← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃)

လီချိန်းရှီ ရာထူးတိုးမြှင့်ခံရခြင်း

ရွှီပေါ်အန်းမှာ ချန်ရှီရှီ ဘာတွေ တွေးတောနေသည်ကို လုံးဝ သိမနေခဲ့ပေ။

အရာအားလုံး အဆင်သင့်ဖြစ်နေပြီကို မြင်သောအခါ ရွှီပေါ်အန်းသည် သူ၏ ဖုန်းစခရင်ပေါ်ရှိ 'ဖွင့်မည်' ခလုတ် ကို နှိပ်လိုက်လေ၏။

အတွေးနယ်လွန်နေသော ချန်ရှီရှီမှာ ဂီတသံကြောင့် ရုတ်တရက် လန့်ဖြတ်သွားခဲ့လေသည်။

ထို့နောက် ထူးဆန်းသော ပျားလပို့ကြီးဆီမှ ညှို့ငင်ဖမ်းစားနိုင်သည့် ပတ်လည်အသံများ ထွက်ပေါ်လာခဲ့လေ၏။ ဤ ဂီတသံက မည်သို့သော ဂီတသံမျိုး ဖြစ်နေပါသနည်း။

ဂီတသံကို နားဆင်ရသည်မှာ ရှုပ်ထွေးကာ အမြဲတစေ ပြောင်းလဲနေသော စစ်မြေပြင်ကြီးတစ်ခုပေါ်သို့ ရောက်ရှိ နေသကဲ့သို့ ဖြစ်ပြီး တစ်ခါတစ်ရံတွင် အသာစီးရနေသော်လည်း တစ်ခါတစ်ရံတွင်မူ အကြိတ်အနယ်ဖြစ်နေကာ တစ်ခါတစ်ရံတွင်မူ ခုခံရန် စွမ်းအားမဲ့နေသကဲ့သို့ ခံစားရလေသည်။ ၎င်းသည် အမှန်တကယ်ပင် အံ့ဩတုန် လှုပ်ဖွယ်ကောင်းပြီး ကြိုတင်မခန့်မှန်းနိုင်သော အတွေ့အကြုံတစ်ခုပင် ဖြစ်ချေ၏။

သီချင်းတစ်ပုဒ်လုံးတွင် ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်တော့သကဲ့သို့ အစဉ်တစိုက် တင်းမာနေသော ခံစား ချက်ကို ရရှိစေလေသည်။ အသက်အန္တရာယ်များနှင့် ပြည့်နှက်နေသော ကြောက်မက်ဖွယ်ကောင်းသည့်၊ သို့သော် လည်း ခမ်းနားထည်ဝါလှသော အတွေ့အကြုံထဲသို့ လုံးလုံးလျားလျား နစ်မြောသွားစေခဲ့၏။

သီချင်း ပြီးဆုံးသွားသည့်တိုင်အောင် ချန်ရှီရှီမှာ ထိုအထဲတွင် လုံးဝ နစ်မြောနေဆဲပင် ဖြစ်လေသည်။ သူမသည် ထိုအတွေ့အကြုံကို အရသာခံနေဆဲဖြစ်ပုံရပြီး သို့တည်းမဟုတ် အလွန်အမင်း စိတ်လှုပ်ရှားသွားပုံရလေ၏။

ရွှီပေါ်အန်းက မေးလိုက်လေသည်။

"ဒီဂီတသံကို မင်း ဘယ်လိုထင်လဲ...။"

ထိုအခါမှ ချန်ရှီရှီမှာ သတိပြန်ဝင်လာပြီး အမှတ်ရစရာများကို အရသာခံရင်း ပြန်လည်ဖြေကြားလိုက်လေသည်။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို အကြောင်းပြန်ရလျှင် ဒီတေးသွားက အခုလေးတင် အရှင်မင်းကြီး ပြောခဲ့ သလို ကောင်းကင်ဘုံမှာသာ ရှိသင့်သော တေးသွားဆိုသည်မှာ တကယ့်ကို မှန်ကန်လှပါတယ်...၊ မြေကမ္ဘာပေါ် မှာ ဒီလိုမျိုးက ဘယ်နှစ်ကြိမ်တောင် ကြားနိုင်မှာမို့လို့လဲ...။"

"ကျွန်မရဲ့ အရည်အချင်းက အကန့်အသတ်ရှိပေမယ့် သီချင်းထဲက စည်းချက် အနိမ့်အမြင့်တွေကို အမြဲတမ်း ပြောင်းလဲနေတဲ့ စစ်ပွဲတစ်ခုလိုမျိုး ကြားနေရဆဲပါပဲ...။"

"ဒါပေမယ့် တေးသွားက ကဗျာဆန်ပြီး လှပနေကာ စစ်သည်တော်တွေအတွက် ချီးကျူးဂုဏ်ပြုနေသလိုပါပဲ...၊ သီချင်းရဲ့ အသံနေအသံထားကလည်း ထူးခြားပြီး ရှုပ်ထွေးကာ ကွဲပြားတဲ့ နည်းစနစ်တွေကို အသုံးပြုထားပုံရ ပါတယ်...။"

"လက်ချောင်းထိပ်က ခွန်အားထိန်းချုပ်မှုနဲ့ နည်းစနစ်တွေ အသုံးပြုမှုက အလွန်ကို တင်းကျပ်လွန်းပြီး တွန်းခြင်း၊ ဆွဲခြင်း၊ ဖိချေခြင်းနဲ့ ပွတ်သပ်ခြင်း နည်းစနစ်တွေနဲ့ ရောနှောထားသင့်ပါတယ်...။"

"ဒါ့အပြင် သီချင်းတစ်ပုဒ်လုံးက နားဆင်သူတွေကို စစ်မြေပြင်မှာရှိတဲ့ အပြောင်းအလဲတိုင်းကို ကြားသိနိုင်စေပြီး စစ်ပွဲရဲ့ အဖြစ်ဆိုးတွေနဲ့ ကြောက်မက်ဖွယ်ရာတွေထဲမှာ နစ်မြောသွားစေပါတယ်...။"

ယင်းကို ကြားသောအခါ ရွှီပေါ်အန်းမှာ အံ့ဩတကြီး ရေရွတ်မိတော့သည်။

ဤသည်ကပင် လူတစ်ဦးကို ပရော်ဖက်ရှင်နယ်တစ်ဦး ဖြစ်လာစေခြင်းပင်။

ဤသည်မှာ အလွန် ထိုးထွင်းသိမြင်နိုင်သော မှတ်ချက်တစ်ခု ဖြစ်လေ၏။

အကယ်၍ သူသာဆိုလျှင် "ဝိုး... တကယ့်ကို မိုက်တာပဲ" ဟုသာ ပြောမိလိမ့်မည် ဖြစ်သည်။

ရွှီပေါ်အန်းမှာ မချီးကျူးဘဲ မနေနိုင်တော့ချေ။

"တကယ်ပဲ ဒီသီချင်းက မင်းပြောသလို အန္တရာယ်များပြီး အမြဲတမ်း ပြောင်းလဲနေတဲ့ စစ်ပွဲအခြေအနေကို ဖန်တီးပေးနေတာပဲ...။"

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်...၊ ကျွန်မက ဒီအတိုင်းပဲ ပြောလိုက် တာပါ...။ အရှင်မင်းကြီးရှေ့မှာ အရူးလုပ်မိသလို ဖြစ်သွားမှာကိုတောင် စိုးရိမ်မိပါတယ်...။"

ချန်ရှီရှီက နှိမ့်ချစွာ ပြောဆိုလိုက်လေသည်။ ထို့နောက် သူမက ဆက်၍ မေးလိုက်၏။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒီသီချင်းမှာ နာမည်ရှိမရှိ မေးလို့ရမလား...။"

ရွှီပေါ်အန်းက ပြန်ဖြေလိုက်လေသည်။

"ဒီသီချင်းကို အရပ်ဆယ်မျက်နှာမှ ချုံခိုတိုက်ခိုက်ခြင်းလို့ ခေါ်တယ်...။"

"အရပ်ဆယ်မျက်နှာမှ ချုံခိုတိုက်ခိုက်ခြင်း...၊ ဘယ်လောက်ကောင်းတဲ့ နာမည်လဲ...၊ ကြားလိုက်ရုံနဲ့တင် သီချင်း ကို ပြေးမြင်မိစေတယ်...။"

စကားပြောရင်းပင် ချန်ရှီရှီက ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆက်ပြောလေ၏။

"ဒါပေမယ့် ဒီအတွေးလမ်းကြောင်းအတိုင်း လိုက်ကြည့်မယ်ဆိုရင် ဒီသီချင်းကို အရပ်ရှစ်မျက်နှာမှ ချုံခိုတိုက်ခိုက် ခြင်းလို့ ခေါ်သင့်တာ မဟုတ်ဘူးလား...။"

"ဟင်...၊ အရပ်မျက်နှာအားလုံးကနေ ချုံခိုတိုက်ခိုက်တာလား...။"

ရွှီပေါ်အန်းမှာ အံ့အားသင့်သွားခဲ့ရလေသည်။

ချန်ရှီရှီက သူမ၏ လက်ချောင်းလေးများကို ရေတွက်ရင်း အလွန် လေးလေးနက်နက် ရှင်းပြလေ၏။

"ဟုတ်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကြည့်ပါဦး...၊ ကျွန်မတို့ ပတ်ဝန်းကျင်မှာ မြင်နိုင်တဲ့ အရပ် မျက်နှာတွေက အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြောက်နဲ့ အနောက် မြောက်ဆိုပြီး စုစုပေါင်း ရှစ်မျက်နှာ ရှိပါတယ်...။"

စကားပြောရင်း ချန်ရှီရှီသည် အရပ်မျက်နှာ အသီးသီးသို့ လက်ညှိုးထိုးပြလိုက်ရာ ရွှီပေါ်အန်းကို သဘောတူ သည့်အနေဖြင့် ခေါင်းညိတ်သွားစေခဲ့သည်။

*ဝိုး...၊ တော်တော်လေး အဓိပ္ပာယ်ရှိတာပဲ…။*

*ဒီကိစ္စကို ငါကိုယ်တိုင် ဘာကြောင့် မစဉ်းစားမိခဲ့တာလဲ…။*

ရွှီပေါ်အန်းက မည်သို့ တုံ့ပြန်ရမည်နည်းဟု တွေးတောနေစဉ် ချန်ရှီရှီ၏ အသံကို ထပ်မံ ကြားလိုက်ရလေသည်။

"အို... မဟုတ်သေးဘူး...၊ ရှီရှီ သဘောပေါက်သွားပြီ...၊ အင်မော်တယ်ကမ္ဘာက စစ်ပွဲကြီးဆိုတာ အင်မော်တယ် တွေကြားက တိုက်ပွဲပဲ ဖြစ်ရမယ်...၊ အင်မော်တယ်တွေက တန်ခိုးစွမ်းအားတွေ ရှိကြပြီး ကောင်းကင်နဲ့ မြေကြီး ဆီကို သွားနိုင်သလို ဘာမဆို လုပ်နိုင်ကြတယ်...။"

"အရပ်ရှစ်မျက်နှာအပြင် ကောင်းကင်မှာ တစ်မျက်နှာ၊ မြေကြီးပေါ်မှာ တစ်မျက်နှာ ရှိတာဆိုတော့ စုစုပေါင်း ဆယ်မျက်နှာ ဖြစ်သွားတာပေါ့...၊ ရှီရှီက ဉာဏ်နည်းလွန်းလို့ တောင်စောင့်နတ်မင်းကြီးကိုတောင် ရယ်စရာ ဖြစ်စေမိပြီ..."

*ဝိုး...၊ သူမက တကယ့်ကို အရည်အချင်းရှိတဲ့ အမျိုးသမီးပဲ….။*

အမှန်တကယ်ကို အခြေအနေကို ပြေလည်သွားအောင် ဖြေရှင်းနိုင်ခဲ့သည်။

အလွန် ကောင်းမွန်လှပေ၏။

ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး သူ၏ စကားများမှာ ဝေဝါးနေလေသည်။

"အဓိပ္ပာယ်ရှိပါတယ်...၊ နောင်တစ်ချိန်မှာ ပြန်ဆုံတွေ့နိုင်ဖို့ ကိုယ့်အတွက် လမ်းတစ်လမ်း ချန်ထားပါဆိုတဲ့ စကား တစ်ခွန်းကို ငါ ကြားဖူးတယ်...၊ နောက်စကားတစ်ခွန်းက ထွက်ပေါက်တစ်ခု ပေးရင် အဆုံးအစမဲ့ ကောင်းချီးတွေ ကို ရရှိလိမ့်မယ်တဲ့...၊ အရပ်မျက်နှာအားလုံးကနေ ချုံခိုတိုက်ခိုက်ခြင်းရဲ့ အဓိပ္ပာယ်က တုံ့ဆိုင်းမနေဘဲ သေချင်တဲ့ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုတယ်...။”

“ဤပုဂ္ဂိုလ်ကြီးက အရပ်မျက်နှာအားလုံးကနေ ချုံခိုတိုက်ခိုက်တဲ့ နည်းဗျူဟာကို အသုံးပြုပြီးနောက်မှာ အခြား ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ဝန်းရံပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုကြတယ်...၊ ကောင်းကင်ဘုံက သူ့ကို အရမ်း ရက်စက်လွန်းတယ်လို့ သတ်မှတ်ပြီး ကရုဏာမပြခဲ့တဲ့အတွက် ကောင်းကင်ဘုံရဲ့ ဥပဒေတွေကို ချိုးဖောက်မိလို့ သက်တမ်း ရှစ်နှစ် လျှော့ချခံရတဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လေ...။"

ချန်ရှီရှီက တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။

"ဒါဆို အင်မော်တယ်ကမ္ဘာက သောကကင်းတဲ့ ပရဒိသုဘုံတော့ မဟုတ်ဘူးပေါ့နော်...။"

ချန်ရှီရှီမှာ မိန်းမပျိုလေးတစ်ဦး၏ ဝမ်းနည်းကြေကွဲဖွယ် အတွေးများထဲသို့ ထပ်မံ ကျရောက်သွားသည်ကို မြင် သောအခါ ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် အကြံပေးလိုက်လေသည်။

"ကောင်းပြီ...၊ မြန်မြန် အနားယူလိုက်ပါဦး...။ ညဉ့်နက်တဲ့အထိ နေတာက အကျင့်ကောင်း မဟုတ်ဘူး...၊ ငါ သွားတော့မယ်...။"

ချန်ရှီရှီက ဦးညွှတ်လိုက်ပြီး ပြောလေ၏။

"ဒီည ဒီလို ကောင်းကင်ဘုံက ခြေသံတွေကို ကြားရတာ အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်...၊ တောင်စောင့် နတ်မင်းကြီးကို ရိုသေလေးစားစွာနဲ့ နှုတ်ဆက်ခွင့်ပြုပါ...။"

အချိန်စောသေးပြီး ညဉ့်နက်နေပြီဖြစ်သည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် သူ၏ ခုတင်ထဲသို့ ချက်ချင်းပင် ပြန်လည်ဝင်ရောက်သွားလေတော့သည်။

လူတွေ အသက်ကြီးလာသည်နှင့်အမျှ ခံစားချက်များကလည်း ပို၍ နည်းပါးလာကြလေသည်။

ခုတင်ပေါ်တွင် လှဲလျောင်းကာ ဖုန်းကို ခေတ္တမျှ ပွတ်ဆွဲကြည့်နေမိပြီး ဘစ်ဒေတာမှ ဉာဏ်ရည်တုဖြင့် ပေးပို့သော အသိပေးချက်များမှာ တကယ့်ကို အံ့မခန်းဖြစ်နေလေ၏။

ညဉ့်နက်သန်းခေါင်အချိန်တွင် ပေးပို့လာသော အရာများမှာ သီချင်းဆိုခြင်း၊ ကခုန်ခြင်းနှင့် လမ်းလျှောက်ပြသ ခြင်းများ ပြုလုပ်နေကြသော အရည်အချင်းရှိသည့် တိုက်ရိုက်ထုတ်လွှင့်သူများ သို့မဟုတ် တူရိယာများ တီးခတ် ခြင်း၊ ဗုံတီးခြင်း၊ စာဖတ်ခြင်း သို့မဟုတ် ဟင်းချက်ခြင်းများ ပြုလုပ်နေသူများပင် ဖြစ်လေသည်။

ဤဗီဒီယိုများ သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှုများ အားလုံးတွင် တူညီသော အချက်တစ်ချက် ရှိနေလေသည်။

ဟုတ်ပေသည်၊ ၎င်းမှာ... အထူးသီးသန့် ဖြစ်နေခြင်းပင်။

ရွှီပေါ်အန်း ပထမဆုံးအကြိမ် တွေ့ကြုံခဲ့ရစဉ်က အမှန်တကယ်ပင် အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု သူ ထင်မြင်ခဲ့မိလေသည်။

အထူးသဖြင့် စန္ဒရား၊ ကူကျန်းနှင့် ပီပါ တီးခတ်ကြသော တိုက်ရိုက်ထုတ်လွှင့်ခန်းများအတွင်းရှိ အရည်အချင်း ရှိသည့် အမျိုးသမီးအနည်းငယ်ပင် ဖြစ်လေ၏။ သူတို့၏ ကျွမ်းကျင်မှုအဆင့်မှာ ထိုမျှလောက် မမြင့်မားသော် လည်း ပရိသတ်များကို "ငါက လှပတဲ့ အမျိုးသမီးတွေကို ကြည့်နေတာ မဟုတ်ဘူး...၊ အနုပညာကို ခံစားနေ တာ..." ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို ပေးစွမ်းနိုင်ကြလေသည်။

ယနေ့ ထပ်မံကြည့်ရှုရာတွင်မူ သူ လုံးဝ အာရုံစိုက်၍ မရနိုင်တော့ချေ။ အခုလေးတင်က ချန်ရှီရှီ၏ လက်ရာ မြောက်လှသော ဖျော်ဖြေမှုကို မတွေးဘဲ မနေနိုင်အောင် ဖြစ်နေမိလေသည်။

လုပ်ဆောင်ချက်၊ ဂီတသံ၊ ရုပ်ရည်သွင်ပြင် သို့မဟုတ် စိတ်နေသဘောထား မည်သည့်အရာပင်ဖြစ်စေကာမူ ၎င်းတို့မှာ အဆင့်တူညီမှု မရှိကြချေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချန်ရှီရှီသည် ဤတိုက်ရိုက်ထုတ်လွှင့်သူများနှင့် ကမ္ဘာတစ်ဖက်တစ်ချက်စီ ကွာခြားလှပေသည်။

ရွှီပေါ်အန်းသည် သူ ပွတ်ဆွဲကြည့်ရှုနေသော တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် ဗီဒီယိုများမှာ ဖယောင်းခြောက် များကဲ့သို့ အရသာကင်းမဲ့နေသည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။

ယင်းကို တွေးမိသည်နှင့် မသိစိတ်အတွင်းမှ အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့လေ၏။ "တကယ့် အဆင့်အတန်းဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာ မင်းတို့အားလုံးကို ပြသပေးမယ်..." ဟုပင် ဖြစ်သည်။

လျင်မြန်စွာပင် ရွှီပေါ်အန်းသည် အခုလေးတင်က သူ ရိုက်ကူးထားသော ချန်ရှီရှီ စောင်းတီးနေသည့် ဗီဒီယိုကို ယူကာ အကောင်းဆုံးအပိုင်းကို တိုတိုလေးဖြတ်၍ တည်းဖြတ်လိုက်ပြီး ခွိုက်ယင်ပလက်ဖောင်းပေါ်တွင် ပေါ့ပေါ့ ပါးပါးပင် တင်လိုက်လေသည်။ ထို့နောက် ပျင်းရိငြီးငွေ့မှုကို ခံစားလိုက်ရသဖြင့် ဖုန်းကို ဘေးသို့ချထားကာ သက်သောင့်သက်သာရှိသော အနေအထားသို့ လှည့်လိုက်ပြီး ပြန်လည်အိပ်ပျော်သွားလေတော့၏။

...

နောက်တစ်နေ့တွင် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာအတွင်းမှ ဆူညံသံများကြောင့် ထပ်မံ နိုးထလာခဲ့ရလေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ တောင်စောင့်နတ်မင်း နတ်ကွန်းအခြေစိုက်စခန်းဆီမှ မဟုတ်ပေ။ ထိုပြင်းထန်လှ သော ဆင့်ခေါ်ခြင်းခံစားချက် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ ဌာနခွဲအခြေစိုက်စခန်းတစ်ခုဆီမှ ခေါ်ဆိုမှုဖြစ်ကြောင်း သူ သိလိုက်လေ၏။

သူ၏ အမြင်အာရုံသည် တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ရှန်းယန်ခရိုင်ရှိ မြို့စောင့်နတ်ကွန်းအတွက် ရွေးချယ်စရာ ရေပူဖောင်းလေးကို သူ မြင်လိုက်ရလေသည်။ အထဲသို့ ဝင်ရောက် လိုက်ချိန်တွင် ထိုနေရာအား ပြန်လည်မွမ်းမံထားကြောင်း သူ တွေ့ရှိလိုက်ရ၏။ တောင်စောင့်နတ်မင်း နတ်ကွန်းကဲ့သို့ ကြီးမားသော ပြုပြင်မွမ်းမံမှုမျိုး မဟုတ်သော်ငြားလည်း ဂရုတစိုက် ရှင်းလင်းထားကြောင်း သိသာထင်ရှားလှပေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်က ရှုပ်ထွေးမှုများမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ပင်မခန်းမကြီးမှာ သန့်ရှင်းကျယ်ဝန်းနေလေ၏။ ယခုအခါ သူ၏ရှေ့ရှိ နံ့သာတိုင် ယဇ်ပလ္လင် ပေါ်တွင် ပူဇော်သက္ကာယမျိုးစုံကို တင်ထားလေသည်။ ရွှီပေါ်အန်း အထက်သို့ မော့ကြည့်လိုက်ရာ ခေါင်မိုးပေါ်ရှိ အပေါက်ကြီးအား ပြုပြင်ထားသည်ကို တွေ့လိုက်ရလေသည်။ သူ၏ စိတ်ဆန္ဒဖြင့် အထက်သို့ ခုန်တက်ရန် ကြိုးစားကြည့်သော်လည်း ထိုလမ်းမှတစ်ဆင့် ထွက်ခွာ၍ မရနိုင်တော့ကြောင်း သူ တွေ့ရှိလိုက်ရလေ၏။

*အင်း...၊ ဒါက အနည်းငယ်တော့ နှမြောစရာကောင်းတယ်…။*

အရှေ့သို့ ကြည့်လိုက်ရာ ယဇ်ပလ္လင်အောက် မနီးမဝေးရှိ ဆုတောင်းဖျာပေါ်တွင် လီချိန်းရှီသည် ခေါင်းကို မော့ လာခဲ့ပြီး သူ၏ မျက်နှာမှာ သေလုမတတ် ဖြူလျော့နေလေ၏။ ရွှီပေါ်အန်းမှာ ထိုမြင်ကွင်းကြောင့် လန့်ဖြန့် သွားခဲ့ ရလေသည်။ လီချိန်းရှီ၏ အခြေအနေမှာ ပြင်းထန်သော သွေးဆင်းမှုနှင့် တူနေလေ၏။ မျက်လုံးကို ကျဉ်းကာ ကြည့်လိုက်ရာ လီချိန်းရှီ၏ ခါးပေါ်တွင် နက်ရှိုင်းသော သွေးနီရောင်အကွက်တစ်ခုကို မြင်လိုက်ရပြီး သူ၏ အဝတ်အစားများမှာ သွေးများဖြင့် စိုရွှဲနေလေသည်။

ရှန်းယန်ခရိုင်မှ သူပုန်များက ဆုတ်ခွာသွားခဲ့ပြီ မဟုတ်ပါလား။ မည်သို့ဖြစ်၍ ဤအခြေအနေသို့ ရောက်ရှိလာရ သနည်း။

ရွှီပေါ်အန်းသည် နံ့သာပြာအချို့ကို ယူရန် တောင်စောင့်နတ်မင်း နတ်ကွန်း ဌာနချုပ်သို့ အလျင်အမြန် ပြန်သွားကာ ရေပူဖောင်းလေးကို နှိပ်၍ ပြန်လည်ရောက်ရှိလာခဲ့လေသည်။

"လီချိန်းရှီ...၊ မင်း ဘာဖြစ်လို့ ဒီလို အခြေအနေမျိုး ရောက်နေရတာလဲ...။"

ရွှီပေါ်အန်းက မေးလိုက်လေ၏။

တွေဝေငေးမောကာ လေးလံနေသော မျက်လုံးများဖြင့် ရှိနေသည့် လီချိန်းရှီမှာ ရွှီပေါ်အန်း၏ အသံကြောင့် ရုတ်တရက် လန့်ဖြတ်သွားခဲ့လေသည်။ သူ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့၏။

"တောင်စောင့်နတ်မင်း...၊ ဘိုးဘိုးကြီး...၊ အရှင်နတ်မင်းကြီး တကယ်ပဲ ရောက်လာတာလား...။"

"စကားများမနေနဲ့တော့...၊ ဒီအရာကို မင်းရဲ့ ဒဏ်ရာပေါ် အရင်သုတ်လိမ်းလိုက်...။"

ရွှီပေါ်အန်းသည် ညင်သာစွာ လက်လှမ်းလိုက်ရာ လီချိန်းရှီ၏ ရှေ့တွင် နံ့သာပြာ အနည်းငယ် ပေါ်လာခဲ့လေသည်။

လီချိန်းရှီက အလျင်အမြန်ပင် ပြားပြားဝပ် ရှိခိုးလိုက်လေ၏။ ထိုသို့ လှုပ်ရှားလိုက်မှုကြောင့် ဒဏ်ရာမှာ ထပ်မံ ပွင့်ထွက်သွားပုံရလေသည်။ သူက တိုးညှင်းစွာ ညည်းတွားလိုက်ပြီး သွားကိုက်ကာ ဦးချရှိခိုးမှုကို အဆုံးသတ် လိုက်သော်လည်း သူ၏ နဖူးပေါ်တွင် ပဲပိစပ်အရွယ်ခန့်ရှိသော ချွေးပေါက်များက အလိုအလျောက် ထွက်ပေါ်လာ ခဲ့လေသည်။

သူက ခါးတွင် ပတ်ထားသော ဝါဂွမ်းစကို အမြန် ဖယ်ရှားလိုက်လေ၏။ သွေးသံရဲရဲဖြင့် စုတ်ပြတ်နေသော ဒဏ်ရာကို ကြည့်ကာ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ပေးသနားတော်မူသော အမှုန့်ဖြစ်နေသည့် "နတ် ဆေးစွမ်း"ကို သတိထား၍ သုတ်လိမ်းလိုက်လေသည်။

ချက်ချင်းပင် အေးမြကာ ယားယံသော ခံစားချက်တစ်ခုက သူ့အပေါ်သို့ လွှမ်းခြုံသွားခဲ့၏။ ထို့နောက် လီချိန်းရှီ သည် သွေးထွက်နေသော ဒဏ်ရာမှာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် အမှန်တကယ် ကျက်သွားကြောင်းကို ထိတ်လန့် အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရလေသည်။

တကယ့်ကို အင်မော်တယ်တို့၏ ဆေးစွမ်းပင်တည်း။ အလွန်တရာမှ ထိရောက်လှပေသည်။

"ဆေးစွမ်းပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒီကျေးဇူးတော်ကြီးကို ကျွန်တော်မျိုး အသက်ထက်ဆုံး ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး...။"

လီချိန်းရှီသည် ကြမ်းပြင်ပေါ်သို့ ခေါင်းဖြင့် တဒုန်းဒုန်းမြည်အောင် သုံးကြိမ်တိုင်တိုင် ထပ်မံ ဦးချလိုက်လေ၏။

လီချိန်းရှီမှာ အသက်အန္တရာယ် မရှိတော့သည်ကို မြင်သောအခါ ရွှီပေါ်အန်းက နောက်ဆုံးတွင် မေးလိုက်လေ သည်။

"ကောင်းပြီ...၊ ငါ့ကို ပြောစမ်းပါဦး...၊ တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ...၊ ရှန်းယန်ခရိုင်မှာ ပြဿနာရှာနေတဲ့ သူပုန်အကြွင်းအကျန်တွေ ရှိနေသေးတာလား...။"

လီချိန်းရှီက သက်ပြင်းချလိုက်လေ၏။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက အရာအားလုံးကို မြင်နိုင်ပေမယ့် ကျွန်တော်မျိုးတို့ကတော့ ကြိုတင်ခန့်မှန်း နိုင်စွမ်းမရှိလောက်အောင် မိုက်မဲလွန်းလှပါတယ်...။ သူပုန်တပ်ဖွဲ့ရဲ့ အင်အားစုကြီး ဆုတ်ခွာသွားပေမယ့် အကြွင်းအကျန် တပ်ဖွဲ့ငယ်လေးတွေ ကျန်ရစ်ခဲ့ပြီး မြို့စွန်တွေမှာ မီးရှို့၊ သတ်ဖြတ်၊ လုယက်မှုတွေ ကျူးလွန်နေ ကြပါတယ်...။”

“အဲဒီလူတွေကို နှိမ်နင်းဖို့ သခင်ကြီးဝမ်ချောင်းနဲ့အတူ ကျွန်တော်မျိုး လိုက်သွားခဲ့ပေမယ့် မြို့ရဲ့ ကာကွယ်ရေးက အဲဒီလောက်အထိ ဟာလာဟင်းလင်း ဖြစ်နေမယ်လို့ ကျွန်တော်မျိုးတို့ မမျှော်လင့်ထားခဲ့မိဘူးလေ...၊ သူပုန် တွေက ကျွန်တော်မျိုးတို့ကို ဖျက်ဆီးဖို့ အခွင့်အရေးယူပြီး နေရာအနှံ့မှာ မီးရှို့ လုယက်ခဲ့ကြပါတယ်...၊ ကျွန်တော် မျိုးတို့ သတင်းရလို့ ပြန်ပြေးလာတဲ့အချိန်မှာတော့ နေရာအတော်များများက ပြာကျနေခဲ့ပါပြီ...။"

"မြို့ကို ကာကွယ်ခဲ့တဲ့ သူရဲ့ ကုသိုလ်ကံကြောင့် သခင်ကြီးဝမ်ချောင်းဟာ ခရိုင်ဝန်ရာထူးကို အထူး ရာထူးတိုးမြှင့် ခံခဲ့ရပါတယ်...။ ဒါပေမယ့် လောလောဆယ်မှာတော့ သူ့ကို ယခင် ခရိုင်ဝန်ဟောင်းက စွပ်စွဲပြစ်တင်နေပါတယ်... ၊ သူတို့က သူ့ကို ရာထူးကနေ ဖယ်ရှားချင်ရုံတင်မကဘဲ စီရင်စုအကျဉ်းထောင်ထဲကိုပါ ထည့်ချင်နေကြတယ်လို့ ဆိုကြပါတယ်...။"

ရွှီပေါ်အန်းသည် ဤအာဏာလုပွဲများအတွက် သိပ်ဂရုမစိုက်လှချေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဝမ်ချောင်းကို လုပ်ကြံခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံတွင် ၎င်း၏ ဥပဒေများရှိပြီး မိသားစုတစ်စုတွင် ၎င်း၏ စည်းမျဉ်းများ ရှိလေသည်။ မဟာကျင့်မင်းဆက်တွင် ၎င်း၏ ကိုယ်ပိုင် ဥပဒေစနစ် ရှိလေ၏။ ရွှီပေါ်အန်းမှာ ဤမျှလောက် အသေးအဖွဲ ကိစ္စများတွင် ဝင်စွက်ဖက်ရန်အတွက် လုံ လောက်အောင် ပျင်းရိမနေခဲ့ချေ။

ရွှီပေါ်အန်း မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒါတွေအားလုံး ပြီးသွားတော့မှ မင်းက ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာရတာလဲ...။"

လီချိန်းရှီက ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်လေ၏။

"ကျွန်တော်မျိုး သခင်ကြီးဝမ်ချောင်းနဲ့ အပြင်ထွက်တဲ့အချိန် သတင်းရရချင်း သူ ပြန်ပြေးလာခဲ့ပါတယ်...၊ ကျွန်တော်မျိုးက မြို့စောင့်ရဲမက်အသစ်ဖြစ်တဲ့ မာဟန်နဲ့အတူ မြို့စွန်တွေကို ဆက်လက် ကင်းလှည့်ဖို့ ကျန်ခဲ့ပါ တယ်...။ ရန်သူက ကျွန်တော်မျိုးတို့ အင်အားခွဲဖို့ စောင့်နေတယ်ဆိုတာ ကျွန်တော်မျိုးတို့ လုံးဝ မသိခဲ့ရဘူး လေ...။ ကျွန်တော်မျိုးတို့ သူပုန်တွေရဲ့ တိုက်ခိုက်မှုအသစ်ကို ရုတ်တရက် ခံလိုက်ရပါတယ်...။”

“ချုံခိုတိုက်ခိုက်ခံရချိန်မှာ ကျွန်တော်မျိုးက သူတို့နဲ့ ယှဉ်နိုင်စွမ်းမရှိဘဲ လှံနဲ့ ထိုးခံလိုက်ရတာပါ...၊ ဒေါသထွက် စရာကောင်းတာက ရန်သူက အရှင်မင်းကြီး ပေးသနားထားတဲ့ 'နတ်ဘုရားလက်နက်' တွေကို အမှန်တကယ် အသုံးပြုနေတာပါပဲ...။ နောက်တော့ သခင်ကြီးမာဟန်က ကျွန်တော်မျိုး ပြန်လာနိုင်ဖို့အတွက် သူ့အသက်ကို ပဓာနမထားဘဲ ကယ်တင်ပေးခဲ့ပါတယ်...။"

"ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အကူအညီကို ရဖို့ ဒီနေရာမှာ ဆုတောင်းဖို့ မူလက ရည်ရွယ်ခဲ့ပေမယ့် အချိန် အကြာကြီး အရှင်မင်းကြီးရဲ့ နတ်သြဝါဒကို လက်ခံမရရှိခဲ့ပါဘူး...။ သခင်ကြီးဝမ်ချောင်းက ခေါင်ရှန်းရွာ တောင် စောင့်နတ်မင်း နတ်ကွန်းမှာ အရှင်မင်းကြီးရဲ့ အကူအညီကို တောင်းခံဖို့ ရည်ရွယ်ပြီး မနေ့ညက ဦးလေးကျောင်း ကို ကျွန်တော်မျိုးကို ခေါင်ရှန်းရွာကို ပြန်ပို့ပေးဖို့ စီစဉ်ပေးခဲ့ပါတယ်...၊ ဒါပေမယ့် ညလယ်ယံမှာ ချီတက်နေတုန်း အပြင်ဘက်ကို ဝန်းရံထားတဲ့ ချင်းမူအလံတပ်ဖွဲ့နဲ့ ပြဿနာတက်ခဲ့ပါတယ်...၊ ကျွန်တော်မျိုးတို့ ဒီနေရာကို ဆုတ်ခွာလာရုံကလွဲလို့ အခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး...။"

*ဘုရားရေ... တကယ့်ကို ရှုပ်ထွေးလှပါပေတယ်…။*

ဤအရာများအားလုံးကို ကြားရသောအခါ ရွှီပေါ်အန်းသည် သူ၏ ခေါင်းများ စတင် ကိုက်ခဲလာသည်ကို ခံစား လိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် သူသည် နက်ရှိုင်းသော ကျေးဇူးတင်မှုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။ ဤ ကဲ့သို့သော ဖရိုဖရဲခေတ်ကြီးနှင့် နှိုင်းယှဉ်ပါက သူ၏ ကြီးမြတ်သော မိခင်နိုင်ငံတော်တွင် မွေးဖွားလာရသည်မှာ မည်မျှ ကံကောင်းလိုက်ပါသနည်း။

All Chapters