← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆)

အင်ပါယာကျောက်စိမ်းကုတင်

ရွှီပေါ်အန်းသည် နာမည်ကြီးများကို အားပေးတတ်သူ မဟုတ်သော်လည်း များပြားလှသော လူအုပ်ကြီးကြောင့် သူ အံ့အားသင့်သွားခဲ့ရလေ၏။

ကုန်တိုက်ထဲရှိ လူအားလုံးနီးပါးသည် နေရာတစ်ခုတည်းဆီသို့ အလုအယက် သွားနေကြခြင်း ဖြစ်ပေသည်။

ဓာတ်လှေကားများ ပြည့်ကျပ်နေသဖြင့် လူအများစုမှာ အရေးပေါ်လှေကားဆီသို့ တိုက်ရိုက် ပြေးသွားကြလေ သည်။

၎င်း၏ ဩဇာလွှမ်းမိုးမှုသည် အလွန်တရာ ကြီးမားလှသဖြင့် ကြောက်မက်ဖွယ်ပင် ကောင်းနေချေ၏။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာထဲတွင် ဤမျှလောက် ကြီးမားသော ဩဇာလွှမ်းမိုးမှုမျိုး သူလည်း ရရှိနိုင် ကြောင်းကို ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု နည်းပါးမည်ကို အဘယ်ကြောင့် ပူပန်နေရမည်နည်း။

ပေါက်ကွဲထွက်မတတ် တိုးတက်လာနိုင်ခြေ ရှိပေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးတတ်သော ထန်ရုံကျီပင်လျှင် စပ်စုလိုစိတ်ဖြင့် မေးလာခဲ့လေ၏။

"ဘယ်သူများလဲ...၊ ဒီလောက်များပြားတဲ့ အခြွေအရံတွေနဲ့ဆိုတော့ ကျောက်ယာကျီတော့ မဖြစ်နိုင်ဘူးမလား...။"

မိခင်ဖြစ်သူ ထန်ရုံကျီအတွက်မူ ကျောက်ယာကျီ၏ ရုပ်ဆင်းသဏ္ဌာန်နှင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် သူမ၏ အလှ အပစံနှုန်းများအတွက် အထွတ်အထိပ်ပင် ဖြစ်ပေသည်။

သူတို့သည် ထိုခေတ်အခါက လူငယ်များ၏ စံပြပုဂ္ဂိုလ်များလည်း ဖြစ်ခဲ့ကြလေသည်။

ဘေးတွင် ရပ်နေသော ရွှီကျန်းချန်က ရယ်မောရင်း ပြောလိုက်လေ၏။

"ဒီနေ့ခေတ် လူငယ်တွေက ဘယ်လိုလုပ် ငါတို့ခေတ်က လူတွေနဲ့ တူနေရမှာလဲ...။"

ဘေးတွင် ရပ်နေသော ချန်ဖိန်ဖိန်သည် သူမ၏ဖုန်းကို ခေတ္တမျှ ပွတ်ကြည့်ပြီးနောက် ပြောလာလေ၏။

"ဘုရားရေ...၊ နာမည်ကြီး သရုပ်ဆောင် ယန်မီပဲ...၊ သတင်းတွေတောင် တက်နေပြီ...။"

ချန်ဖိန်ဖိန် စကားပြောလိုက်သည်နှင့် ဆိုင်အတွင်း ဈေးဝယ်နေသော လူငယ်အမျိုးသားနှင့် အမျိုးသမီး အချို့ လည်း ထိုသတင်းကို သိရှိသွားကြလေသည်။

သူတို့အားလုံး ချက်ချင်းပင် ထွက်ခွာသွားကြလေ၏။

ယန်မီ ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်ရပြီးမှသာ ဤလူများ အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေ ကြသည်ကို ရွှီပေါ်အန်း နားလည်သွားခဲ့တော့သည်။

ယန်မီသည် လက်ရှိ ဖျော်ဖြေရေးလောကတွင် ထိပ်တန်းအဆင့် နာမည်ကြီးသူ တစ်ဦးဖြစ်ပြီး သူမ၏ လွှမ်းမိုးမှု မှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။

စိတ်အားထက်သန်နေသော လူအုပ်ကြီးကို ကြည့်ရင်း ထန်ရုံကျီက ပြောလိုက်လေ၏။

"ကဲ...၊ ပြန်ကြစို့...။ ဒီလောက်ကြီးမားတဲ့ လူအုပ်ကြီးက ရှုပ်ယှက်ခတ်လွန်းတယ်...။ ငါတို့ အတိုးအဝှေ့ မခံနိုင် ဘူး...။"

ရွှီပေါ်အန်းက ပြုံး၍ အကြံပြုလိုက်လေသည်။

"စောပါသေးတယ်...။ ကျွန်တော့် ကုမ္ပဏီကို သွားကြည့်ကြမလား...၊ အဲ့နေရာမှာ အလုပ်လုပ်လာတာ နှစ်ပေါင်း များစွာ ကြာပြီ...။ အိမ်နားက အမြန်လမ်း တည်ဆောက်ရေး စီမံကိန်းကို တစ်ကြိမ် လာကြည့်တာကလွဲရင် ကျွန်တော် အလုပ်ပြောင်းပြီးကတည်းက ဘယ်ကုမ္ပဏီကိုမှ မရောက်ဖူးကြသေးဘူးလေ...။"

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်သူများသည် အိမ်ပြန်ရခဲလှပေသည်။

စီမံကိန်းများတွင် အလုပ်လုပ်သူ အများစုမှာ ဝေးလံခေါင်ဖျားသော ဒေသများတွင် ရှိနေတတ်သဖြင့် အပြင်ထွက် ရန်ပင် ခက်ခဲလှလေ၏။

ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဆွေမျိုးများ လာရောက်လည်ပတ်သည့် ဓလေ့တစ်ခု ရှိတတ် ပေသည်။ ကလေးများ ဆောင်းရာသီ သို့မဟုတ် နွေရာသီ ကျောင်းပိတ်ရက် ရောက်သောအခါ စီမံကိန်းနယ် မြေသို့ လာရောက်၍ ခေတ္တခဏ နေထိုင်တတ်ကြလေသည်။

မိဘများနှင့် ဆွေမျိုးများ လာရောက်လည်ပတ်ခြင်းမှာမူ ရှားပါးလှပြီး အကယ်၍ လာရောက်ခဲ့လျှင်တောင်မှ သူတို့သည် စီမံကိန်းခေါင်းဆောင်များ၏ ဆွေမျိုးများသာ ဖြစ်လေ့ရှိကြပေသည်။

တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီတွင် အမှန်တကယ် စိတ်ဝင်စားစရာ ဘာမှမရှိချေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းမှာ အဆောက်အအုံ တစ်ခုနှင့် ခြံဝင်းတစ်ခုသာ ဖြစ်ပြီး တောင်တန်းများကြားရှိ စီမံကိန်းတစ်ခု၏ ရှုခင်းမျိုးပင် မရှိပေ။

ရွှီပေါ်အန်း ဤသို့ပြုလုပ်ခြင်းမှာ သူ၏ မိဘများကို စိတ်အေးချမ်းသာစေရန် သက်သက်သာ ဖြစ်လေသည်။

သူ၏ လက်ရှိ အလုပ်နှင့် ဘဝအခြေအနေကို မိဘများ မြင်တွေ့စေခြင်းဖြင့် သူတို့ ထပ်မံ စိုးရိမ်ပူပန်နေမည် မဟုတ်တော့ချေ။

မကြာမီမှာပင် ရွှီပေါ်အန်း၏ အကြံပြုချက်ကို လူအများက သဘောတူလိုက်ကြလေ၏။

ပထမအချက်အနေဖြင့် သက်ကြီးရွယ်အို နှစ်ဦးစလုံးသည် သူတို့ သား၏ အလုပ်အခြေအနေကို သိချင်နေခဲ့သည် မှာ ကြာပြီဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ချန်ဖိန်ဖိန်ကလည်း မြှောက်ပေးနေခြင်း ဖြစ်သည်။ သူမသည် ရွှီပေါ်အန်းက တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ်လုပ်ကြောင်းကိုသာ သိရှိပြီး သူ၏ တိကျသော ရာထူးကိုမူ မသိရှိခဲ့ ပေ။ ဤသည်မှာ စပ်စုလိုစိတ် သက်သက်သာ ဖြစ်လေ၏။

သူတို့အဖွဲ့ ထွက်ခွာတော့မည်ကို မြင်သောအခါ လျှိုချွမ်သည် ဘေးရှိ သိုလှောင်ခန်းထဲမှ အဝတ်အစားတစ် ထည်ကို အလျင်အမြန် ထုတ်ယူကာ ပြောလိုက်လေသည်။

"အထွေထွေမန်နေဂျာရွှီ...၊ ဒီအပေါ်အင်္ကျီက ဦးလေးနဲ့ တော်တော်လေး လိုက်ဖက်ပါတယ်...။ ဦးလေးကို ယူပြီး ဝတ်ခိုင်းလိုက်ပါ...။"

လျှိုချွမ်သည် အကဲခတ်ကောင်းသူ ဖြစ်ပြီး အပေါ်အင်္ကျီပေါ်တွင် ရစ်ဝဲနေသော ရွှီကျန်းချန်၏ အကြည့်များကို သတိပြုမိနေခဲ့ပြီး ဖြစ်သည်။ အမျိုးသားများသည် ယေဘုယျအားဖြင့် အဝတ်အစားနှင့် ပတ်သက်၍ ဇီဇာ မကြောင်တတ်သော်လည်း သူတို့ မျက်စိကျသည့်အရာကိုမူ ဂရုစိုက်တတ်ကြပေသည်။

မြင်မြင်ချင်းပင် သဘောကျသွားပြီး အလွန်တရာ နှစ်သက်သွားခဲ့ခြင်း ဖြစ်လေ၏။

ရွှီကျန်းချန်သည် အစပိုင်းတွင် လက်ဆောင်ကို လက်ခံရန် တုံ့ဆိုင်းနေခဲ့သော်လည်း ရွှီပေါ်အန်းက ပြုံးလျက် လှမ်းယူကာ ပြောလိုက်လေသည်။

"အဖေ...၊ ကျွန်တော်တို့အားလုံးက မိသားစုတွေပဲ...၊ အားနာမနေပါနဲ့...။ ကျေးဇူးပဲ လျှိုအာ...။"

"အို...၊ အထွေထွေမန်နေဂျာရွှီက သဘောကောင်းလွန်းပါတယ်...။ ဂရုစိုက်ပြီး ပြန်ကြပါဦး..."

မျိုးရိုးနာမည်နောက်တွင် "အာ" ဟူသော အသံကို ထည့်သွင်းခြင်းသည် ယေဘုယျအားဖြင့် လူကြီးများက လူငယ်များကို ခေါ်ဝေါ်သည့် နည်းလမ်းပင် ဖြစ်လေသည်။

သို့သော် လျှိုချွမ်အတွက်မူ ၎င်းမှာ လုံးဝ မှားယွင်းနေသည်ဟု မခံစားရဘဲ ဆန့်ကျင်ဘက်အနေဖြင့် နားထောင်ရ သည်မှာ အထူးပင် ကောင်းမွန်နေခဲ့လေ၏။

ရွှီပေါ်အန်းနှင့် သူ၏အဖွဲ့သည် လမ်းလျှောက်လာခဲ့ခြင်း ဖြစ်ရာ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီသို့ သွားလိုပါက ဦးစွာ သူတို့၏ ကားကို ပြန်ယူရမည် ဖြစ်ပေသည်။

ကုန်တိုက်မှ ထွက်ခွာရာတွင် ဗဟိုခြံဝင်း၏ အရောင်းရုံးရှိ ကုန်တိုက်အဝင်ပေါက်ကို မလွဲမသွေ ဖြတ်သန်းရမည် ဖြစ်လေ၏။

လှေကားခွင်အတွင်းရှိ လူအုပ်ကြီး ပါးလျသွားပြီးနောက် သူတို့အဖွဲ့သည် နောက်ဆုံးတွင် အောက်ထပ်သို့ ရောက်ရှိသွားခဲ့သော်လည်း ဗဟိုခြံဝင်း အရောင်းရုံးတွင် ပခုံးချင်းတိုက်မိမတတ် ပြည့်ကျပ်နေသော ဧရာမ လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရလေသည်။

အဆုံးအစမရှိဟု ပြောရလျှင် ချဲ့ကားလွန်းရာ ကျမည်ဖြစ်သော်လည်း တံခါးကို လုံးဝ မမြင်ရသည်ကမူ အမှန်ပင် ဖြစ်ပေသည်။

"ဘုရားရေ...၊ ယန်မီပဲ...။"

"တကယ်ကြီး ယန်မီပဲ...၊ ငါတို့တော့ ယနေ့ ကံထူးတာပဲ...။"

"ဝိုး...၊ ရုပ်မြင်သံကြားထဲကထက် အများကြီး ပိုလှတာပဲ...။"

"တကယ်ပြောတာ...၊ ဒီလောက် လှပတဲ့ အမျိုးသမီးတွေ ရှိမယ်လို့တောင် မယုံနိုင်ဘူး...။"

အဝေးမှပင် ရွှီပေါ်အန်းသည် လူအုပ်ကြီးထံမှ ထွက်ပေါ်လာသော အမျိုးမျိုးသော အာမေဍိတ်သံများကို ကြားနေ ရလေ၏။

"အမေ...၊ ဘေးပေါက်ကနေ ပတ်သွားကြရအောင်...၊ ဒီနေရာမှာ လူတွေ အရမ်းများတယ်...။"

ဆူညံနေသော ပတ်ဝန်းကျင်တွင် သူ၏ အသံကို ကြားနိုင်စေရန် ရွှီပေါ်အန်းသည် အသံကို မြှင့်၍ ပြောလိုက်ရ လေသည်။

ထန်ရုံကျီ ပြန်လည်ဖြေကြားရန် ဟန်ပြင်နေစဉ်မှာပင် လူအုပ်ကြီး ရုတ်တရက် ကွဲဟသွားသည်ကို သူမ မြင်လိုက် ရလေ၏။ ထို့နောက် လမ်းကြောင်းတစ်ခု ပွင့်သွားလေသည်။

ယုံကြည်မှု အပြည့်ရှိသော အငွေ့အသက်နှင့် အနီရောင် ဝတ်စုံရှင် တစ်ဦးသည် တောက်ပသော အပြုံးဖြင့် လူအုပ်ကြီးထဲမှ လျှောက်လှမ်းလာခဲ့လေ၏။

သူမမှာ အခြားသူ မဟုတ်ဘဲ လက်ရှိတွင် နာမည်ကျော်ကြားနေသော စူပါစတား ယန်မီပင် ဖြစ်လေသည်။

သူမသည် လူတိုင်းနှင့် မလိုက်ဖက်နိုင်သော တောက်ပသည့် အနီရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ၎င်းက သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းအပေါ် ထားရှိသော သူမ၏ ယုံကြည်မှုကို ပြသနေလေ၏။

သူမသည် စိန်များ စီခြယ်ထားသော ဖောက်ထွင်းမြင်ရသည့် ဒေါက်မြင့်ဖိနပ်တစ်ရံကို စီးထားကာ သူမ၏ ဆံပင် အနက်ရောင်များက ပခုံးပေါ်သို့ ဖြာကျနေပြီး လခြမ်းကွေးပုံ မျက်ခုံးများအောက်ရှိ သူမ၏ တောက်ပသော မျက်လုံးများက ကြယ်ရောင်စုံသော ကောင်းကင်ယံရှိ လပြည့်ဝန်းကဲ့သို့ ကြည်လင်သော အကြည့်ဖြင့် တောက်ပ နေလေသည်။ သူမ လျှောက်လှမ်းလာစဉ် တစ်ဖက်တစ်ချက်ရှိ စိတ်အားထက်သန်နေသော ပရိသတ်များကို နှုတ်ဆက်လာခဲ့ပြီး သူမ၏ အကြည့်တိုင်းက ဆွဲဆောင်မှု အပြည့်ရှိနေချေ၏။

ထင်ထားသည့်အတိုင်းပင် နာမည်ကြီးသူများဆိုသည်မှာ သာမန် အင်တာနက်ပေါ်မှ နာမည်ကြီးသူများနှင့် မတူဘဲ နာမည်ကြီးသူများပင် ဖြစ်လေသည်။

သူမသည် ရုပ်မြင်သံကြားထဲကထက် အပြင်တွင် အများကြီး ပိုလှရုံသာမက သူမ၏ စိတ်နေသဘောထား ကလည်း ဆွဲဆောင်မှု ရှိလှပေသည်။

မကြာမီမှာပင် လူအုပ်ကြီးက ဝန်းရံထားလျက် ယန်မီနှင့် သူမ၏အဖွဲ့သည် ဓာတ်လှေကားထဲသို့ ဝင်ရောက်သွား ကြလေ၏။

ဓာတ်လှေကားတံခါး ပိတ်ခါနီးတွင် ဓာတ်လှေကားထဲမှ ထွက်ပေါ်လာသော အသံတစ်သံကို ရွှီပေါ်အန်း ကြား လိုက်ရလေသည်။

"ဖီဖာ တီးတဲ့ ဒီမိန်းကလေးကို ငါ ရှာတွေ့မှ ဖြစ်မယ်...၊ သေချာတာကတော့ သူမသာ ပွဲဦးထွက်လာရင် သူမရဲ့ အောင်မြင်မှုတွေက ငါ့ထက် နည်းမှာ မဟုတ်ဘူး...။"

"ဟုတ်ကဲ့ပါ အထွေထွေမန်နေဂျာယန်...၊ ကျွန်မတို့ ဥက္ကဋ္ဌက အပေါ်ထပ်မှာ ရှိပါတယ်...၊ သူမက ဗီလာရဲ့ တိကျ တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်နဲ့ ဆက်သွယ်ပါလိမ့်မယ်...။"

ရွှီပေါ်အန်းသည် ထူးခြားသော အကြားအာရုံကို ပိုင်ဆိုင်ထားလေသည်။ ဤသည်ကို ကြားလိုက်ရသောအခါ သူ၏ နားရွက်များက အလိုအလျောက် လှုပ်ရှားသွားပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားမိလေ၏။

*ဘုရားရေ...၊ နာမည်ကြီး ကြယ်ပွင့် ယန်မီ ရောက်လာခြင်းက အမှန်တကယ်တော့ ချန်ရှီရှီ အတွက်များ ဖြစ်နေ မလား….။*

ထိုသို့မဟုတ်လျှင် ဤမျှ တိုက်ဆိုင်နေလိမ့်မည် မဟုတ်ချေ။

ရွှီပေါ်အန်း ကြက်သေသေနေသည်ကို မြင်သောအခါ ထန်ရုံကျီက သူ့ကို ဆိတ်လိုက်ပြီး ပြောလေ၏။

"ဟဲ့ကောင်...၊ ဘာတွေ ကြည့်နေတာလဲ...၊ ဖိန်ဖိန့်ရှေ့မှာ မရှက်ဘူးလား...။ မြန်မြန် လျှောက်စမ်းပါ...။ အခု လူနည်းသွားပြီဆိုတော့ ငါတို့ လမ်းကိုပတ်သွားစရာ မလိုတော့ဘူး...။"

သူ မည်မျှပင် အသက်ကြီးနေပါစေ မိဘများ၏ မျက်လုံးထဲတွင်မူ သူသည် အမြဲတမ်း ကြီးမလာသေးသော ကလေးတစ်ယောက်သာ ဖြစ်နေဆဲပင်။

ချန်ဖိန်ဖိန်က နားလည်သဘောပေါက်စွာ ပြုံးလိုက်ပြီး ထန်ရုံကျီ၏ လက်မောင်းကို တွဲထားသော လက်ကို ညင်သာစွာ မြှောက်ကာ ပြောလိုက်လေသည်။

"အန်တီ...၊ လူတိုင်းက အလှအပကို နှစ်သက်ကြတာပဲလေ...၊ ရွှီအိုကြီးကို ထားလိုက်ပါဦး...၊ ကျွန်မတောင်မှ ဒီလောက် နာမည်ကြီးတဲ့ ကြယ်ပွင့်ကို အကြည့်အနည်းငယ်လောက် ပိုမကြည့်ဘဲ မနေနိုင်ဘူး...။"

ရွှီပေါ်အန်းသည် ခါးသီးစွာ ပြုံးလိုက်ပြီး ထိုနေရာမှ အမြန် ထွက်ပြေးလေတော့သည်။

ဗီလာသို့ ပြန်ရောက်သောအခါ ရွှီပေါ်အန်းသည် သော့များကို ဆွဲယူကာ ထွက်ခွာရန် ပြင်နေစဉ် စုန့်ကျိချိုးထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်လေ၏။

"သူဌေးရွှီ...၊ ပြီးခဲ့တဲ့အကြိမ်က ခင်ဗျား ပေးထားတဲ့ လိပ်စာက တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ ဖြစ် နေတာကို ကျွန်တော် တွေ့လိုက်တယ်...၊ ကျွန်တော် ယနေ့ အဲဒီဘက်ကို ဖြတ်သွားစရာ ရှိလို့ပါ...။ ပြီးခဲ့တဲ့အ ကြိမ်က ခင်ဗျား ကျွန်တော့်ကို တောင်းထားတဲ့ ပစ္စည်းလေးတွေကို လာယူဖို့ အချိန်မရဘူး မဟုတ်လား...။ ကျွန်တော် ခင်ဗျားဆီ ယူလာပေးပါ့မယ်...။"

ရွှီပေါ်အန်း သူ၏ နဖူးကို ရိုက်လိုက်မိပြီး သူ၏ ဘွန်ဆိုင်းကို အလှဆင်ရန် စုန့်ကျိချိုးထံမှ ပစ္စည်းငယ်အချို့ကို မှာယူထားခဲ့ကြောင်း ရုတ်တရက် သတိရသွားခဲ့လေသည်။

"အရမ်းအားနာပါတယ် အထွေထွေမန်နေဂျာစုန့်...၊ ကျွန်တော် တကယ် အလုပ်များနေလို့ မေ့သွားတာပါ...။"

"ဟားဟား... နားလည်ပါတယ်...၊ ခင်ဗျားလို စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ကို ထားလိုက်ပါဦး...၊ ကျွန်တော့ လို ဆိုင်ငယ်လေး ဖွင့်ထားတဲ့ သူတောင်မှ ပစ္စည်းတွေကို အမြဲ မေ့နေတတ်တာပဲ...။ ဒီနေ့ ဒီပစ္စည်း တွေကို ရှင်းလင်းနေရင်းနဲ့မှ ကျွန်တော် သတိရသွားတာပါ...၊ အဲဒီဘက်ကို ဖြတ်သွားစရာရှိတာနဲ့ ကွက်တိဖြစ် သွားပြီး ခင်ဗျားဆီ ယူလာပေးနိုင်တာပါ...။"

"ဒါဆိုရင်လည်း အထွေထွေမန်နေဂျာစုန့်ကို ဒုက္ခပေးရတော့မယ်...။ သူငယ်ချင်း တစ်ယောက်က တော်တော် ကောင်းတယ်ဆိုတဲ့ လက်ဖက်ရည်တချို့ ပေးထားလို့လေ...၊ ကျွန်တော့်အတွက် အရသာလေး မြည်းကြည့်ပေး လို့ ရမလား...။"

စုန့်ကျိချိုး၏ အစ်ကိုနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသဖြင့် စုန့်ကျိချိုးနှင့် ဆက်ဆံရေးကောင်းမွန် အောင် ထိန်းသိမ်းထားရန်မှာ သဘာဝပင် ဖြစ်ပေသည်။

ဖုန်းချပြီး မကြာမီမှာပင် ရွှီပေါ်အန်းသည် သက်ကြီးရွယ်အို နှစ်ဦးနှင့် ချန်ဖိန်ဖိန်တို့ကို ခေါ်ဆောင်ကာ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီသို့ ထွက်ခွာလာခဲ့လေ၏။

ရွှီပေါ်အန်း ရောက်ရှိလာချိန်တွင် စုန့်ကျိချိုး၏ ပစ္စည်းများမှာ ပို့ဆောင်ပြီးနေပြီ ဖြစ်လေသည်။

လုံခြုံရေးအစောင့်ထံတွင် သတင်းစကားပါးခဲ့ပြီး သူမ ထွက်သွားပြီဖြစ်ကြောင်း ပြောပြခဲ့လေ၏။

လက်ဖက်ရည် သောက်ရန်ကိစ္စမှာမူ အလောတကြီး မရှိလှချေ။ အကြောင်းရင်းတစ်ခုမှာ စုန့်ကျိချိုး ကိုယ်တိုင် လည်း အခြား လုပ်စရာကိစ္စများ ရှိနေခြင်းကြောင့် ဖြစ်လေသည်။

အထူးသဖြင့် ဂိတ်စောင့်ထံမှ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီရှိ ရွှီပေါ်အန်း၏ ရာထူးကို သိရှိပြီး နောက် စုန့်ကျိချိုးသည် ဤအဓိကဖောက်သည်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားရန် ပို၍ပင် ဆုံးဖြတ်ချက်ချလိုက်လေ၏။

ပြင်ပလူများ၏ အမြင်တွင် သူသည် လေးစားဖွယ်ကောင်းသော အလုပ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ပြော ရမည် ဖြစ်ပေသည်။

၎င်းသည် ရှုထောင့်ပေါင်းစုံမှ ဆက်ဆံရေးများကို ထိန်းသိမ်းရာတွင် ကြီးမားသော အကူအညီ ဖြစ်စေလေသည်။

ပင်မဂိတ်ပေါက်မှတစ်ဆင့် ကုမ္ပဏီအတွင်းသို့ ဝင်ရောက်လာပြီး ကြီးကျယ်ခမ်းနားသော ရုံးအဆောက်အအုံကို မြင်လိုက်ရသောအခါ သက်ကြီးရွယ်အို နှစ်ဦးမှာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့ရလေသည်။

ယခင်က ရွှီပေါ်အန်း စီမံကိန်းတွင် အလုပ်လုပ်နေစဉ် သက်ကြီးရွယ်အို နှစ်ဦးမှာ သူတို့သား၏ အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်ပူပန်ခဲ့ကြလေ၏။

သွပ်မိုးထားသော အိမ်များမှာ မခံမရပ်နိုင်လောက်အောင် ပူပြင်းလှပေသည်။ သင့်တင့်လျောက်ပတ်သော လုပ် အားခများ ရရှိနေခြင်း မဟုတ်ပါက ဒေဝါလီမခံရမီက ခရိုင်၏ စိုက်ပျိုးရေး စက်ပစ္စည်းစက်ရုံလောက်ပင် ကောင်းမွန်မည် မဟုတ်ချေ။

ယခု ခုနစ်ထပ် ရုံးအဆောက်အအုံကို ကြည့်လိုက်ရာ မြေညီထပ်ရှိ မှန်ကြီးများမှာ မိမိအိမ်၏ မျက်နှာကြက်ကဲ့သို့ ကြီးမားနေပြီး အမှန်တကယ်ပင် ခမ်းနားလှပေသည်။

ကားသည် ကုမ္ပဏီရုံးအဆောက်အအုံရှေ့ရှိ အဆင်ပြေဆုံး ကားပါကင်နေရာသို့ ဖြည်းညင်းစွာ ဝင်ရောက်လာပြီး ရပ်တန့်သွားလေ၏။ ချက်ချင်းပင် လူတစ်ယောက် ရှေ့ထွက်လာကာ ခရီးသည်ထိုင်ခုံတံခါးကို ရိုသေစွာ ဖွင့်ပေး လိုက်လေသည်။

ရွှီကျန်းချန်သည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီး ချန်ဖိန်ဖိန်မှာမူ ထန်ရုံကျီနှင့်အတူ အနောက်ခန်းတွင် ထိုင်နေခဲ့ သည်။ ကားပြတင်းပေါက်များကို အမည်းရောင် မှန်ကပ်ဖလင်များ ကပ်ထားသဖြင့် ခရီးသည်ထိုင်ခုံတွင် ထိုင် နေသော အဘိုးအိုကို ရှေ့လေကာမှန်မှတစ်ဆင့်သာ မြင်နိုင်လေ၏။

အထွေထွေမန်နေဂျာရွှီ မောင်းနှင်သော ကား၏ ခရီးသည်ထိုင်ခုံတွင် ထိုင်နိုင်သည့် သက်ကြီးရွယ်အို တစ်ဦး။ လူမိုက်တစ်ဦးပင်လျှင် ထိုသူမှာ အထွေထွေမန်နေဂျာရွှီ၏ လူကြီးသူမ ဖြစ်နိုင်ခြေအများဆုံးဖြစ်ကြောင်း ခန့်မှန်း နိုင်ပေသည်။

"မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...၊ မင်္ဂလာပါ ဦးလေး...။"

အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လျှိုဝေသည် ခရီးသည်ထိုင်ခုံဘက်မှ ရွှီပေါ်အန်းနှင့် ရွှီကျန်းချန်တို့ကို ရိုသေစွာ နှုတ်ဆက်လိုက်လေ၏။

ရွှီပေါ်အန်းသည် လျှိုဝေကို အကူအညီမဲ့စွာ ကြည့်လိုက်လေသည်။

*ဒီကောင်မလေး တစ်နေကုန် ဘာတွေများ လုပ်နေပါလိမ့်…။ ငါ့အတွက် တံခါးလာဖွင့်ပေးတာ ဆယ်ကြိမ်မှာ ရှစ်ကြိမ်လောက်က ဘယ်လိုလုပ် သူမ ဖြစ်နေရတာလဲ…။ သူမ တစ်နေကုန် ဘာမှမလုပ်ဘဲ သူဌေးကားကိုပဲ တိတ်တဆိတ် စောင့်နေတာများလား…။*

"အို...၊ မင်္ဂလာပါ မိန်းကလေး...။"

ရွှီကျန်းချန်သည် ယခင်က ဤကဲ့သို့သော ဆက်ဆံမှုကို တစ်ခါမှ မရရှိဖူးသဖြင့် သူမကို အလျင်အမြန် ပြန်လည် နှုတ်ဆက်လိုက်လေ၏။

အကဲခတ်ကောင်းသော လျှိုဝေသည် အနောက်ခန်းတွင် အခြားလူများ ရှိနေကြောင်း ချက်ချင်း သတိပြုမိသွား လေသည်။ ရွှီကျန်းချန် အပြင်ထွက်ရန် ကူညီပေးပြီးနောက် သူမသည် အနောက်ခန်းရှိ ကားတံခါးကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း တံခါးမှာ အတွင်းဘက်မှ ပွင့်လာခဲ့လေပြီ။

လျှိုဝေသည် ချန်ဖိန်ဖိန်က ထန်ရုံကျီကို ကားပေါ်မှ ဆင်းရန် ကူညီပေးနေသည်ကို မြင်သောအခါ အံ့အားသင့် စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။

*ဒီလောက် ခေတ်မီပြီး ကျက်သရေရှိသော အမျိုးသမီးက ဘယ်သူများပါလိမ့်…။*

သူမသည် အထွေထွေမန်နေဂျာရွှီနှင့် လုံးဝ မတူသဖြင့် သူတို့မှာ ဆွေမျိုးတော်စပ်ပုံ မပေါ်ချေ။ ထို့ကြောင့်...

အတင်းအဖျင်းပြောလိုသော အတွေးတစ်ခုသည် လျှိုဝေ၏ ခေါင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့လေ တော့သည်။

တစ်ချိန်တည်းမှာပင် ချန်ဖိန်ဖိန်၏ အတွင်းစိတ်အတွေးများမှာလည်း တော်တော်လေး များပြားနေခဲ့သည်။ သူတို့ ၏ အကြည့်များ ဆုံတွေ့သွားသည့် အခိုက်အတန့်တွင် အလိုအလျောက်ပင် တစ်ဦးကိုတစ်ဦး အနည်းငယ် ခေါင်း ညိတ်ပြလိုက်ကြပြီး ၎င်းမှာ တိတ်ဆိတ်သော နှုတ်ဆက်မှုတစ်ခုဟု ယူဆနိုင်ပေသည်။

ရွှီပေါ်အန်းသည် လျှိုဝေကို လျစ်လျူရှုကာ သူ၏ မိဘများကို ချက်ချင်း ခေါ်လိုက်လေ၏။

"အမေ...၊ အဖေ...၊ ကျွန်တော့်ရုံးခန်းက အပေါ်ထပ်မှာ ရှိတယ်...၊ အပေါ်သွားပြီး ကြည့်ကြရအောင်...။"

လျှိုဝေက အလျင်အမြန် မျက်နှာလိုမျက်နှာရ ပြုကာ ပြောလိုက်လေသည်။

"အထွေထွေမန်နေဂျာရွှီ...၊ မိဘတွေမှာ စားသောက်ဖို့ ကန့်သတ်ချက်တွေများ ရှိလားရှင့်...။ ကျွန်မ ကန်တင်းမှာ စီစဉ်လိုက်ပါ့မယ်...။"

တစ်ဖက်လူက သူ့ကို အလွန်အမင်း မျက်နှာချိုသွေးနေပြီး ၎င်းမှာ သူ၏ မိဘများရှေ့တွင်လည်း ဖြစ်နေသဖြင့် ရွှီပေါ်အန်း ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။ သူက ညင်သာစွာ ပြောလိုက်လေ၏။

"ကျွန်တော့်အဖေက အချို မစားနိုင်ဘူး...၊ ပြီးတော့ အမေကလည်း အစပ် မစားနိုင်ဘူး...။ လောင်ကျောက်ကို ဟင်းအနည်းငယ်လောက် ပြင်ဆင်ခိုင်းလိုက်ပါ...။ ဪ... ပြီးတော့ ဆန်မှုန့်နဲ့ပေါင်းထားတဲ့ ဝက်နံရိုးပေါင်း နူးနူးညံ့ညံ့လေး နည်းနည်းလောက် စီစဉ်ပေးပါဦး...။"

သူတို့ ပထမဆုံးအကြိမ် အတူတူ စားသောက်ခဲ့စဉ်က သူ မှာယူခဲ့သော ဟင်းလျာများကို ရွှီပေါ်အန်း မှတ်မိနေ သေးကြောင်း ကြားလိုက်ရသောအခါ ချန်ဖိန်ဖိန်၏ နှလုံးသားထဲတွင် ချိုမြိန်သော နွေးထွေးမှုတစ်ခုကို ခံစား လိုက်ရပြီး သူမ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် အနည်းငယ် ကွေးတက်သွားလေ၏။

လျှိုဝေက ပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"နားလည်ပါပြီ အထွေထွေမန်နေဂျာရွှီ...။ ရှင့်မိဘတွေ ကောင်းကောင်းမွန်မွန် စားသောက်ရအောင် ကျွန်မ သေချာ စီစဉ်ပေးပါ့မယ်...။ ကျွန်မ သွားလိုက်ပါဦးမယ်...။"

လျှိုဝေ ထွက်သွားသည်နှင့် အခြား ဓာတ်ခွဲခန်းတံခါး ပွင့်လာပြီး ညွှန်ကြားရေးမှူး ယွီဝေ့ ပြေးထွက်လာခဲ့လေ၏။

"အထွေထွေမန်နေဂျာရွှီ...၊ ဒါက ဦးလေးနဲ့ အန်တီ ဖြစ်ရမယ်...။ အို... ဦးလေးနဲ့ အန်တီရဲ့ လမ်းညွှန်မှုနဲ့ စစ်ဆေးမှု ကို ခံယူဖို့ ကြိုဆိုပါတယ်ခင်ဗျာ...။"

သူ၏ ဘဝတစ်ဝက်ကျော်ကို စီးပွားရေးလောကတွင် ကုန်ဆုံးခဲ့သော်လည်း ရွှီကျန်းချန်သည် ဤကဲ့သို့သော ဆက်ဆံမှုကို တစ်ခါမှ မရရှိခဲ့ဖူးချေ။ သူသည် ချက်ချင်းပင် ဦးညွှတ်ကာ အနည်းငယ် ကသိကအောက် ဖြစ်သွား လျက် ပြောလိုက်လေ၏။

"အို... ဦးတို့က ဒီအတိုင်း လာလည်ကြတာပါ...၊ ခေါင်းဆောင်တွေ မဟုတ်ပါဘူး...။"

သို့သော် ယွီဝေ့က ဇက်ကလေးပုကာ ပြောလေ၏။

"ဦးလေး... အဲဒီလိုတော့ မရဘူးလေ...။ ဥက္ကဋ္ဌရွှီက ကျွန်တော့်ရဲ့ အထက်လူကြီးလေ...၊ ဦးလေးကလည်း ဥက္ကဋ္ဌရွှီ ရဲ့ အထက်လူကြီးဆိုတော့...။ ဒီယုတ္တိဗေဒအရဆိုရင် ဦးလေးက ကျွန်တော့်ရဲ့ အထက်လူကြီးပဲပေါ့...။"

ရွှီကျန်းချန် အံ့အားသင့်သွားခဲ့လေသည်။

*ဘုရားရေ...၊ ဒါက တကယ်ကို ယုတ္တိတန်နေတာပဲ…။*

အဘိုးအိုမှာ ချက်ချင်းပင် ကျေနပ်သွားခဲ့လေတော့၏။

ရွှီပေါ်အန်းက လျစ်လျူရှုဟန်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"ကဲပါ ညွှန်ကြားရေးမှူးယွီရာ...၊ အဘိုးကြီးတွေက သူတို့သဘောအတိုင်း လျှောက်သွားနေကြလိမ့်မယ်...၊ ခင်ဗျားအလုပ်ကိုသာ ဆက်လုပ်ပါ...။"

ထို့ကြောင့် လမ်းတစ်လျှောက်တွင် လူများက သူတို့ကို လာရောက် နှုတ်ဆက်နေကြလေ၏။

သက်ကြီးရွယ်အို နှစ်ဦးသည် ရွှီပေါ်အန်း၏နောက်မှ လိုက်ပါကာ ပြန်လည်နှုတ်ဆက်ခဲ့ကြပြီး အချိန်တိုအတွင်း မှာပင် မိဘနှစ်ပါး၏ ကျောပြင်များ သိသိသာသာ မတ်မတ်ရပ်လာကြောင်း ထင်ရှားနေခဲ့ပေသည်။

နောက်ဆုံးတွင် ရွှီကျန်းချန်သည် သူ၏ စိတ်ထဲ၌ အချိန်ကြာမြင့်စွာ ရှိနေခဲ့သော မေးခွန်းကို မေးလိုက်လေ၏။

"သား...၊ ဒီနေရာမှာ မင်းရာထူးက ဘာလဲ...။"

ရွှီပေါ်အန်းက ပြုံးလျက် ပြောလေသည်။

"တိတိကျကျ ပြောရရင် လူတစ်ယောက်ရဲ့ အောက်မှာပဲ ရှိသင့်တာပါ...။ ဒါပေမဲ့ အဲ့ဒီအစ်ကိုကြီးက မကြာခင် အငြိမ်းစားယူတော့မှာဆိုတော့ သိပ်မလာတော့ဘူးလေ...။"

သက်ကြီးရွယ်အို နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချင်းချင်း၏ မျက်လုံးများထဲတွင် စိတ်အေး သွားသော အရိပ်အယောင်ကို မြင်တွေ့လိုက်ကြလေ၏။

ချန်ဖိန်ဖိန်၏ မျက်လုံးများကလည်း ရုတ်တရက် တောက်ပသွားခဲ့လေသည်။

*ဝိုး... ဆောက်လုပ်ရေး လုပ်ငန်းတွေက ဝင်ငွေကောင်းတယ်လို့ အရင်က ကြားဖူးသားပဲ…။*

*ဒီရွှီအိုကြီးက ငါ ထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်။ သူတို့ ဒီလောက် ရက်ရောနေတာ မဆန်းပါဘူးလေ…။*

သူသည် မိဘများကို သူ၏ ရုံးခန်းသို့ ခေါ်ဆောင်လာခဲ့လေသည်။ ဝင်ဝင်ချင်းမှာပင် ထျန်ရှောင်ထုန် လက်ဖက် ရည်ဗန်းအနီးတွင် အလုပ်များနေသည်ကို မြင်လိုက်ရလေ၏။

"မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...၊ မင်္ဂလာပါ ဦးလေးနဲ့ အန်တီ...၊ အင်း... မင်္ဂလာပါ အစ်မချန်...။ ညွှန်ကြား ရေးမှူးလျှိုက ခုလေးတင် ရှင်းလင်းရေး နည်းနည်းလုပ်ဖို့ အသိပေးထားလို့ပါ...။"

ထျန်ရှောင်ထုန်၏ ခေါ်ဝေါ်မှုကို ကြားလိုက်ရသောအခါ ချန်ဖိန်ဖိန်၏ ကနဦး ရန်လိုနေသော အကြည့်များမှာ ချက်ချင်းပင် နူးညံ့သွားခဲ့လေ၏။

*ဘုရားရေ...၊ လောင်ရွှီက သူ၏ အရိပ်အမြွက်တွေကို တစ်လျှောက်လုံး လျစ်လျူရှုခဲ့တာ မဆန်းပါဘူးလေ..။*

အမှန်တကယ်တော့ သူသည် တစ်လျှောက်လုံး လှပသော အမျိုးသမီးများ၏ ဝန်းရံခြင်းကို ခံနေရသည်ပင်။

အောက်ထပ်မှ ခေတ်မီသော ဝန်ထမ်း အမျိုးသမီးနှင့် သူ့ရှေ့ရှိ သေးသွယ်ချိုသာသော ကောင်မလေး နှစ်ဦး စလုံးမှာ လုံးဝကို ရင်သပ်ရှုမောဖွယ် ကောင်းနေချေ၏။

*ခဏလေး...၊ ငါတောင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရသေးတာ မဟုတ်ဘူး...၊ ဒီကောင်မလေးက ငါ့မျိုးရိုးနာမည် ချန်မှန်း ဘယ်လိုသိနေတာလဲ...။*

ရွှီပေါ်အန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"ကောင်းပြီ...၊ ငါပဲ ကိုင်တွယ်လိုက်မယ်...။ ငါ့မိဘတွေ လာလည်ကြတာ...၊ မင်းအလုပ် မင်းဆက်လုပ်လို့ ရပါ ပြီ...။ လိုအပ်တာရှိရင် မင်းကို ခေါ်လိုက်ပါမယ်...။"

"ဟုတ်ကဲ့ပါ အထွေထွေမန်နေဂျာရွှီ...။ နှုတ်ဆက်ပါတယ် ဦးလေးနဲ့ အန်တီ...၊ နှုတ်ဆက်ပါတယ် အစ်မချန်...။"

ထျန်ရှောင်ထုန် ထွက်သွားရန် ပြင်နေစဉ်မှာပင် ချန်ဖိန်ဖိန် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ထျန်ရှောင်ထုန်က သူမကို ပြုံးလျက် နှုတ်ဆက်လာခဲ့လေသည်။

"ရှောင်ထုန်...၊ နင်လား...။"

ထန်ရုံကျီမှာ အတော်လေး အံ့အားသင့်သွားပြီး ပြောလိုက်လေ၏။

"ဘာလဲ...၊ ဖိန်ဖိန်...။ နင် သူမကို သိလို့လား...။"

ချန်ဖိန်ဖိန်က ရယ်မောကာ ပြောလေသည်။

"သူမက ကျွန်မ သူငယ်ချင်းရဲ့ ညီမလေ...။ ပထမတစ်ချက် မြင်တုန်းက မမှတ်မိလို့ပါ...။ ရွှီအိုကြီး...၊ သူမက ဘယ်သူလဲဆိုတာ သိလား...။"

ရွှီပေါ်အန်းမှာ သဘာဝကျကျပင် သိနေသော်လည်း ဤအချိန်တွင် သူက ဇဝေဇဝါဖြစ်ဟန်ဆောင်ကာ ပူးပေါင်း လျက် ပြောလိုက်လေ၏။

"ဟင်...၊ ဘယ်သူများလဲ...။"

ချန်ဖိန်ဖိန်က ရယ်မောရင်း ပြောလေသည်။

"တကယ် တိုက်ဆိုင်တာပဲ...၊ ဒါက ရှောင်ရို့ရဲ့ ညီမလေ...၊ ဗဟိုခြံဝင်းရဲ့ အရောင်းမန်နေဂျာ...၊ ရှင့်ကို အိမ်ရောင်း ပေးခဲ့တဲ့ ချင်ရှောင်ရို့ပေါ့...။"

ဤသည်ကို ကြားလိုက်ရသောအခါ သက်ကြီးရွယ်အို နှစ်ဦး၏ မျက်နှာများမှာ ဝမ်းသာအားရမှုဖြင့် တောက်ပ သွားကြလေ၏။

*ဘုရားရေ... ဒါဆို ဒီအိမ်ကို သူတို့သား ကိုယ်တိုင် အမှန်တကယ် ဝယ်ယူခဲ့ခြင်း ဖြစ်မလား…။*

ထျန်ရှောင်ထုန် အံ့အားသင့်သွားခဲ့လေသည်။

*ဟင်...၊ ငါ့အစ်မ ပြောနေတဲ့ ချောမောပြီး ချမ်းသာတဲ့ လူပျိုကြီးက အမှန်တကယ်တော့ ငါ့သူဌေး ဖြစ်နေတာ လား…။ ဒါပေမဲ့...၊*

သူမနှင့် သူမ၏အစ်မ ပုံတူပန်းချီကားကို ဥက္ကဋ္ဌရွှီ၏ စားပွဲပေါ်တွင် မှားယွင်းစွာ တင်ထားမိခဲ့ကြောင်း ထျန်ရှောင်ထုန် ရုတ်တရက် သတိရသွားခဲ့လေသည်။

ထျန်ရှောင်ထုန်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး သူမ အလိုအလျောက် ခေါင်းငုံ့သွားမိလေ၏။

ရွှီပေါ်အန်းသည် ဟန်ဆောင်ပန်ဆောင်ဖြင့် လက်ခုပ်တီးကာ ပြောလိုက်လေသည်။

"အိုမင်း...၊ တကယ် တိုက်ဆိုင်တာပဲ...။"

သူ စကားပြောဆိုအပြီးတွင် ပြင်းထန်သော ဆင့်ခေါ်ခြင်း ခံစားမှုတစ်ခုက သူ့ထံသို့ ရောက်ရှိလာခဲ့လေ၏။

ရွှီပေါ်အန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ၎င်းမှာ ရှန်းယန်မြို့ရှိ မြို့စောင့်နတ်ကွန်းမှ ဆင့်ခေါ်ခြင်းဖြစ် ကြောင်း ချက်ချင်း သိလိုက်လေသည်။

သူ ကိုယ်တိုင် အမွှေးတိုင် မပူဇော်မီ အခြားသူတစ်ဦးကို ဦးစွာ အမွှေးတိုင် ပူဇော်ခိုင်းရန် သူ၏ ညွှန်ကြားချက် များကို လီချိန်းရှီ မှတ်မိမမှတ်မိကိုမူ မသိရသေးချေ။

မြို့စောင့်နတ်ကွန်းမှ ဆင့်ခေါ်ခြင်းသည် တောင်စောင့်နတ်မင်း နတ်ကွန်းမှ ဆင့်ခေါ်ခြင်းနှင့် အမှန်တကယ် ကွာခြားမှု ရှိမရှိကို ရွှီပေါ်အန်း သိရှိလိုရုံသာ ဖြစ်လေသည်။

ဤအချိန်တွင် မြို့စောင့်နတ်ကွန်း အတွင်း၌ လူသန်ကြီး ဆယ်ဦးကျော်ခန့်သည် လီချိန်းရှီ၏ နောက်တွင် ရပ်နေခဲ့ ကြလေ၏။

ဤလူများကြားတွင် ဧရာမ မြစိမ်းရောင် ကျောက်စိမ်းတုံးကြီး တစ်တုံး ရှိနေလေသည်။

အကယ်၍ ရွှီပေါ်အန်းသာ ၎င်းကို မြင်လိုက်ရပါက ၎င်းသည် အလွန်တရာ သန့်စင်သော ရေခဲ အစိမ်းရောင်အင် ပါယာ ဖြစ်ကြောင်း သေချာပေါက် ပြောနိုင်ပေလိမ့်မည်။

ဤအရာမှာ သိပ်မမြင့်သော်လည်း အလွန်တရာ ကြီးမားလှပေသည်။

အနီးကပ် လေ့လာကြည့်သောအခါ ၎င်းသည် ဧရာမ တံခါးရွက်နှစ်ခုပါသော နတ်ကွန်းတံခါးထက်ပင် ပိုမို ကြီးမားနေပြီး ၎င်း၏ အထူမှာ မီတာဝက် အတိအကျ ရှိနေလေ၏။ ၎င်းသည် ထင်ရှားစွာပင် ဧရာမ ကျောက်စိမ်း ကုတင်ကြီး တစ်ခု ဖြစ်နေလေသည်။

ဤမျှ ဇိမ်ခံနိုင်သော ကျောက်စိမ်းကုတင်မျိုးကို မည်ကဲ့သို့သော လူမျိုးက တတ်နိုင်မည်နည်းဟုသာ စဉ်းစားမိ လေတော့သည်။

All Chapters