ဆူပွက်မှတ် (၁)
Vol. 58 Ch. 1003
“ရှင်က တအားကြီးတင်းမာနေတာလည်း ဖြစ်နိုင်တာပဲ”
မိုနီကာ၏ အကြည့်က ချန်ဆီရွှမ်ထံမှ ရှေ့ဘက်သို့ တဖြည်းဖြည်းရွေ့လျားသွားပြီး ဗလာဖြစ်နေသော ပစ္စည်းသယ်ယူသည့် ရထားလမ်းကြောင်းက တောင်တန်းထဲသို့ တဖြည်းဖြည်းဦးတည်သွားသည်ကို ကြည့်ရင်း ပြောလိုက်သည်။
“မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းတွေ လွှမ်းသွားရင်တောင် ဒါက ကျွန်မတို့ မရှောင်ကွင်းနိုင်တဲ့ နောက်ထပ်အကျပ်အတည်းတစ်ခုပဲလေ… ကမ္ဘာပျက်ကပ်နေ့ကတည်းက ကျွန်မတို့က သေခြင်းရှင်ခြင်းမျဥ်းကြောင်းပေါ်မှာ နေထိုင်လာခဲ့ကြတာပဲလေ… အခုက အရင်နဲ့ ဘာကွာလို့လဲ”
ထိုစကားကို ကြားသောအခါ ချန်ဆီရွှမ်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီးနောက် ပြောသည်။
“ငါ သဘောတူတယ်… ကားက တောင်ရှေ့ရောက်ရင် ဖြတ်ကျော်သွားမှာပဲ… ကျွန်မတို့ ဒီထက်ဆိုးတဲ့ လမ်းပိတ်တဲ့ အခြေအနေတွေ အများကြီးနဲ့လည်း ကြုံခဲ့ဖူးတာပဲ… ဒီညလည်း ကျွန်မတို့ အသက်ရှင်နိုင်မယ်လို့ ငါယုံကြည်တယ်”
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားကာ အသာအယာပြုံးလိုက်သည်။
“ကောင်းမွန်တဲ့ စိတ်ထားပဲ… ဟုတ်ပြီ”
ထိုနောက် သူက ဗိုင်အိုလာကို လှမ်းခေါ်လိုက်သည်။ ဗိုင်အိုလာသည် ရထားတွဲကို ဖြတ်ပြီး ထိန်းချုပ်ခန်းထဲသို့ အမြန်ရောက်လာခဲ့သည်။ ထိုအချိန်တွင် လင်းရှန်က အစီအစဉ်များကို စတင်ချမှတ်လိုက်သည်။
“ဗိုင်အိုလာ... မင်းက ဒရုန်းတွေအားလုံးနဲ့ လင်းယုန်အုပ်စုရဲ့ ပစ္စည်းကိရိယာတွေအားလုံးကို လွှဲပြောင်းယူပြီး ပင်လယ်ကျောက်ဆောင်အကျဉ်းထောင်မှာ ခံစစ်လိုင်းတစ်ခု တည်ဆောက်လိုက်… အဲဒီအတောအတွင်း ရိုင်ယန်ရဲ့ လူတွေကို အောက်ဘက်ကို အကုန်ဆုတ်ခိုင်းလိုက်ပါ”
ချန်ဆီရွှမ်က သူ့ကို ကြည့်လိုက်သည်။
“စက်ရုပ်တွေနဲ့ချည်းပဲ ခုခံမှာလား”
“ဟုတ်တယ်” လင်းရှန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“အဓိကက ခုခံဖို့ မဟုတ်ဘူး ရည်ရွယ်ချက်ရှိရှိ ရှင်းလင်းဖို့ပဲ”
လင်းရှန်က ဗိုင်အိုလာကို သေချာကြည့်ကာ အခြေနေကို သုံးသပ်ပြသည်။
“ကျွန်းကို ဝိုင်းထားတဲ့ သန္ဓေပြောင်းမွန်းစတားတွေ ဒီလောက်များနေတာ လူသားတွေကို သုံးပြီး ခုခံခိုင်းတာက အဓိပ္ပာယ်မရှိဘူး၊၊ အမှတ်အသားရသွားရင် ငါတို့က စနက်တံမီးရှို့မိသလိုသွားလိမ့်မယ်… ဒါကြောင့် ဗိုင်အိုလာရဲ့ တာဝန်က လှည့်လည်သွားလာနေတဲ့ မွန်းစတားအချို့ အောက်က မြေအောက်အခြေစိုက်စခန်းထဲကို ဝင်မလာနိုင်အောင် သေချာလုပ်ဖို့ပဲ တကယ်လို့ လိုအပ်လာရင်...”
လင်းရှန်၏ အကြည့်က အေးစက်သွားသည်။
“ပင်လယ်ကျောက်ဆောင်အကျဉ်းထောင်နဲ့ ဒီအခြေစိုက်စခန်းရဲ့ လမ်းကြောင်းတွေကို ဖောက်ခွဲပစ်ပြီး ငါတို့ကို အောက်မှာပဲ အရှင်လတ်လတ်မြှုပ်ပစ်လိုက်”
ဗိုင်အိုလာက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီးနောက် ပြန်ဖြေသည်။
[အမိန့်ကို နားလည်ပါပြီ၊၊ အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်]
ထိုသို့ပြောပြီးနောက် သူမက လျင်မြန်စွာ လှည့်ထွက်ပြီး အလုပ်စလုပ်တော့သည်။
“အင်း” ထိုအချိန်တွင် မိုနီကာက ပြောသည်။
“အဲဒါ အဆင်ပြေပုံရပါတယ်… ဖြစ်နိုင်ရင် အေးချမ်းတဲ့ ညတစ်ညဖြစ်လာနိုင်တာပေါ့”
ဝုန်း
စကားပင် မဆုံးသေးမီ ပြင်းထန်သော တုန်ခါမှုတစ်ခု ရုတ်တရက် ရောက်ရှိလာပြီး ပစ္စည်းသယ်ယူပို့ဆောင်လမ်းကြောင်းဟောင်းထဲတွင် ဖုန်မှုန့်များ ပြင်းထန်စွာ လွင့်စင်ကျလာခဲ့သည်။ မီးလုံးများ တဖျတ်ဖျတ် တုန်ခါသွားပြီး အနန္တရထားကြီးအတွင်း၌ နားကွဲမတတ် လေလှိုင်းသံတစ်ခု ရုတ်တရက် မြည်ဟည်းသွားသည်။
“ငလျင်လှုပ်တာလား”
“ဂါလန်မီးတောင် ဖြစ်လိမ့်မယ်”
လင်းရှန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ ထိုအချိန်တွင် ငလျင်သည် မိနစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိသော်လည်း ကြာချိန်နှင့် ပြင်းအားက အရင်ကထက် သိသိသာသာပိုများလာခဲ့သည်။ ၎င်းသည် နိမိတ်ကောင်းတစ်ခုမဟုတ်ပေ။
“အဲဒီ ပင်လယ်ရေအောက်မီးတောင်က ပေါက်ကွဲလုနီးပါးအခြေအနေကို ရောက်နေပြီနဲ့ တူတယ်” ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်လိုက်သည်။
“ဒီနေရာကလည်း မီးတောင်ဝပေါ်မှာ ရှိနေတာလို့ ရှင်ပြောဖူးတယ် မဟုတ်လား”
“ဟုတ်တယ်”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“ဒါက မြေအောက်အပူတွင်းသက်သက်ပဲ… ဒါပေမဲ့ ဂါလန်မီးတောင်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ သမုဒ္ဒရာရေအောက် တောင်တန်းမီးတောင်ကြောပေါ်မှာပဲ ရှိနေတာ ဖြစ်ရမယ်”
လိုဏ်ဂူအတွင်းရှိ ဖုန်မှုန့်များ တဖြည်းဖြည်းငြိမ်သက်သွားသည်ကို မြင်သောအခါ လင်းရှန် အသက်ပြင်းပြင်းရှူလိုက်ပြီး အနန္တရထားကြီးကို လမ်းကြောင်းအတိုင်း အတွင်းပိုင်းအထိ ဆက်လက်မောင်းနှင်ခဲ့သည်။ မကြာမီ သူတို့သည် နျူကလီးယားဓာတ်ရောင်ခြည် ဇီဝအန္တရာယ်အမှတ်အသားပါရှိသော လမ်းကြောင်းတံခါးဝသို့ ရောက်ရှိလာကြသည်။ လင်းရှန်က သူ၏ ယန္တရားစွမ်းအားကို သုံး၍ တံခါးကို အဝေးမှ လှမ်းဖွင့်လိုက်သည်နှင့် တပြိုင်နက် ပူပြင်းလှသော အပူလှိုင်းတစ်ခု ရုတ်တရက် တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။ ထိုအပူရှိန်က အနန္တရထားပေါ်ရှိ ရေငွေ့များကို ချက်ချင်းပင် အငွေ့ပျံသွားစေသည်။
ဒီနေရာလည်း ဆူပွက်နေပြီပဲ။
လင်းရှန်၏ အမူအရာက အနည်းငယ်တည်ကြည်သွားပြီး ရထားကို လမ်းကြောင်းထဲသို့ မောင်းနှင်ဝင်ရောက်စေခဲ့ရာ ရှေ့ဘက်ရှိ တောက်ပသောအလင်းရောင်သည် တဖြည်းဖြည်းနီရဲလာခဲ့သည်။ ရထားလမ်းကြောင်းသည် ထိုမြေအောက်အပူဗဟိုချက်၏ ကြီးမားသော အပူတွင်းအစွန်းအတိုင်း တဖြည်းဖြည်း ဖြတ်သန်းသွားသည်။ ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်ရှိ ကြီးမားသော လမ်းကြောင်းကြီးကို မြင်တွေ့နိုင်ပြီး နီရဲနေသော ချော်ရည်များ၏ တောက်ပမှုကြောင့် မြေအောက်အပူတွင်း၏ အလင်းရောင်က ပို၍ထင်ရှားနေခဲ့သည်။ ရထားပေါ်မှ မဆင်းရသေးမီမှာပင် လင်းရှန်နှင့် အခြားသူများသည် အံ့ဩစရာကောင်းသော အပူရှိန်ကို ခံစားနေကြရပြီ ဖြစ်သည်။
“လှုပ်ရှားမှုအဆင့်က မြင့်တက်လာတယ်၊၊ ဒီစက်ရဲ့ တူးဖော်ရေးကိရိယာနဲ့ တည်နေရာပြကိရိယာတွေက သူတို့ရဲ့ ခံနိုင်ရည်ပမာဏထက် ကျော်လွန်သွားရင် ရပ်တန့်သွားတာ ဒါမှမဟုတ် ပျက်စီးသွားလိမ့်မယ်၊၊ အဲဒီလိုဆိုရင် ပင်လယ်ကျောက်ဆောင်ကျွန်းပတ်လည်က ပင်လယ်ပြင်အချို့မှာ တည်ဆောက်ထားတဲ့ အပူရင်းမြစ်အမှတ်တွေ ပျောက်ကွယ်သွားလိမ့်မယ်” လင်းရှန်က ပြောလိုက်သည်။
“ဒါကမှ ပြဿနာပဲ”
“ဆိုလိုတာက ဒီအရာမရှိရင် အဲဒီသတ္တဝါတွေက ဂါလန်မီးတောင်ကို တိုက်ခိုက်ကြလိမ့်မယ်၊၊ အဲဒီအခါ ငြိမ်သက်နေတဲ့မီးတောင်က ပြန်အသက်ဝင်လာလိမ့်မယ်ပေါ့ ဟုတ်လား” မိုနီကာက မေးလိုက်သည်။
လင်းရှန်က သက်ပြင်းချလိုက်သည်။
“ဂါလန်မီးတောင်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ သန္ဓေပြောင်းမွန်းစတားတွေရဲ့ လှုပ်ရှားမှုတွေက ဆက်စပ်နေလား…. ပြီးတော့ ဖောင်ဒေးရှင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စမ်းသပ်မှုတွေလားဆိုတာကတော့ ငါ တကယ်ပဲ စိတ်မဝင်စားတော့ဘူး”
ထိုအချိန်တွင် အနန္တရထားကြီးသည် နျူကလီးယားရေငုပ်သင်္ဘောအခြေစိုက်စခန်း၏ ကုန်တင်လက်ဖောင်းပေါ်သို့ ဝင်ရောက်လာခဲ့သည်။ လင်းရှန်က ရထားကို ရပ်တန့်လိုက်ပြီးနောက် လှည့်ထွက်ကာ ရထားတွဲ၏ အနောက်ဘက်သို့ လမ်းလျှောက်သွားရင်း မိုနီကာကို ပြောလိုက်သည်။
“ဒါပေမဲ့ တစ်ခုတော့ သေချာတယ်… ဒီစက်ရှိနေရင် ငါတို့က ငါးမျှားနေတာနဲ့ တူတယ်… ဒီစက်မရှိရင်တော့ ငါတို့က သဘာဝငါးစာကြီးရဲ့ အပေါ်မှာ မတ်တတ်ရပ်နေသလို ဖြစ်သွားလိမ့်မယ်… အမှောင်အမှတ်အသားမရှိရင်တောင် ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
…
လင်းရှန်က ရထားတွဲများကို ဖြတ်သန်းကာ နံပါတ် ၃ တွဲသို့ ရောက်ရှိလာခဲ့သည်။ အထဲသို့ ဝင်လိုက်သောအခါ တင်းကျန်းရီကို မတွေ့ရဘဲ နံပါတ် ၄ တွဲရှိ ခရမ်းချဉ်ပျိုးပင်အချို့အနီးတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ သူ သူမကို တစ်ခုခုလှမ်းမေးရန် ပြင်လိုက်စဉ် တင်းကျန်းရီ၏ ခေါင်းပေါ်ရှိ ပန်းပွင့်လေးသည် ညင်သာစွာ လှုပ်ခတ်နေပြီး မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခု ဖြာထွက်နေသည်ကို သတိပြုမိသွားသည်။
လင်းရှန်လည်း မနေနိုင်ဘဲ အနားသို့ တိုးကပ်သွားခဲ့သည်။ နောက်တစ်ခဏ၌ သူ၏ အကြည့်များက စူးစိုက်သွားသည်။ တင်းကျန်းရီ၏ ရှေ့ရှိ ခရမ်းချဉ်သီးပျိုးပင်များကို အချို့သော ဖရဲ၊ သခွားမျိုးနွယ်ဝင် နုနယ်သော နွယ်ပင်များက လျင်မြန်စွာ ရစ်ပတ်တွားတက်နေကြသည်ကို မြင်လိုက်ရသည်။ သူမ၏ ထိန်းချုပ်မှုအောက်တွင် နွယ်ပင်တို့၏ အဖျားမှ အလွန်တရာ စူးရှလှသော သွေးဆူးခက်အချို့ ထွက်ပေါ်လာခဲ့သည်။ ထိုနွယ်ပင်များသည် လူသားတို့၏ လက်များကဲ့သို့ လျင်မြန်စွာ ပုံသဏ္ဌာန်ပြောင်းလဲ ကြီးထွားလာပြီး စိုက်ပျိုးခန်း၏ နံရံတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အလင်းရောင်အားလုံးကို ကာဆီးပစ်လိုက်တော့သည်။
“မင်းရဲ့ အပင်အမျိုးအစား စွမ်းရည်က ဒီလောက်တောင် မြန်မြန်ဆန်ဆန်တိုးတက်လာတာလား”
လင်းရှန်က လလှမ်းပြောလိုက်သည်။
“တကယ်တော့ အခုမြင်ရတာက အစိတ်အပိုင်းအသေးလေးတစ်ခုပဲရှိသေးတယ်”
တင်းကျန်းရီသည် လင်းရှန် ရောက်လာသည်ကို သိနှင့်ပြီးဖြစ်သော်လည်း သူမ၏အလုပ်ကို ကြားဖြတ်မနှောင့်ယှက်ခဲ့သည့်အတွက် ကျေးဇူးတင်နေပုံရသည်။ နွယ်ပင်များက ပတ်ပတ်လည် ရစ်ပတ်ပြီးနောက် ရုတ်တရက် ကျုံ့ဝင်ကာ ခြောက်သွေ့သွားပြီး စိမ်းဖျော့ဖျော့ စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်လိုက်သည်။ တင်းကျန်းရီက လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ဖဝါးထဲမှ နက်မှောင်သော အစိမ်းရောင် အညှောင့်လေးတစ်ခု လေဟာနယ်ထဲတွင် ပေါက်ထွက်လာပြီး ထိုစိမ်းဖျော့ဖျော့ စွမ်းအင်များကို လျင်မြန်စွာ ဝါးမျိုပစ်လိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ လင်းရှန် အတော်ပင်အံ့အားသင့်သွားခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် တင်းကျန်းရီက မထင်မှတ်ထားသော အပြုအမူတစ်ခုကို လုပ်ဆောင်လိုက်သည်။ သူမသည် အစိမ်းေ ရာင်စွမ်းအင်များကို စုပ်ယူပြီးနောက် လှည့်၍ လင်းရှန်ထံသို့ လေတစ်ချက် မှုတ်ထုတ်လိုက်သည်။ ၎င်းက ပူရှိန်းရှိန်းလေပြေညင်းတစ်ခုက သူ့ကို လာရောက်ထိတွေ့လိုက်သလို ခံစားရစေပြီး သူ၏ အမြင်အာရုံကို ဝေဝါးသွားစေကာ နားထဲတွင် တဝီဝီမြည်ဟည်းသွားပြီး သူ၏ရှေ့မှ တင်းကျန်းရီ၏ လှပသော မျက်နှာပြင်က နှစ်ထပ်ဖြစ်သွားခဲ့သည်။
သူ ခေါင်းကို ခါယမ်းလိုက်ပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မှ စိတ်အာရုံက ပုံမှန်အတိုင်း ပြန်လည်ပတ်လာတော့သည်။ လင်းရှန်သည် ဝေခွဲမရဖြစ်စွာဖြင့် တင်းကျန်းရီကို ကြည့်လိုက်သည်။
“ဒါက...”