← Chapters

အခန်း (၄၆၇-၄၆၈)

Vol. 47 Ch. 467-468

အခန်း (၄၆၇-၄၆၈)

Vol. 47 Ch. 467-468

အခန်း ၄၆၇ ၊ အပိုင်း ၁ - လောကကြီး၏ တုံ့ပြန်မှုနှင့် အဆင့်တက်ရန် အခွင့်အရေး

မြောက်ပိုင်းပြည်နယ်၊ ရေခဲနန်းတော်။

ဟန်လင်းရွှမ်က သူမ၏ရှေ့ရှိ ရွှေရောင်ဖိတ်စာကို စိုက်ကြည့်ရင်း အတွေးများထဲတွင် နစ်မြောနေလေ၏။ သူမ၏ရှေ့တွင်လည်း ယုံကြည်ရသော လက်အောက်ငယ်သားများစွာက ဖိတ်စာကို အကဲခတ်နေကြသည်။

"နန်းတော်သခင်... မြင့်မြတ်သောတောင်တော်က သခင်ကြီးသုံးပါးက ဒီညီလာခံကို ခေါ်တာ ဘာရည်ရွယ်ချက် ရှိမယ်လို့ ထင်လဲဗျ"

နောက်ဆုံးတွင် လူငယ်လေးတစ်ဦးက သူ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်၏။

"ဘာရှိရဦးမှာလဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက ကန့်သတ်ထားလို့ လျှို့ဝှက်နယ်မြေကြီးလေးခုထဲက တစ်ခုရဲ့ ဝင်ပေါက်ကို ဖွင့်ဖို့လုပ်လိုက်တိုင်း ငါတို့က ဝိညာဉ်စွမ်းအင် အများကြီးကို သုံးရတယ်လေ"

"အဲဒါကြောင့်ပဲ ငါတို့က လျှို့ဝှက်နယ်မြေတွေထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်လို့မရဘဲ အချိန်အများစုကို အတွင်းမှာပဲ အနားယူရင်း အားမွေးနေရတယ်လေ"

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကစပြီး ဒီလောကကြီးက မြင့်မြတ်သောတောင်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တာ"

"ဒါပေမဲ့ အခု ကောင်းကင်နဲ့ မြေကြီးမှာ အပြောင်းအလဲတွေ ဖြစ်လာတော့ စွမ်းအားဟန်ချက်က သိသိသာသာ ပြောင်းလဲသွားပြီလေ။ မြင့်မြတ်သောတောင်တော်ရဲ့ လွှမ်းမိုးမှုက အချိန်အတော်ကြာကတည်းက လျော့ကျသွားခဲ့ပြီး ခုဆို နာမည်ခံလောက်ပဲ ရှိတော့တယ်"

"ဒီညီလာခံက သူတို့တွေ စည်းကမ်းကို ပြန်တည်ဆောက်ပြီးတော့ လောကကြီးအပေါ် ထိန်းချုပ်မှုကို ပြန်ရယူဖို့ ကြိုးစားတာနေလိမ့်မယ်" အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ခွဲခြမ်းစိတ်ဖြာကာ ပြောပြလိုက်၏။

"ဒါပေမဲ့ အဲဒါက ဖြစ်ရောဖြစ်နိုင်ပါ့မလား" တစ်စုံတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက လျှို့ဝှက်နယ်မြေကြီးလေးခုနဲ့ မြင့်မြတ်သောတောင်တော်အပြင်ဘက်က ကျင့်ကြံသူအားလုံးကို ဖိနှိပ်ထားခဲ့တယ်လေ။ သူတို့ ဘယ်လောက်ပဲ ပါရမီပါပါ အများဆုံး မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်အထိပဲ ကျင့်ကြံနိုင်ခဲ့ကြတယ်"

"ဒါပေမဲ့ ငါတို့ရဲ့ သတင်းပေးတွေဆီကနေ ရတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့နှစ်အတွင်းမှာ တစ်ပြည်လုံး အနှံ့အပြားကနေ အတိဒုက္ခမိုးကြိုးသံတွေ ကြားနေရတယ်တဲ့"

"ဒါက အဲ့ဒီကန့်သတ်ချက်တွေကြောင့် အချိန်အတော်ကြာကြီး ဖိနှိပ်ခံထားရတဲ့ အစွမ်းထက် ပုဂ္ဂိုလ်အများကြီးက အခုကျမှ သူတို့ရဲ့ အတိဒုက္ခတွေကို ကျော်ဖြတ်ပြီးတော့ ရွှေအမြုတေအဆင့်ကို ခြေချနိုင်သွားပြီဆိုတာကို ညွှန်ပြနေတယ်လေ"

"မြင့်မြတ်သောတောင်တော်က သခင်ကြီးသုံးပါးက ရွှေအမြုတေအဆင့်ကို ရောက်နေတယ်ဆိုရင်တောင် သူတို့ရဲ့ တကယ့်ခန္ဓာကိုယ်က မြင့်မြတ်သောတောင်တော်ကနေ ထွက်လို့မရဘူးမလား"

"တကယ်လို့သာ သူတို့က လောကကြီးအပေါ် ထိန်းချုပ်မှုကို ပြန်ပြီးအသက်ဝင်စေချင်တယ်ဆိုရင် အဲဒါက မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်ဗျ"

"ဟုတ်တယ်။ မြင့်မြတ်သောတောင်တော်က အဲဒီအဘိုးကြီးသုံးယောက် ဘာတွေပဲ တွေးနေပါစေ၊ ဒါက ပညာရှိတဲ့ လုပ်ရပ်တော့ မဟုတ်နေဘူးလေ" အခြားသူတစ်ဦးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

မြင့်မြတ်သောတောင်တော်မှ သခင်ကြီးသုံးပါးသည် သူတို့၏ တကယ့်ခန္ဓာကိုယ်ဖြင့် တောင်တော်မှ ထွက်ခွာ၍မရကြောင်းကို လူအများ မသိကြသော်လည်း ၎င်းမှာ လုံးဝ လျှို့ဝှက်ချက်တော့ မဟုတ်ပါချေ။

လျှို့ဝှက်နယ်မြေကြီးလေးခုက ဤအချက်ကို သိထားသည်မှာ ကြာလှပြီဖြစ်သည်။ အဆုံးတွင်တော့ လွန်ခဲ့သော နှစ်တစ်ထောင်က လောကကြီး၏ ကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်လောက်အောင် အလွန်တရာ အစွမ်းထက်လှသော ပုဂ္ဂိုလ်သုံးဦး ရုတ်တရက် ပေါ်ထွက်လာချိန်တွင် အာရုံစိုက်မှု မခံရဘဲ မည်သို့နေမည်နည်း။

ပြီးခဲ့သော ထောင်စုနှစ်အတွင်း သခင်ကြီးများသည် သူတို့ မြင့်မြတ်သောတောင်တော်မှ ထွက်ခွာ၍မရကြောင်းကို ပေါ်ပေါ်တင်တင် ဝန်ခံခြင်းမရှိခဲ့သော်လည်း လောကကြီးတွင် ဉာဏ်ကောင်းသူများစွာ ရှိပါ၏။ သဲလွန်စများနှင့် အထောက်အထားအမျိုးမျိုးကြောင့် လူများစွာက အမှန်တရားကို သံသယဝင်ခဲ့ကြသည်။

သို့သော် ဝိညာဉ်စွမ်းအင်များ ပြန်လည်မနိုးထမီက တောင်ပေါ်မှ မထွက်ခွာဘဲနှင့်ပင် သခင်ကြီးသုံးပါးသည် သူတို့၏ ရုပ်သေးရုပ်များကို အသုံးပြုရုံဖြင့် လောကကြီးကို လွှမ်းမိုးနိုင်ခဲ့ကြသည်။ ထို့ကြောင့် အဓိက ဂိုဏ်းကြီးများက မြင့်မြတ်သောတောင်တော်၏ အာဏာကို အသိအမှတ်ပြုခဲ့ကြ၏။

သို့သော် ယခုအခါ လောကကြီး၏ စွမ်းအားတည်ဆောက်ပုံက ပြောင်းလဲသွားပြီဖြစ်ရာ ဤညီလာခံ၏ ရလဒ်မှာ အကောင်းမြင်စရာ မရှိလှပေ။ အချို့က မြင့်မြတ်သောတောင်တော်သည် ဤလုပ်ရပ်ဖြင့် ဘေးဒုက္ခကို ဖိတ်ခေါ်နေခြင်းများလားဟုပင် ခန့်မှန်းခဲ့ကြသည်။

"တော်လောက်ပြီ။ မြင့်မြတ်သောတောင်တော်က အဲဒီသုံးယောက် ဘာတွေတွေးနေလဲဆိုတာက လောလောဆယ် ငါတို့နဲ့ မဆိုင်ဘူး"

"အခု တကယ့်ပြဿနာက ငါတို့ရေခဲနန်းတော်က ဒီညီလာခံကို တက်ရောက်သင့်၊ မသင့် ဆိုတာပဲ"

ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူတို့၏ ဆွေးနွေးမှုကို ဖြတ်ပြောကာ အဓိကအချက်ကို တည့်တည့်ပြောလိုက်၏။

ထိုအခါ၌ အဖွဲ့မှာ တိတ်ဆိတ်သွားကြတော့လေသည်။

မှန်ပါသည်။ အခြားအရာအားလုံးက ဒုတိယအရေးကြီးသောအရာသာ ဖြစ်သည်။

လက်ငင်း ဖြေရှင်းရမည့် ပြဿနာမှာ ရေခဲနန်းတော်က တက်ရောက်သင့်၊ မသင့် ဆိုသည်ပင်။

ထိုသို့ဖြင့် အားလုံး၏ အကြည့်များက ဟန်လင်းရွှမ်ထံသို့ ရောက်ရှိသွားကြတော့၏။ နန်းတော်သခင်အနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်မှာ သူမအပေါ်တွင်သာ မူတည်လေသည်။

ဆွေးနွေးပွဲတစ်လျှောက်လုံးတွင် ဟန်လင်းရွှမ်မှာ တိတ်ဆိတ်နေခဲ့ပြီး အတွေးများစွာဖြင့် ဖိတ်စာကိုသာ စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် အချိန်အတော်ကြာပြီးနောက်၌ သူမက ခေါင်းကို မော့လိုက်တော့၏။

"ငါတို့ ညီလာခံကို တက်ရောက်ကြမယ်" သူမက ကြေညာလိုက်သည်။ "ပြီးတော့ ငါကိုယ်တိုင် သွားမယ်"

"နန်းတော်သခင်။"

အခြားသူများမှာ သိသိသာသာကို အံ့အားသင့်သွားကြလေသည်။

"နန်းတော်သခင်...နန်းတော်သခင်ကတော့ သွားလို့မဖြစ်ဘူးလေ။ နန်းတော်သခင်က အတိဒုက္ခကျော်ဖြတ်ဖို့ နီးနေပြီလေ။ အခုချိန်မှာ အရေးအကြီးဆုံးက တံခါးပိတ်ကျင့်ကြံပြီး အဲဒီအတွက် ပြင်ဆင်ဖို့ အာရုံစိုက်ရမှာပါ"

"ဒီညီလာခံအတွက် ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော် ဦးဆောင်သွားလို့ ရပါတယ်ဗျ။ နန်းတော်သခင် ကိုယ်တိုင် သွားစရာမလိုပါဘူးဗျ။" လူလတ်ပိုင်းအရွယ် အမျိုးသားက သူမကို ဖြောင်းဖျရန် စိုးရိမ်တကြီး ကြိုးစားလိုက်၏။

"ဟုတ်ပါတယ်၊ နန်းတော်သခင်ကိုယ်စား ကျွန်တော်တို့ သွားလို့ရပါတယ်ဗျ။ နန်းတော်သခင်ရဲ့ ကျင့်ကြံခြင်းက အရေးအကြီးဆုံးပါ" အခြားသူများကလည်း ဝင်ပြောလာကြလေသည်။

"မင်းတို့က ခံစစ်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး" ဟန်လင်းရွှမ်က ခေါင်းယမ်းလိုက်သည်။

"ဒီညီလာခံက ဆူညံပွက်လောရိုက်ဖို့ သေချာနေတယ်။ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းအသီးသီးက သူတို့ရဲ့ စွမ်းအားကို ပြဖို့နဲ့ အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ဖို့ ဒီအခွင့်အရေးကို သေချာပေါက် အသုံးချကြလိမ့်မယ်"

"ငါတို့ ရေခဲနန်းတော်က အဲဒီလို ပဋိပက္ခတွေကို စိတ်မဝင်စားပေမဲ့ အားနည်းတဲ့ပုံပေါက်လို့တော့ မဖြစ်ဘူး"

"တကယ်လို့ ငါတို့သာ အားနည်းတဲ့ပုံပေါက်သွားမယ်ဆိုရင် မရေမတွက်နိုင်တဲ့အင်အားစုတွေက ငါတို့ကို အလွယ်တကူ အမဲလိုက်လို့ရတဲ့သားကောင်အဖြစ် မြင်သွားကြလိမ့်မယ်"

"အဲ့ဒါကြောင့်မလို့ ငါကိုယ်တိုင် သွားမှရမယ်။ မင်းတို့ရဲ့ စွမ်းအားတင်သက်သက်က ငါတို့ရဲ့တည်ရှိနေမှုကို သိသာထင်ရှားနေစေဖို့အထိ မလုံလောက်ဘူးလေ"

"ဒါပေမဲ့ နန်းတော်သခင်ရဲ့ ကျင့်ကြံခြင်းက……."

"ငါ့ရဲ့ ကျင့်ကြံခြင်းက အတားအဆီးတစ်ခုကို ရောက်နေပြီ။ ဘယ်လောက်ပဲ တံခါးပိတ်ကျင့်ကြံနေပါစေ ဒါက ပြောင်းလဲသွားမှာ မဟုတ်ဘူး"

"ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်ပြီး ငါ့ရဲ့ ရွှေအမြုတေကို ဖန်တီးနိုင်မှပဲ ရှေ့ဆက်တက်နိုင်တော့မှာ"

"ဒါပေမဲ့ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဆင့်တက်ဖို့ အခွင့်အရေးကို မခံစားမိသေးဘူး"

"ဒါပေမဲ့ ဒီဖိတ်စာကို ရလိုက်တဲ့အချိန်မှာ ငါ ရုတ်တရက် ကြိုတင်သိမြင်မှုတစ်ခုကို ရလိုက်တယ်"

"ငါ ခံစားလို့ရတယ်…….ရွှေအမြုတေအဆင့်ကို ခြေချနိုင်ဖို့ အခွင့်အရေးက ဒီညီလာခံထဲမှာ ရှိနေတယ်"

ထို့နောက်၌ သူမ၏ အကြည့်က ရှေ့ရှိ ဖိတ်စာဆီသို့ ပြန်လည်ရောက်ရှိသွားပြီး သူမ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု လှုပ်ရှားလာခဲ့တော့သည်။ ထို့ကြောင့်ပင် သူမက ၎င်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။ သူမ၏ ရွှေအမြုတေအဆင့်သို့ တက်လှမ်းမည့် လမ်းကြောင်းက ဤညီလာခံနှင့် အဘယ်ကြောင့် ဆက်စပ်နေရသနည်းဟု သူမ သိချင်နေမိသည်။

ဖြစ်နိုင်သည်မှာ မြင့်မြတ်သောတောင်တော်တွင် သူမကို စောင့်ကြိုနေသော ကြီးမားသည့် အခွင့်အရေးတစ်ခုခု ရှိနေခြင်းများလော။

"အဆင့်တက်ဖို့ အခွင့်အရေးလား"

သူမ၏ စကားများကို ကြားသောအခါ အခြားသူများမှာ တိတ်ဆိတ်သွားကြတော့၏။ အကယ်၍ ၎င်းသာ မှန်ကန်ပါက သူမကို တားဆီးရန် အကြောင်းပြချက် မရှိတော့ပေ။

ကျင့်ကြံသူများအနေဖြင့် အဆင့်တက်ရန် အခွင့်အရေးများမှာ ရှားပါးလှပြီး လျင်မြန်စွာ ကုန်ဆုံးသွားတတ်ကြောင်း သူတို့ နားလည်ထားကြသည်။ အကယ်၍ လက်လွတ်သွားပါက နောက်တစ်ကြိမ် ဘယ်အချိန်မှ ပြန်လာမည်ကို မည်သူသိနိုင်မည်နည်း။

"ဒါဆိုရင်တော့ နန်းတော်သခင်နဲ့တူတူ မြို့တော်မြတ်ကို လိုက်ခဲ့ပါ့မယ်။ ညီလာခံကို အတူတူ တက်ရောက်ကြတာပေါ့" ဖြောင်းဖျ၍ မရနိုင်တော့ကြောင်း မြင်သောအခါတွင်တော့ သူတို့၏ ထောက်ခံမှုကိုသာ ပြသနိုင်တော့သည်။

ဟန်လင်းရွှမ်က ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ။ အဲဒါက ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပြီးကတည်းက အစွမ်းထက် ပုဂ္ဂိုလ်သစ်တွေ ဘယ်လောက်များများ ပေါ်ထွက်လာပြီလဲဆိုတာ မင်းတို့အားလုံး မျက်မြင်ကိုယ်တွေ့ ကြုံရမယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်လာလိမ့်မယ်"

...

မြင့်မြတ်သောတောင်တော်မှ သံတမန်များက တစ်ပြည်လုံး အနှံ့အပြားသို့ ခရီးသွားကာ ဂိုဏ်းများနှင့် အဖွဲ့အစည်းအသီးသီးထံသို့ ဖိတ်စာများ ပေးပို့နေချိန်တွင် ညီလာခံနှင့် ပတ်သက်သော သတင်းများက လောကအနှံ့သို့ ပျံ့နှံ့သွားခဲ့လေ၏။

ဤပွဲကြီးသည် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီးကတည်းက လူအများ အမျှော်လင့်ဆုံး စုဝေးမှုကြီးတစ်ခု ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သောကျင့်ကြံသူပေါင်းများစွာက ထိုသတင်းကို ကြားသည်နှင့် ကျုံးကျိုးဆီသို့ ထွက်ခွာလာခဲ့ကြလေ၏။ ဖိတ်ကြားချက် မရရှိသူများပင်လျှင် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အခမ်းအနားကို လက်လွတ်ခံရန် ငြင်းဆန်ခဲ့ကြပါ၏။

ဝေးကွာလှသော ချန်းပြည်နယ်အတွင်းရှိ ချန်းခရိုင်တွင်ပင် သတင်းများက စိတ်အားထက်သန်သော နားများဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မြင့်မြတ်သောတောင်တော်က မြို့တော်မြတ်မှာ ညီလာခံတစ်ခု ကျင်းပမယ် ဟုတ်လား"

"ဘယ်လောက်တောင် ကြီးကျယ်လိုက်မဲ့ပွဲကြီးလဲ။ ငါကိုယ်တိုင် သွားကြည့်ချင်လိုက်တာ"

ချန်းခရိုင်၏ ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်သူ ယန်ချန်းဟိုင်က သူ့လက်ထဲရှိ လျှို့ဝှက်သတင်းလွှာကို ဖတ်ရင်း အားကျမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

သို့သော် ၎င်းမှာ မဖြစ်နိုင်ကြောင်း သူ သိပါ၏။ ခရိုင်တစ်ခု၏ အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် သူ၏ စီရင်စုနယ်မြေမှ မိမိသဘောဆန္ဒအလျောက် ထွက်ခွာ၍မရပေ။ သူ၏ဖခင်က မကြာသေးမီကမှ သူ၏ ယခင် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးခဲ့ပြီး တော်ဝင်မြို့တော်သို့ အချိန်မရွေး ပြန်လာခွင့် ပြုထားသော်လည်း ယန်ချန်းဟိုင်မှာ လူမိုက်တစ်ဦး မဟုတ်ပေ။ ဤကဲ့သို့သော အချိန်မျိုးတွင် သူက ချန်းခရိုင်မှ မည်သို့ ထွက်ခွာနိုင်မည်နည်း။

လုချင်း၏ နတ်ဘုရားစွမ်းရည်များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပြီးနောက်၌ ထိုလူသည် သူ စိတ်ကူးထားခဲ့သည်ထက် များစွာ ပို၍ကြောက်မက်ဖွယ်ကောင်းကြောင်း သူ နားလည်သွားခဲ့သည်။

ချန်းခရိုင်သည် လုချင်း၏ အဆက်အသွယ်များ နက်ရှိုင်းစွာ ရှိနေသော ကျိုးလီရွာနှင့် အနီးဆုံး အခြေချနေထိုင်ရာ နေရာဖြစ်သည်။ သူနှင့် ဆက်နွှယ်မှုရှိသော ဝေ့မိသားစုသည်လည်း ခရိုင်အတွင်း၌ပင် နေထိုင်လေ၏။ ထိုမျှမက သူ၏ သူငယ်ချင်းကောင်း လင်းကျိယွဲ့သည်လည်း လုချင်းနှင့် ရင်းနှီးသူ ဖြစ်လေသည်။

….

အခန်း ၄၆၇ ၊ အပိုင်း ၂ - လောကကြီး၏ တုံ့ပြန်မှု၊ အဆင့်တက်ရန် အခွင့်အရေး

ဤမျှလွယ်ကူစွာ ရရှိနိုင်သော အခွင့်အရေးမျိုးကို သူက ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေ ချန်းခရိုင်မှ ထွက်ခွာကာ တော်ဝင်မြို့တော်သို့ ပြန်သွားရန် သူ လုံးဝ ရည်ရွယ်ချက်မရှိပေ။

"အဲဒီပုဂ္ဂိုလ်ကရော မြင့်မြတ်သောတောင်တော်ဆီကနေ ဖိတ်စာရမလား မသိဘူး... ပြီးတော့ ကျိယွဲ့ကရော မကြာသေးမီကမှ ဘယ်ကိုများ ထွက်သွားတာပါလိမ့်နော်။ မဟုတ်ရင် သူ့ကို အခြေအနေတွေ မေးလို့ရတာကိုးးးးးးးး"

ယန်ချန်းဟိုင် တွေးတောနေစဉ် စာကြည့်ခန်းအပြင်ဘက်တွင် လူရိပ်တစ်ခု ပေါ်လာ၏။

"အရှင်... အရိပ်သက်တော်စောင့် တစ်က သတင်းပို့စရာ ရှိပါတယ်။"

"ပြော" ယန်ချန်းဟိုင်က သူ့လက်ထဲရှိ လျှို့ဝှက်စာလွှာအပေါ်တွင်သာ အာရုံစိုက်ထားပြီး မော့ပင်မကြည့်ဘဲ ပြောလိုက်၏။ ဤအရိပ်သက်တော်စောင့်များသည် ထောက်လှမ်းရေး သတင်းယူရန်အတွက် အထူးတာဝန်ပေးထားခြင်းခံရကာ သူကိုယ်တိုင် လေ့ကျင့်ပေးထားသော ထိပ်တန်းအစောင့်များ ဖြစ်သည်။

"အဖြူရောင်ဝတ်ရုံနဲ့ သံတမန်တချို့ ခရိုင်ထဲကို ခုလေးတင် ဝင်လာပြီး ဝေ့မိသားစုဆီကို သွားကြပါတယ်ဗျ။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုအရ သူတို့က လောကတစ်ခွင်လုံးမှာ ပွက်လောရိုက်နေတဲ့ မြင့်မြတ်သောတောင်တော်က သံတမန်တွေ ဖြစ်လောက်ပါတယ်ဗျ" အရိပ်သက်တော်စောင့် တစ်က သတင်းပို့လိုက်၏။

"ဘာပြောလိုက်တယ်"

ယန်ချန်းဟိုင်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူ၏မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့လေသည်။

...

"သံတမန်... ခင်ဗျား နောက်နေတာတော့ မဟုတ်ပါဘူးနော်"

ဝေ့မိသားစု၏ နေအိမ်တွင် ဝေ့အိမ်တော်၏ အိမ်တော်ထိန်းအကြီးအကဲမှာလည်း သူ့ရှေ့ရှိ ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းသော အရှိန်အဝါများ ရှိနေသည့် အဖြူရောင်ဝတ်ရုံနှင့် သံတမန်အချို့ကို ကြည့်ကာ အလားတူ အံ့အားသင့်နေလေ၏။

လွန်ခဲ့သော မိနစ်ပိုင်းလေးကပင် ဤလူများ ရောက်ရှိလာပြီး ရွှေရောင်ဖိတ်စာတစ်ခုကို ပေးအပ်ကာ မြင့်မြတ်သောတောင်တော်က ဝေ့မိသားစုကို မြို့တော်မြတ်သို့ ညီလာခံ တက်ရောက်ရန် ဖိတ်ကြားနေကြောင်း ပြောဆိုခဲ့ကြသည်။

ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ ပြောစမှတ်ဖြစ်နေသော ဤညီလာခံအကြောင်းကို များစွာ ကြားသိထားပြီးဖြစ်ရာ အိမ်တော်ထိန်းကြီးကလည်း ထိုအကြောင်းအား သေချာပေါက်ကို သိထားနှင့်ပြီးသားပင်။ သို့သော် ဝေ့မိသားစုက ဖိတ်စာတစ်စောင် အမှန်တကယ် ရရှိလာလိမ့်မည်ဟုတော့ သူ တစ်ခါမှ မတွေးမိခဲ့ဖူးချေ။ တစ်ခဏတာမျှ သူ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသောအရာကို မယုံကြည်နိုင်အောင် ဖြစ်နေရပါ၏။

"ဒါက နောက်နေတာ မဟုတ်ပါဘူးဗျ" အဖြူရောင်ဝတ်ရုံနှင့် သံတမန်ခေါင်းဆောင် က လေးနက်စွာ ပြောလိုက်သည်။ "ဒီဖိတ်စာမှာ သခင်ကြီးသုံးပါးရဲ့ စိတ်ဝိညာဉ်အမှတ်အသားတွေ ပါပါတယ်ဗျ။ ဘယ်လိုလုပ်ပြီး အဲ့ဒါတွေကို အတုလုပ်လို့ ရနိုင်မှာလဲဗျာ"

"ဒီဖိတ်စာကို ခင်ဗျားတို့ရဲ့ မိသားစုခေါင်းဆောင်ဆီ ပေးလိုက်တာနဲ့ အစစ်အမှန် ဟုတ်၊ မဟုတ်ဆိုတာ သဘာဝကျကျ အတည်ပြုနိုင်ပါလိမ့်မယ်ဗျ"

အိမ်တော်ထိန်းကြီးမှာ ယင်းဖိတ်စာကို ထုံထိုင်းစွာဖြင့် လက်ခံလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ၌ နက်ရှိုင်းသော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်တုံးသုံးခုကို တွေ့လိုက်ရတော့သည်။ ၎င်းက အစစ်အမှန်ဖြစ်ကြောင်း သူ အတည်မပြုနိုင်သော်လည်း ဤကဲ့သို့သော အမှတ်အသားမျိုးကို အလွယ်တကူ အတုပြုလုပ်၍ မရနိုင်ကြောင်းကိုတော့ သူ သိပါ၏။

"သံတမန်... စိတ်ချပါ။ မိသားစုခေါင်းဆောင် ပြန်လာတာနဲ့ ဒါကို ချက်ချင်း ပေးလိုက်ပါ့မယ်" အိမ်တော်ထိန်းကြီးက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ၌ အဖြူရောင်ဝတ်ရုံနှင့် သံတမန်က ပြုံးလိုက်၏။ "ကောင်းပါပြီ။ ကျွန်တော်တို့မှာ တခြားလုပ်စရာ ကိစ္စတွေ ရှိသေးတဲ့အတွက် ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူးဗျ။ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး"

"သံတမန်ကြီးတို့... အစားအသောက်လေးများ စားမသွားတော့ဘူးလား။ အစားအသောက်နဲ့ အရက်တွေ ပြင်ဆင်ပြီးနေပါပြီ" အိမ်တော်ထိန်းကြီးက အမြန်ကမ်းလှမ်းလိုက်၏။

"ဒီလောက်ထိ ဒုက္ခခံနေစရာမလိုပါဘူးဗျ"

သူ၏အသံ ဆုံးသွားသည်နှင့် အဖြူရောင်ဝတ်ရုံနှင့် သံတမန်များ၏ ပုံရိပ်များက တဖြည်းဖြည်းချင်းဖြင့် မှေးမှိန်သွားပြီး ပျောက်ကွယ်သွားကြတော့သည်။ ဤကဲ့သို့ ခန့်မှန်း၍မရနိုင်သော နည်းလမ်းမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသောအခါတွင်တော့ အိမ်တော်ထိန်းကြီးမှာ ပို၍ပင် ထိတ်လန့်သွားတော့လေ၏။ နောက်ကျမည်ကို မစိုးရိမ်ဘဲမနေနိုင်သဖြင့် မြင်းတစ်ကောင် အသင့်ပြင်ဆင်ထားရန် ချက်ချင်းပင် အမိန့်ပေးလိုက်ပြီးနောက်တွင် အစောင့်ခေါင်းဆောင် အချို့နှင့်အတူ ရွှေရောင်ဖိတ်စာကို ကိုင်ဆောင်လျက် ကျိုးလီရွာဆီသို့ ထွက်ခွာသွားလေတော့၏။

...

ကျိုးလီရွာရှိ ခြံဝင်းအတွင်းမှ ဝေ့ရှန်ဟိုင်နှင့် အခြားသူများ ဖိတ်စာကို မြင်တွေ့ရသောအခါ သူတို့လည်း အလားတူစွာဖြင့် အံ့အားသင့်သွားကြရှာ၏။

ထို့နောက်၌ သူတို့သည် သမားတော်ကြီးချန်ကို ရှာဖွေရန်အတွက် တောင်ခါးပန်းမှ ခြံဝင်းဆီသို့ ချက်ချင်းသွားလိုက်ကြသည်။

"သမားတော်ကြီးချန်... ဒီဖိတ်စာက အစစ်လို့ ထင်လား"

ခြံဝင်းအတွင်း၌ ဝေ့ရှန်ဟိုင်က သူ၏ဘေးတွင် စိုးရိမ်တကြီး ရပ်နေစဉ် သမားတော်ကြီးချန်က ရွှေရောင်ဖိတ်စာကို လေ့လာကြည့်ရှုနေလေ၏။

မြင့်မြတ်သောတောင်တော်က ဝေ့မိသားစုထံသို့ ကိုယ်တိုင်ကိုယ်ကျ ဖိတ်စာတစ်စောင် ပို့လာလိမ့်မည်ဟု သူ တစ်သက်လုံး တစ်ခါမှ မတွေးမိခဲ့ဖူးချေ။ ဘယ်လိုပဲ တွေးတွေး၊ ဝေ့မိသားစုမှာ အရည်အချင်း မပြည့်မီပေ။ သူ၏ ပထမဆုံး အလိုအလျောက်တုံ့ပြန်မှုမှာ ဖိတ်စာသည် အတုဖြစ်သည်ဟု သံသယဝင်မိခြင်း ဖြစ်၏။

သို့သော် ဖိတ်စာပေါ်ရှိ အမှတ်အသားသုံးခုမှာ ငြင်းမရနိုင်လောက်အောင် ရှုပ်ထွေးနက်နဲနေသဖြင့် ၎င်းကို ချက်ချင်း ပယ်ချရန် သူ့ကို တွေဝေသွားစေသည်။

"ဒီတံဆိပ်တုံးသုံးခုမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ စွမ်းအားတွေ တကယ်ကြီး ပါနေတယ်"

ဖိတ်စာကို အချိန်အတော်ကြာ သေသေချာချာ လေ့လာပြီးနောက် သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို အစစ်ပေါ့။" ဝေ့ရှန်ဟိုင်၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။

"အဲ့ဒီလိုပါပဲ" သမားတော်ကြီးချန်က ပြန်ဖြေလိုက်သည်။

ကျုံးကျိုးတွင် သူ နေထိုင်စဉ်က တတိယ သခင်ကြီးကို တစ်ခါ မြင်ဖူးခဲ့သည်။ ၎င်းသည် ရုပ်သေးရုပ်လေးတစ်ခုမျှသာ ဖြစ်သော်လည်း ဤအမှတ်အသားများထဲမှ တစ်ခုမှာ တတိယ သခင်ကြီးနှင့် ထပ်တူကျသော အရှိန်အဝါတစ်ခု ပါဝင်နေပါ၏။ ထို့ပြင် ဝေ့မိသားစုမှာ သေးငယ်သော မိသားစုမျိုးနွယ်တစ်ခုမျှသာ ဖြစ်ရာ ရွှေအမြုတေ ကျင့်ကြံသူသုံးဦးအနေဖြင့် သူတို့ကို လှည့်စားရန်အတွက်နှင့် ဤမျှအထိ ဒုက္ခခံစရာအကြောင်းမရှိပေ။

"ဒါပေမဲ့ ဘာလို့လဲ။ ကျုပ်တို့က သေးငယ်တဲ့ မိသားစုလေး တစ်ခုလေ။ မြင့်မြတ်သောတောင်တော်ဆီကနေ ဖိတ်စာရဖို့ ကျုပ်တို့မှာ ဘာအရည်အချင်းတွေများ ရှိလို့လဲ"

ယခု ဖိတ်စာ၏ အစစ်အမှန်ဖြစ်ကြောင်းကို သေချာသွားသော်လည်း ဝေ့ရှန်ဟိုင်မှာ ယုံကြည်ရန် ပို၍ပင် ခက်ခဲနေခဲ့လေ၏။

သမားတော်ကြီးချန်ကတော့ သူ့ကို ပြုံး၍သာ ကြည့်နေလိုက်သည်။

ဝေ့ရှန်ဟိုင်က သူ၏အကြည့်အောက်တွင် တွေဝေသွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားလေ၏။

"သမားတော်ကြီးချန်... မြင့်မြတ်သောတောင်တော်က သမားတော်ကြီးချန်နဲ့ လုသခင်လေးဆီကိုရော ဖိတ်စာ ပို့သေးလား"

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဖိတ်ကြားခံရရန် အသင့်တော်ဆုံးသူများမှာ သမားတော်ကြီးချန်နှင့် လုချင်းတို့သာ ဖြစ်သင့်သည်။ သူတို့ နှစ်ဦးစလုံးမှာ ရွှေအမြုတေ ကျင့်ကြံသူများ ဖြစ်ကြသည် မဟုတ်ပါလော။

"ကျုပ်တော့ မရဘူး။ ဒါပေမဲ့ အားချင်းတော့ ရတယ်။ သူနဲ့ ကျိယွဲ့က ကြိုပြီးတော့တောင် ကျုံးကျိုးကို ထွက်သွားကြပြီလေ"

"လုသခင်လေးက ကျုံးကျိုးကို သွားတာလား" ဝေ့ရှန်ဟိုင်မှာ ရုတ်တရက် နားလည်သွားတော့သည်။

အရင်က လုချင်းသည် ထွက်မသွားမီ ရှောင်ယန်နှင့် ရှောင်လီတို့ကို ခြံဝင်းသို့ ခေါ်လာခဲ့ပြီး ဖြေရှင်းစရာ ကိစ္စလေး တစ်ခုရှိသည်ဟု ပြောခဲ့သည်။ ထိုကိစ္စက တကယ်တမ်းတော့ လုချင်းတစ်ယောက် လင်းကျိယွဲ့နှင့်အတူ ကျုံးကျိုးသို့ သွားခဲ့ခြင်း ဖြစ်နေသည်။

လုချင်းနှင့် လင်းကျိယွဲ့တို့ ကျုံးကျိုးသို့ သွားခြင်း၊ ထို့နောက် ဝေ့မိသားစုက မြင့်မြတ်သောတောင်တော်မှ ဖိတ်စာရရှိခြင်း...

အတွေးတစ်ခုက ဝေ့ရှန်ဟိုင်၏စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

သမားတော်ကြီးချန်က သူ၏ မျက်နှာထားကို မြင်သောအခါ၌ ရယ်မောလိုက်၏။ "အများကြီး တွေးမနေပါနဲ့။ မြင့်မြတ်သောတောင်တော်က သခင်ကြီးတို့ဝေ့မိသားစုဆီ ဖိတ်စာ ပို့လာတယ်ဆိုတော့ အကြောင်းပြချက်တစ်ခုခုတော့ ရှိရမယ်"

"တကယ်လို့ သခင်ကြီးသာ ဆန္ဒရှိတယ်ဆိုရင် သွားပြီးတော့ မျက်စိဖွင့်၊ နားဖွင့် လုပ်သင့်ပါတယ်"

"နည်းနည်းလေး နောက်ကျသွားရင်တောင် အဲ့ဒီပွဲကြီးကို လက်လွတ်သွားနိုင်တယ်နော်"

သမားတော်ကြီးချန်၏ စကားများက ဝေ့ရှန်ဟိုင်ကို တွေဝေသွားစေသည်။ သာမန်အခြေအနေမျိုးတွင် သူသည် ကျုံးကျိုးသို့ သွားရန် တွန့်ဆုတ်နေမိမည်ပင်။

လောကကြီးက ယခုအခါ ပရမ်းပတာဖြစ်နေပြီး ကျုံးကျိုးတွင် အစွမ်းထက်သော ကျွမ်းကျင်သူ မရေမတွက်နိုင်အောင် ရှိနေပေ၏။ ညီလာခံကို အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ တက်ရောက်မည်ဖြစ်ရာ ထိုပွဲကြီးသည် စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ဆူညံပွက်လောရိုက်နေမည်မှာ သေချာလှပေသည်။ သူတို့၏ နည်းပါးလှသော စွမ်းအားဖြင့်ဆိုလျှင် သူတို့သည် အရေးမပါသော နယ်ရုပ်လေးများမျှသာ ဖြစ်ပြီး မုန်တိုင်းထဲတွင် အလွယ်တကူ ပါသွားနိုင်ပါ၏။

သို့သော် အကယ်၍ လုချင်းကလည်း ကျုံးကျိုးတွင် ရှိနေမည်ဆိုပါက အခြေအနေက ပြောင်းလဲသွားလေပြီပင်။

"သမားတော်ကြီးချန်ကော... မသွားဘူးလား" ဝေ့ရှန်ဟိုင်က မေးလိုက်သည်။

"ကျုပ်က အေးအေးချမ်းချမ်း နေရတာကို ပိုသဘောကျတယ်လေ။ အဲ့ဒီလို ဆူညံပွက်လောရိုက်တဲ့ ကိစ္စတွေကို စိတ်မဝင်စားလို့ပါ" သမားတော်ကြီးချန်က ခေါင်းယမ်းလိုက်၏။ "ဒါ့အပြင် ကျိုးလီရွာကို စောင့်ကြည့်ပေးဖို့ လူတစ်ယောက်လောက်တော့ လိုတယ်လေ"

ဝေ့ရှန်ဟိုင်က တောင်ခါးပန်းရှိ ခြံဝင်းအပြင်ဘက်တွင် ပေါက်ရောက်နေသော ရှားပါး ဆေးဖက်ဝင်အပင်များနှင့် ရွာကို ဝန်းရံထားသော သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအင်များကို ကြည့်ကာ နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်တော့၏။

ယခုအချိန်တွင် ကျိုးလီရွာမှာ အမှန်တကယ်ပင် မသေမျိုး နိဗ္ဗာန်ဘုံတစ်ခု ဖြစ်နေလေပြီပင်။

ဤနေရာမှ ယူသွားသော မည်သည့်ပစ္စည်းမဆို ပြင်ပလောကရှိ သိုင်းသမားများအကြား အလွယ်တကူ တိုက်ပွဲတစ်ခု ဖြစ်ပွားစေနိုင်ပေ၏။ ထို့ကြောင့် ၎င်းကို ကာကွယ်ရန်အတွက် တစ်စုံတစ်ယောက် ကျန်ရစ်ခဲ့ရန် အမှန်တကယ် လိုအပ်လေသည်။

"ကျုပ် အချိန်ယူပြီး သေသေချာချာ စဉ်းစားကြည့်ပါဦးမယ်"

တောင်ခါးပန်းရှိ ခြံဝင်းမှ ထွက်ခွာလာပြီးနောက် သူ့အိမ်ခြံဝင်းသို့ ပြန်ရောက်ပြီးနောက်တွင် ဝေ့ရှန်ဟိုင်သည် အချိန်အတော်ကြာသည်အထိ စဉ်းစားနေခဲ့ပါ၏။ အဆုံးတွင်တော့ သူသည် ကျုံးကျိုးသို့ ခရီးသွားကာ ညီလာခံကို တက်ရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

မှန်ပါသည်။ လုချင်း ရှိနေခြင်းက သူ့အား လုံခြုံမှု ခံစားရစေသောကြောင့် တစ်ခုတည်းတော့ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ သူ၏ ကျင့်ကြံခြင်းသည် မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်တွင် တစ်ဆို့နေသည်မှာ ကြာလှပြီဖြစ်၏။ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အဆင့်တက်ရန် အခွင့်အရေး အနည်းငယ်မျှပင် သူ မရရှိနိုင်ခဲ့ချေ။ လုချင်းနှင့် သမားတော်ကြီးချန်တို့ထံမှ အကြံဉာဏ်များကိုပင် အကြိမ်များစွာ တောင်းခံခဲ့သေးသည်။ သို့တိုင်အောင် သူတို့၏ လမ်းညွှန်မှုဖြင့်ပင် ထိုအတားအဆီးကို သူ မဖောက်ထွင်းနိုင်သေးပေ။

တစ်ချိန်က ဝေ့ရှန်ဟိုင်သည် အလွန်အမင်း စိတ်ပျက်အားငယ်ခဲ့ပြီး တစ်သက်လုံး ဤအဆင့်တွင်သာ ကျန်ရစ်ခဲ့ရတော့မည်လားဟုပင် တွေးမိခဲ့သေးပါ၏။ သို့သော် ယခု မြင့်မြတ်သောတောင်တော်မှ ဖိတ်စာက သူ၏ ရင်ထဲတွင် တစ်စုံတစ်ခုကို လှုပ်နှိုးလိုက်လေသည်။

ဤပွဲကြီးသည် ကမ္ဘာတစ်ဝန်းမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများကို စုစည်းပေးလိမ့်မည် ဖြစ်သည်။ ညီလာခံ၏ ကြီးကျယ်ခမ်းနားမှုမှာ စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်ပေ။

ဖြစ်နိုင်သည်မှာ... မရေမတွက်နိုင်သော ကျွမ်းကျင်သူများ စုဝေးရာအလယ်တွင် အဆင့်တက်ရန် အခွင့်အရေးကို သူ ရှာတွေ့နိုင်မည်များလော။

…………

အခန်း ၄၆၈ ၊ အပိုင်း ၁ - ဂိုဏ်းများ၏ ပါရမီရှင်များ၊ ဒဏ္ဍာရီလာ မြင်းလှည်း

"ဆရာ... ဒါက မြို့တော်မြတ်လား"

မြို့တော်မြတ်၏ မားမားမတ်မတ် ရပ်တည်နေသော တံခါးပေါက်ကြီးရှေ့တွင် လူအုပ်ကြီးက ပြည့်ကျပ်နေပြီး မရေမတွက်နိုင်သော လူများ စုဝေးနေကြသော်လည်း ဝင်ခွင့်မရကြပေ။

လူငယ်လေးတစ်ဦးက ကြီးကျယ်ခမ်းနားပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် မြို့တံခါးကြီးကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေလေ၏။

သူ ရွှမ်ဝူမြို့တော်သို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ်က ၎င်း၏ ကြီးကျယ်ခမ်းနားမှုက သူ့ကို အံ့ဩမှင်သက်သွားစေခဲ့ပြီး ဖြစ်သည်။ သို့သော် မြို့တော်မြတ်က ဤမျှအထိ ပိုမိုကြီးကျယ်ခမ်းနားပြီး ကျယ်ဝန်းလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့မိချေ။ ဤကဲ့သို့ ဧရာမ မြို့တော်ကြီးထဲတွင် မည်သို့သော လူမျိုးများ နေထိုင်နိုင်မည်နည်းဆိုသည်ကို သူ စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေပါ၏။

သူ၏ဘေးတွင် သာမန်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးမှာလည်း အံ့အားသင့်နေသော မျက်နှာထားဖြင့် ရှိနေသည်။ သူ လူငယ်ဘဝက ဤနေရာသို့ ခရီးသွားခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် မြို့တော်မြတ်မှာ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းနေပုံရ၏။ သို့ပေသိသူ၏ တပည့်ဖြစ်သူ၏ အံ့အားသင့်နေသံကို ကြားသောအခါ၌ သူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ဒါက မြို့တော်မြတ်ပဲ။ လောကမှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး မြို့တော်ဖြစ်ပြီး ကျုံးကျိုးရဲ့ အသည်းနှလုံးပေါ့"

"ကျုံးကျိုးရဲ့ ဗဟိုချက်ပေါ့လေ..."

လူငယ်လေးက သူ့ရှေ့ရှိ ဧရာမ မြို့တော်ကြီးကို ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များကို တိမ်များကြားတွင် ပုန်းကွယ်နေသော တောင်ထိပ်နှင့်အတူ ပို၍ပင် ခန့်ညားထည်ဝါသော မြင့်မြတ်သောတောင်တော်ဆီသို့ ပြောင်းလိုက်တော့သည်။ ထိုအခါ၌ သူ၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြီး သူ၏ဆရာနှင့်အတူ လာခဲ့သော ဤခရီးစဉ်မှာ တကယ့်ကို တန်သည်ဟု ခံစားလိုက်ရ၏။

လမ်းတစ်လျှောက် သူကြုံတွေ့ခဲ့ရသော မြင်ကွင်းများက သူ၏ အမြင်ကို များစွာ ကျယ်ပြန့်သွားစေခဲ့ပြီ ဖြစ်သည်။ ယခု ကြီးကျယ်ခမ်းနားလှသော မြို့တော်မြတ်ကို မြင်လိုက်ရသောအခါ တစ်နေ့နေ့တွင် သူ ဤကဲ့သို့သော နေရာမျိုး၌ အခြေချနေထိုင်နိုင်မည်ဆိုပါက ဘဝသည် အဓိပ္ပာယ်ရှိလှပြီဟု သူ ခံစားလိုက်ရသည်။

သာမန်ဝတ်ရုံနှင့် အဘိုးအိုက တပည့်ဖြစ်သူ၏ မျက်လုံးများထဲရှိ စိတ်အားထက်သန်နေသော တောက်ပမှုတို့ကို သတိထားမိသောအခါ ရယ်မောလိုက်သည်။ သူ့တပည့်သည် ကျင့်ကြံခြင်းတွင် အံ့မခန်းပါရမီကို ပိုင်ဆိုင်ထားပြီး သူ၏ အနာဂတ်အောင်မြင်မှုများက သူ့ထက် များစွာ သာလွန်မည်မှာ ကျိန်းသေပေါက်ပဲပင်။ ထို့ကြောင့် သူ၏ အမြင်ကို ကျယ်ပြန့်စေရန်နှင့် ဗဟုသုတ တိုးပွားစေရန်အတွက် ဤခရီးစဉ်တွင် သူ့ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ သူတို့၏ တောင်ပေါ်ရွာလေးထဲတွင် ပိတ်လှောင်နေဦးမည်ဆိုပါက သူ၏ ကန့်သတ်ချက်ရှိသောအမြင်က သူ၏ ပါရမီကို ဖိနှိပ်ထားမည်ဖြစ်ပြီး ကြီးကျယ်သောအရာများကို အောင်မြင်ရန် ရုန်းကန်ရလိမ့်မည်ပင်။

အဘိုးအိုက သူ၏ တပည့်ကို ဦးဆောင်ကာ မြို့တော်မြတ်၏ တံခါးများဆီသို့ ချဉ်းကပ်သွားလိုက်၏။ သို့သော် သူတို့ နီးကပ်သွားချိန်တွင် မြို့စောင့်တစ်ဦးက သူတို့ကို တားဆီးလိုက်သည်။

"မင်းတို့ နှစ်ယောက် ခွင့်ပြုချက်မရှိဘဲ မြို့တော်မြတ်ထဲကို ဝင်ခွင့်မရှိဘူး"

"မြို့တော်မြတ်က အခု လွတ်လွတ်လပ်လပ် ဝင်ခွင့်မပြုတော့ဘူးလား" အဘိုးအိုမှာ အံ့အားသင့်သွား၏။ "လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ငါ ဒီကို နောက်ဆုံးလာတုန်းက မြို့မှာ ဘာကန့်သတ်ချက်မှ မရှိပါဘူး။ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝင်လို့ရတာပဲကို"

"အရင်တုန်းကတော့ အဲဒီလိုပဲ" မြို့စောင့်က ထိုကဲ့သို့သော မေးခွန်းများကို အကျွမ်းတဝင်ရှိနေသည့်အလား တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ဒါပေမဲ့ လာမယ့် ညီလာခံကြောင့် သခင်ကြီးက အမိန့်ထုတ်ထားတယ်လေ။ ညီလာခံပွဲမပြီးမချင်း ဖိတ်စာရထားတဲ့ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေရယ်၊ ပြီးတော့ မွေးရာပါနယ်ပယ် ဒါမှမဟုတ် အဲဒီအထက်မှာရှိတဲ့ ကျင့်ကြံသူတွေပဲ ဝင်ခွင့်ရှိတယ်"

"ငါ့ဆရာက မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိတာနော်။" လူငယ်လေးက ချက်ချင်းပင် ကျောကို မတ်လိုက်ပြီး ပြောလိုက်၏။ သူ၏လေသံတွင် ဂုဏ်ယူမှုများ အထင်အရှားကို ပါဝင်နေလေသည်။

အဘိုးအိုက ခဏတာ တွေဝေသွားပြီးနောက် ပြုံးလိုက်သည်။ "ငါ့တပည့်က စိတ်မြန်လက်မြန်ဖြစ်သွားလို့ ဂုဏ်သရေရှိ အစောင့်အနေနဲ့ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"

တံခါးအပြင်ဘက်တွင် ဘာကြောင့် လူအများကြီး စုဝေးနေကြသည်ကို ယခု သူ နားလည်သွားလေပြီပင်။ သူတို့ထဲတွင် အစွမ်းအထက်ဆုံး အရှိန်အဝါများက မွေးဖွားပြီးနယ်ပယ် အထွတ်အထိပ်အဆင့်သို့သာ ရောက်ရှိထားပါ၏။ သူတို့တွေ မြို့ထဲသို့ ဝင်ရောက်ခြင်းကို တားမြစ်ခံထားရကြောင်း ထင်ရှားလှပေသည်။

"ခင်ဗျားက မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိတယ်ပေါ့လေ" မြို့စောင့်က အဘိုးအိုထံသို့ အာရုံပြောင်းလိုက်သည်။

"ဒီအဘိုးကြီးမှာ အကန့်အသတ်ရှိတဲ့ ပါရမီပဲ ရှိတာပါ။ ရာစုနှစ်တစ်ခုကျော် ကျင့်ကြံပြီးမှ ဒီအဆင့်ကို ကပ်သီးကပ်ဖဲ့ ရောက်လာတာပါ"

စကားပြောနေစဉ် အဘိုးအိုက သူ၏ အရှိန်အဝါအနည်းငယ်ကို ထုတ်လွှတ်လိုက်လေ၏။ ချက်ချင်းပင် ပတ်ဝန်းကျင် လေထုထဲတွင် မွေးရာပါနယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ သိမ်မွေ့လှသော အနှစ်သာရများ ပြည့်နှက်သွားတော့သည်။

အနီးအနားရှိ မွေးဖွားပြီးနယ်ပယ် သိုင်းသမားများမှာ သူ့ထံမှ ထွက်ပေါ်လာသော မှေးမှိန်သော်လည်း ငြင်းပယ်၍မရနိုင်သည့် ဖိအားကို ခံစားလိုက်ရသဖြင့် အလိုလိုပင် နောက်ဆုတ်သွားကြတော့၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လောကကြီး၏ အပြောင်းအလဲများကြောင့် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီး မွေးရာပါနယ်ပယ် ကျင့်ကြံသူများမှာ ယခင်ကလောက် မရှားပါးတော့သော်လည်း သူတို့သည် မွေးဖွားပြီးနယ်ပယ် သိုင်းသမားများ၏ ရိုသေလေးစားရမည့် ဖြစ်တည်မှုများ ဖြစ်နေဆဲပင်။ မြို့စောင့်ပင်လျှင် သူ၏ တည်ရှိမှုကို ခံစားမိသောအခါ ပို၍ပင် ရိုသေလေးစားလာတော့၏။

သူ၏ အရှိန်အဝါကို သေသေချာချာ စစ်ဆေးပြီးနောက်တွင်တော့ မြို့စောင့်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ခင်ဗျားက မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိပါတယ်ဗျ။ အမိန့်အရ ခင်ဗျားအနေနဲ့ တပည့်သုံးယောက်အထိ ခေါ်ပြီး ဝင်လို့ရပါတယ်။ ဆက်သွားလို့ ရပါပြီဗျ"

အဘိုးအိုနှင့် သူ၏ တပည့်တို့ မြို့တော်မြတ်ထဲသို့ ခြေချလိုက်သည်နှင့် တံခါးအပြင်ဘက်တွင် ကျန်ရစ်ခဲ့သော သိုင်းသမားများက မနာလိုစွာဖြင့် ကြည့်နေကြလေသည်။ သို့သော် မည်သူကမျှ မကျေနပ်ချက်များကို မထုတ်ဖော်ဝံ့ကြချေ။ အဘယ်ကြောင့်ဆိုသော် အစောင့်များပင်လျှင် အနည်းဆုံး မွေးရာပါနယ်ပယ်အဆင့်ရှိသော အရေးပါသည့် စွမ်းအားများ ရှိနေသောကြောင့်ပင်။ သူတို့သည် သူတို့ ရန်မစဝံ့သော ပုဂ္ဂိုလ်များ ဖြစ်ပါ၏။

သူ့အပေါ် ကျရောက်နေသော အကြည့်များကို ခံစားရသောအခါ၌ လူငယ်လေးက ရင်ကို ကော့လိုက်ပြီး သူ၏ ရင်ထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်သွားလေတော့သည်။

…

အနီးအနားရှိ အရက်ဆိုင်တစ်ခု၏ အပေါ်ထပ်တွင်တော့ မြို့တံခါးများကို စီးမိုးမြင်ရသော ပြတင်းပေါက်တစ်ခု၌ လူငယ် ကျင့်ကြံသူတစ်စု ထိုင်နေကြသည်။ ထူးခြားလှသည့်အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည့် ထိုရှစ်ယောက်စလုံးမှာ အဓိက ဂိုဏ်းကြီးများမှ ပြုစုပျိုးထောင်ထားသော ထိပ်တန်းတပည့်များ ဖြစ်ကြောင်း ထင်ရှားလှပေ၏။

အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးက ပြုံးလျက် အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေးဘက်သို့ လှည့်လိုက်သည်။ "ချီ... မင်း သူ့ကို မှတ်မိလား။ ခုလေးတင် ဝင်သွားတဲ့သူ၊ မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိနေတဲ့ တစ်ယောက်ကိုလေ"

အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေးက အဘိုးအိုကို သေသေချာချာ လေ့လာကြည့်ရှုရင်း မျက်လုံးများကို ကျဉ်းလိုက်သည်။ ထို့နောက် သူက ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်၏။ "မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၊ ပြီးတော့ ဒီလောက် အသက်ကြီးနေတဲ့ အရွယ်... သူ့ရဲ့ ရုပ်သွင်ကို ကြည့်ရတာ ငါမမှားဘူးဆိုရင် သူက လွန်ခဲ့တဲ့ အနှစ်၇၀လောက်က မြောက်ပိုင်းဒေသတွေကို တုန်လှုပ်သွားစေခဲ့တဲ့ 'အပြာရောင်အလင်းဓား' မုချန်ဖုန်းပဲ ဖြစ်ရမယ်"

"အစ်ကို ကျိယွဲ့ကော ကျွန်တော်ပြောတာမှန်တယ်ထင်လားဗျ"

သူ၏ နောက်ဆုံးစကားများမှာ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာဖြင့် အကဲခတ်နေခဲ့သော အခြား လူငယ်လေးတစ်ဦးထံသို့ ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။ ထိုလူငယ်လေးမှာတော့ အခြားသူမဟုတ်ဘဲ လင်းကျိယွဲ့ပင် ဖြစ်လေသည်။

မေးခွန်းကို ကြားသောအခါ လင်းကျိယွဲ့က ထိုနှစ်ဦးကို ကြည့်ကာ ပြုံးလိုက်၏။ "ချီ... မင်းရဲ့ အကဲဖြတ်မှုက တကယ့်ကို ထက်မြက်ပါပေတယ်။ သူက တကယ့်ကို အရင်က 'အပြာရောင်အလင်းဓား' ပါပဲဗျ"

"ဒီလောက် နှစ်တွေ အများကြီး ကြာပြီးမှ သူ ပြန်ပေါ်လာတာ အံ့ဩစရာပဲနော်"

ထျန်းကျီမျှော်စင်၏ ထောက်လှမ်းရေး ကွန်ရက်မှာ ပြိုင်ဘက်ကင်းလှပေ၏။ လင်းကျိယွဲ့က အတည်ပြုလိုက်ပြီဖြစ်ရာ သံသယဖြစ်စရာ မရှိတော့ပေ။

အခြားသူများက ချီ ကို အားကျလေးစားစွာဖြင့် ကြည့်လိုက်ကြသည်။

"ဟားဟား... ချီ... မင်းရဲ့ ဗဟုသုတက တကယ့်ကို ကျယ်ပြန့်တာပဲ" အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးက ရယ်မောလိုက်၏။ "ဆယ်စုနှစ်ပေါင်းအများကြီးကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့တဲ့ အကြီးအကဲတစ်ယောက်ကိုတောင် မင်း မှတ်မိနိုင်တယ်ပေါ့လေ။ ငါတော့ တကယ့်ကို အံ့ဩသွားပြီ။"

သို့သော် ချီက နှိမ့်ချစွာဖြင့် ပြန်ဖြေလိုက်၏။ "အစ်ကို ဝမ်... ခင်ဗျားကတော့ မြှောက်ပြောလွန်းနေပါပြီဗျာ။ ကျွန်တော်က ချန်ပေ့တွေရဲ့ အတိတ်က စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရတာ ဝါသနာပါရုံလေးပါဗျ။ သိပ်ပြီးဗဟုသုတကြွယ်ဝတာတော့ မဟုတ်ပါဘူးဗျာ"

သို့သော် သူ၏ စကားများက မည်သို့ပင် ဆိုစေကာမူ၊ သူ့မျက်နှာပေါ်ရှိ ကျေနပ်မှုမှာတော့ အထင်အရှားကို ပေါ်လွင်နေလေသည်။

ထိုအချိန်တွင် လှပသောအမျိုးသမီးငယ်တစ်ဦးက နားမလည်စွာဖြင့် ဝင်ပြောလိုက်၏။

"ကျွန်မရဲ့ ဂိုဏ်းက အကြီးအကဲတွေ အရင်က မုချန်ဖုန်းအကြောင်း ပြောတာကို ကျွန်မ မှတ်မိတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအများကြီးကြာကတည်းက သူက မွေးရာပါနယ်ပယ်မှာ ရှိနေခဲ့တာလေ။ အခု ဒီလောက်နှစ်တွေကြာပြီးမှ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာတာတောင် သူက မွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့်ကိုပဲ ရောက်သေးတယ်ပေါ့လေ။ အဲဒါက အတော်လေး ထူးဆန်းနေတယ်နော်"

ချီကလည်း ခေါင်းညိတ်လိုက်သည်။ "အဲဒီအကြောင်းရင်းကိုကျွန်တော်လည်း သိတယ်။ ကောလာဟလတွေအရတော့ သူ မပျောက်ကွယ်သွားခင် မြောက်ပိုင်းဒေသက ထျန်းချန်းဂိုဏ်းနဲ့ ပဋိပက္ခ ဖြစ်ခဲ့တယ်တဲ့"

"အဲဒီတိုက်ပွဲမှာ သူက ထျန်းချန်းဂိုဏ်းက အကြီးအကဲအများကြီးကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီးတော့ သူတို့ရဲ့အကြီးအကဲနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပေမဲ့လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတော့ ထွက်ပြေးခဲ့ရတယ်တဲ့လေ"

"အဲဒီအချိန်ကစပြီး သူ သိုင်းလောကကနေ ပျောက်ကွယ်သွားတော့တာပဲ"

"အဲဒီတိုက်ပွဲမှာ သူ့ရဲ့ အခြေခံအုတ်မြစ် ပျက်စီးသွားခဲ့တာ ဖြစ်လောက်တယ်။ အဲဒါကြောင့် ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက သိပ်မတိုးတက်ခဲ့တာပေါ့"

"ထျန်းချန်းဂိုဏ်းလား" အခြား လူငယ်တစ်ဦး၏ မျက်နှာထားက ပြောင်းလဲသွားလေသည်။ "သူတို့က လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ မြို့တော်မြတ်ကို ရောက်နေပြီ မဟုတ်ဘူးလား"

"အဲ့ဒါတောင် သူက ဒီမှာ ပေါ်လာရဲတယ်ပေါ့လေ။ လက်စားချေခံရမှာကို မကြောက်ဘူးလား"

"အဲဒါကိုတော့ ကျွန်တော်လည်း မသိဘူး" ချီက တွေးတောစွာဖြင့် ပြောလိုက်၏။ "ညီလာခံက သိပ်မကြာခင်မှာပဲ စတော့မှာလေ။ အဲ့တော့ အစွမ်းထက်တဲ့ အဖွဲ့အစည်းတွေ အများကြီး စုဝေးနေတဲ့အချိန်မှာ ထျန်းချန်းဂိုဏ်းက မဆင်မခြင်နဲ့ မလုပ်ရဲလောက်ဘူးလို့ သူ ယုံကြည်နေတာ ဖြစ်နိုင်တယ်"

အဖွဲ့မှာ ဤအချက်ကို စဉ်းစားကြည့်ရာ အတော်လေး ယုတ္တိတန်သည်ဟု ထင်မြင်သွားကြ၏။

…..

အခန်း ၄၆၈ ၊ အပိုင်း ၂ - ဂိုဏ်းများ၏ ပါရမီရှင်များ၊ ဒဏ္ဍာရီလာ မြင်းလှည်း

မြင့်မြတ်သောတောင်တော်က ဤကြီးကျယ်သော ညီလာခံကို ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှပေသည်။ ကြီးထွားလာနေသော ပရမ်းပတာအခြေအနေများအလယ်တွင် စည်းကမ်းကို ပြန်လည်တည်ဆောက်ရန်နှင့် လောကကြီးတွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။

ဤရည်မှန်းချက်ကို နောက်ဆုံးတွင် အောင်မြင်နိုင်မည်လား ဆိုသည်မှာ အခြားကိစ္စတစ်ခု ဖြစ်သော်လည်း လက်ရှိ အခြေအနေအရ ထျန်းချန်းဂိုဏ်းသည် ထွက်ပေါ်လာပြီး စည်းမျဉ်းကို ဖီဆန်သည့် ပထမဆုံးသူ ဖြစ်ဝံ့မည် မဟုတ်ပေ။

"ဒီကြီးကျယ်တဲ့ ညီလာခံအကြောင်းပြောရရင် ပြည်နယ်အနှံ့က အဓိက ဂိုဏ်းတွေနဲ့ အဖွဲ့အစည်း အများစုက အခုဆို ရောက်နေလောက်ပြီ မဟုတ်လား"

အလွန်တရာ လှပသော အမျိုးသမီးတစ်ဦးက ရုတ်တရက် မေးလိုက်ပြီး သူမ၏ အသံတွင် သိချင်စိတ် အနည်းငယ် ပါဝင်နေလေသည်။ သူမ စကားပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ တိတ်ဆိတ်သွားတော့၏။ ထိုအမျိုးသမီးက ဤကဲ့သို့ ရဲတင်းသော မေးခွန်းမျိုး မေးလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ချေ။

အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေးပင်လျှင် ခဏတာ မှင်သက်သွားရသည်။ သို့သော် သူက လျင်မြန်စွာဖြင့် ပြန်၍အသိဝင်လာပြီး ပြုံးလျက် ပြန်ဖြေလိုက်၏။ "ညီမလေးလျိုကတော့ နောက်နေတာနေမယ်။ ဒီလောက် ကြီးကျယ်တဲ့ ပွဲကြီးရဲ့ ရလဒ်ကို ကျွန်တော့်လိုလူက ဘယ်လိုလုပ်ပြီး ကြိုပြောနိုင်မှာလဲ"

"ဟုတ်လို့လား။ ဒါပေမဲ့ သခင်ကြီးသုံးပါးရဲ့ ရည်မှန်းချက်တွေက အကောင်အထည်ဖော်ဖို့ ခက်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်တယ်"

"ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကလို လောကကြီး မဟုတ်တော့ဘူးလေ"

"လောကကြီးရဲ့ ရေစီးကြောင်းတွေက ပြောင်းလဲသွားပြီဟာ"

"တကယ်လို့ သခင်ကြီးသုံးပါးကသာ စည်းကမ်းအကြီးကြီးတွေနဲ့ ပြန်ပြီးထိန်းချုပ်ချင်တယ်ဆိုရင် သူတို့မှာ အဲဒီလိုလုပ်ဖို့ စွမ်းအား မရှိမှာကို ကျွန်မ စိုးရိမ်မိတယ်"

လှပသော အမျိုးသမီးက ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်ရာ သူမ၏ စကားများက ထိုနေရာရှိ လူများ၏ ရင်ထဲတွင် ပွက်လောရိုက်သွားစေခဲ့သည်။ လူတိုင်းက သူမကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

သူမက ဤမျှထိ ရဲတင်းလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ချေ။ ထိုရဲတင်းမှုကြီးကလည်း သခင်ကြီးသုံးပါး၏ အာဏာကို ပေါ်ပေါ်တင်တင် မေးခွန်းထုတ်ရဲသည်အထိပင်။ အချို့က လင်းကျိယွဲ့ ရှိရာဘက်သို့ပင် သိမ်မွေ့စွာ လှမ်းကြည့်လိုက်ကြသေးပါ၏။ ထျန်းကျီမျှော်စင်နှင့် မြင့်မြတ်သောတောင်တော်ကြားရှိ ဆက်ဆံရေးကို လူတိုင်း သိထားကြသည်ပင်။

တစ်စုံတစ်ယောက်က သခင်ကြီးသုံးပါး၏ အာဏာကို လူသိရှင်ကြား မေးခွန်းထုတ်နေသည်ကို တစ်ခုခုတော့ သူ တုံ့ပြန်မည် မဟုတ်လော။

သို့သော် သူတို့အား အံ့အားသင့်စေသည်မှာ လင်းကျိယွဲ့၏ မျက်နှာထားက စကားတစ်ခွန်းမျှ မကြားခဲ့ရသည့်အလား လုံးဝကို တည်ငြိမ်နေခြင်းပင်။ ဤတုံ့ပြန်မှုက လူများစွာကို ဝေခွဲမရ ဖြစ်သွားစေခဲ့ပါ၏။ ထက်မြက်သော ဉာဏ်ရည်ရှိသူများက ပိုမိုနက်ရှိုင်းစွာဖြင့် မတွေးဘဲ မနေနိုင်တော့ချေ။

လှပသော အမျိုးသမီးသည် ကျုံးကျိုးရှိ အစွမ်းအထက်ဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်သော ကွေ့ယွမ်ဂိုဏ်း၏ အဓိကတပည့်တစ်ဦး ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိတော့ သူမ၏ စကားများက ကွေ့ယွမ်ဂိုဏ်း၏ ရပ်တည်ချက်ကို ထင်ဟပ်နေသည်ဟု ယူဆနိုင်ပေသည်။ ဖြစ်နိုင်သည်မှာ သူမက ကွေ့ယွမ်ဂိုဏ်း၏ စစ်မှန်သော ရည်ရွယ်ချက်များကို အရိပ်အမြွက် ပြနေခြင်းများလော။

...

အရက်ဆိုင်လေးမှာ ထူးဆန်းသော တိတ်ဆိတ်မှုဖြင့် ဖုံးလွှမ်းသွားချိန်တွင် မြို့တံခါးအပြင်ဘက်မှ ရုတ်တရက် ဆူညံပွက်လောရိုက်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ နဂါးသွေးမျိုးဆက် မြင်းကြီးလဲနော်။"

"ဘယ်လို အစွမ်းထက်တဲ့ ဂိုဏ်းကများ သူတို့ရဲ့ မြင်းလှည်းကို ဆွဲဖို့ ဒီလို ထူးခြားတဲ့သားရဲတွေကို အသုံးပြုရဲတာပါလိမ့်"

"နေပါဦး... ငါ ခံစားလို့ရတယ်။ အဲ့ဒီနဂါးသွေးမျိုးဆက်မြင်းနှစ်ကောင်က ငါတို့ထက်တောင် ပိုအစွမ်းထက်နေပါလား။"

"မဖြစ်နိုင်ဘူး။ ဒီမြင်းလှည်းအကြောင်း အရင်က ငါ ကြားဖူးသလိုပဲ။"

…

ရုတ်တရက် ထွက်ပေါ်လာသော ဆူညံသံများက အရက်ဆိုင်လေး၏ တိတ်ဆိတ်မှုကို ပြတ်တောက်သွားစေပြီး လူတိုင်း၏ အာရုံကို မြို့တံခါးဆီသို့ ဆွဲဆောင်သွားတော့၏။ ထို့နောက်၌ လူတိုင်း၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားကြလေတော့သည်။

မြို့တံခါးတွင် ဧရာမ မြင်းလှည်းကြီးတစ်ခုက ရပ်တန့်နေ၏။ လှည်း၏မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးနက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံများကို ရေးထွင်းထားရာ နက်ရှိုင်းသော လျှို့ဝှက် အငွေ့အသက်များကို ပေးစွမ်းနေလေသည်။ သို့သော် အမြင်အာရုံကို အဖမ်းစားဆုံး မြင်ကွင်းမှာကတော့ မြင်းလှည်းရှေ့ရှိ မားမားမတ်မတ် ရပ်တည်နေသော ချိုကြီးနှင့် နဂါးသွေးမျိုးဆက်မြင်း နှစ်ကောင်ပင်။ ထက်ရှလှသော ဦးချိုတစ်ချောင်းနှင့် စင်ကြယ်သော အဖြူရောင်ခန္ဓာကိုယ်များ ရှိသည့် ခမ်းနားထည်ဝါသော သတ္တဝါကြီးများပင် ဖြစ်၏။

ဤနဂါးမြင်းများထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ လွှမ်းမိုးနိုင်လွန်းလှသည်။ အနည်းဆုံးတော့ မွေးရာပါနယ်ပယ် ကျင့်ကြံသူများနှင့် ညီမျှပေ၏။

"မွေးရာပါနယ်ပယ် အဆင့်ရှိတဲ့ နဂါးသွေးမျိုးဆက်မြင်းတွေ။"

အရက်ဆိုင်ထဲရှိ လူများမှာ ကျုံးကျိုးရှိ ထိပ်တန်းဂိုဏ်းများမှ အဓိကတပည့်များဖြစ်ကြရာ ထိုသားရဲများ၏ အရေးပါမှုကို ချက်ချင်း နားလည်သွားကြသည်။ ထိုအရာများက မွေးရာပါနယ်ပယ် အဆင့်ရှိ ဝိညာဉ်သားရဲများ ဖြစ်ကြသည်ပင်။

"ဘယ်ဂိုဏ်းကများ သူတို့ရဲ့ မြင်းလှည်းကို ဆွဲဖို့ မွေးရာပါနယ်ပယ်အဆင့်ရှိတဲ့ ဝိညာဉ်သားရဲတွေကို အသုံးပြုနိုင်လောက်တဲ့အထိ အစွမ်းထက်နေတာပါလိမ့်"

ထိုသို့ဖြင့် အံ့ဩမှင်သက်မှု လှိုင်းတစ်ခုက အခန်းထဲသို့ လွှမ်းမိုးသွားလေသည်။ လောကကြီး၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာသည်မှာ နှစ်အနည်းငယ် ရှိနေပြီဖြစ်ပြီး ဝိညာဉ်သားရဲများ အရေအတွက်က တိုးပွားလာနေသော်လည်း မွေးရာပါနယ်ပယ် အဆင့်ရှိ သတ္တဝါများမှာတော့ အလွန်တရာကိုမှ ရှားပါးနေဆဲဖြစ်ပြီး ယဉ်ပါးအောင် ပြုလုပ်ဖို့မှာလည်း လုံးဝ မဖြစ်နိုင်သလောက်ပင်။ သူတို့အတွက်ပင်လျှင် သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများက ဤအဆင့်ရှိ နဂါးသွေးမျိုးဆက်မြင်းများကို ခိုင်းစေနိုင်လောက်အောင်အထိ မစွမ်းဆောင်နိုင်သေးပေ။

လူတိုင်း၏ အကြည့်များက လျှို့ဝှက်ဆန်းကြယ်သော မြင်းလှည်းဆီသို့ အလိုအလျောက် စူးစိုက်သွားကြပြီး ၎င်း၏ အတွင်းပိုင်းကို စူးစမ်းရန်အတွက် သူတို့၏ စိတ်ဝိညာဉ် အာရုံများကို ဆန့်တန်းလိုက်ကြသည်။

သို့သော်………

သူတို့၏ စိတ်ဝိညာဉ်အာရုံများက မြင်းလှည်းကို ထိတွေ့လိုက်သည့်အခိုက်အတန့်တွင် ထက်ရှလှသော အပ်များက သူတို့၏ ဝိညာဉ်များထဲသို့ ထိုးစိုက်လိုက်သကဲ့သို့ စူးရှသော နာကျင်မှုတစ်ခုကို ရုတ်တရက်ကြီး ခံစားလိုက်ကြရတော့သည်။

"အား။"

လူအချို့မှာ ညည်းတွားလိုက်ရင်း သူတို့၏ စိတ်ဝိညာဉ်အာရုံများကို အလိုလိုပင် ပြန်၍ရုတ်သိမ်းလိုက်ကြတော့၏။ သူတို့၏ မျက်နှာများမှာလည်း ဖြူရော်သွားရှာပြီး မျက်လုံးများတွင်လည်း တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားလေသည်။

မြင်းလှည်းကို စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးက ဖန်တီးထားခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။ စိတ်ဝိညာဉ် ထောက်လှမ်းမှုများကို ပိတ်ဆို့နိုင်ရုံသာမက ဝင်ရောက်ကျူးကျော်သူများကိုပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိလေ၏။

"နေပါဦး... ဒီမြင်းလှည်းရဲ့ ပုံပန်းသဏ္ဌာန်က... ပြီးတော့ အဲဒီနဂါးသွေးမျိုးဆက်မြင်းတွေက... ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာပါလိမ့်"

ထိုအချိန်တွင် အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို ပြန်ပြီးမှတ်မိနေသကဲ့သို့ ဖြစ်သွားတော့သည်။

သို့သော် သူ အပြည့်အဝ မဖော်ထုတ်နိုင်မီမှာပင် မြင်းလှည်းတံခါးက ပွင့်သွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာလေ၏။ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သာမန်ရုပ်သွင်ရှိကာ ခန္ဓာကိုယ်ကလည်း အနည်းငယ် ပိန်ပါးနေလေသည်။ သူ၏ အရှိန်အဝါက အထူးတလည်ကြီးတော့ အစွမ်းထက်နေခြင်း မရှိပေ။ မွေးရာပါနယ်ပယ်၏ စဦးပိုင်းအဆင့်မျှသာ ဖြစ်သည်။ သို့ပေမယ့် သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသောအရာကတော့ လူအုပ်ကြီးကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့သည်။

ရွှေရောင်ဖိတ်စာတစ်ခု။

မြင့်မြတ်သောတောင်တော်မှ ဖိတ်စာ။

အရက်ဆိုင်ထဲရှိ လူတိုင်းက ဂုဏ်သတင်းကြီးမားလှသော ရွှေရောင်ဖိတ်စာကို ချက်ချင်း မှတ်မိသွားကြသည်။ ထိုအရာနှင့်အတူ သံသယဖြစ်စရာ မရှိတော့ပေ။ မြင်းလှည်းထဲတွင် မည်သူပင် ရှိနေပါစေ၊ တကယ့်ကို အံ့မခန်းအင်အားစုတစ်ခုမှ ဖြစ်ရမည်။ လောကတစ်ခွင်ရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များသာလျှင် မြင့်မြတ်သောတောင်တော်၏ ဖိတ်စာကို ရရှိရန် အရည်အချင်း ပြည့်မီကြသည် မဟုတ်ပါလော။

သို့တိုင်အောင် ဤအင်အားစု၏ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မသိရသေးပေ။

လူတိုင်းက မသေချာမရေရာမှုများဖြင့် ကြည့်နေစဉ် အရက်ဆိုင်၏ အပေါ်ထပ်မှ လူရိပ်တစ်ခုက ရုတ်တရက် ခုန်ဆင်းလာပြီး လမ်းမပေါ်သို့ လှပစွာ ဆင်းသက်လိုက်ကာ မြို့တံခါးဆီသို့ လျှောက်သွားလိုက်တော့သည်။

"ကျိယွဲ့။"

လူအုပ်ကြီးမှာ အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။ ခုန်ဆင်းသွားသည့်လူရိပ်မှာ လင်းကျိယွဲ့ပင် ဖြစ်လေသည်။

လင်းကျိယွဲ့က ရွှေရောင်ဖိတ်စာ ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားထံသို့ ချဉ်းကပ်သွားလိုက်ပြီး ယဉ်ကျေးစွာဖြင့် နှုတ်ခွန်းဆက်စကားများ ဖလှယ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ထို့နောက်၌ သူက လှည့်ကာ အစောင့်များကို အတိုချုပ် စကားပြောလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော မြင်းလှည်းကို မြို့ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခေါ်လာခဲ့လိုက်တော့သည်။

လင်းကျိယွဲ့က လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဤမျှ သဘာဝကျကျ စကားပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ၌ ကြည့်ရှုနေသူများမှာ သဘောပေါက်သွားကြတော့၏။

ထင်ရှားလှပေသည်။

လင်းကျိယွဲ့သည် မြင်းလှည်းပိုင်ရှင်နှင့် ကောင်းစွာ ရင်းနှီးကျွမ်းဝင်သူ ဖြစ်၏။

ဤအဖြစ်အပျက်ကို စောင့်ကြည့်နေစဉ် စိတ်ပျက်လက်ပျက်ဖြင့် စဉ်းစားနေခဲ့သော အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားလေသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩမှုကြောင့် သူ၏အသံများမှာပင် တုန်ယင်နေရှာသည်။

"ငါ မှတ်မိပြီ။ အဲ့ဒါက အဲ့ဒီဒဏ္ဍာရီလာမြင်းလှည်းပဲ။"

"ဘယ် ဒဏ္ဍာရီလာ မြင်းလှည်းလဲ။ မင်း ဘာတွေပြောနေတာလဲ အစ်ကိုချီ"

အစပိုင်းက လင်းကျိယွဲ့ကို မေးခွန်းထုတ်ချင်နေခဲ့ကြသော အရက်ဆိုင်ရှိ လူအုပ်ကြီးမှာ လူငယ်လေး၏ ရုတ်တရက် စကားကြောင့် နားမလည်နိုင်ဘဲ ကြောင်အသွားကြသည်။

သို့သော် အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေးကတော့ သူတို့ကို ဂရုမစိုက်နိုင်အားဘဲ သူ၏ အကြည့်ကို မြင်းလှည်းပေါ်တွင်သာ စူးစိုက်ထားကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်နေလေ၏။

"မမှားနိုင်ဘူး... အဖြူရောင်ချိုနဲ့ နဂါးသွေးမျိုးဆက်မြင်းတွေ... လေဟုန်စီး မြင်းလှည်း... ဒါက အရင်တုန်းက ကျုံးကျိုးကို ရောက်လာခဲ့ဖူးတဲ့... အဲဒီပုဂ္ဂိုလ် ပိုင်ဆိုင်ခဲ့တဲ့ မြင်းလှည်းပဲ..."

……..

All Chapters