စွမ်းအင်ထုတ်လွှတ်ခြင်း (၁)
Vol. 58 Ch. 1005
တင်းကျန်းရီ ဆွံ့အသွားပြီးမှ ပြန်ပြောသည်။
“ကောင်းပြီလေ... ကျွန်မ အသုံးဝင်တယ်လို့ ယူဆတဲ့ စွမ်းရည်က ငွေနဂါးဆယ်ဆပန်းလိုမျိုး စစ်မြေပြင်ကို ရိုက်ခတ်နိုင်တဲ့ စွမ်းရည်မျိုးကို ပြောတာပါ”
“အဲဒါ လွယ်ပါတယ်”
လင်းရှန်က တင်းကျန်းရီကို ကြည့်ကာ တိုက်ရိုက်ပင် အကြံပြုလိုက်သည်။
“သွေးနွယ်ပင်ကိုပဲ မင်းရဲ့ လက်နက်အဖြစ် သုံးလိုက်လေ… အဲဒါကို ဆက်ပြီး သုတေသနလုပ်… ပြီးတော့ အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ ငါ့ကို ကူညီပေးပါ”
ထိုစကားကြောင့် တင်းကျန်းရီ၏ အကြည့်က လင်းရှန်ထံသို့ ရောက်လာခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမက လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ လင်းရှန်ကို သေချာကြည့်ရင်း အလေးအနက်ပြောလိုက်သည်။
“အဲဒါ ကောင်းတဲ့ အကြံဉာဏ်ပဲ… ကျွန်မ သေချာစဉ်းစားပါ့မယ်”
လင်းရှန် သက်ပြင်းချလိုက်နိုင်ပြီး ဒါက သတင်းကောင်းတစ်ခုပဲဟု ခံစားလိုက်ရသည်။ သူ တင်းကျန်းရီနှင့် သူ၏ အစီအစဉ်များကို ဆက်လက် ဆွေးနွေးရန် ပြင်လိုက်စဉ် သူမက ရုတ်တရက် ပြောလိုက်သည်။
“တကယ်တော့ သွေးနွယ်ပင်ရဲ့ အကန့်အသတ်မရှိပြန့်ပွားနိုင်စွမ်းကနေ ကျွန်မ နောက်ထပ် ရှာဖွေတွေ့ရှိမှုအသစ်တစ်ခု ရခဲ့သေးတယ်။ အဲဒါက ဒီကပ်ဘေးအပင်ရဲ့ အကန့်အသတ်မဲ့ကြီးထွားမှုက အပင်တွေ ဒါမှမဟုတ် မျိုးရိုးဗီဇအပေါ်မှာ အခြေခံတာမဟုတ်ဘဲ တခြားရှုထောင့်တစ်ခုကနေ လာတာပဲ။ အဲဒါက ကပ်ဘေးအပင်တွေနဲ့ တားမြစ်ပစ္စည်းတွေအားလုံးရဲ့ အဓိကစွမ်းအင်ရင်းမြစ်နဲ့ ပတ်သက်ပြီး သီအိုရီအသစ်တစ်ခုကို ကျွန်မကို စဉ်းစားမိသွားစေတယ်...”
လင်းရှန်လည်း ခေါင်းနားပန်းကြီးသွားသလို ခံစားလိုက်ရသည်။
လင်းရှန်သည် မြေအောက်အပူလမ်းကြောင်းလွှဲပြောင်းမှုကိစ္စနှင့် သူကြုံတွေ့ခဲ့ရသော ဂန်မာရောင်ခြည်များအကြောင်းကို တင်းကျန်းရီနှင့် ဆွေးနွေးရန် မူလကရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ စကားမပြောရသေးမီမှာပင် တင်းကျန်းရီ ပြောလိုက်သော စကားတစ်ခွန်းက သူ၏အာရုံကို ဖမ်းစားသွားခဲ့ရာ စိတ်လှုပ်ရှားသွားသောအမူအရာဖြင့် မမေးဘဲ မနေနိုင် ဖြစ်သွားတော့သည်။
“ဒီကမ္ဘာရဲ့ရှုထောင့်မဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ”
“တအားစိုးရိမ်မနေပါနဲ့။ ဒါက တားမြစ်ပစ္စည်းတွေနဲ့ အမှောင်စွမ်းအင်ရဲ့ မြစ်ဖျားခံရာကို သုတေသနလုပ်နေတုန်း ကျွန်မ စဉ်းစားမိတဲ့ သီအိုရီတစ်ခုသက်သက်ပါ။ အမှန်အတိုင်းပြောရရင် တိကျတဲ့ သိပ္ပံနည်းကျစိတ်ပိုင်းဆိုင်ရာအရဆိုရင် ကျွန်မက ဒီလိုသီအိုရီမျိုးကို မဆွေးနွေးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင်က ကျွန်မပြောသမျှကို လက်ခံပေးလေ့ရှိလို့ပဲလေ… အဲဒါက ပုဂ္ဂိုလ်ရေးအရ ဂုဏ်ယူစရာဆိုပေမဲ့ လက်တွေ့မှာတော့ ဒီခန့်မှန်းချက်က သက်သေမပြရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းတည်ရှိမှုတွေနဲ့ ပတ်သက်လာရင် စွမ်းအားပုံစံအားလုံးက ကျွန်မတို့အတွက် နားမလည်နိုင်တဲ့အရာတွေဖြစ်နေလို့ပဲ”
တင်းကျန်းရီက လင်းရှန်ကို လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်။
“ကမ္ဘာပျက်ကပ်နေ့ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့ဖြစ်စဉ်အမျိုးမျိုးကို ရှင်က အဆင့်မြင့်ယဉ်ကျေးမှုတွေရဲ့ ရှုထောင့်ကနေ စဉ်းစားနေကတည်းက ကျွန်မလည်း ဒီသုတေသနကို အဲဒီဘက်ကို ရဲရဲတင်းတင်းတွန်းပို့ခဲ့တာပဲ။ လောလောဆယ်မှာ လူသားတွေဟာ ရှင်သန်ရေးအပြင် တိုက်ရိုက်ကျပေမဲ့ အဖြေမထွက်သေးတဲ့ မေးခွန်းတစ်ခုနဲ့ ရင်ဆိုင်နေရတယ်၊၊ အဲဒါကတော့ ဒီသန္ဓေပြောင်းမွန်းစတားတွေ လူသားတွေကို တိုက်ခိုက်နေရတဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ… ပြီးတော့ တွင်းနက်က ကမ္ဘာမြေကို ဝါးမျိုနေတာကကော ဘာအတွက်လဲဆိုတာပဲ”
ဝုန်း။
ရေအောက်ငလျင်က နောက်တစ်ကြိမ် ထပ်မံတုန်ခါလာပြန်ရာ လိုဏ်ဂူလမ်းကြောင်းကြီးတစ်ခုလုံး မြည်ဟည်းသွားပြီး ရထားတွဲများလည်း တုန်ခါသွားခဲ့သည်။ လင်းရှန်သည် တင်းကျန်းရီ၏ လက်ကို လှမ်းဆွဲကာ ဟန်ချက်ကို ထိန်းလိုက်ရသည်။ မိနစ်ဝက်ခန့် ကြာပြီးနောက်တွင် ငလျင်က ငြိမ်သက်သွားခဲ့သည်၊၊ ပြင်းအားက အရင်ကထက် ပိုမိုပြင်းထန်လာပြီး ငလျင်နှစ်ခုကြားအချိန်က နာရီဝက်သာ ကွာခြားတော့သည်။
“ဒီရေအောက်မီးတောင်က အချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့ အခြေအနေပဲ”
ငလျင်ငြိမ်သွားသည်နှင့် လင်းရှန်က တင်းကျန်းရီ၏ လက်ကို လွှတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
တင်းကျန်းရီက ရထားတွဲပတ်လည်ကို တစ်ချက်ကြည့်လိုက်သော်လည်း တည်ငြိမ်နေဆဲပင်ဖြစ်သည်။
“ငါတို့လို စွမ်းအားရှင်တွေနဲ့ အနန္တရထားကြီးလိုမျိုး အဆင့်မြင့်ပစ္စည်းကိရိယာတွေ ရှိနေတဲ့သူတွေအတွက်တော့ ငလျင်နဲ့ ဆူနာမီလို သဘာဝဘေးအန္တရာယ်တွေက သိပ်ပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှု မဖြစ်သင့်ပါဘူး။ ရှင်စိုးရိမ်နေတာက သန္ဓေပြောင်းမွန်းစတားတွေရဲ့ အမဲလိုက်တာကို မဟုတ်လား”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“အဲဒါကြောင့်ပဲ ငါ မင်းဆီ လာရှာတာ...”
ပြောပြီးသည်နှင့် သူ ရှာဖွေတွေ့ရှိခဲ့သော စွမ်းအင်လွှဲပြောင်းမှုနှင့် သူ၏ အစီအစဉ်ကို တင်းကျန်းရီထံ ချက်ချင်းပြောပြလိုက်သည်။ သန္ဓေပြောင်းမွန်းစတားများရှိနေသော်လည်း လင်းရှန်အနေဖြင့် ဇီဝဗေဒပညာရှင်တစ်ဦးအနေနှင့် တင်းကျန်းရီ၏ အမြင်ကို သိချင်နေသေးသည်။ သို့သော်လည်း ငလျင်လှုပ်ခတ်မှု အခြေအနေများကို ကြည့်ခြင်းအားဖြင့် အချိန်က သူတို့ဘက်မှာရှိမနေတော့ကြောင်း လင်းရှန် ခံစားမိလိုက်သည်၊၊ ညမရောက်ခင်မှာပင် အပူစွမ်းအင်ထုတါလွှတ်မှုကို စတင်ထိန်းညှိဖို့ လိုအပ်ပေလိမ့်မည်။
လင်းရှန်၏ စကားကို ကြားသောအခါ တင်းကျန်းရီ၏ မျက်ဝန်းများတောက်ပသွားပြီး ခေါင်းညိတ်ထောက်ခံသည်။
“ရှင်ပြောတဲ့ ကမ္ဘာ့အူတိုင်အပူစွမ်းအင်ပြောင်းလဲခြင်းစက်က သန္ဓေပြောင်းမွန်းစတားတွေကို ဆွဲဆောင်နိုင်တဲ့ အထူးစွမ်းရည်ရှိတယ်… တကယ်ဆိုရင်တော့ အစီအစဉ်က အလုပ်ဖြစ်နိုင်တယ်... ကျွန်မပြောတာက ကျောက်ဆောင်ကျွန်းပေါ်က အချို့သော သန္ဓေပြောင်းမွန်းစတားအုပ်စုတွေကို ဆွဲဆောင်နိုင်တာကိုပဲ ပြောတာနော်။ ဒါပေမဲ့ စွမ်းအင်ထုတ်လွှတ်မှုကို မြှင့်တင်ပြီး သမုဒ္ဒရာနတ်ဘုရားကို သူ့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဂါလန်မီးတောင်ဆီကနေ လမ်းလွှဲပြီး ခေါ်ထုတ်သွားမယ်၊၊ ပြီးတော့ အဲဒီသန္ဓေပြောင်းမွန်းစတားတွေကို ကြိုတင်ပြီး အမဲလိုက်မယ်ဆိုတဲ့ ရှင့်ရဲ့ စိတ်ကူးကတော့...”
“ငါ သိပါတယ်”
လင်းရှန်က လေးနက်သောအမူယာဖြင့် သက်ပြင်းအရှည်ကြီးချလိုက်သည်။
“ဒါက သီအိုရီတစ်ခုသက်သက်ပဲ။ ဘာပဲဖြစ်ဖြစ် စွမ်းအင်ယိုစိမ့်တဲ့ ကိစ္စကိုတော့ ဖြေရှင်းရမှာပဲ… ငါကတော့ သိပ်ပြီး မျှော်လင့်ချက်အကြီးကြီးမထားပါဘူး… ဒါပေမဲ့ ငါတို့ စောင့်ကြည့်လေ့လာလို့ရတာပဲ… တစ်ခုခုကို ရှာဖွေတွေ့ရှိရင်လည်း တွေ့ရှိနိုင်တာပဲလေ”
လင်းရှန် သူ၏ နားထင်ကြောများကို ဖိနှိပ်လိုက်သည်။ မျက်စိမှိတ်ထားလျှင်ပင် ထိုကျိန်စာသင့် အချိန်ရေတွက်မှုကို မြင်တွေ့နေရဆဲဖြစ်သည်။ ဤအကြံအစည်က ရုန်းကန်ရမည့် လောင်းကြေးတစ်ခုဖြစ်ပြီး သူ၏ အဓိကရည်ရွယ်ချက်က ရှင်သန်ရေးသာဖြစ်သည်။
တင်းကျန်းရီက လင်းရှန်ကို လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် ဘယ်တော့မှ လက်မလျှော့ဘဲ အမြဲတမ်း အရန်အစီအစဉ်တစ်ခုရှိနေတတ်သော လင်းရှန်၏ ပြတ်သားမှုကို သဘောကျမိသည်.. အဲဒါက ဒီလိုကမ္ဘာပျက်ကပ်ထဲမှာ သူမကို လုံခြုံမှုအပြည့်အဝပေးစွမ်းနိုင်သည်။ ထို့ကြောင့်လည်း အပြင်ဘက်တွင် မုန်တိုင်းများထန်နေသော်လည်း သူမက ရထားတွဲထဲတွင် တည်ငြိမ်စွာဖြင့် သုတေသနများကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
“ကျွန်မကတော့ အချက် ၃ချက်ကို ပိုပြီး အာရုံစိုက်မိတယ်”
တင်းကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ပထမအချက်က ကမ္ဘာ့အူတိုင်အပူစွမ်းအင်ရဲ့ ဘယ်လိုအရာက သန္ဓေပြောင်းမွန်းစတားတွေကို ဒီလောက်အထိ ဆွဲဆောင်နေတာလဲ… ဘယ်လောက်တောင်လဲဆိုရင် ကြီးမားတဲ့ သန္ဓေပြောင်းမွန်းစတားအမြောက်အမြားကိုပါ ဆွဲခေါ်နိုင်တဲ့အထိပဲ။ ဒုတိယအချက်က သမုဒ္ဒရာနတ်ဘုရားက ဘာဖြစ်လို့ အမဲလိုက်တဲ့ အပြုအမူမျိုးကို လုပ်ဆောင်နေတာလဲ။ တတိယအချက်ကတော့...”
သူမ လင်းရှန်ကို စူးစိုက်ကြည့်လိုက်သည်။
“သမုဒ္ဒရာနတ်ဘုရားက သူ့ရဲ့ အမဲလိုက်မှုပြီးသွားရင် ပြန်ထွက်သွားလိမ့်မယ်လို့ ရှင်က ဘာလို့ ဒီလောက်သေချာနေရတာလဲ”
ထိုစကားကို ကြားသောအခါ လင်းရှန်၏ အမူအရာတင်းမာသွားခဲ့သည်၊၊ တင်းကျန်းရီက ပြဿနာ၏ အဓိကအချက်ကို အကွက်ကျကျထောက်ပြလိုက်ခြင်းဖြစ်သည်။ အမှန်ပင် ယခုကြုံတွေ့နေရသော ဘေးကျပ်နံကျပ်အခြေအနေတွင် သူ့မှာ အဖြေသိပ်မရှိတော့ပေ။ ကောင်းကင်နှင့် ပင်လယ်ပြင်အနှံ့တွင် သေစေနိုင်သော သန္ဓေပြောင်းမွန်းစတားများ ဝိုင်းရံထားသည့် ဤအထီးကျန်ကျွန်းပေါ်တွင် ခြေတစ်လှမ်းမှားသည်နှင့် အားလုံးပျက်စီးသွားပေလိမ့်မည်။ ကမ္ဘာ့အဆင့် သတ္တဝါကြီး၏ ဖိအားက သူ၏ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ ခံစားရစေသည်။ ထို့အပြင် ထူးဆန်းသော အချိန်ရေတွက်မှုနှင့် သူ ယခုထက်ထိ နားမလည်နိုင်သေးသော နက်နဲသည့်အရာများစွာလည်း ရှိနေသေးသည်။
“ငါလည်း မသေချာဘူး” လင်းရှန်က သက်ပြင်းချလိုက်သည်။
“ဒါတွေအားလုံးက ဖောင်ဒေးရှင်းရဲ့ အရင်က စောင့်ကြည့်မှတ်တမ်းတွေအပေါ် အခြေခံပြီး ခန့်မှန်းထားတာပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ဘယ်သူမှ မသိနိုင်ဘူး။ ဒီလိုအခြေအနေမျိုးမှာ အမဲလိုက်ခြင်းဆိုတာ တကယ်တမ်းဘာလဲဆိုတာတောင် ငါတို့ မသိကြဘူး။ အခုအချိန်မှာ ငါတို့က မြွေတွင်းထဲ ရောက်နေသလိုပဲ… ငါတို့ လုပ်နိုင်တာကတော့ အမှောင်အမှတ်အသား အလုပ်မလုပ်အောင်နဲ့ သူတို့ သတိမထားမိအောင် တတ်နိုင်သမျှ ကြိုးစားဖို့ပဲ”
ထိုစကားကို ကြားသောအခါ တင်းကျန်းရီက လက်ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ကာ အလွန်တည်ငြိမ်စွာဖြင့် ပြန်လည်တုံ့ပြန်သည်။
“ကမ္ဘာ့အူတိုင်ရဲ့ အပူစွမ်းအင်ကို သုံးပြီး သမုဒ္ဒရာနတ်ဘုရားရဲ့ အမဲလိုက်မှုကို ဆွဲဆောင်ပြီး စောင့်ကြည့်တယ်ဆိုတာ... ဖောင်ဒေးရှင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကျွန်မ မသိပေမဲ့ သူတို့က သီအိုရီသက်သက်အပေါ် အခြေခံပြီးတော့ ဒီလောက်ကြီးမားတဲ့ စမ်းသပ်မှုတွေလုပ်မှာ မဟုတ်သလို ဒီလောက်ကြီးတဲ့ အခြေစိုက်စခန်းနဲ့ မြေအောက်အပူလမ်းကြောင်းလွှဲကိရိယာကို တည်ဆောက်မှာ မဟုတ်ဘူး။ သေချာပေါက်တိကျတဲ့ ပစ်မှတ်တစ်ခုရှိရမယ်။ ဒါကို ကာလရှည်ကြာစောင့်ကြည့်နေခဲ့တယ်ဆိုတာ သူတို့ ဖြစ်ချင်တဲ့ ပစ်မှတ်ကို အောင်မြင်နေတာ ဒါမှမဟုတ် ဦးတည်နေတာကို ပြနေတာပဲ”