အခန်း ၁၉၁၂
Vol. 192 Ch. 1912
အခန်း (၁၉၁၂) - မျက်နှာသာပေးခြင်း
ရောက်ရှိလာသူမှာ ရိုးရှင်းသော ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး မည်သည့် အလှပြင်ပစ္စည်းမျှ လိမ်းခြယ်ထားခြင်း မရှိပေ။ ဝတ်စားဆင်ယင်မှုမှစ၍ အရှိန်အဝါအထိ ကြည့်မည်ဆိုလျှင် ကျေးလက်တောရွာမှ မိန်းကလေးတစ်ဦးနှင့်သာ တူနေသည်။
သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဤနေရာသို့ ရဲရဲဝံ့ဝံ့ လာရောက်ရဲသည့် ယင်မသေမျိုး သို့မဟုတ် ယင်နတ်ဆိုးဟူသည် မည်သို့မျှ သာမန်ကာလျှံကာ ပုဂ္ဂိုလ်မျိုး မဖြစ်နိုင်ချေ။
"အရင်ဆုံး ယင်ရှန်ဘုရင် ပေါ်လာတယ်၊ အဲဒီနောက်မှာ ဟေးရီဧကရာဇ်နဲ့ သူ့ရဲ့ ရွှေစစ်သည် (၁၂) ပါး၊ အခုလည်း ရှေးဟောင်း နဂါးနတ်ဘုရားနန်းတော်က တစ်စုတစ်ဝေးကြီး ရောက်လာပြန်ပြီ။ ဒီအမျိုးသမီးရဲ့ နောက်ခံကလည်း မရိုးရှင်းမှာ သေချာတယ်။ ဒီတစ်ခါတော့ ဖူထူလောက ထဲက တစ္ဆေသူရဲ သရဲသဘက်တွေ အကုန်လုံး ထွက်လာကြတော့မှာပဲ"
"သူက ယင်မသေမျိုးလား၊ ယင်နတ်ဆိုးလား... တကယ်လို့ ယင်နတ်ဆိုးဆိုရင်တော့ နောက်ထပ် ယင်နတ်ဆိုးဘုရင် တစ်ပါး ဖြစ်နေမလား"
လူတိုင်း၏ မျက်ခုံးများအကြား လေးနက်မှုများ ယှက်သန်းလာသလို တစ်ပြိုင်တည်းမှာပင် မတတ်သာသည့် ခံစားချက်တို့လည်း ပြည့်နှက်နေသည်။
နတ်လမ်းစဉ်ဂိုဏ်းနှင့် မော်ထျန်းဌာနတို့ ပေါ်မလာသေးခင်မှာပင် ဤနေရာတွင် ထိပ်သီးပညာရှင်များ တသီတတန်းကြီး ဖြစ်နေပြီဖြစ်သည်။ ၁၈ ထပ် ငရဲမျှော်စင်က ယင်စွမ်းအား ဝါးမြိုမှု ရပ်တန့်သွားမည့် အခိုက်အတန့်တွင် ဤနေရာသည် မည်မျှအထိ ရုန်းရင်းဆန်ခတ် ဖြစ်သွားမည်ကို သူတို့ စိတ်ကူးပင် မယဉ်ရဲတော့ချေ။
သူတို့အနေဖြင့် မိမိတို့ဘက်တွင်ပဲ ခိုင်ခိုင်မာမာ ရပ်တည်သင့်သလား၊ သို့မဟုတ် တစ်ဖက်ဖက်နှင့် ပူးပေါင်းသင့်သလား။
ဤသို့ တွေးမိသည်နှင့် လူအတော်များများမှာ ကျွယ်မင်နတ်နန်းတော် ကျင့်ကြံသူများ၏ ဝန်းရံခြင်းကို ခံထားရသော အလယ်ဗဟိုရှိ ဖန့်ချန်ကို မသိစိတ်ဖြင့် လှမ်းကြည့်မိကြသည်။
"အစ်မကြီး... သူတို့ ဘယ်သူလဲဆိုတာ မှတ်မိပြီလား"
ချန်အန်းရွှယ်က တိုးတိုးလေး မေးလိုက်သည်။
"မှတ်မိတာပေါ့"
ရှဲ့အာမန်က ခေါင်းအသာ ငြိမ့်လိုက်သည်။ သူတို့သည် ယခင်က တာ့လေ့ယင်း တွင် ဤပုဂ္ဂိုလ်နှင့် တစ်ကြိမ် ဆုံတွေ့ဖူးသည်။ ထိုစဉ်က ဤပုဂ္ဂိုလ်၏ သဘောထားမှာ အတော်အတန် နူးညံ့သိမ်မွေ့ခဲ့သည်။
သို့သော် ယနေ့ ရောက်ရှိလာခြင်းမှာ မည်သည့်ဘက်တွင် ရပ်တည်ရန်လဲဆိုသည်ကိုမူ မသိနိုင်ချေ။ အဆုံးစွန်ပြောရလျှင် ၁၈ ထပ် ငရဲမျှော်စင်ကဲ့သို့သော ယင်လောက ရတနာထူးဆိုသည်မှာ သူတောင်းစားများကြားထဲသို့ ရွှေတုံးတစ်တုံး ကျလာသကဲ့သို့ပင်။ ညီအစ်ကိုအရင်းအချာများပင်လျှင် ဤအတွက်ကြောင့် ရန်သူဖြစ်သွားနိုင်သည် မဟုတ်ပါလား။
"ဟွားကျိသိုက် "
ယင်ရှန်ဘုရင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏ ခမောက်ကို ချွတ်ကာ ဟွားကျိသိုက် တစ္ဆေမယ်တော် ကို ကြည့်လိုက်သည်။
"ယင်ရှန်ဘုရင်... မတွေ့ရတာ ကြာပြီနော်"
ဟွားကျိသိုက် တစ္ဆေမယ်တော်က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"ဟွားကျိသိုက် တကယ်ပဲ ယင်နတ်ဆိုးဘုရင် (၆) ပါးထဲက တစ်ပါးလား။ သူက အမျိုးသမီး ဖြစ်နေတာကိုး"
တစ်စုံတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သဖြင့် ဟွားကျိသိုက် ဝိညာဥ်မယ်တော်၏ မူလဇစ်မြစ်ကို အားလုံး အတည်ပြုသွားနိုင်ကြသည်။
"ယင်ရှန်ဘုရင်၊ ပေဟိုင်မြွေနက်၊ ဟွားကျိသိုက်... နတ်ဆိုးဘုရင် ၆ ပါးထဲက ၃ ပါးတောင် ရောက်နေပြီ။ ဒီ ဝိညာဥ်မယ်တော်က ဘယ်ဘက်က ရပ်တည်မလဲ မသိဘူး..."
သတိထား စူးစမ်းနေသော အကြည့်ပေါင်းများစွာသည် ဝိညာဥ်မယ်တော်ထံ၌ စုပြုံကျရောက်နေသည်။
ယင်ရှန်ဘုရင်က ရယ်မောလိုက်ပြီး
"မယ်တော်... ခင်ဗျား ကွယ်လွန်သွားပြီလို့ ကျွန်တော် ထင်နေတာ၊ အခုတော့ ရှိနေသေးတာပဲ။ ဒီနေ့က ၁၈ ထပ် ငရဲမျှော်စင်အတွက် လာတာလား"
"ကျွန်မရဲ့ အရင်က အခြေအနေက ကွယ်လွန်သွားတာနဲ့လည်း သိပ်မခြားနားပါဘူး"
တစ္ဆေမယ်တော်က ပြုံးလျက် ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ယင်ရှန်ဘုရင်ကို ဆိုသည်။
"ကျွန်မ ဒီကိုလာတာ ၁၈ ထပ် ငရဲမျှော်စင်အတွက် မဟုတ်ဘူး၊ ငရဲမင်း အစစ်အမှန် အတွက် လာတာပါ"
"ဒါပေါ့... မယ်တော်က အရင် ငရဲမင်းရဲ့ လက်အောက်ငယ်သား ဖြစ်ခဲ့တာပဲ၊ အစစ်အမှန်ဘက်က ထောက်ခံတာက သဘာဝကျပါတယ်။ ဒါဆိုရင် ဒီနေ့မှာ ကျွန်တော်နဲ့ မယ်တော်က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြပြီပေါ့"
ယင်ရှန်ဘုရင်က ဆိုလိုက်သည်။
ထိုက်ချန်းနယ်မြေမှ မိစ္ဆာမျိုးနွယ် ယင်မသေမျိုးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေသည်။ သူတို့သည် ဟေးရီဧကရာဇ်ကို တစ်လှည့်၊ ဖန့်ချန်ကို တစ်လှည့် ကြည့်ရင်း အတွေးနက်နေကြဟန် ရှိသည်။
ထိုစဉ်မှာပင် ဟေးရီဧကရာဇ်သည်လည်း ဝိညာဥ်မယ်တော်ကို စူးစမ်းပြီးနောက် အေးစက်စက် နှာခေါင်းရှုံ့ကာ ရယ်မောလိုက်သည်။
"အရင်ခေတ်က အကြွင်းအကျန်က အခုခေတ် ငရဲမင်းနောက်ကို လိုက်ချင်တာလား မင်းက ယင်ရှန်ဘုရင်လိုပဲ တွေးနေတာလား၊ သူ့အပေါ်မှာ အလောင်းအစား လုပ်ချင်နေတာလား"
သူက ဖန့်ချန်ကို လက်ညှိုးထိုးပြရင်း လှောင်ပြောင်လိုက်သည်။
"ငါကြည့်ရသလောက်တော့ မင်းလည်း ရူးနေပြီထင်တယ်။ လက်ရှိ နယ်မြေကိုးခုရဲ့ အခြေအနေကို မင်း မမြင်သေးဘူးလား ကောင်းကင်ဘုံ မရှိတဲ့ နယ်မြေကိုးခုဆိုတာ စဉ်းနှီတုံးပေါ်က ငါးလိုပဲ၊ ဘယ်သူမဆို လာပြီး ခုတ်ထစ်လို့ ရတယ်။"
"မင်း ငါနဲ့အတူ ရပ်တည်သင့်တယ်။ ယင်လောကကနေတစ်ဆင့် ကောင်းကင်ဘုံအဖြစ် ကူးပြောင်းမယ့် မော်ထျန်းဌာနရဲ့ ဌာနချုပ်ကို ထောက်ခံရမယ်။ ဒါမှသာ ဒီနယ်မြေကို စောင့်ရှောက်နိုင်လိမ့်မယ် "
"ဟေးရီဧကရာဇ်ကတော့ ဟန်ဆောင်မနေတော့ဘူးပဲ..."
လူတိုင်း၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။
"မင်းပြောတာက ပြင်ပအင်အားစုတွေရဲ့ ကျူးကျော်မှုကို ဆိုလိုတာလား"
ဟွားကျိသိုက် မယ်တော်က ဟေးရီဧကရာဇ်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"မှန်တာပေါ့"
ဟေးရီဧကရာဇ်က ခေါင်းကို မော့ကာ ဆိုသည်
"ပြင်ပအင်အားစုတွေရဲ့ ကျူးကျော်မှုက ကျိန်းသေပေါက် ဖြစ်လာမှာပဲ။ ငါတို့ အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... နှစ်ပေါင်း တစ်ရာ၊ ဒါမှမဟုတ် ရာဂဏန်း၊ ထောင်ဂဏန်း... တစ်နေ့မှာ ရင်ဆိုင်ရမှာပဲ။ တကယ်လို့ နယ်မြေကိုးခုမှာ ကောင်းကင်ဘုံ မရှိရင်၊ နယ်မြေကိုးခုဟာ ကျွန်စစ်သည်တွေအဖြစ်နဲ့ပဲ ပြင်ပအင်အားစုတွေရဲ့ လက်အောက်ကို ရောက်သွားလိမ့်မယ်"
"ငါတို့ကတော့ ပြင်ပအင်အားစုတွေကို ကြောက်နေမှာ မဟုတ်ဘူး"
ယင်မသေမျိုး တစ်ဦးက အေးစက်စက် လှောင်ပြောင်သည်။
ဟေးရီဧကရာဇ်က ထိုသူကို တစ်ချက်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် လှောင်ပြောင်မှုကို အထင်အရှား မြင်နိုင်သည်။
သူက မဖုံးမကွယ်ဘဲ
"မင်း မကြောက်ဘူး ဟုတ်လား အဲဒါ မင်းက တွင်းထဲက ဖားဖြစ်နေလို့ပဲ။ ပြင်ပအင်အားစုတွေရဲ့ လက်နက်တွေကို မင်း မမြင်ဖူးသေးလို့ပါ။ မင်းသာ သိသွားရင်... မင်းနဲ့ ပြင်ပအင်အားစုတွေကြားက ကွာခြားချက်ဟာ၊ မင်းနဲ့ ပုရွက်ဆိတ်ကြားက ကွာခြားချက်ထက်တောင် အများကြီး ပိုကြီးမားတယ်ဆိုတာ နားလည်သွားလိမ့်မယ်"
ထိုယင်မသေမျိုးမှာ မှင်တက်သွားပြီး သံသယဖြစ်ဖွယ် အကြည့်များဖြင့် ရှိနေသည်။ ဟေးရီဧကရာဇ်၏ စကားကို အပြည့်အဝ မယုံကြည်နိုင်သေးပုံရသည်။
"ဟေးရီဧကရာဇ်... ဒါမှမဟုတ် မင်းကို ကျန်းဝူးသူတော်စင်တစ်ပိုင်း လို့ ခေါ်ရမလား"
လူတိုင်း ထိတ်လန့်သွားပြီး ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။ အကြောင်းမှာ အစကတည်းက ဤငရဲမင်းသည် စကားအပြောနည်းခဲ့သည်။ ဟေးရီဧကရာဇ် စရောက်လာစဉ်ကပင် စကားသိပ်မပြောခဲ့ချေ။
သို့သော် ယခုအခါတွင်မူ သူက ရုတ်တရက် စကားစလာပြီး၊ နဂါးနတ်ဘုရား ခေါ်ဝေါ်ခဲ့သည့် ဘွဲ့အမည်နှင့် ဆင်တူသော အခေါ်အဝေါ်ကို သုံးနှုန်းလိုက်သည်။
'ကျန်းဝူး ဆိုတာကို နားလည်နိုင်ပေမဲ့၊ သူတော်စင်တစ်ပိုင်း ဆိုတာက ဘာအဓိပ္ပာယ်လဲ'
လူတိုင်း၏ အမူအရာမှာ လေးနက်သွားသည်။ သူတို့ မသိနိုင်သော လျှို့ဝှက်ချက်အချို့ ရှိနေသည်မှာ သေချာသည်။
ဟေးရီဧကရာဇ်၏ မျက်ဝန်းအိမ်တွင် မြင့်မြတ်လှသော အလင်းတန်းတစ်ခု ဝင်းခနဲ ဖြတ်ပြေးသွားသည်။ သူက ဖန့်ချန်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
"ဖန့်ငရဲမင်းက လျှို့ဝှက်ချက်တွေကို အတော်များများ သိထားတာပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် မင်းတို့ ဖန့်မျိုးနွယ်စုမှာ အိုကြီးအိုမတွေ အသက်ရှင်ကျန်ရစ်နေသေးတာ သိသာပါတယ်။ ငါ့ရဲ့ အရင်က ဘွဲ့အမည်ကို မင်းသိတော့ ဘာထူးမှာလဲ မင်း ငါ့ကို ဘယ်လို အကြောင်းပြချက်နဲ့ နားချမလို့လဲ ငါက ယင်ရှန်ဘုရင် မဟုတ်သလို၊ ဟွားကျိသိုက် ဝိညာဥ်မယ်တော်လည်း မဟုတ်ဘူး။ ငါ့ကို လှည့်စားဖို့က မလွယ်ဘူးနော်"
"မင်းကို လှည့်စားပြီး ဘာလုပ်ရမှာလဲ"
ဖန့်ချန်က အံ့ဩဟန်ဖြင့် ဆိုသည်
"မင်းက ၁၈ ထပ် ငရဲမျှော်စင်ကို လုယူပြီး၊ နယ်မြေကိုးခုကို ပြင်ပအင်အားစုတွေဆီ ရောင်းစားဖို့ ကြံစည်နေတာ မဟုတ်လား မော်ထျန်းဌာနက လူဆိုတာလည်း မင်းနဲ့ နတ်လမ်းစဉ်ဂိုဏ်းက လူတွေရဲ့ လှည့်ကွက်ထဲမှာ ပတ်ချာလည်နေရတာပဲ မဟုတ်လား တကယ်လို့ နယ်မြေကိုးခုမှာ ကောင်းကင်ဘုံသာ ရှိလာရင် မင်းတို့အတွက် အဆိုးပဲ ရှိလိမ့်မယ်၊ အကောင်း လုံးဝ ရှိမှာမဟုတ်ဘူး"
စကားဆုံးသည်နှင့် သူက ထိုက်ချန်းနယ်မြေမှ မိစ္ဆာယင်မသေမျိုးများကို လှည့်ကြည့်လိုက်သည်။
"မင်းတို့က မြင့်မြတ်တဲ့ မိစ္ဆာမျိုးနွယ် ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်... နတ်ဆိုးမျိုးနွယ် နဲ့ ပူးပေါင်းစရာ အကြောင်းပြချက် မရှိဘူး။ သူတို့ရဲ့ နယ်မြေရှာဖွေသူအုပ်စု က အပြင်လောကမှာ အတော်လေး အခြေအနေ ကောင်းနေတာပဲ၊ နယ်မြေကိုးခုကို ဘယ်မျက်စိကျတော့မှာလဲ ဒီနှစ်တွေမှာ နတ်ဆိုးမျိုးနွယ်တွေ ဘာလို့ ရုတ်တရက် ထကြွလာတာလဲလို့ ငါ တွေးနေတာ... သူတို့က အပြင်ကို သတင်းပို့နေတာ မဟုတ်ဘဲ အပြင်က သတင်းတွေကို လက်ခံရရှိနေတာ ဖြစ်ရမယ်။"
"အပြင်က နယ်မြေရှာဖွေသူအုပ်စုတွေ အခြေအနေ ကောင်းနေတာကို သိလို့၊ နယ်မြေကိုးခုကို အချိုပွဲတစ်ခုအဖြစ် ပေးအပ်လိုက်ချင်နေတာပဲ။ ဒါဟာ မျက်နှာသာပေးတဲ့ ကိစ္စတစ်ခု လုပ်ရင်းနဲ့၊ တစ်ဖက်ကလည်း လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ကို လက်စားချေဖို့ ကြံစည်နေတာပဲ"
ထိုက်ချန်းနယ်မြေမှ မိစ္ဆာယင်မသေမျိုးများ၏ မျက်နှာမှာ လေးနက်သွားသည်။
အမှောင်ထုထဲတွင်မူ...
ကောက်ကျစ်စဉ်းလဲသော အသွင်ရှိသည့် ဘုန်းကြီးတစ်ပါးက တဟိဟိ ရယ်မောနေသည်။
"ဒီငရဲမင်းက အကဲခတ် တော်သားပဲ။ ဒါပေမဲ့ မင်းတို့ မိစ္ဆာမျိုးနွယ်တွေကလည်း ဒါကို ကြိုမြင်နေလို့ ငါတို့ ကျဆုံးမသေမျိုး တွေနဲ့ ပူးပေါင်းပြီး နတ်လမ်းစဉ်ဂိုဏ်းကို ပြန်တိုက်ဖို့ ပြင်နေတာကိုတော့ သူ မသိရှာဘူး။ ငါတို့မျိုးနွယ်စုရဲ့ ဧကရာဇ်မင်း ကြွရောက်လာတဲ့အခါ၊ ဒီဟေးရီဧကရာဇ်ကိုပါ တစ်ခါတည်း နှိမ်နင်းပစ်ကြရင် ဘယ်လိုလဲ"
"သူ့ရဲ့ ဒီသတင်းတွေက မြင့်မြတ်တဲ့ မိစ္ဆာမျိုးနွယ်စုဆီက ပေါက်ကြားသွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ ငါတို့မျိုးနွယ်စုက လူသားတွေနဲ့ ပူးပေါင်းဖို့ အစီအစဉ် မရှိဘူး။
အရင်က သဘောတူထားတဲ့ အတိုင်းပဲ... မင်းတို့က ငါတို့ကို နယ်မြေကိုးခု စိုးမိုးဖို့ ကူညီပေး၊ ငါတို့က မင်းတို့နောက်ကွယ်က ဧကရာဇ်အတွက် အတားအဆီးအားလုံးကို ဖယ်ရှားပေးပြီး နတ်ဘုရားလောက ရဲ့ ပြိုင်ဘက်ကင်း ဧကရာဇ် ဖြစ်လာအောင် လုပ်ပေးမယ်"
ရှောင်ကွမ်းယင် က တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒီလောက်အထိ ရဲတင်းတာလား ဟဲဟဲ... ငါ သဘောကျတယ် "
...
...
"ဟေးရီဧကရာဇ်... ဖန့်ငရဲမင်း ပြောတာ တကယ်လား မင်းနဲ့ နတ်လမ်းစဉ်ဂိုဏ်းက နတ်ဆိုးတွေက နယ်မြေကိုးခုကို ရောင်းစားဖို့ ကြံနေတာလား"
"တကယ်လို့ အဲဒီလိုသာ အစီအစဉ် ရှိနေရင်တော့... မင်းတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ပေးသင့်တယ် "
အဖွဲ့အသီးသီးမှ ယင်မသေမျိုးများမှာ လေးနက်သော မျက်နှာထားများဖြင့် ဝိုင်းဝန်း မေးမြန်းကြလေတော့သည်။