← Chapters

ဗိုင်အိုလာပြန်လာခြင်း (၁)

Vol. 58 Ch. 998

ဗိုင်အိုလာပြန်လာခြင်း (၁)

Vol. 58 Ch. 998

“သံလက်သီး” ရိုင်ယန်က အက်ဇ်လန်ကို လှမ်းခေါ်လိုက်သည်။

“ဟုတ်ကဲ့”

သံလက်သီးက ချက်ချင်းပင် လှုပ်ရှားလိုက်ကာ ကျွန်းပေါ်တွင် ဝှက်ထားသော သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ထုတ်လာခိုင်းလိုက်သည်။ ထိုလေယာဉ်တွင် လူတစ်ဦးဆန့်သော ရေငုပ်ကိရိယာလေး နှစ်ခုပါဝင်သည်။

“တစ်ယောက်စီး ရေငုပ်ကိရိယာတွေလား”

ကီကီက အံ့ဩတကြီး ပြောလိုက်သည်။

“ရေအောက်ထဲ ဆင်းရမှာ အရမ်းအန္တရာယ်မများဘူးလား”

“တခြားဘာလုပ်လို့ရဦးမှာလဲ” အက်ဇ်လန်က ပြန်ပြောလိုက်သည်။

“ဒီပစ္စည်းက ပင်လယ်ကြမ်းပြင် ၇၀၀၊ ၈၀၀ မီတာလောက်မှာ ရှိတယ်။ သာမန်ရေငုပ်သင်္ဘောတွေက အဲဒီနေရာအထိမရောက်နိုင်ဘူး၊၊ ဒရုန်းတွေဆိုရင် ပိုဆိုးတာပေါ့။ ပင်လယ်ထဲမှာ အချက်ပြစနစ်က အများဆုံး မီတာ ၂၀၀၊ ၃၀၀လောက်ပဲ ရတယ်၊၊ ရေငုပ်ကိရိယာတွေပဲ သွားနိုင်မှာ”

“အဲ့လိုတော့လည်း မဟုတ်ပါဘူး”

ဤတစ်ကြိမ်တွင် လင်းရှန်က တိုက်ရိုက်ဝင်တားလိုက်သည်။

“ဒီလိုအန္တရာယ်များတဲ့ အလုပ်မျိုးအကြောင်း ငါနည်းနည်းသိပါတယ်။ တခြားနည်းလမ်းသုံးကြည့်ရအောင်”

အက်ဇ်လန် မျက်မှောင်ကြုတ်လိုက်သည်။

“ကပ္ပတိန်လင်း… မင်းက ရေနက်ပိုင်းငုပ်တဲ့အကြောင်း သိလို့လား”

လင်းရှန် ခေါင်းခါလိုက်ပြီးနောက် ကြယ်နက်ပန်းပဲဖိုကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။

အထက်က လေထုထဲတွင် အနက်ရောင် ယန္တရားတံခါးကြီးတစ်ခု ပေါ်လာပြီး ဝုန်းခနဲ ပွင့်သွားကာ သံမဏိမိုးစက်ဒရုန်း ၁၀၀ကျော် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရေငုပ်ကိရိယာအသစ်စက်စက်ဆယ်ခုကို လျင်မြန်စွာ ထုတ်လုပ်လိုက်ပြီး အခန်းတစ်ခုချင်းစီတွင် px-05 စက်ရုပ်ဖြင့် အစားထိုးလိုက်သည်။ ထိုဒရုန်းများမှာ အက်ဇ်လန်၏ လူစီးရေငုပ်ကိရိယာများနေရာတွင် အစားထိုးဝင်ရောက်သွားသည်။ အသေခံအဖြစ် ဆုံးဖြတ်ထားသူများလည်း လင်းရှန်၏ အကြီးအကျယ်ထုတ်လုပ်ပြလိုက်သည့် မြင်ကွင်းကြောင့် ဆွံ့အသွားကြရပြီး လျှပ်တပြက် ယန္တရားတပ်ဆင်မှုကြီးကို ကြည့်ကာ အားလုံးက စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

“ငါက ယန္တရားပိုင်းကို နည်းနည်းသိတယ်လေ”

လင်းရှန်က လူတိုင်းကို ခပ်အေးအေးပင် ပြောလိုက်သည်။

ယခုမှပင် ရိုင်ယန်အဖွဲ့သားများသည် ယခင်က ဧရာမယန္တရားဓားကြီးကို ဆင့်ခေါ်ခဲ့သော ယန္တရားတံခါးကို အနီးကပ်ရှင်းလင်းစွာ မြင်တွေ့ခွင့်ရတော့သည်။ သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာတွင် ဂြိုဟ်သားတစ်ဦးကို မြင်တွေ့လိုက်ရသကဲ့သို့ အလွန်အမင်းအံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်။

“ဒါက တကယ့်ကို... ယန္တရားစွမ်းအားရှင်တစ်ယောက်ရဲ့ စွမ်းရည်ပဲလား”

“ဟင်းလင်းပြင်စွမ်းအားလား”

“ငါ အစကတည်းက သိချင်နေတာ… ဒီလောက်များတဲ့ ဒရုန်းတွေ ဘယ်ကရောက်လာတာလဲလို့...”

“အံ့ဩစရာပဲ… ဒါဟာ ယန္တရားစွမ်းအားရဲ့ စွမ်းရည်ပေါ့”

လူတိုင်းက ဆူညံစွာဆွေးနွေးနေကြစဉ် ဂေဒီနှင့် ဗန်နက်ဆာတို့က လင်းရှန်ကို အံ့ဩတကြီးကြည့်နေကြသည်။

“သူ့ရဲ့ စွမ်းအင်တုန်ခါမှုလှိုင်းတန်ဖိုးကို ဘာလို့တိုင်းတာလို့မရလဲဆိုတာ အခုတော့ ငါ နည်းနည်းသဘောပေါက်သွားပြီ။ ယန္တရားစွမ်းအားက တခြားစွမ်းအားတွေထက်စာရင် ပိုပြီး... ဆန်းကြယ်ပုံရတယ်”

သူမက သင့်တော်မည့် နာမဝိသေသနကို စဉ်းစားကာ ပြောလိုက်သည်။

“ငါလည်း အဲဒီအတိုင်းပဲ ခံစားရတယ်”

ဗန်နက်ဆာက ခေါင်းညိတ် ထောက်ခံသည်။

ရိုင်ယန်သည် ဤမြင်ကွင်းကို ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ဤဓားကိုင်ဆောင်သူ၏ ကြောက်မက်ဖွယ်စွမ်းအားကို သူ ယခုမှ ကောင်းကောင်းနားလည်သွားတော့သည်။ သူ စီစဉ်ထားသော နည်းဗျူဟာမှာ လင်းရှန်၏ ရှေ့မှောက်တွင် ဘာမှမဟုတ်တော့ကြောင်း သိသာနေသည်။ ထို့ကြောင့် ရိုင်ယန်က အခြေအနေကို ချက်ချင်း သုံးသပ်ကာ အက်ဇ်လန်ကို ပြောလိုက်သည်။

“သံလက်သီး… ကျောက်ဆောင်ကျွန်းရဲ့ အချက်အလက်တွေနဲ့ ကိုဩဒိနိတ်တွေကို ကပ္ပတိန်လင်းဆီ ပို့လိုက်”

အက်ဇ်လန် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် အမိန့်အတိုင်းလုပ်ဆောင်လိုက်သည်။

လင်းရှန်က ထိုအချက်အလက်များကို လက်ခံရရှိပြီးနောက် သံမဏိမိုးစက်ဒရုန်းစနစ်ထဲသို့ ထည့်သွင်းလိုက်သည်။ ဤလုပ်ငန်းစဉ်မှာ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးသည်။ ယခုအချိန်တွင် ဤပင်လယ်ပြင်၌ သန္ဓေပြောင်းမွန်းစတားများ နည်းပါးသွားနိုင်သော်လည်း လုံးဝ သတိလစ်၍မရချေ။

သံမဏိမိုးစက်ဒရုန်းများသည် အကြီးစား သန္ဓေပြောင်းမွန်းစတားများကို ရင်ဆိုင်ရန်အတွက် အင်အားမလုံလောက်သော်လည်း ၎င်းတို့၏ အထူးသတ္တုနှင့် ရေစိုခံနိုင်စွမ်းတို့ကြောင့် ရေအောက်ဆက်သွယ်ရေးစနစ်အတွက်မူ အလွန်သင့်တော်လှသည်။

ဝူးးး ဝေါ

မကြာမီတွင် လင်းရှန်၏ ထိန်းချုပ်မှုအောက်၌ ဒရုန်းအများအပြား ရေထဲသို့ စတင်ငုပ်လျှိုးသွားတော့သည်။ ပထမအဆင့်မှာ ရေအောက်အခြေအနေကို အတည်ပြုရန် ဖြစ်သည်။ အကယ်၍ အရန်စွမ်းအင်ထွက်ပေါက်ကို တိုက်ရိုက်ဖွင့်နိုင်ပါက လူကိုယ်တိုင် ဒုက္ခခံပြီး ဆင်းစရာလိုမည်မဟုတ်ပေ။

ထိုအချိန်တွင် လင်းရှန်၏ လက်ထဲ၌ မျက်နှာပြင်အသေးလေးတစ်ခု ပေါ်လာပြီး ဒရုန်း၏ ကင်မရာမှ ရိုက်ကူးထားသော ရေအောက်ပုံရိပ်များကို အချိန်နှင့်တစ်ပြေးညီ ပြသနေသည်။

ဒရုန်းများသည် လင်းရှန်၏ ညွှန်ကြားမှုဖြင့် ပင်လယ်ထဲသို့ ငုပ်လျှိုးသွားကြသည်။ ဘေးမှ ကြည့်နေသော ရိုင်ယန်က လင်းရှန်၏ လှုပ်ရှားမှုကို ကြည့်ကာ သတိပေးလိုက်သည်။

“အတိအကျပြောရရင် Deep 3 နူယန္တရားရဲ့ စွမ်းအင်ထုတ်လွှတ်ပိုက်လိုင်းတွေက ပင်လယ်ကျောက်ဆောင်ကျွန်းနဲ့ ကပ်နေတဲ့ ပင်လယ်ပြင်မှာပဲ… အဝေးကြီးမရောက်ဘူး”

လင်းရှန်က ခေါင်းညိတ်ကာ ဒရုန်းများကို ထိန်းချုပ်ရင်း ပြန်ပြောလိုက်သည်။

“မင်းပြောတာကို ငါ နားလည်ပါတယ်။ ဒီထုတ်လွှတ်ပိုက်လိုင်းတွေက ဂါလန်မီးတောင်ရဲ့ ရေအောက်တောင်တန်းတွေနဲ့ မြေငလျင်သက်ရောက်မှုရှိတဲ့ နယ်မြေထဲမှာပဲ ရှိနေတာပဲ။ အဲဒါကြောင့်လည်း အဲဒီအရာက အိပ်ပျော်နေတဲ့ ဂါလန်မီးတောင်ကို ပြန်နိုးလာအောင် လုပ်လိုက်တာပဲ”

“ဒါက ဟုတ်မဟုတ်တော့ ငါ သေချာမပြောနိုင်ဘူး၊ ဖောင်ဒေးရှင်းက ဒီလိုသတင်းအချက်အလက်တွေကို လျှို့ဝှက်ထားတယ်။ ငါပြောချင်တာကတော့ မီးတောင်က ပြင်းပြင်းထန်ထန်လှုပ်ရှားလာပြီဆိုရင် မြေအောက်အပူစွမ်းအင်သုံး အဆောက်အအုံတွေဟာ ငလျင်ဒဏ်ကြောင့်တင် အကုန်ပျက်စီးသွားနိုင်တယ်”

လင်းရှန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ဒါကြောင့် စွမ်းအင်ထုတ်လွှတ်နိုင်ခဲ့ရင်တောင် ရေငုပ်သင်္ဘောစခန်းက မြေအောက်အပူစွမ်းအင်တွင်းကိုပဲ သက်ရောက်မှုရှိလိမ့်မယ်။ မီးတောင်သာပေါက်ကွဲသွားရင်တော့ ငါတို့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ စောစောက ငါတို့ ဆွေးနွေးခဲ့တဲ့ အကြံကိုတော့ စမ်းကြည့်ဖို့ ထိုက်တန်ပါတယ်၊၊ သေခါနီး မြင်းကို ပြန်ရှင်အောင် ကုသသလိုမျိုးပေါ့”

ရိုင်ယန်သည် လင်းရှန်၏ ညွှန်ကြားချက်များကို နားလည်သွားပြီး သူ၏ ထိန်းချုပ်မျက်နှာပြင်ကို လာကြည့်ကာ ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလိုက်သည်။

“အလောင်းတွေပဲ ကျန်တော့တာလား”

အစောပိုင်းက သန္ဓေပြောင်းမွန်းစတားများ၏ အရေအတွက်မှာ ကြည့်လိုက်ရုံဖြင့်ပင် ကြက်သီးထစရာကောင်းလောက်အောင် များပြားခဲ့သည်။ သို့သော် ယခုမူ ရေအောက်တွင် သန္ဓေပြောင်းမွန်းစတားများ၏ အလောင်းအကြွင်းအကျန်အမျိုးမျိုးသာ တဖြည်းဖြည်းနစ်မြုပ်နေကြပြီး အနက်ရောင်မြူများစွာ ပျံ့နှံ့နေသည်။

“အနက်ရောင်မြူတွေ ဒီလောက်များနေတာတောင် တခြားသန္ဓေပြောင်းမွန်းစတားတွေက အနားမကပ်လာကြဘူးလား”

“ဒါက ဒီနေရာက ဝဲဂယက်ထဲက မွန်းစတားကြီးရဲ့ နယ်မြေဖြစ်ခဲ့လို့ ဖြစ်နိုင်တယ်။ ဝဲဂယက်မွန်းစတားကြီး အသတ်ခံလိုက်ရပေမဲ့ သူ့ရဲ့ အငွေ့အသက်တွေက ရေထဲမှာ ကျန်နေသေးတော့ တခြားသတ္တဝါတွေ ဒီနားကို မကပ်ရဲကြတာ ဖြစ်မယ်”

အဲရစ်ကာက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။

“နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ မင်းက ဒီနေရာက သွေးပဲစေ့တွေကို အကုန်သိမ်းလိုက်ပြီး မြေအောက်အပူစွမ်းအင်တွေလည်း ပျံ့နှံ့မနေတော့ဘူးဆိုတော့ ဒီသတ္တဝါအလောင်းတွေနဲ့ ပျံ့လွင့်နေတဲ့ အမှောင်စွမ်းအင်တွေက တခြားနေရာတွေလောက် သူတို့ကို ဆွဲဆောင်မှုမရှိတော့တာလည်း ဖြစ်နိုင်တယ်”

လင်းရှန်က သုံးသပ်လိုက်သည်။

အဲရစ်ကာက လင်းရှန်ကို ပြုံးကာ ကြည့်လိုက်သည်။

“နင်ပြောတာ မှန်မယ်ထင်တယ်”

“ဒါဆိုရင် အဲဒီသန္ဓေပြောင်းမွန်းစတားတွေက ဆုတ်ခွာသွားတာမဟုတ်ဘဲ သူတို့ရဲ့ ပစ်မှတ်အမှတ်အသားပျောက်သွားလို့ တခြားနေရာတွေကို မြန်မြန်ဆန်ဆန် ရောက်သွားကြတာပေါ့”

ရိုင်ယန်က သူ၏ နေကာမျက်မှန်ကို ပင့်ရင်း ပြောလိုက်သည်။

“ကျိုးကြောင်းဆီလျော်ပါတယ်” ကီကီက ဝင်ပြောသည်။

“ခုနတုန်းကတော့ ငါတို့ ဒီမှာပဲ အသက်ပျောက်တော့မယ်လို့ ထင်ထားတာ… အခုတော့ ဒီပင်လယ်ပြင်က ဒီလောက်အထိ ခြောက်ကပ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး”

ဗန်နက်ဆာ မတွေးဘဲ မနေနိုင်တော့ပေ။

“ဒါတောင်မှ ငါတို့ နိုးနိုးကြားကြားရှိဖို့ လိုသေးတယ်”

ဂေဒီက လေးနက်စွာ သတိပေးလိုက်သည်။

ရေအောက်တွင် သန္ဓေပြောင်းမွန်းစတားများ နည်းပါးသွားခြင်းမှာ သတင်းကောင်းဖြစ်သည်မှာ အမှန်ပင်။ သို့သော် ဤကဲ့သို့သော အန္တရာယ်ကြီးမားသည့် ပင်လယ်ပြင်တွင် သတိလက်လွတ်ဖြစ်သွားပါက အကြီးအကျယ် ရှုံးနိမ့်သွားနိုင်ပြီး အသက်နှင့်ပင် လဲရနိုင်သည်မှာ ပုံကြီးချဲ့ပြောခြင်းမဟုတ်ပေ။

လင်းရှန်၏ ဒရုန်းများသည် ရေအောက်သို့ ပိုမို နက်ရှိုင်းစွာ ငုပ်လျှိုးသွားကြသည်။ အလင်းရောင်များ ပျောက်ကွယ်သွားပြီး ရေငုပ်ကိရိယာမှ အလင်းတန်းများနှင့် ဆိုနာစကင်ဖတ်မှုများမှသာ ပုံရိပ်များကို မြင်နေရတော့သည်။ လင်းရှန်၏ ထိန်းချုပ်မှုအောက်တွင် ရေငုပ်ကိရိယာမှာ မီတာရာနှင့်ချီ၍ ဆင်းသွားပြီ ဖြစ်သည်။ ပင်လယ်ကြမ်းပြင်မှာ ကြမ်းတမ်းလှပြီး ပို၍ နက်နက်ဆင်းသွားသည်နှင့်အမျှ ဆက်သွယ်ရေးဒရုန်းများမှာ ရေနက်ထဲတွင် ကြိုးဖြင့် ချည်ထားသော ဘောလုံးများကဲ့သို့ တန်းစီပြီး မျောနေကြသည်။ ရိုင်ယန်ပေးထားသော ကိုဩဒိနိတ်များနှင့် ရေနက်ပိုင်း ရေကြောင်းဆိုင်ရာအချက်အလက်များကို အသုံးပြုကာ လင်းရှန်သည် ကျောက်ဆောင်များကြားတွင် ဝှက်ထားသော သံမဏိပိုက်တစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိလိုက်သည်။ ၎င်းမှာ ရိုင်ယန်ပြောခဲ့သော အရန်စွမ်းအင်ထုတ်လွှတ်သည့် ပိုက်လိုင်းပင်ဖြစ်သည်။

All Chapters