← Chapters

အခန်း ၁၉၁၆

Vol. 192 Ch. 1916

အခန်း ၁၉၁၆

Vol. 192 Ch. 1916

အခန်း (၁၉၁၆) - ရှန်ပိစစ်တပ်

​"ဟေးရီဧကရာဇ်... ပြောစမ်းပါဦး၊ မျိုးရိုးနောက်ခံတွေ အခြေခံတွေအကြောင်း ပြန်စပြောကြမလား"

​ရှောက်မုန့်ယွမ်သည် ဟေးရီဧကရာဇ်ကို မဲ့ပြုံးဖြင့် ကြည့်နေပြီး သူ၏မျက်ဝန်းထဲတွင် မိမိ၏ ဘိုးဘေးအပေါ် ရိုသေလေးစားမှု အစအနမျှပင် မရှိချေ။

​ရှောက်မုန့်ယွမ်သည် မိစ္ဆာမျိုးနွယ်မှ ပြန်လည်ဝင်စားလာသူဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် မိစ္ဆာမျိုးနွယ်များက ထိုက်ချန်းနယ်မြေ ကို အလုံးအရင်းနှင့် တိုက်ခိုက်သိမ်းပိုက်ခဲ့မှု၏ နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦးဖြစ်ကြောင်း အားလုံးက သိထားကြသည်။

​သူ၏ ခန္ဓာကိုယ်ထဲတွင် ဟေးရီဧကရာဇ်၏ သွေးအနည်းငယ် စီးဆင်းနေသည်ဆိုသော်ငြား၊ လက်တွေ့တွင်မူ သူတို့နှစ်ဦးကြား၌ မည်သည့်ပတ်သက်မှုမျှ မရှိတော့ဟု ပြောလျှင်လည်း မမှားပေ။

​ယခုအခါ ရှောက်မုန့်ယွမ်ကိုယ်တိုင် ထွက်လာပြီး ဟေးရီဧကရာဇ်ကို မေးခွန်းထုတ်နေခြင်းမှာ မိစ္ဆာမျိုးနွယ်အနေဖြင့် နယ်မြေကိုးခုဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်မည်ဟူသော သဘောထားကို ကိုယ်စားပြုနေခြင်းလည်း ဖြစ်သည်။

​"ဟေးရီဧကရာဇ်... မင်းရဲ့ မျိုးရိုးက ဘယ်လောက်တောင် မြင့်မြတ်သလဲဆိုတာ အဖိုးကြီး ရှောက် ကို မြန်မြန်လေး ရှင်းပြလိုက်စမ်းပါဦး"

ချန်ဖေးဖေးက ဘေးမှနေ၍ မချိတင်ကဲ လှောင်ပြောင်ရယ်မောလိုက်သည်။

​နယ်ပယ်အသီးသီးမှ အဆင့် ၉ မသေမျိုးများမှာလည်း သူတို့၏ မျက်နှာထက်တွင် သာမန်ကာလျှံကာ အပြုံးရိပ်များ ထင်ဟပ်လာကြသည်။

​'တော်တော်လေး အဆင်ပြေသွားပြီ။ နယ်မြေကိုးခုရဲ့ ရပ်တည်ချက်မှာ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က အတူတူပဲ။ ဒီနေ့တိုက်ပွဲက ရုတ်တရက်ကြီး ရှုပ်ထွေးမသွားတော့ဘူး၊ အားလုံးက စုပေါင်းပြီး နတ်ဆိုး မျိုးနွယ်တွေကိုပဲ ဝိုင်းတိုက်ကြလိမ့်မယ်။ အခုကိစ္စက အဖိုးတို့က လုဖုန်းရှန် ၊ ဟဲကျန်းရှန် နဲ့... မော်ထျန်းတီကျန့် တို့ကို တားဆီးနိုင်မလားဆိုတာပဲ ကြည့်ရတော့မယ်။

ဖန့်ချန်၏ မျက်ဝန်းများ အသာအယာ လှုပ်ရှားသွားသည်။

​ဟေးရီဧကရာဇ်သည် ရှောက်မုန့်ယွမ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းတို့ မိစ္ဆာမျိုးနွယ်တွေက အခုဆိုရင် ကပ်ပါးကောင်တွေလို ဖြစ်နေတာတောင် ငါ့ကို မင်းတို့ရဲ့ အတိတ်က မျိုးရိုးတွေအကြောင်း လာပြောနေတာလား မင်းတို့ အခြေအနေ ဘယ်လောက်တောင် အောက်တန်းကျခဲ့သလဲဆိုတာ မေ့မသွားနဲ့ဦးလေ။"

​"ဘယ်လောက်ပဲ အောက်တန်းကျခဲ့ပါစေ... ငါတို့ရဲ့ မျိုးရိုးက မင်းထက်တော့ ပိုမြင့်မြတ်ပါသေးတယ်။"

​ရှောက်မုန့်ယွမ်က ထိုနေရာရှိ လူသားမျိုးနွယ် အဆင့် ၉ ပညာရှင်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး

"ငါ ဒီအဆင့် ၉ တွေနဲ့ တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ အနိုင်အရှုံးအတွက် အမြဲတမ်း ပြိုင်ဆိုင်နေကြပေမဲ့၊ တိုက်ရင်းခိုက်ရင်းနဲ့ပဲ အချင်းချင်း ရင်းနှီးသွားကြပြီလို့ ပြောလို့ရတယ်။ သူတို့က အနည်းဆုံးတော့ လူသားမျိုးနွယ်ရဲ့ ဘက်မှာ ရပ်တည်နေကြတုန်းပဲ။

မင်းလိုမျိုး လူသားမျိုးနွယ်ကနေ ဆင်းသက်လာပြီးတော့မှ လူသားတွေရဲ့ အုတ်မြစ်ကိုပါ ရောင်းစားပစ်ချင်နေတဲ့သူ မဟုတ်ဘူး။ မရေရာတဲ့ အနာဂတ်တစ်ခုကို တောင်းခံနေတာလား... မင်းလို ယင်နတ်ဆိုး အကောင်ပေါက်လေးက ဝိညာဉ်မျိုးနွယ် ရဲ့ ရာထူးနေရာကို တကယ်ပဲ ရနိုင်မယ်လို့ ထင်နေတာလား "

​"ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာ မင်းပြောတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။"

ဟေးရီဧကရာဇ်က တည်ငြိမ်စွာ ဆိုလိုက်သည်

"အမှန်တရားနဲ့ပဲ စကားပြောကြရအောင်။ ဒီနေ့တော့ ဒီ ၁၈ ထပ် ငရဲမျှော်စင်ကို မင်းတို့ထဲက ဘယ်သူမှ လက်ဖျားနဲ့တောင် ထိခွင့်ရမှာ မဟုတ်ဘူး။"

​"ကြည့်ရတာ နဂါးနတ်ဘုရား ပြောတာ မှန်နေတာပဲ။ မင်းနဲ့ နတ်လမ်းစဥ်ဂိုဏ်း က နတ်ဆိုးမျိုးနွယ်တွေဟာ တကယ်တော့ မော်ထျန်းတီကျန့်က ၁၈ ထပ် ငရဲမျှော်စင်ကို ရသွားမှာကို မလိုလားကြဘူးပဲ။ သူက ယင်လောကကို စည်းလုံးလိုက်ပြီးတော့ ကောင်းကင်ဘုံ အဆင့်ကို ရသွားမှာကို မင်းတို့ ကြောက်နေတာလေ။ အဲဒီလိုဆိုရင် ပြင်ပအင်အားစုတွေက နယ်မြေကိုးခုကို ဝင်စွက်ဖက်လို့ မရတော့ဘူး၊ အဲဒါက မင်းရဲ့ ရည်မှန်းချက်လမ်းကြောင်းကို ပိတ်ဆို့လိုက်တာနဲ့ အတူတူပဲ မဟုတ်လား။"

ရှောက်မုန့်ယွမ်က ပြုံး၍ ဆိုသည်။

​ဟေးရီဧကရာဇ်က နှာခေါင်းရှုံ့လိုက်သော်လည်း ပြန်လည်မချေပဘဲ ဝန်ခံလိုက်သည့် သဘောမျိုးသာ ရှိနေသည်။

​"ဒါဆိုရင်တော့ အလုပ်လုပ်ရတာ လွယ်သွားပြီ။ ရှောက်ကွမ်းယင်း ... မင်းတို့ ဘာလို့ ပုန်းနေကြတာလဲ အကုန်လုံး ထွက်လာခဲ့ကြတော့။"

ရှောက်မုန့်ယွမ်က ပြုံးလျက် ဆိုလိုက်သည်။

​ရှောက်ကွမ်းယင်း

ကျွယ်မင်နတ်နန်းတော်မှ အမာခံတပည့်များမှာ စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် ဤလူကို အလွန်ရင်းနှီးနေကြသည် မဟုတ်ပါလား။

​ရှောက်ကွမ်းယင်းသည် ရုလိုင်ဘုရားကျောင်း မှ အမာခံတပည့် အုပ်စုတစ်စုနှင့်အတူ အမှောင်ရိပ်ထဲမှ ထွက်လာပြီး ရှောက်မုန့်ယွမ်၏ ရှေ့တွင် ရိုသေစွာ ဂါရဝပြုလိုက်သည်။

"ရှောက်ကွမ်းယင်း... စစ်သူကြီးကို ဂါရဝပြုပါတယ်။"

​စစ်သူကြီး

ဒါ မိစ္ဆာမျိုးနွယ်ထဲက ရာထူးအဆင့်အတန်းလား

​လူတိုင်း၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာသော်လည်း၊ ရှောက်မုန့်ယွမ်က ယခုဘဝတွင် အဆင့် ၉ မသေမျိုး ဖြစ်လာနိုင်ခြင်းမှာ မိစ္ဆာမျိုးနွယ်ဘက်တွင် အဆင့်အတန်း မနိမ့်သောကြောင့်ဟုသာ ယူဆလိုက်ကြသည်။

​သို့သော် ဖန့်ချန်ကမူ အခြားသူများနှင့် အတွေးမတူပေ။ ရှောက်ကွမ်းယင်းက ရှောက်မုန့်ယွမ်ကို ခေါ်ဝေါ်လိုက်သည့် အသုံးအနှုန်းမှာ မိစ္ဆာမျိုးနွယ်ခေတ်မှ မဟုတ်ဘဲ နတ်ဘုရားမျိုးနွယ် ခေတ်မှ ဖြစ်နိုင်သည်ဟု သူ သံသယဝင်နေမိသည်။

​ဤလူများအားလုံးမှာ ယင်လောကကို အသုံးပြု၍ တစ်ဘဝပြီးတစ်ဘဝ ပြန်လည်ဝင်စားကာ သက်တမ်းကို အဆက်မပြတ် ဆွဲဆန့်နေကြသည်မှာ သိသာလှသည်။ ရှောက်ကွမ်းယင်းသည် ယခုဘဝတွင် လူသားဖြစ်သော်လည်း ယခင်ဘဝက မိစ္ဆာမျိုးနွယ် ဖြစ်နိုင်သလို၊ ထိုမတိုင်မီ ဘဝများစွာကလည်း နတ်ဘုရားမျိုးနွယ်ခေတ်က အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပုံရသည်။

​ရှောက်မုန့်ယွမ်က အသာအယာ ခေါင်းငြိမ့်ပြပြီး ရှောက်ကွမ်းယင်းကို အဖက်မလုပ်ဘဲ၊ မျက်နှာတွင် မိစ္ဆာအမူအရာ အနည်းငယ် ရှိနေသော ဘုန်းကြီးတစ်ဦးထံသို့ အကြည့်ကို ပို့လိုက်သည်။ ရှောက်ကွမ်းယင်းကလည်း ရိုသေစွာဖြင့် ဘေးသို့ ဆုတ်ပေးလိုက်သော်လည်း သူ၏ မျက်ဝန်းအိမ် နက်ရှိုင်းသော နေရာတွင် မကျေနပ်မှု အရိပ်အယောင်များ ခဏတာ ဖြတ်ပြေးသွားသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြချေ။

​"မင်း နာမည် ဘယ်လိုခေါ်လဲ။"

ရှောက်မုန့်ယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။

​"စစ်သူကြီးလေး... ကျွန်တော့်နာမည်က လင်ချောင် ပါ။ ကျရှုံးမသေမျိုး မျိုးနွယ်စုရဲ့ ဝါးထျန်းဧကရာဇ် လက်အောက်က စစ်သည်တော်လေးတစ်ဦးပါပဲ။"

မျက်နှာယုတ်သော ဘုန်းကြီးက တဟီးဟီး ရယ်မောရင်း ဆိုသည်။

​ကျရှုံးမသေမျိုး မျိုးနွယ်စု

ဟေးရီဧကရာဇ်၏ မျက်ဝန်းထဲတွင် လှုပ်ခတ်မှုများ သိသိသာသာ ပေါ်လာသည်။

​နယ်ပယ်အသီးသီးမှ ယင်မသေမျိုးများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ရှောက်မုန့်ယွမ်ကို ဒေါသတကြီး ကြည့်လိုက်မိကြသည်။

​"မိစ္ဆာမျိုးနွယ်တွေ ရူးသွားပြီလား အရင်တုန်းက ကျရှုံးမသေမျိုးတွေရဲ့ ကိုက်ခဲမှုကို ခံခဲ့ရတာ မနာသေးဘူးလား၊ ဘာလို့ သူတို့နဲ့ ပူးပေါင်းရဲရတာလဲ "

ကျွယ်မင်တပည့်တစ်ဦးက တိုးတိုးလေး ရေရွတ်ကာ ဆဲရေးလိုက်သည်။

​'တကယ်လို့ ဟေးရီဧကရာဇ်သာ ပေါ်မလာခဲ့ရင်၊ ဒီတစ်ခေါက် မိစ္ဆာမျိုးနွယ်နဲ့ ကျရှုံးမသေမျိုးတွေ ပူးပေါင်းလိုက်တာ၊ ပြီးတော့ နတ်လမ်းစဥ်ဂိုဏ်း နတ်ဆိုး တွေပါ ပါလာမယ်ဆိုရင် ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ လူသား ယင်မသေမျိုးတွေ အကုန်လုံး သေကုန်ကြမှာပဲ။'

အချို့လူများကမူ စိတ်ထဲမှ ကံကောင်းသည်ဟု မှတ်ချက်ချနေမိကြသည်။ နဂါးနတ်ဘုရား ပေါ်လာပြီး ဟေးရီဧကရာဇ်၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောပြလိုက်ခြင်းကြောင့်သာ အခြေအနေမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ခြင်းပင်။

​"ရှောက်... မင်း ရူးနေပြီလား ကျရှုံးမသေမျိုးတွေရဲ့ စကားကို ယုံလို့ရမှာမို့လို့လား "

ချန်ဖေးဖေးက မနေနိုင်ဘဲ လှမ်းမေးလိုက်သည်။

​"ကျရှုံးမသေမျိုးတွေရဲ့ စကားကိုတော့ အကုန်လုံး ယုံလို့မရပါဘူး။ ဒါပေမဲ့ ဒီနေ့လို အခင်းအကျင်းမျိုးမှာ ငါတို့ မိစ္ဆာမျိုးနွယ်၊ မင်းတို့ လူသားမျိုးနွယ်နဲ့ ကျရှုံးမသေမျိုးတွေ ပူးပေါင်းလိုက်ရင် နတ်ဆိုး မျိုးနွယ်တွေကို ရင်ဆိုင်ရတာ အဲဒီလောက် မခက်ခဲတော့ဘူး။"

​ရှောက်မုန့်ယွမ်က ပြုံး၍ ဆက်ပြောသည်

"အကျိုးအမြတ် ရှိနေသရွေ့ သူတို့ကို နောက်တစ်ကြိမ် ထပ်ယုံကြည့်ရင် ဘာဖြစ်မှာလဲ သူတို့ကလည်း နယ်မြေကိုးခု ပျက်စီးရင် အတူတူ ပျက်စီးမယ့်သူတွေပဲ မဟုတ်လား "

​"ဟီးဟီးဟီး "

လင်ချောင်က လက်အုပ်ချီကာ ရယ်လိုက်သည်

"စစ်သူကြီးလေး ပြောတာ အလွန်မှန်ပါတယ်။ ကျွန်တော်တို့ ကျရှုံးမသေမျိုးတွေက အတွေးအခေါ် နည်းနည်း ထူးဆန်းချင် ထူးဆန်းမယ်၊ ဒါပေမဲ့ လူအ မဟုတ်ပါဘူး။ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုက အကြီးမားဆုံးလဲဆိုတာ ကျွန်တော်တို့ မသိဘဲ နေမလား ကျရှုံးမသေမျိုးဆိုတာ မူလက ဘာလဲ လူသားတွေပဲ မဟုတ်လား။ ဒါကြောင့် အားလုံးက တစ်အုပ်စုတည်းပါပဲ။ ကျွန်တော်တို့ အတူတူ လက်တွဲပြီးတော့ ရွံစရာကောင်းတဲ့ နတ်ဆိုးမျိုးနွယ်တွေနဲ့ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက် ဟေးရီဧကရာဇ်ကို ဝိုင်းတိုက်ကြရအောင် "

​ဤနေရာရှိ ယင်မသေမျိုး တစ်ဦးတစ်ယောက်မျှ လင်ချောင်၏ စကားကို မယုံကြည်ကြချေ။ ကျရှုံးမသေမျိုးတွေရဲ့ စကားကို ယုံရတာထက် ဝက်မကြီး လပေါ်တက်တာကို ယုံတာက ပိုလွယ်လိမ့်မည်။

​သို့သော် ရှောက်မုန့်ယွမ် ပြောသကဲ့သို့ပင် ကျရှုံးမသေမျိုးများသာ ပါဝင်လာပါက နတ်ဆိုးမျိုးနွယ်ဘက်တွင် အနိုင်ရရန် အခွင့်အရေး မရှိသလောက်ပင်။

​"မိစ္ဆာမျိုးနွယ်ပဲဖြစ်ဖြစ်၊ ကျရှုံးမသေမျိုးတွေပဲဖြစ်ဖြစ်... မင်းတို့အားလုံး တစ်ခုကို မစဉ်းစားမိကြဘူးလား။ ဘာလို့ ဒီနေ့ ဒီနေရာမှာ စုဝေးနေကြတာလဲ "

ဟေးရီဧကရာဇ်က ရုတ်တရက် ဆိုလိုက်ပြီး ကောင်းကင်ပေါ်ရှိ ၁၈ ထပ် ငရဲမျှော်စင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါကသာ အဓိက အချက်ပဲ။ မင်းတို့ အချင်းချင်း ညှိနှိုင်းပြီးပြီလား ဒီပစ္စည်းကို မိစ္ဆာမျိုးနွယ်က ယူမှာလား၊ လူသားမျိုးနွယ်က ယူမှာလား "

​ဟုတ်ပေသည်။ လက်တွဲခြင်းက လက်တွဲခြင်းပင်၊ သို့သော် ၁၈ ထပ် ငရဲမျှော်စင်ကို မည်သူက ထိန်းချုပ်မည်နည်း ဤအချက်မှာ အရေးကြီးဆုံး ပြဿနာပင် ဖြစ်သည်။

​"ရန်တိုက်မနေနဲ့။ ဒီပစ္စည်းကတော့ ကျိန်းသေပေါက် လက်ရှိ ငရဲမင်း ရဲ့ အပိုင်ပဲ ဖြစ်ရမယ်။ မင်းပြောတာတွေက အဓိပ္ပာယ်မရှိတာတွေပဲ။"

ချန်ဖေးဖေးက လှောင်ပြောင် ဆဲရေးလိုက်သည်။

​ဟေးရီဧကရာဇ်က ချန်ဖေးဖေးကို စိုက်ကြည့်လိုက်ပြီး

"ငါ မင်းကို ကျိန်းသေ သတ်မယ်။"

​"စွမ်းရင် အခုလာသတ်လေ... မလာရဲဘူးလား မင်းဘက်က ကောင်းကင်ဘုံတစ်ပိုင်း အဆင့် (၃) ပါး ရောက်လာနိုင်ပါ့မလားဆိုတာ စိုးရိမ်နေပြီလား တကယ်တော့ မင်း စိုးရိမ်စရာ မလိုပါဘူး။ မော်ထျန်းတီကျန့်က မင်းတို့နဲ့ နတ်လမ်းစဥ်ဂိုဏ်းရဲ့ အကွက်တွေကို အစကတည်းက သိပြီးသားပဲ။ ဒါကြောင့် မင်းတို့ဘက်မှာ အများဆုံးရှိလှ ကောင်းကင်ဘုံတစ်ပိုင်း (၂) ပါးပဲ ရှိလိမ့်မယ်။"

ချန်ဖေးဖေးက ပြုံး၍ ဆိုသည်။

​ဟေးရီဧကရာဇ်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ ဤလူပြောနေသည်မှာ အမှန်လား၊ အမှားလား သူ မသေချာချေ။ သို့သော် အမှန်ဖြစ်ခဲ့လျှင်ပင် လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ အစောသိခြင်းနှင့် နောက်ကျမှ သိခြင်းသာ ကွာခြားပေလိမ့်မည်။

​"ဒီပစ္စည်းက... တကယ်ပဲ လက်ရှိ ငရဲမင်း အတွက်လား"

ရှောက်မုန့်ယွမ်၏ အကြည့်သည် ၁၈ ထပ် ငရဲမျှော်စင်နှင့် ဖန့်ချန်ကြားတွင် တစ်ချက် ဝေ့လည်သွားသည်။

​ချန်ဖေးဖေး ခဏတာ ကြောင်အသွားပြီးနောက် မျက်မှောင်ကြုတ်ကာ

"ဒီလောက်ရိုးရှင်းတဲ့ ရန်တိုက်မှုကို မင်း နားမလည်တာလား"

​"ချန်ဖေးဖေး... ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ငါ နည်းနည်း စဉ်းစားကြည့်ရဦးမယ်။"

ရှောက်မုန့်ယွမ်က ဆိုသည်။

​ချန်ဖေးဖေး

ကျွယ်မင်တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့ နန်းတော်သခင်၏ နာမည်ရင်းလား။

​"စဉ်းစားစရာ ဘာရှိသေးလို့လဲ။ ထိုက်ချန်းနယ်မြေ သဘောတူညီချက်အရ နယ်မြေကိုးခုထဲက သုံးနယ်မြေကို မင်းတို့ကို ပေးမယ်၊ အရေးကြီးတဲ့ ကိစ္စတွေမှာ မင်းတို့ ငါတို့ဘက်က ရပ်တည်ပေးရမယ်လို့ ပြောထားတယ် မဟုတ်လား "

​ချန်ဖေးဖေးက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။

"ဒါတွေအားလုံးက အလကား ဖြစ်သွားပြီလား ဒါမှမဟုတ် အဲဒီ စစ်သူကြီးအကြီး က အသိအမှတ် မပြုတာလား မင်းတို့ ရှန်ပိစစ်တပ် က ဒီလောက်အထိတော့ အရှက်မရှိသင့်ဘူးနော် "

All Chapters