အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈)
နှလုံးသားများနှင့် လူများကို ထိန်းသိမ်းခြင်း - ခေါင်ရှန်းရွာ
လျှိုဝေသည် အမှုဆောင်ကုလားထိုင်ကြီးပေါ်သို့ ပစ်ကျသွားပြီး ရွှီပေါ်အန်းကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့လေ၏။
သူမ၏ အမြင်တွင် သူမကဲ့သို့ လှပပြီး တက်ကြွသော အမျိုးသမီးတစ်ဦးထံမှ ဤမျှ ကောင်းမွန်သော အံ့အား သင့်စရာကို ရရှိသည့်အတွက် အလွန်အမင်း ဝမ်းသာနေမိပေသည်။
သာမန် အမျိုးသားတစ်ဦးအနေဖြင့် မသိစိတ်မှ ကာကွယ်လိုသော လုပ်ရပ်ဖြစ်စေ၊ မသိစိတ်မှ ငြင်းပယ်လိုသော လုပ်ရပ်ဖြစ်စေ သူသည် လက်လှမ်းသင့်ပေသည်။ သို့သော် ရွှီပေါ်အန်းမှာ ကွာခြားလေ၏။ သူသည် မျက်စိတစ် မှိတ်အတွင်း အမှန်တကယ် ခုန်ထသွားခဲ့လေသည်။
မျောက်တစ်ကောင်ကဲ့သို့ သွက်လက်စွာ ခုန်ရှောင်သွားခဲ့လေ၏။ သူ၏ နေရာတွင် အမှုဆောင်ကုလားထိုင်ကြီး တစ်လုံးသာ ကျန်ရစ်ခဲ့ပြီး သူမမှာ လက်ချည်းသက်သက် ဖြစ်သွားခဲ့ရလေသည်။
လျှိုဝေသည် လှည့်ရန် ပြင်လိုက်စဉ် သူမ အရှိန်လွန်စွာ ခုန်အုပ်မိသဖြင့် ခါးနာသွားကြောင်း သတိပြုမိလိုက် လေ၏။ သူမသည် ခေတ္တမျှ မလှုပ်ရှားနိုင်တော့ဘဲ အမှုဆောင်ကုလားထိုင်ကြီးပေါ်သို့ ပစ်ကျသွားခဲ့လေတော့ သည်။
“အထွေထွေမန်နေဂျာရွှီ...၊ ရှင်က အရမ်း ရက်စက်တာပဲ...။ မိန်းမတွေအပေါ် တကယ်ကို သနားညှာတာမှု မရှိဘူး...။”
လျှိုဝေသည် သနားစရာကောင်းသော အသွင်ရှိနေပြီး သူမ၏ ဖီးနစ်မျက်လုံးများက ဆွဲဆောင်မှုရှိသော အလှတရားဖြင့် ရွှီပေါ်အန်းကို စိုက်ကြည့်နေခဲ့လေ၏။ သူမ၏ အသံမှာလည်း အလွန်တရာ ဆွဲဆောင်မှု ရှိလှပေသည်။
ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
“ညွှန်ကြားရေးမှူးလျှို...၊ ဒီလောက် မြင့်တဲ့ ဒေါက်ဖိနပ်တွေ စီးပြီး လမ်းလျှောက်ရင် သတိထားရမယ်လေ...။”
လျှိုဝေသည် အံကို တင်းတင်းကြိတ်ကာ သူမ၏ အင်္ကျီတစ်ဝက်ကို ရုတ်တရက် ဆွဲဖြဲလိုက်ပြီးနောက် အတွင်းမှ ခရမ်းရောင်အင်္ကျီ၏ ကော်လာကို ကိုင်ကာ အားကုန် ဆွဲချွတ်လိုက်လေ၏။
ရုတ်တရက် ပွင့်လင်းမြင်သာသော ပခုံးသိုင်းကြိုးတစ်ခုက သူမ၏ ဖြူဝင်းသော အသားအရေပေါ်တွင် တွဲကျနေ ပြီး တစ်ဝက်တစ်ပျက် ဖုံးကွယ်ထားသော အလှတရား၏ ဆွဲဆောင်မှုရှိသော အလှကို ပြီးပြည့်စုံစွာ ပုံဖော်ပေး ကာ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ တကယ်လို့ လူတွေ ဝင်လာပြီး ဒီမြင်ကွင်းကို မြင်သွားရင် ဘယ်လိုထင်ကြမယ်လို့ ရှင် ထင်လဲ...။”
လျှိုဝေသည် မျက်တောင်ခတ်ကာ ရွှီပေါ်အန်းကို ပြုံးလျက် ကြည့်လိုက်လေ၏။ သူ့ကို အကဲခတ်မိသွားသည့် အလားပင်။ ရွှီပေါ်အန်းက လက်ခုပ်တီးကာ နှုတ်ခမ်းကို သပ်လိုက်ပြီး စိတ်ခံစားမှု ပါပါဖြင့် ပြောလိုက်လေသည်။
“ညွှန်ကြားရေးမှူးလျှို...၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိပါဦး...။ မင်းကို သင်တန်းလွှတ်တာက အုပ်စုရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး ကုမ္ပဏီက မင်းကို ဘယ်လောက် အလေး ထားကြောင်း ပြသနေတာပါ...။ ဒီအခွင့်အရေးကို တန်ဖိုးထားပါ...၊ ငါ့ကို ခုလိုမျိုး ကျေးဇူးတင်စရာ မလိုပါဘူး..။ ဒါ့အပြင် ငါက မိန်းမလှလေးတွေရဲ့ အလှမာယာ ထောင်ချောက်ကို စိတ်မဝင်စားဘူး...။”
ရွှီပေါ်အန်းက တုန်လှုပ်မှု မရှိသည်ကို မြင်သောအခါ လျှိုဝေက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ ကျွန်မက အတင်းအဓမ္မ ပြုကျင့်ခံရပါတယ် လို့ အော်လိုက်မှာကို ရှင် မကြောက်ဘူး လား...။”
ရွှီပေါ်အန်းက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်လေ၏။
“အကယ်၍ မင်း ဘာအမှားမှ မလုပ်ခဲ့ဖူးရင် ဘာမှ ကြောက်စရာ မလိုဘူး...။ လူအများရဲ့ မျက်လုံးတွေက ထက်မြက်တယ်လို့ ငါ ယုံကြည်တယ်...။ ပြီးတော့ ညွှန်ကြားရေးမှူးလျှို...၊ မင်းက အရှက်မရှိတဲ့ မိန်းမ တစ် ယောက် မဟုတ်ဘူးဆိုတာကို ငါ ပိုလို့တောင် ယုံကြည်သေးတယ်...။ မြန်မြန် သပ်သပ်ရပ်ရပ် နေစမ်းပါ...။ နောင်တရမယ့် အလုပ်မျိုး မလုပ်ပါနဲ့...။”
လျှိုဝေသည် သဘာဝကျကျပင် ရွှီပေါ်အန်း၏ ဆုံးမစကားကို လျစ်လျူရှုလိုက်ပြီး ရာဇသံပေးလိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ ရှင့်ကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်...။ တကယ်လို့ ကျွန်မရဲ့ သင်တန်းကို ဖျက်သိမ်းဖို့ ရှင် သဘောမတူသေးရင် ကျွန်မ တကယ် အော်လိုက်တော့မယ်...။”
ရွှီပေါ်အန်းက စကားတစ်ခွန်းမျှ မဆိုဘဲ ရုံးခန်းတံခါးဆီသို့ လျှောက်သွားကာ ရုတ်တရက် ဖွင့်လိုက်ပြီး ပြောလိုက် လေ၏။
“မင်းက ဤလိုလုပ်ဖို့ အတင်းအကြပ် လုပ်နေမှတော့...၊ အော်လိုက်ပါ...။ အားလုံး အော်ထုတ်လိုက်ပါ...။ လူတွေ ပိုကြားရလွယ်အောင် မင်းအတွက် တံခါးကို ငါ ဖွင့်ပေးထားမယ်...။”
ရွှီပေါ်အန်း တံခါးဖွင့်လိုက်သောအခါ လျှိုဝေမှာ လန့်ဖျပ်သွားခဲ့လေသည်။ သူမသည် မိမိကိုယ်ကို ကာကွယ်ရန် အင်္ကျီကို အလျင်အမြန် ပြန်ဆွဲယူလိုက်ပြီး ပခုံးများကို ဖုံးကွယ်ရန် တင်းကျပ်စွာ ဆွဲစေ့လိုက်လေ၏။
“ရှင် အရူးလား ရွှီပေါ်အန်း...။ ရှင့်ရဲ့ ဂုဏ်သတင်း ပျက်ရမှာကို မကြောက်ဘူးလား...။”
ရွှီပေါ်အန်း၏ ရုတ်တရက် လုပ်ရပ်ကြောင့် လျှိုဝေမှာ အံ့အားသင့်သွားပြီး တည်ငြိမ်မှု ကင်းမဲ့စွာဖြင့် ကမန်းက တန်း အော်ဟစ်လိုက်လေသည်။
ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
“ဂုဏ်သတင်း ပျက်မယ်...၊ ဟက်...၊ လွန်ခဲ့တဲ့ သုံးလကသာဆိုရင် ငါ အဲဒါကို အပြစ်ရှာနိုင်သေးတယ်...။ ဒါပေမဲ့ အခုတော့...၊ ဟက်...။ မင်းက ဒီလိုမျိုး ငါ့အပေါ်ကို ကိုယ်တိုင် ပစ်ချလာဖို့ ဆန္ဒရှိနေတာက အလွန်ဆုံးတော့ လက်မထပ်ရသေးတဲ့ လူနှစ်ယောက်ကြားက လှပတဲ့ ဆုံတွေ့မှုလေး တစ်ခုပါပဲ...။ ငါက ဘာလို့ ဂုဏ်သတင်း ပျက်ရမှာလဲ...။”
လျှိုဝေသည် မှုန်ကုပ်နေသော အမူအရာဖြင့် ရွှီပေါ်အန်းကို စိုက်ကြည့်နေပြီးနောက် သူမ၏ နောက်ဆုံး ဖဲပွင့်ကို ထုတ်သုံးကာ ပြောလိုက်လေသည်။
“အကယ်၍ ရှင် မုဒိမ်းကျင့်ဖို့ ကြိုးစားတယ်ဆိုပြီး ရှင့်ကို ကျွန်မ တရားစွဲရင် ရှင် ဘယ်လို တုံ့ပြန်မလဲ...။”
ရွှီပေါ်အန်းက ပြုံးလျက် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူကာ ပြောလိုက်လေ၏။
“ညွှန်ကြားရေးမှူးလျှို...၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဝါရင့်သူ တစ်ယောက်နဲ့ အတွေ့အကြုံမရှိသူ အသစ် တစ်ယောက် ကြားက ကွာခြားချက်ကို ဒီအချိန်မှာ မင်း မြင်တွေ့နိုင်တယ်...။ ကိုယ့်အလုပ်ရဲ့ မှတ်တမ်းကို ချန် ထားခဲ့တာက နှစ်တွေကြာလာတာနဲ့အမျှ ငါ စုဆောင်းရရှိခဲ့တဲ့ အလက်တွေ့ကျဆုံး အတွေ့အကြုံပါပဲ...။ ငါတို့ရဲ့ ဒိစကားပြောဆိုမှု အသံဖမ်းမှတ်တမ်းက ငါ့ရဲ့ အပြစ်ကင်းစင်မှုနဲ့...၊ မင်းရဲ့ ပေါ့ပျက်ပျက်နိုင်မှုကို သက်သေပြနိုင် တယ်...။”
လျှိုဝေသည် ရွှီပေါ်အန်းကို စူးရဲစွာ ကြည့်ကာ ပြောလိုက်လေသည်။
“ကျွန်မ မယုံဘူး...၊ ရှင့်ကို ကျွန်မ စတွေ့တဲ့ အချိန်ကစပြီး ရှင် ဖုန်းကို မထိရသေးဘူး...။ အသံဖမ်းတဲ့ လုပ်ဆောင် ချက်ကို ဖွင့်ဖို့ ရှင် အခွင့်အရေး ရခဲ့တယ်ဆိုတာကို ကျွန်မ မယုံဘူး...။”
ရွှီပေါ်အန်းက ပြုံးလျက် ရှင်းပြလိုက်လေ၏။
“ငါ့ဖုန်းမှာ ဖြတ်လမ်းခလုတ်တွေ သတ်မှတ်ထားတယ်...။ အသံချဲ့ခလုတ်ကို သုံးစက္ကန့်လောက် ဖိထားလိုက်ရုံနဲ့ အလိုအလျောက် အသံဖမ်းစတင်တယ်...။ အကယ်၍ အဲဒါက အလုပ်မလုပ်ဘူးထင်ရင် မင်းဖုန်းနဲ့ စမ်းကြည့်လို့ ရတယ်...။”
လျှိုဝေက ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မကတော့ မယုံသေးဘူး...၊ ရှင် အဲဒီအသံကို ကျွန်မ မျက်စိရှေ့မှာ ဖွင့်ပြမှပဲ ယုံမယ်...။”
“ညွှန်ကြားရေးမှူးလျှို...၊ မင်းက ငယ်ပါသေးတယ်...။ ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ...။”
စကားပြောနေရင်း ရွှီပေါ်အန်းသည် လျှိုဝေကို မျက်နှာပြင်ပြရန် သူ၏ဖုန်းကို လှန်ပြလိုက်ပြီး ပြောလိုက်လေ၏။
“မြင်လား...၊ အသံဖမ်းနေတယ်...။ အသံကို နားထောင်ဖို့ ကိစ္စကိုတော့ လောလောဆယ် မေ့ထားလိုက်ပါဦး...။ အကယ်၍ အသံကို ဖွင့်ချင်ရင် အရင်ဆုံး အသံဖမ်းတာကို ရပ်ရမယ်...။ ဒါပေမဲ့ မင်း ငါ့ရုံးခန်းထဲက မထွက်သွား မချင်း အသံဖမ်းတာကို ငါ ရပ်မှာ မဟုတ်ဘူး...။”
“ကောင်းပြီ...၊ ရှင် နိုင်တယ်...။”
ဤစကားကို ပြောပြီးနောက် လျှိုဝေသည် သူမ၏ ခွန်အားအားလုံး ကုန်ခမ်းသွားသည့်အလား ခေါင်းငုံ့ကာ ငိုကြွေးလေတော့သည်။
“မဟုတ်သေးပါဘူး...၊ အဲဒါက တကယ်ပဲ ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကြီးလား...။ လျှိုဝေ...၊ မင်းက ဘဝရဲ့ အကောင်းဆုံး အချိန်ကို ရောက်နေတဲ့ အမျိုးသမီးငယ် တစ်ယောက်ပါ...။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေး ကိုတောင် မင်း မဖြေရှင်းနိုင်ဘူးလား...။”
လျှိုဝေသည် ရုတ်တရက် ခေါင်းမော့လာပြီး သွေးကြောများ ယှက်သန်းနေသော သူမ၏ မျက်လုံးများဖြင့် ရွှီပေါ်အန်း ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“နိုင်တဲ့သူက ဘုရင်ဖြစ်ပြီး ရှုံးတဲ့သူက ဓားပြပဲ...။ အခု ကိစ္စတွေက ဒီအခြေအနေကို ရောက်နေပြီဆိုတော့ ကျွန်မ မှာ ပြောစရာ ဘာမှ မရှိတော့ပါဘူး...။ ကုမ္ပဏီရဲ့ စီစဉ်မှု အားလုံးကို ကျွန်မ နာခံပါ့မယ်...၊ အထွေထွေမန်နေဂျာ ရွှီ...။ ရှင့်ရဲ့ ကြင်နာမှုအတွက် ကျွန်မ ကျေးဇူးတင်ပါတယ်...။ ပြီးတော့ ဒီကိစ္စကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါ ဘူး...။”
ထိုသို့ပြောပြီးနောက် လျှိုဝေသည် ခါးနာနေသည်ကို အောင့်ခံကာ မတ်တတ်ရပ်လိုက်ပြီး ခြေလှမ်းကျဲကြီးများ ဖြင့် ထွက်ခွာသွားလေတော့၏။
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ခေါင်းခါလျက် သူ၏ စားပွဲဆီသို့ လျှောက်သွားကာ ထိုင်လိုက်လေသည်။ သူ၏ အသက်ရှူသံတွင် သင်းပျံ့သော ရနံ့တစ်ခုက ကျန်ရစ်နေဆဲ ဖြစ်လေ၏။
ရွှီပေါ်အန်း၏ မိသားစုသည် ကုမ္ပဏီ စားသောက်ခန်းမတွင် နေ့လယ်စာ စားခဲ့ကြလေသည်။ ရွှီပေါ်အန်း၏ အတင်းအကြပ် တောင်းဆိုမှုကြောင့် မိသားစုသည် နောက်ဆုံးတွင် မည်သည့် အထူးအခွင့်အရေးမျှ မရရှိဘဲ စားသောက်ဆိုင်ကြီးတွင် စားသောက်ခွင့် ရခဲ့လေ၏။
သို့သော်ငြားလည်း ရွှီကျန်းချန်နှင့် ထန်ရုံကျီတို့သည် သူတို့၏ မျက်နှာပေါ်ရှိ ဝမ်းမြောက်မှုကို ဖုံးကွယ်မထားနိုင် ခဲ့ကြပေ။
ချန်ဖိန်ဖိန်ပင်လျှင် သူမ၏ ရှေ့ရှိ ဟင်းပွဲကို ကြည့်ရင်း အပြုံးကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။ ထိုဟင်းပွဲမှာ သာမန် အသွင်အပြင်သာ ရှိသော်လည်း စားချင်စရာကောင်းနေဆဲ ဖြစ်လေသည်။
ကောင်းစွာ စားသောက်နိုင်သော်လည်း သာမန် အစားအစာများကို စားရန် ဆန္ဒရှိခြင်း...၊ ၎င်းကို ရိုးရှင်းမှုဟု ခေါ် လေသည်။ ဆင်းရဲခြင်းဆိုသည်မှာ ကောင်းမွန်သော အရာများကို မဝယ်နိုင်ဘဲ သာမန် အစားအစာများကိုသာ ဝယ်နိုင်စွမ်း ရှိခြင်းပင် ဖြစ်၏။
ရွှီပေါ်အန်းကို သိကျွမ်းပြီးနောက် ချန်ဖိန်ဖိန်သည် အင်တာနက်ပေါ်တွင် သူ့အကြောင်းကိုပင် ရှာဖွေကြည့်ခဲ့သေး သည်။ ရွှီပေါ်အန်းသည် အသားတင်တန်ဖိုး ယွမ်သန်းပေါင်းများစွာနှင့် စီမံကိန်း အနည်းငယ်တွင် အတွေ့အကြုံရှိ သော စီမံကိန်းမန်နေဂျာအသစ် တစ်ယောက်သာ ဖြစ်နိုင်သည်ဟု သူမ တွေးထင်ခဲ့လေ၏။
သူမ၏ နားလည်မှုအရ အရည်အချင်းရှိသော စီမံကိန်း မန်နေဂျာများသည် တစ်နှစ်လျှင် ယွမ်တစ်သန်း သို့မဟုတ် နှစ်သန်းခန့် ဝင်ငွေရရှိခြင်းမှာ အဆန်းမဟုတ်ဘဲ ပို၍ ကျွမ်းကျင်သူများဆိုလျှင် နှစ်သန်း သို့မဟုတ် သုံးသန်းခန့် ပင် ရရှိနိုင်လေသည်။
ရွှီပေါ်အန်းသည် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ အင်ဂျင်နီယာချုပ် ဖြစ်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။ ထို့အပြင် အခြားသူများ ပြောဆိုနေသည်ကို ထောက်ရှုပါက သူသည် အမှန်တကယ်ပင် တာဝန်ခံပုဂ္ဂိုလ် ဖြစ်နေလေ၏။
ရွှီအဘိုးကြီးက ဤမျှ ချမ်းသာပြီး အရည်အချင်းရှိနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ငယ်ရွယ်ပြီး တက်ကြွလှုပ်ရှားကာ ချမ်းသာကြွယ်ဝပြီး လူမှုအဆင့်အတန်း မြင့်မားသူ...။ ကလေးမရှိ၊ ဇနီးမရှိ... ဤသည်မှာ သေချာပေါက် အကောင်းဆုံးသော လူပျိုကြီးပင် ဖြစ်လေသည်။
ပထမဆုံးအနေဖြင့် ချန်ဖိန်ဖိန်သည် ကြောက်ရွံ့မှု တစ်ခုကို ခံစားလိုက်ရပြီး အထွေထွေမန်နေဂျာရွှီ ကဲ့သို့သော အဆင့်အတန်းမြင့်မားသည့် ရွှီပေါ်အန်းနှင့် သူမ ထိုက်တန်မှု မရှိဟု ခံစားလိုက်ရလေ၏။
သို့သော်ငြားလည်း အိမ်အကူ တစ်ယောက်အတွက် ထိုရက်ရောသော လစဉ်လစာကို သူမ တန်ဖိုးထားရမည် ဖြစ်လေသည်။ ရေရှည် ဆက်ဆံရေး တစ်ခုအတွက် အခွင့်အရေး တစ်ခု ချန်ထားခဲ့ခြင်းက အနာဂတ်တွင် မည်သို့သော အသီးအပွင့်များ သီးလာမည်ကို မည်သူ သိနိုင်မည်နည်း။
ရွှီကျန်းချန်သည် တာ့ယောင် ဆိုဒါကို သောက်နေသော်လည်း ကုမ္ပဏီမှ အလယ်အလတ်တန်းစား မန်နေဂျာ အချို့က လာရောက်နှုတ်ဆက်ပြီး သူနှင့် ဖန်ခွက်ချင်း တိုက်ကြပြီးနောက် သူ၏ မျက်နှာမှာ အရက်သောက်ထား သကဲ့သို့ နီရဲသွားခဲ့လေ၏။
ရွှီပေါ်အန်းသည် ဤအရာကို မြင်သောအခါ လူတို့သည် အရက်ကြောင့် မူးယစ်ခြင်း မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင် ခံစားချက်များကြောင့် မူးယစ်ခြင်း ဖြစ်သည်ဟူသော ဆိုရိုးစကား အဘယ်ကြောင့် ရှိနေရသည်ကို နောက်ဆုံး တွင် နားလည်သွားခဲ့လေတော့သည်။
ဤအစားအစာမှာ အိမ်ရှင်နှင့် ဧည့်သည် နှစ်ဦးစလုံးအတွက် သာယာပျော်ရွှင်ဖွယ်ကောင်းသော အစားအစာ တစ်ခု ဖြစ်ခဲ့လေ၏။
ချန်ဖိန်ဖိန်က သက်ကြီးရွယ်အို မောင်နှံကို ပြန်ခေါ်သွားပြီးနောက် အရာအားလုံး နောက်ဆုံးတွင် ငြိမ်းချမ်းတိတ် ဆိတ်သွားခဲ့လေသည်။ ရွှီပေါ်အန်းသည် သူ၏ ရုံးခန်းသို့ ပြန်လာရန် အချိန်ရသွားပြီး စုန့်ကျိချိုး ပေးထားသော ကတ်ထူသေတ္တာကို ကောက်ယူကာ အတွင်းရှိ အဆင်တန်ဆာလေးများကို စစ်ဆေးရန် ဖွင့်လိုက်လေ၏။
စုန့်ကျိချိုးသည် အမှန်တကယ်ပင် သေသေချာချာ လုပ်ဆောင်တတ်သူ တစ်ဦး ဖြစ်လေသည်။ ၎င်း၏ လုံခြုံမှုကို သေချာစေရန်အတွက် သူသည် အကောင်းပကတိ ရှိနေပြီဖြစ်သော ကတ်ထူသေတ္တာကို အတားအဆီး တိပ်အ ထူကြီးဖြင့် ထုပ်ပိုးထားခဲ့လေ၏။
ရွှီပေါ်အန်းသည် ကတ်ကြေးကို သေချာစွာ ယူ၍ သေတ္တာကို မဖွင့်နိုင်မီ ပတ်ပတ်လည်ကို ဖြုတ်ပစ်လိုက်ရ လေသည်။ကံကောင်းထောက်မစွာဖြင့် အတွင်းရှိ ပစ္စည်းများကို စတိုင်ရိုဖောင်း သေတ္တာတစ်ခုထဲတွင် သိမ်းဆည်းထားသဖြင့် ပျက်စီးသွားခြင်း မရှိခဲ့ချေ။
ဤလှပသေသပ်သော အသေးစား အရာဝတ္ထုများ အစုအဝေးတွင် စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းလျားများ၊ အိမ်ငယ်လေးများ၊ မဏ္ဍပ်များနှင့် ဓားများ၊ လှံများနှင့် တုတ်များကဲ့သို့သော တောက်ပနေသည့် သံချေးမတက် သောသံမဏိ လက်နက်မျိုးစုံ ဆယ်စုံကျော် ပါဝင်ပြီး အတော်လေး ပြည့်စုံသော ပုံစံအမျိုးမျိုး ရှိလေသည်။
ဤအရာများကို လူပုလေးများထံ ပေးလိုက်ခြင်းက လုံးဝကို အပြောင်းအလဲ တစ်ခု ဖြစ်သွားစေမည် ဖြစ်လေ ၏။
ရွှီပေါ်အန်းသည် ၎င်းကို လေ့လာခဲ့ပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် တွေ့ရသော ကျပန်း သံချောင်းတစ်ချောင်းပင်လျှင် ဘွန်ဆိုင်းကမ္ဘာရှိ မဟာကျင့်မင်းဆက်၏ သံထည်ပစ္စည်းများဟု ခေါ်သော အရာများနှင့် နှိုင်းယှဉ်ပါက နတ်ဘုရားကဲ့သို့ တည်ရှိမှုတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့လေသည်။
သံမဏိ...၊ သံမဏိ...၊ ၎င်းတို့သည် အသံထွက် ဆင်တူပြီး နီးပါး တူညီသော်လည်း အလွန်တရာ ကွဲပြားခြားနား သော အသုံးပြုမှုများ ရှိလေသည်။
...
ရွှီပေါ်အန်း တစ်ယောက် ဤကိရိယာငယ်လေးများကို လေ့လာရာတွင် စိတ်နှစ်ထားနေစဉ် ဘွန်ဆိုင်းကမ္ဘာထဲရှိ ရှန်းယန်မြို့တွင်မူ...၊
ဝမ်ချောင်းနှင့် သူ၏အဖွဲ့သည် တောင်စောင့်နတ်မင်းကြီး ပေးသနားထားသော နူးညံ့သည့် လက်ကိုင်ပုဝါကို အာရုံစိုက် လေ့လာနေကြပြီး စစ်သည်များမှာမူ အလွန်အမင်း ဝမ်းသာနေခဲ့ကြလေ၏။
အထူးသဖြင့် ၎င်းမှာ နတ်ဘုရားများထံမှ လက်ဆောင်တစ်ခု ဖြစ်ကြောင်း သိရှိပြီးနောက် သူတို့သည် ယုံကြည်မှု များ ပိုမို ပြည့်ဝလာကာ ပို၍ပင် သစ္စာရှိလာကြလေသည်။
မည်သို့ပင်ဖြစ်စေ လူတို့သည် နတ်ဘုရားများကို မျက်ကန်းယုံကြည်တတ်ကြလေ၏။ ယခု နတ်ဘုရားများကပင် ငါတို့ကို ထောက်ခံနေမှတော့ ငါတို့သည် တရားမျှတမှုဘက်တွင် ရှိနေသည်မှာ သေချာလှပေသည်။
တောင်စောင့်နတ်မင်းကြီး ပေးသနားထားသော နူးညံ့သည့် ဝါဂွမ်းမျက်နှာသုတ်ပုဝါများကို ခွဲဝေပေးရန် သူ၏လူ များကို ညွှန်ကြားပြီးနောက် ဝမ်ချောင်းက စိတ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
“သူဌေးစွန်း...၊ နောက်ထပ် စပါးတွေ ဝယ်ယူဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား...။”
စွန်းမိသားစု ငွေပန်းထိမ်ဆိုင်၏ ပိုင်ရှင် စွန်းတာ့ဖူးက မှုန်ကုပ်နေသော မျက်နှာဖြင့် ပြောလိုက်လေ၏။
“အမတ်ကြီးဝမ်...၊ ကျွန်တော်တို့ မိသားစုရဲ့ စားနပ်ရိက္ခာက ကုန်သလောက် ဖြစ်နေပါပြီ...။ သူပုန်တွေ မတိုက် ခိုက်ခင်က အခြေအနေကို ခင်ဗျား သိပါတယ်...။ ခရိုင်ဝန်ဖြစ်တဲ့ အမတ်ကြီးဝူက ရိက္ခာတွေ ဝယ်ယူဖို့ အမိန့်ပေး ခဲ့ပြီး ကျွန်တော်တို့လည်း မဆန့်ကျင်ရဲခဲ့ပါဘူး...။ သဘာဝကျကျပဲ ငွေရှိတဲ့သူက ငွေထည့်ဝင်ပြီး စပါးရှိတဲ့သူက စပါးထည့်ဝင်ခဲ့ကြတယ်...။ ဒီစပါးတွေ အားလုံးက အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားလိမ့် မယ်လို့ ဘယ်သူက သိမှာလဲ...။”
ဝမ်ချောင်း၏ အနောက်တွင် မြို့စောင့်ရဲမက် ဝတ်စုံကို ဝတ်ဆင်ထားသော လူသန်ကြီး တစ်ဦးက ဒေါသတကြီး ပြောလိုက်လေသည်။
“ဟွန့်...၊ ကျွန်တော့်အမြင်အရ ပြောရရင် ဝူ လို့ အမည်ရတဲ့ အဲ့ကောင်က သူပုန်တွေနဲ့ ပူးပေါင်းနေပြီ ဖြစ်ရမယ်... ။ ဒီလိုသာမဟုတ်ရင် သူက ဒီလောက် စောစောစီးစီး ရိက္ခာဝယ်ယူမှုကို စတင်ခဲ့မှာ မဟုတ်ဘူး...။ အဲ့ဒီရိက္ခာ တွေကို သူပုန်တွေအတွက် ကြိုတင် ပြင်ဆင်ထားတာ ဖြစ်ဖို့ များတယ်...။”
ဝမ်ချောင်းက ညင်သာစွာ ပြောလိုက်လေ၏။
“မာဟန်...၊ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်စမ်းပါ...။ အစိုးရရုံးတော်က တရားဝင် အမိန့်စာ မ ရောက်လာသေးသလို စစ်အတွင်းမှာ ထွက်ပြေးတဲ့ ဝူရဲ့ ပြစ်မှုအကြောင်းကိုလည်း တပ်မှူးက မပြောသေးဘူး..၊ ငါတို့ အဓိပ္ပာယ်မရှိတာတွေ မပြောသင့်ဘူး...။ အမိန့်စာနဲ့ ဆုံးဖြတ်ချက်ကို ငါတို့ စောင့်သင့်တယ်...။”
မာဟန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။
“သခင်ကြီး... ဒီမှာ ကျွန်တော်တို့ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေကို သတိထားနေပေမဲ့ အပြင်က လူတွေကတော့ ဒီလို တွေးမှာ မဟုတ်ဘူး...။ ကျွန်တော် ကြားရသလောက်တော့ သူတို့က ကျွန်တော်တို့ကို ရွှံ့တွေနဲ့ ပစ်ပေါက်နေ ကြပြီ...။ ကျွန်တော်တို့က သူပုန်တွေနဲ့ ပူးပေါင်းနေတယ်ဆိုပြီး နေရာတိုင်းမှာ ကောလာဟလတွေ ဖြန့်နေကြ တယ်...။ အဲဒါကြောင့်ပဲ သူတို့က မတိုက်ခိုက်ဘဲ ဆုတ်ခွာသွားနိုင်ခဲ့တာတဲ့...၊ ခင်ဗျားနဲ့ ကျွန်တော် အခုဆိုရင် သူပုန်တွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ ညစ်ပတ်တဲ့ ဦးထုပ်ကို ဆောင်းထားရပြီ...။”
ဝမ်ချောင်းက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်လေ၏။
“အကယ်၍ မင်းက တခြားသူတွေကို မျက်မှောင်ကြုတ်စေမယ့် အရာမျိုး ဘယ်တော့မှ မလုပ်ဘူးဆိုရင် ဒီ လောကမှာ မင်းအတွက် ရန်သူ ရှိလာမှာ မဟုတ်ဘူးလို့ တစ်စုံတစ်ယောက် ပြောတာကို ငါ ကြားဖူးတယ်...။ အခုကြည့်ရတာ ငါ အရမ်းကို ရိုးအလွန်းခဲ့ပုံရတယ်...။”
မာဟန်က နှစ်ကြိမ် လှောင်ရယ်လိုက်ပြီး ပြောလိုက်လေသည်။
“အမတ်ကြီးဝမ်...၊ စိတ်ပူစရာ မလိုပါဘူး...။ ပြည်သူတွေရဲ့ မျက်လုံးတွေက ထက်မြက်ပါတယ်...၊ သူပုန်တွေရဲ့ ကျူးကျော်မှုကနေ လူအများကြီးကို ကျွန်တော်တို့ ကာကွယ်ပေးခဲ့တယ်...။ ဒီအချက်က ငြင်းလို့မရတဲ့ အမှန် တရား တစ်ခုပါပဲ...။ ဒီမြို့ထဲက လူအားလုံးရဲ့ ပါးစပ်ကို ပိတ်ထားနိုင်တဲ့ စွမ်းအား သူတို့ဆီမှာ ရှိလိမ့်မယ်လို့ ကျွန်တော် မယုံဘူး...။”
ဝမ်ချောင်းက မာဟန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေ၏။
“အဲဒါ ယုတ္တိရှိတယ်...၊ ကောင်းပြီ...။ တောင်စောင့်နတ်မင်းကြီးက မြို့စောင့်နတ်ကွန်းကို အမိုးမပါတဲ့ နတ်ကွန်း အဖြစ် ပြောင်းချင်တယ်လို့ ညီလေးချိန်းရှီဆီကနေ ငါ ခုလေးတင် ကြားလိုက်တယ်...။ ညီအစ်ကို တချို့ကို ခေါ် သွားပြီး အဲဒါကို လေ့လာလိုက်...။ လက်မှုပညာရှင် အနည်းငယ် ရှာပြီး ဆောက်လုပ်ရေး စတင်လိုက်ပါ...။”
မာဟန်သည် မယုံကြည်နိုင်ဖွယ် အမူအရာဖြင့် ပြောလိုက်လေသည်။
“အမတ်ကြီးဝမ်...၊ ခုလို အရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့ ဒီဟာကို လုပ်ရမှာလား...။”
ဝမ်ချောင်းသည် သူ၏ လက်များကို နောက်ပစ်လိုက်ပြီး မြို့ရိုးအပြင်ဘက်တွင် စခန်းချနေသော စစ်သည်များကို ကြည့်ကာ ပြောလိုက်လေ၏။
“ဒီလို အခြေအနေမျိုး ပိုဖြစ်လေ ငါတို့ ပိုပြီး မထိတ်လန့်သင့်လေပဲ...။ ငါတို့ အဆင်အခြင်မဲ့ မလုပ်ရဲသလို သူတို့ လည်း မလုပ်ရဲကြဘူး...။ ငါတို့ အားလုံး အထက်က အမိန့်ကို စောင့်နေကြတာပဲ...။ အားလုံးကို ဒီနေရာမှာ အချိန်ဖြုန်းမနေပါစေနဲ့...။ တောင်စောင့်နတ်မင်းကြီးက ငါတို့ကို ကြီးမားတဲ့ ကျေးဇူးတွေ ပေးသနားထားတယ် ဆိုတော့ ငါတို့လည်း သူ့ကို အကောင်းဆုံး အလုပ်အကျွေး ပြုရမယ်...။ မင်းနဲ့ ငါ့ညီအစ်ကိုတွေရဲ့ အသက်တွေက တောင်စောင့်နတ်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေလောက်တယ်...။”
မာဟန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“အမတ်ကြီးဝမ်က အမြော်အမြင် ရှိလှပါတယ်...။ ကျွန်တော် ချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်...။”
အနီးနားတွင် ရပ်နေသော စွန်းတာ့ဖူးက အလျင်အမြန် ပြောလိုက်လေ၏။
“သခင်ကြီး...၊ ကျွန်တော် လုပ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး...။ ကျွန်တော့်ရဲ့ စွန်းမိသားစု တစ်ခုလုံးက အမြင့်မား ဆုံး သစ္စာရှိမှုနဲ့ အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်...။”
ဝမ်ချောင်းက လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်လေသည်။
“သူဌေးစွန်းက ပြီးခဲ့တဲ့ရက်တွေ အတွင်းမှာ ကြောက်လန့်နေခဲ့ရတာပါ...။ အစီအစဉ်တွေ မချခင် သူ ရက်အနည်း ငယ်လောက် အနားယူသင့်တယ်...။”
လီချိန်းရှီက ဝင်ပြောလိုက်လေ၏။
“ဟုတ်ပါတယ် ဦးလေးစွန်း...၊ ခင်ဗျားကိုယ်ခင်ဗျား သေချာ ဂရုစိုက်ရမယ်...။ ဝေဝေ ပြန်လာလို့ ခင်ဗျားပါ လဲကျနေတာကို မြင်ရင် သူမ ပိုပြီး ဝမ်းနည်းရလိမ့်မယ်...။”
လီချိန်းရှီသည် စွန်းတာ့ဖူးထံမှ စွန်းဝေဝေ မည်သည့်နေရာသို့ ရောက်နေကြောင်းကို ယခုလေးတင် မေးမြန်းခဲ့ ခြင်း ဖြစ်လေသည်။ ရထားလုံးမောင်းသူ ဦးလေးလင်းနှင့် အိမ်ဖော်မလေး တစ်ဦးတို့နှင့်အတူ စွန်းဝေဝေသည် သူပုန်တပ်ဖွဲ့များ မတိုက်ခိုက်မီကတည်းက ခရိုင်မြို့တော်သို့ သွားခဲ့ခြင်း ဖြစ်လေ၏။ အကယ်၍ သူတို့ မကြာ သေးမီက ပြန်မရောက်သေးလျှင် သူတို့သည် အတော်လေး လုံခြုံသော ခရိုင်မြို့တော်တွင် ရှိနေသင့်ပေသည်။
ထို့ကြောင့် လီချိန်းရှီသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေ၏။
...
ဤသည်မှာ ခေါင်ရှန်းရွာရှိ တောင်စောင့်နတ်မင်း နတ်ကွန်း အပြင်ဘက်တွင် ဖြစ်လေသည်။
ကျင်းတာ့ကျန့်နှင့် သူ၏အဖွဲ့သည် လက်သမားအလုပ်များကို စနစ်တကျနှင့် နည်းလမ်းတကျ လုပ်ဆောင်နေခဲ့ ကြလေ၏။ ရွာလူကြီးဖြစ်သော လီခန့်ရှန်းသည် ဤသွက်လက်ပြီး သန်မာသော အမျိုးသားများကို ကြည့်ရှုရင်း သူ၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားလာခဲ့လေသည်။
ပြီးခဲ့သော နှစ်ရက်အတွင်း ပတ်ဝန်းကျင်တွင် လူပိုများလာသောအခါ အရာများကို လုပ်ဆောင်ရန် မည်မျှ အဆင်ပြေကြောင်း သူ အမှန်တကယ် ခံစားခဲ့ရလေ၏။ အတိတ်က လုပ်ဆောင်ရန် ခက်ခဲခဲ့သော အလုပ်များစွာ သည် လူတစ်စုက ဦးတည်ချက် တစ်ခုတည်းသို့ တွေးတောကာ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ လျင်မြန်စွာ ဖြစ်နိုင်လာခဲ့လေသည်။
လူဦးရေ တိုးပွားလာခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို ခံစားခဲ့ရပြီးနောက် လီခန့်ရှန်းသည် ဤလူ များကို ထွက်သွားခွင့်ပြုရန် ပို၍ပင် တွန့်ဆုတ်နေခဲ့လေ၏။ ဤရွှေ့ပြောင်းလာသူများမှလွဲ၍ ခေါင်ရှန်းရွာ၏ မူလ နေထိုင်သူအများစုမှာ လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အို ရွာသားများသာ ဖြစ်ကြပြီး သူတို့ အလိုအပ်ဆုံးအရာမှာ လူငယ်နှင့် လူလတ်ပိုင်း လုပ်သားအင်အားပင် ဖြစ်လေသည်။
ရွာရှိ နေထိုင်မှု အခြေအနေများ တိုးတက်လာကြောင်း ကြားသိရပြီးနောက် လူများစွာ တစ်ယောက်ပြီးတစ် ယောက် ပြန်လာခဲ့ကြသော်လည်း အခြားလူများစွာမှာမူ အပြင်သို့ ထွက်ခွာသွားခဲ့ကြပြီး ချင်းမူစီရင်စု သို့မဟုတ် ချင်းယွန်းနယ်မြေ ကဲ့သို့သော အဝေးဆီသို့ ရောက်ရှိနေခဲ့ကြလေပြီ။ သူတို့သည် ဇာတိမြေ၏ အခြေအနေကို ခေတ္တမျှပင် မသိရှိကြသဖြင့် ပြန်လာရန် ခက်ခဲလှပေသည်။
ထို့အပြင် ရွာသားအချို့မှာ အခြားနေရာများတွင် အခြေချနေထိုင်နေကြပြီး ပြန်လာရန် အကြောင်းမရှိတော့ချေ။ ရွာကို ဤနေရာသို့ ပြောင်းရွှေ့လာသည်မှာ မကြာသေးဘဲ အရာများစွာမှာ အခြေမကျသေးပေ။ မည်သည့် အလုပ်မျိုး လိုအပ်သည်ဖြစ်စေ လုပ်သားအင်အား လိုအပ်လှလေ၏။
လုံလောက်သော လူအင်အားနှင့် တောင်စောင့်နတ်မင်းကြီး၏ အကူအညီဖြင့် ဤရွာ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ လက်တစ်ကမ်းတွင်သာ ရှိနေလေသည်။
ဤလူငယ်များ အားလုံးသာ ကျန်ရစ်နိုင်ခဲ့လျှင် ကောင်းလေစွ။
သို့သော် ခန့်မှန်းရသည်မှာ ရက်အနည်းငယ်အကြာတွင် သူပုန်များ လုံးဝ ဆုတ်ခွာသွားပြီးနောက် ဤဒုက္ခသည် အများစုမှာ သူတို့၏ ဇာတိရွာများသို့ ပြန်သွားကြပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့အများစုမှာ ရှန်းယန်ခရိုင် အတွင်းရှိ အခြားရွာများနှင့် မြို့များမှ ရွာသားများဖြစ်ကြပြီး သူတို့မှာ အလှမ်းမဝေးလှချေ။ သူတို့အများစုမှာ ဤ နေရာတွင် နေထိုင်ရန် မိမိတို့၏ အိမ်များကို သေချာပေါက် စွန့်ခွာကြမည် မဟုတ်ပေ။
ဤအရာကို တွေးမိသောအခါ လီခန့်ရှန်းသည် နောင်တရသည့် အရိပ်အယောင်ဖြင့် လျှာသပ်လိုက်လေ၏။
*မဟုတ်ဘူး...၊ လူတွေကို ဆွဲဆောင်ပြီး ထိန်းသိမ်းထားနိုင်မယ့် ပတ်ဝန်းကျင် တစ်ခု ဖန်တီးဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်...။*
“တာ့ကျန့်... ခဏနားလိုက်ပါဦး...။ လူတိုင်းကို ရေသောက်ဖို့နဲ့ ဆားနယ်အသားခြောက် နည်းနည်းစားဖို့ ခေါ်လာ ခဲ့ပါ...။ အဲဒါက မင်းတို့ကို ဆက်လုပ်ဖို့ ခွန်အားတွေ ပေးလိမ့်မယ်...။”
လီခန့်ရှန်းက ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
လူငယ်တစ်ဦးက ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“ရွာလူကြီး...၊ ကျွန်တော်တို့အပေါ် အရမ်းမကောင်းပါနဲ့...။ အကယ်၍ ကျွန်တော်တို့ရဲ့ အာခေါင်တွေကို ပျက်စီး စေမယ်ဆိုရင် ကျွန်တော်တို့ အပြင်မှာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး...။”
အခြားသူတစ်ဦးက ချက်ချင်း ဝင်ပြောလိုက်လေသည်။
“ဟုတ်ပါတယ် ရွာလူကြီး...၊ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကျွန်တော်တို့မှာ အသားနဲ့ အကောင်းဆုံး ဆန်ပြုတ်ဖြူတွေ ရခဲ့တယ်...။ အခုအချိန်ကို မဆိုထားနဲ့ သူပုန်တွေ မလာခင်ကတည်းက ဒီလောက် ကောင်းတဲ့ အစားအသောက် မျိုး ကျွန်တော်တို့ တစ်ခါမှ မစားဖူးဘူး...။”
လီခန့်ရှန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“ဒါက ဘာများ အရေးကြီးလို့လဲ...၊ ငါတို့ အားလုံးက ကံဆိုးတဲ့ သူတွေချည်းပါပဲ...။ ငါတို့ တတ်နိုင်ရင် တစ် ယောက်ကိုတစ်ယောက် ကူညီသင့်တယ်...။ မင်းတို့က ဒီလောက် လေးလံတဲ့ အလုပ်တွေကို လုပ်နေကြတာ...၊ ကောင်းတာတစ်ခုခု မစားရရင် အလုပ်လုပ်ဖို့ ခွန်အား ဘယ်လိုလုပ် ရနိုင်မှာလဲ...။”
ဤစကားကို ကြားသောအခါ ကျင်းတာ့ကျန့်သည် သူလုပ်နေသောအရာကို ရပ်တန့်လိုက်ပြီး ပြောလိုက်လေ သည်။
“ရွာလူကြီးလီ...၊ ဓီအလုပ်လေးက အချိန်အကြာကြီး ခံမှာမဟုတ်ဘူး...။ ကျွန်တော်တို့ာမှာ တခြား ဘာအလုပ် တွေ ရှိသေးလဲ...။ ဒီက ဘဝကို မြင်ရတာ ကျွန်တော် မိုင်းတွင်းမှာ အလုပ်ပြန်လုပ်ဖို့တောင် မသွားချင်တော့ဘူး... ။ ဒီမှာ မျှော်လင့်ချက် ရှိတယ်...။”
လီခန့်ရှန်းသည် မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်လေ၏။
*ဟဲဟဲ...၊ လာပြီပေါ့...။*
တောင်စောင့်နတ်မင်း နတ်ကွန်းကို လက်ညှိုးထိုးပြကာ လီခန့်ရှန်းက ပြောလိုက်လေသည်။
“ဆရာကျင်း...၊ တကယ်လို့ ဒီတောင်စောင့်နတ်မင်း နတ်ကွန်းကို လှပအောင် လုပ်ပေးရင် ခင်ဗျား နာမည်ကြီးလာ လိမ့်မယ်...။ ဒီနားတစ်ဝိုက်မှာ လူတွေ အများကြီး ရှိနေမှတော့ ခင်ဗျားအတွက် အိမ်ဆောက်ပေးဖို့ လူမရှာနိုင်မှာ ကို စိတ်ပူစရာ မလိုတော့ဘူး...။”
ခေါင်ရှန်းရွာမှ ရွာသားများသည် တူလို မြေနံရံအိမ်ရာများတွင် ယာယီ နေထိုင်ခွင့် ရရှိထားသော်လည်း အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူများမှာမူ မိမိတို့၏ ကိုယ်ပိုင် အိမ်များကို ရရှိရန် စိတ်အားထက်သန်နေကြလေသည်။
ဒုက္ခသည်အများစုမှာ ပတ်ဝန်းကျင် ရွာများနှင့် မြို့များမှ ဖြစ်သော်လည်း သူတို့သည် ရက်အနည်းငယ် နေထိုင် ပြီးနောက် ပြန်သွားကောင်း ပြန်သွားနိုင်လေသည်။
သို့သော်ငြားလည်း ဤရွှေ့ပြောင်းလာသူ အချို့မှာ အသက်မွေးဝမ်းကျောင်း ပြုရန် ရှာဖွေနေသော လှည့်လည် သွားလာနေသူများမျှသာ ဖြစ်သောကြောင့် မည်သည့်နေရာတွင်မဆို နေထိုင်ရန် ပျော်ရွှင်နေခဲ့ကြလေ၏။ ခေါင်ရှန်းရွာမှာ ဘေးကင်းပြီး ငြိမ်းချမ်းသော နေရာတစ်ခုဖြစ်ပြီး လူအများ၏ အမြင်တွင်မူ ၎င်းသည် ပရဒိသုဘုံ တစ်ခု ဖြစ်နေလေပြီ။
ကျင်းတာ့ကျန့်သည် အံ့အားသင့်သွားသော်လည်း ထို့နောက် နားလည်သွားခဲ့လေသည်။ သူက ရယ်မောကာ ပြောလိုက်လေ၏။
“ရွာလူကြီး...၊ ခင်ဗျားက တကယ်ကို အရည်အချင်းရှိတာပဲ...။ ချက်ချင်းကို အကြံဉာဏ် ရလာတာပဲ...။ စိတ်မ ပူပါနဲ့ ရွာလူကြီးလီ...၊ တောင်စောင့်နတ်မင်းကြီးရဲ့ နတ်ကွန်းကို ကျွန်တော် သေချာပေါက် အကောင်းဆုံး လုပ် ပေးပါ့မယ်...။”
“ဟေး... ကျွန်တော်တို့ကော ဘယ်လိုလဲ ဦးလေးကျင်း...၊ ကျွန်တော်တို့ကို မမေ့နဲ့ဦး...။”
“ဟုတ်တယ် အစ်ကိုကျင်း...၊ ကျွန်တော်တို့ အတူတူ အလုပ်လုပ်လာတာ အတော်လေး အဆင်ပြေနေပြီ မဟုတ် လား...။ ဒီကိစ္စမှာ ဘာလို့ ကျွန်တော်တို့ကို မဦးဆောင်တာလဲ...။”
ကျင်းတာ့ကျန့်က အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“သေချာတာပေါ့...။ ဒီအလုပ်တွေ အားလုံးကို ငါတစ်ယောက်တည်း လုပ်လို့မရပါဘူး...။”
စကားပြောနေရင်း တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ကျင်းတာ့ကျန့်က လီခန့်ရှန်းကို မေးလိုက်လေ၏။
“ဒါနဲ့ ရွာလူကြီး...၊ ကျွန်တော်တို့ ရွာမှာ တခြား ရနိုင်တဲ့ အလုပ်တွေ ရှိသေးလား...။ ကျွန်တော့် မိန်းမက အပ်ချုပ် သမပါ...။ အရင်က မြို့ထဲက အဝတ်အထည်ဆိုင် တစ်ဆိုင်မှာ သူမ ကူညီလုပ်ကိုင်ပေးခဲ့ဖူးတယ်...။ သူမရဲ့ ကျွမ်းကျင်မှုကလည်း အတော်လေး ကောင်းပါတယ်...။”
လီခန့်ရှန်းက ပို၍ပင် ဝမ်းသာအားရ ရယ်မောလိုက်လေသည်။ ကျင်းတာ့ကျန့်နှင့် သူ၏ ဇနီးတို့ ကျန်ရစ်မည်ဆို ပါက သဘာဝကျကျပင် မိသားစုရှိ ကလေးများနှင့် သက်ကြီးရွယ်အိုများလည်း ပြောင်းရွှေ့လာကြမည် ဖြစ်လေ ၏။
ကျင်းတာ့ကျန့် မိသားစုကို ချန်ရစ်ထားနိုင်ခြင်းမှာ အလွန်ကောင်းမွန်သော အစပြုမှု တစ်ခုပင် ဖြစ်လေသည်။
သူက တောင်အောက်ရှိ ရွာကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
“ဟဲဟဲ...၊ ရွာမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိပါတယ်...။ အရာရာတိုင်းကို ပြန်လည် တည်ဆောက်နေ ရတယ်...။ အဲဒါက အခု ငါတို့ ပြောနေတဲ့ အကြောင်းအရာပဲ...၊ တောင်စောင့်နတ်မင်းကြီးက ငါတို့ကို အများကြီး ကူညီပေးခဲ့တယ်...၊ တကယ်လို့ အခု အချိန်မှာမှ ငါတို့ ကောင်းကောင်း မနေနိုင်သေးဘူးဆိုရင် အဲဒါက တကယ် ကို ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ကိစ္စပဲ...။”
ကူညီပေးနေသော လူလတ်ပိုင်း အမျိုးသား တစ်ဦးသည် အသားခြောက်ကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် ရေတစ်ပန်းကန်ကို မော့သောက်လိုက်လေ၏။ သူ၏ ပါးစပ်ကို သုတ်ကာ စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
“ရွာလူကြီး...၊ ကျွန်တော့်အဖေက ပြဇာတ်အဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင်ပါ...။ သူက ပြဇာတ်လည်း ကနိုင်ပြီး ပတ်ဝန်းကျင်မှာ အတော်လေး နာမည်ကြီးတယ်...။ သူ့အတွက် အလုပ်တစ်ခု ရှာပေးနိုင်မလား...။ တကယ်လို့ ကျွန်တော်တို့ နှစ်ယောက်စလုံး တစ်ခုခု လုပ်နိုင်မယ်ဆိုရင် ရွာမှာ လယ်ပြန်လုပ်စရာ မလိုတော့ဘူး...။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းက တကယ်ကို ခက်ခဲခဲ့တယ်...။”
လီခန့်ရှန်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
“ပြဿနာမရှိပါဘူး...၊ ပြဿနာမရှိပါဘူး...၊ ငါ မလောပါဘူး...။ လုပ်စရာကတော့ အမြဲရှိနေတာပဲ...၊ ပြဇာတ် အဖွဲ့ဆိုတော့ သိပ်ကောင်းတာပေါ့...။ တောင်စောင့်နတ်မင်းကြီးရဲ့ ဇာတ်လမ်းကို ပြဇာတ်တစ်ခု အဖြစ် ပြောင်းဖို့ ငါ ကူညီပေးမယ်...။ ပြီးတော့ တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းမှုကုသိုလ်တွေကို သေချာပေါက် အရောင်း မြှင့်တင်ပေးမယ်...။”
“ဟေး...၊ ကောင်းပြီ...၊ အောက်ရောက်ရင် ကျွန်တော့်အဖေ့ကို ပြောပြလိုက်မယ်...။ သူ အရမ်း ဝမ်းသာသွား လိမ့်မယ်...။”
လူလတ်ပိုင်း အမျိုးသားသည် ရေတစ်ငုံ ကြီးကြီး သောက်လိုက်ပြီး ပန်းကန်လုံးကို ချကာ လီခန့်ရှန်းကို ရွှင်လန်း စွာ လက်အုပ်ချီ နှုတ်ဆက်လိုက်လေသည်။
လီခန့်ရှန်းသည် သူ၏ စိတ်ကူးများအတိုင်း လုပ်ဆောင်တတ်သော စိတ်မရှည်သူ တစ်ဦး အမှန်တကယ်ပင် ဖြစ် လေ၏။
မကြာမီ တောင်ခြေရှိ ခေါင်ရှန်းရွာ၏ တူလို မြေနံရံအိမ်ရာများ အလယ်တွင် စားပွဲကြီး တစ်လုံးကို ခင်းကျင်း လိုက်လေသည်။
လီခန့်ရှန်းနှင့် လီလောင်ဆန်းတို့သည် သူတို့၏ ရှင်းလင်းတင်ပြမှုများကို စတင်ခဲ့ကြလေသည် ။
ကျန်ရစ်လိုသူများသည် အခြေခံ နေထိုင်မှု ထောက်ပံ့ကြေးများနှင့် အကူအညီများကို ရရှိမည်ဖြစ်ပြီး အခြေခံ နေထိုင်မှု ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အိမ်ရာဆောက်လုပ်ရေးတွင် ကူညီပေးခြင်းတို့ ကဲ့သို့သော အကူ အညီများ ဖြစ်ပေသည်။
အစီအစဉ်များကို နာခံပြီး သူတို့၏ လုပ်အားကို ထည့်ဝင်လိုသူများအား အသားနှင့် ဆန်ကဲ့သို့သော အခြေခံ နေထိုင်မှု ပစ္စည်းများကို ပေးအပ်မည် ဖြစ်လေသည်။ အသုံးပြုနိုင်သော အထူးကျွမ်းကျင်မှု ရှိသူများသည် အထူးဆုလာဘ်များကို ရရှိနိုင်ပေလိမ့်မည်...။
ခေတ္တမျှတော့ မလှမ်းမကမ်းတွင် မြို့ရိုးကို စောင့်ကြပ်နေသော လူမိုက်များပင်လျှင် သွေးဆောင်ခံလိုက် ရလေ၏။
သူတို့ ၎င်းကို အလုပ်များနေစဉ် ရုတ်တရက် တောက်ပနေသော အရာအချို့ ကောင်းကင်မှ ကျဆင်းလာခဲ့ လေသည်။
လူမိုက်များမှာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့ကြလေ၏။
၎င်းမှာ တောင်စောင့်နတ်မင်းကြီး၏ တန်ခိုးတော် ဖြစ်ရမည်ဟု သူတို့ သိထားသော်လည်း သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ ရွှီပေါ်အန်းသည် နတ်ဘုရားတစ်ပါး၏ ရှုထောင့်မှ လူသားတို့၏ ဘဝအလှည့်အပြောင်း များကို ခံစားနေစဉ် တောင်တန်းများနှင့် သစ်တောများထဲမှ ဧရာမ ဟိန်းဟောက်သံကြီး တစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာခဲ့လေသည်။
ရွှီပေါ်အန်းသည် အသံလာရာဆီသို့ အလျင်အမြန် ကြည့်လိုက်ရာ အချိန်အတော်ကြာ မတွေ့ရသော ဝက်ဝံညိုကြီး ပြဿနာ ထပ်မံ ဖန်တီးနေသည်ကို မြင်တွေ့လိုက်ရလေ၏။