အခန်း ၁၉၁၈
Vol. 192 Ch. 1918
အခန်း (၁၉၁၈) - နတ်ဘုံနန်းကို ခွဲဖျက်နိုင်သော စွမ်းပကား
ရှောက်မုန့်ယွမ်သည် သူ၏လက်ထဲတွင် ရှန်ပိဓားကို ကိုင်စွဲထားရင်း ဟေးရီဧကရာဇ်ကို မဲ့ပြုံးဖြင့် ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူသည် ဟင်းလင်းပြင်ထဲ၌ ဓားဖြင့် အက်ကြောင်းတစ်ခုကို ဆွဲခြစ်ခွဲထုတ်လိုက်တော့သည်။
ထိုအက်ကြောင်းထဲမှ အေးစက်လှသော ယင်ဝိညာဉ်စွမ်းအင် များ တိုးထွက်လာပြီး အက်ကြောင်းမှာ လုံးဝပွင့်ထွက်သွားသည့်အခါ ဟန်ချက်ညီညီ ညီညာစွာ ချီတက်လာသော စစ်တပ်တစ်တပ် ထွက်ပေါ်လာလေသည်။
ဤစစ်တပ်၏ အရေအတွက်မှာ အနည်းဆုံး သုံးသောင်းခန့် ရှိပေလိမ့်မည်။
၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ အလွန်မြင့်မားသည်တော့ မဟုတ်ပေ။ ပျမ်းမျှအားဖြင့် အဆင့် ၃ ခန့်သာရှိပြီး အနည်းငယ်မျှသာ အဆင့် ၄၊ အဆင့် ၅ သို့ ရောက်ရှိကြသည်။ အဆင့် ၆၊ ၇၊ ၈ အဆင့်ရှိသူမှာ အလွန်နည်းပါးသော အစိတ်အပိုင်းငယ်လေးသာ ရှိသည်။
သို့သော်လည်း သူတို့၏ စိတ်ဓာတ်နှင့် တိုက်ခိုက်လိုစိတ် မှာမူ ဟေးရီဧကရာဇ်၏ ယင်နတ်ဆိုးစစ်တပ်ထက် သိသိသာသာ ပိုမိုအားကောင်းနေသည်မှာ အထင်အရှားပင်။
"ဒါတွေက ရှန်ပိစစ်တပ်လား ဒါက ရှန်ပိစစ်တပ်ရဲ့ အင်အားအားလုံးလား၊ ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုပဲလား "
"ကျင့်စဉ်အဆင့်တွေက သိပ်မမြင့်လှဘူးပဲ။ ဟေးရီဧကရာဇ်ရဲ့ ယင်နတ်ဆိုးစစ်တပ်နဲ့ ယှဉ်ရင်တော့... အများကြီး ကွာခြားနေသလိုပဲ..."
နယ်ပယ်အသီးသီးမှ ယင်မသေမျိုးများသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ တီးတိုးရေရွတ်နေကြသည်။
သို့သော် နောက်တစ်ခဏတွင် သူတို့အားလုံး မှင်တက်သွားကြရသည်။ ရှောက်မုန့်ယွမ်၏ လက်ထဲရှိ ရှန်ပိဓားဆီမှ ဖော်ပြ၍မရသော ထူးဆန်းသည့် စွမ်းအားတစ်ခု စီးဆင်းထွက်ပေါ်လာသည်။ ထိုစွမ်းအားသည် နူးညံ့သော လေပြေညင်းတစ်ခုကဲ့သို့ သုံးသောင်းသော ရှန်ပိစစ်သည်များအပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစစ်သည်သုံးသောင်း၏ အရှိန်အဝါသည် အဆပေါင်းများစွာ ရုတ်ခြည်းတိုးမြင့်လာပြီး တစ်ဦးချင်းစီ၏ ကိုယ်ပေါ်တွင် ထက်မြက်လှသော ဓားအရှိန်အဝါ များ လွှမ်းခြုံသွားတော့သည်။
'သူ့လက်ထဲက ရှန်ပိဓားက စွမ်းအားတွေကို ဒီစစ်သည်သုံးသောင်းအပေါ် သွန်းလောင်းပေးနိုင်တာပဲ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်လောက်တောင် မြှင့်တင်ပေးလိုက်သလဲဆိုတာ ခန့်မှန်းလို့တောင် မရဘူး၊ ဒါကို ကျင့်စဉ်အဆင့်နဲ့ပဲ တိုင်းတာလို့ မရတော့ဘူး။'
ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
ရှောက်မုန့်ယွမ် လက်ထဲရှိ ဤရှန်ပိဓားသည် ရှန်ပိစစ်တပ်၏ တကယ့်အနှစ်သာရ အချက်အချာဖြစ်ပုံရသည်။ ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် ဤရှန်ပိစစ်သည် သုံးသောင်းသည် ဟေးရီဧကရာဇ်၏ ယင်နတ်ဆိုးစစ်တပ်ကို အမှန်တကယ်ပင် အလဲထိုးပစ်နိုင်သည့် စွမ်းအားရှိပေသည်။
ဖန့်ချန်၏ ကိုယ်ထဲတွင် ပုန်းအောင်းနေသော ဓားငယ်လေးမှာလည်း ရုတ်တရက် ဂဏာမငြိမ်သော ခံစားချက်များ ထွက်ပေါ်လာသဖြင့် ဖန့်ချန်က စိတ်ထဲမှနေ၍ အသာအယာ နှစ်သိမ့်ပေးလိုက်ရသည်။
အနည်းဆုံးတော့ လက်ရှိအခြေအနေတွင် ရှောက်မုန့်ယွမ်၏ ဓားဦးသည် သူ့ထံသို့ ဦးတည်လာမည် မဟုတ်ပေ။
မိစ္ဆာမျိုးနွယ်၏ ယခင်ဘဝမှာ နတ်ဘုရားမျိုးနွယ် ဖြစ်သည်။ ဤမျိုးနွယ်စုသည် ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ် အတွင်းရှိ ထိပ်သီးတိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့သဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရသည်။ နတ်ဘုရားနယ်မြေ၏ နယ်မြေအရှင်အပါအဝင် သူတော်စင်အားလုံး အသတ်ခံခဲ့ရသည်။ ထို့ကြောင့် လူသားမျိုးနွယ်ထက်စာလျှင် သူတို့က ဟင်းလင်ပြင်အဆင့်မြင့်မဟာမိတ်၏ စောင့်ကြည့်မှုကို ပို၍ပင် ကြောက်ရွံ့ကြပေလိမ့်မည်။
ထို့ကြောင့် ဟေးရီဧကရာဇ်က နတ်လမ်းစဉ်ဂိုဏ်းနှင့် ပူးပေါင်းကာ ပြင်ပအင်အားစုများကို ဆွဲသွင်းရန် ကြိုးစားသည့်ကိစ္စကို မိစ္ဆာမျိုးနွယ်များက လူသားမျိုးနွယ်ထက် ပိုမိုအားစိုက်ထုတ်ကာ တားဆီးကြမည်မှာ အမှန်ပင်။
'ဒီဓားက... ဓားစွမ်းပကား နဲ့ သူတော်စင်အဆင့်ကို တက်လှမ်းသွားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အမွေအနှစ် ဖြစ်ဖို့များတယ်...'
ဖန့်ချန်က စိတ်ထဲမှ ခန့်မှန်းနေမိသည်။
သူသည် အကြောင်းမဲ့ မှန်းဆနေခြင်း မဟုတ်ပေ။ ခုနက ရှန်ပိဓား၏ အရှိန်အဝါ လှုပ်ခတ်သွားချိန်တွင် သူ့အတွက် အလွန်ရင်းနှီးနေသော ခံစားချက်တစ်ခုကို ပေးစွမ်းခဲ့သည် - ၎င်းမှာ ဓားနယ်ပယ် ပင် ဖြစ်သည်။ ရှန်ပိစစ်သည် သုံးသောင်း၏ တိုက်ခိုက်ရေးစွမ်းရည် အလုံးအရင်းနှင့် တိုးတက်လာရခြင်းမှာ ဤဓားနယ်ပယ်၏ အထောက်အပံ့ ကြောင့် ဖြစ်ပေလိမ့်မည်။
"ဟေးရီဧကရာဇ်... ခုနကတော့ မင်းက ငါ့ကို စစ်သူကြီးအကြီးကဲ မဟုတ်ဘူးလို့ ထင်ပြီး ဒီနေ့အခြေအနေကို မပြောင်းလဲနိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ အခုကော ဘယ်လိုလဲ "
ရှောက်မုန့်ယွမ်က ဟေးရီဧကရာဇ်ကို ကြည့်ကာ ခပ်အေးအေး ပြုံးလိုက်ရင်း
"ငါနဲ့ ငါ့ရဲ့ ရှန်ပိစစ်တပ်က ဒီမှာ ရှိနေပြီ။ မင်းရဲ့ နကျင်ကန်းမျိုးနွယ် ရုပ်သေးရုပ်တွေကို ခေါ်ပြီး ငါနဲ့ တိုက်ရဲသလား "
ဟေးရီဧကရာဇ်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် လက်ခုပ်ကို အသာအယာ တီးလိုက်သည်။
"တော်တယ်... တော်တယ်... မင်း ဒီလောက်စောစော စစ်သူကြီးအကြီးကဲ ရာထူးကို ရလိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး။ ဒါပေမဲ့ နဂါးနတ်ဘုရား ပြောခဲ့သလိုပဲ... ငါကလည်း ဝိုင်းကို ဖျက်မယ့်သူ မဟုတ်ဘူး။ တိုက်မယ် မတိုက်ဘူးဆိုတာကတော့ အဖြေပေါ်လာတဲ့အထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။"
လူတိုင်းက ဟေးရီဧကရာဇ် နောက်ဆုတ်သွားသည် ကို မြင်နေကြသော်လည်း သူ၏ အစွမ်းမှာ ရှန်ပိစစ်တပ်ကို မယှဉ်နိုင်ဟုတော့ မသတ်မှတ်ကြချေ။ အဓိကမှာ ဤအဆင့်ရှိ ပုဂ္ဂိုလ်များသည် မိမိဘက်မှ အနိုင်ရရန် အခွင့်အရေး ၈၀ ရာခိုင်နှုန်းကျော် မရှိလျှင် တိုက်ပွဲကို အလွယ်တကူ စတင်လေ့မရှိခြင်းကြောင့်သာ ဖြစ်သည်။
ရှောက်မုန့်ယွမ်က ပြုံးလိုက်ပြီး သူ၏ပုခုံးပေါ်ရှိ ဆံပင်ဖြူများကို အသာအယာ သပ်ချလိုက်သည်။ သူ ဘာမှမပြောသော်လည်း ထိုအမူအရာက ဟေးရီဧကရာဇ်အပေါ် အထင်အမြင်သေးမှုနှင့် ဂရုမစိုက်မှုကို သိသိသာသာ ဖော်ပြနေပေသည်။
ထိုအချိန်တွင် ကျရှုံးမသေမျိုး လင်ချောင်က အသံစူးစူးဖြင့် အော်ပြောလိုက်သည်။
"စစ်သူကြီးအကြီးကဲ... ခင်ဗျားရဲ့ ရှန်ပိဓားနဲ့ လမ်းတစ်ခုကို ခွဲထုတ်ပေးလိုက်စမ်းပါဗျာ။ ငါတို့မျိုးနွယ်စုရဲ့ ဝါးထျန်းဧကရာဇ် ဒီကို ကြွလာနိုင်ပြီဆိုရင် ဒီနေ့အခြေအနေက လုံးဝကို ငြိမ်သက်သွားမှာ "
"ဒီဓားက ယင်လောကနဲ့ နတ်ဘုရားလောက ကို ဆက်သွယ်ပေးမယ့် လမ်းကြောင်းကို ဖောက်နိုင်တယ် ဟုတ်လား "
နန်မင်ရုယွဲ့ အပါအဝင် အမာခံပါရမီရှင်များအားလုံး တုန်လှုပ်သွားကြသည်။
လူတိုင်းသိထားကြသည်မှာ နတ်ဘုရားလောကဘက်မှနေ၍ ယင်လောကထဲသို့ တိုက်ရိုက်ဝင်ရန် မဖြစ်နိုင်ဘဲ မသေမျိုးလောကငယ် နှင့်သာ ဆက်သွယ်ထားခြင်းဖြစ်သည်။ လူ့လောကနယ်မြေကိုးခုသို့ သွားမည့်လမ်းမှာလည်း မသေမျိုးလောကငယ်မှ ထိန်းချုပ်ထားသော နတ်တံခါး များသာ ဖြစ်သည်။
တကယ်လို့ ဤဓားက နတ်ဘုရားလောကမှ ယင်လောကသို့ လမ်းဖောက်နိုင်လျှင် ၎င်းသည် လူ့လောကနယ်မြေကိုးခုသို့လည်း လမ်းဖောက်နိုင်သည်ဟု အဓိပ္ပာယ်ရပေသည်။
ခဏချင်းမှာပင် အခြေအနေမှန်ကို မသိသေးသော ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
'တကယ်လို့ မိစ္ဆာမျိုးနွယ်က ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကျရှုံးမသေမျိုးတွေကို နယ်မြေကိုးခုထဲကို ဆွဲသွင်းလိုက်ရင်... အဲဒီအချိန်ကျရင်တော့ နယ်မြေကိုးခုဟာ တကယ်ကို ဖရိုဖရဲ ဖြစ်ကုန်တော့မှာပဲ...'
အချို့သူများမှာ ကြက်သီးမွေးညင်းများပင် ထလာကြသည်။ ကျရှုံးမသေမျိုးများသည် လုံးဝ အကျိုးအကြောင်း မရှိသူများဖြစ်သည်။ သူတို့သည် မိစ္ဆာမျိုးနွယ်၏ လမ်းစဉ်ကို လိုက်ရင်း လမ်းလွဲသွားသူများ ဖြစ်သဖြင့် ကျင့်စဉ်အဆင့် နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ အလွန်ပင် ကောက်ကျစ်ရက်စက်ကြသည်။ သူတို့ရှိသည့် နေရာတိုင်းတွင် သတ်ဖြတ်မှုများ ရှိနေတတ်သည်။
'ဒါဆိုရင် ဒီဓားက နတ်ဘုံနန်း ကိုပါ ခွဲဖျက်နိုင်တဲ့ စွမ်းအားရှိတာပဲ...'
ဖန့်ချန်လည်း ရုတ်တရက် သဘောပေါက်သွားသည်။ ရှန်ပိစစ်တပ်မှာ ကြိုတင်ပုန်းအောင်းနေခြင်း မဟုတ်ဘဲ ရှောက်မုန့်ယွမ်က တခြားတစ်နေရာမှနေ၍ ဤဓားဖြင့် လမ်းဖောက်ကာ ခေါ်ဆောင်လာခြင်း ဖြစ်ပေသည်။
သို့သော်လည်း ရှန်ပိစစ်တပ်က ကျရှုံးမသေမျိုးများကို နယ်မြေကိုးခုထဲ ပေးဝင်မည့် မိုက်မဲသော အလုပ်မျိုးကို လုပ်လိမ့်မည်ဟု သူ လုံးဝမစိုးရိမ်ပေ။ တကယ်လို့ မိစ္ဆာမျိုးနွယ်က အဲဒီလောက်အထိ မိုက်မဲနေပါက လူသားမျိုးနွယ်သည် သူတို့ကို နှစ်ပေါင်းများစွာကတည်းက အနိုင်ယူပြီးသား ဖြစ်ပေလိမ့်မည်။
ရှောက်မုန့်ယွမ်က မျက်မှောင်ကြုတ်လျက် လင်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှောက်ကွမ်းယင်းကို အကြည့်ပို့လိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ ကျရှုံးမသေမျိုးတွေနဲ့ သေသေချာချာ မညှိနှိုင်းထားဘူးလား "
ရှောက်ကွမ်းယင်း၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး ချက်ချင်းပင် ဂါရဝပြုကာ လင်ချောင်ကို တည်ကြည်စွာ ပြောလိုက်သည်။
"ဝါးထျန်းဧကရာဇ်က အခုချိန်မှာ ကြွလာမှာ မဟုတ်ဘူး။ မင်း အလောတကြီး မဖြစ်နဲ့။"
"ခင်ဗျားတို့ ကတိမတည်တာတော့ မဟုတ်ဘူးမလား ဝါးထျန်းဧကရာဇ်က စစ်တပ်ကြီးကို အသင့်ပြင်ထားပြီးသား။ ဒီရှန်ပိဓားတစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ ငါတို့စစ်တပ်ကြီး ဒီထဲကို ချီတက်လာမှာ "
လင်ချောင်က သံသယဖြင့် မေးလိုက်သည်။
'ကျရှုံးမသေမျိုးတွေရဲ့ စစ်တပ်ကြီး ဟုတ်လား'
ဟေးရီဧကရာဇ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။
"ရှန်ပိစစ်တပ် စစ်သူကြီးအကြီးကဲရဲ့ စကားကိုမှ မယုံရင် ဒီလောကမှာ ယုံစရာလူ တစ်ယောက်မှ မရှိတော့ဘူး။"
ရှောက်ကွမ်းယင်းက ခပ်အေးအေး ဆိုလိုက်သည်။
"အင်း... အဲဒါလည်း ဟုတ်တာပဲ။"
လင်ချောင်က ခေါင်းငြိမ့်လိုက်ပြီး
"ဒါဆိုရင်တော့ ငါ စောင့်နေလိုက်ပါ့မယ်။"
သူ့စကားလည်း အဆုံးသတ်ရော... လူတိုင်း၏ အကြည့်ထောင့်တွင် အမည်းရောင် အရိပ်တစ်ခု လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ကြရသည်။
သူတို့အားလုံး လှည့်ကြည့်လိုက်သည့်အခါတွင်မူ ပေ့ဟိုင်မြွေနဂါး ကို ထပ်မံတွေ့ရှိလိုက်ရသည်။ သို့သော် ယခုတစ်ကြိမ်တွင် ၎င်း၏ ပစ်မှတ်မှာမူ ၁၈ ထပ် ငရဲမျှော်စင် ပင် ဖြစ်တော့သည်။
ပေ့ဟိုင်မြွေနဂါး၏ ကိုယ်ပေါ်တွင် အရိုးအထိ နက်ရှိုင်းသော ဒဏ်ရာကြီးများစွာ ရှိနေသည်။ ထိုဒဏ်ရာများသည် တစ်စုံတစ်ရာသော စွမ်းအားကြောင့် ပျက်စီးနေသဖြင့် ပြန်လည်ကုသနိုင်ခြင်း မရှိဘဲ ၎င်း၏ အရှိန်အဝါမှာလည်း ပထမဆုံးအကြိမ် ပေါ်လာစဉ်ကထက် များစွာ အားနည်းနေသည်။ ၎င်းသည် အမှန်တကယ်ပင် ဒဏ်ရာပြင်းထန်စွာ ရထားခြင်းပင်။
"ခွေးအိုကြီး အမှီးကျောက်ကပ် (အသည်းအသန်) ဖြစ်နေပြီလား "
နဂါးနတ်ဘုရားမှာ ခေတ္တ ကြောင်အသွားပြီးနောက် ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဖန့်ချန်သည်လည်း ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဖူထူလောက ၏ ထိပ်သီး ယင်နတ်ဆိုးဘုရင် ခြောက်ပါးထဲတွင် မကြာမီ ငါးပါးသာ ကျန်တော့ပေလိမ့်မည်။
ဟွာကျိသိုက် ဝိညာဉ်မယ်တော်နှင့် ယင်ရှန်းဘုရင် တို့ကို ထည့်တွက်လျှင်ပင် ကျန်ရှိနေသော သုံးပါးမှာ အမှန်တကယ် ရောက်ရှိနေကြသလား၊ သို့မဟုတ် ဤကိစ္စကို စိတ်မဝင်စားကြခြင်းလား ဆိုသည်မှာ သူ စူးစမ်းချင်စရာ ကောင်းနေသည်။
"ဒီပေ့ဟိုင်မြွေနဂါးက အလွန်ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားပုံရတယ်။ ဒါကြောင့်ပဲ ဒီလောက်အန္တရာယ်ကြီးတဲ့ လောင်းကစားမျိုးကို လုပ်နေတာပဲ။"
လူတိုင်းက ဤမြင်ကွင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
အချို့သူများ၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာသည်။ တကယ်လို့ ပေ့ဟိုင်မြွေနဂါးသာ ငရဲမျှော်စင်ကို ရသွားပြီး ဟေးရီဧကရာဇ်ဘက်က ပါသွားလျှင် အခြေအနေက ဘယ်လိုဖြစ်သွားမလဲ။
ထိုအချိန်တွင် ပေ့ဟိုင်မြွေနဂါးသည် ၁၈ ထပ် ငရဲမျှော်စင်နှင့် အလွန်နီးကပ်သွားပြီ ဖြစ်သည်။ ၎င်း၏ ကြီးမားလှသော ကိုယ်ထည်မှာ သေးငယ်သွားသော ငရဲမျှော်စင်ထက် များစွာ ကြီးမားနေသည်။ ၎င်းသည် သူ၏ကိုယ်ဖြင့် ငရဲမျှော်စင်ကို ရစ်ပတ်ကာ အဓမ္မ လုယူရန် ကြိုးစားနေတော့သည်။
၎င်း၏ မျက်ဝန်းအစုံတွင် နာကျည်းမှု၊ ဒေါသ၊ ဖိနှိပ်ခံရမှုများနှင့်အတူ လောဘဇောနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေလေတော့သည်။