင့် တို့လိုက်ရာ၊ ရွှေရောင်ဆေးများက တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံး ရွှေရောင်တောက်ပသော နတ်ရုပ်ပွားတော်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

​‘အခု ငါက တတိယအဆင့် အလယ်ဗဟိုကို ရောက်နေပြီ။ ငါ့ရဲ့ ရတနာပစ္စည်းတွေနဲ့ဆိုရင် အဆင့်နှောင်းပိုင်း ကျင့်ကြံသူကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်။’

‘ဒီနေ့ကတော့ ဒီတာအိုဆရာရဲ့ သေနေ့ပဲ။’ ကျာနန်ရဟန်းက စိတ်ထဲက ကြုံးဝါးလိုက်သည်။

​လူဝင်စားပြီး ပြန်လည်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤမျှ လျင်မြန်စွာ အရှိန်မြှင့်နိုင်ရန် မဖြစ်နိုင်သော်လည်း၊ ဤကာလအတောအတွင်း သူသည်လည်း အခွင့်အရေးထူးအချို့ကို ရရှိခဲ့ဖူးသည်။ ထို့ကြောင့် ကျင့်ကြံမှုအဆင့်က ဒုံးကျည်ကဲ့သို့ မြင့်တက်လာပြီး ယခင်ဘဝက မှတ်ဉာဏ်များနှင့် ကျင့်စဉ်ပေါင်းများစွာကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

​သို့သော် ဤရက်ပိုင်းအတွင်း လျှို့ဝှက်နယ်မြေများကို စူးစမ်းရာမှ ရရှိလာသော အလွန်ပင် တည်ငြိမ်ရင့်ကျက်လှသည့် အလေ့အထအရ၊ သူသည် ဗုဒ္ဓဘာသာ၏ ခန္ဓာကိုယ်ကာကွယ်ရေး နတ်ဘုရားအစွမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

​ ထောင်ယဲ့ နှင့် ချီလင် မူလဝိညာဉ်ရုပ်ပွားတော်ကြီး နှစ်ပါးလုံးရှိသော ရဟန်းပျိုကို ရင်ဆိုင်ရသော်လည်း လီယန်ချူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ ကျာနန်ရဟန်းက ဟင်းလင်းပြင်ကို ဖြတ်၍ လက်သီးတစ်ချက် ဝှေ့ယမ်းထိုးနှက်လိုက်သည်။ သူ၏ လက်သီးအဟုန်သည် ကောင်းကင်ယံတွင် ရေလှိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာပြီး လီယန်ချူအား ဝါးမြိုပစ်ရန် တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ၎င်း၏ အသက်ရှူစွမ်းအားနှင့် ဖာလီစွမ်းအားများသည်လည်း ထိပ်ဆုံးအဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

​နှစ်ဦးသားက အလွန်တရာ ဝေးကွာလှသော်လည်း လီယန်ချူက လက်ကို မြှောက်လိုက်သည့် ခဏ၌၊ ကြီးမားလှသော နတ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီးတစ်ချက်သည် ကောင်းကင်ယံမှ ဝုန်းခနဲ ကျဆင်းလာခဲ့သည်။ လက်သီးရိုက်ချက်က သူ၏ ခန္ဓာကိုယ်ကာကွယ်ရေး အလင်းတန်းပေါ်သို့ ထိမှန်သွားသော်လည်း ရေလှိုင်းလေးများကဲ့သို့ ရိုက်ခတ်ရုံမျှသာ ရှိပြီး၊ ကာကွယ်ရေးကို မဖျက်ဆီးနိုင်ခဲ့ချေ။

​ချက်ချင်းပင် စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသည့် လက်ဝါးကြီးက ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။ အလွန်တရာ ထည်ဝါပြတ်သားလှပေသည်။ သို့သော် ကျာနန်ရဟန်း၏ ခန္ဓာကိုယ်ထက်က ရွှေရောင်ဆေးများသည် ဗုဒ္ဓဘာသာ၏ ထိပ်တန်းကာကွယ်ရေး နတ်ဘုရားအစွမ်း ဖြစ်သည်။ တစ်ကိုယ်လုံး ကြေးသွန်းရွှေချထားသော နတ်ရုပ်တုကြီးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် လီယန်ချူ၏ တိုက်ခိုက်မှုကို လုံးဝ ဂရုမစိုက်ချေ။

​လက်ဝါးကြီး ကျဆင်းလာသောအခါ တောင်တန်းကြီးများပင် တုန်ခါသွားခဲ့သော်လည်း၊ ကျာနန်ရဟန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါတွင်မူ မသိမသာ ခြစ်ရာအနည်းငယ်မျှသာ ထင်ကျန်ရစ်ခဲ့သည်။ နှစ်ဦးသားက တစ်ချက်စီ အပြန်အလှန် လဲလှယ်လိုက်ကြခြင်း ဖြစ်သည်။

​ထိုအချိန်တွင် ကျာနန်ရဟန်းသည် ရင်ထဲ၌ ထိတ်လန့်သွားရသည်။ ‘သူကလည်း တတိယအဆင့်ကို ချိုးဖျက်သွားနိုင်ပြီလား။ ပြီးတော့ သူ့ရဲ့ စွမ်းအားက ငါ့ထက်တောင် ပိုပြီး နက်ရှိုင်းနေသလိုပဲ။’

​ချက်ချင်းပင် ကျာနန်ရဟန်းသည် ခြေလှမ်းများကို ပြင်းပြင်းထန်ထန် လှမ်း၍ ပြေးထွက်လာခဲ့သည်။ သူတွင် ဗုဒ္ဓဘာသာ၏ နတ်ခြေလှမ်းအတတ် ရှိသဖြင့် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေပေါင်း ရာချီ၍ ခုန်ကူးသွားနိုင်သည်။ လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိလာသောအခါ သူသည် ရွှေရောင်တောက်ပသော နတ်ရုပ်ပွားတော်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲလိုက်သည်။ ခန္ဓာကိုယ်က တောင်ပတ်ကဲ့သို့ ကြီးမားလှပြီး ဦးခေါင်းနောက်ကွယ်တွင် တောက်ပလှသော မီးကွင်းကြီးတစ်ခု ဝန်းရံနေသည်။

​ယခင်အကြိမ်က လီယန်ချူ၏ မီးနတ်ဘုရား ကိုယ်ပွားတော်၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရပြီး၊ ကျောက်စိမ်း ‌ပေတံဖြင့် ရိုက်နှက်ကာ သန့်စင်သော ဖန်ပုလင်းကို လုယူခြင်း ခံခဲ့ရသဖြင့်၊ သူသည် ယခုတစ်ကြိမ်တွင် အထူးဆန်းပြားသော နတ်လက်နက်တစ်ခုကို အမိအရ ရှာဖွေလာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဝါးရောင်သန်းနေသော ‘နတ်ရိုက်နှက်တုတ်ကောက်’ ဖြစ်ပြီး၊ အရှည် သုံးပေ ခြောက်လက်မ ငါးမူး ရှိကာ၊ အဆစ်ပေါင်း နှစ်ဆယ့်တစ်ဆစ် ပါဝင်သည်။ အဆစ်တစ်ခုစီတွင် နတ်မန္တန်အမှတ်အသား လေးခုစီ ပါရှိရာ စုစုပေါင်း နတ်မန္တန် ရှစ်ဆယ့်လေးခု ပါဝင်သည်။

​ဒါရှန်ပြန်

​၎င်းသည် နတ်ဘုရားများနှင့် သက်ဆိုင်သူများကို အထူးတလည် ဒဏ်ရာရစေနိုင်သော အလွန်အစွမ်းထက်သည့် ရတနာပစ္စည်း ဖြစ်သည်။ ထိုဝါးရောင်သန်းနေသော ဒါရှန်ပြန်သည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပျံသန်းနေပြီး ဆန်းပြားသော တာအိုအငွေ့အသက်များကို ထုတ်ဖွှတ်နေသည်။ အကယ်၍ လီယန်ချူသာ ‘မီးနတ်ဘုရား ကိုယ်ပွားတော်ကို ထုတ်ပယ်လိုက်ပါက ကျာနန်ရဟန်းသည် ဒါရှန်ပြန်ကို အသုံးပြု၍ တိုက်ရိုက် ရိုက်နှက်မည် ဖြစ်သည်။

​သို့သော် သူ တဟုန်ထိုး သတ်ဖြတ်ဝင်ရောက်လာသော်လည်း လီယန်ချူသည် ‘မီးနတ်ဘုရား ကိုယ်ပွားတော်ကို ထုတ်ပယ်ခြင်း အလျင်းမရှိချေ။ သူ၏ မျက်ဝန်းအစုံမှာ လျှပ်စီးကြောင်းကဲ့သို့ ထက်မြက်နေပြီး၊ အသံမှာလည်း မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်လာခဲ့သည်။

​“ငါ့ရဲ့ လက်ဝါးထဲမှာ မိုးကြိုးနတ်ဘုရား ငါးရာ ကိန်းဝပ်နေတယ်။ မြေပြင်ကို တွန်းထုတ်ရင် ကောင်းကင်ပါ ပြိုကွဲစေရမယ်။ မိစ္ဆာနဲ့ သရဲတစ္ဆေတွေ ဒါနဲ့ တွေ့ရင် မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် ပြောင်းလဲစေရမယ်။ ငါးပါးမိုးကြိုးလက်ဝါးမန္တန်... အမိန့်တော်အတိုင်း အမြန်ဆုံး ဖြစ်စေရမယ်။”

​စကားသံ ဆုံးသည်နှင့် တပြိုင်နက် ဟာလာဟင်းလင်း ဖြစ်နေသော ဟင်းလင်းပြင်ကြီးထဲမှ မိုးကြိုးမုန်တိုင်းများ ဝုန်းခနဲ ကျဆင်းလာခဲ့တော့သည်။

​ဂျိန်း... ဒုန်း

​မိုးကြိုးများက ဦးခေါင်းထက်သို့ တိုက်ရိုက် ပစ်ချလိုက်ခြင်း ဖြစ်သည်။ ကျာနန်ရဟန်း၏ နတ်ရုပ်ပွားတော်ကြီးသည် ချက်ချင်းပင် မိုးကြိုးပစ်ခတ်မှုကြောင့် တစ်ကိုယ်လုံး လှည့်ပတ်သွားကာ မျက်စိလည်လမ်းမှား ဖြစ်သွားရသည်။ လီယန်ချူ၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ဤမိုးကြိုးမန္တန်ကို ထုတ်ဖော်လိုက်သောအခါ ၎င်း၏ အရှိန်အဝါမှာ အလွန်တရာ ကြီးမားထည်ဝါလှပေသည်။

​သူ၏ လက်သီးနှင့် လက်ဝါးများ လှုပ်ရှားလိုက်တိုင်း မိုးကြိုးအလင်းတန်းများ ဆက်တိုက် ကျဆင်းလာခဲ့သည်။ မိုးကြိုးများက ဦးခေါင်းထက်သို့ ပစ်ချနေပြီး ကောင်းကင်က မိုးကြိုးဒဏ်ပေးနေသကဲ့သို့ ဖြစ်နေသည်။ ဤသက်စောင့်စွမ်းအား ပြတ်တောက်နေသော နဂါးအကြော လျှို့ဝှက်နယ်မြေထဲတွင် ရွှေရောင်တောက်ပသော နတ်လူသားကြီးသည် မိုးကြိုးပစ်ခတ်မှုကြောင့် အလွန်တရာ အရှက်ရပြီး သနားစဖွယ် ဖြစ်နေရရှာသည်။

​သူ့ခန္ဓာကိုယ်ထက်က ရွှေရောင်ဆေးများမှာလည်း တဖျပ်ဖျပ်ဖြင့် ကွာကျလာခဲ့ပြီး၊ ခန္ဓာကိုယ်ကြီးမှာလည်း ပိုမိုသေးငယ်သွားကာ နောက်ဆုံးတွင် ထိုမြင့်မားထည်ဝါသော ရဟန်းပျိုအသွင်သို့ ပြန်လည် ပြောင်းလဲသွားခဲ့ရသည်။

​သူ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်ရိပ်များ ဖြာထွက်နေပြီး...

​“ဒီ‌ ကောင် က... သိုင်းလောကရဲ့ ကျင့်ဝတ်တွေကို လုံးဝ မလိုက်နာဘူးပဲ ”

​

All Chapters