ဗိုင်အိုလာပြန်ရောက်လာခြင်း (၃)
Vol. 58 Ch. 1000
[နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ လေကြောင်းကင်းလှည့်နေတုန်း g05 ဂြိုဟ်ပတ်လမ်းအခြေစိုက်စခန်းနားမှာ အားကောင်းတဲ့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ ဂန်မာရောင်ခြည်နှောင့်ယှက်မှုတွေ ကြုံခဲ့ရလို့ စနစ်က ပြန်လည်စတင်သွားခဲ့ပါတယ်။ အဲဒီအပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုလည်းခံခဲ့ရလို့ လုပ်ငန်းစဉ်ပြီးမြောက်ဖို့ ခန့်မှန်းထားတာထက် ၁၄ နာရီနဲ့ မိနစ် ၅၁ မိနစ် ပိုကြာသွားခဲ့ရတာပါ]
“ဂန်မာရောင်ခြည် ဟုတ်လား”
ထိုစကားကို ကြားကြားချင်း ကီကီ အရင်ဆုံးအံ့အားသင့်သွားသည်၊၊
“ဘယ်ကနေ ထွက်လာတာလဲ”
[မြစ်ဖျားခံရာကိုတော့ အခုထိမသိရသေးပါဘူး]
လင်းရှန်လည်း ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားသည်။ မနေ့ညက ဖြစ်ပွားခဲ့သော ဂန်မာရောင်ခြည်ဖြစ်စဉ်သည် ဂရေ့စ်တစ်ယောက်တည်းကိုသာမကဘဲ ဗိုင်အိုလာကိုပါ သက်ရောက်မှုရှိခဲ့သည်ကို သူ ချက်ချင်းသဘောပေါက်လိုက်သည်။
သူသည် ဗိုင်အိုလာ၏ ခန္ဓာကိုယ်ကို အကဲခတ်ကြည့်လိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့သည့်လက္ခဏာများတွေ့ရသော်လည်း ပျက်စီးသွားခြင်းမျိုးတော့ မရှိပေ။
“လေကြောင်းကင်းလှည့်မှုအခြေအနေက ဘယ်လိုရှိလဲ”
လင်းရှန်က ချက်ချင်း မေးလိုက်သည်။
ဗိုင်အိုလာက လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ အစီရင်ခံသည်။
[ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အရှေ့ဘက်မှာရှိတဲ့ G3 အခြေစိုက်စခန်းကနေစပြီး ဂြိုဟ်ပတ်ရထားလမ်းအပိုင်းတွေဖြစ်တဲ့ G4ကနေ G6၊ G7ကနေ G10,G13,G15… စတာတွေမှာ ပျက်စီးမှုအမျိုးမျိုးရှိနေတာကို တွေ့ရပါတယ်။ အဓိကကတော့ အခြေစိုက်စခန်းတွေမှာ ပျက်စီးနေတာပါ။ G16 ကနေ စပြီးတော့ ရထားလမ်းက ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ ကျွန်မရဲ့ ကင်းလှည့်မှုက G18 အထိပဲ ရောက်ခဲ့တာမို့ နောက်ပိုင်းအခြေအနေတွေကိုတော့ ဆက်ပြီး စုံစမ်းဖို့ လိုပါသေးတယ်]
“ဒါက... ကွမ်တမ်ဦးနှောက်သုံး စက်ရုပ်လား”
ဗိုင်အိုလာ၏ အစီရင်ခံမှုကို ကြည့်ပြီး ဗန်နက်ဆာသည် လူအုပ်ထဲမှ အံ့အားသင့်စွာဖြင့် ရှေ့ထွက်လာခဲ့သည်။
“ဟုတ်တယ်”
သူတို့စကားပြောနေကြသည်ကို ကြားသောအခါ ရိုင်ယန်ကလည်း ဝင်ပြောသည်။
“ဒီအခြေစိုက်စခန်းတွေက ကံကောင်းတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခိုလှုံရာနေရာတွေဖြစ်နိုင်သလို မြင့်မြတ်မြို့တော်ရဲ့ လက်နက်ကိုင်ခံတပ်တွေလည်းဖြစ်နိုင်တယ်လို့ ငါအစောကြီးကတည်းက ပြောခဲ့သားပဲ။ မြင့်မြတ်မြို့တော်နဲ့ တခြားအသက်ရှင်ကျန်ရစ်သူတွေကြားက ပဋိပက္ခက ရပ်တန့်သွားမှာ မဟုတ်ဘူး။ အဲဒီပဋိပက္ခကြောင့်ပဲဖြစ်ဖြစ် သန္ဓေပြောင်းမွန်းစတားရဲ့ တိုက်ခိုက်မှုကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ရထားလမ်းကတော့ ထိခိုက်မှာပဲ။ မင်းတို့ ရထားနဲ့ သွားဖို့ ရွေးချယ်ခဲ့တာက သိပ်ပြီး အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ဘူး”
“အခုချိန်မှာ ငါတို့ အဲဒါကို စိတ်မပူနိုင်သေးဘူး”
လင်းရှန်သည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ဗိုင်အိုလာကို ကြည့်ကာ စိတ်ထဲတွင် တစ်ခုခုကို ဆုံးဖြတ်လိုက်သည်။
“မင်းပြန်လာတာ အချိန်ကိုက်ပဲ။ မင်း သွားရမယ့်... တော်တော်လေး အန္တရာယ်များတဲ့ အလုပ်တစ်ခု ရှိတယ်”
[အမိန့်ပေးပါ] ဗိုင်အိုလာက လင်းရှန်ကို ချက်ချင်း တုံ့ပြန်လိုက်သည်။
လင်းရှန်လည်း ဒရုန်းထိန်းချုပ်မှုစနစ်ကို ဗိုင်အိုလာထံ ချက်ချင်းလွှဲပြောင်းပေးလိုက်သည်၊၊
“ဒီကိုဩဒိနိတ်တွေကို သုံးပြီး ရေအောက်ကို ငုပ်လျှိုးသွားပါ။ ပြီးရင် စွမ်းအင်ထုတ်လွှတ်တဲ့ ဂိတ်ပေါက်ကို သွားဖွင့်ပါ”
[ဗိုင်အိုလာ နားလည်ပါပြီ]
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဗိုင်အိုလာသည် မီလီစက္ကန့်ပိုင်းအတွင်း တိကျသော လှုပ်ရှားမှုလမ်းကြောင်းတစ်ခုကို ချမှတ်လိုက်သည်။ ထောင်ပေါင်းများစွာသော ဒရုန်းများကို ချက်ချင်းပင် လှုပ်ရှားစေပြီး သူမကိုယ်တိုင်လည်း ရေနက်ပိုင်းငုပ်ကိရိယာပေါ်သို့ ခုန်တက်ကာ ပင်လယ်နက်ထဲသို့ လျင်မြန်စွာ ဆင်းသွားတော့သည်။
ဗိုင်အိုလာ၏ ခန္ဓာကိုယ်သည် ရေအောက်မီတာ ထောင်ပေါင်းများစွာတွင် ကျွမ်းကျင်စွာ လှုပ်ရှားနိုင်ပြီး တပ်ဆင်ထားသော စွမ်းအင်မြင့်လက်နက်များသည်လည်း မွန်းစတားကြီး၏ အလောင်းကို ဖောက်ထွင်းကာ ၎င်း၏အောက်တွင် ရှိနေသော စွမ်းအင်ထုတ်လွှတ်သည့် ဂိတ်ပေါက်ကို ရှာ၍ ဖွင့်လှစ်နိုင်လောက်အောင် အားပြင်းသည်။ မွန်းစတားကြီးများက တိုက်ခိုက်လာနိုင်သော်လည်း လင်းရှန်အနေဖြင့် ဗိုင်အိုလာကို ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းရန် မလိုပေ။ အမှောင်အမှတ်အသားသာပေါ်မလာပါက အရာအားလုံးက ပိုပြီး လွယ်ကူသွားမည် ဖြစ်သည်။
ဝူး...
မှောင်မည်းနေသော ရေပြင်အောက်တွင် ဗိုင်အိုလာ၏ ခန္ဓာကိုယ်သည် ဓားတစ်လက်ကဲ့သို့ အောက်သို့ အဆက်မပြတ် ထိုးဆင်းသွားရာ မကြာခင်မှာပင် မွန်းစတားကြီး၏ ဧရာမ အလောင်းကြီးကို တွေ့လိုက်ရသည်။
ဝုန်း...
အဲဒီအချိန်မှာပဲ ရုတ်တရက် ငလျင်တစ်ခု လှုပ်ခါသွားပြီး ကမ်းခြေမှာရှိတဲ့ လူတိုင်း မြေကြီးတုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ပင်လယ်ရေမျက်နှာပြင်သည်လည်း ဆူပွက်လာပြီး ရွှံ့ပုပ်စော်နံသော ရေပူဖောင်းများ ချက်ချင်း ပြည့်နှက်သွားတော့သည်။
“ငလျင်လှုပ်တာလား”
“ဂါလန်မီးတောင် လှုပ်ရှားမှုပဲ”
“ဒါ မကောင်းတော့ဘူး”
ရိုင်ယန်က လင်းရှန်ကို ကြည့်ကာ “လင်း... မီးတောင်က အသေးစားပေါက်ကွဲမှုဖြစ်နေပြီ ထင်တယ်”
လင်းရှန်၏ မျက်နှာလေးနက်သွားပြီး “ဒါဆိုရင် ငါတို့ အရှိန်မြှင့်မှ ဖြစ်တော့မယ်”
[သတိပေးချက်။ ပင်လယ်ကြမ်းပြင်နဲ့ မီးတောင် ငလျင်ကြော တိုးချဲ့လာတာကို စုံစမ်းသိရှိရပါတယ်။ ငလျင်ပမာဏက အဆင့်သုံးအထိ ရှိနေပါတယ်]
[ပြန့်နှံ့မှုက ကျွန်းနဲ့ အဝေးက ပြတ်ရွေ့ကြောအထိရောက်နေပါပြီ။ ခွဲခြမ်းစိတ်ဖြာချက်အရ ဂါလန်မီးတောင်က လှုပ်ရှားမှု ပိုပြင်းထန်လာနေပါတယ်]
“ဆက်သွားပါ။ ယန္တရားတံခါးကို ဖွင့်ပြီးတာနဲ့ ချက်ချင်းပြန်ခဲ့”
လင်းရှန်က အမိန့်ပေးလိုက်သည်။
[နားလည်ပါပြီ]
ဗိုင်အိုလာသည် စွမ်းအင်ထုတ်လွှတ်သည့် ဂိတ်ပေါက်သို့ ရောက်ရှိသွားပြီး ဧရာမ မွန်းစတားအလောင်းကြီးကို ရင်ဆိုင်ရင်း သူမ၏ လက်မောင်းကို ပလာစမာဖြတ်တောက်စက်အဖြစ် ပြောင်းလဲလိုက်သည်။ ပြီးနောက် အရှိန်အဟုန်ဖြင့် ရှေ့တိုးကာ တိကျစွာဖြတ်တောက်ပြီး အပေါက်ကို ဖောက်ခွဲကာ အောက်သို့ တည့်တည့် တိုးဝင်သွားတော့သည်။
[ယန္တရားတံခါးကို တွေ့ပါပြီ။ ပိုက်လိုင်းရဲ့ လေဟာနယ်ဖိအားစနစ်ကို စတင်နေပါတယ်။ စွမ်းအင်ဂိတ်ပေါက်ကို ပစ်မှတ်ရဲ့ အလောင်းက ဖုံးအုပ်ထားလို့ ဒါက ဒေသတွင်း အပူလွန်ကဲမှုကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကို ရှင်းလင်းပစ်ရမလား]
ထိုအချိန်တွင် ဗိုင်အိုလာ၏ အသံက ထွက်ပေါ်လာသည်။
လင်းရှန်သည် ကျွန်းတစ်ကျွန်းနီးပါး ကြီးမားလှသော ဧရာမ မွန်းစတားကို စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းများလက်ခနဲဖြစ်သွားကာ ရုတ်တရက် ပြောလိုက်သည်။
“မလိုဘူး။ အဲဒီနေရာမှာပဲ ထားလိုက်ပါ။ တကယ်တော့ ငါ စမ်းသပ်မှုလေးတစ်ခု လုပ်ကြည့်ချင်လို့...”
မွန်းစတားကြီး သေဆုံးသွားခဲ့သည်မှာ တစ်နာရီနီးပါးရှိပြီဖြစ်သော်လည်း ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်နေသော ၎င်း၏ခန္ဓာကိုယ်မှ အနက်ရောင်မြူများ အဆက်မပြတ်ထွက်ပေါ်နေဆဲဖြစ်ကာ ကျယ်ပြန့်သော ပင်လယ်ပြင်တစ်ခုလုံးကို အမှောင်ကျုးကျော်မှုစွမ်းအင်များဖြင့် ပြည့်နှက်နေစေသည်။
ဤအနက်ရောင်မြူများသည် အမှောင်သတ္တဝါများထဲတွင် ရှိနေသည့် အမှောင်စွမ်းအင်ဖြစ်ပြီး ထိုသတ္တဝါများ လှုပ်ရှားနိုင်ရန် အခြေခံလည်း ဖြစ်သည်။
လောလောဆယ်တွင် လူသားများသည် ဤအမှောင်စွမ်းအင်နှင့် ပတ်သက်၍ နားလည်မှုအလွန်နည်းပါးနေသေးသည်။ မွန်းစတားများထံမှ ထွက်လာသည့် အမှောင်စွမ်းအင်က တခြားမွန်းစတားတွေကို ပိုပြီး ဆွဲဆောင်နိုင်မလားဆိုသည်ကို မည်သူမျှမသိသော်လည်း အဆင့်မြင့် S-Class သတ္တဝါများအတွက်မူ ၎င်းတို့မျိုးနွယ်စု၏ သွေးပဲစေ့များနှင့် ပြန့်လွင့်နေသော အမှောင်စွမ်းအင်များကို စုပ်ယူဝါးမျိုနိုင်သည်။
သို့သော်လည်း S-Class သတ္တဝါများကို အခုထိ မတွေ့ရသေးပေ။ ပင်လယ်ကျောက်ဆောင်ကျွန်း အနီးတစ်ဝိုက်တွင် စုဝေးနေသည့် မွန်းစတားများထဲတွင် အမြင့်ဆုံးအဆင့်မှာ အထူးအဆင့်သာရှိသေးသည်။ S-Class များသည် သီးခြားနယ်မြေအသိစိတ်ရှိသည့် အမှောင်သက်ရှိများဖြစ်နိုင်ကြောင်း… ထို့အပြင် အဆင့်မြင့် မိစ္ဆာနတ်ဘုရားတစ်ပါးလို သမုဒ္ဒရာနတ်ဘုရားကြီးရှိနေခြင်းကြောင့် တခြား S-Class သတ္တဝါများ မချဉ်းကပ်ရဲခြင်းဖြစ်နိုင်ကြောင်း လင်းရှန်က ခန့်မှန်းထားသည်။
ဤအချိန်တွင် လင်းရှန်သည် စွမ်းအင်ထုတ်လွှတ်သည့် ပိုက်လိုင်းကို အသုံးပြုကာ ထိုကိရိယာကို အရှိန်အဟုန်အပြည့်ဖြင့် ဖွင့်လှစ်ရန် သင့်၊ မသင့်ကိုလည်း စဉ်းစားနေသည်။ အလုပ်ဖြစ်၊မဖြစ် မသေချာသော်လည်း နောက်ဆုံးလက်နက်အနေဖြင့် စမ်းသပ်ကြည့်ရကျိုးနပ်သည်ဟု သူ ယုံကြည်သည်။
ထိုသို့တွေးပြီးနောက် လင်းရှန်၏ စိတ်ထဲတွင် ရှင်းလင်းသော အစီအစဉ်တစ်ခု ရှိလာခဲ့သည်။
မကြာခင်မှာပင် လင်းရှန်၏ စီစဉ်မှုဖြင့် ဗိုင်အိုလာသည် စွမ်းအင်ထုတ်လွှတ်သည့် ဂိတ်၏ လေဟာနယ်ဖိအားအဆို့ရှင်ကို အပြည့်အဝဖွင့်လှစ်နိုင်ရန်ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရေအောက်အခြေစိုက်စခန်းနှင့် ချိတ်ဆက်ထားသော လိုင်းများကို အသုံးပြုကာ လက်ရှိအခြေအနေကို စောင့်ကြည့်နိုင်ရန် ဆင်ဆာများနှင့် စောင့်ကြည့်ရေးကိရိယာအများအပြားကို တပ်ဆင်လိုက်သည်။
ဗိုင်အိုလာ၏ ဦးဆောင်လှုပ်ရှားမှုကြောင့် အရာအားလုံးအဆင်ပြေချောမွေ့သွားခဲ့ပြီး ရေအောက်တွင် မည်သူမျှ အမှောင်အမှတ်အသားအလုပ်ခံရမည့် အန္တရာယ်ကို မရင်ဆိုင်ခဲ့ရပေ။ စွမ်းအင်ထုတ်လွှတ်သည့် ဂိတ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ အန္တရာယ်က လုံးဝဥဿုံမကင်းစင်သေးသော်လည်း အနည်းဆုံးတော့ အစီအစဉ်က ရှေ့တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည့်အတွက် ပင်လယ်လင်းယုန်အဖွဲ့ဝင်များအားလုံး သက်ပြင်းချနိုင်ခဲ့ကြသည်။
“ငါတို့ ကမ္ဘာ့အူတိုင်က အပူစွမ်းအင်တွေကို ဒီပင်လယ်ပြင်ထဲ စပြီးထုတ်လွှတ်လိုက်တာနဲ့ ဒီနေရာက အရမ်းအန္တရာယ်များလာလိမ့်မယ်”
ရိုင်ယန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ငါတို့ နောက်ထပ်ဘာဆက်လုပ်ကြမလဲ”
လင်းရှန် အချိန်ကို စစ်ဆေးကြည့်လိုက်ရာ လက်ကျန်အချိန်က ၂၄ နာရီပင် မပြည့်တော့ပေ။ ထို့ကြောင့် သူက ချက်ချင်း ပြောလိုက်သည်။
“အခု စိုးရိမ်ရတာက ဒီညကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာပဲ။ သန္ဓေပြောင်းမွန်းစတားတွေက တအားစုဝေးနေကြပြီ။ ဒီည ပင်လယ်ကျောက်ဆောင်ကျွန်းက ပရမ်းပတာဖြစ်မှာသေချာတယ်။ သန္ဓေပြောင်းမွန်းစတားတစ်ကောင်ကပဲ ငါတို့ကို ပစ်မှတ်ထားရင်တောင် ငါတို့တစ်ဖွဲ့လုံး သုတ်သင်ခံရနိုင်တယ်”