← Chapters

အခန်း ၁၉၁၇

Vol. 192 Ch. 1917

အခန်း ၁၉၁၇

Vol. 192 Ch. 1917

အခန်း (၁၉၁၇) - စစ်သူကြီးအကြီကဲ

​ရှန်ပိစစ်တပ်

​နယ်ပယ်အသီးသီးမှ ယင်မသေမျိုးများ၏ အကြည့်တို့သည် ရုတ်ခြည်းပင် လေးနက်တည်ကြည်သွားကြသည်။ ဤနာမည်သုံးလုံးသည် တစ်စုံတစ်ရာသော ခြိမ်းခြောက်မှုအရှိန်အဝါကို ကိုယ်တိုင်သယ်ဆောင်လာသကဲ့သို့ပင်။

​"ဒီတစ်ခေါက် ထိုက်ချန်းနယ်မြေကို အလုံးအရင်းနဲ့ သိမ်းပိုက်ခဲ့တာက ရှန်ပိစစ်တပ်က ဦးဆောင်ခဲ့တာ။ အခု ဒီရှောက်မုန့်ယွမ်က ရှန်ပိစစ်တပ်ရဲ့ စစ်သူကြီးလေးဖြစ်ပြီး သူ့အဖေကတော့ ရှန်ပိစစ်တပ်ရဲ့ စစ်သူကြီးအကြီးကဲ ပဲ။"

​ရှဲ့အာမန်က တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ဖန့်ချန်ထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။

"ရှန်ပိစစ်တပ်ဟာ မိစ္ဆာချောက်နက် ထဲမှာ ရှေးပဝေသဏီကတည်းကနေ အခုထိ အပြောင်းအလဲမရှိဘဲ အစွမ်းအထက်ဆုံး ထိပ်သီးစစ်အင်အားစုအဖြစ် ရှိနေခဲ့တာ။ သူတို့ရဲ့ အမွေအနှစ်နဲ့ အုတ်မြစ်တွေက တခြားမိစ္ဆာအင်အားစုတွေထက် အဆပေါင်းများစွာ သာလွန်တယ်။

အခု မိစ္ဆာမျိုးနွယ်တွေ စိတ်ဝမ်းကွဲပြီး အုပ်စုအမျိုးမျိုး ကွဲနေကြပေမဲ့ အကြီးမားဆုံး အုပ်စုကတော့ ရှန်ပိစစ်တပ်ပဲ။ ရှန်ပိစစ်တပ်မှာပဲ အထက်သုံးနယ်မြေ ကို အလုံးအရင်းနဲ့ ကျူးကျော်နိုင်တဲ့ အရည်အချင်းရှိတာ။"

​"အဲဒီ စစ်သူကြီးအကြီးကဲ က ကောင်းကင်ဘုံတစ်ပိုင်း အဆင့်လား "

ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​တကယ်လို့ ကောင်းကင်ဘုံတစ်ပိုင်း အဆင့်မဟုတ်ရင် မိစ္ဆာမျိုးနွယ်ရဲ့ အုပ်စုအများကြီးထဲမှာ အကြီးဆုံးဖြစ်နေဖို့နဲ့ ထိုက်ချန်းနယ်မြေကို ကျူးကျော်တဲ့ လုပ်ရပ်ကြီးကို ဦးဆောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

​"သူက ကောင်းကင်ဘုံတစ်ပိုင်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့လက်ထဲမှာ ဓားတစ်လက်ရှိတယ်။ အဲဒီဓားရဲ့ စွမ်းပကားက အလွန်တရာ ကြောက်စရာကောင်းတယ်။ အဲဒီဓားကို ကိုင်ထားရင် သူဟာ ကောင်းကင်ဘုံတစ်ပိုင်းနဲ့ ဘာမှမခြားတော့ဘူး။"

​"ဓားတစ်လက် ဟုတ်လား"

​"ဟုတ်တယ်... ဓားတစ်လက်ပဲ။ အဲဒီဓားက ဝိညာဉ်လက်နက် လည်း မဟုတ်ဘူး၊ ကိုယ်ပိုင်အသိဉာဏ်လည်း မရှိဘူး၊ ဝိညာဉ်လက်နက်စာရင်းထဲမှာလည်း မပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အဖျက်စွမ်းအားက အံ့မခန်းပဲ။ ပြင်ပအင်အားစု တွေနဲ့ ပတ်သက်နေတယ်လို့ ယူဆရတယ် "

​'ပြင်ပအင်အားစုတွေနဲ့ ပတ်သက်တယ်ဆိုရင်... ဒါဆိုရင်တော့ ဖြစ်နိုင်တာက...'

ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။ ထိုဓားသည် နတ်ဘုရားနယ်မြေ မှ သယ်ဆောင်လာခြင်း ဖြစ်နိုင်ခြေ အလွန်များပေသည်။

​မိစ္ဆာမျိုးနွယ်၏ ထိုခေတ်က သူတော်စင်များအားလုံး သေဆုံးသွားခဲ့ကြသော်လည်း တစ်ပိုင်းသူတော်စင် အချို့ ကျန်ရှိနေနိုင်သလို၊ မိစ္ဆာမျိုးနွယ်နှင့် လျှို့ဝှက်ရင်းနှီးသော သူတော်စင်အချို့လည်း ရှိနေနိုင်သည်။ နယ်မြေကူးပြောင်းခြင်း မပြုလုပ်မီ မိစ္ဆာမျိုးနွယ်များ ပြင်ပလောကတွင် အခြေချနိုင်ရန် တစ်စုံတစ်ရာ ပြင်ဆင်ပေးခဲ့ကြသည်မှာ ဖြစ်နိုင်ချေရှိသော ကိစ္စပင်။

​"စီနီယာအစ်မကြီး... ဒီရှန်ပိစစ်တပ်ရဲ့ သမိုင်းကြောင်းက မိစ္ဆာမျိုးနွယ် စတင်ထွန်းကားလာတဲ့ အစောပိုင်းကာလအထိ ပြန်လိုက်လို့ရသလား "

​"အဲဒါတော့ သေချာမသိဘူး။ ဒါပေမဲ့ ငါတို့ရထားတဲ့ သတင်းတွေအရဆိုရင် ရှန်ပိစစ်တပ်ဟာ တစ်မျိုးဆက်ပြီး တစ်မျိုးဆက် လက်ဆင့်ကမ်းလာခဲ့တယ်လို့ ယူဆလို့ရတယ်။ နောင်တစ်ချိန်မှာ ဒီရှောက်မုန့်ယွမ်ကပဲ ရှန်ပိစစ်တပ်ရဲ့ စစ်သူကြီးအကြီးကဲ ဖြစ်လာလိမ့်မယ်။ ဒါမှမဟုတ် ပြောရရင် အခု သူ့ရဲ့ အစွမ်းက စစ်သူကြီးအကြီးကဲ ထက် မနိမ့်တော့ဘူး၊ ကွာခြားတာက သူ့လက်ထဲမှာ ရှန်ပိဓား မရှိသေးတာပဲ။"

​"ဒီတစ်ခေါက် ထိုက်ချန်းနယ်မြေ ဆွေးနွေးပွဲမှာ ငါတို့ ရှန်ပိစစ်တပ်နဲ့ သဘောတူညီမှု ရခဲ့ပြီးပြီ။ ရှေးဟောင်းနယ်မြေ၊ စန်းယန်နယ်မြေနဲ့ ကျိုရှင်းနယ်မြေ စတဲ့ နယ်မြေသုံးခုကို သူတို့အတွက် ဖယ်ပေးဖို့ သဘောတူခဲ့တယ်။ အပြန်အလှန်အားဖြင့် သူတို့ဘက်က ကတိပေးရမှာက နယ်မြေအသီးသီးမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာသူလျှိုတွေကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ နယ်မြေကိုးခုရဲ့ အရေးကြီးကိစ္စတွေမှာ ငါတို့ကို ထောက်ခံပေးဖို့ပဲ။"

​"ဒါကြောင့်... တကယ်လို့ သူက ဒီနေ့ မင်းဘက်မှာ မရပ်တည်ပေးဘူးဆိုရင် ငါတို့နဲ့ မိစ္ဆာမျိုးနွယ်ရဲ့ သဘောတူညီချက်က အလကား ဖြစ်သွားလိမ့်မယ်။"

ရှဲ့အာမန်က မျက်လုံးကို အသာမှေး၍ ရှောက်မုန့်ယွမ်ကို ကြည့်လိုက်သည်။

​ထိုက်ချန်းနယ်မြေမှ မိစ္ဆာ ယင်မသေမျိုးများသည်လည်း လေးနက်သော မျက်နှာထားများဖြင့် ရှောက်မုန့်ယွမ်၏ စကားကို စောင့်ဆိုင်းနေကြသည်။

​ချန်ဖေးဖေး၏ မေးခွန်းကို ရှောက်မုန့်ယွမ်က ချက်ချင်း ပြန်မဖြေသည့်အခါ သူ၏ မျက်နှာထက်မှ အပြုံးများလည်း မှေးမှိန်သွားသည်။ နယ်ပယ်အသီးသီးမှ အဆင့် ၉ ပညာရှင်များအားလုံး ရှောက်မုန့်ယွမ်ကို စိုက်ကြည့်နေကြသည်။

​တကယ်လို့ ရှောက်မုန့်ယွမ်က လူသားမျိုးနွယ်ဘက်မှာ မရပ်တည်ဘူးဆိုရင် အခြေအနေက အလွန်စိုးရိမ်စရာ ကောင်းသွားလိမ့်မည်။ သူသည် မိစ္ဆာမျိုးနွယ်၏ အကြီးမားဆုံး အင်အားစုဖြစ်သော ရှန်ပိစစ်တပ်ကို ကိုယ်စားပြုနေသူ ဖြစ်သည်။ သူ သစ္စာဖောက်လိုက်ခြင်းမှာ လူမျိုးစုနှစ်စု၏ မဟာမိတ်စာချုပ်ကို လုံးဝဖြိုခွဲလိုက်ခြင်းပင် ဖြစ်ပြီး၊ မဟာမိတ်ကာလ၏ ချိုမြိန်မှုကိုပင် မခံစားရသေးမီ အဆုံးသတ်သွားစေလိမ့်မည်။

​ဟေးရီဧကရာဇ်ကမူ ဤအငြင်းပွားဖွယ်ကိစ္စကို သူကိုယ်တိုင် စတင်ခဲ့ခြင်း မဟုတ်သကဲ့သို့ပင် ဘေးမှနေ၍ ပြုံးပြုံးလေး ကြည့်နေသည့် ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ ရှိနေသည်။

​"ထားလိုက်ပါတော့... ဒီတစ်ခေါက် ရှန်ပိစစ်တပ်က တကယ်ပဲ မင်းတို့နဲ့ သဘောတူညီမှု ရထားခဲ့တာပဲ။ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ် တိုက်ခိုက်လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ဘယ်သူမှလည်း အနိုင်မရခဲ့ဘူး။ အခုချိန်မှာ ပြင်ပအင်အားစုတွေကို အတူတူ ရင်ဆိုင်ရမှာဖြစ်လို့ ငါကတော့ အတွင်းပိုင်းကို ပထမဆုံး ဖြိုခွဲတဲ့ တရားခံတစ်ယောက် မဖြစ်ချင်ပါဘူး။"

​ရှောက်မုန့်ယွမ်က အသာအယာ သက်ပြင်းချလိုက်ပြီး

"ဒါ့အပြင် လန်တောက်ချွန်း ဘက်ကလည်း ပြောဖူးတယ်။ ငါတို့ မိစ္ဆာမျိုးနွယ်ဟာ တစ်စုံတစ်ရာသော အကြောင်းကြောင့် မင်းတို့ လူသားမျိုးနွယ်အပေါ် ကျေးဇူးကြွေး တစ်ခု တင်ရှိနေတယ်တဲ့။ မူလကတော့ အဲဒီကျေးဇူးကြွေးဟာ အတိတ်က ကိစ္စတစ်ခုမှာတင် ကျေအေးပြီးသား ဖြစ်သင့်ပေမဲ့... စဉ်းစားကြည့်တော့ ဒီတစ်ခေါက်မှာပဲ အပြီးသတ် ဆပ်လိုက်ပါ့မယ်။ မင်းတို့ လူသားတွေ ကွယ်ရာမှာ တတွတ်တွတ်နဲ့ ပြောနေကြတာကို မကြားချင်လို့ပါ။"

​"မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်အပေါ် ကျေးဇူးကြွေး တင်နေတယ် ဟုတ်လား "

လူတိုင်း အံ့အားသင့်သွားကြသော်လည်း သေသေချာချာ စဉ်းစားကြည့်သည့်အခါတွင်မူ ဖြစ်နိုင်ခြေ ရှိလှသည်။ ထိပ်သီးပိုင်းမှ လျှို့ဝှက်ချက်များမှာ သူတို့သိထားရသည့် ရေခဲတောင်အဖျားပိုင်းထက် များစွာ ပိုနက်ရှိုင်းပေလိမ့်မည်။ လူသားနှင့် မိစ္ဆာမျိုးနွယ်တို့သည် မည်သည့်အချိန်ကတည်းက တကယ်တမ်း စတင်တိုက်ခိုက်ခဲ့ကြသည်ကိုပင် သူတို့ သေသေချာချာ မသိကြချေ။

​"ရှန်ပိစစ်တပ်ရဲ့ စစ်သူကြီးလေး... မင်းရဲ့ ရွေးချယ်မှုဟာ မင်းကိုယ်မင်း အဆုံးစီရင်လိုက်တာနဲ့ အတူတူပဲ။"

ဟေးရီဧကရာဇ်က အသာအယာ သက်ပြင်းချလိုက်သည်။

"မင်း မရိပ်မိဘူးလား မင်းရဲ့ အဖေက တစ်စုံတစ်ရာသော ကိစ္စမှာ ပိတ်မိနေလို့ ဒီနေ့ ဒီနေရာကို ဘယ်လိုမှ ရောက်မလာနိုင်တော့ဘူးဆိုတာ။ ရှန်ပိစစ်တပ်ရဲ့ အဓိက အင်အားစုတွေ မပါဘဲနဲ့၊ မင်းရဲ့ 'စစ်သူကြီးလေး' ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတည်းနဲ့ လက်ရှိ အခြေအနေကို ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။"

​"နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ မိစ္ဆာအိုကြီးတွေ အကုန်လုံး လောကထဲ ပြန်ထွက်လာကြပြီထင်တယ်။ ငါ့အဖေက အဲဒီကိစ္စကို ဖြေရှင်းနေရလို့ တကယ်ပဲ မအားတာပါ။"

ရှောက်မုန့်ယွမ်က ပြုံးလျက် ဆိုလိုက်သည်။

​ဟေးယွီအကြီးအကဲနှင့် တခြားသူများ၏ မျက်နှာ ပျက်သွားကြသည်။ သူတို့နှစ်ဦး၏ စကားအရဆိုလျှင် လူ့လောကနယ်မြေကိုးခုဘက်တွင်လည်း ထူးခြားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပုံရသည်။

​"မင်းက တခြားသူတွေနဲ့ မတူဘူး။ အဲဒီ တည်ရှိမှုတွေရဲ့ အလေးချိန်ကို မင်း သိသင့်ပါတယ်။"

ဟေးရီဧကရာဇ်က တည်ငြိမ်စွာ ဆိုသည်။

​"မင်းရဲ့ နောက်ကွယ်မှာပဲ မိစ္ဆာအိုကြီးတွေ ရှိနေတာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်မှာရော ဖဲချပ်အပိုတွေ မရှိဘဲ နေမလား ဒီတိုက်ပွဲက ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးပါဘူး။"

​ရှောက်မုန့်ယွမ်က ခေါင်းကို အသာခါလိုက်ပြီး

"မင်းက နတ်လမ်းစဉ်ဂိုဏ်းနဲ့ လက်တွဲပြီး ကိုယ့်နယ်မြေကိုးခုကို ရောင်းစားဖို့ ကြိုးစားကတည်းက၊ ရှန်ပိစစ်တပ်ရဲ့ သတ်ရမည့်စာရင်း မှာ မင်းက ထိပ်ဆုံးမှာ ရောက်နေခဲ့ပြီ။"

​ဟေးရီဧကရာဇ်က သူ၏ နောက်ဘက်မှ အင်အားကြီးစစ်တပ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

"မင်းတို့ ရှန်ပိစစ်တပ်က ဘယ်လောက်ပဲ အားကောင်းပါစေ၊ စစ်သူကြီးအကြီးကဲ မရှိဘဲနဲ့ ရှန်ပိစစ်တပ်ရဲ့ အားသာချက်ကို မင်း ဘယ်လိုထုတ်သုံးမလဲ ငါ့ကို ဘယ်လိုသတ်မှာလဲ "

​"စစ်သူကြီးအကြီးကဲ မရှိဘူးလို့ ဘယ်သူပြောလဲ"

ရှောက်မုန့်ယွမ်က ဟေးရီဧကရာဇ်ကို အံ့အားသင့်သလို ကြည့်လိုက်သည်။

"မင်းကလည်း ကိုယ့်ဘာသာကိုယ် စကားတွေ လျှောက်ပြောနေတာပဲ။ မင်းက အောက်တန်းစား နည်းလမ်းတွေသုံးပြီး ဝိညာဉ်အချို့ကို ဖမ်းဆီးကာ အဆင့်နိမ့် အဆင့် ၉ ယင်နတ်ဆိုးတွေအဖြစ် အတင်းအဓမ္မ မြှင့်တင်ထားရုံနဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားကို ရပြီလို့ တကယ်ပဲ ထင်နေတာလား "

​ဟေးရီဧကရာဇ် ပြန်မတုံ့ပြန်နိုင်မီမှာပင် ရှောက်မုန့်ယွမ်က လက်ကို ဟင်းလင်းပြင်ထဲသို့ ကမ်းထုတ်၍ ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် တောက်ပလှပသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် ဓားရှည်တစ်လက် သူ၏လက်ထဲတွင် ပေါ်ထွက်လာသည်။

​ရှန်ပိဓား

​ချန်ဖေးဖေးနှင့် အခြားသူများ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤဓားသည် ရှောက်မုန့်ယွမ်၏ လက်ထဲသို့ ရောက်ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

​"...ဒါဆို သူက စစ်သူကြီးအကြီးကဲ ရာထူးကို ဆက်ခံလိုက်ပြီပေါ့..."

ရှဲ့အာမန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

​ဟေးရီဧကရာဇ်၏ မျက်နှာသည်လည်း အဆက်မပြတ် ပြောင်းလဲသွားသည်။ ရှန်ပိစစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းကို စဉ်းစားမိသွားပုံရပြီး သူ၏မျက်ဝန်းထဲတွင် စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။

​ရှန်ပိဓားသည် ရှောက်မုန့်ယွမ်၏ လက်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ပြောင်းလဲသွားတော့သည်။ အကယ်၍ သူသည် ယခင်က အစွမ်းထက်သော အဆင့် ၉ တစ်ဦးသာ ဖြစ်ခဲ့လျှင်၊ ယခု ရှန်ပိဓားကို ပိုင်ဆိုင်ထားချိန်တွင်မူ သူသည် အဆင့် ၉ နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

​သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကျယ်ပြောလှပြီး နဂါးနတ်ဘုရားနှင့် ယှဉ်လျှင်ပင် အားနည်းခြင်း မရှိတော့ပေ။

​"ကျွန်ုပ်တို့... စစ်သူကြီးအကြီးကဲ ကို ဂါရဝပြုပါတယ်"

တာ့ဝေ့စာကြည့်တိုက်နှင့် ကျိုယိုမသေမျိုးဂိုဏ်းမှ အဆင့် ၉ ပညာရှင်များက ဦးစွာ ဂါရဝပြုလိုက်ကြသည်။

​ထို့နောက် အခြားသော မိစ္ဆာ ယင်မသေမျိုးများကလည်း ရှောက်မုန့်ယွမ်ကို ကြည်ညိုအားကျသော မျက်ဝန်းများဖြင့် ကြည့်ကာ ဦးညွှတ်လိုက်ကြသည်။

​ယခင် စစ်သူကြီးအကြီးကဲ သည် သူ၏ ရာထူးကို စစ်သူကြီးလေးထံသို့ အမှန်တကယ်ပင် လက်ဆင့်ကမ်းပေးခဲ့ပြီ။ ဤသည်မှာ အာဏာလွှဲပြောင်းခြင်း ဖြစ်သလို၊ သေခြင်းနှင့် ရှင်ခြင်း၏ သံသရာ လည်ပတ်မှုလည်း ဖြစ်သည်။

​စစ်သူကြီးအကြီးကဲ အသစ်သည် ရှင်သန်ခြင်းနှင့် ခေတ်သစ်တစ်ခု၏ အရှိန်အဝါကို ကိုယ်စားပြုနေတော့သည်။

​"ဂါရဝပြုပါတယ်... စစ်သူကြီးအကြီးကဲ..."

ရှောက်ကွမ်းယင်းသည် ခေါင်းကို ငုံ့ထားရင်း စိတ်ထဲမှ ထိုစကားကို ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသည်။

သူ၏ မျက်ဝန်းထဲမှ မကျေနပ်မှုများသည် တဖြည်းဖြည်း မှေးမှိန်သွားသော်လည်း၊ ထိုအစား ပြင်းပြလှသော မီးလျှံတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ ရင်ထဲတွင်သာ နက်နက်ရှိုင်းရှိုင်း ဖိနှိပ်ထားလိုက်တော့သည်။

All Chapters