← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) မျက်ကန်းဖြစ်သွားခြင်းက ဝေးဝေးမပြေးနိုင်စေရန် တားဆီးထား၏

ကြာပွတ်က ကွင်းတပ်ဓားကို ရိုက်ချလိုက်၏။

ကွင်းတပ်ဓားက နှစ်ပိုင်းကျိုးသွားသည်။

ဤကွင်းတပ်ဓားသည် ကျောက်လင်နှင့်အတူ တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ပြီး အမာရွတ်များ ပြည့်နှက်နေပြီဖြစ်၏။

အထူးပစ္စည်းဖြင့် ပြုလုပ်ထားသော ဤကြာပွတ်သည် ထက်မြက်သော ဓားသွားနှင့် တူသည်။ ပန်းခိုးသူ၏ အားဖြည့်မှုနှင့်အတူ နောက်ဆုံးတွင် ၎င်းက ကွင်းတပ်ဓားကို ပြတ်တောက်သွားစေခဲ့၏။

ပန်းခိုးသူက အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောလိုက်ပြီး ကျောက်လင်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ သူ၏ ကြာပွတ်ကို ထပ်မံလွှဲယမ်းရန် ပြင်လိုက်သည်။

ကျောက်လင်ကပင် လှောင်ပြောင်သော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။

သူ၏ ဘယ်ဘက်လက်ထဲရှိ အလင်းဗုံးကို ပစ်ပေါက်လိုက်ပြီး ဖြစ်သည်။

ထိုအချိန်မှာပင် ကျောက်လင်၏ ခန္ဓာကိုယ်က လှေခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွား၏။

အလင်းဗုံးက လေထုနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသွားကာ နေမင်းနှင့် နှိုင်းယှဉ်နိုင်သော စူးရှသည့် အလင်းဘောလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။

ပန်းခိုးသူသည် အလင်းဗုံးကို ယခင်က တစ်ခါမျှ မမြင်ဖူးချေ။

သူ ဖွင့်ထားလိုက်သော မျက်လုံးများသည် စူးရှသော အလင်းဖြူကြောင့် ရုတ်တရက် ကန်းသွားခဲ့၏။

"အား..."

"ငါ့မျက်လုံးတွေ... ငါ့မျက်လုံးတွေ... မင်း ဘယ်လို လျှို့ဝှက်လက်နက်မျိုး သုံးလိုက်တာလဲ... မင်း ငါ့ကို မျက်စိကန်းအောင် လုပ်လိုက်တယ်..."

ပန်းခိုးသူသည် လှေခန်းခေါင်မိုးပေါ်တွင် မတ်တပ်ရပ်ရင်း သူ၏ မျက်လုံးများကို လက်ဖြင့် ကာထားသော်လည်း မျက်လုံးထဲမှ ပူလောင်သော နာကျင်မှုက ဆက်တိုက် ထွက်ပေါ်နေကာ သူ မျက်စိကန်းသွားပြီဖြစ်ကြောင်းကို သေချာပေါက် သိလိုက်ရသည်။

ထိုအခိုက်တွင် ကျောက်လင်က ပန်းခိုးသူ၏ တည်နေရာကို အာရုံခံလိုက်မိပြီး ကျိုးသွားသော ကွင်းတပ်ဓားကို ကောက်ကိုင်ကာ အပေါ်သို့ အားကုန် ခုတ်ပိုင်းလိုက်၏။

ဓားသွားက ပန်းခိုးသူ၏ ညာဘက်ခြေကျင်းဝတ်ကို ထိမှန်သွားသည်။

"အား…”

ခြေထောက်ကို ပြင်းထန်စွာ ခုတ်ခံလိုက်ရသော ပန်းခိုးသူသည် နာကျင်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်၏။

ဤအချိန်တွင် ပန်းခိုးသူသည် သူ မျက်စိကန်းနေပြီဖြစ်ကြောင်းကိုပါ နားလည်သွားပြီး အကယ်၍ အပျော်စီးလှေပေါ်တွင် ဆက်နေပါက ကျောက်လင်၏ တစ်ဆင့်ပြီးတစ်ဆင့် ချုံခိုတိုက်ခိုက်ခြင်းကို ခံရမည်သာ ဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် ပန်းခိုးသူက ပြတ်သားစွာ ခုန်ချလိုက်ပြီး ယွီရွှေမြစ်ထဲသို့ ကျသွားခဲ့၏။

ကျောက်လင်က ပန်းခိုးသူသည် ရေထဲတွင် အလွန်မြန်ဆန်စွာ ကူးခတ်သွားကြောင်း သူ၏ စိတ်စွမ်းအားဖြင့် အာရုံခံလိုက်မိပြီး လိုက်ဖမ်းချင်လျှင်ပင် နောက်ကျသွားပြီ ဖြစ်သည်။

"သူက မျက်စိလည်း ကန်းနေပြီ... ညာဘက်ခြေထောက်ကလည်း ဒဏ်ရာရထားတော့ ရေထဲမှာ အကြာကြီး နေနိုင်မှာ မဟုတ်ဘူး..."

"ရဲမက်တွေ လိုက်လာတဲ့အခါ ပတ်ဝန်းကျင်ကို ရှာဖွေပြီး ပန်းခိုးသူကို ငါတို့ ရှာတွေ့နိုင်မှာပါ..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။

ထိုအချိန်မှာပင် အိုယန်ပင်းက နိုးလာပြီး သူမ၏ မျက်နှာမှာ နီရဲနေသည်။

ထိုကာမအားတိုးဆေးက တကယ်ကို အစွမ်းထက်လှ၏။

"ကျောက်လင်... ငါ့ကို ကယ်ပါဦး..."

အိုယန်ပင်းက နိုးလာပြီး ခေတ္တမျှ သတိကြည်လင်သွားသည်။ သူမ၏ ခန္ဓာကိုယ်က ဆက်ပြီး တောင့်ခံမထားနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ယခုအခါ ကျောက်လင်ကိုသာ ဤအခွင့်အရေးအား ရယူခွင့် ပြုနိုင်တော့၏။

ထိုသို့ပြောပြီးနောက် အိုယန်ပင်းက သူ့အပေါ်သို့ ခုန်အုပ်လိုက်သည်။

ကျောက်လင်က ငြင်းဆန်ချင်သော်လည်း အိုယန်ပင်း၏ ခန္ဓာကိုယ်က ဆက်၍ မခံနိုင်တော့ချေ။

အခွင့်အရေးက ဆိုက်ရောက်လာပြီဖြစ်၏။

ဝေဝေဝါးဝါး အခြေအနေတွင် ကျောက်လင်က အိုယန်ပင်းအား ဆေးအရှိန်မှ လွတ်ကင်းစေရန် ကူညီပေးလိုက်သည်။ အပျော်စီးလှေက မြစ်တစ်လျှောက် မျောပါသွားပြီးနောက် ကမ်းစပ်တွင် ရပ်တန့်သွား၏။

အမျိုးသမီးငယ် ဟွားမိန်သည်လည်း ကာမအားတိုးဆေး၏ သက်ရောက်မှုကို ခံထားရသည်။ သူမသည် ထိုဖြစ်စဉ်အတွင်း အကြိမ်အနည်းငယ်မျှ နိုးလာခဲ့သော်လည်း ကျောက်လင်က အကြိမ်တိုင်းတွင် လက်ဝါးတစ်ချက်တည်းဖြင့် သူမအား သတိလစ်သွားစေခဲ့၏။

ဟွားမိန်၏ ခန္ဓာကိုယ်က အပူချိန်မြင့်မားမှုအောက်တွင် အဆက်မပြတ် ရှိနေခဲ့သော်လည်း သူမက အသက်ရှင်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဤအချိန်တွင် ကျောက်လင်နှင့် အိုယန်ပင်းတို့သည် ကမ်းစပ်၌ ရပ်နေကြ၏။

သူတို့နှစ်ဦးမှာ အနည်းငယ် ရှက်ရွံ့နေဟန် ရှိသည်။

ထို့နောက် ကျောက်လင်၏ အသိစိတ်က စနစ်မျက်နှာပြင်ဆီသို့ ရောက်ရှိသွား၏။

"ဂုဏ်ယူပါတယ် ပိုင်ရှင်... အိုယန်ပင်းနဲ့ အိမ်ထောင်သည်ဘဝကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် စနစ်က သင့်ကို ကျင့်ကြံမှု ၅ နှစ်စာ ဆုချီးမြှင့်ပါတယ်..."

ထိုသတင်းကို မြင်လိုက်ရသောအခါ ကျောက်လင်၏ အသိစိတ်မှာ တုန်လှုပ်သွားခဲ့သည်။ အစပိုင်းတွင် ကျောက်လင်က စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီးတစ်ဦးကို လက်ထပ်မှသာ စနစ်၏ ဆုလာဘ်ကိုရရှိမည်ဟု ထင်ထားခဲ့၏။ ယခုကြည့်ရသည်မှာ လက်ထပ်ရန် မလိုအပ်ဘဲ စနစ်မှ အသိအမှတ်ပြုထားသော အမျိုးသမီးတစ်ဦးနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိရုံဖြင့် စနစ်၏ ဆုလာဘ်ကို ရရှိနိုင်ပုံရသည်။

"ကျစ်... စနစ်... မင်းက ငါ့ကို လူယုတ်မာတစ်ယောက်ဖြစ်အောင် အတင်းအကျပ် လုပ်နေတာပဲ..."

ကျောက်လင်က စိတ်ထဲမှ ညည်းညူလိုက်၏။

ဤနည်းဖြင့် သူ၏ ကိုယ်ပိုင်အချက်အလက် မျက်နှာပြင်တွင် နောက်ထပ် ကျင့်ကြံမှု ၈ နှစ်စာ ရှိလာမည်ဖြစ်ပြီး ၎င်းကို မည်သည့် ကျင့်စဉ်မျိုးတွင်မဆို ထည့်သွင်းနိုင်သည်။

"ရှစ်နှစ်စာ ကျင့်ကြံမှုနဲ့ဆိုရင် ကျားယန်ကျင့်စဉ်ကိုတောင် ပြီးပြည့်စုံတဲ့အဆင့်ထိ မြှင့်တင်လို့ မရနိုင်သေးဘူး... ပြီးတော့ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ကိုလည်း ဖောက်ထွက်နိုင်မှာ မဟုတ်သေးဘူး..."

ကျောက်လင်က တွေးတောရင်း သက်ပြင်းချလိုက်၏။

*ထင်းရှူးနက်ကျေးရွာကို ပြန်ပြီး ငါ့ဇနီးတွေနဲ့ နေ့ရောညပါ ကြိုးစားရဦးမှာပဲ*

ဘေးတွင် ရပ်နေသော အိုယန်ပင်းက ကျောက်လင်နှင့် သူမ၏ ဆက်ဆံရေးကို မည်သို့ ကိုင်တွယ်ရမည်ကို မသေချာသဖြင့် သူမ၏ နှုတ်ခမ်းကို အဆက်မပြတ် ကိုက်ထား၏။

"အဲ့ဒီ ..ကျောက်လင်... ဒီညက မတော်တဆဖြစ်မှု သက်သက်ပါပဲ... ရင်ထဲ မထားပါနဲ့..."

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အိုယန်ပင်းက နောက်ဆုံးတွင် စကားပြောလာသည်။

"ပင်းပင်း... ငါ့ကို တာဝန်ယူစေချင်တယ်ဆိုရင် မင်းကို လက်ထပ်ဖို့ ငါ ဝမ်းသာပါတယ်..."

"ဒါပေမဲ့ မင်းရဲ့ အဆင့်အတန်းအရ မင်းရဲ့အဖေ ခရိုင်ဝန်က သဘောတူပါ့မလားတော့ ငါ မသိဘူး..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဟင့်အင်း... ငါ့အဖေကို သိခွင့်ပေးလို့ မရဘူး..."

"ဒီည ဖြစ်ခဲ့တာတွေကို ရှင် မေ့လိုက်တော့..."

အိုယန်ပင်း၏ အသံမှာ ငိုတော့မည့်အသံ ပေါက်နေပြီး သူမ၏ ဖခင်ကို အလွန် ကြောက်ရွံ့နေပုံရသည်။

ယင်းကို မြင်သောအခါ အိုယန်ပင်းက လတ်တလောတွင် ၎င်းတို့၏ ဆက်ဆံရေးကို လက်ခံနိုင်စွမ်း မရှိသေးကြောင်း ကျောက်လင် သိလိုက်၏။

သဘာဝကျစွာပင် ကျောက်လင်က သူမကို ဖိအားသိပ်မပေးလိုပေ။ အရာအားလုံးကို အချိန်ကာလတစ်ခုအထိ ထားလိုက်မည် ဖြစ်သည်။

ကျောက်လင်က သူ၏ စွမ်းရည်ကို ပြသနိုင်သရွေ့ အိုယန်ပင်း၏ စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပေးနိုင်ပြီး အိုယန်ပင်း၏ မိဘများထံမှ အသိအမှတ်ပြုမှုကို ရရှိနိုင်မည်ဟု ယုံကြည်ထား၏။

ယွီရွှေမြစ်ပေါ်တွင်။

အပျော်စီးလှေနှစ်စီးက မြစ်စုန်အတိုင်း ရွက်လွှင့်လာကြသည်။

"အဖွဲ့ခေါင်းဆောင်... အဲ့ဒါ ခင်ဗျားလား..."

အပျော်စီးလှေပေါ်မှ ရဲမက်တစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

သေနတ်သံ ထွက်ပေါ်လာသောအခါ ပန်းတစ်ရာစံအိမ် ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေကြသော ရဲမက်များက စံအိမ်ထဲသို့ အပြေးအလွှား ဝင်ရောက်လာကြပြီး အပျော်စီးလှေပေါ်မှ အလောင်းကို တွေ့ရှိသွားခဲ့ကြသည်။

အလင်းဗုံးများက ညကောင်းကင်ယံကို လင်းထိန်သွားစေသောအခါ ရဲမက်များက အပျော်စီးလှေနှစ်စီးကို ချက်ချင်း သိမ်းဆည်းကာ အိုယန်ပင်းနောက်သို့ လိုက်ရန် မြစ်စုန်အတိုင်း ထွက်ခွာလာခဲ့ကြ၏။

ဤအချိန်တွင် ရဲမက်များက နောက်ဆုံး၌ ကမ်းစပ်ရှိ အပျော်စီးလှေများကို တွေ့သွားကြပြီး လှော်ခတ်လာကြသည်။

"ငါ ဒီမှာ..."

သူမ၏ လက်အောက်ငယ်သား အော်ခေါ်သံကို ကြားသောအခါ အိုယန်ပင်းက ချက်ချင်း ပြန်ထူးလိုက်၏။

အပျော်စီးလှေနှစ်စီး ဆိုက်ကပ်လာပြီး ရဲမက် ဆယ်ဦးခန့် အိုယန်ပင်း အနီးသို့ ရောက်လာကြသည်။

"အော်... ဟုတ်ပြီ... အဲ့ဒီပန်းခိုးသူကို ငါ မျက်စိကန်းအောင် လုပ်ထားပြီး သူ့ရဲ့ ညာဘက်ခြေထောက်ကိုလည်း ခုတ်ပိုင်းထားတယ်..."

"ယွီရွှေမြစ်ထဲ ခုန်ချသွားပေမဲ့ သူ သိပ်ဝေးဝေး ကူးနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်..."

"မင်းတို့ မြစ်ကမ်းနှစ်ဖက်စလုံး တစ်လျှောက် ရှာဖွေသင့်တယ်... ဒါဆိုရင် ပန်းခိုးသူရဲ့ ခြေရာကို ရှာတွေ့ပြီး သူ့ကို အပြစ်ပေးနိုင်မှာပါ..."

ထို့နောက် ကျောက်လင်က ရှင်းပြလိုက်၏။

၎င်းကို ကြားသောအခါ အိုယန်ပင်းမှာ စိတ်လှုပ်ရှားသွားပြီး သူမ၏ အစောပိုင်းက ရှက်ရွံ့နေမှုများကို လုံးဝ မေ့သွားခဲ့သည်။

"ကျေးဇူးပဲ ကျောက်လင်..."

"အဲ့ပန်းခိုးသူက ကြီးလေးတဲ့ ပြစ်မှုဆယ်ခုကို ကျူးလွန်ထားပြီး အမျိုးသမီး ဆယ်ယောက်ကို စော်ကားထားတာ... ဒီည ငါ သူ့ကို သေချာပေါက် ဖမ်းမိအောင် လုပ်မယ်..."

ကျောက်လင်၏ စကားကို ကြားသောအခါ အိုယန်ပင်းသည် ဤသည်က အခွင့်အရေးကောင်း တစ်ခုဖြစ်ကြောင်း သိလိုက်၏။

အမှောင်ကျနေပြီ ဖြစ်သော်လည်း အိုယန်ပင်းက ပန်းခိုးသူကို ရှာတွေ့နိုင်မည်ဟု ယုံကြည်မှု ရှိနေဆဲဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပန်းခိုးသူက မျက်စိကန်းနေပြီဖြစ်၏။ အကယ်၍ သူက ရေထဲမှနေ၍ ကမ်းစပ်သို့ ကူးသွားပါက ဖုံးကွယ်၍ မရနိုင်သော ခြေရာများကို သေချာပေါက် ချန်ထားခဲ့မည် ဖြစ်သည်။ ရဲမက်များက သူ့နောက်သို့ တစ်လျှောက်လုံး လိုက်သွားရန်သာ လိုအပ်ပြီး ပန်းခိုးသူကို သေချာပေါက် ရှာတွေ့လိမ့်မည် ဖြစ်၏။

ထို့အပြင် ပန်းခိုးသူက မျက်စိကန်းနေသဖြင့် အဝေးကြီးသို့ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ သူက ခေါင်းဖြတ်ခံထားရသော ယင်ကောင်ကဲ့သို့ နေရာအနှံ့ နံရံများနှင့် ဝင်တိုက်နေမည်သာ ဖြစ်သည်။

အကယ်၍ ညဘက်တွင် မရှာတွေ့နိုင်ပါက မိုးလင်းသည်နှင့် တစ်ပြိုင်နက် ပန်းခိုးသူကို သေချာပေါက် ရှာတွေ့လိမ့်မည် ဖြစ်၏။

"ကောင်းပြီ... မင်း သွားပြီး အမှုကိစ္စကို ကိုင်တွယ်လို့ ရပြီ..."

"ငါတို့ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့... နောက်တစ်ခါ မင်ချွမ်မြို့ကို ရောက်လာခဲ့ရင် ထင်းရှူးနက်ကျေးရွာမှာရှိတဲ့ ငါ့ဆီကို သေချာပေါက် လာလည်လှည့်ပါဦး..."

ကျောက်လင်က အိုယန်ပင်း ဘေးတွင် ရပ်နေရသည်မှာ အလွန်အနေရခက်နေသဖြင့် ဦးဆောင်ကာ စကားပြောလိုက်သည်။

"ကောင်းပြီ... ရှင် အခု ပြန်လို့ရပြီ..."

အိုယန်ပင်းသည်လည်း ကျောက်လင် ထွက်သွားသည့်အတွက် ဝမ်းသာနေကာ ချက်ချင်း ပြန်ဖြေလိုက်၏။

ကျောက်လင်က အပျော်စီးလှေဆီသို့ ပြေးသွားကာ တစ်ယောက်တည်း လှော်ခတ်လိုက်ပြီး အမျိုးသမီးငယ် ဟွားမိန်ကို ပန်းတစ်ရာစံအိမ်ဆီသို့ ခေါ်ဆောင်သွားသည်။

"ငါတို့ နှစ်ဖွဲ့ခွဲပြီး မြစ်ရဲ့ တစ်ဖက်တစ်ချက်စီကို တစ်ချိန်တည်း ရှာဖွေကြမယ်... ပန်းခိုးသူကို မိအောင်ဖမ်းဖို့ ဆုံးဖြတ်ထားတယ်..."

အိုယန်ပင်းက ထွက်ခွာသွားသော ကျောက်လင်အား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေပြီးနောက် အမိန့်ပေးလိုက်၏။

All Chapters