← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) သူ၏နောက်ကွယ်တွင် အကာအကွယ်ပေးသူ ရှိနေသည်

ထင်းရှူးနက်တောင်။

နံနက်စောစောတွင် ရှန်ချန်းရွှယ်က သူမ၏ မိသားစု၊ အမျိုးသား ဒုက္ခသည်သုံးဆယ်နှင့် အစေခံမိန်းကလေးနှစ်ဦးတို့ကို ဦးဆောင်ကာ ပရိဘောဂများကို စတင်ရွှေ့ပြောင်းစေ၏။

ကျောက်လင် ပြန်မရောက်လာသေးသော်လည်း ဒေသခံများကို သုံးရက်အတွင်း ပြောင်းရွှေ့မည်ဟု ကတိပေးထားသည့်အတိုင်း သူတို့က ကတိတည်ရမည်ဖြစ်သည်။

ထို့ကြောင့် ရှန်ချန်းရွှယ်က အိမ်ရှင်မတစ်ဦး၏ အခန်းကဏ္ဍမှနေ၍ ကိစ္စရပ်များကို အစီအစဉ်တကျ စီစဉ်ဆောင်ရွက်နေ၏။

ထင်းရှူးနက်တောင်ရှိ ဂူများကို မနေ့ကတည်းက နေရာသတ်မှတ်ပိုင်းခြားထားပြီး ဖြစ်သည်။

ကျောက်လင်၏ မိသားစုက ဂူအခန်း လေးဆယ်ကို ပိုင်ဆိုင်ပြီး အားလုံးမှာ ဂူ၏ ဘယ်ဘက်အခြမ်း၊ ကျောက်လင်၏ စစ်တပ်ပိုင်မြေနှင့် နီးကပ်စွာ တည်ရှိ၏။

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့၏ မိသားစု ခြောက်စုမှာမူ ဂူအခန်း ဆယ်ခန်းစီ ရရှိကြသည်။ သူတို့က ဝယ်ယူထားသော ဒုက္ခသည်များနှင့် ခွဲဝေရရှိထားသည့် မြင်းရိုင်းများကို အသုံးပြုကာ သူတို့၏ ပစ္စည်းများကို ထင်းရှူးနက်တောင်ဆီသို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့ကြ၏။

ဂူအတွင်းရှိ လေးထောင့်ခန်းတိုင်းတွင် သစ်သားကုတင်များ တပ်ဆင်ထားပြီး ကုတင်တစ်လုံးစီသည် လူနှစ်ဦး လုံလောက်စွာ အိပ်စက်နိုင်သည့် အရွယ်အစားရှိပေသည်။

"ခင်ပွန်းရဲ့ သူငယ်ချင်းက တကယ့်ကို အံ့သြစရာကောင်းတာပဲ..."

"သူတို့က ဒီလိုကောင်းမွန်တဲ့ ဂူကို လျှို့ဝှက်ပြီး တူးဖော်နိုင်ခဲ့ကြတာကိုး..."

ရှန်ချန်းရွှယ်က ဘယ်ဘက်ရှိ အမိုးအကာကြီးအောက်တွင် မတ်တပ်ရပ်ရင်း အလုပ်ရှုပ်စွာ ပြောင်းရွှေ့နေကြသော ဒုက္ခသည်များကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်၏။

"ဟုတ်တယ်... သူတို့က ဒီလောက်ကြီးတဲ့ ငါးကန်ကြီးကိုတောင် တူးထားသေးတယ်ဆိုတော့ ငါတို့တွေ ငါးစားဖို့ မပူရတော့ဘူးပေါ့..."

စုယောင်ကလည်း မလှမ်းမကမ်းရှိ ငါးကန်ကြီးကို ကြည့်ကာ သူမ၏ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်လျှံနေ၏။

ရှန်ချန်းရွှယ်နှင့် စုယောင်တို့ နှစ်ဦးစလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့သည် ဒုက္ခသည်များသာ ဖြစ်ခဲ့သော်လည်း ကျောက်လင်၏ ရွေးချယ်မှုကို ခံရပြီးကတည်းက သူတို့ နောက်ထပ် ဆာလောင်မွတ်သိပ်ခြင်းကို မကြုံတွေ့ခဲ့ရတော့ပေ။

ယခုမူ သူတို့တွင် နေထိုင်စရာ သဘာဝတောင်ဂူတစ်ခုရှိနေပြီဖြစ်ကာ နေ့စဉ် နေ့တိုင်း ကောင်းမွန်စွာ စားသောက်ပြီး ဗိုက်ဝနေနိုင်ပြီ ဖြစ်၏။

ဘဝက ကြီးမားသော အပြောင်းအလဲတစ်ခုကို ဖြတ်သန်းခဲ့ရပြီ ဖြစ်သည်။

"ခင်ပွန်းက ခရိုင်မြို့မှာ တစ်ညအိပ်သွားတာ... ဒီနေ့ ပြန်လာမလား မသိဘူးနော်..."

ထိုအခိုက်တွင် စုယောင်က အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

ကျောက်လင်နှင့် လက်ထပ်ပြီးနောက် ကောင်းမွန်သော ဘဝတစ်ခုကို စတင်နိုင်ခဲ့ရာ စုယောင်၏ ကိုယ်ရောစိတ်ပါ သူ၏အပေါ်သို့ လုံးလုံးလျားလျား ပုံအပ်ထားပြီးဖြစ်၍ ယခုအခါ သူ့ကို ခွဲခွာရမည်ကို အနည်းငယ် တွန့်ဆုတ်နေမိသည်။ တစ်ညတာမျှလေး ဖြစ်စေကာမူ သူမ မခွဲနိုင်ပေ။

"စိတ်မပူပါနဲ့... ခင်ပွန်းရဲ့ နည်းလမ်းတွေက မှန်းဆလို့မရနိုင်ဘူး... ပြီးတော့ သူ့နောက်ကွယ်မှာလည်း အစွမ်းထက်တဲ့ အကာအကွယ်ပေးသူ ရှိနေသေးတယ်လေ..."

ရှန်ချန်းရွှယ်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

ထိုနက်နဲဆန်းကြယ်သည့် ပုဂ္ဂိုလ်က ဂူနှင့် ငါးကန်ကို အလွန် အံ့သြဖွယ်ကောင်းသော ကျွမ်းကျင်မှုဖြင့် မည်သို့ တူးဖော်ခဲ့သည်ကို တွေးကြည့်ရုံမျှဖြင့်ပင် ရှန်ချန်းရွှယ်မှာ ကျောက်လင်အပေါ် အလွန်ကြီးမားသော ယုံကြည်မှုများ ဖြစ်တည်လာရသည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားသူများသည် လောကတွင် အစွမ်းအထက်ဆုံး လူများထဲမှ တစ်ဦး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ရှန်ချန်းရွှယ်၏ ရင်ထဲတွင် ကျောက်လင်သည် အထူးရုပ်ခန္ဓာကို ပိုင်ဆိုင်ထားရုံသာမက အလွန်နက်နဲဆန်းကြယ်သည့် ရှေးဟောင်း သိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာသူ ဖြစ်မည်ဟု ခန့်မှန်းမိနေ၏။

ကျောက်လင်အနေဖြင့် သူ၏ စနစ်နေရာလွတ်ကို အသုံးပြုကာ လုပ်ဆောင်ခဲ့သမျှသည် ရှန်ချန်းရွှယ်အား ဤမျှအထိ တွေးတောယဉ်တောင်သွားစေလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

သို့သော် ဤသည်ကလည်း ကောင်းပေသည်။ အနည်းဆုံးတော့ ကျောက်လင်အနေဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းပြနေစရာ မလိုတော့ပေ။ အကယ်၍ နောင်တစ်ချိန်တွင် ကျောက်လင်က ယုတ္တိမတန်သည့် ကိစ္စတစ်ခုခုကို လုပ်ဆောင်ခဲ့လျှင်တောင် သူ၏ ဇနီးများက ထိုအရာကို ဖြစ်သင့်ဖြစ်ထိုက်သော အရာအဖြစ်သာ မှတ်ယူကြပေလိမ့်မည်။

ခွပ်…ခွပ်…

မြင်းခွာသံများကို ကြားလိုက်ရ၏။

ရှန်ချန်းရွှယ်နှင့် စုယောင်တို့က မကြည့်ဘဲ မနေနိုင်တော့ချေ။

"ခင်ပွန်းနဲ့ တခြားသူတွေ ပြန်လာကြပြီ..."

မြင်းရိုင်းလေးကောင် မြင်ကွင်းထဲ ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။

မကြာမီတွင် ကျောက်လင်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့သည် အမိုးအကာကြီးဆီသို့ ရောက်ရှိလာကြသည်။

"ခင်ပွန်း..."

မိန်းမနှစ်ဦးက ကျောက်လင်အနီးသို့ ချဉ်းကပ်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။

"အားလုံး ပြောင်းရွှေ့ပြီးကြပြီလား..."

ကျောက်လင်က တိုက်ရိုက်ပင် မေးလိုက်သည်။

"အကုန်လုံး ပြောင်းရွှေ့ပြီးပါပြီ..."

ရှန်ချန်းရွှယ်က ချက်ချင်း ပြန်ဖြေလိုက်၏။

အစကတည်းက ကျောက်လင်တို့ မိသားစုတွင် ပရိဘောဂ များများစားစား မရှိခဲ့ပေ။ သူတို့က ပရိဘောဂများနှင့် ရိက္ခာအားလုံးကို တစ်ခေါက် နှစ်ခေါက်မျှဖြင့် ဂူထဲသို့ ရွှေ့ပြောင်းနိုင်ခဲ့ပြီး ယခုအခါ အတွင်းဘက်ရှိ အခန်းများကို ရှင်းလင်းနေကြပြီဖြစ်သည်။

ကျောက်လင်က ခေါင်းညိတ်လိုက်ပြီး အမိုးအကာကြီးဆီသို့ လှမ်းကြည့်လိုက်၏။

ကျောက်တုံးများဖြင့် တည်ဆောက်ထားသော မီးဖိုနှစ်ခုရှိပြီး အခြားတစ်ဖက်တွင် သစ်သားစားပွဲအရှည်ကြီး နှစ်ခုကို ဆက်ထားသည်။ ယခုမှစ၍ လူတိုင်း ဤနေရာတွင် စားသောက်ကြရမည် ဖြစ်၏။

အမိုးအကာကြီးအောက်တွင် စတုရန်းမီတာ သုံးရာခန့် ကျယ်ဝန်းသော နေရာလွတ်ကြီးတစ်ခုရှိနေပြီး ဤနေရာသည် မိသားစုများ စုဝေးကာ စကားစမြည်ပြောဆိုရန် သဘာဝကျကျ နေရာတစ်ခု ဖြစ်လာပေသည်။

"ဝမ်ချင်း... မင်း ပင်ပန်းနေပြီလား..."

"ကိုယ် မင်းကို ကမ္ဘာကြီးကိ ကြည့်ဖို့ တောင်တန်းတွေဆီ ခေါ်သွားချင်တယ်... အဲ့ဒီမှာ မင်းက ဝိညာဉ်စိုက်ခင်းလုပ်ဖို့ နေရာတစ်ခု ရွေးချယ်နိုင်တယ်လေ..."

ကျောက်လင်က ရုတ်တရက် စကားစလိုက်၏။

"ခင်ပွန်း... ကျွန်မ မပင်ပန်းပါဘူး..."

ပိုင်ဝမ်ချင်းက ထိုစကားကို ကြားသောအခါ အလွန် စိတ်လှုပ်ရှားသွားသည်။

ကျောက်လင်က ဝိညာဉ်ဆေးပင်ဥယျာဉ်နှင့် ပတ်သက်၍ ဤမျှ ဂရုစိုက်ပေးသည့်အတွက် ပိုင်ဝမ်ချင်းမှာ အလွန်ကြည်နူးသွားရ၏။ တစ်နာရီခန့် မြင်းစီးလာရသဖြင့် အနည်းငယ် ပင်ပန်းနေသော်လည်း ယခုအခါတွင် သူမသည် ခွန်အားများ ပြည့်ဝနေပြီ ဖြစ်သည်။

"ကျီလင်... ကိုယ် မင်းကို ကျောက်မျက်တွေ အကုန်ပေးထားပြီးပြီနော်... မင်း သမုဒ္ဒရာနှလုံးသားကို မြန်မြန်လေး ထုဆစ်တာ ပိုကောင်းမယ်ထင်တယ်..."

ကျောက်လင်က ထျန်ကျီလင်ကို ထပ်ကြည့်လိုက်ကာ ကိုယ် မင်းကို အကြွင်းမဲ့ ယုံကြည်တယ်ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

ထျန်ကျီလင်က ကျောက်လင်၏ လေးနက်သော အကြည့်ကို ခံစားမိပြီး အလွန် ကြည်နူးသွားသည်။

"စိတ်မပူပါနဲ့ ခင်ပွန်း... ကျွန်မ ကမ္ဘာလောကကြီးကို တုန်လှုပ်သွားစေမယ့် လက်ဝတ်ရတနာတစ်ခုကို သေချာပေါက် ဖန်တီးပေးပါ့မယ်..."

ထျန်ကျီလင်က ကျယ်လောင်စွာ တုံ့ပြန်လိုက်၏။

ထို့နောက် ကျောက်လင်က ယဲ့လင်အာကို ကြည့်ကာ ပြုံးယောင်သန်းလျက် မေးလိုက်သည်။

"မင်း သွားမနားဘူးလား... ဒါမှမဟုတ် ကိုယ်နဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့မလား..."

ယဲ့လင်အာက ပခုံးတွန့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။

"ရှင်နဲ့ လိုက်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်... ကျွန်မ ရှင်နဲ့အတူ တောင်ပေါ် လိုက်ခဲ့မယ်..."

မနေ့က မွန်းလွဲပိုင်းတွင် ခရိုင်မြို့ရှိ တည်းခိုခန်း၌ ယဲ့လင်အာက ကျောက်လင်နှင့် ထပ်မံ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာ သူမ၏ ခွန်အားမှာ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်သို့ ပြန်လည်ရောက်ရှိလုနီးပါး ဖြစ်နေပြီကို သိလိုက်ရသည်။

ထို့ကြောင့် ယဲ့လင်အာက ယခုအခါ နေ့စဉ်ရက်ဆက် ကျောက်လင်နှင့်အတူသာ ကပ်နေချင်တော့၏။

"ကောင်းပြီလေ... ကိုယ်တို့ သုံးယောက် အတူတူ တောင်ပေါ် တက်ကြတာပေါ့..."

"ချန်းရွှယ်... ဒီနေ့ နေ့လယ်စာ အတူတူ စားကြမယ်လို့ အားလုံးကို သွားပြောလိုက်ဦး..."

"ကိုယ်တောင်ပေါ်က ပြန်ဆင်းလာရင် လမ်းမှာ တောကောင် နည်းနည်းပါးပါး အမဲလိုက်ခဲ့မယ်..."

ကျောက်လင်က လှမ်းအော်လိုက်၏။

"ကောင်းပါပြီ..."

ရှန်ချန်းရွှယ်က ဝမ်းသာအားရ သဘောတူလိုက်သည်။

ချက်ချင်းပင် မြင်းရိုင်းသုံးကောင်သည် ထင်းရှူးနက်တောင်ကို ဖြတ်ကျော်ကာ တောင်တန်းနက်ကြီးများဆီသို့ ဦးတည်သွားကြ၏။

ဤနေရာတစ်ဝိုက်ရှိ တောင်ပေါင်းတစ်ရာလုံးမှာ ကျောက်လင် ပိုင်ဆိုင်ပေသည်။ ဤတစ်ကြိမ်တွင် ကျောက်လင်က သူ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးနေသော မြေပိုင်ရှင်ကြီးတစ်ဦးကဲ့သို့ တောင်တန်းများဆီသို့ ဝင်ရောက်သွားခဲ့၏။

"ဝမ်ချင်း... ဝိညာဉ်စိုက်ခင်းလုပ်ဖို့ ဘယ်နေရာတွေက သင့်တော်မလဲဆိုတာ သေချာ ကြည့်ထားနော်..."

လမ်းခရီးတွင် ကျောက်လင်က သူမကို လမ်းညွှန်မှု အချို့ ပေးလိုက်သည်။

ပိုင်ဝမ်ချင်းက ခေါင်းညိတ်လိုက်ပြီး မြင်းရိုင်းကို စီးနင်းရင်း သူမ၏ ပတ်ဝန်းကျင်ကို သေချာစွာ လေ့လာစောင့်ကြည့်နေ၏။

ဝိညာဉ်စိုက်ခင်းတစ်ခုကို စိုက်ပျိုးပြီးနောက် ဝိညာဉ်ဆေးပင် ဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ရန်အတွက် အခြေခံအကျဆုံး အဆင့်မှာ ဝိညာဉ်စွမ်းအင်ရှိသော မြေကွက်တစ်ခုကို ရှာဖွေရန် ဖြစ်သည်။

"ခင်ပွန်း... အကယ်လို့ ရှင်က သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်က တစ်ယောက်ယောက်ကို ရှာနိုင်ရင် သူတို့ကို ဝိညာဉ်အစီအရင် ချထားပေးဖို့ အကူအညီ တောင်းလို့ရတယ်... အဲ့ဒါဆိုရင် ကျွန်မတို့က ဘယ်မြေကွက်ကိုမဆိုရှာပြီး ဝိညာဉ်စိုက်ခင်းအဖြစ် ပြောင်းလဲလို့ရပြီပေါ့..."

တစ်နေရာအရောက်တွင် ပိုင်ဝမ်ချင်းက ရုတ်တရက် စကားဆိုလိုက်၏။

ထိုစကားကို ကြားသောအခါ ကျောက်လင်က ပိုင်ဝမ်ချင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသည်။

သူ၏ ဇနီးများက သူ့နောက်ကွယ်တွင် အစွမ်းထက်သည့် အကာအကွယ်ပေးသူတစ်ဦး ရှိနေပြီး သူသည် အစွမ်းထက်သော ကျင့်ကြံသူ မိသားစုမှ ဆင်းသက်လာနိုင်သည်ဟု တွေးထင်ထားပုံရပေသည်။

ပိုင်ဝမ်ချင်းက ထိုအကာအကွယ်ပေးသူဆိုသူအား ဖိတ်ခေါ်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုစည်းရန် ဤတောင်တောထဲတွင် ဝိညာဉ်အစီအရင်ကို တည်ဆောက်စေချင်နေသည်။ ထိုသို့ဆိုလျှင် ဝိညာဉ်မိုးရွာသွန်းလာပြီး ဝိညာဉ်စိုက်ခင်းများအဖြစ် ပြောင်းလဲသွားနိုင်မည် ဖြစ်၏။

"ကိုယ်က ကိစ္စတွေကို ကိုယ်တိုင်လုပ်ရတာ သဘောကျတယ်..."

"စိတ်မပူပါနဲ့... ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့် တက်လာတာနဲ့ မင်းအတွက် ဝိညာဉ်ဆေးပင် ဥယျာဉ်တွေကို ကိုယ်တိုင် ဖန်တီးပေးမှာပါ..."

"ဆေးပင်ဥယျာဉ်တစ်ခုတည်းက ကိုယ့်ရဲ့ ပန်းတိုင် မဟုတ်ဘူး..."

"မင်းရဲ့ ဩဇာလွှမ်းမိုးမှု ရောက်ရှိတဲ့ နေရာတိုင်းမှာ ဆေးပင်ဥယျာဉ်တစ်ခု ရှိနေစေချင်တာ..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

ပိုင်ဝမ်ချင်း၏ မျက်လုံးများက အရောင်လက်သွားသည်။

ယဲ့လင်အာကလည်း ကျောက်လင်ကို ငေးမောကာ မကြည့်ဘဲ မနေနိုင်တော့ဘဲ သူမက သူ့ကို ပို၍ပို၍ အထင်ကြီး လေးစားလာမိတော့၏။

All Chapters