← Chapters

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း ၄၆၉ ၊ အပိုင်း ၁ - ကျော်ကြားသော နာမည်၏ ဩဇာ၊ ရွှေအမြုတေအဆင့်၏ ဒုတိယမြောက် လှည့်ပတ်မှုသို့ တက်လှမ်းခြင်း

"အစ်ကိုချီ... တိတိကျကျ ဘာအကြောင်းပြောနေတာလဲဗျ"

"အစ်ကိုချီ... ဒီမြင်းလှည်းရဲ့ ဇာစ်မြစ်ကို သိလို့လား"

အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ အံ့အားသင့်နေသော မျက်နှာထားကို မြင်သောအခါ အဖွဲ့က အလျင်အမြန် မေးလိုက်ကြသည်။

အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေးက အသက်ပြင်းပြင်းရှူလိုက်ပြီး စကားပြန်မပြောမီ သူ၏ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင် အရင်ထိန်းချုပ်လိုက်သည်။ သို့ပေမယ့် သူ၏ အကြည့်ကတော့ မြင်းလှည်းပေါ်တွင်သာ စူးစိုက်နေဆဲပင်။

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အဲ့ဒီမြင်းလှည်းက လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က မြို့တော်မြတ်မှာ ပွက်လောရိုက်မှုကြီးကို ဖြစ်စေခဲ့တဲ့ မြင်းလှည်းပဲ ဖြစ်ရမယ်။ ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာပြီးနောက်ပိုင်း ကမ္ဘာပေါ်မှာ ကောင်းကင်အတိဒုက္ခကို ပထမဆုံး ဖိတ်ခေါ်ခဲ့တဲ့သူ ပြီးတော့ အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ အဲဒီပုဂ္ဂိုလ် ပိုင်တဲ့ဟာပဲ။"

သူ၏ စကားများကြောင့် အဖွဲ့မှာ ခဏတာ မှင်သက်သွားပြီး သူ၏ စကားများ၏ အဓိပ္ပာယ် အပြည့်အစုံကို နားမလည်နိုင်အောင် ဖြစ်သွားကြတော့သည်။ သို့သော် သူ၏ သတင်းစကားကို သေသေချာချာ ဆက်စပ်တွေးကြည့်မိသောအခါ၌ သူတို့၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာကာ နားလည်သဘောပေါက်သွားကြတော့၏။

သူ မည်သူ့ကို ရည်ညွှန်းနေသည်ကို ယခု သူတို့ နားလည်သွားကြလေပြီပင်။

"အစ်ကိုချီ... အစ်ကို ပြောချင်တာက... အဲ့ဒီမြင်းလှည်းက အဲဒီပုဂ္ဂိုလ် ပိုင်တာလို့လား။" အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေး ဝမ် က မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။

"သေချာပေါက်ကို မှားစရာအကြောင်းမရှိဘူး။" အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေးက အတည်ပြုလိုက်သည်။ "အဲဒီတုန်းက အဲဒီပုဂ္ဂိုလ် ကျုံးကျိုးကို ပထမဆုံး ရောက်လာတုန်းက အရင်တုံးက တစ်ခါမှ မရှိခဲ့ဖူးတဲ့ မုန်တိုင်းတစ်ခုကို ဖန်တီးခဲ့တာလေ"

"လောကကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာပြီးနောက်ပိုင်း သူက ပထမဆုံး အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်လာခဲ့တယ်လေ။ ပြီးတော့လည်း ရွှမ်ခုန်းဘုရားကျောင်းက ကျော်ကြားတဲ့ ဘုန်းတော်ကြီးတစ်အုပ်လုံးကိုလည်း တစ်ယောက်တည်း ဖျက်ဆီးပစ်ခဲ့တာလေ"

"မြို့တော်မြတ်တစ်ခုလုံးက အချိန်တစ်ခုအထိ သူ့ရဲ့ လွှမ်းမိုးနိုင်လွန်းတဲ့တည်ရှိမှုအောက်မှာ တိတ်ဆိတ်သွားခဲ့ရတယ်"

"တတိယ သခင်ကြီးတောင်မှ သူ့လက်ထဲမှာ အရေးနိမ့်ခဲ့ရတယ်လေ"

"သူက ထက်မြက်မှုနဲ့ စွမ်းအားမှာဆို တကယ့်ကို ပြိုင်ဘက်ကင်းပြီး ကျုံးကျိုးတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တာ"

"အဲဒါကြောင့် လူအများကြီးက အဲဒီအချိန်က သူစီးလာတဲ့ မြင်းလှည်းကို သတိထားမိခဲ့ကြတယ်လေ"

"အဖြူရောင်ချိုပါတဲ့ နဂါးသွေးမျိုးဆက်မြင်းက လေဟုန်စီး မြင်းလှည်းကို ဆွဲနေတာ…….ဒါတွေက သူ့ရဲ့ လှည်းကို ကိုယ်စားပြုတဲ့ အမှတ်အသားတွေပဲ"

"မင်းတို့ဘာသာလည်း ကြည့်ကြည့်ကြလေ... အောက်က မြင်းလှည်းက ဒဏ္ဍာရီလာမြင်းလှည်းရဲ့ ဖော်ပြချက်နဲ့ အတိအကျကြီးကို ကိုက်ညီနေတာ မဟုတ်ဘူးလား"

လူငယ်လေး၏ ရှင်းပြချက်ကို နားထောင်ရင်း အဖွဲ့က သူတို့၏ အကြည့်များကို မြင်းလှည်းဆီသို့ နောက်တစ်ကြိမ် ပြန်၍ပို့ဆောင်လိုက်ကြပြန်၏။ အမှန်ပင် ၎င်းမှာ သူဖော်ပြခဲ့သည့်အတိုင်း အတိအကျကို ဖြစ်နေလေသည်။

"ဒါဆိုရင် မြင့်မြတ်သောတောင်တော်က အဲဒီပုဂ္ဂိုလ်ဆီကိုလည်း ဖိတ်စာ ပို့ထားတယ်ပေါ့လေ" အဖြူရောင်ဝတ်ရုံနှင့် ဝမ်က ရေရွတ်လိုက်သည်။ သို့သော် မကြာမီမှာပင် သူက တစ်စုံတစ်ခုကို ပြန်ပြီးမှတ်မိသွားသကဲ့သို့ သူ၏ မျက်နှာထားက ပြောင်းလဲသွားတော့သည်။

"နေပါဦး၊ ဒါက မဟုတ်ဘူးလားလို့လေ။ အဲဒီတုန်းက သူက မြင့်မြတ်သောတောင်တော်နဲ့ သဘောထားကွဲလွဲခဲ့တယ်လို့ ကောလာဟလ ထွက်နေတာ မဟုတ်ဘူးလား"

"တတိယ သခင်ကြီးက သူ့ဆီမှာ အရေးနိမ့်ခဲ့ရုံတင်မကဘူး၊ သခင်ကြီးသုံးပါးလုံးက သူ့ကို တောင်ပေါ် ဖိတ်ခေါ်တာတောင် သူက ပေါ်ပေါ်တင်တင်ပဲ ငြင်းပြီး မြို့တော်မြတ်ကနေ ချက်ချင်း ထွက်သွားခဲ့တယ်လေ"

"အခုကျ ဘာလို့ မြင့်မြတ်သောတောင်တော်က သူ့ကို ဖိတ်ရတာလဲ"

"ဘာလို့လဲဟုတ်လား" ညှို့ယူဖမ်းစားနိုင်သော ဆွဲဆောင်မှုရှိသည့် လှပသော အမျိုးသမီးက သရော်လိုက်၏။ "သေချာတာပေါ့၊ သူ့ရဲ့ စွမ်းအားကြောင့်လေ။"

"အခုဆို အဲဒီပုဂ္ဂိုလ်ကို လောကမှာ အစွမ်းအထက်ဆုံးသူအဖြစ် လူသိများနေပြီလေ။ သူ့ရဲ့ ကျင့်ကြံမှုက ခန့်မှန်းလို့မရနိုင်အောင် နက်ရှိုင်းနေပြီဟာကို"

"တကယ်လို့ မြင့်မြတ်သောတောင်တော်က သူ့ကို မဖိတ်ရဲလို့ဆိုပြီး မဖိတ်ဘဲထားကြည့်ပါလား။ သူသာ အဲ့ကိစ္စကို စိတ်ဆိုးသွားမယ်ဆိုရင် အဲဒါကမှ တကယ့်ကို ကပ်ဘေးကြီး ဖြစ်သွားမှာလေ။"

အဖွဲ့က သူမ၏ စကားများကို စဉ်းစားကြည့်ရာ အတော်လေး ယုတ္တိတန်သည်ဟု ထင်မြင်သွားကြသည်။ သူ၏ လက်ရှိ စွမ်းအားနှင့် အဆင့်အတန်းအရ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ညီလာခံကြီး ကျင်းပနေချိန်တွင် သူ့ကို မဖိတ်ကြားပါက အထင်သေးခံရသည်ဟု ခံစားရနိုင်ပေ၏။ အကယ်၍ ထိုအရာက မကျေနပ်မှုတစ်ခုခုကို ဖြစ်ပေါ်စေပါက အကျိုးဆက်များကို မည်သူကမျှ ကြိုတင်မခန့်မှန်းနိုင်ပေ။

"ဒါဆို အဲဒီပုဂ္ဂိုလ်ကော တကယ်ကြီး ရောက်လာပြီလို့ ဆိုလိုတာပေါ့နော်"

ဤအခိုက်အတန့်တွင် နက်ရှိုင်းသော ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုတို့က လူတိုင်း၏ ရင်ထဲတွင် ပေါ်ပေါက်လာတော့၏။ အမှန်ပင် အမည်းရောင်ဝတ်ရုံနှင့် လူငယ်လေး ဖော်ပြခဲ့သည့်အတိုင်း ထိုပုဂ္ဂိုလ်၏ နာမည်က ပြိုင်ဘက်ကင်းသော ဩဇာတိက္ကမကို သယ်ဆောင်ထားလေသည်။

သူ့ကို ကောင်းကင်အောက်တွင် အစွမ်းအထက်ဆုံးသူအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ သူ၏ နာမည်ကို ရေရွတ်လိုက်ရုံမျှဖြင့် မရေမတွက်နိုင်သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများ၏ ရင်ထဲတွင် အကြောက်တရားနှင့် သတိထားမှုများကို ဖြစ်ပေါ်စေရန် လုံလောက်နေပေသည်။ အဆုံးတွင်တော့ ဂိုဏ်းအများစုအတွက် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော ရွှေအမြုတေ ကျင့်ကြံသူ တစ်ဦးတည်း ရှိနေခြင်းကပင် ကြီးကျယ်သော အောင်ပွဲခံစရာ အကြောင်းရင်း ဖြစ်နေပါ၏။

သို့သော် ဤပုဂ္ဂိုလ်မှာတော့ ယင်ူရွှေအမြုတေ ကျင့်ကြံသူများကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုးကို မည်သည့်အင်အားစုကမျှ လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။

"အစ်ကိုကျိယွဲ့ ကိုယ်တိုင် သွားကြိုတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။ သူက အဲဒီပုဂ္ဂိုလ်နဲ့ တော်တော်လေးကို ရင်းနှီးတယ်လို့ ကြားဖူးတယ်။ အခုကြည့်ရတာ အဲဒီကောလဟာလတွေက အခြေအမြစ်မရှိတာ မဟုတ်ဘူးပဲ"

ခဏတာ တိတ်ဆိတ်သွားပြီးနောက်၌ တစ်စုံတစ်ယောက်က အားကျမှုအနည်းငယ်ဖြင့် ရုတ်တရက် ပြောလိုက်သည်။

"ဟုတ်တယ်။ အဲဒီပုဂ္ဂိုလ် ကျုံးကျိုးကို ပထမဆုံး ရောက်လာတုန်းက ထျန်းကျီမျှော်စင်မှာ တည်းခိုခဲ့တယ်လို့ ပြောကြတယ်"

"အဲဒါကြောင့်နဲ့ပဲ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျုံးကျိုးမှာ မုန်တိုင်းတွေနဲ့ ပွက်လောရိုက်မှုတွေ ရှိခဲ့တာတောင် ထျန်းကျီမျှော်စင်ကတော့ လုံးဝကို အထိအခိုက်မရှိဘဲ ကျန်နေခဲ့တာလေ"

"အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုကတော့ သူ့ရဲ့ တည်ရှိမှုကြောင့်ပဲ"

"ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ စောစောစီးစီး အဆက်အသွယ်တည်ဆောက်နိုင်ခဲ့တာ... ထျန်းကျီမျှော်စင်က လောကမှာ သတင်းအချက်အလက်အကြွယ်ဝဆုံး ဂိုဏ်းအဖြစ် နာမည်ရတာ တကယ့်ကို ထိုက်တန်သားပဲ"

အရက်ဆိုင်ထဲရှိ ကြည့်ရှုနေသူများမှာတော့ လင်းကျိယွဲ့ နောက်သို့ မြင်းလှည်းကြီးက လိုက်ပါသွားရင်း တဖြည်းဖြည်း အဝေးသို့ ရောက်သွားကာ ပျောက်ကွယ်သွားသည်ကို ကြည့်နေကြလေသည်။ သူတို့၏ မျက်လုံးများတွင် ဖုံးကွယ်၍မရနိုင်သော အားကျမှုများဖြင့် ပြည့်နှက်နေလေ၏။

သူတို့ မတတ်နိုင်ပေ။ သူတို့အားလုံးသည် ပါရမီရှင်များ ဖြစ်ကြပြီး သက်ဆိုင်ရာ ဂိုဏ်းများ၏ ထူးချွန်သူများအဖြစ် သတ်မှတ်ခံထားရသော်လည်း ထိုပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်ပါက သူတို့မှာ လုံးဝကို သာမန်မျှသာ ဖြစ်သွားလေသည်။ သူတို့သည် တူညီသော အဆင့်အတန်းတွင်ပင် မရှိကြပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်ရှိသူ တစ်ဦးအတွက် သူထံမှ ပေါ့ပေါ့ပါးပါး လမ်းညွှန်မှု စကားတစ်ခွန်းကပင် တစ်သက်တာ အကျိုးရှိစေမည့်အရာ ဖြစ်ပေလိမ့်မည်။

သူတို့ ဘယ်လိုလုပ်ပြီး အားမကျဘဲ နေနိုင်မည်နည်း။

သို့သော် သူတို့ အားကျနေစဉ်မှာပင် ဤသတင်းအချက်အလက်ကို သက်ဆိုင်ရာ ဂိုဏ်းဌာနချုပ်များထံသို့ အလျင်အမြန် ပေးပို့လိုက်ကြသည်။ မကြာမီမှာပင် မြို့တော်မြတ်ရှိ အဓိက အင်အားစုအားလုံးနီးပါးသည် ဒဏ္ဍာရီလာ မြင်းလှည်း ရောက်ရှိလာသည့် သတင်းကြောင့် ပွက်လောရိုက်သွားကြလေတော့သည်။

"မြင့်မြတ်သောတောင်တော်က သူ့ကို တကယ်ပဲ ဖိတ်လိုက်တာလား"

"သူ ရောက်လာပြီဆိုတာ သေချာပြီလား"

"ဒီညီလာခံမှာ သူ ဘယ်လို ရပ်တည်ချက်မျိုး ယူမလဲ"

"သူက သခင်ကြီးသုံးပါးနဲ့ သဘောထားကွဲလွဲခဲ့တယ်လို့ ကြားတယ်။ ဒါက ငါတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်"

"သူ ရောက်လာပြီဆိုတော့ ငါတို့ရဲ့ အစီအစဉ်တွေကို ပြင်ဆင်ဖို့ လိုကောင်းလိုနိုင်တယ်"

"ဒါဆို သူလည်း ရောက်လာပြီပေါ့။ ဒီညီလာခံက ပိုပြီးတော့တောင် စိတ်ဝင်စားစရာကောင်းလာပြီပဲ"

"သူက အခုထိ လူငယ်လေးတစ်ယောက်ရဲ့ ရုပ်သွင်ကို ထိန်းသိမ်းထားတုန်းပဲလို့ ကြားတယ်။ ဒဏ္ဍာရီတွေထဲကအတိုင်း တကယ်ပဲ ကြောက်စရာကောင်းတဲ့ မိစ္ဆာတစ်ကောင် ဟုတ်၊ မဟုတ် ငါကိုယ်တိုင် သွားကြည့်ချင်လိုက်တာ"

...

ဒဏ္ဍာရီလာ မြင်းလှည်း ရောက်ရှိလာသည့် သတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် မြို့တွင်းရှိ အင်အားစုအသီးသီး၏ တုံ့ပြန်မှုများမှာ အမျိုးမျိုး ကွဲပြားသွားကြလေသည်။ အချို့က ကြောက်ရွံ့ကြပြီး အချို့ကတော့ သတိထားနေကြကာ အချို့မှာတော့ ရိုးရိုးရှင်းရှင်းပင် စူးစမ်းချင်စိတ် ဖြစ်နေကြ၏။ သို့သော် ကိစ္စတစ်ခုကတော့ သေချာလှပေသည်။ အင်အားစုတိုင်းက ယခုအခါ သူတို့၏ အာရုံစိုက်မှုကို ထိုမြင်းလှည်းဆီသို့ ပြောင်းလဲလိုက်ကြပြီပင်။

ထို့ကြောင့် လူအများ၏ စောင့်ကြည့်မှုအောက်တွင်ပဲ မြင်းလှည်းက လင်းကျိယွဲ့ နောက်သို့ ဖြည်းညင်းစွာ လိုက်ပါကာ ထျန်းကျီမျှော်စင်ထဲသို့ ဝင်ရောက်သွားပြီး မျက်စိအောက်မှ ပျောက်ကွယ်သွားလေတော့သည်။ အစွမ်းအထက်ဆုံး စိတ်ဝိညာဉ် အာရုံများပင်လျှင် မျှော်စင်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။ ထျန်းကျီမျှော်စင်သခင် အခြေတည်အဆင့်သို့ ခြေချပြီးကတည်းက မျှော်စင်သည် လျှို့ဝှက်ဆန်းကြယ်သော အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းခဲ့လေ၏။ ရွှေအမြုတေ ကျင့်ကြံသူများပင်လျှင် အတွင်းသို့ အလွယ်တကူ စူးစမ်းကြည့်ရှု၍ မရနိုင်တော့ပေ။

ထို့ပြင် မြင်းလှည်းထဲတွင် ထိုပုဂ္ဂိုလ် အမှန်တကယ် ပါ၊ မပါကို သေချာမသိရသေးသည့်အတွက် မည်သူက မဆင်မခြင် ပြုမူကာ သူ့ကို စူးစမ်းကြည့်ရှုဝံ့မည်နည်း။ သို့ဖြစ်၍ အဆုံးတွင်တော့ မြို့တွင်းရှိ မည်သည့် ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းကမျှ သူ အမှန်တကယ် ရောက်ရှိလာခြင်း ရှိ၊ မရှိကို တိကျသေချာစွာ အတည်မပြုနိုင်ခဲ့ကြပေ။

...

"သေချာရဲ့လား။ မဟာသခင်လေးလည်း မြို့တော်မြတ်ကို ရောက်နေပြီလား"

တိတ်ဆိတ်အေးချမ်းသော ခြံဝင်းတစ်ခုအတွင်းတွင် ဟန်လင်းရွှမ်ကလည်း ထိုသတင်းကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်ခံရရှိလိုက်လေ။

"အပြင်က ကောလဟာလတွေအရတော့ ဟုတ်ပါတယ်ဗျ။ ဒါပေမဲ့ ဘယ်သူကမှ မဟာသခင်လေးရဲ့ ပုံရိပ်ကို တိုက်ရိုက် မမြင်တွေ့ခဲ့ရပါဘူးဗျ။ ဒါပေမဲ့လည်း အဲဒီမြင်းလှည်းကတော့ သူ ကျုံးကျိုးကို ပထမဆုံး ရောက်လာတုန်းက အသုံးပြုခဲ့တဲ့ မြင်းလှည်းအစစ်ပါပဲ"

ပြန်ဖြေလိုက်သူမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ကံကောင်းခြင်းများ ရှာဖွေရန် ကျုံးကျိုးသို့ ရောက်ရှိလာခဲ့သော ရေခဲနန်းတော်မှ တပည့်တစ်ဦး ဖြစ်သည်။ သူသည် လုချင်းနှင့် သူ၏အဖွဲ့ ထွက်ခွာသွားစဉ်က ထိုမြင်းလှည်းကို မြင်ဖူးခဲ့ပါ၏။

"တကယ်လို့ အဲဒါက မဟာသခင်လေးရဲ့ မြင်းလှည်းဆိုရင် သူကိုယ်တိုင် အထဲမှာ မရှိရင်တောင်မှ အထဲမှာ ပါလာတဲ့သူတွေက သူနဲ့ နီးစပ်တဲ့သူတွေ ဖြစ်ရမယ်"

"ရှောင်ယန်လေးလည်း အဲဒီထဲမှာ ပါလာမလား မသိဘူး"

ရှင်းပြချက်ကို နားထောင်ပြီးနောက်၌ ဟန်လင်းရွှမ်၏ ဝမ်းသာနေသော မျက်နှာထားက အနည်းငယ်မျှတောင် လျော့ကျမသွားခဲ့ပေ။ တစ်ချိန်တည်းမှာပင် ဖိတ်စာရရှိချိန်၌ သူမ အဘယ်ကြောင့် ရုတ်တရက် အဆင့်တက်ရန် အခွင့်အရေးကို ခံစားခဲ့ရကြောင်းကိုလည်း သူမ နားလည်သွားတော့၏။ အကယ်၍ မဟာသခင်လေးသာ မြို့ထဲတွင် ရှိနေမည်ဆိုပါက အရာအားလုံးက လုံးဝ ယုတ္တိတန်သွားလေပြီပင်။

"ငါ သွားပြီး ရိုသေသမှုနဲ့ သွားနှုတ်ဆက်သင့်လား"

ဤအတွေးက သူမ၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမက ချက်ချင်း ပယ်ဖျက်လိုက်သည်။

"မဖြစ်ဘူး၊ အဲဒါက အဆင်မပြေဘူး။ တကယ်လို့ မဟာသခင်လေးကသာ ငါ့ကို တွေ့ချင်တယ်ဆိုရင် သူ့ရဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့တင် ငါရှိနေတာကို သူ သိပြီးနေလောက်ပြီလေ"

"သူ မခေါ်သေးဘူးဆိုတော့ အတင်းအဓမ္မ သွားတွေ့မယ်ဆိုရင် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတာပဲ အဖတ်တင်လိမ့်မယ်"

....

အခန်း ၄၆၉ ၊ အပိုင်း ၂ - ကျော်ကြားသော နာမည်၏ ဩဇာ၊ ရွှေအမြုတေအဆင့်၏ ဒုတိယမြောက် လှည့်ပတ်မှုသို့ တက်လှမ်းခြင်း

ယင်းကို တွေးမိသောအခါ ဟန်လင်းရွှမ်က သူမ၏ ခံစားချက်များကို အတင်းအဓမ္မ ဖိနှိပ်ထားလိုက်တော့၏။ သို့သော် လုချင်းတစ်ယောက် မြို့တော်မြတ်တွင် ရှိနေလောက်သည်ဟု သိထားရခြင်းက သူမကို များစွာ စိတ်သက်သာရာရစေခဲ့သည်။

ရေခဲနန်းတော်သည် မြို့တော်မြတ်သို့ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် နက်ရှိုင်းသော အကျပ်အတည်းတစ်ခုကို ခံစားခဲ့ရ၏။ မြို့တော်မြတ်ရှိ အင်အားစုများစွာသည် ယခင်က လျှို့ဝှက်နယ်မြေကြီးလေးခုအပေါ် ထားရှိခဲ့သော လေးစားမှုမျိုးကို ရေခဲနန်းတော်အပေါ် မပြသကြတော့ပေ။ အချို့က အထူးသဖြင့် မာနကြီးသူများက မထီမဲ့မြင်ပြုသော စကားများကိုပင် သွယ်ဝိုက်၍ ပြောဆိုခဲ့ကြသည်။

ဟန်လင်းရွှမ်က ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားခဲ့သော်လည်း ဖိအားမခံစားရဘူးဟု ဆိုလျှင်တော့ လိမ်ရာကျပေလိမ့်မည်သာ။ လာမည့် ညီလာခံအတွင်း အချို့သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများက ဤအခွင့်အရေးကို အသုံးချကာ ရေခဲနန်းတော်ကို ပြဿနာရှာကြလိမ့်မည်ဟုပင် သူမ ကြိုတင်သိမြင်မှုတစ်ခု ရထားလေ၏။

အစပိုင်းက သူမသည် အတော်လေးကိုမှ စိုးရိမ်ပူပန်နေခဲ့သော်လည်း ယခုတော့ ရှင်းပြ၍မရနိုင်လောက်အောင် စိတ်သက်သာရာ ရသွားလေပြီပင်။

"ဒါပေမဲ့ အဆုံးမှာတော့ ငါ့ရဲ့ စွမ်းအားက အားနည်းလွန်းလို့ပဲ။ တကယ်လို့ ငါသာ ရွှေအမြုတေအဆင့်ကို ခြေချနိုင်မယ်ဆိုရင် ဒီပြဿနာအားလုံးက အလွယ်တကူနဲ့ ပြေလည်သွားမှာပဲ"

သူမ၏ စိတ်များ သက်သာရာရသွားသည်နှင့်အမျှ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုက ဟန်လင်းရွှမ်၏ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ သူမ၏ တပည့်များကို အနားယူခွင့်ပြုလိုက်ပြီးနောက်၌ သူမက မျက်လုံးများကို မှိတ်ကာ တရားထိုင်သည့် အခြေအနေသို့ ဝင်ရောက်သွားလေသည်။

သူမ ခံစားသိရှိနိုင်ပါ၏။ နောက်ထပ် နည်းနည်းလေးဆိုလျှင် သူမ ထိုနယ်နိမိတ်ကို ထိတွေ့နိုင်တော့မည်ပင်။

...

"သခင်လေး ကျိယွဲ့... လုသခင်လေး ဘယ်မှာလဲ"

ထျန်းကျီမျှော်စင်တွင် ဝေ့ရှန်ဟိုင်က မြင်းလှည်းပေါ်မှ ဆင်းသည်နှင့် ချက်ချင်း မေးလိုက်သည်။ သူ၏ဘေးတွင် မာကူးအပြင် ဝေ့ကျိအန်းနှင့် ဝေ့ကျိဟောက် ညီအစ်ကို နှစ်ယောက်လည်း ရှိနေကြ၏။ အခြားသူများဖြစ်သည့် ဝေ့ရှင်းဟယ်မှာတော့ မိသားစု ကိစ္စများကို ကြီးကြပ်ရန်အတွက် ဝေ့အိမ်တော်တွင် ကျန်ရစ်ခဲ့ရပြီး ဟူဇယ်ကျိမှာလည်း အဆင့်တက်ရန် နီးစပ်နေသဖြင့် တံခါးပိတ်ကျင့်ကြံမှုထဲသို့ ဝင်ရောက်နေလေသည်။ ထို့ကြောင့် သူတို့ လေးယောက်တည်းသာ မြို့တော်မြတ်သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

"လုသခင်လေးက လောလောဆယ် မြင့်မြတ်သောတောင်တော်ပေါ်မှာ တံခါးပိတ်ကျင့်ကြံနေပါတယ်ဗျ" လင်းကျိယွဲ့က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "တကယ်လို့ အရေးတကြီး ကိစ္စရှိတယ်ဆိုရင် ကျွန်တော် သတင်းစကားပါးပေးလို့ ရပါတယ်ဗျ"

"မဟုတ်ဘူး၊ မလိုပါဘူး" ဝေ့ရှန်ဟိုင်က အလျင်အမြန် လက်ကာပြလိုက်သည်။

သူတို့က လုချင်း၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်ဝံ့ပေ။ သူ ဒီမှာရှိနေသည်ဟု သိရခြင်းကပင် လုံလောက်နေပြီ ဖြစ်၏။ ထိုအသိတစ်ခုတည်းကပင် သူတို့ကို ကြီးမားသော လုံခြုံမှုခံစားချက်ကို ပေးစွမ်းနေလေ၏။

"ဒါဆိုရင်လည်း ဝေ့ချန်ပေ့... ဒီမှာ လွတ်လွတ်လပ်လပ် နေလို့ရပါတယ်ဗျ။ ဒါပေမဲ့ နောက်ရက်ပိုင်းလောက်ကျ အပြင်ထွက်တာကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ မြို့က အခုလောလောဆယ် အတော်လေးကို ပရမ်းပတာ ဖြစ်နေတယ်လေ" လင်းကျိယွဲ့က သတိပေးလိုက်သည်။

"နားလည်ပါပြီ" ဝေ့ရှန်ဟိုင်နှင့် အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြ၏။

အမှန်တကယ်တော့ သူတို့ ဒီကိုလာရာလမ်းမှာကတည်းက ပုံမှန်မဟုတ်သော လေထုကို ခံစားမိခဲ့ပြီး ဖြစ်သည်။ လုချင်း၏ အစီအရင်များဖြင့် အားဖြည့်ထားသော မြင်းလှည်းသည် ပြင်ပမှ စိတ်ဝိညာဉ် အာရုံစူးစမ်းမှုများကို ပိတ်ဆို့နိုင်ရုံသာမက ပတ်ဝန်းကျင်ရှိ နှောင့်ယှက်မှုများကိုပါ သိရှိနိုင်အောင် သူတို့ကို ခွင့်ပြုပေးထားလေ၏။ သူတို့၏ ခရီးစဉ်တစ်ခုတည်းမှပင် မြို့တော်မြတ်သည် သူတို့ထက် များစွာ သာလွန်သော အရှိန်အဝါရှိသည့် အစွမ်းထက် ပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေကြောင်း သူတို့ သိရှိနိုင်ခဲ့ပါ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့က မဆင်မခြင် လျှောက်သွားရန် မသင့်တော်ကြောင်း သဘာဝကျကျ နားလည်ထားကြလေသည်။

...

ဝေ့ရှန်ဟိုင်နှင့် အခြားသူများ ထျန်းကျီမျှော်စင်တွင် နေရာချထားစဉ် မြင့်မြတ်သောတောင်တော်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များ လျှံကျနေသော ဂူတစ်ခုအတွင်း၌ လုချင်းက သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။

သူ၏ အကြည့်တွင် နတ်ဘုရား အလင်းတန်းတစ်ခု တဖျပ်ဖျပ် လက်သွားပြီး ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေခဲ့၏။ သို့သော် မကြာမီမှာပင် ၎င်းကို ပြန်၍ဖုံးကွယ်လိုက်လေသည်။ ထို့နောက်၌ သူ၏ မျက်နှာပေါ်တွင် မှေးမှိန်သော အပြုံးတစ်ခု ပေါ်လာ၏။

"နောက်ဆုံးတော့ ရွှေအမြုတေအဆင့်ရဲ့ ဒုတိယမြောက် လှည့်ပတ်မှုကို တက်လှမ်းနိုင်ခဲ့ပြီပဲ"

သူ၏ ခန္ဓာကိုယ်အတွင်း ဟောက်သံပေးနေသော မြစ်ကြီးတစ်စင်းပမာ စီးဆင်းနေသည့် အကန့်အသတ်မဲ့ မှော်စွမ်းအားများကို ခံစားရင်း လုချင်းက စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

တစ်လတိတိ။

သူသည် ဤဂူထဲတွင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ တစ်လတိတိ ရှိခဲ့လေပြီပင်။ အစပိုင်းက မြင့်မြတ်သောတောင်တော်၏ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များနှင့်ဆိုလျှင် အဆင့်တက်ရန် လျင်မြန်မည်ဟု သူ ထင်ခဲ့မိ၏။ သို့သော် မမျှော်လင့်ထားစွာဖြင့် နောက်တစ်ဆင့်သို့ ရောက်ရန် တစ်လတိတိတောင် အချိန်ယူခဲ့ရပါသေး၏။

ပြည့်စုံသော ရွှေအမြုတေ၏ စွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ အထက်တန်းအဆင့် ရွှေအမြုတေထက်ပင် များစွာ ပို၍အစွမ်းထက်လေ၏။ သို့သော် ၎င်းက ပြီးပြည့်စုံလွန်းနေသည့်အတွက်ကြောင့်ပင် ရှေ့ဆက်တက်လှမ်းရန် အလွန် ခက်ခဲနေခြင်း ဖြစ်သည်။ အဆင့်တစ်ဆင့် တက်ရန်အတွက် ကြီးမားလှသော အရင်းအမြစ်များ လိုအပ်ပေ၏။

လုချင်းက အစပိုင်းတွင် မြင့်မြတ်သောတောင်တော်၏ ဂူက သူ့ကို ရွှေအမြုတေအဆင့်၏ တတိယမြောက် အလှည့်အပြောင်းထက် ကျော်လွန်အောင် ကျင့်ကြံခွင့်ပေးလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ယခုမူကား သူ သိပ်မသေချာတော့ပေ။

"ဘာပဲဖြစ်ဖြစ်ပါလေ၊ တစ်ဆင့်ပြီးတစ်ဆင့် သွားတာပေါ့။ လူတစ်ယောက်က အရမ်းကြီးလောဘမကြီးသင့်ဘူးမလား။ အစွမ်းထက်တဲ့ ရွှေအမြုတေကိုလည်း လိုချင်တယ်၊ လွယ်ကူတဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကိုလည်း လိုချင်တယ်ဆိုတာမျိုးပေါ့။ လောကမှာ အဲဒီလောက် ကံကောင်းမှုမျိုးက ရှိမှမရှိတာ"

ခဏတာ တွေးတောပြီးနောက်၌ လုချင်းက သူ၏ စိတ်ထားကို ပြင်ဆင်လိုက်ပြီး မတ်တတ်ရပ်လိုက်တော့သည်။ သူ၏ ခန့်မှန်းချက်များအရ ညီလာခံမှာ ရက်အနည်းငယ်သာ လိုတော့၏။ ယခု သူ အဆင့်တက်သွားပြီဖြစ်ရာ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံနေခြင်းက များစွာ တိုးတက်မှု ရှိတော့မည် မဟုတ်ပေ။ အပြင်ထွက်ပြီး သူ၏ စိတ်ကို ရှင်းလင်းလိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။

အဆုံးတွင်တော့ သူသည် မြင့်မြတ်သောတောင်တော်ပေါ်တွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီဖြစ်သော်လည်း ၎င်းကို သေသေချာချာ လေ့လာရန် အခွင့်အရေး မရခဲ့သေးပေ။

ဂူထဲမှ ထွက်လာပြီးနောက် လုချင်းက တောင်ပေါ် ရှုခင်းများကို ကြည့်ရှုရင်း ကြုံရာကျပန်း ဦးတည်ချက်တစ်ခုသို့ လျှောက်သွားလိုက်လေ၏။ မြင့်မြတ်သောတောင်တော်သည် ဤကမ္ဘာတွင် အကြီးမားဆုံး တောင်ကြီးဖြစ်ပြီး တိုင်းတာ၍မရနိုင်လောက်အောင် ကျယ်ပြန့်ကာ ကြီးကျယ်ခမ်းနားလှပေသည်။ ၎င်း၏ ဧရာမ အရွယ်အစားကြီးက တောင်ခြေရှိ မြို့တော်မြတ်ကိုပင် သေးငယ်သွားစေပါ၏။ ထို့ကြောင့် တောင်ပေါ်ရှိ ရှုခင်းများမှာ အသက်ရှူမှားလောက်အောင် လှပလှပေသည်။

မျောလွင့်နေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေတံခွန်များ၊ နှစ်တစ်ထောင် သက်တမ်းရှိ ရှေးဟောင်း သစ်ပင်ကြီးများက နေရာတိုင်းတွင် ရှိနေလေသည်။ လမ်းတစ်လျှောက်တွင် လုချင်းသည် ရှားပါး ဝိညာဉ်ဆေးပင်များနှင့် ပစ္စည်းအမျိုးမျိုးကိုပင် တွေ့ရှိခဲ့သေးပါ၏။ သူ၏ သိချင်စိတ် ပြင်းပြမှုကြောင့် အချို့ကို မကောက်ယူဘဲ မနေနိုင်ခဲ့ရာ သူ၏ ကောင်းကင်နှင့်မြေကြီးချီအိတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။

မကြာမီက သူ့ဆရာဖြစ်သူမှာ ဝိညာဉ်စွမ်းအင်များ ပိုမိုကြွယ်ဝလာသည်နှင့်အမျှ တောင်ပေါ်ရှိ အဆိပ်ရှိသော သတ္တဝါများ၊ အဆိပ်ရှိ အင်းဆက်များနှင့် မြွေများမှာ စိုးရိမ်ဖွယ်ရာနှုန်းထားဖြင့် မျိုးဗီဇပြောင်းလဲနေကြကြောင်း ညည်းတွားခဲ့လေသည်။ သူတို့ သယ်ဆောင်လာသော အဆိပ်များမှာ ပို၍ပင်ပြင်းထန်လာနေ၏။ သူ့ဆရာ၏ ဆေးပညာ ကျွမ်းကျင်မှုဖြင့်ပင် ယင်းအဆိပ်သစ်များကို ဖြေရှင်းရန် ပိုပို၍ ခက်ခဲလာနေပါ၏။

မကြာသေးမီကပင် ရွာသားတစ်ဦးသည် အဆိပ်ပြင်း ပင့်ကူတစ်ကောင် ကိုက်ခံခဲ့ရ၏။ အကယ်၍ သူတို့သာ နည်းနည်းလေး နောက်ကျသွားပါက ထိုလူမှာ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထိုအချိန်ကပင် သူ့ဆရာ ဖော်စပ်ထားသော ဖြေဆေးမှာ ပင့်ကူ၏ အဆိပ်ကို အပြည့်အဝ ခြေဖျက်ရန် လုံလောက်သော အစွမ်းမရှိခဲ့ချေ။ အဆုံးတွင်တော့ လုချင်းက ရွာသားကို ကယ်တင်ရန် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့ရတော့၏။

သို့သော် ကုသရန်အတွက် ဝိညာဉ်စွမ်းအားကို အသုံးပြုခြင်းမှာ ယာယီ ဖြေရှင်းနည်းမျှသာ။ ၎င်းသည် ကျယ်ပြန့်သော အဖြေတစ်ခုတော့ မဟုတ်ပေ။ ဆေးပညာ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ သာမန်လူများကို ကုသရန်နှင့် အသက်ကယ်ရန်အတွက် စွမ်းအားပေးရန် ဖြစ်သည်။ ထို့ကြောင့် ဤအကျပ်အတည်းကို ဖြေရှင်းရန်အတွက် သူတို့သည် ပိုမိုထိရောက်သော ဖြေဆေးတစ်ခုကို တီထွင်ရန် လိုအပ်လေသည်။

ကံမကောင်းစွာဖြင့် ကျယ်ပြန့်သော သုတေသနများ ပြုလုပ်ခဲ့သော်ငြား သူ၏ဆရာသည် အကောင်းဆုံးသော ဖော်မြူလာတစ်ခုကို မတီထွင်နိုင်သေးပေ။ ယခု မြင့်မြတ်သောတောင်တော်ပေါ်တွင် မှတ်တမ်းမတင်ရသေးသော ဆေးပင်များက ပေါပေါများများ ပေါက်ရောက်နေသည်ကို မြင်သောအခါ၌ လုချင်းမှာ ၎င်းတို့ကို မကောက်ယူဘဲ မနေနိုင်တော့ချေ။ သူ ပြန်ရောက်သွားပါက ၎င်းတို့ကို လေ့လာရန်အတွက် သူ့ဆရာထံသို့ ပေးအပ်မည် ဖြစ်သည်။ အဘိုးအိုမှာလည်း သေချာပေါက်ကို ဝမ်းသာသွားပေလိမ့်မည်ပင်။

သို့ဖြစ်၍ လုချင်းက လျှောက်သွားရင်း လမ်းတစ်လျှောက်တွင် ဆေးပင်များကို ကောက်ယူခဲ့လေသည်။ မသိမသာဖြင့် သူသည် သိပ်သည်းသော သစ်တောတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့၏။

ရုတ်တရက် အရှေ့ဘက်မှ ထွက်ပေါ်လာသော ထက်မြက်လှသည့် အရှိန်အဝါတစ်ခုကို သူ ခံစားလိုက်ရသည်။ ၎င်းတွင် ပြင်းထန်သော ဓားရည်ရွယ်ချက် ပါဝင်နေလေ၏။ ဓားတာအို၏ စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးက ချောက်ကမ်းပါးပေါ်တွင် လေ့ကျင့်နေသကဲ့သို့ ခံစားရလေသည်။

စိတ်ဝင်စားသွားသဖြင့် လုချင်းကလည်း ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့၏။ သစ်တောထဲမှ ထွက်လာသောအခါ သူသည် မြူများ ဖုံးလွှမ်းနေသော ပွင့်လင်းသည့် ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိသွားတော့သည်။ သူ၏ရှေ့တွင်တော့ ကျယ်ပြောလှသော ချောက်ကမ်းပါးကြီးတစ်ခု ရှိနေပါ၏။ ထို့ပြင် ထိုချောက်ကမ်းပါး၏ အစွန်းတွင် လူရိပ်အချို့က ပြင်းထန်သော ဓားရေးလေ့ကျင့်မှုများကို ပြုလုပ်နေကြလေသည်။

ထူးဆန်းသည်မှာ ဤလူရိပ်များအားလုံးက တူညီသော ရုပ်သွင်များ ရှိနေကြခြင်းပင်။ တစ်ယောက်ချင်းစီတိုင်းက တတိယ သခင်ကြီး၏ မျက်နှာကို ပိုင်ဆိုင်ထားကြပါ၏။

....

အခန်း ၄၇၀ ၊ အပိုင်း ၁ - ရုပ်သေးရုပ်များ၊ ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်နှင့် ညီလာခံ စတင်ခြင်း

"တတိယ သခင်ကြီး" ၏ လူရိပ်များစွာကို တစ်ပြိုင်နက်တည်း မြင်လိုက်ရသောအခါ၌ လုချင်းခင်မျာ ခဏတာ မှင်သက်သွားရသည်။

သို့သော် ဤလူရိပ်များသည် အသက်ရှင်နေသော စစ်မှန်သည့် သတ္တဝါများ မဟုတ်ကြောင်း သူ လျင်မြန်စွာဖြင့် သဘောပေါက်သွားလေ၏။ ယင်းအစား သူတို့သည် မြို့တော်မြတ်သို့ သူ ပထမဆုံး ရောက်ရှိစဉ်က တွေ့ကြုံခဲ့ရသော "တတိယ သခင်ကြီး" နှင့် တူညီကြသည့် ရုပ်သေးရုပ်များသာ ဖြစ်ကြသည်။

"ရုပ်သေးရုပ်တွေပဲ" လုချင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားလေသည်။

ထိုအချိန်တွင် ဓားကျင့်စဉ်များကို လေ့ကျင့်နေခဲ့သော တတိယ သခင်ကြီးက သူ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ရာ အနီးအနားတွင် ရပ်နေသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ အံ့အားသင့်သွားသော်လည်း လုချင်းဖြစ်ကြောင်း မှတ်မိသွားသောအခါမှသာ စိတ်အေးသွားလေတော့သည်။

"ဂါရဝပြုပါတယ် တာအိုဆရာလေးလု"

တတိယ သခင်ကြီးက သူ၏ ဓားလေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။ ရုပ်သေးရုပ်များစွာမှာ လှုပ်ရှားမှုမရှိဘဲ ကျန်ရစ်နေခဲ့ပြီး သူ၏ တကယ့်ခန္ဓာကိုယ်က လုချင်းကို နှုတ်ခွန်းဆက်ရန် ရှေ့သို့ ထွက်လာသည်။

အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း သူ၏ ရင်ထဲတွင်တော့ တုန်လှုပ်နေဆဲပင်။ လုချင်း၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ကြောင်း ထင်ရှားလှပေသည်။ သို့တိုင်အောင် ဤမျှ နီးကပ်နေသည့်တိုင် တတိယ သခင်ကြီးမှာ လုချင်း ရှိနေကြောင်းကို လုံးဝ မသိရှိခဲ့ချေ။ ဤအချက်က သူတို့ကြားရှိ စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်သော စွမ်းအားကွာဟချက်ကို ရှင်းလင်းစွာ ပြသနေပါ၏။

"ဒါက အထက်တန်းအဆင့် ဝိညာဉ်စွမ်းအားရှိတဲ့ ရွှေအမြုတေရဲ့ စွမ်းအားကြောင့်များလား" တတိယ သခင်ကြီးက တွေးတောမိလေသည်။

ဝိညာဉ်စွမ်းအား ရွှေအမြုတေများကို အဆင့်သုံးဆင့် ခွဲခြားထားကြောင်း သိရှိပြီးကတည်းက သခင်ကြီးသုံးပါးသည် လုချင်းက မည်သည့်အဆင့် ရွှေအမြုတေကို ဖန်တီးခဲ့သနည်းဟု သီးသန့် ဆွေးနွေးခဲ့ကြသည်။ သူတို့၏ နောက်ဆုံး ကောက်ချက်ချမှုမှာ လုချင်း၏ ရွှေအမြုတေသည် အနည်းဆုံး အလယ်အလတ်အဆင့်၏ အမြင့်ပိုင်း သို့မဟုတ် စစ်မှန်သော အထက်တန်းအဆင့် ဖြစ်ရမည်ဟူ၍ ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့အားလုံးသည် အချိန်တစ်ခုတည်းလောက်မှာ ကောင်းကင်အတိဒုက္ခများကို ကျော်ဖြတ်ပြီး ရွှေအမြုတေအဆင့်သို့ ဝင်ရောက်ခဲ့ကြသော်လည်း ဤမျှလောက် လွှမ်းမိုးနိုင်လွန်းသည့် စွမ်းအားကွာဟချက်မျိုး ရှိနေစရာ အကြောင်းမရှိပေ။

"ချန်ပေ့ရဲ့ ဓားပညာက သိသိသာသာ တိုးတက်လာပုံရတယ်" လုချင်းက ပြုံးလျက် မှတ်ချက်ချလိုက်၏။

ယခုလေးတင် တတိယ သခင်ကြီး ပြသခဲ့သော ဓားအသိတွင် ယခင်က လုချင်း ပြသခဲ့သော ဓားချက်၏ အနှစ်သာရ အနည်းငယ် ပါဝင်နေသည်ကို သူ ခံစားမိလိုက်၏။ လွန်ခဲ့သော တစ်လတာကာလအတွင်း တတိယ သခင်ကြီးသည် သူ၏ ဓားပညာကို ကြိုးစားပမ်းစား သန့်စင်နေခဲ့ကြောင်း ထင်ရှားလှပေသည်။

"တာအိုဆရာလေးလု ရေးထွင်းပေးခဲ့တဲ့ ဓားအသိကြောင့်လို့ပဲ ဆိုရ‌မှာပေါ့။ အဲဒီကနေ ကျုပ် အများကြီး သင်ယူခဲ့ရပါတယ်" တတိယ သခင်ကြီးက ရိုးသားစွာ အသိအမှတ်ပြုလိုက်သည်။

"ဓားအသိက ရည်ညွှန်းချက်အဖြစ်ပဲ သုံးလို့ရတာပါဗျ။ ချန်ပေ့က သိမြင်နားလည်မှုတွေ ရယူပြီး ကိုယ်ပိုင်လမ်းကြောင်းထဲကို ပေါင်းစပ်နိုင်ခဲ့တယ်ဆိုတာက ချန်ပေ့မှာ ဓားတာအိုနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ နားလည်မှု ရှိတယ်ဆိုတာ ပြနေတာလေ"

တတိယ သခင်ကြီး၏ နာမည်ရင်းမှာ ပိုင်ချင်းဖုန်း ဖြစ်သည်။ ထိုသည်မှာ မြို့တော်မြတ်သို့ လုချင်း ပထမဆုံး ရောက်ရှိစဉ်က သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ သိရှိထားသော အချက်အလက်တစ်ခု ဖြစ်သည်။ အချိန်အတန်ကြာ စကားပြောပြီးနောက် လုချင်းက သူ၏ အကြည့်ကို ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသော လူရိပ်များထံသို့ ထပ်မံပြောင်းလိုက်တော့၏။

"ချန်ပေ့... ဒါတွေက ချန်ပေ့ရဲ့ ရုပ်သေးရုပ်တွေလား"

တတိယ သခင်ကြီးက အံ့အားသင့်သွားသည်။ "တာအိုဆရာလေးလုက ရုပ်သေးရုပ်တွေကိုလည်း သိတာပဲလား"

"ကျွန်တော် ကြားတော့ကြားဖူးပေမဲ့ သိပ်တော့ မသိပါဘူးဗျ။ အရင်က ချန်ပေ့ ကျွန်တော်နဲ့ တိုက်ခိုက်ခဲ့တုန်းက အဲဒါက ဒီရုပ်သေးရုပ်တွေထဲက တစ်ခု ဖြစ်ရမယ် မဟုတ်လား" လုချင်းက ရယ်မောလိုက်သည်။

"တာအိုဆရာလေးလုရဲ့ မျက်စိက တကယ့်ကို ထက်မြက်တာပဲ" တတိယ သခင်ကြီးက အားကျစွာဖြင့် ဝန်ခံလိုက်၏။

ထိုအချိန်တုန်းက လုချင်းသည် မွေးရာပါနယ်ပယ်သို့ စတင်ခြေချခါစမျှသာ ဖြစ်ပြီး တတိယ သခင်ကြီး၏ အဆင့်အောက် များစွာ နိမ့်ကျနေခဲ့သည်။ သို့တိုင်အောင် သူသည် ရုပ်သေးရုပ်ကို ဖောက်ထွင်းမြင်နိုင်ခဲ့လေ၏။ လုချင်းက လူရိပ်များကို သေသေချာချာ စူးစမ်းကြည့်ရှုနေသည်ကို မြင်သောအခါ၌ တတိယ သခင်ကြီးက မမေးမီ ခဏတာ တွေဝေသွားလေသည်။

"တာအိုဆရာလေးလုက ရုပ်သေးတာအိုကို စိတ်ဝင်စားလို့လား"

"ဟုတ်ဗျ၊ စိတ်ဝင်စားပါတယ်" လုချင်းက မငြင်းဆိုခဲ့ပေ။ "ရုပ်သေးတာအိုက တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတယ်။ အထူးသဖြင့် ဝိညာဉ်နဲ့ သက်ဆိုင်တဲ့ ကျင့်စဉ်တွေကို အသုံးချတဲ့ နေရာမှာပေါ့"

တတိယ သခင်ကြီးက ရုပ်သေးရုပ်များစွာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ကာ သူ့ကိုယ်သူ ဓားရေးလေ့ကျင့်နေသည်ကို ကြည့်ရခြင်းမှာ လုချင်းအတွက် အလွန် ဆန်းသစ်နေလေ၏။ ခဏတာ တွေးတောပြီးနောက်၌ တတိယ သခင်ကြီးက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

"တာအိုဆရာလေးလု... ဒီကျောက်စိမ်းပြားထဲမှာ ကောင်းကင်ရုပ်သေးဂိုဏ်းရဲ့ ရှေးဟောင်း အမွေအနှစ် တစ်စိတ်တစ်ပိုင်း ပါပါတယ်"

"အဲဒီထဲမှာ ရုပ်သေးရုပ်တွေ ဖန်တီးတဲ့ နည်းလမ်းတွေရော၊ သူတို့ကို ထိန်းချုပ်တဲ့ ကျင့်စဉ်တွေရော ပါပါတယ်"

"မင်း စိတ်ဝင်စားနေမှတော့ အဲဒါကို ယူပြီး လေ့လာကြည့်ပါလား"

လုချင်း အံ့အားသင့်သွား၏။ "ချန်ပေ့... ဒါက တကယ်ပဲ သင့်တော်ရဲ့လား‌ဗျ"

"ယဉ်ကျေးနေစရာ မလိုပါဘူးကွာ။ ရုပ်သေးတာအိုရဲ့ အမွေအနှစ်က တန်ဖိုးရှိတယ်ဆိုပေမဲ့ တာအိုဆရာလေးလုက ကျုပ်နဲ့ ကျုပ်ရဲ့ အစ်ကိုတွေကို ပေးခဲ့တဲ့ လမ်းညွှန်မှုတွေနဲ့ ယှဉ်ရင်တော့ ဘာမှမဖြစ်စလောက်လေးပါပဲ။ အဲ့တာကြောင့် တွေဝေမနေဘဲ ယူလိုက်ပါ"

တတိယ သခင်ကြီး၏ စကားများမှာ ယဉ်ကျေးမှုသက်သက် မဟုတ်ဘဲ ရင်ထဲမှ လာခြင်း ဖြစ်လေသည်။ ပြီးခဲ့သောလက လုချင်း၏ အကြံဉာဏ်ကို ရရှိပြီးကတည်းက သခင်ကြီးသုံးပါးသည် သူတို့၏ ကျင့်ကြံခြင်းတွင် ကြီးမားလှသော အောင်မြင်မှုများကို ကိုယ်စီရရှိခဲ့ကြ၏။ သူတို့၏ တိုးတက်မှုမှာ အဟန့်အတားမရှိ ရှင်းလင်းပြတ်သားနေပြီး သူတို့၏ လမ်းကြောင်းပေါ်တွင် မည်သည့် အတားအဆီးမျှ မရှိတော့ပေ။

အမှန်တကယ်တော့ သူတို့၏ အစ်ကိုကြီးမှာ မကြာသေးမီကပင် ရွှေအမြုတေ ပထမ အသွင်ပြောင်းခြင်း၏ အောင်မြင်မှုအကြီးစားအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် ရွှေအမြုတေ ပထမ အသွင်ပြောင်းခြင်း၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် သိပ်မဝေးတော့ပေ။

ထို့ကြောင့် သခင်ကြီးသုံးပါးသည် လုချင်း၏ လမ်းညွှန်မှုက မည်မျှ အဖိုးတန်ကြောင်းကို နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။ လုချင်း၏ သိမြင်နားလည်မှုများဖြင့်ဆိုလျှင် ကြီးမားသော အခက်အခဲများ မရှိဘဲ ရွှေအမြုတေ တတိယ အသွင်ပြောင်းခြင်းအထိ သူတို့ ကျင့်ကြံနိုင်လိမ့်မည်ဟုပင် သူတို့ ယုံကြည်ထားကြလေသည်။

တတိယ သခင်ကြီး၏ စကားများရှိ ရိုးသားမှုက လုချင်းကို ခဏတာလောက် တိတ်ဆိတ်သွားစေခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် သူက ပြုံးလိုက်ပြီး ကျောက်စိမ်းပြားကို ယူလိုက်တော့သည်။ "ဒါဆိုရင်တော့ ကျွန်တော် ကျေးဇူးတင်စွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်ဗျ"

တတိယ သခင်ကြီး၏ စစ်မှန်သော ကမ်းလှမ်းချက်ကြောင့် ထပ်မံတွေဝေနေခြင်းက ဟန်ဆောင်နေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် လုချင်းသည် ရုပ်သေးတာအိုကို အမှန်တကယ် စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်၏။

လုချင်းက ကျောက်စိမ်းပြားအား လက်ခံလိုက်သည်ကို မြင်သောအခါ တတိယ သခင်ကြီးကလည်း ပြုံးလိုက်သည်။ လူအချင်းချင်းကြားရှိ စစ်မှန်သော ဆက်ဆံရေးများကို တစ်ဖက်သတ် ပေးခြင်း သို့မဟုတ် ယူခြင်းအပေါ်တွင် တည်ဆောက်၍မရနိုင်ပေ။ အပြန်အလှန် ဖလှယ်မှုများမှတစ်ဆင့်သာ ၎င်းတို့ကို ထိန်းသိမ်းထားနိုင်ပေသည်။

အချိန်အတန်ကြာ စကားပြောပြီးနောက်၌ လုချင်းက တတိယ သခင်ကြီး၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်လိုတော့သဖြင့် နှုတ်ဆက်ထွက်ခွာလာခဲ့လိုက်တော့သည်။

သူ၏ ဂူသို့ ပြန်ရောက်သောအခါ လုချင်းက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ ထို့နောက်၌ သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်ပြီး ကျောက်စိမ်းပြားကို ဖတ်ရှုလိုက်ရာ မကြာမီမှာပင် မှေးမှိန်သော ခရမ်းရောင် ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခုက ကျောက်စိမ်းပြားမှ ထွက်ပေါ်လာတော့သည်။

ထို့ပြင် အချက်အလက် စာကြောင်းများကလည်း သူ၏ မျက်စိရှေ့တွင် ပေါ်လာ၏။

[အမွေအနှစ် ကျောက်စိမ်းပြား - ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို မှတ်တမ်းတင်ထားသော အထူး ကျောက်စိမ်းပြားတစ်ခု။]

[ဤကျောက်စိမ်းပြားတွင် ကောင်းကင်ရုပ်သေးဂိုဏ်း၏ အမွေအနှစ် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။]

[ကောင်းကင်ရုပ်သေးဂိုဏ်းသည် ရုပ်သေးရုပ်များကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် လူသိများပြီး ရှေးဟောင်း မသေမျိုးခေတ်တွင် ထူးခြားသော ဂိုဏ်းတစ်ခု ဖြစ်ခဲ့သည်။]

[အမွေအနှစ်ကို ရှာဖွေတွေ့ရှိသည်။ ဒေါင်းလုဒ်ဆွဲကာ ပုံဖော်၍ လေ့လာမည်လား။]

ဖော်ပြထားသော အချက်အလက်များကို ဖတ်ပြီးနောက် လုချင်းက ဒေါင်းလုဒ်ဆွဲရန် ချက်ချင်းပင် ရွေးချယ်လိုက်တော့၏။

[ဒေါင်းလုဒ်ဆွဲနေပါသည်... လက်ရှိ တိုးတက်မှု...]

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက်တွင်တော့ နတ်မျက်စိစွမ်းရည်၏ အချက်ပြချက်က ဒေါင်းလုဒ်ဆွဲခြင်းနှင့် ပုံဖော်ခြင်း ပြီးစီးကြောင်း ညွှန်ပြလာလေသည်။

[လေ့လာခြင်းကို စတင်မည်လား။]

လုချင်းကလည်း တွေဝေခြင်းမရှိဘဲ ဟုတ်ကဲ့ကို ရွေးချယ်လိုက်သည်။ နောက်တစ်ခဏတွင်တော့ လွှမ်းမိုးနိုင်လွန်းလှသော သိမြင်နားလည်မှုများနှင့် အသိပညာ ရေလှိုင်းကြီးတစ်ခုက သူ့စိတ်ထဲသို့ ဝင်ရောက်လာတော့သည်။ လုချင်းကလည်း မျက်လုံးများကို မှိတ်ကာ အချက်အလက်များကို တိတ်ဆိတ်စွာ စုပ်ယူလိုက်ပါ၏။

အချိန်အတော်ကြာပြီးနောက်တွင်တော့ သူ မျက်လုံးကိုပြန်ဖွင့်လိုက်လေရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလေတော့၏။

"ကောင်းကင်ရုပ်သေးဂိုဏ်းရဲ့ အမွေအနှစ်က တကယ့်ကို ဩချလောက်စရာပါလားနော်"

တတိယ သခင်ကြီး ပြောခဲ့သည့်အတိုင်း ကျောက်စိမ်းပြားတွင် ဂိုဏ်း၏ အမွေအနှစ် တစ်စိတ်တစ်ပိုင်းသာ ပါဝင်လေသည်။ ၎င်းတွင် အဓိကအားဖြင့် ရုပ်သေးရုပ်များ ဖန်တီးသည့် နည်းလမ်းများနှင့် သူတို့ကို ထိန်းချုပ်သည့် ကျင့်စဉ်များကိုသာ ဖော်ပြထားပါ၏။ သို့သော် ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသော အမြင့်ဆုံးအဆင့် ရုပ်သေးရုပ်များမှာ အငယ်တန်းအဆင့် ရွှေအမြုတေအဆင့်သာ ရှိလေသည်။

ထို့ပြင် ရုပ်သေးရုပ်တစ်ခုချင်းစီကို ဖန်တီးရာတွင် ရှားပါး ပစ္စည်းအမြောက်အမြား လိုအပ်ပါ၏။ အကယ်၍ လုချင်းက ယခုချိန် တစ်ခုလောက် ဖန်တီးချင်သည်ဆိုလျှင်တောင်မှ လိုအပ်သော အရင်းအမြစ်များက သူ့ထံတွင် မရှိနေပေ။ ထို့ကြောင့် အသိပညာများကို အကြမ်းဖျင်း နားလည်ပြီးနောက်၌ နောက်မှ ဆက်လက်လေ့လာရန်အတွက် ၎င်းကို ဘေးဖယ်ထားလိုက်တော့၏။

သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သောအရာမှာ ရုပ်သေးများကို ထိန်းချုပ်သည့် ကျင့်စဉ်ပင် ဖြစ်သည်။ ကောင်းကင်ရုပ်သေးဂိုဏ်း၏ ရုပ်သေးထိန်းချုပ်မှု နည်းလမ်းသည် အခြေခံအားဖြင့် စိတ်ဝိညာဉ် ကျင့်စဉ်တစ်ခု ဖြစ်၏။ ၎င်းကို ထူးခြားစေသောအရာမှာ ကျင့်ကြံနေကြလေ့ရှိသော ဝိညာဉ်ကျင့်စဉ် နည်းလမ်းများနှင့် မည်သို့ ကွာခြားသနည်း ဆိုခြင်းပင်။

...

အခန်း ၄၇၀ ၊ အပိုင်း ၂ - ရုပ်သေးရုပ်၊ ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်၊ မြင့်မြတ်သောညီလာခံ စတင်ခြင်း

ထိုကျင့်စဉ်အရ ပထမဦးစွာ မျက်ခုံးနှစ်ခုကြားရှိ စွမ်းအင်အချက်အချာ‌နေရာအတွင်းမှ ဝိညာဉ်စွမ်းအား တစ်စကို ခွဲထုတ်ရမည်ဖြစ်ပြီး ထို့နောက်တွင်တော့ ၎င်းကို ဝိညာဉ်မျိုးစေ့တစ်ခုအဖြစ် ပြုစုပျိုးထောင်ရန် ထူးခြားသော နည်းလမ်းတစ်ခုကို အသုံးပြုရမည် ဖြစ်သည်။

ဝိညာဉ်မျိုးစေ့ အပြည့်အဝ ဖွံ့ဖြိုးလာသည်နှင့် ၎င်းသည် မူလ အသိစိတ်နှင့် စွမ်းအားများကို သယ်ဆောင်ကာ မူလခန္ဓာကိုယ်၏ ပြင်ပတွင် လွတ်လပ်စွာ တည်ရှိနိုင်လေ၏။ ဝိညာဉ်မျိုးစေ့က ပိုမိုအစွမ်းထက်လေ၊ စွမ်းအားများကို ပို၍ သိုလှောင်နိုင်လေ ဖြစ်သည်။ ၎င်းသည် စွမ်းအားကိုသာ သက်ရောက်မှုရှိရုံသာမက ၎င်း၏ အရှိန်အဝါသည်ပင်လျှင် မူလခန္ဓာကိုယ်နှင့် ခွဲခြား၍မရနိုင်လောက်အောင် တူညီနေမည်ပင်။

ယခင်က လုချင်းသည် တတိယ သခင်ကြီး၏ ရုပ်သေးရုပ်နှင့် တွေ့ဆုံခဲ့စဉ်က မည်သူကမျှ ပုံမှန်မဟုတ်သောအရာကို သတိမထားမိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ်အတွင်းရှိ ဝိညာဉ်မျိုးစေ့သည် တတိယ သခင်ကြီးကိုယ်တိုင်နှင့် တူညီသော ဇာစ်မြစ်မှ လာသောကြောင့်ပင် ဖြစ်သည်။

"ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်... ဝိညာဉ်မျိုးစေ့..."

လုချင်းက ဤကောင်းကင်ရုပ်သေးဂိုဏ်း အမွေအနှစ်အပေါ် တွေးတောနေမိသည်။ သူ ပို၍ တွေးတောလေ၊ ၎င်း၏ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို ပို၍ သဘောပေါက်လေ ဖြစ်လာခဲ့၏။

"ဒီကျင့်စဉ်ကို ဖန်တီးခဲ့တဲ့ ဘိုးဘေးက တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်"

"ကံဆိုးတာက ကျောက်စိမ်းပြားရဲ့ မှတ်တမ်းတွေအရဆို ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကို ကိုးကြိမ်အထိပဲ အသုံးပြုလို့ ရတယ်တဲ့။ ကျင့်ကြံသူတစ်ယောက်က အဲ့တာကို အသုံးပြုလိုက်တိုင်းမှာ သူတို့ရဲ့ ဝိညာဉ်စွမ်းအားက အားနည်းတဲ့ အခြေအနေထဲကို ရောက်သွားပြီးတော့ အပြည့်အဝ ပြန်ကောင်းလာဖို့ အနည်းဆုံး ခြောက်လလောက်အထိ တံခါးပိတ်ကျင့်ကြံဖို့ လိုတယ်‌တဲ့လေ"

"ငါ့ရဲ့ ဝိညာဉ်စွမ်းအားက တော်တော်လေးကို အစွမ်းထက်တော့ ဝိညာဉ်ခွဲထွက်ပြီးနောက်မှာတောင် ပြန်ကောင်းလာဖို့အတွက် ခြောက်လလုံးကြီးတော့ မလိုလောက်ဘူးဆိုပေမဲ့ အားနည်းတဲ့ ကာလတစ်ခုတော့ ရှိနေဦးမှာပဲလေ"

"ညီလာခံက စတော့မှာဆိုတော့ အခုအချိန်က ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ အကောင်းဆုံး အချိန်မဟုတ်သေးဘူး"

နည်းလမ်းကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီးနောက် လုချင်းက ကောင်းကင်ရုပ်သေးဂိုဏ်း၏ ကျင့်စဉ်ကို ကျင့်ကြံမည့် အတွေးအား ယာယီ ဘေးဖယ်ထားလိုက်တော့၏။

သို့တိုင်အောင် သူ အတော်လေး ကျေနပ်နေမိပါ၏။ ဤကျင့်စဉ်တွင် ကြီးမားလှသော အလားအလာများ ရှိနေကြောင်း သူ၏ အလိုအလျောက် သိမြင်နိုင်စွမ်းက သူ့ကို ပြောပြနေလေသည်။ အကယ်၍ သေသေချာချာ သန့်စင်ပြီး တိုးတက်အောင် လုပ်နိုင်မည်ဆိုပါက ၎င်းသည် ထူးခြားအံ့မခန်းသော လျှို့ဝှက်သိုင်းကျင့်စဉ်တစ်ခု ဖြစ်လာနိုင်ပေ၏။ သို့သော် ၎င်းမှာ အမှန်တကယ် ဟုတ်၊ မဟုတ် ဆိုသည်ကိုတော့ သူကိုယ်တိုင် ကျင့်ကြံကြည့်မှသာ သိနိုင်မည်သာ။

သူ၏ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက်တွင် လုချင်းက သူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လိုက်တော့လေသည်။

...

ဂူထဲတွင် အချိန်က မထင်မရှား ဖြစ်နေပြီး လုချင်းမှာ သူ၏ ကျင့်ကြံမှုထဲတွင်သာ နစ်မြောနေခဲ့သည်။ တစ်နေ့တွင် ကျယ်လောင်စွာဖြင့် မြည်ဟည်းလာသော ခေါင်းလောင်းသံတစ်ခုက သူ့ား ရုတ်တရက် နိုးထလာစေခဲ့ပါ၏။

သူ စုံစမ်းရန် ပြင်လိုက်ချိန်မှာပင် အလင်းတန်းတစ်ခုက ဂူထဲသို့ ပျံသန်းလာလေသည်။ လုချင်းက ၎င်းကို ဆက်သွယ်ရေး အဆောင်တစ်ခုအဖြစ် မှတ်မိလိုက်သဖြင့် လှမ်းဖမ်းလိုက်၏။ သူ၏ ဝိညာဉ်စွမ်းအားဖြင့် ၎င်းကို စူးစမ်းလိုက်ရာ ၎င်း၏ အကြောင်းအရာများကို ချက်ချင်းပင် နားလည်သွားလေသည်။

"ဒါဆို ညီလာခံက တရားဝင် စတော့မယ်ပေါ့လေ"

သူ ဂူထဲမှ ထွက်လာလိုက်ပြီးနောက် မြင့်မြတ်သောတောင်တော်ရှေ့ရှိ ချောက်ကမ်းပါးပေါ်တွင် ရပ်ကာ အောက်ဘက်ရှိ ကျယ်ပြောလှသော မြို့တော်မြတ်ကို ငုံ့ကြည့်လိုက်သည်။ သို့သော် သူ ချက်ချင်းတော့ အောက်သို့ မဆင်းသွားသေးပေ။

ဤညီလာခံသည် ကြီးမားသော အရေးပါမှု ရှိကြောင်း သခင်ကြီးသုံးပါးက သူ့ကို ကြိုတင် အသိပေးထားပြီး ဖြစ်သည်။ ၎င်းသည် လောကရှိ သတ္တဝါအားလုံး၏ အနာဂတ် ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်၏။

ဤစုဝေးမှုအတွင်း အဓိက ဂိုဏ်းများနှင့် အဖွဲ့အစည်း အားလုံးသည် သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် မလွဲမသွေ ပဋိပက္ခ ဖြစ်ကြပေလိမ့်မည်ပင်။ ညီလာခံကို အပြုသဘောဆောင်သော ရလဒ်တစ်ခုဆီသို့ ဦးဆောင်သွားစေရန် သခင်ကြီးများက ပဋိပက္ခများကို အရင်ဆုံး ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းနိုင်ရန်အတွက် ကြိုးစားဖို့ရည်ရွယ်ထားကြသည်။ လုချင်းအတွက်မူ သူ၏ အခန်းကဏ္ဍမှာ လောလောဆယ်၌တော့ နောက်ကွယ်တွင်သာ နေပြီး သူတို့ကို စောင့်ကြည့်ပေးရန် ဖြစ်သည်။ သူ ယခုချက်ချင်း ပေါ်လာရန် မလိုအပ်သေးပေ။

"ဒါပေမဲ့... ဒါက တကယ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ ရနိုင်ပါ့မလား"

မြို့တော်မြတ်အတွင်း ဖြစ်တည်နေသော မငြိမ်မသက်မှုများကို ခံစားရင်း လုချင်းက ခေါင်းယမ်းလိုက်သည်။

ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာမှုနှင့်အတူ ကောင်းကင်ဘုံ၏ စည်းမျဉ်းများသည် ကျင့်ကြံသူများ၏ လမ်းကြောင်းများကို မကန့်သတ်တော့ပေ။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ယခင် ကန့်သတ်ချက်များကို ဖောက်ထွင်းကျော်လွန်ကာ တစ်ချိန်က သူတို့ အိပ်မက်သာ မက်ခဲ့ဖူးသော အဆင့်များသို့ ခြေချနိုင်ခဲ့ကြပြီး တစ်ချိန်က မရနိုင်ဟု ထင်မှတ်ထားခဲ့သော စွမ်းအားများကို ပိုင်ဆိုင်လာခဲ့ကြသည်။

ထိုကဲ့သို့ ကြီးမားလှသော စွမ်းအားသည် ရည်မှန်းချက်ကြီးမားမှုအတွက် အကောင်းဆုံး တွန်းအားပင် ဖြစ်လေတော့၏။ မြင့်မြတ်သောတောင်တော်၏ အုပ်စိုးမှုအောက်တွင် အချိန်အတော်ကြာ ရှိနေခဲ့သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် ထိုမျှ လွယ်ကူစွာ နောက်ထပ် အရှုံးပေးကြတော့မည် မဟုတ်ပေ။

လုချင်း ဤအရာကို တွေးတောနေစဉ် အောက်ဘက်ရှိ မြို့တော်မြတ်မှာ ဆက်လက်လှုပ်ရှားနေလေ၏။ ထိုခေါင်းလောင်းသံကို ကြားပြီးနောက်၌ မြို့တစ်ခုလုံးမှာ ယခုအခါ၌ လှုပ်ရှားလာလေပြီပင်။ ဂိုဏ်းအသီးသီးမှ အစွမ်းထက်သော ပုဂ္ဂိုလ်များက မြို့လယ်ရှိ ဧရာမ စင်မြင့်ကြီးဆီသို့ သူတို့၏ အကြည့်များကို ပြောင်းလဲလိုက်ကြတော့၏။

"နောက်ဆုံးတော့ စတော့မယ်ပေါ့..."

"ဟားဟား... သွားကြစို့။ ငါတို့ ကွေ့ယွမ်ဂိုဏ်းက ကျုံးကျိုးကို လွှမ်းမိုးနိုင်မလားဆိုတာက ဒီပွဲအပေါ်မှာ မူတည်နေတယ်။"

"အဲဒီ မိစ္ဆာအိုကြီးသုံးကောင် ဘာတွေ အစီအစဉ်ဆွဲထားလဲဆိုတာ ငါ သွားကြည့်ချင်လိုက်တာ"

"မဟာသခင်လေးကကော ဒီညီလာခံမှာ ပေါ်လာမလား မသိဘူး"

ခေါင်းလောင်းသံ၏ ကြွင်းကျန်နေသော ပဲ့တင်သံများ ပျောက်ကွယ်သွားသည်နှင့်အမျှ အင်အားစု အသီးသီးမှ လူရိပ်များသည် သူတို့၏ နေထိုင်ရာနေရာများမှ ထွက်လာကြပြီး ဗဟိုစင်မြင့်ဆီသို့ လျှောက်သွားလိုက်ကြတော့သည်။ မြို့တွင်း၌ စွမ်းအားနှင့် လေးနက်မှု အရှိန်အဝါများက အချင်းချင်း တိုက်မိကုန်ကြပြီး လမ်းများပေါ်တွင် တိုက်ခတ်နေသော မမြင်ရသည့် လေပြင်းများကို ဖန်တီးနေလေသည်။

ဤညီလာခံသည် သာမန်ရိုးကျ ဖြစ်မည်မဟုတ်ကြောင်း ယင်းလက္ခဏာများက ရှင်းလင်းနေပေ၏။

မြို့တွင်းတွင် လေထုက တင်းမာနေလေသည်။ သို့သော် မြို့အပြင်ဘက်တွင်မူ သက်ဝင်လှုပ်ရှားကာ ဆူညံပွက်လောရိုက်နေ၏။ မြို့တော်မြတ်ထဲသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီသော မွေးဖွားပြီးနယ်ပယ် သိုင်းသမားများသည်လည်း ခေါင်းလောင်းသံ၏ အဓိပ္ပာယ်ကို နားလည်ကြသည်။ သို့ဖြစ်ရာ သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေတော့၏။

"ညီလာခံက နောက်ဆုံးတော့ စပြီပဲ။ ဒီတစ်ကြိမ်မှာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေမယ့် ဘယ်လို အဖြစ်အပျက်တွေ ဖြစ်လာမလဲ မသိဘူးနော်"

"မှတ်တမ်းတွေအရတော့ နောက်ဆုံး ညီလာခံက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ကျင်းပခဲ့တာတဲ့။ အဆုံးကျ မြင့်မြတ်သောတောင်တော်က ပြိုင်ဘက်အားလုံးကို ဖိနှိပ်ပြီး လောကရဲ့ အုပ်စိုးသူအဖြစ် ရပ်တည်ရင်း တားမြစ်ချက်အများကြီးကို ချမှတ်ခဲ့ကြတယ်လေ။ ဒီစုဝေးမှုအပြီးမှာ လောကကြီးကို ဘယ်သူက အုပ်စိုးမလဲဆိုတာ သိချင်မိသား"

"နှစ်တစ်ထောင်မှ တစ်ခါဖြစ်တဲ့ ပွဲကြီးပဲ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားကို မြင်တွေ့ရတာနဲ့တင် ငါ့ဘဝက တန်နေပါပြီကွာ။"

မြို့တွင်း၌ ဖြစ်ပျက်နေသောအရာများကို သူတို့ မမြင်နိုင်သော်လည်း ဤသိုင်းသမားများမှာ အတွင်းမှ တစ်စုံတစ်ရာကို မြင်တွေ့ရရန် မျှော်လင့်ချက်ဖြင့် သူတို့၏ လည်ပင်းများကို စိတ်အားထက်သန်စွာ ဆန့်တန်းထားကြဆဲပင်။

...

လေထုထဲတွင် လေးနက်မှုများနှင့် ပြည့်နှက်နေချိန်တွင် ဂိုဏ်းများနှင့် အဖွဲ့အစည်းများစွာသည် နောက်ဆုံးတွင် ဗဟိုစင်မြင့်ရှေ့သို့ ရောက်ရှိလာကြတော့သည်။

နောက်တစ်ခဏတွင် အလွန်တရာ အစွမ်းထက်လှသော လွှမ်းမိုးနိုင်လွန်းသည့် ဖိအားတစ်ခုက ရုတ်တရက် ကျဆင်းလာလေသည်။ မြင့်မြတ်သောတောင်တော်မှ တောက်ပသော အလင်းတန်း သုံးခု ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း မြို့တော်မြတ်၏ ကောင်းကင်ယံသို့ ရောက်ရှိလာကာ စင်မြင့်ပေါ်သို့ ကျဆင်းလာတော့၏။ အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် လူရိပ်သုံးခုကို မြင်တွေ့လိုက်ရတော့သည်။ ၎င်းမှာတော့ သခင်ကြီးသုံးပါးပင် ဖြစ်လေသည်။

သူတို့ထံမှ ထွက်ပေါ်နေသော မှေးမှိန်သည့် ရွှေအမြုတေအဆင့် ဖိအားကို ခံစားရသောအခါ၌ အောက်ဘက်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များစွာ၏ ရင်ထဲတွင် တင်းကျပ်သွားလေ၏။ ကောလာဟလများအရ သခင်ကြီးသုံးပါးလုံးသည် သူတို့၏ ကောင်းကင်အတိဒုက္ခများကို အောင်မြင်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်သို့ ခြေချနိုင်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ထိုအရာများက ကောလာဟလများသာ ဖြစ်ပြီး မည်သည့်အခါမျှ အတည်မပြုနိုင်ခဲ့ပေ။

ယခု သူတို့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိလိုက်ရပြီဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် မှန်ကန်နေပါ၏။ သို့သော် လူတိုင်းလိုလို သခင်ကြီးသုံးပါး၏ အရှိန်အဝါကြောင့် ကြောက်ရွံ့သွားကြသည်တော့ မဟုတ်ပေ။ အမှန်တကယ်တော့ ရွှေအမြုတေအဆင့်သို့ ခြေချထားပြီးဖြစ်သော အချို့ ကျင့်ကြံသူများက သခင်ကြီးများ၏ စွမ်းအင်ကို ခံစားမိသောအခါ မျက်လုံးများကို မှေးကျဉ်းလိုက်ကြသည်။

"အဲ့ဒီမိစ္ဆာအိုကြီးသုံးကောင်... သူတို့ရဲ့ အရှိန်အဝါတစ်ခုခုက... ပုံမှန်မဟုတ်သလိုပဲ"

...

"တာအိုမိတ်ဆွေများ"

စုဝေးနေသော အစွမ်းထက် ပုဂ္ဂိုလ်များ၏ အကြည့်အောက်တွင် ပထမ သခင်ကြီးက မှေးမှိန်စွာ ပြုံးလိုက်ပြီး ဖြည်းညင်းစွာဖြင့် စကားစလိုက်တော့၏။

"ဒီညီလာခံကို တက်ရောက်ဖို့ အဝေးကြီးကနေ လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံး စုဝေးမှုအပြီးကတည်းကဆိုရင် နှစ်ပေါင်းတစ်ထောင်ကျော်တောင် ရှိသွားပြီပဲ"

"အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပေမဲ့ ဒီအဘိုးကြီးရဲ့ ရင်ထဲမှာတော့ အရာအားလုံးက မနေ့တစ်နေ့ကမှ ဖြစ်သလိုတောင် ခံစားနေရတုန်းပဲ"

"ဒါပေမဲ့ ကျုပ်ရှေ့က မျက်နှာတွေကို ကြည့်လိုက်တော့ အဲဒီခေတ်က ကျန်ရစ်သူ နည်းနည်းလေးပဲ ရှိတော့တာကို တွေ့ရတယ်။ ဒါက တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ အကြောင်းရင်းတစ်ခုပါပဲ"

"ပြီးတော့ ကျုပ်ကိုယ်တိုင်တောင်...အိုမင်းလာပြီလေ။ ဆံပင်တွေ ဖြူလာပြီး ခန္ဓာကိုယ်လည်း နွမ်းနယ်နေပြီ"

"အချိန်ဆိုတာ ဓားတစ်လက်လိုပဲ၊ အားလုံးအပေါ် ရက်စက်ပြီး ကျင့်ကြံသူတိုင်းအတွက် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာတစ်ခုဆိုတာ ကျုပ် အခုမှ တကယ် နားလည်လာရတယ်"

သူ၏ စကားများ ဆုံးသွားသည်နှင့် ပထမ သခင်ကြီး၏ မျက်နှာထားက အပြုံးတစ်ခုမှနေ၍ ဝမ်းနည်းကြေကွဲမှု သက်ပြင်းတစ်ခုဆီသို့ တဖြည်းဖြည်းဖြင့် ပြောင်းလဲသွားသည်။ သူ၏ လေသံတွင် နက်ရှိုင်းသော နောင်တရမှုများ ပါဝင်နေပြီး အောက်ဘက်ရှိ လူများ၏ ရင်ထဲသို့ စိမ့်ဝင်သွားလေ။

ဝိညာဉ်စွမ်းအင်များ ပြန်လည်မနိုးထမီက ကျင့်ကြံသူများသည် အများဆုံး မွေးရာပါနယ်ပယ်အထိသာ ရောက်ရှိနိုင်ခဲ့ကြသည်။ ထို့ပြင် မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ သက်တမ်း ကန့်သတ်ချက်မှာ နှစ် ၅၀၀ သာ ဖြစ်သည်။ ဆိုလိုသည်မှာ ပြီးခဲ့သော ညီလာခံကို တက်ရောက်ခဲ့ကြသော ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်များအားလုံးနီးပါးသည် သူတို့၏ သက်တမ်းများ ကုန်ဆုံးသွားကြသဖြင့် သေဆုံးသွားခဲ့ကြရပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း မြေမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။

ထိုရှေးဟောင်း ပုဂ္ဂိုလ်များထဲတွင် လက်ရှိ ဂိုဏ်းများစွာ၏ ဘိုးဘေးများနှင့် တည်ထောင်သူ ဆရာသခင်များလည်း ပါဝင်ကြလပါ၏။ သို့ဖြစ်၍ ပထမ သခင်ကြီး၏ စကားများကို ကြားသောအခါ၌ စုဝေးနေသော ကျင့်ကြံသူများမှာ သူ၏ ခံစားချက်များထဲသို့ လိုက်ပါသွားခြင်းကို မတားဆီးနိုင်တော့ဘဲ သူတို့၏ ရင်ထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။

သို့သော် ထိုနေရာရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာတော့ သူတို့၏ ရင်ထဲတွင် သတိထားမှုများ အလိုလိုပေါ်ပေါက်လာသည်ကို ခံစားလိုက်ကြရသည်။ တစ်ခုခုကတော့ မှားယွင်းနေလေသည်ပင်။

All Chapters