← Chapters

ကျွန်းကိုဖြတ်ကျော်ခြင်း (၁)

Vol. 58 Ch. 1001

ကျွန်းကိုဖြတ်ကျော်ခြင်း (၁)

Vol. 58 Ch. 1001

လင်းရှန်က ရိုင်ယန်ကို ကြည့်ပြီးဆက်ပြောသည်၊၊

“ငါက ကျွန်းပေါ်မှာ ပုန်းလို့ရမယ့်နေရာတွေကို လူလွှတ်ပြီး ရှာခိုင်းထားတယ်။ မင်းတို့ယာဉ်တန်းလည်း ကမ်းပေါ်တက်ရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ ပင်လယ်လင်းယုန်အဖွဲ့ဝင်များ မျက်နှာပျက်သွားကြသည်။

“ငါတို့ သင်္ဘောတွေကို စွန့်ခွာရမှာလား”

“ယာယီပါပဲ” ဂေဒီက အဖွဲ့ဖော်များကို နှစ်သိမ့်လိုက်သည်။

“နောက်ဆိုရင် ပင်လယ်မွန်းစတား၊ မီးတောင်၊ ငလျင်၊ ဆူနာမီတွေက အချိန်မရွေးဖြစ်လာနိုင်တယ်။ ကုန်းပေါ်မှာနေတာက ပိုပြီးတော့ ဘေးကင်းပါတယ်”

“ဒါပေမဲ့ ငါတို့ရဲ့ လက်နက်ကြီးတွေ အားလုံးက သင်္ဘောပေါ်မှာ ရှိနေတာလေ”

အက်ဇ်လန်က မျက်မှောင်ကြုတ်လိုက်သည်၊၊

“လက်နက်ကြီးတွေမပါရင် ငါတို့ ရေရှည်တိုက်ပွဲ မတိုက်နိုင်ဘူး”

“ကျွန်းပေါ်မှာ ပုန်းနေရင်တောင် သန္ဓေပြောင်းမွန်းစတားတွေ ဒါမှမဟုတ် ငလျင်နဲ့ မီးတောင်အန္တရာယ်ကို ကာကွယ်နိုင်လိမ့်မယ်လို့ မသေချာဘူး”

ဗန်နက်ဆာကလည်း ဝင်ပြောသည်။

ကီကီက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။

“ပင်လယ်ကျောက်ဆောင်ကျွန်းကတောင် မကာကွယ်နိုင်တာ ရှင်တို့သင်္ဘောက ဘယ်လိုလုပ်ခံနိုင်မှာလဲ။ လှိုင်းလုံးကြီးတစ်ချက်တည်းနဲ့တင် မှောက်သွားနိုင်ပြီး အားလုံး ရေထဲမှာ တိုက်ပွဲဝင်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် လက်နက်ကြီးတွေက ဘာအသုံးဝင်မှာလဲ”

“ဒါပေမဲ့...”

“တော်ပြီ စကားမများကြနဲ့တော့”

ရိုင်ယန်က သက်ပြင်းအရှည်ကြီးချကာ တိုက်ပွဲကြီးအပြီး ပျက်စီးနေသော ကမ်းခြေကို ကြည့်ပြီး သက်ပြင်းချရင်း ညည်းညူလိုက်သည်။

“လင်းပြောတာ မှန်တယ်။ ဒီည ငါတို့ ဘယ်လိုအသက်ရှင်မလဲဆိုတာက အရေးအကြီးဆုံးပဲ။ တခြားဟာတွေက အရေးမကြီးဘူး”

“အဲရစ်ကာ၊ ဂေဒီ... မင်းတို့ အခုချက်ချင်း လူတွေကို ယာဉ်တန်းဆီ ပြန်ခေါ်သွားပြီး အားလုံးကို ကျွန်းပေါ် ရွှေ့ပြောင်းခိုင်းလိုက်”

“အနောက်ဘက်ကမ်းခြေလား”

“ကျွန်းပေါ်က အကျဥ်းထောင်”

ထိုအချိန်တွင် လင်းရှန်က ချက်ချင်း ဝင်ပြောလိုက်သည်။

“ပင်လယ်ကျောက်ဆောင်အကျဥ်းထောင်က ခုခံကာကွယ်ဖို့ သင့်တော်တယ်။ အခု စွမ်းအင်ထုတ်လွှတ်တဲ့ ပိုက်လိုင်းလည်း ပွင့်သွားပြီဆိုတော့ အဲဒီက ကမ္ဘာ့အူတိုင်ဘူမိအပူတွင်းတွေက လောလောဆယ် တည်ငြိမ်နေဦးမှာပဲ။ အောက်ထဲမှာ ပုန်းနေတာက ပိုပြီးတော့ ဘေးကင်းလိမ့်မယ်”

“လင်းရှန် ကျွန်မတို့လည်း အဲဒီဘက်ကို ပြောင်းရမလား”

ကီကီက လင်းရှန်ကို ချက်ချင်း မေးလိုက်သည်။

လင်းရှန်က ခေါင်းညိတ်ပြသည်၊၊

“ငါတို့ အရင်ဆုံး ဆရာမချန်နဲ့ မိုနီကာတို့ဆီ သွားပြီး လူစုရမယ်။ အကယ်၍ ကျွန်းပေါ်မှာ ပိုကောင်းတဲ့နေရာမရှိရင် အနန္တရထားကို ရေလက်ကြားကို ဖြတ်ကျော်ပြီး ရေအောက်အခြေစိုက်စခန်းထဲအထိ မောင်းသွားရနိုင်တယ်”

“ကောင်းပြီ” ကီကီက သဘောတူလိုက်သည်။

“လင်း... ငါတို့ ကျွန်းပေါ်က ထောင်မှာ စောင့်နေမယ်”

ရိုင်ယန်က ထပ်ပြောသည်။

ပင်လယ်လင်းယုန်အုပ်စုနှင့် သဘောတူညီမှု ရရှိပြီးနောက် အဖွဲ့နှစ်ဖွဲ့သည် ချက်ချင်းပင် သီးခြားစီလှုပ်ရှားလိုက်ကြသည်။ လူများနှင့် ပစ္စည်းများကို လျင်မြန်စွာ ရွှေ့ပြောင်းကြပြီး တစ်ပြိုင်နက်တည်းမှာပင် ခုခံကာကွယ်ရေး အစီအစဉ်များကို ပြင်ဆင်ကြသည်။

လင်းရှန် ခေါင်းညိတ်ပြလိုက်သည်နှင့် အားလုံးက ၎င်းတို့၏ စွမ်းအားဝတ်စုံပေါ်ရှိ တွန်းကန်အားပေးစနစ်များကို ချက်ချင်းအသက်သွင်းကာ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားကြတော့သည်။

တစ်ချိန်တည်းမှာပင် အနန္တရထားရှိနေသည့် ပင်လယ်ကျောက်ဆောင်ကျွန်း၏ ဂြိုဟ်ပတ်လမ်းအခြေစိုက်စခန်းအပြင်ဘက်တွင်မူ ပြင်းထန်သော တိုက်ပွဲတစ်ခုပြီးဆုံးသွားခဲ့ကာ မြေပြင်ပေါ်တွင် အဆောက်အအုံအပျက်အစီးများစွာ ပြန့်ကျဲနေပြီး ထူးဆန်းသည့် သတ္တဝါများ၏ ရွံရှာဖွယ်ကောင်းသော သွေးများစီးဆင်းနေသည်။ ထူးဆန်းသည့် သတ္တဝါများ၏ အလောင်းများသည် အဆောက်အအုံအပျက်အစီးများပေါ်တွင် ပုံကျနေပြီး ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးများ ထွက်ပေါ်နေသည်။

“ကပ္ပတိန်ချန်... ကပ္ပတိန်လင်းတို့အဖွဲ့ ထွက်သွားပြီး နှစ်နာရီတောင် မပြည့်သေးဘူး၊၊ ကျွန်မတို့ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို သုံးကြိမ်တောင် ခံလိုက်ရပြီ။ ကျွန်မ စိုးရိမ်တာက...”

စွန်းယုကျန်းက စိုးရိမ်တကြီးဖြင့် ချန်ဆီရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။

အချိန်တိုအတွင်းမှာတင် အနန္တရထားသည် တိုက်ခိုက်မှု သုံးကြိမ်နှင့် ရင်ဆိုင်ခဲ့ရသည်။ လှည့်လည်နေသော ထူးဆန်းသည့် သတ္တဝါအချို့သာဖြစ်သော်လည်း နေ့ခင်းကြောင်တောင်တွင် ဤမျှအထိ တိုက်ခိုက်ခံနေရခြင်းက ပင်လယ်ကျောက်ဆောင်ကျွန်းပေါ်ရှိ အမှောင်ကျုးကျော်ခြင်းစွမ်းအင်များ ပိုမိုစုစည်းလာနေခြင်းကို ပြသနေသည်။ အမှောင်သတ္တဝါများ၏ သိပ်သည်းဆသည် မကြုံစဖူးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ညအမှောင်ကျသွားပြီးနောက် မည်မျှအထိ ငရဲဆန်သည့် မြင်ကွင်းမျိုး ဖြစ်လာမည်ကို ခန့်မှန်းကြည့်နိုင်သည်။

ချန်ဆီရွှမ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့ အနန္တရထားရဲ့ ပစ်အားက အဲဒီတိုက်ခိုက်လာတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို မောင်းထုတ်ဖို့ လုံလောက်ပါတယ်”

“စိတ်မပူပါနဲ့ အမေ”

မာရှောင်ထန်းက စွန်းယုကျန်း၏ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။

“သား အခု တကယ်တော်နေပါပြီ။ ဒါ့အပြင် အစ်ကိုလင်းနဲ့ ဆရာ့ရဲ့ စွမ်းအားတွေလည်း ရှိနေတာပဲ၊၊ သူတို့က ကျွန်‌တော်တို့ကို ဒီကနေသေချာပေါက်ခေါ်ထုတ်သွားနိုင်လိမ့်မယ်”

“တော်တယ် ကောင်လေး… အခုဆို မင်းက လျှပ်စီးမြေခွေးကို တိုက်ရိုက်ထုတ်လွှတ်နိုင်နေပြီပဲ… မင်းရဲ့ တိုးတက်မှုက နတ်ဘုရားအရှိန်အဟုန်အတိုင်းပဲ”

မြောင်လုက တွဲပေါ်တွင် လက်နက်တစ်ခုကို ကိုင်နေရာမှ မာရှောင်ထန်းကို ချီးကျူးလိုက်သည်။

“ဒါနဲ့ မင်း အခု အဲဒီလို လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ပြီလား”

မာရှောင်ထန်းက ခေါင်းကို ရှက်ကိုးရှက်ကန်းကုတ်လိုက်သည်၊၊

“မလုပ်နိုင်သေးဘူး အမေ။ ဘယ်လိုဖြစ်သွားတာလဲဆိုတာကို သားကိုယ်တိုင်တောင် သေချာမသိသေးဘူး။ ဒါပေမဲ့ ဆရာကတော့ ဒါဟာ သားရဲ့ စွမ်းအားအသစ်ရဲ့ သဘာဝဖြစ်နိုင်တယ်လို့ ပြောတယ်။ အကိုချီလီရဲ့ အမြန်နှုန်းစွမ်းရည်နဲ့ နည်းနည်းဆင်တူတယ်တဲ့။ ဆရာက အဲဒါကို... မိုးကြိုးနတ်ဘုရားပျံသန်းခြင်းလို့ အမည်ပေးထားတယ်”

“မိုးကြိုးနတ်ဘုရားပျံသန်းခြင်း ဟုတ်လား။ ကြားရတာ... တော်တော်လေး အထင်ကြီးစရာပဲ”

“သတိထားကြ… အနောက်မြောက်ဘက်မှာ လှုပ်ရှားမှုတစ်ခု ရှိနေတယ်”

ချန်ဆီရွှမ်သည် လက်ဖြောင့်နတ်ဘုရားမတစ်ပါးကဲ့သို့ ရပ်နေရင်း ညမုဆိုးရိုင်ဖယ်ကို ကိုင်ထားသည်။ သူမသည် လမ်းဘလောက် အကွာအဝေးအနည်းငယ်မှ နှောင့်ယှက်မှုများကိုပါ တိကျစွာ ဖမ်းယူနိုင်ပြီး ထူးဆန်းသည့်သတ္တဝါများ ပစ်မှတ်မထားနိုင်ခင်မှာတင် ကြိုတင်ရှင်းလင်းပစ်လေ့ရှိသည်။ ထို့ကြောင့်လည်း အနန္တရထားသည် အုပ်စုလိုက် ဝိုင်းရံပိတ်ဆို့ခြင်းခံရသည့် အန္တရာယ်မှ လွတ်မြောက်နေခြင်း ဖြစ်သည်။

ချန်ဆီရွှမ်ပြောပြီးသည်နှင့် ကောင်းကင်ယံထက်တွင် လေခွင်းသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

မော့ကြည့်လိုက်ရာ လင်းရှန်နှင့် သူ၏အဖွဲ့ ဖြစ်နေသည်၊၊

“လင်းရှန်... အခြေအနေဘယ်လိုလဲ။ အဆင်ပြေရဲ့လား”

ချန်ဆီရွှမ်က စိုးရိမ်တကြီး မေးလိုက်သည်။

“စွမ်းအင်ထုတ်လွှတ်တဲ့ ပိုက်လိုင်းရဲ့ ယန္တရားတံခါးတွေကို ဖွင့်ခဲ့ပြီးပြီ”

လင်းရှန်သည် ပတ်ပတ်လည်ရှိ သန္ဓေပြောင်းမွန်းစတားအလောင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ဒီက အခြေအနေကောဘယ်လိုလဲ။ တခြားအဖွဲ့တွေရော စုံစမ်းရေးအလုပ်တွေ ပြီးကြပြီလား”

“ကျွန်မတို့ သန္ဓေပြောင်းသတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို သုံးကြိမ်ကြုံခဲ့ရပေမဲ့ မောင်းထုတ်နိုင်ခဲ့ပါတယ်”

ချန်ဆီရွှမ်က ဆက်ပြောသည်၊၊

“သူတို့လည်း အခုပြန်လာနေကြပြီ။ သူတို့ဆီက ရတဲ့ အချက်အလက်တွေအရတော့ အခြေအနေက သိပ်မကောင်းဘူး။ အမိုးအကာတွေနဲ့ ပုန်းခိုစရာနေရာအတော်များများကို အရင်က အသက်ရှင်ကျန်ရစ်သူတွေက အပိုင်စီးထားကြတယ်။ ဒါပေမဲ့ အခုတော့ လေတပ်အခြေစိုက်စခန်းကော၊ မြေအောက်ခံတပ်တွေပါ သန္ဓေပြောင်းမွန်းစတားတွေရဲ့ လက်ထဲ ရောက်သွားပြီ။ ဒီကျွန်းရဲ့ ညအချိန်က တကယ်ကို ကြောက်စရာကောင်းလိမ့်မယ်။ အဲဒါကြောင့်လည်း အခု ကုန်းပေါ်မှာ လူတစ်ယောက်မှ မတွေ့ရတာပဲ”

“ဒါဆိုရင် ပုန်းခိုစရာခံတပ်တွေက အတော်လေးပျက်စီးနေပြီပေါ့။ အကယ်၍ ငါတို့ အဲဒါတွေကို သုံးမယ်ဆိုရင် ယာယီအမိုးအကာအဖြစ် သုံးနိုင်ဖို့ အကြီးစားပြုပြင်မှုတွေ အရင်လုပ်ရလိမ့်မယ်”

ချန်ဆီရွှမ် စကားပြောအပြီးတွင် ကောင်းကင်၌ လေခွင်းသံများ ထပ်မံထွက်ပေါ်လာပြီး စုံစမ်းရေးအဖွဲ့ သုံးဖွဲ့စလုံး နေရာအသီးသီးမှ ဆက်တိုက်ပြန်လည်ရောက်ရှိလာကြသည်။ နန်ကျင်း၊ ချီလီနှင့် မိုနီကာတို့၏ အဖွဲ့များသည် ၎င်းတို့၏ ကင်းထောက်လုပ်ငန်းများကို ပြီးမြောက်ခဲ့ကြပြီဖြစ်သည်။ အဖွဲ့တစ်ခုချင်းစီ၏ စွမ်းအားဝတ်စုံပေါ်ရှိ တိုက်ပွဲဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ဤရိုးရှင်းသော ကင်းထောက်မစ်ရှင်သည် မလွယ်ကူခဲ့ကြောင်း သိသာလှသည်။

“မြို့ထဲမှာ နေရာတိုင်းက ဗရုတ်သုတ်ခပဲ”

ချီလီက အရင်ဆုံးဝင်ပြောသည်။

“ငါကတော့ အာရုဏ်ဦးမြို့တော်လိုမျိုးပဲဖြစ်နေမလားလို့ ထင်နေတယ်။ မွန်းစတားတွေက နေရာတိုင်းမှာ ရှိနေပြီး အကောင်ကြီးတွေပါ ထွက်လာနေပြီ”

“ဒီမွန်းစတားတွေက နေ့အလင်းရောင်ကို လုံးဝလိုက်လျောညီထွေဖြစ်အောင် နေသားကျသွားကြပြီလား”

“လောလောဆယ်ဖြစ်နေတဲ့ မုန်တိုင်းကြောင့်လည်း ဖြစ်နိုင်ပေမဲ့ သူတို့ တော်တော်များများကတော့ နေသားကျနေကြပြီ”

မိုနီကာက သက်ပြင်းချရင်း လင်းရှန်ဘက်သို့ လှည့်ကြည့်ကာ “ကျွန်မတို့ အရှေ့တောင်ဘက်ကနေ ထွက်လာတဲ့ လှုပ်ရှားမှုကို သတိထားမိတယ်။ ကောင်းကင်ပေါ်က ဆွဲငင်အားအလင်းတန်းက ရှင်လုပ်လိုက်တာလား”

“ဟုတ်တယ်… ငါပဲ”

လင်းရှန်က ခေါင်းညိတ်သည်၊၊

“ပြဿနာတစ်ခုနဲ့ တိုးတာပါ… အထူးအဆင့်တစ်ကောင် ထွက်လာတယ်”

“ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့ ဒီနေရာမှာပဲ ဆက်ပြီး ခုခံနေရဦးမှာလား”

နန်ကျင်းက မျက်မှောင်ကြုတ်လျက် မေးသည်။

“စောစောကတင် ကျွန်မတို့ဆီက အမှတ်အသားတွေက ဆက်တိုက်ပေါ်နေတယ်။ ဒီလောက်သိပ်သည်းဆမျိုးနဲ့ဆိုရင် ညဘက်ရောက်တာနဲ့ ကျွန်မတို့ အမှတ်အသားလုပ်ခံရတာကနေ လွတ်မှာ မဟုတ်ဘူး”

“တခြားရွေးချယ်စရာမရှိဘူး”

ကီကီက ကောင်းကင်ယံမှ မုန်တိုင်းတိမ်တိုက်များကို လက်ညှိုးထိုးပြကာ “အပေါ်က လေထုထဲမှာ သတ္တဝါတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး။ အမှားအယွင်းတစ်ခုခုဖြစ်တာနဲ့ အဆင့် ၄ အမှတ်အသား အလုပ်ခံရလိမ့်မယ်။ အဲဒီကျရင် ကျွန်းပေါ်ကနေ ပျံသန်းပြီး ထွက်သွားချင်ရင်တောင် သွားလို့ရမှာ မဟုတ်တော့ဘူး”

All Chapters