← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈) မိသားစုခုနစ်စု အခြေချပြီးစီးခြင်း

"ဇနီးတို့... ကိုယ်တို့ တောဝက်သုံးကောင် ထပ်ရလာတယ်... ကိုယ်တို့ မိသားစုခုနစ်စု အဝစားဖို့ လုံလောက်တယ်..."

"အခု ပြန်ကြစို့..."

ကျောက်လင်က လှမ်းပြောလိုက်၏။

ကျောက်လင်၏ လင်းယုန်မျက်လုံးများနှင့် ယဲ့လင်အာ၏ လူသတ်စွမ်းရည်တို့ ပေါင်းစပ်လိုက်သောအခါ ၎င်းတို့မှာ အလွန်လိုက်ဖက်ညီလှပေသည်။

သူတို့သည် အမွေးဖြူ အမြီးရှည် ရက်ကွန်းခွေးနှစ်ကောင်နှင့် တောဝက်သုံးကောင်တို့ကို တွေ့ရှိခဲ့ရာ ယဲ့လင်အာက သူမ၏ဓားဖြင့် ၎င်းတို့၏ အသက်အန္တရာယ်ရှိသော နေရာများဆီသို့ အလွယ်တကူ ထိုးစိုက်သတ်ဖြတ်နိုင်ခဲ့၏။

အနက်ရောင် ဝက်ဝံနှစ်ကောင် အပါအဝင် ထိုသားရဲခုနစ်ကောင်၏ အသေကောင်များကို မြင်းရိုင်းသုံးကောင်၏ ကျောပေါ်သို့ တင်ဆောင်ထားလေသည်။

ထိုသူသုံးယောက်သည် မြင်းရိုင်းများကို ဆွဲရင်း ထင်းရှူးနက်တောင်ဆီသို့ လျှောက်လာခဲ့ကြ၏။

"ကျောက်လင် တောင်ပေါ်ကနေ ပြန်လာပြီ..."

ထင်းရှူးနက်တောင်ခြေသို့ ရောက်သည်နှင့် တဲကြီးထဲတွင် စကားစမြည်ပြောနေကြသော ယောင်းဟွိုင်တောက်နှင့် သူ၏ အပေါင်းအပါများသည် ကျောက်လင်ကို မြင်လိုက်ရသဖြင့် သူ၏အနီးသို့ အသီးသီး ပြေးလာကြလေသည်။

တစ်ရက်မျှသာ ကွဲကွာနေခဲ့သော်လည်း ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့သည် ကျောက်လင်ကို အလွန် လွမ်းဆွတ်နေခဲ့ကြ၏။

"မင်းတို့ အချိန်ကိုက် ရောက်လာတာပဲ... သွားပြီး ဒီတောဝက်ကို သတ်လိုက်... ပြီးတော့ ဒီအနက်ရောင် ဝက်ဝံနဲ့ အမြီးရှည် ရက်ကွန်းခွေးကို ဖျက်လိုက်ကြ..."

"အနက်ရောင် ဝက်ဝံသားရေနဲ့ အမြီးရှည် ရက်ကွန်းခွေးသားရေကို ငါ့အတွက် ချန်ထားပေး... အဲ့ဒါတွေကို ချင်းပေါင်စံအိမ်မှာ သွားရောင်းမလို့..."

"ဒီနေ့ ငါတို့ မိသားစုခုနစ်စု အိမ်ပြောင်းတဲ့နေ့ဆိုတော့ သေချာပေါက် ကောင်းကောင်းမွန်မွန် ကြိုဆိုတဲ့ စားသောက်ပွဲလေး လုပ်ရမယ်..."

ကျောက်လင်က ထိုလူခြောက်ယောက်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။

လူတစ်ရာအောက်သာရှိသော မိသားစုခုနစ်စုသည် တောဝက်တစ်ကောင်၊ အနက်ရောင် ဝက်ဝံတစ်ကောင်နှင့် အမြီးရှည် ရက်ကွန်းခွေးတစ်ကောင်တို့ကို စားသုံးခြင်းဖြင့် လူတိုင်း၏ ဗိုက်ကို အလုံအလောက် ပြည့်စေနိုင်သည်။

ကျောက်လင်သည် ငွေကို အရေးတကြီး လိုအပ်နေပြီး စနစ်ဈေးဆိုင်မှ သူလိုအပ်သော ကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူရန်အတွက် ထိုငွေများကို စနစ်အမှတ်များနှင့် လဲလှယ်ရန် လိုအပ်ပေသည်။

ထို့ကြောင့် ကျောက်လင်သည် ယနေ့ သူအမဲလိုက်ရရှိခဲ့သော သားရဲခုနစ်ကောင်စလုံးကို စားမည်မဟုတ်ဘဲ ချင်းပေါင်စံအိမ်တွင် သွားရောက် ရောင်းချမည်ဖြစ်သည်။

ရက်ရောသင့်သည့်အချိန်တွင် ရက်ရောရမည်ဖြစ်ပြီး ကပ်စေးနှဲသင့်သည့်အချိန်တွင် ကပ်စေးနဲရမည်ပင်။

ကျောက်လင်သည် အမြဲတမ်း မျှတမှုကို ထိန်းသိမ်းထားတတ်၏။

"ကောင်းပြီ..."

"ငါက ဝက်သတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်..."

"ငါက အနက်ရောင်ဝက်ဝံကို တစ်ခါမှ မဖျက်ဖူးဘူး... ငါ့ကို လုပ်ခွင့်ပေး..."

ထိုစကားကို ကြားသောအခါ လူခြောက်ယောက်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး သားရဲသုံးကောင်ကို ချကာ ဖျက်ရန် ပြင်ဆင်ရင်း အသီးသီး တာဝန်ခွဲယူလိုက်ကြလေသည်။

ကျောက်လင်က ယဲ့လင်အာနှင့် ပိုင်ဝမ်ချင်းတို့ကို ကြည့်လိုက်၏။

"မင်းတို့ တစ်နေကုန် ခရီးသွားထားရတော့ ပင်ပန်းနေလောက်ပြီ... ဂူထဲသွားပြီး နားကြတော့..."

ယွီရွှေခရိုင်မှနေ၍ တစ်နာရီကြာ မြင်းစီးလာပြီးနောက် တောင်ပေါ်သို့တက်ကာ ဝိညာဉ်စိုက်ခင်းများကို ရှာဖွေခြင်းနှင့် သားရဲများကို အမဲလိုက်ခြင်းတို့ကြောင့် ထိုမိန်းကလေးနှစ်ယောက်မှာ တကယ်ပင် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

"ကောင်းပါပြီ..."

မိန်းကလေးနှစ်ယောက်က သဘောတူလိုက်ပြီးနောက် ဂူထဲသို့ လက်ချင်းချိတ်ကာ ဝင်သွားကြလေသည်။

ထို့နောက် ကျောက်လင်သည် ရှန်ချန်းရွှယ်ကို သွားရှာလိုက်၏။

"ချန်းရွှယ်... ကိုယ်ဝယ်လာတဲ့ ဒုက္ခသည်ယောကျ်ား သုံးဆယ်ထဲမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့သူတွေ ရှိလား..."

ကျောက်လင်က ဂရုတစိုက်ဖြင့် မေးလိုက်သည်။

စာမရီများကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုလျှင်ပင် ထင်းရှူးနက်ကျေးရွာမှ မင်ချွမ်မြို့သို့ရောက်ရန် တစ်နာရီခန့် အချိန်ယူရပေသည်။

ကျောက်လင်သည် ကျန်ရှိနေသော သားရဲအသေကောင် လေးကောင်ကို ကိုယ်တိုင် သွားရောက်ပို့ဆောင်ကာ အချိန်မဖြုန်းချင်တော့သဖြင့် သူ၏ လူများကိုသာ စီစဉ်ခိုင်းစေချင်နေ၏။

"နှစ်ယောက်ရှိတယ်... လီအန်းက တည်ငြိမ်ပြီး စေ့စပ်သေချာတဲ့သူပဲ..."

"နောက်တစ်ယောက်က ကုဖူတဲ့... သူက ကျွမ်းကျင်တဲ့ လယ်သမားတစ်ယောက်ပဲ..."

ရှန်ချန်းရွှယ်သည် ဤမိသားစုကို စီမံခန့်ခွဲရန် တာဝန်ယူထားရပြီး ထိုဒုက္ခသည်များနှင့် နေ့စဥ် ထိတွေ့ဆက်ဆံနေရသဖြင့် ၎င်းတို့၏ စရိုက်လက္ခဏာများနှင့် စွမ်းရည်များကို သဘာဝကျကျ ကောင်းစွာ နားလည်ထားလေသည်။

"ကောင်းပြီ... လီအန်းကို နောက်တစ်ယောက်ခေါ်သွားခိုင်းပြီး မင်ချွမ်မြို့က ချင်းပေါင်စံအိမ်ကို သားရဲအသေကောင် လေးကောင်နဲ့ သားရေနှစ်ခုကို စာမရီလှည်းနဲ့ သွားပို့ခိုင်းလိုက်..."

"ရလာတဲ့ငွေအားလုံးကို ကိုယ့်ဆီ လာပေးခိုင်းလိုက်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။

ရှန်ချန်းရွှယ်က ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ရာကို သတိရသွားကာ ချက်ချင်းပင် မေးလိုက်သည်။

"စုယောင်၊ ဝမ်ချင်းနဲ့ လင်အာတို့ တောင်ပေါ်ကနေ ခူးလာတဲ့ ဆေးဖက်ဝင်အပင်တချို့လည်း ရောင်းဖို့ အဆင်သင့်ဖြစ်နေပြီ..."

"ဒါမှမဟုတ် လီအန်းတို့ကို အဲ့ဒါတွေပါ ဆေးခန်းမှာ တစ်ခါတည်း သွားရောင်းခိုင်းလိုက်ရင်ရော..."

ထိုစကားကို ကြားသောအခါမှ သူ၏ ဇနီးသုံးယောက်သည် တောင်ပေါ်သို့ ဆေးဖက်ဝင်အပင်များ ခူးရန် နှစ်ရက်ဆက်တိုက် အတူတူသွားခဲ့ကြပြီး အတော်လေး များများစားစား ရရှိခဲ့သည်ကို ကျောက်လင် သတိရသွားလေသည်။

ဤသည်ကလည်း ငွေပင်ဖြစ်သည်။

"ကောင်းပြီလေ... အရောင်းအဝယ်ကိစ္စ အားလုံးကို လီအန်းကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့..."

ကျောက်လင်က သဘောတူလိုက်၏။

ထို့နောက် ချက်ချင်းပင် ကျောက်လင်သည်လည်း ဂူထဲသို့ ဝင်သွားလေသည်။

ဂူပေါက်ဝနှင့် အနီးဆုံးရှိ လေးထောင့်ခန်း သုံးဆယ်ကို အမျိုးသားဒုက္ခသည် သုံးဆယ်အတွက် ခွဲဝေပေးထားပြီး တစ်ယောက်လျှင် တစ်ခန်းနှုန်းဖြင့် အတော်လေး ကျယ်ဝန်းသော နေထိုင်စရာနေရာများ ဖြစ်သည်။

အစေခံမိန်းကလေး နှစ်ယောက်ကတော့ လေးထောင့်ခန်းတစ်ခန်းတွင် အတူတူ နေထိုင်ကြ၏။

ပို၍ နက်ရှိုင်းသော အတွင်းပိုင်းတွင်မူ ကျောက်လင်နှင့် သူ၏ ဇနီးငါးယောက်တို့၏ အခန်းများ ရှိနေပေသည်။

အမည်ခံအားဖြင့်တော့ လူတိုင်းတွင် ကိုယ်ပိုင်အခန်း ရှိကြသည်။

သို့သော်လည်း စနစ်ဆုကြေးများကို ရယူရန်အတွက် ကျောက်လင်သည် သဘာဝကျကျပင် တစ်ယောက်တည်း နေမည်မဟုတ်ဘဲ သူ၏ ဇနီးတစ်ယောက်ချင်းစီ၏ အခန်းများတွင် အချိန်ဖြုန်းနေမည်သာဖြစ်၏။

ယခုအခိုက်အတန့်တွင် ကျောက်လင်က ယဲ့လင်အာ၏ အခန်းသို့ ရောက်ရှိလာခဲ့သည်။

အထဲတွင်မူ ခိုင်ခံ့သော သစ်သားကုတင်တစ်လုံးအပြင် စားပွဲခုံအကြီးကြီး တစ်ခုလည်း ရှိနေ၏။ ယဲ့လင်အာသည် သစ်သားကုတင်ပေါ်တွင် လှဲလျောင်းကာ အနားယူရန် ပြင်ဆင်နေလေသည်။

"လင်အာ... ကိုယ် ဒီမှာ ခဏလောက် နားမယ်နော်..."

ကျောက်လင်သည် ဝင်လာသည်နှင့် တစ်ပြိုင်နက် သစ်သားတံခါးကို ပိတ်လိုက်၏။

ယဲ့လင်အာသည် အနားယူရန် လှဲချလိုက်ရုံသာ ရှိသေးသော်လည်း ကျောက်လင်၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားလေသည်။

ဘေးဘက်ရှိ အခန်းနှစ်ခန်းတွင်လည်း ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့သည် အနားယူရန် လှဲချလိုက်ရုံသာ ရှိသေးသော်လည်း ဘေးခန်းမှ အသံကို ကြားလိုက်ရသောအခါ ၎င်းတို့သည်လည်း ချက်ချင်း အိပ်မပျော်နိုင် ဖြစ်သွားကြတော့၏။

တကယ်တမ်းတွင် ထိုနှစ်ယောက်သည် သူတို့၏ အခန်းထဲမှ ထွက်လာခဲ့ကြပြီး ယဲ့လင်အာ၏ အခန်းထဲသို့ တိတ်တဆိတ် ခိုးဝင်လာကာ ထိုတိုက်ပွဲထဲသို့ ဝင်ရောက်လာကြလေတော့သည်။

ဂူ၏ ဘယ်ဘက်ခြမ်းတွင်မူ ကျောက်လင်တို့ မိသားစု သီးသန့်ပိုင်ဆိုင်သော တဲကြီးထဲ၌ မိသားစုခုနစ်စုသည် သားရဲအသေကောင်များကို ဖျက်ခြင်း၊ ဟင်းသီးဟင်းရွက်များ ဆေးကြောခြင်းနှင့် အသားများ စဉ်းခြင်းတို့ကို ပြုလုပ်ကာ ဆူညံပွက်လောရိုက်နေသော မြင်ကွင်းတစ်ခုကို ဖန်တီးနေကြ၏။

"အခုဆို ငါတို့အားလုံးမှာ ကိုယ်ပိုင်ဂူအခန်းတွေ ရှိနေပြီဆိုတော့ အမြဲတမ်း နေထိုင်ဖို့ နေရာတစ်ခု ရသွားပြီပေါ့..."

"ဒီလိုကောင်းမွန်တဲ့ နေ့ရက်တွေက ကျောက်လင်ရဲ့ ကျေးဇူးတွေချည်းပဲ..."

အနက်ရောင် ဝက်ဝံသားရေကို ဆုတ်ခွာပြီးနောက် ယောင်းဟွိုင်တောက်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ်... ငါတို့ရဲ့ ဂူအခန်းက အထဲမှာ အရမ်းအေးတာပဲ... ကွမ်းနန်စီရင်စုက ပူပြင်းတဲ့ ရာသီဥတုက ငါတို့အပေါ် နည်းနည်းလေးတောင် သက်ရောက်မှု မရှိဘူး..."

"ငါတို့က တောင်တန်းတွေ ဝန်းရံထားပြီး ရေပြင်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတာ... စားစရာ သားရဲတွေလည်း ရှိသလို မြစ်ထဲကနေ ငါးလည်း ဖမ်းလို့ရသေးတယ်... တကယ့်ကို အံ့သြစရာကောင်းတဲ့ ဘဝပါပဲ..."

ရှုံ့တကျွမ်းကလည်း သူ၏ ခံစားချက်ကို စိတ်လှုပ်ရှားစွာ ထောက်ခံပြောဆိုလိုက်၏။

ဤနယ်ခြားစောင့်တပ်သားများသည် အစပိုင်းတွင် ထင်းရှူးနက်ကျေးရွာသို့ ရောက်ရှိပြီးနောက် ရက်စက်ကြမ်းကြုတ်သော မြေယာဖော်ထုတ်ရေး ကာလတစ်ခုကို ဖြတ်သန်းရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က တကယ့်ကို အံ့မခန်းပင် ဖြစ်သည်။

လူတိုင်း ငွေရှာနိုင်ခဲ့ပြီး ဒုက္ခသည်များကို ဝယ်ယူနိုင်ခဲ့ကြ၏။ စစ်တပ်ပိုင်မြေ ဖော်ထုတ်ရေးမှာလည်း လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်သည်။

နေ့စဉ် ဝဝလင်လင် စားသောက်နိုင်ပြီး အစားအစာတိုင်းတွင် အသားနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်နေခြင်းက နတ်ဘုရားတစ်ပါးလို ဘဝကို ဖြတ်သန်းနေရသည်နှင့်ပင် တူနေလေသည်။

ဝယ်ယူခံထားရသော ဒုက္ခသည်များပင်လျှင် ယခုအခါတွင် သဘောကျစွာ ရယ်မောနေကြပြီ ဖြစ်၏။

နှစ်အတော်ကြာ လေလွင့်နေခဲ့ပြီးနောက် သူတို့သည် ငတ်မွတ်၍ သေဆုံးရတော့မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ကျောက်လင်နောက်သို့ လိုက်လာပြီးနောက်တွင်မူ လူတိုင်း၏ ဘဝ၌ အနာဂတ်တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။

လူတိုင်း ရယ်မောကာ စကားပြောဆိုနေကြစဉ် အဖွဲ့ခေါင်းဆောင် ယန်ချန်ယွီက ၎င်းတို့၏ အမြင်အာရုံထဲသို့ ရုတ်တရက် ရောက်ရှိလာလေသည်။

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့သည် ယန်ချန်ယွီကို မြင်လိုက်ရသောအခါ မတ်တပ်ရပ်လိုက်ကြပြီး ရန်လိုသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်ကြ၏။

"ဒီနေရာက မင်းကို ကြိုဆိုမနေဘူး..."

ရှုံ့တကျွမ်းသည် ယန်ချန်ယွီ ချဉ်းကပ်လာသည်ကို မြင်သောအခါ ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

ယန်ချန်ယွီက တဲကြီးဆီသို့ လှမ်းကြည့်လိုက်ရာ သားရဲအသေကောင် သုံးကောင်ကို သတိပြုမိသွား၏။ သူ၏ မျက်လုံးများထဲတွင် မနာလိုမှုများ ပေါ်လွင်နေသည်။

သို့သော်လည်း ကျောက်လင်နှင့် သူ၏ အပေါင်းအပါခြောက်ယောက်သည် သူ့ကို ဆန့်ကျင်နေကြပြီဖြစ်၍ သားရဲအသားများကို သူ့အား ပေးမည်မဟုတ်ကြောင်းကို ယန်ချန်ယွီ နားလည်ထားလေသည်။

"ငါ မင်းတို့ကို လာအသိပေးတာပါ..."

"ကွမ်းနန်စစ်တပ်ရဲ့ ယွီရွှေတပ်စခန်းကနေ ယွီရွှေခရိုင်ထဲက စစ်သားတွေနဲ့ နယ်ခြားစောင့်တပ်သားတွေ အားလုံး သုံးရက်အတွင်း ရှရွှယ်ချန်တောင်ကို သွားရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်..."

"ဒါက စစ်တပ်အမိန့်ပဲ... ဘယ်သူမှ နှောင့်နှေးခွင့် မရှိဘူး... မဟုတ်ရင် စစ်ဥပဒေအရ အပြစ်ပေးခံရလိမ့်မယ်..."

အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် ယန်ချန်ယွီတွင် စစ်တပ်၏ အသိပေးချက်ကို ထင်းရှူးနက်ကျေးရွာရှိ နယ်ခြားစောင့်တပ်သားများထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိပြီး ဤသည်မှာလည်း သူလာရောက်ရသည့် ရည်ရွယ်ချက်ပင် ဖြစ်သည်။

"ဘာ..."

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ အားလုံးက အံ့သြတကြီး အာမေဍိတ်သံ ထွက်လာကြတော့သည်။

All Chapters