← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁)

ရှန်းယန်မြို့၏ အရေးအခင်း

ပိုင်စုစုသည် အခန်းထဲသို့ ဝင်လာချိန်တွင် အခန်းတွင်း၌ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိမထားမိသေး ချေ။

ကျန်းကျိမင်ဆီသို့ လျှောက်သွားရင်း ပိုင်စုစုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။

“အဘိုး... အုတ်ခဲလောက်ရှိတဲ့ အဲသည်တန်ဖိုးကြီးစာအုပ်ကို လေ့လာနေပြန်ပြီလား...။”

ထိုအခါ ကျန်းကျိမင်သည် စာအုပ်ဆီမှ အာရုံလွှဲလိုက်ပြီး ဟန်ဆောင်ဒေါသထွက်ကာ ပြောလိုက်လေသည်။

“ဟဲ့ ကောင်မလေး...။ ဒီအရာက ဘိုးဘွားပိုင် ရတနာကွ...၊ နင်က ယဉ်ကျေးမှုမရှိဘဲ အဲဒီလို လျှောက်ပြောလို့ မရဘူး....”

ပိုင်စုစုက ရယ်မောရင်း ပြောလိုက်လေ၏။

“ဒါနဲ့ အဘိုး...၊ စီနီယာအစ်ကိုဟူက ဘာဖြစ်နေတာလဲ...။ စောစောက စင်္ကြံလမ်းမှာ သူ့ကို တွေ့တော့ သူက ပြာယာခတ်နေပုံပဲ...။ သမီး နှုတ်ဆက်တာကိုတောင် ဂရုမစိုက်ဘူး... ။ အဘိုး သူ့ကို ဆူလိုက်သေးလား...။”

ပိုင်စုစုက ဟူရှောင်ကျဲအကြောင်း ပြောသည်ကို ကြားသောအခါ ကျန်းကျိမင်၏ မျက်နှာအမူအရာ ပြောင်းလဲ သွားသော်လည်း တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

“ဘာမှမဖြစ်ပါဘူး စုစုရယ်...။ သမီးက ဘာကိစ္စရှိလို့ ဒီကို လာတာလဲ...၊ သမီးရဲ့ အဘွား တစ်ခုခု ဖြစ်လို့လား...။”

“ဘာမှမဖြစ်ပါဘူး အဘိုး...။ အဘိုးကို လာကြည့်တာပါ...။”

ပိုင်စုစုသည် အနီးရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး အလုပ်များအပြီး အပန်းဖြေရန်နှင့် လေ့ကျင့်ခန်းလုပ်ရန်အတွက် သူမ၏ လည်ပင်းကို လှည့်ကာ အကြောလျှော့လိုက်လေ၏။

ကျန်းကျိမင်သည် ပြုံး၍ ခေါင်းခါလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေသည်။

“ငါ့ကို လာကြည့်တာ ဟုတ်လား...၊ ဟားဟာ...။ ငါလို အဘိုးကြီးက ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ...။ ဒါ့ အပြင် သမီးတို့ အရေးပေါ်ဌာနကလည်း သိပ်အလုပ်များတာကို...၊ သမီး ဆေးရုံမှာ အလုပ်လုပ်နေတာ ကြာပြီ..။ ငါ့ဆီကို လာကြည့်တာ လက်ချိုးရေလို့ရတယ်...။ ပြီးတော့ ဒီနှစ်ရက်အတွင်း လူနာဆောင်မှာရှိတဲ့ သမီးအဘွား ကို ပြုစုဖို့တောင် အချိန်လုနေရတာ မဟုတ်လား...။”

အဘိုးဖြစ်သူက သူမ၏ စကားချိုချိုများကို အကဲခတ်မိသွားသဖြင့် ပိုင်စုစုက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေ၏။

“ဟီးဟီး...။ အဘိုး...၊ သမီး အဘိုးနဲ့ တကယ် တိုင်ပင်စရာလေး ရှိလို့ပါ...။”

ကျန်းကျိမင်က ရယ်မောရင်း ပြောလိုက်လေသည်။

“တွေ့လား...။ ငါ ခန့်မှန်းတာ မှန်တယ်မလား...။ လူလည်မလေး...၊ ကဲ...၊ ဘာကိစ္စလဲ...။”

ပိုင်စုစုသည် နှုတ်ခမ်းဆူလိုက်ပြီး ပြောလိုက်လေ၏။

“လောင်ကျန်း...၊ အဘိုးက သည်ကိစ္စကို လျှို့ဝှက်ထားတာ တော်တော်ကြာပြီပေါ့လေ...။ အဘိုးက သမီးနဲ့ စီနီယာအစ်ကိုဟူကို သဘောတူချင်နေတယ်ဆိုတာ စောစောက အဘွားနှုတ်ကျွံသွားလို့ သမီး ကြားလိုက် ရတယ်...။ သမီး သဘောမတူဘူးနော် အဘိုး...၊ အောင်သွယ်ပေးဖို့ မကြိုးစားပါနဲ့...။ အဘိုး သူ့ကို အထင်ကြီး မှန်း သမီးသိပါတယ်...။ ဒါပေမဲ့ သမီးက...၊”

ကျန်းကျိမင်သည် ရယ်မောလိုက်သော်လည်း သူ၏ ထိုသို့လုပ်ဆောင်ရန် စဉ်းစားခဲ့မိခြင်းက မည်မျှ ရယ်စရာ ကောင်းကြောင်းကို နားလည်သွားခဲ့လေသည်။

“အာ...၊ အင်း...။ ငါ သိပါပြီ...၊ သမီးကို ငါ ကတိပေးပါတယ်...။ သွား...၊ အလုပ်ဆက်လုပ်တော့...။”

သူမ၏ တောင်းဆိုမှုကို အဘိုးဖြစ်သူက လွယ်လွယ်ကူကူ သဘောတူလိုက်သဖြင့် ပိုင်စုစုမှာ အံ့အားသင့်သွား ခဲ့လေ၏။

*ဘာတွေ ဖြစ်ကုန်တာလဲ...၊ ငါ့မှာ အငြင်းပွားစရာ စကားလုံးတွေ၊ အကြောင်းပြချက်တွေ အများကြီး ပြင်ဆင် လာခဲ့တာကို...။ အခုတော့ အချည်းနှီး ဖြစ်သွားပြီပေါ့...၊ အဲဒါတွေကို သုံးဖို့တောင် လိုသေးလို့လား...။*

“အဘိုးက နည်းနည်းလေးတောင် အလေးအနက်မထားဘူးပဲ...။ အဘိုးက ဝတ္တရားကျေရုံသက်သက် ပြောနေသ လိုပဲ သမီး ခံစားရတယ်...။” ဟု ပိုင်စုစုက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေသည်။

ကျန်းကျိမင်က ထပ်လောင်းပြောဆိုလိုက်လေ၏။

“ကောင်းပါပြီ...၊ ငါ အလေးအနက် ပြောတာပါ...။ နောက်ကို အောင်သွယ်မပေးတော့ဘူးလို့ ငါ ကတိပေးတယ်... ။ သမီးနဲ့ ဟူရှောင်ကျဲကို လုံးဝ ပေးစားဖို့ မကြိုးစားတော့ဘူး...၊ ရပြီလား...။”

“ဟီးဟီး...၊ ကောင်းပြီလေ အဘိုး...။ ဒါဆို သမီး...၊ ဟင်...၊ အဘိုး... ၊ဘာဖြစ်တာလဲ...၊ တို့မိသားစုရဲ့ ဆေးကျမ်း က ဘာဖြစ်သွားတာလဲ...။”

စကားတစ်ဝက်တစ်ပျက်တွင် ကျန်းကျိမင်၏ လက်ထဲရှိ ဆေးကျမ်း၌ ပုံမှန်မဟုတ်သောအရာ တစ်ခုခုကို ပိုင်စုစု ရုတ်တရက် သတိပြုမိသွားကာ သူမ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး စကားဆက် မပြောနိုင်တော့ချေ။

သူမသည် ရေစိုနေသော စာအုပ်ကို ကြည့်ရန် အလောတကြီး ကိုင်းညွတ်လိုက်လေ၏။

သူမသည် အနောက်တိုင်းဆေးပညာကို လေ့လာခဲ့သူဖြစ်သဖြင့် ဤစာအုပ်ကို အရေးကြီးသည်ဟု မထင်ခဲ့ပေ။

သို့သော် ဤစာအုပ်သည် မိသားစု ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့သော ရတနာ ဖြစ်လေ၏။

မိမိကိုယ်တိုင်က ဆိုးရွားသည်ဟု ပြောနိုင်သော်လည်း အခြားသူတစ်ဦးဦးက အနည်းငယ်မျှ ဝေဖန်သည်ကိုပင် သူမ သည်းမခံနိုင်ချေ။ ပျက်စီးသွားသည်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။ လူတွေက မိမိတို့၏ ကျောင်း တော်ကြီးနှင့် မွေးရပ်မြေကို ညည်းညူသကဲ့သို့ပင် မိမိက ပြောနိုင်သော်လည်း အခြားသူက ပြော၍မရပေ။

“အဘိုး...၊ ဘာ...၊ ဘာဖြစ်တာလဲ...။”

ပိုင်စုစုသည် ကျန်းကျိမင်၏ လက်မောင်းကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး မေးလိုက်လေ၏။

“ဘာမှမဖြစ်ပါဘူး...၊ တစ်ယောက်ယောက်က မတော်တဆ ရေဖိတ်ကျသွားလို့ပါ...။”

ကျန်းကျိမင်သည် သဘောကောင်းသော်လည်း ထိုအပြစ်ကို မိမိဘာသာ မခံယူလိုပေ။ အကယ်၍ အထက်တွင် စောင့်ကြည့်နေသော နတ်ဘုရားများရှိနေပြီး ဤသတင်းစကားသည် တမလွန်ရှိ ဘိုးဘွားများထံ ရောက်ရှိသွား ပါက သူတို့သည် မိမိတို့၏ မျိုးဆက်အတွက် သေချာပေါက် စိတ်ပျက်သွားကြမည် ဖြစ်လေ၏။

ထိုစဉ် ရေချိုးခန်းထဲတွင် အပေါ့အပါးသွားပြီးခါစဖြစ်သော ရွှီပေါ်အန်းသည် လုံးဝကို ပေါ့ပါးလန်းဆန်းသွားသည့် ခံစားချက်ဖြင့် ထွက်လာခဲ့လေသည်။ သူက လမ်းလျှောက်လာရင်း ပြောလိုက်လေ၏။

“ဒေါက်တာကျန်း...၊ ဒီစာအုပ်ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခု ကျွန်တော် ရုတ်တရက် စဉ်းစားမိတယ်...။ ကျွန်တော် တစ်ချက်လောက် စမ်းကြည့်ရမလား...။ အဲဒါက ကျွန်တော့်ရဲ့ တောင်းပန်မှုကို အစားထိုးတဲ့ နည်းလမ်းတစ်ခု ဖြစ်သွားမှာပေါ့...။”

ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ပိုင်စုစု၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေသည်။ အခန်းထဲမှ ခုလေးတင် ထွက်လာသော ရွှီပေါ်အန်းကို သူမက စူးရဲစွာ စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်လေ၏။

“ရှင့်ကြောင့် ဒီစာအုပ် ရေစိုသွားတာလား...။”

ထိုအခါမှသာ ပိုင်စုစုလည်း ထိုနေရာတွင် ရှိနေကြောင်း ရွှီပေါ်အန်း သတိပြုမိသွားလေသည်။ ဆရာဝန်မလေးမှာ ဒေါသထွက်နေပုံရသော်လည်း ချစ်စရာကောင်းပြီး ရဲတင်းသော အသွင်အပြင် ရှိနေခဲ့၏။ သူမက ရွှီပေါ်အန်းကို ရန်တွေ့ရန် ရောက်လာသော်လည်း ရွှီပေါ်အန်းက မြင်သောအခါ ဒေါသထွက်ခြင်း မရှိခဲ့ပေ။ အမှန်ပင် ရုပ်ရည် သွင်ပြင်ကောင်းမွန်ခြင်းက အရာအားလုံး ဖြစ်လေ၏။

ရွှီပေါ်အန်းက အလျင်အမြန် လက်ဝှေ့ယမ်း ငြင်းဆန်ရင်း ပြောလိုက်လေသည်။

“လျှောက်မပြောပါနဲ့ဗျာ...၊ အဲဒါ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး...။ အခန်းထဲမှာ လုံခြုံရေးကင်မရာတွေ ရှိတယ်...။ ရေစိုသွားအောင် လုပ်တာ ဟူရှောင်ကျဲပါ...။”

“ဘာ...၊ စီနီယာအစ်ကိုဟူ ဟုတ်လား...။” ဟု ပိုင်စုစုက မယုံကြည်နိုင်စွာဖြင့် အလိုအလျောက် မေးလိုက်လေ၏။

ကျန်းကျိမင်က သက်ပြင်းချကာ ခေါင်းခါရင်း ပြောလိုက်လေသည်။

“လုံခြုံရေးကင်မရာ မှတ်တမ်း မရှိပါဘူး...၊ ငါ သူ့ကို ခြောက်လှန့်လိုက်ရုံပါ...။”

ရွှီပေါ်အန်းက ချက်ချင်းပင် ရယ်မောလိုက်လေ၏။

“သူ့ကို လှည့်စားလိုက်တာလား...။ တော်လိုက်တာ...၊ တကယ်ကို လည်ပင်းကုပ်မိတာပဲ...၊ ဒီလိုဆိုတော့ ကျွန်တော်တို့ စုံစမ်းဖို့ အလုပ်ရှုပ်ခံစရာ မလိုတော့ဘူးပေါ့...။”

ထိုသူနှစ်ဦး ပဟေဠိဆန်ဆန် စကားပြောနေကြသည်ကို မြင်သောအခါ ပိုင်စုစုမှာ စပ်စုလိုစိတ်များ နိုးကြားလာပြီး မေးလိုက်လေ၏။

“ရှင်တို့ ဘာတွေ ပြောနေကြတာလဲ...။”

ကျန်းကျိမင်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

“မူလကတော့ ဒီကိစ္စကို လူတွေ အများကြီး မသိစေချင်ခဲ့ဘူး...။ ငါက အတင်းအဖျင်းပြောတတ်တဲ့လူမျိုးလည်း မဟုတ်ဘူးလေ...။ ဒါ့အပြင် ဒါက အပြင်မှာ မပြောသင့်တဲ့ မိသားစု အရှုပ်တော်ပုံတစ်ခုပဲ...။ ဒါပေမဲ့ စုစု...၊ သမီး က စိတ်ထားကောင်းတော့ သမီး လှည့်စားမခံရအောင် ငါ ပြောပြပါ့မယ်...။”

“ငါတို့ရဲ့ ဆေးကျမ်းတွေ အခုလို အခြေအနေ ဖြစ်သွားတာ အားလုံး ဟူရှောင်ကျဲ ကျေးဇူးကြောင့်ပဲ...။ သူက စာအုပ်ထဲက အကြောင်းအရာတွေကို ဖုန်းနဲ့ အကြိမ်ကြိမ် ဓာတ်ပုံရိုက်ထားတယ်ဆိုတာ ငါ ကြိုသိခဲ့တယ်...။ ဒါပေမဲ့ အဲသည်အချိန်တုန်းက သမီးက သူ့ကို မိတ်ဆက်ပေးခဲ့တာဆိုတော့ သမီး သူ့အပေါ် သံယောဇဉ်ရှိမယ်လို့ ငါ ထင်ခဲ့တာ...။ သမီးတို့နှစ်ယောက်သာ ပေါင်းဖက်ဖြစ်သွားရင် သူလည်း သူစိမ်းမဟုတ်တော့ဘူးလေ...။ အဲဒါ ကြောင့် ငါ သိပ်မတွေးခဲ့ဘူး...။”

ပိုင်စုစုက အာ... ဟု ရေရွတ်လိုက်ပြီးနောက် အကူအညီမဲ့စွာဖြင့် ရှင်းပြလေ၏။

“အိုကွယ်...၊ သမီး အမှားလုပ်မိတာပဲ...။ သမီး သူ့ကို နည်းနည်းလေးတောင် မကြိုက်ပါဘူး...၊ သူ့အပေါ် ဘာစိတ် ဝင်စားမှုမှ လုံးဝ မရှိဘူး...။ သမီးတို့ရဲ့ ဆရာက မိတ်ဆက်ပေးလို့သာ သမီးက အဘိုးကို ပြန်မိတ်ဆက်ပေးခဲ့ တာပါ...။”

“အဲသည်အချိန်တုန်းက ဘွဲ့ရဖို့လည်း နီးနေပြီဆိုတော့ ဆရာ့ကို မျက်နှာသာပေးတဲ့အနေနဲ့ အဘိုးကို ပြောပြခဲ့ တာ ပါ...။ နောက်ပိုင်းမှာ ဆရာက ကျောင်းသားတွေဆီကနေ ငွေနဲ့ မျက်နှာသာပေးမှုတွေကို ခြိမ်းခြောက် တောင်းယူ တယ်ဆိုတာ ပေါ်ပေါက်လာတော့ ဟူရှောင်ကျဲက ဆရာ့ကို လက်ဆောင်တွေ ပေးခဲ့တယ်လို့ ကြားတယ်...။ အဲဒါ ကို ကြားတော့ သူ တော်တော် စိတ်ပျက်စရာကောင်းတယ်လို့ သမီး ထင်ခဲ့တာ...။”

“အဲသည်တုန်းက သူက တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်နေတာကို မြင်တော့ အဘိုးကလည်း သူ့ကို အရမ်းသဘောကျပြီး လူရွေးချယ်တဲ့ နေရာမှာတောင် ကိုယ်တိုင် ထောက်ခံပေးခဲ့တယ်လေ...။ ဒါကြောင့် သမီး အဲဒီကိစ္စကို ထပ်မပြောတော့တာပါ...။”

ကျန်းကျိမင်၏ ပါးစပ်မှာ အနည်းငယ် ပွင့်ဟသွားပြီး အချိန်အတန်ကြာ ငေးမောကြည့်နေပြီးနောက် ဖြည်းညင်း စွာ ပြန်ပိတ်သွားလေသည်။

“ဪ...၊ ဒီလိုကိုး...။ ငါ တကယ်ကို အိုမင်းမစွမ်း ဖြစ်နေပါပြီလေ...။ ငါ့ဘိုးဘွားတွေ လက်ဆင့်ကမ်းလာတဲ့ ဆေးကျမ်းတွေ လူယုတ်မာတွေရဲ့ ခိုးယူတာကို ခံလိုက်ရတာ နှမြောစရာပါပဲ...။”

ကျန်းကျိမင်က သူ့ကို ပြောနေခြင်းမဟုတ်မှန်း ရွှီပေါ်အန်း သိသော်လည်း အနည်းငယ်တော့ အနေရခက်နေဆဲပင် ဖြစ်၏။

ပိုင်စုစုက အံကြိတ်ရင်း ပြောလိုက်လေသည်။

“အဘိုး...၊ သမီး သူ့ကို သွားရှာမယ်...။ သူက တို့မိသားစုရဲ့ ဆေးကျမ်းတွေကို ဓာတ်ပုံတွေ အများကြီး ရိုက်သွား တာ...။ ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး...။”

ကျန်းကျိမင်က ခေါင်းခါရင်း ပြောလိုက်လေ၏။

“ထားလိုက်ပါတော့...၊ ငါ သိပေမဲ့ ဘာသက်သေမှ မချန်ထားခဲ့ဘူးလေ...။ ဒီကိစ္စက ရှင်းပြဖို့ ခက်တယ်...။”

“အဘိုး...၊ သမီးရဲ့ အစ်မက ရဲအရာရှိလေ...။ သူ့ဆီမှာ နည်းလမ်းရှိမှာ သေချာတယ်...။” ဟု ပိုင်စုစုက မကျေ မချမ်းဖြင့် ပြောလိုက်လေသည်။

ကျန်းကျိမင်က ထပ်မံ ခေါင်းခါလိုက်ပြီး ပြောလေ၏။

“ထားလိုက်ပါတော့ကွယ်...။ ဘာပဲဖြစ်ဖြစ် တစ်ချိန်က ငါတို့တွေ ဆရာတပည့် ဖြစ်ခဲ့ဖူးတယ်လေ...။”

ပိုင်စုစုက ခေါင်းမာစွာဖြင့် ပြောလိုက်လေသည်။

“အဘိုး...၊ ဒီလိုလူမျိုးနဲ့ ဆရာတပည့် သံယောဇဉ်အကြောင်း ပြောနေလို့ ဘာထူးမှာလဲ...။ အဘိုး သူ့ကို ကူညီခဲ့ တာတွေ မလုံလောက်သေးဘူးလား...။ မရဘူး...၊ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး...။ အဘိုး အားနာ နေရင် သမီး လုပ်မယ်...။”

ထိုသို့ပြောပြီးနောက် ပိုင်စုစုသည် အေးစက်သော မျက်နှာအမူအရာဖြင့် အပြင်သို့ ထွက်သွားလေတော့၏။

ပိုင်စုစု ထွက်သွားသည်ကို ကျန်းကျိမင်က အကူအညီမဲ့စွာ ကြည့်ရင်း ခေါင်းခါလိုက်ပြီး ရွှီပေါ်အန်းအား ပြော လိုက်လေသည်။

“ပေါ်အန်း...၊ ငါ တကယ်ကို တောင်းပန်ပါတယ်ကွာ...။ မူလကတော့ မင်းနဲ့ ဆေးပညာအကြောင်း ဆွေးနွေးချင် ခဲ့တာ...။ ဒါပေမဲ့ ဒီကိစ္စ ဖြစ်သွားတော့ ငါ စိတ်မပါတော့ဘူး...။”

ကျန်းကျိမင်၏ စကားကို ကြားသောအခါ ဤသည်မှာ နှုတ်ဆက်စကားမှန်း ရွှီပေါ်အန်း သိလိုက်လေ၏။ ဤသည် ကို နားလည်ပေးနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤအခြေအနေကို မည်သူမဆို ချက်ချင်းလက်ခံရန် ခက်ခဲ ပေလိမ့်မည်။

ရွှီပေါ်အန်းက ခေါင်းညိတ်ပြကာ ကျန်းကျိမင်ကို နှုတ်ဆက်ပြီး ဆေးရုံမှ ထွက်လာခဲ့လေသည်။ ကျန်းကျိမင်က စာအုပ်များကို ပြင်ဆင်ပေးရန် အကူအညီ မတောင်းသောကြောင့် ရွှီပေါ်အန်းသည်လည်း သူ၏ အကူအညီကို ထပ်မံ မကမ်းလှမ်းတော့ပေ။

မည်သို့ပင်ဆိုစေ ယနေ့ခေတ်ကဲ့သို့ နည်းပညာများ တိုးတက်နေချိန်တွင် ဤအရာမှာ ခက်ခဲသောကိစ္စတစ်ခုတော့ မဟုတ်လှချေ။

ဆေးရုံမှ ထွက်လာပြီးနောက် ရွှီပေါ်အန်းသည် ကုမ္ပဏီသို့ တိုက်ရိုက် သွားခဲ့လေ၏။ ရုံးခန်းထဲတွင် နေရာတကျ ဖြစ်သွားပြီးနောက် သူသည် ဘွန်ဆိုင်းကမ္ဘာထဲရှိ အခြေအနေကို ပုံမှန်အတိုင်း စစ်ဆေးကြည့်လိုက်လေသည်။

ခေါင်ရှန်းရွာ နယ်မြေတွင် အရာအားလုံး အဆင်ပြေနေပြီး လူတိုင်း မိမိတို့၏ နေ့စဉ်ဘဝများတွင် သမားရိုးကျ အလုပ်များနေကြသည်ကို မြင်သောအခါ ရွှီပေါ်အန်းက သိပ်ပြီး ဂရုမစိုက်တော့ပေ။

သူသည် အတွေးရေယာဉ်ကြောမှ ရုန်းထွက်လိုက်ပြီး အလုပ်ပြန်လုပ်လေတော့၏။

ရွှီပေါ်အန်း မသိခဲ့သည်မှာ ခေါင်ရှန်းရွာရှိ အရာအားလုံး စနစ်တကျ တိုးတက်နေချိန်တွင် ယခုအခိုက်အတန့်၌ ရှန်းယန်မြို့တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေခြင်းပင် ဖြစ်လေသည်။

အသစ်ခန့်အပ်ခံရသော ခရိုင်ဝန် ဝမ်ချောင်းသည် မြင့်မားသောမြင်းကြီးကို စီးလာသော ချင်းမူစီရင်စုမှ တမန်ကို မယုံ ကြည်နိုင်စွာ စိုက်ကြည့်နေပြီး အချိန်အတန်ကြာ ထိုင်နေခဲ့လေ၏။

ဝမ်ချောင်းက ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်လေသည်။

“သခင်ကြီး...၊ တစ်ခုခု နားလည်မှုလွဲနေတာ ဖြစ်ရပါမယ်...။ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးပေးပါ...။”

တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး မြင့်မားသော မြင်းပေါ်တွင် ထိုင်နေသော အမျိုးသားက စိတ်မရှည် သည့်ဟန်ဖြင့် ဆူပူကြိမ်းမောင်းလိုက်လေ၏။

“ရဲတင်းလှတဲ့ ဝမ်ချောင်း...၊ မင်းစကားက ဘာသဘောလဲ...။ ချင်းမူစီရင်စုက အရာရှိတွေအားလုံးက အမှား အမှန်ကို မခွဲခြားနိုင်တဲ့ အသုံးမကျတဲ့သူတွေလို့ မင်းက ပြောချင်တာလား...။”

ဝမ်ချောင်းသည် မြေကြီးပေါ်တွင် ဒူးထောက်နေရာမှ ဒေါသကြောင့် မျက်နှာရှုံ့မဲ့သွားကာ အံကြိတ်လျက် ပြော လိုက်လေသည်။

“ဝမ်ချောင်း မဝံ့ရဲပါဘူး...။ ဒါပေမဲ့ ဒီကိစ္စကို ဝမ်ချောင်း လုပ်ခဲ့တာ မဟုတ်တဲ့အတွက် ဝမ်ချောင်း တာဝန်မယူရဲ ပါဘူး...။”

မြင့်မားသော မြင်းကြီးသည် စိတ်မရှည်စွာ လှုပ်ရှားသွားပြီး အပေါ်တွင် ထိုင်နေသူမှာ မြင်းဇက်ကြိုးကို ဆွဲကာ မိမိကိုယ်ကို ငြိမ်သက်အောင် ထိန်းလိုက်ရလေ၏။ ထို့နောက် သူက သူ၏ ကြာပွတ်ဖြင့် ရိုက်ချလိုက်ရာ လေတိုး သံ ထွက်ပေါ်လာပြီး ဝမ်ချောင်းကို ညွှန်ပြလျက် ပြောလိုက်လေသည်။

“ရိုင်းစိုင်းလိုက်တာ...။”

“ချင်းမူစီရင်စုက သခင်ကြီးတွေက ထက်မြက်ပြီး အမြော်အမြင်ရှိလို့ ဒီလိုကောက်ချက်ချလိုက်တာပဲ... ။ ဒီအသနားခံစာကို အသိအမှတ်မပြုရုံနဲ့ ငါတို့က မင်းကို ဘာမှလုပ်လို့မရဘူး ထင်နေတာလား...။ မကြာခင် ချင်းမူတပ်ဦးမှူးရဲ့ ကိုယ်ရံတော်တွေ ရောက်လာလိမ့်မယ်...။”

“သက်သေအထောက်အထားတွေ အားလုံးစုံသွားတဲ့အခါ မင်း ဘယ်လို ငြင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့... ။ မင်းကိုယ်မင်း သတိထားနေတာ ကောင်းမယ်...။”

ထိုသို့ပြောပြီးနောက် သူသည် လက်ထဲရှိ ကြာပွတ်ကို ထပ်မံ ရိုက်ချလိုက်ရာ ဤတစ်ကြိမ်တွင် မြင်း၏ တင်ပါး ကို တိုက်ရိုက် ထိမှန်သွားလေ၏။ မြင်းသည် ရှေ့ခွာများကို ရုတ်တရက် မြှောက်လိုက်ပြီး ဝမ်ချောင်း၏ ခေါင်း ပေါ်မှ ခုန်ကျော်ကာ နောက်လှည့်မကြည့်ဘဲ ဒုန်းစိုင်း ပြေးထွက်သွားလေတော့သည်။

“သခင်ကြီး...”

“သခင်ကြီး...”

ဝမ်ချောင်း၏ အနောက်တွင် ဒူးထောက်နေကြသော လူစုသည် သူ့ကို ဝိုင်းအုံလာကြပြီး ထူမပေးလိုက်ကြလေ ၏။

“ဟွန့်...၊ ဒီကောင်က ငါတို့ကို အနိုင်ကျင့်နေတာပဲ...။”

“ဟုတ်တယ်...၊ သူက ဘာလို့ မေးခွန်းတောင် မမေးဘဲ ငါတို့ကို စွပ်စွဲနေရတာလဲ...။”

“သခင်ကြီး...၊ ဘုရင်ခံဆီသွားပြီး သူတို့ကို တိုင်ကြားကြရအောင်...။”

“ဟုတ်တယ် ညီအစ်ကိုတို့...၊ အတူတူ သွားကြစို့...။ ဒီ မဟာကျင့်မင်းဆက်မှာ ဥပဒေမရှိဘူးဆိုတာ ငါတော့ မယုံဘူး...။”

ဝမ်ချောင်းက အနည်းငယ် လက်ဟန်ပြလိုက်ရာ ပတ်ဝန်းကျင်မှာ ချက်ချင်း တိတ်ဆိတ်သွားလေ၏။

ဝမ်ချောင်းသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။

“မာဟန်...၊ ညီအစ်ကို တချို့ကို ခေါ်ပြီး ယွီတောင်ဆီကို မြင်းအမြန်စီးသွား...။ ယန်ရှိုယီကို ရှာပြီး ငါ့ဆီမှာ တစ်ခုခုဖြစ်ခဲ့ရင် သူ မြို့ထဲကို မဝင်လာဖို့ ပြောလိုက်...။ အပြစ်ဒဏ် မခံရအောင် မြို့ပြင်မှာပဲ စခန်းချနေဖို့ ပြော...။”

ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦးက ဝမ်ချောင်းကို တုန်ရီနေသော မျက်လုံးများဖြင့် ကြည့် လိုက်လေ၏။

“သခင်ကြီး...”

ဝမ်ချောင်းက စူးရဲစွာ စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။

“အခုချက်ချင်း သွား...။”

မာဟန်က ပြောလိုက်ပြီး အမိန့်ကို အကောင်အထည်ဖော်ရန် ထွက်ခွာသွားလေ၏။

“ဟုတ်ကဲ့ပါ သခင်ကြီး...။”

ထို့နောက် ဝမ်ချောင်းသည် လောင်ကျောင်းဆီသို့ လှည့်ကြည့်ကာ တိုးညင်းစွာ မေးလိုက်လေသည်။

“လောင်ကျောင်း...၊ ညီလေးချိန်းရှီရဲ့ အခြေအနေ ဘယ်လိုနေလဲ...။”

လောင်ကျောင်းက ခေါင်းခါလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ ထိုအရာကို မြင်သောအခါ ဝမ်ချောင်း၏ မျက်နှာမှာ ပို၍ ညှိုးနွမ်းသွားလေ၏။

“လောင်ကျောင်း...၊ ရထားလုံး ပြင်ထား...။ ငါတို့ သည်ည ထွက်မယ်...။ ညီလေးချိန်းရှီကို ညတွင်းချင်း ခေါင်ရှန်း ရွာဆီ ပြန်ခေါ်သွားရမယ်...။”

လောင်ကျောင်းသည် ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်အရိုအသေပေးကာ ထွက်ခွာသွားလေ တော့သည်။

“ဟုတ်ကဲ့ပါ...”

All Chapters