အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) ပန်းတစ်ရာစံအိမ်
"ကျောက်လင်... ရှင်သာ သံမဏိအရိုးနယ်ပယ်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် အပြတ်အသတ် အနိုင်ရဖို့ ယုံကြည်ချက်ရှိရဲ့လား..."
ဟင်းပွဲများမချခင် အိုယန်ပင်းက ရုတ်တရက် မေးခွန်းထုတ်လိုက်၏။
ကျောက်လင်က ယုံကြည်မှုရှိရှိ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"သံမဏိအရိုးနယ်ပယ်ထဲက ဘယ်သူ့ကိုမဆို ငါ အနိုင်ယူနိုင်တယ်..."
ထိုစကားကို ကြားသောအခါ အိုယန်ပင်း၏ မျက်လုံးများက အရောင်လက်သွား၏။
မင်ချွမ်မြို့၌ ရှိနေစဉ်ကတည်းက ကျောက်လင်သည် သူ၏ စွမ်းရည်များကို ဖုံးကွယ်ထားပြီး နက်နဲလှသော သိုင်းပညာရပ် အချို့ကို ကျင့်ကြံထားနိုင်ကြောင်း အိုယန်ပင်းက ခန့်မှန်းမိပြီး ဖြစ်သည်။
ယခုအခါတွင်မူ ကျောက်လင် အလွန် အစွမ်းထက်ကြောင်းကို အိုယန်ပင်း အတည်ပြုနိုင်သွားပြီ ဖြစ်၏။ အနည်းဆုံးတော့ သံမဏိအရိုးနယ်ပယ်ကို အပြည့်အဝ ဖိနှိပ်ထားနိုင်စွမ်း ရှိပေသည်။
"ငါတို့ ခရိုင်ဝန်ရုံးမှာရှိနေတုန်းက အမှုကိစ္စ ဖြေရှင်းဖို့ ငါ့ကို ကူညီပေးမယ်လို့ ရှင် ပြောခဲ့တယ်နော်... အခု ငါ ရှင့်ရဲ့ အကူအညီကို တကယ် လိုအပ်နေတယ်..."
အိုယန်ပင်းက လေးနက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ... ငါ သဘောတူတယ်..."
ကျောက်လင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"ဘယ်လိုအမှုမျိုးလဲ ဒါမှမဟုတ် ဘယ်လို တရားခံမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတောင် ငါ မပြောရသေးဘဲနဲ့ ရှင်က သဘောတူလိုက်ပြီပေါ့..."
အိုယန်ပင်းက အလွန်
သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါပေါ့... မင်းရဲ့ ကိစ္စကို ကူညီပေးဖို့ ငါ ဆုံးဖြတ်ထားပြီးသားပဲ..."
ကျောက်လင်က ပြုံးလျက် ပြန်ဖြေလိုက်၏။
သူ၏ ဘေးတွင် ထိုင်နေကြသော ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့က မျက်လုံးလှန်ပြလိုက်ကြပြီး ကျောက်လင်၏ မျက်နှာများလှသော အပြုအမူအပေါ် မကျေမနပ်ဖြစ်ကြောင်း ဖော်ပြလိုက်ကြသည်။
သို့သော်လည်း အမျိုးသမီးသုံးယောက်က ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။ ကျောက်လင် ဇနီးမည်မျှပင်ယူယူ သူတို့ ဂရုမစိုက်ကြချေ။
ကျောက်လင်က သူတို့ကို ဒုက္ခသည်စခန်းမှ ကယ်တင်ခဲ့ပြီးနောက် သူတို့၏ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာစေခဲ့သည့်အပြင် သူတို့ အတူနေကြသည့် အကြိမ်တိုင်းတွင် ကြီးမားလှသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ခဲ့သည့်အတွက် ကျောက်လင်၌ အထူးရုပ်ခန္ဓာတစ်ခု ရှိနေကြောင်း မိန်းမသုံးယောက်က ကောင်းကောင်း သိထားကြပြီး သူ နောက်ထပ် မိန်းမယူမည့် ကိစ္စကို သူတို့ မတားဆီးနိုင်ကြပေ။
ကျေးဇူးတင်သောကြောင့်ဖြစ်စေ၊ ကျောက်လင်၏ စွမ်းရည်များ တိုးတက်လာစေရန် ကူညီပေးလို၍ဖြစ်စေ သူတို့ သုံးယောက်က ကျောက်လင် ဆက်လက် အိမ်ထောင်ပြုမည့်ကိစ္စကို တိတ်တဆိတ် သဘောတူထားကြပြီး ဖြစ်၏။
"ကျေးဇူးပဲ... ငါက နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပန်းသူခိုးတစ်ယောက်ကို ဖမ်းဆီးဖို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေတာ... သူက သံမဏိအရိုးနယ်ပယ်မှာပဲ ရှိသေးပေမဲ့ သူ့ရဲ့ ရုပ်ဖျက်စွမ်းရည်က အရမ်းကို အစွမ်းထက်တယ်..."
"ဒီမနက်ပဲ သတင်းရလို့ သူ ပုန်းအောင်းနေနိုင်တဲ့ အိမ်ကို ငါ အဖွဲ့တစ်ဖွဲ့ ဦးဆောင်ပြီး သွားခဲ့ပေမဲ့ အဲ့ဒီမှာ ဘာမှ မတွေ့ခဲ့ရဘူး..."
"ငါ စဉ်းစားကြည့်တော့ အဲ့ဒီကောင်မှာ ကြံရာပါတစ်ယောက်ရှိရမယ်... အဲ့ဒီ ကြံရာပါက အိမ်ပေါက်ဝမှာ စောင့်နေပြီး ငါတို့ ရောက်လာတာကို မြင်တော့ ပန်းသူခိုးကို အသိပေးဖို့ လျှို့ဝှက်နည်းလမ်း တစ်ခုခုကို သုံးခဲ့တာပဲ ဖြစ်ရမယ်..."
"ငါ့အထင်ကို ပြောရရင် ဒီည ခရိုင်မြို့က ပန်းတစ်ရာစံအိမ်မှာ ပန်းဘုရင်မပြိုင်ပွဲတစ်ခု ကျင်းပမှာမလို့ အဲ့ဒီပန်းသူခိုးက အဲ့ဒီမှာ ရှိနေလောက်တယ်..."
"အဲ့ဒီမိန်းမရှုပ်တဲ့ကောင်နဲ့ သူ့ရဲ့ ကြံရာပါတွေက ငါတို့ ရဲမတ်တွေနဲ့ အရမ်း ရင်းနှီးနေတာ... ငါတို့ အဲ့ဒီကို သွားနေသရွေ့ သူ ကိုယ်ထင်ပြမှာ မဟုတ်ဘူး..."
"ဒါကြောင့် ရှင့်ကို ပန်းဝယ်သူတစ်ယောက်အနေနဲ့ ရုပ်ဖျက်စေချင်ပြီး ငါလည်း ရုပ်ဖျက်မယ်... ငါတို့ ပန်းတစ်ရာစံအိမ်ကို အတူတူ သွားကြတာပေါ့... အဲ့ဒီအချိန်မှာ တခြား ရဲမတ်တွေက ပတ်ဝန်းကျင်မှာ ချောင်းမြောင်း စောင့်ဆိုင်းနေလိမ့်မယ်... သူတို့က ပန်းသူခိုးကို တွေ့တာနဲ့ ရဲမတ်တွေကို ချက်ချင်း အချက်ပြလိမ့်မယ်..."
အိုယန်ပင်းက သူမ၏ အတွေးများကို လျင်မြန်စွာ ပြောပြလိုက်၏။
၎င်းကို ကြားသောအခါ ကျောက်လင်က ချက်ချင်းပင် နားလည်သွားသည်။
ဤသည်မှာ ကောင်းသောကိစ္စပင်ဖြစ်၏။
ပန်းတစ်ရာစံအိမ်သည် အထူး ပြည့်တန်ဆာအိမ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာမ အားလုံးကို ပန်းလှေများတွင် ခွဲဝေချထားကာ လှေတစ်စင်းလျှင် ပန်းခေါင်းဆောင် တစ်ယောက်စီ ရှိပေသည်။
လစဉ်လတိုင်း ပန်းတစ်ရာစံအိမ်၌ အလှဆုံး ပန်းပွင့်ကို ရွေးချယ်ရန် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ရှိပြီး ဧည့်သည် မရေမတွက်နိုင်အောင် လာရောက်ကာ နေရာ၏ အလှအပကို ခံစားကြလေသည်။
ကျောက်လင်က ထိုသို့သော အခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်ပေ။ သူသည် အိုယန်ပင်းကိုလည်း ကူညီပေးနိုင်သည့်အပြင် လှပသော မိန်းမပျိုလေးများကိုလည်း ငေးမောခွင့် ရနိုင်သေးသည်။
"ကောင်းပြီ... မင်းနဲ့အတူ ငါ လိုက်ခဲ့မယ်..."
ကျောက်လင်က အသင့်ပင် သဘောတူလိုက်၏။
မကြာမီမှာပင် သူတို့ ငါးယောက်က ရယ်မောသံများ၊ ရွှင်လန်းသော စကားပြောဆိုမှုများကြားတွင် ခမ်းနားသော ဟင်းလျာများကို သုံးဆောင်ခဲ့ကြသည်။
ကျောက်လင်နှင့် တွေ့ဆုံမည့် အချိန်ကို စီစဉ်ပြီးနောက် အိုယန်ပင်းသည် ညနေခင်း စစ်ဆင်ရေးအတွက် ပြင်ဆင်ရန် အလျင်စလို ထွက်ခွာသွားခဲ့၏။
သူ၏ ဇနီးသုံးယောက်ကို ကြည့်ရင်း ကျောက်လင်က ပြုံးကာ ပြောလိုက်သည်။
"ဇနီးလေးတို့... ဒီနေ့ထင်းရှူးနက်ကျေးရွာကို အလောတကြီး ပြန်စရာမလိုသေးဘူး... ဒီည ယွီရွှေခရိုင်မှာပဲ အနားယူကြတာပေါ့..."
"တည်းခိုခန်းတစ်ခုခုကို သွားရှာပြီး မွန်းလွဲပိုင်းလောက် အနားယူကြရအောင်..."
ထိုသို့ပြောလိုက်စဉ် ကျောက်လင်က အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်၏။
၎င်းကို မြင်သောအခါ အမျိုးသမီး သုံးယောက်စလုံး ကျောက်လင် ဘာတွေးနေသည်ကို အတိအကျ သိလိုက်ကြသည်။
ကောင်းပြီလေ။
ကျောက်လင်၏ ရူးသွပ်မှုများနှင့် ရင်းနှီးပြီးသား ဖြစ်သည့်အပြင် ကျင့်ကြံခြင်းမှ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း သိထားကြသဖြင့် သူတို့က သဘာဝကျကျပင် သူ့အလိုကို လိုက်လျောပေးလိုကြ၏။
ထို့ကြောင့် သူတို့ လေးယောက်သား အနီးအနားရှိ တည်းခိုခန်း တစ်ခုကို သွားရှာလိုက်ကြသည်။
ထိုမွန်းလွဲပိုင်းတွင် သူတို့လေးယောက်အနက် မည်သူမျှ ကောင်းကောင်း အနားမယူဖြစ်ခဲ့ကြပေ။
ကျင့်ကြံခြင်း +၃
ညနေခင်းသို့ ရောက်ရှိလာသောအခါ ကောင်းကင်ယံသည် နေဝင်ဆည်းဆာ အလင်းရောင်ဖြင့် တောက်ပလာတော့၏။
ကျောက်လင်က သူ၏ ဇနီးသုံးယောက်ကို ကောင်းကောင်း အနားယူရန် ပြောခဲ့ပြီးနောက် သူ၏ ကွင်းတပ်ဓားကို ကျောတွင်လွယ်ကာ တည်းခိုခန်းမှ ထွက်ခွာလာပြီး ပန်းတစ်ရာစံအိမ်ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။
ပန်းတစ်ရာစံအိမ်ကို ယွီရွှေမြစ်ကမ်းဘေးတွင် ကပ်လျက် တည်ဆောက်ထားခြင်းဖြစ်၏။
ကျောက်လင်က မြင်းရိုင်းကို စီးကာ ရောက်လာသောအခါ ပန်းတစ်ရာစံအိမ် မုခ်ဦးအနီးရှိ အရက်ဆိုင် တစ်ဆိုင်တွင် ယောက်ျားလေးအသွင် ရုပ်ဖျက်ထားသော အိုယန်ပင်းက ပြတင်းပေါက်ဘေးရှိ စားပွဲတစ်လုံး၌ ထိုင်နေသည်ကို ချက်ချင်း မြင်လိုက်ရသည်။
မကြာမီတွင် ကျောက်လင်က မြင်းရိုင်းကို ပန်းတစ်ရာစံအိမ်၏ မြင်းဇောင်း၌ ထားခဲ့ပြီး အရက်ဆိုင်ထဲသို့ ဝင်သွားကာ အိုယန်ပင်း၏ မျက်နှာချင်းဆိုင်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်၏။
"သခင်လေးကျွင်း... ခင်ဗျားလည်း ပန်းတစ်ရာစံအိမ်က ပန်းတွေကို လာငေးတာလား..."
"ငါတို့ အတူတူသွားကြရင် ဘယ်လိုလဲ..."
ကျောက်လင်သည် ပန်းဝယ်သူတစ်ဦးအဖြစ် အလွန်ကျွမ်းကျင်စွာ ဟန်ဆောင်လိုက်သည်။
"ရတယ်လေ..."
အိုယန်ပင်းက သူမ၏ အသံကို နှိမ့်ထားလိုက်ပြီး သူမကိုယ်သူမ လူမိသွားမည်ကို စိုးရိမ်သဖြင့် စကားများများ မပြောရဲပေ။
သူတို့နှစ်ယောက်သည် စားပွဲတစ်ခုတည်းတွင် ထိုင်ကာ မြေပဲကြော်များကို စားရင်း အရက်ကို အေးအေးဆေးဆေး သောက်နေကြ၏။
ကျောက်လင်၏ လင်းယုန်မျက်လုံးများက လမ်းတစ်လျှောက်သို့ ဝေ့ကြည့်လိုက်ပြီး ဖြတ်သွားဖြတ်လာတိုင်းကို သေချာစွာ စစ်ဆေးနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအား အမြုတေက ဆယ်မီတာ ပတ်လည်အတွင်းရှိ လှုပ်ရှားမှုအားလုံးကို အာရုံခံနိုင်ပြီး အနီးသို့ ချဉ်းကပ်လာသူတိုင်း၏ တစ်ကိုယ်လုံးကို 'စကင်ဖတ်' စစ်ဆေးနေ၏။
မည်သူ့ကိုမျှ သံသယဖြစ်ဖွယ် မတွေ့ရချေ။
နေဝင်သွားပြီဖြစ်ရာ ကောင်းကင်ယံမှာ မီးခိုးရောင် သန်းလာသည်။
ပန်းတစ်ရာစံအိမ်ရှိ မီးအိမ်များ ထွန်းညှိလိုက်သောအခါ မုခ်ဦးတစ်ခုလုံးကို လင်းထိန်သွားစေ၏။
ပြည့်တန်ဆာခေါင်းများက မုခ်ဦးမှနေ၍ လက်ဝှေ့ယမ်းကာ အော်ဟစ်ရင်း ဖောက်သည်များကို စတင် ခေါ်ယူနေကြသည်။
"ငါ လေ့လာနေတာကြာပြီ... လမ်းပေါ်မှာ ထူးခြားတဲ့သူတွေ တစ်ယောက်မှ မရှိဘူး... ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် အဲ့ဒီပန်းသူခိုးက ပန်းတစ်ရာစံအိမ်ထဲမှာ ပုန်းအောင်းနေတာ ကြာလောက်ပြီ..."
ထိုအခိုက်တွင် ကျောက်လင်က အိုယန်ပင်း၏ ဘေး၌ ထိုင်လိုက်ပြီး တစ်စုံတစ်ရာကို တီးတိုး ပြောလိုက်၏။
အိုယန်ပင်းမှာ ယောက်ျားလေးအဖြစ် ရုပ်ဖျက်ထားသော်လည်း သူမ၏ သဘာဝ ကိုယ်သင်းနံ့ကိုမူ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ကျောက်လင်က သူမ၏ ဘေးတွင် ကပ်လျက်ရှိနေသဖြင့် သဘာဝကျကျပင် ထိုအနံ့ကို ရလိုက်သည်။
အလွန်မွှေးပျံ့နေသည်။
"ကောင်းပြီ... ဝင်သွားကြရအောင်..."
အိုယန်ပင်းသည်လည်း ထိုနည်းတူပင် သုံးသပ်ထားပြီး သူမက ထပ်၍ မစောင့်ချင်တော့ချေ။
ထို့ကြောင့် သူတို့နှစ်ယောက်သား အရက်ဆိုင်ထဲမှ အတူတူ ထွက်လာခဲ့ကြ၏။
တံခါးပေါက်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်လင်က သူ၏ ညာဘက်လက်ကို အိုယန်ပင်း၏ ပခုံးပေါ်သို့ သဘာဝကျကျပင် တင်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ..."
အိုယန်ပင်းမှာ လန့်သွားပြီး ရုန်းထွက်ရန် ကြိုးစားလိုက်၏။
သို့သော် ကျောက်လင်က အိုယန်ပင်းကို တင်းကျပ်စွာ ဖက်ထားသည်။
"ငါတို့ ရင်းနှီးသယောင် ဟန်ဆောင်ထားမှ အဲ့ဒီ ပန်းသူခိုးရဲ့ အာရုံစိုက်တာကို မခံရမှာလေ..."
ကျောက်လင်က တိုးညှင်းစွာ ကပ်ပြောလိုက်၏။
အိုယန်ပင်းမှာ မျက်နှာမှာ ရဲတက်သွားသော်လည်း မုခ်ဦးပေါ်ရှိ မီးအိမ်များ၏ အလင်းရောင်အောက်တွင် မည်သူကမျှ ပုံမှန်မဟုတ်သည်ကို သတိမထားမိကြပေ။
ကျောက်လင်၏ စကားများကို တွေးကြည့်လိုက်ရာ အိုယန်ပင်းသည်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူမက စိတ်ထဲတွင် ငြင်းဆန်နေသော်လည်း အမှုကို ဖြေရှင်းနိုင်ရန်အတွက် သည်းခံလိုက်၏။
ထို့ကြောင့် သူတို့ နှစ်ယောက်က လက်ချင်းချိတ်ကာ ပန်းတစ်ရာစံအိမ်၏ မုခ်ဦးထဲသို့ လျှောက်သွားလိုက်ကြသည်။
မုခ်ဦးထဲသို့ ဝင်သွားပြီးနောက် ပြည့်တန်ဆာခေါင်းမကြီးက သူတို့ကို ပြုံးရွှင်စွာ ဆီးကြိုခဲ့ပြီး ဘေးဘက်ရှိ အခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤအခန်း၏ ပြတင်းပေါက်မှနေ၍ ယွီရွှေမြစ်ပေါ်တွင် တည်ဆောက်ထားသော စတုရန်းမီတာ ၃၀ ကျော်ရှိသည့် ရေပေါ်စင်မြင့် တစ်ခုကို မြင်တွေ့နိုင်ပြီး ပန်းတစ်ရာစံအိမ်၏ ပန်းလှေများအားလုံးကို ထိုရေပေါ်စင်မြင့်နှင့် ထိပ်ချင်းဆက်ကာ ချိတ်ဆက်ထား၏။
ရေပေါ်စင်မြင့်မှာ ပန်းလှေ အသီးသီးမှ မိန်းမပျိုလေးများ တက်ရောက်ကာ ဖျော်ဖြေတင်ဆက်ရမည့် နေရာဖြစ်သည်။
ဤနည်းဖြင့် မုခ်ဦးရှိ အခန်းတိုင်းမှ ဧည့်သည်များသည် ရေပေါ်စင်မြင့်ပေါ်ရှိ မိန်းမပျိုလေးများ၏ ဖျော်ဖြေမှုကို ရှင်းလင်းစွာ ကြည့်ရှုနိုင်ပေသည်။
"ကျောက်လင်... အပျော်စီးလှေတွေပေါ်မှာ သံသယဖြစ်စရာ လူတွေ ရှိမရှိ သေချာ ကြည့်ထားဦးနော်..."
ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အိုယန်ပင်းက သတိပေးလိုက်၏။
ကျောက်လင်က ခေါင်းညိတ်ပြလိုက်သည်။ လင်းယုန်မျက်လုံးများက မြစ်ပေါ်ရှိ ပန်းလှေတိုင်း၏ လှုပ်ရှားမှုများကို စကင်ဖတ် စစ်ဆေးပြီးဖြစ်ကာ မည်သူ့ကိုမျှ မလွတ်တမ်း အကဲခတ်ထားလေသည်။
ထိုအခိုက်တွင် သူတို့ နှစ်ယောက်နောက်မှ အခန်းထဲသို့ လိုက်ဝင်လာသော ပြည့်တန်ဆာခေါင်းမကြီးက ပြုံးကာ ပြောလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ဒီလရဲ့ ပန်းဘုရင်မပြိုင်ပွဲမှာ ရှင်တို့ တစ်ယောက်ကို မဲတစ်မဲစီ ပေးပိုင်ခွင့် ရှိပါတယ်..."
"ပန်းလက်မှတ်က တစ်စောင်ကို ငွေပြား ငါးပြားပါ... ဧည့်သည်တော် နှစ်ယောက်ဆိုတော့ စုစုပေါင်း ငွေဆယ်ပြား ကျသင့်ပါမယ်..."
အခန်းထဲသို့ ဝင်သည်နှင့် တစ်ပြိုင်နက် ငွေတောင်းခံလာခြင်းဖြစ်၏။
ဤပန်းဘုရင်မပြိုင်ပွဲသည် ဓားပြတိုက်ခြင်းနှင့် မခြားနားကြောင်း ဆိုရပေမည်။
အကယ်၍ သင်သာ မချမ်းသာလျှင် ပန်းတစ်ရာစံအိမ်သို့ လာရောက်ရန် တကယ့်ကို တတ်နိုင်မည် မဟုတ်ပေ။
"ယူလိုက်..."
ကျောက်လင်၌ ငွေပြား နှစ်ဆယ်သာ ကျန်တော့သော်လည်း သူက အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ငွေဆယ်ပြားကို အသင့် ဆွဲထုတ်ကာ ပန်းလက်မှတ် နှစ်စောင် ဝယ်လိုက်၏။