← Chapters

အခန်း (၄၄၆-၄၄၇)

Vol. 42 Ch. 446-447

အခန်း (၄၄၆-၄၄၇)

Vol. 42 Ch. 446-447

အခန်း ၄၄၆ - ကျိယွမ်၏ မူလသဘောတရား

ဆဌမကောင်းကင်ဘုံအတွင်း၌ အားလုံး၏အကြည့်များက ကောင်းကင်ယံရှိ တိမ်တိုက်များထံသို့ စူးစိုက်နေကြသည်။

ကျင့်ကြံသူအများအပြားသည် မိမိတို့၏ ဘိုးဘေးများအတွက် ဆုတောင်းပေးရင်း လက်သီးများကိုပင် တင်းတင်းဆုပ်ထားမိကြ၏။

အကယ်၍ သူတို့၏ ဘိုးဘေးများသည် မူလသဘောတရားကို နားလည်သဘောပေါက်ပြီး မူလသဘောတရားအဆင့် ယန်နတ်ဘုရားများ ဖြစ်လာပါက သူတို့ဂိုဏ်းများ၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်မားလာမည် ဖြစ်လေသည်။

သို့သော် အာရုံစိုက်မှု အများစုမှာ ဓားနက်နှင့် နေမင်းကောင်းကင်ဘုံအရှင်တို့ထံတွင်သာ ရှိနေ၏။

အဘယ်ကြောင့်ဆိုသော် ထိုသူနှစ်ဦးသည် မူလသဘောတရားကို နားလည်ရန် သေချာသလောက် ရှိနေပြီး ၎င်းမှာ လည်း အနှိုင်းမဲ့အဆင့်ပင် ဖြစ်နိုင်လိမ့်မည်ဟု ပညာရှင်များက ရှင်းပြထားသောကြောင့်ပင်။

သို့သော်လည်း အချို့သူများမှာမူ ကုတင်ပေါ်တွင် လဲလျောင်းနေသော မိုလိုကောင်းကင်ဘုံအရှင်ထံသို့ တစ်ချက် တစ်ချက် အကြည့်များ ရောက်နေကြ၏။

" ဒီလူက ရုပ်ဆိုးပြီး ထူးဆန်းလိုက်တာ"

" မင်းပါးစပ်ကို ပိတ်ထားစမ်း ၊ အသက်မရှင်ချင်တော့ဘူးလား "

" စိတ်လျှော့ပါ ၊ ငါတို့က သူနဲ့ အဝေးကြီးမှာပါ "

ပထမကောင်းကင်ဘုံမှ လာသူများ အပါအဝင် ပရိသတ်များသည် အကွာအဝေးကို အားကိုးကာ ရဲတင်းစွာပင် အတင်းတုတ်နေကြ၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွား၏။

နွားချိုမမသည် သူမ၏ တိုက်ရိုက်လွှင့် ကျောက်စိမ်းပြားကို ကိုင်ထားရင်း အခြေအနေများကို ဆက်လက် ထုတ်လွှင့်ပေးနေသည်။

" ဟိုမှာ ကြည့်လိုက်ဦး ၊ ခေါင်းသုံးလုံးနဲ့ လူက သူ့ခေါင်းတွေကို ရူးမတတ် ခါယမ်းနေတယ် ၊ သူ တစ်ခုခုကို နားလည်တော့မှာလား မသိဘူး ၊ ဒါမှမဟုတ် အချိန်မတန်ခင် အဆင့်တက်မှာစိုးလို့ အတင်းအကျပ် ထိန်းထားတာလား "

" နေဦး...ငါ မှားသွားတယ် ၊ သူ ဘာမှ နားလည်နေတာ မဟုတ်ဘူး ၊ ဇာတ်ညောင်းလို့ ခါးနေတာပဲ "

" ကဲ ... ငါတို့ရဲ့အာရုံကို ရုပ်ဆိုးတဲ့ လူထူးလူဆန်း မိုလိုကောင်းကင်ဘုံအရှင်ဆီ ပြောင်းလိုက်ရအောင် ၊ သူ ငါတို့ကို ဘယ်လို ထူးဆန်းတဲ့ အံ့ဩစရာတွေ ပေးဦးမှာလဲ "

" နေပါဦး ... သူက အိပ်တောင်ပျော်နေတာလား "

ထိုအချိန်တွင် ကုတင်ပေါ်၌ လဲလျောင်းနေသော ကျိယွမ်သည် ရုတ်တရက် တစ်ဖက်သို့ လှည့်လိုက်ပြီး ခရမ်းရောင်ကံကြမ္မာတာရွှယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

သူ အလွန် ဒေါသထွက်နေ၏။

ဤမိန်းမမှာ တကယ်ကို တစ်မျိုးပင် ဖြစ်လေသည်။

" ဪ ...သူ အိပ်မပျော်သေးဘူး ၊ ငါ့ဘာသာငါ ထင်လိုက်တာ ၊ တောင်းပန်ပါတယ် ၊ သူ့ကို ရုပ်ဆိုးတယ်လို့ မပြောသင့်ဘူး ၊ သူ့ရုပ်ရည်က အဆင်မပြေတာလို့ပဲ ပြောရမယ် "

နွားချိုမမက ထပ်မံ၍ မှတ်ချက်ပေးလိုက်ပြန်၏ ။

သူမသည် မည်သူ့ကိုမျှ မကြောက်ပေ။

ယန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရန် အလွန်နီးစပ်နေပြီး မဟူရာနတ်ဆိုးချောက်မှလာသူဖြစ်ရာ သူမသည် မိုလိုမျိုးနွယ်စုမှ မိုလိုကောင်းကင်ဘုံအရှင်ကို အလေးမထားသည်မှာ သဘာဝကျလေ၏။

ထွားကျိုင်းသော ကျင့်ကြံသူတစ်ဦးက ၎င်းကို မြင်သောအခါ ဝင်ပြောလိုက်လေသည် ။

" မိုလိုကောင်းကင်ဘုံအရှင်က ရုတ်တရက် အသိဉာဏ်ပွင့်သွားပြီး ကောင်းကင်အဆင့် မူလသဘောတရားကို နားလည်သွားရင် ၊ မဟာမူလသဘောတရား အဆင့်ကို တက်လှမ်းသွားမှာကို နင်မကြောက်ဘူးလား "

နှင်းခဲဓားကျင့်ကြံသူကမူ ပညာရှိစွာပင် နှုတ်ဆိတ်နေ၏။

သူသည် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်နှင့် မပတ်သက်သင့်ကြောင်း သိလောက်အောင် လိမ္မာပါးနပ်သွားလေပြီ။

ထင်သည့်အတိုင်းပင် ...

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ခေါင်းစောင်းပြီး ထိုလူကို ကြည့်လိုက်၏။

" သူက အရမ်းရုပ်ဆိုးတာ ၊ တကယ်လို့ သူတောင် ကောင်းကင်အဆင့် မူလသဘောတရားကို နားလည်နိုင်တယ်ဆိုရင် ၊ သူ့လိုပဲ ရုပ်ဆိုးတဲ့နင်လည်း စမ်းကြည့်သင့်တာပေါ့ ၊ မူလသဘောတရားနံရံကို သွားပြီး စမ်းကြည့်ပါလား"

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က လှောင်ပြောင်လိုက်၏။

ထိုလူ၏ မျက်နှာမှာ နီရဲသွားပြီး ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်အား စကားပြန်မပြောနိုင် ဖြစ်သွားရလေသည်။

"နင်ကရော ဘာကြည့်တာလဲ ၊ မိုလိုကောင်းကင်ဘုံအရှင် အိပ်နေတဲ့ ကုတင်က အကြီးကြီးပဲ ၊ နင်လည်း သွားပြီး အဖော်လုပ်ပေးပါလား "

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ဆက်၍ ရန်ထောင်နေပြန်သည်။

ထိုလူမှာ နှုတ်ဆိတ်သွားသည်။

ထိုအချိန်တွင် မူလသဘောတရားနံရံပေါ်၌ တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာ၏။

လူတိုင်း၏ အာရုံမှာ ထိုအလင်းတန်းထံသို့ ရောက်သွားပြီး ဝေဖန်သံများဆူညံသွားသည်။

" အရှေ့ဘက်မှာ နတ်ဘုရားအလင်း ထွက်ပေါ်လာပြီ ၊ တစ်ယောက်ယောက်က မူလသဘောတရားကို နားလည်သွားပြီလား "

" ဒီလောက် မြန်မြန် ဖြစ်နိုင်ပါ့မလား "

"ဒါက... ဒေါသကောင်းကင်ဘုံအရှင်လို့ သိကြတဲ့ တတိယကောင်းကင်ဘုံက ယန်နတ်ဘုရားပဲ ၊ သူ ဘယ်လိုလုပ် ဒီလောက် မြန်မြန် လုပ်နိုင်တာလဲ "

"သူ ဘယ်လိုများ မူလသဘောတရားကို နားလည်သွားတာလဲ "

"ဒီလို ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ငါတို့ မသိနိုင်ဘူး ၊ ဒါပေမဲ့ နတ်ဘုရားအလင်းကို ကြည့်ရသလောက်တော့ ဒါက အဆင့်မြင့်တဲ့ အမျိုးအစားပဲ "

" နတ်ဘုရားအလင်းက အရှေ့ဘက် မြစ်ရေလို အဆက်မပြတ် စီးဆင်းနေတယ် ၊ ဒါက ဆန်းကြယ်အဆင့် မူလသဘောတရားပဲကွ"

မူလသဘောတရားအဆင့် ယန်နတ်ဘုရား တစ်ဦးက အတည်ပြုလိုက်ရာ ထင်ကြေးပေးနေသူများ ခေါင်းတညိတ်ညိတ်ဖြစ်ကုန်၏။

ကျင့်ကြံသူ အားလုံးသည် ဒေါသကောင်းကင်ဘုံအရှင်ကို မနာလိုစိတ်များဖြင့် ကြည့်နေကြသည်။

ဆန်းကြယ်အဆင့် မူလသဘောတရားမှာ အထင်သေး၍ မရပေ။

ဆိုလိုသည်မှာ မူလသဘောတရား အဆင့်သို့ တက်လှမ်းပြီးနောက် ဒေါသကောင်းကင်ဘုံအရှင်သည် အားနည်းသော သူများထဲတွင် ပါဝင်လိမ့်မည် မဟုတ်ပေ။

" ဒီလူ့ရဲ့ ဂိုဏ်းကတော့ ၊ အရှိန်အဟုန်နဲ့ တိုးတက်တော့မှာပဲ "

" ငါတို့ရဲ့ ဘိုးဘေးကရော ဘယ်တော့မှ မူလသဘောတရားကို နားလည်မှာလဲ မသိဘူး "

မကြာမီ အသံများပြန်ထွက်လာပြီး ပြန်လည်ဆွေးနွေးငြင်းခုံကြပြန်သည်။

ဝူရှန်းကောင်းကင်ဘုံအရှင်၏ မျက်လုံးများမှာ တောက်ပသွား၏။

" ဒါက နိမိတ်ကောင်းပဲ ၊ ဒီမူလသဘောတရား ဆွေးနွေးပွဲကနေ မူလသဘောတရားကို နားလည်တဲ့ ကျင့်ကြံသူတွေ ပိုထွက်လာဖို့ မျှော်လင့်ရတာပဲ "

မူလသဘောအဖွဲ့အစည်းသည် ဆဌမကောင်းကင်ဘုံ၌ မူလသဘောတရား ကျင့်ကြံသူများ ပိုမို ထွက်ပေါ်လာရန် မျှော်လင့်ထားခြင်း ဖြစ်လေသည်။

မူလသဘောတရား ကျင့်ကြံသူ တိုင်းသည် သူတို့ အဖွဲ့အစည်း၏ အနာဂတ် အဖွဲ့ဝင်လောင်းများပင် ။

မူလသဘောတရားနံရံ၏ ခြေရင်းတွင် ယန်နတ်ဘုရား တစ်ထောင်ကျော်သည် မျက်လုံးများကို မှိတ်ကာ နက်နဲစွာ ဆင်ခြင်နေကြလေသည်။

အချို့မှာ ဒေါသကောင်းကင်ဘုံအရှင်၏ အောင်မြင်မှုကြောင့် လန့်နိုးသွားကြသော်လည်း အချို့မှာမူ မိမိတို့၏ ကမ္ဘာထဲတွင်သာ နစ်မြုပ်နေကြ၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားလေသည်။

မူလသဘောတရားနံရံမှ နတ်ဘုရားအလင်းများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်ပြီး အံ့ဩသံများ ထွက်ပေါ်စေ၏။

အသစ် နားလည်လိုက်သော မူလသဘောတရား တစ်ခုစီသည် ကမ္ဘာများ၏ ဟန်ချက်ကို ပြောင်းလဲပစ်နိုင်သော စွမ်းအား ရှိလေသည်။

အထူးသဖြင့် ကောင်းကင်ဘုံတစ်ခုတည်းရှိ ပြိုင်ဘက်ဂိုဏ်းများတွင် သူတို့ ရန်သူ၏ဘိုးဘေးများက မူလသဘောတရားကို နားလည်သွားသည်ကို မြင်ရသောအခါ သူတို့၏ မျက်နှာများမှာ ကိုယ့်ဖခင် သေဆုံးသွားသည်ထက်ပင် ပို၍ မည်းမှောင်သွားကြ၏။

တစ်ဖက်တွင်မူ မိမိတို့၏ ဘိုးဘေးများ အောင်မြင်သွားသော သူများမှာ ဂုဏ်ယူဝင့်ကြွားနေကြလေသည်။

အချိန်များ ကုန်ဆုံးသွားပြီး အားလုံး၏ အကြည့်မှာ မူလသဘောတရားနံရံပေါ်၌သာ ရှိနေ၏။

အထူးသဖြင့် မဟာမူလသဘောတရား ကျင့်ကြံသူများ၏ အနီးကပ် စောင့်ကြည့်မှုကို ခံနေရသော ဓားနက်နှင့် နေမင်းကောင်းကင်ဘုံအရှင်တို့အပေါ် အာရုံစိုက်မှုမှာ အလွန် ပြင်းထန်လေသည်။

မည်သို့ပင်ဆိုစေကာမူ အခြားသူ မည်မျှပင် မူလသဘောတရားကို နားလည်ပါစေ ၊ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

သို့သော် အနှိုင်းမဲ့ မူလသဘောတရားကို နားလည်နိုင်သော သူများမှာမူ တစ်ကမ္ဘာလုံး၏ အခင်းအကျင်းကို ပြောင်းလဲပစ်နိုင်သော ကစားသမားများ ဖြစ်လာနိုင်လေသည်။

" ငါ့ရဲ့ လမ်းစဉ်က သွေးမျိုးဆက် လမ်းစဉ်ပဲ "

"တစ်ခုတည်းသော နတ်ဘုရားသွေး "

"ငါ ဘယ်ကလာလဲလို့ မေးရင် ၊ ငါက ဘာမှမရှိခြင်းကနေ လာတာ "

"မူလအရင်းအမြစ်အထိ ပြန်လိုက်ကြည့်စမ်း "

ဓားနက်သည် မူလသဘောတရားနံရံ ရှေ့တွင်ရပ်နေပြီး သူ၏ သွေးမျိုးဆက်များ ဆက်တိုက်ဆူပွက်လာ၏။

ခရမ်းရောင် နတ်ဘုရားအလင်းတန်း တစ်ခုသည် မူလသဘောတရားနံရံမှ ငြိမ်သက်စွာ ထွက်ပေါ်လာလေသည်။

ဤမြင်ကွင်းကို မဟာမူလသဘောတရားကျင့်ကြံသူများက ချက်ချင်း သတိထားမိသွားကြ၏။

" ခရမ်းရောင် စွမ်းအင်တွေ ထွက်လာပြီ ၊ ဓားနက်က ၊ တကယ်ပဲ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်နိုင်စွမ်း ရှိတာပဲ "

ဝူရှန်းကောင်းကင်ဘုံအရှင်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည် ။

ဓားနက်သည် အနှိုင်းမဲ့ မူလသဘောတရား အတွက် အလားအလာ ရှိသည်ဟု လူသိများသော်လည်း မည်သူကမျှ သူ အောင်မြင်လိမ့်မည်ဟု အာမ မခံရဲကြပေ။

ယခု ခရမ်းရောင်စွမ်းအင် ပေါ်လာခြင်းသည် အနှိုင်းမဲ့ မူလသဘောတရားကို နားလည်တော့မည့် နိမိတ်ပင် ။

ချက်ချင်းပင် မရေမတွက်နိုင်သော အကြည့်များသည် ဓားနက်ထံသို့ စုပြုံသွား၏။

" နှစ်ပေါင်းသန်းချီကြာတဲ့အထိ ယန်နတ်ဘုရား တစ်ယောက်မှ အနှိုင်းမဲ့ မူလသဘောတရားကို နားမလည်နိုင်ခဲ့ဘူး ၊ ဓားနက်က အဲဒီလူ ဖြစ်လာမှာလား "

တစ္ဆေစိုးမိုးကောင်းကင်၏ မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူသည် သိသိသာသာ တုန်လှုပ်သွားပြီး စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။

မူလက အဆင့်နိမ့်ယန်နတ်ဘုရား တစ်ဦးကို လွှတ်၍ ဓားနက်ကို လုပ်ကြံရန် စီစဉ်ထားခြင်း ဖြစ်၏။

သို့သော် ယခုမူ သူကိုယ်တိုင်ပင် ပါဝင်ပတ်သက်ရတော့မည့် ပုံပေါ်နေလေသည်။

မဟူရာနတ်ဆိုးချောက်မှ အကြီးအကဲ သုံးဦးမှာမူ သူတို့၏ မုတ်ဆိတ်များ ကွေးသွားသည်အထိ ပြုံးနေကြလေသည် ။

"သူ အပြည့်အဝ နားမလည်သေးဘူး ၊ အခုကတည်းက ပျော်နေတာ စောလွန်းသေးတယ်"

အကယ်၍ ဓားနက်သည် အနှိုင်းမဲ့ မူလသဘောတရားကို တကယ် နားလည်သွားပါက ဆဌမကောင်းကင်ဘုံ၌ မဟူရာနတ်ဆိုးချောက်၏ အဆင့်အတန်းမှာ အလွန် မြင့်တက်လာမည် ဖြစ်လေသည်။

မဟူရာနတ်ဆိုးချောက်တွင် မဟာမူလသဘောတရား ကျင့်ကြံသူ အများအပြား ရှိသော်လည်း မည်သူမျှ အနှိုင်းမဲ့ မူလသဘောတရားကို နားမလည်ခဲ့ကြပေ။

အကယ်၍ တစ်ဦး ထွက်ပေါ်လာပါက အာဏာဟန်ချက်တစ်ခုလုံး ပြောင်းလဲသွားပေလိမ့်မည် ။

"ဟင်း ...အစ်ကိုဓားနက်က အနှိုင်းမဲ့ မူလသဘောတရားကို နားလည်တော့မယ် ၊ တချို့လူတွေကတော့ ၊ အရိပ်နတ်ဘုရားနယ်မြေမှာပဲ ပိတ်မိနေတုန်းပဲ "

အန်ရွှန်းလုက ဂုဏ်ယူစွာ ပြောလိုက်လေသည် ။

ခရမ်းရောင်ကံကြမ္မာရှောင်လုသည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။

တစ်ဖက်တွင်မူ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က သူမ၏ ကျောက်စိမ်းပြားကို မြှောက်လိုက်လေသည် ။

" ခရမ်းရောင် စွမ်းအင်တွေ တက်လာပြီ ၊ နတ်ဘုရားအလင်းက သူ့ကို ကာကွယ်ထားတယ် ၊စီနီယာအစ်ကိုဓားနက်က နတ်သားတစ်ပါးလို ဝဲပျံနေတာပဲ "

" ကဲ ....အခု မိုလိုကောင်းကင်ဘုံအရှင် ဘာဖြစ်နေလဲ ကြည့်ရအောင် ၊ ဪ ..သူလည်း ဝဲနေတာပဲ ၊ ဒါပေမဲ့ အိပ်ပျော်ရင်း ဝဲနေတာ ဟားဟား ဟားဟား "

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ပြောရင်း တဟားဟား ရယ်မောလိုက်လေသည် ။

" သူ ဘာတွေ စဉ်းစားနေလဲ သိရအောင် သူ့ခေါင်းကို ရိုက်ခွဲကြည့်ချင်လိုက်တာ ၊ သူက အိမ်မက်ထဲမှာ မူလသဘောတရားကို နားလည်အောင် လုပ်နေတာလား "

ထိုအချိန်တွင် မူလသဘောတရားနံရံ ခြေရင်း၌ ကျိယွမ်သည် သက်သက်သာသာအိပ်နေရင်း မှ နက်နဲစွာ စဉ်းစားနေ၏။

မူလသဘောတရားကို နားလည်ရန် ကြိုးစားခြင်းမှာ သူ၏ ဘဝတွင် အလွန် အရေးကြီးသော ကိစ္စ ဖြစ်သည်။

သူ၏ ဦးနှောက်မှာ အစွမ်းကုန် အလုပ်လုပ်နေရ၏။

"ဒါပေမဲ့ ဘာကြောင့်လဲ "

"ငါ ဘာကြောင့် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ကို စကားနိုင်မလုနိုင်ရတာလဲ"၊

ကျိယွမ် စဉ်းစားနေ၏။

ဒါက အရေးကြီးတဲ့ ပြဿနာပဲ။

သူ စဉ်းစားပြီးရင်း စဉ်းစားသော်လည်း အဖြေကို ရှာမတွေ့ပေ။

ရုတ်တရက် သူ၏ ခေါင်းထဲတွင် အလင်း တစ်ချက် ပွင့်သွားလေသည်။

မူလသဘောတရားနံရံသည် လူတစ်ဦး၏ အတွေးအခေါ်ကို တကယ်ပင် လှုံ့ဆော်ပေးနိုင်၏။

"ငါ သိပြီ ၊ ဒါက ငါ ငယ်ငယ်တုန်းက ကစာရိတ္တနဲ့ပြည်သူ့နီတိသင်ခန်းစာမှာ ကိုယ်ကျင့်တရား အတွေးအခေါ်တွေကို သင်ခဲ့ရလို့ပဲ "

"နွားချိုမမက အဲဒါတွေကို မသင်ခဲ့ဘူး ၊ သူ့မှာ ကိုယ်ကျင့်တရား ဆိုတာ မရှိဘူး ၊ ဒါကြောင့် ငါ မနိုင်တာ "

"ဒီလောကမှာတော့ ကိုယ်ကျင့်တရားတွေကို လွှင့်ပစ်လိုက်မှ ၊ ပြည့်စုံတဲ့ ဘဝကို ရမှာပဲ "

"တကယ်လို့ ငါက ဥပဒေကိုပဲ သင်ခဲ့ရင် ၊ ဒါက ပိုမှန်တဲ့ ရွေးချယ်မှု ဖြစ်မှာ "

မူလသဘောတရားနံရံ ခြေရင်း၌ ကျိယွမ်၏ စိတ်မှာ ထူးထူးခြားခြား ကြည်လင်နေလေသည်။

သူသည် နွားချိုမမကို စကားနိုင်မလုနိုင်ရခြင်းမှာ သူ၌ ကိုယ်ကျင့်တရား အလွန် များပြားနေသောကြောင့် ဖြစ်ကြောင်း သဘောပေါက်သွား၏။

"ကိုယ်ကျင့်တရားတွေ ဆုံးရှုံးသွားတာက သိပ်မဆိုးပါဘူး ၊ ငါသာ ဥပဒေကို သင်ထားရင် ၊ ငါက အနိုင်မခံ အရှုံးမပေး ဖြစ်မှာပဲ "

"ကိုယ်ကျင့်တရား ဆိုတာ ၊ အချုပ်အနှောင်တွေပဲ "

"ဒါပေမဲ့ နေပါဦး ၊ ဥပဒေ ဆိုတာ ၊ အချို့လူတွေက အခြားလူတွေကို ခေါင်းပုံဖြတ်ဖို့ သုံးတဲ့ ကိရိယာတွေ မဟုတ်ဘူးလား "

"ဒါတွေက အရေးမကြီးပါဘူး "

ကျိယွမ်၏ အတွေးများမှာ များစွာ ပျံ့လွင့်နေလေသည်။

"ကိုယ်ကျင့်တရားက လူတွေကို ကန့်သတ်ထားတယ် ၊ အတိုင်းအတာတွေ ပေးထားပြီး လုပ်ရပ်တွေမှာ ဝေခွဲမရ ဖြစ်စေတယ် ။ ကိုယ်ကျင့်တရားက လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုကို ထိန်းသိမ်းပေးတယ် ။"

"ကိုယ်ကျင့်တရားတွေ ပျက်ပြားသွားတဲ့အခါ ၊ လူတွေရဲ့ ကဲ့ရဲ့မှုကို ခံရပြီး လူထုရဲ့ ဒေါသကို ရင်ဆိုင်ရတယ် "

"ဒါပေမဲ့...."

ကျိယွမ် မျက်မှောင်ကြုတ်လိုက်၏။

ကိုယ်ကျင့်တရားတွေ ပျက်ပြားနေရင်တောင် ၊ ဥပဒေကို မချိုးဖောက်သရွေ့ ၊ ကောင်းကောင်း နေနိုင်သေးပုံရလေသည် ။

"ကိုယ်ကျင့်တရားက စနစ်တစ်ခုပဲ ၊ ဥပဒေကလည်း စနစ်တစ်ခုပဲ ၊ ငါက ကိုယ်ကျင့်တရား မရှိဘဲ ဥပဒေကို သိရုံနဲ့ နွားချိုမမကို နိုင်နိုင်မလား "

ကျိယွမ် ဆက်လက် စဉ်းစားနေ၏။

"ကိုယ်ကျင့်တရားနဲ့ ဥပဒေက လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုကို ထိန်းသိမ်းပေးတယ် "

"တစ်ဖက်မှာလည်း အဲဒါတွေက ခေါင်းပုံဖြတ်မှုတွေနဲ့ ဆက်စပ်နေတယ် "

"နိုင်မယ့်ပုံ မပေါ်ဘူး "

"ဒီထက် မြင့်တဲ့ နည်းလမ်း ရှိမလား "

ကျိယွမ်သည် ကိုယ်ကျင့်တရား အမြင့်ဆုံးပိုင်းကို သုံး၍ နွားချိုမမကို ထောင်ချောက်ဆင်ပြီး ဥပဒေဖြင့် နှိပ်ကွပ်နိုင်မလားဟု စဉ်းစားကြည့်၏။

သို့သော် ထပ်မံ စဉ်းစားကြည့်သောအခါ နွားချိုမမမှာ ကိုယ်ကျင့်တရားကို ဂရုစိုက်ပုံမရကြောင်း တွေ့လိုက်ရသဖြင့် ထိုနည်းလမ်းမှာ အလုပ်မဖြစ်နိုင်ပေ။

" မဟုတ်ဘူး ၊ ငါက မူလသဘောတရားကို နားလည်ဖို့ လာတာ ၊ ဒီလောက် သိမ်ဖျဉ်းလို့ မဖြစ်ဘူး ၊ ငါ့မှာ ပိုကြီးတဲ့ ရှုထောင့် ရှိဖို့ လိုတယ် "

ကျိယွမ်သည် ခြိုးခြံချွေတာတတ်သော လူတစ်ယောက် ဖြစ်သော်လည်း ၊ ခြိုးခြံသော လူများပင်လျှင် ကြီးကြီးမားမား စဉ်းစားရန် လိုအပ်လေသည်။

"ငါ့မှာ ကြီးကျယ်တဲ့ ဇာတ်ကြောင်း တစ်ခု လိုအပ်တယ် "

"ငါက နွားချိုမမနဲ့ စကားနိုင်လုဖို့ပဲ ကြိုးစားနေတာ မဟုတ်ဘူး ၊ ငါက ၊ သူ့ရဲ့ ကိုယ်ကျင့်တရားတွေ ၊ သူ့ရဲ့ စရိုက်တွေကို ပြောင်းလဲပစ်ချင်တာ "

"၂၁ရာစု ကမ္ဘာမြေမှာ လူတွေကို ဘယ်လို ပြုပြင်ပြောင်းလဲခဲ့လဲ "

"နေပါဦး ၊ ငါ ဘာလို့ ကိုယ်ကျင့်တရား အတွေးအခေါ်တွေနဲ့ ဥပဒေဆီ ပြန်ရောက်နေတာလဲ "

"နွားချိုမမက ဒါတွေကို ဂရုမစိုက်ပါဘူး

ဆို"

"ဒါတွေ အားလုံးက ဘာအတွက်လဲ "

" ငါက ကိုယ့်ကိုယ်ကိုယ် အဆင့်မမြှင့်တင်နိုင်သေးတဲ့ ပုံရတယ် ၊ ငါ့မှာ ပိုကျယ်ပြန့်တဲ့ မြင်ကွင်း လိုအပ်တယ် "

" ငါက နွားချိုမမကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာ မဟုတ်ဘူး ၊ ငါက .."

ကျိယွမ် နက်နဲစွာ စဉ်းစားလိုက်၏။

ရုတ်တရက် ဇီးရိုးဝမ်း သူ့ကို ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရသွားလေသည်။

" လမ်းစဉ် အားလုံးက သုညဆီကို ပြန်သွားတယ် ၊ မဟာလမ်းစဉ် ဆိုတာ ရှင်သန်ခြင်းပဲ "

" ငါက နွားချိုမမကို စကားနိုင်လုဖို့ လုပ်နေတာ မဟုတ်ဘူး ၊ ငါက ရှင်သန်ဖို့အတွက် လုပ်နေတာ"

"သက်ရှိအားလုံးရဲ့ ဘဝ အဓိပ္ပာယ်က ၊ ရှင်သန်ခြင်း မဟုတ်ဘူးလား "

" ပင်လယ်ထဲကနေ တွားသွား ထွက်လာရာကနေ ကုန်းပေါ်မှာ အတောင်ပံတွေ ပေါက်လာတဲ့အထိ "

"သက်ရှိတွေက ရှေ့ဆက်ဖို့ နည်းလမ်းကို အမြဲ ရှာဖွေခဲ့ကြတယ် "

"မျိုးရိုးဗီဇတွေက ပတ်ဝန်းကျင်နဲ့ အညီ အမြဲ ပြောင်းလဲ တိုးတက်နေတယ် "

"ဒါတွေ အားလုံးက ရှင်သန်ဖို့နဲ့ မျိုးဆက် ပြန့်ပွားဖို့အတွက်ပဲ "

"ကိုယ်ကျင့်တရားနဲ့ ဥပဒေ ဆိုတာ ၊ ပိုကောင်းတဲ့ မျိုးပွားခြင်းနဲ့ ရှင်သန်ခြင်းအတွက် တည်ငြိမ်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးတဲ့ နည်းလမ်းတွေပဲ "

"ငါက ရှင်သန်ချင်လို့ နွားချိုမမကို နိုင်ချင်တာ "

"ဟုတ်တယ် ၊ တကယ်လို့ ငါသာ ရှုံးသွားရင် ၊ ငါ စိတ်ဓာတ်ကျပြီး စိတ်ဖိစီးမှုတွေနဲ့ သေသွားနိုင်တယ် "

"ဒါကြောင့် ရှင်သန်ခြင်းက အရေးကြီးဆုံးပဲ "

"ဒါပေမဲ့ ၊ ငါ ဘယ်လို ရှင်သန်မလဲ "

"ငါ ဥပဒေကို သင်သင့်သလား ၊ မြင့်မြတ်တဲ့ စံနှုန်းတွေကို အော်ဟစ်နေသင့်သလား ၊ ဒါပေမဲ့ ကိုယ်ကျင့်တရားကိုတော့ လိုသလို ပြောင်းလဲထားမလား "

ကျိယွမ်သည် ပြင်းပြင်းထန်ထန် စဉ်းစားနေလေသည်။

ရုတ်တရက် အံ့ဩတကြီး ဟစ်အော်သံ တစ်ခု ထွက်ပေါ်လာ၏။

" ခရမ်းရောင် အလင်းတန်း နောက်တစ်ခု တက်လာပြန်ပြီ ၊ ဒီမူလသဘောတရား ဆွေးနွေးပွဲမှာ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်တဲ့ နောက်ထပ် ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်လာတာလား "

လူတိုင်း၏ အာရုံသည် နေမင်းကောင်းကင်ဘုံအရှင်ထံသို့ ရောက်သွား၏။

"ငါတို့ သမိုင်းဝင် ဖြစ်ရပ်ကို မြင်တွေ့နေရပြီ "

ယန်နတ်ဘုရား အားလုံး တုန်လှုပ်သွားကြလေသည်။

အထူးသဖြင့် လပန်းကောင်းကင်ဘုံအရှင်မ၏ မျက်နှာမှာ ထိတ်လန့်မှု ကြောင့် အမျိုးမျိုးဖြင့် ပြောင်းလဲနေ၏။

လနန်းတော်သည် ထိုက်ဟွမ်နန်းတော်ကို တိုက်ခိုက်ရာတွင် အရှုံးဘက်တွင် ရှိနေပြီးသား ဖြစ်ရာ ၊ ယခုမူ ၊ ထိုက်ဟွမ်နန်းတော်မှ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သော နောက်ထပ် ယန်နတ်ဘုရား တစ်ဦး ထွက်ပေါ်လာပြန်လေပြီ။

လနန်းတော်က သူတို့ကို ဘယ်လိုများ ယှဉ်နိုင်တော့မည်နည်း။

ထိုအချိန်တွင် ဝူရှန်းကောင်းကင်ဘုံအရှင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။

သူသည် နေမင်းကောင်းကင်ဘုံအရှင်ကို အနီးကပ် အာရုံစိုက်နေခဲ့ခြင်း ဖြစ်လေသည်။

အကယ်၍ ထိုက်ဟွမ်နန်းတော်၌ အနှိုင်းမဲ့ မူလသဘောတရား ကျင့်ကြံသူ နောက်တစ်ဦး ရရှိသွားပါက အာဏာဟန်ချက်မှာ ပျက်ပြားသွားမည် ဖြစ်၏။

" လပန်းကောင်းကင်ဘုံအရှင် ၊ မင်းတို့ လနန်းတော်က လမင်းနှင်းစက် လေ အနှစ်သာရကို ရှာနေတာ မဟုတ်လား ၊ အခု ဒီမူလသဘောတရား ဆွေးနွေးပွဲရဲ့ ဂိုဒေါင်ထဲမှာ အဲဒါ အချို့ ရှိနေတာပဲ "

ဝူရှန်းကောင်းကင်ဘုံအရှင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည် ။

လနတ်ဘုရားအရှင်သခင်သည် ဒဏ်ရာ ရရှိခဲ့ပြီးကတည်းက တံခါးပိတ် ကျင့်ကြံနေခဲ့၏။

လနန်းတော်သည် လနတ်ဘုရားအရှင်သခင်၏ ဒဏ်ရာများကို ကုသရန် ရတနာ အမျိုးမျိုးကို ရှာဖွေနေခဲ့သည်။

လမင်းနှင်းစက် လေအနှစ်သာရမှာ ထိုရတနာများထဲမှ တစ်ခု ဖြစ်လေသည်။

ဝူရှန်းကောင်းကင်ဘုံအရှင်၏ စကားများသည် မူလသဘောအဖွဲ့အစည်း၏ ရပ်တည်ချက်ကို ဖော်ပြနေခြင်း ဖြစ်၏။

မူလသဘောအဖွဲ့အစည်းသည် လနန်းတော်ကို ကူညီရန် ပြင်ဆင်နေကြောင်း ထင်ရှားနေသည်။

အဘယ်ကြောင့်ဆိုသော် ထိုက်ဟွမ်နန်းတော်၌ အနှိုင်းမဲ့ မူလသဘောတရားအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိလာပါက မူလသဘောအဖွဲ့အစည်း၏ ဦးဆောင်နိုင်မှုကို ခြိမ်းခြောက်လာနိုင်သောကြောင့် ဖြစ်လေသည်။

" ကျေးဇူးတင်ပါတယ် ၊ ဝူရှန်းကောင်းကင်ဘုံအရှင် "

လပန်းကောင်းကင်ဘုံအရှင်က စိတ်သက်သာရာရစွာ ပြောလိုက်လေသည် ။

ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရား ကျင့်ကြံသူကမူ ပြုံးစိစိဖြင့် ဘာမှဝင်မပြောပေ။

အခြား မဟာမူလသဘောတရား ကျင့်ကြံသူများသည်လည်း ဆဌမကောင်းကင်ဘုံ၏ အနာဂတ် အာဏာ အခင်းအကျင်းကို စဉ်းစားရင်း တိတ်ဆိတ်သွားကြလေသည်။

ထိုအချိန်တွင် နွားချိုမမက ကျိယွမ်၏ စိတ်ဝိညာဉ်ထံသို့ သတင်းပို့လိုက်၏ ။

"နင့်ရဲ့ ရန်သူက အဲဒီ ထိုက်ဟွမ်နန်းတော် ကျင့်ကြံသူပဲ ၊ အခု သူတို့မှာ အနှိုင်းမဲ့ မူလသဘောတရား ကျင့်ကြံသူ နောက်တစ်ယောက် ရှိသွားပြီဆိုတော့ ၊ ငါ နင့်ရဲ့ မယားငယ် မလုပ်နိုင်တော့ဘူး ထင်တယ် "

နွားချိုမမ၏ စကားများတွင် စိုးရိမ်စိတ် အနည်းငယ် ပါဝင်နေ၏။

" သူတို့မှာ နှစ်ယောက်ပဲ ရှိတာလေ ၊ ငါသာ အနှိုင်းမဲ့ မူလသဘောတရား နှစ်ခုကို နားလည်လိုက်ရင် ၊ အဲဒီ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူးလား "

ကျိယွမ်၏ စိတ်ဝိညာဉ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည် ။

နွားချိုမမက ထိုစကားကို ကြားပြီး ရယ်မောလိုက်သော်လည်း ဘာမှ ဆက်မပြောတော့ပေ။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွား၏။

ဓားနက်နှင့် နေမင်းကောင်းကင်ဘုံအရှင်တို့ ပတ်လည်ရှိ ခရမ်းရောင် စွမ်းအင်များမှာ ပိုမို သိပ်သည်းလာလေသည်။

ခရမ်းရောင် စွမ်းအင်များသည် နတ်ဘုရားအလင်း အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ ဝိညာဉ်ပေါ်တွင် မှတ်ကျောက်တင်ပြီးပါက မူလသဘောတရားကို နားလည်ခြင်းမှာ ပြီးမြောက်မည် ဖြစ်၏။

ထိုကာလအတွင်း အခြားယန်နတ်ဘုရား များစွာသည်လည်း မူလသဘောတရားကို စတင် နားလည်လာကြလေသည်။

ခေတ်ကောင်းတစ်ခု ရောက်ရှိလာခြင်းကြောင့် ဖြစ်နိုင်၏။ ယန်နတ်ဘုရား ခြောက်ဆယ်ကျော်သည် မူလသဘောတရားကို နားလည်သွားကြပြီ ဖြစ်ပြီး ထိုအရေအတွက်မှာ လျင်မြန်စွာ ဆက်လက် မြင့်တက်နေလေသည်။

ကျိယွမ်ကတော့ ကုတင်ပေါ်တွင် လဲလျောင်းနေရင်း သူ၏ ဦးနှောက်မှာ အလုပ်များလွန်း၍ ပေါက်ကွဲတော့မတတ် ခံစားနေရသည်။

"ငါ့ရဲ့ ရန်သူတွေက ပိုပိုပြီး သန်မာလာတယ် ၊ ရှင်သန်ရတာ ၊ တကယ်ကို ခက်ခဲတာပဲ "

သူသည် အသေအချာ စဉ်းစားပြီးနောက် သွေးဆေးလုံးကို ထုတ်သောက်လိုက်သည်။

ထူးဆန်းသော လူများသည် အခြား ထူးဆန်းသော လူများကို ဆွဲဆောင်တတ်ပုံရ၏။

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် မိုလိုအဖြစ် ဟန်ဆောင်ထားသော ကျိယွမ်ကို ဆက်လက် စိုက်ကြည့်နေသည်။

" ဒီလူက အားလပ်ရက် ခရီးထွက်လာတာလား ၊ မုန့်တောင် ထုတ်စားနေသေးတယ် "

သူမက မှတ်ချက်မပေးဘဲ မနေနိုင် ဖြစ်သွားရလေသည် ။

"သူ ခဏနေရင် ကုတင်ပေါ်မှာ ဆီးသွားဦးမှာလား "

သွေးဆေးလုံးကို စားပြီးနောက် ကျိယွမ်သည် သူ၏ စိတ်မှာ ပို၍ ထက်မြက်လာသည်ကို ခံစားလိုက်ရ၏။

"ငါ ဘယ်လို ပိုကောင်းအောင် ရှင်သန်နိုင်မလဲ "

"လောကထဲကို ရောက်လာတဲ့အခါ ၊ လမ်းဆယ်ခုမှာ ကိုးခုက သေခြင်းတရားပဲ ၊ ဒါက ဘာကြောင့်လဲ ၊ ငါတို့က အသက်ရှင်ဖို့ကို အလွန်အမင်း တွယ်ကပ်နေကြလို့ပဲ "

ကျိယွမ်သည် ပညာရှိ စကားအချို့ကို သတိရလိုက်လေသည်။

"လှည့်ဖြားတတ်တဲ့ သူတွေက ၊ သူတို့ကိုယ်သူတို့ ကိုယ်ကျင့်တရား ကောင်းသလို ဟန်ဆောင်ကြတယ် ၊ စံနှုန်းတွေကို အော်ဟစ်နေကြတယ် ၊ ဥပဒေကို အသုံးချပြီး သူတို့ နောက်လိုက်တွေကို သေတွင်းထဲ ပို့ကြတယ် "

"ချိန်ခွင်လျှာတွေ ယိမ်းယိုင်သွားတဲ့အခါ ၊ စိတ်ထားကောင်းတဲ့ သူတွေက အရင်ဆုံး စတေးခံရတတ်တယ် "

"အကယ်၍ မင်းက အခက်အခဲတွေကို သည်းခံနိုင်ရင် ၊ ပိုပြီး သည်းခံလိုက်ဦး "

"မိုးရွာတဲ့အခါ ၊ ထီးဆောင်းထားပါ ၊ နေမင်းကြီး ပေါက်ကွဲတော့မယ်ဆိုရင် ၊ ၂၁ရာစု ကမ္ဘာမြေကို ယူပြီး ထွက်ပြေးလိုက်မလား "

"ဒီလောကမှာ ရှင်သန်ဖို့အတွက် ၊ မင်းက လိုက်လျောညီထွေ ရှိရမယ် ၊ လောကရဲ့ စည်းမျဉ်းတွေနဲ့ပေါ့ "

"ငါက မွေးရာပါ လှည့်ဖြားတတ်သူ ဖြစ်ပေမဲ့ ၊ မြင့်မြတ်သလို ဟန်ဆောင်နိုင်တယ် "

"ငါက လောဘကြီးတယ် ၊ ဒါကြောင့် တခြားလူတွေကို ပိုပြီး ပေးဆပ်ဖို့ ငါ တိုက်တွန်းမယ် "

ကျိယွမ်၏ အတွေးများမှာ ရှုပ်ထွေးနေပြီး စိတ်ကူးပေါင်း များစွာက ခေါင်းထဲတွင် ဝဲနေလေသည်။

" စကားပုံ ရှိသလိုပဲ ၊ လူကောင်းတွေက အသက်မရှည်ဘူး ၊ လူယုတ်မာတွေကတော့ ရာစုနှစ်ချီပြီး ရှင်သန်ကြတယ် "

"ဒီလောကမှာ အောင်မြင်ဆုံး သူတွေက ၊ အကောင်းဆုံး ဒါမှမဟုတ် ကိုယ်ကျင့်တရား အရှိဆုံး သူတွေ မဟုတ်ကြဘူး "

"အဲဒီအစား ၊ သူတို့က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နိုင်ပြီး စည်းမျဉ်းတွေကို အသုံးချတတ်တဲ့ သူတွေပဲ "

"အုဒ်ဘီလ် ဆိုတဲ့ လူတစ်ယောက်က ပြောဖူးတယ် ၊ မင်း စားတဲ့ အရာက မင်းပဲ တဲ့ ။ ဒါကြောင့် မင်းက အထက်တန်းလွှာ ဖြစ်ချင်ရင် ၊ ခက်ခဲတဲ့ အလုပ်တွေကို သည်းခံနေဖို့ မဟုတ်ဘူး ၊ တခြားလူတွေကို စားပစ်ဖို့ပဲ "

" အုဒ်ဘီလ်ကပဲ ပြောသေးတယ် ၊ မင်းက ဆင်းရဲဒုက္ခ ရောက်နေတယ်ဆိုရင် ၊ ဒါက တခြား တစ်ယောက်ယောက်က မင်းရဲ့ ပျော်ရွှင်မှုတွေကို ခံစားနေလို့ပဲ ၊ တဲ့ "

" ပိုကောင်းအောင် ရှင်သန်ဖို့ဆိုရင် ၊ မင်းက ၊ လိုက်လျောညီထွေ ဖြစ်ရမယ် "

"ကိုယ်ကျင့်တရားနဲ့ လိုက်လျောညီထွေ ဖြစ်ပါ ၊ ဥပဒေနဲ့ လိုက်လျောညီထွေ ဖြစ်ပါ ၊ ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်ပါ ၊ စည်းမျဉ်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်ပါ "

"သဘာဝလောကမှာ ၊ အားကြီးတဲ့သူက အားနည်းတဲ့သူကို စားတယ် ၊ အသင့်တော်ဆုံး သူပဲ ရှင်သန်ရတယ် "

" ဒါကြောင့် ၊ ငါ့ရဲ့ အနှိုင်းမဲ့ မူလသဘောတရားက ၊ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း ပဲ "

"မိုးရွာရင် ငါ ဘာလုပ်မလဲ ၊ ငါ့ခေါင်းပေါ်မှာ ထီးတစ်ချောင်း ပေါက်လာအောင် လုပ်မယ် "

"အကယ်၍ အဘွားအို တစ်ယောက်က သူ့ကို တိုက်မိပါတယ်လို့ ငါ့ကို စွပ်စွဲရင် ၊ ငါက ဘာလို့ သူ့ကို ကူညီတာလဲလို့ သူတို့ မေးရင် ၊ အရာအားလုံးကို မှတ်တမ်းတင်ဖို့ ငါ့ခေါင်းပေါ်မှာ ကင်မရာ တစ်လုံး ပေါက်လာအောင် လုပ်မယ် "

သွေးဆေးလုံး၏ အကူအညီဖြင့် ကျိယွမ်၏ ဦးနှောက်မှာ ထူးထူးခြားခြား လျင်မြန်စွာ အလုပ်လုပ်နေလေသည်။

ခဏချင်းမှာပင် ၊ သူသည် မိမိ၏ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သွား၏။

" အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း"

အရာအားလုံးနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်မှသာ ၊ ရှင်သန်နိုင်မှာ ဖြစ်လေသည်။

ရှင်သန်ခြင်းသည် မဟာလမ်းစဉ်၏ စစ်မှန်သော အနှစ်သာရပင် ဖြစ်၏။

"ငါ .. ငါ နားလည်သွားပြီ "

ကျိယွမ်၏ မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားလေသည်။

ရုတ်တရက် ၊ ခရမ်းရောင် စွမ်းအင်များ စတင် ထွက်ပေါ်လာ၏။

ယခင်က တည်ငြိမ်နေသော မဟာမူလသဘောတရား ကျင့်ကြံသူများသည် ရုတ်တရက် မျက်လုံးများ ပြူးသွားကြလေသည်။

"နောက်ထပ် အနှိုင်းမဲ့ မူလသဘောတရားဟ"

"နောက်ထပ် လူတစ်ယောက်က အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သွားပြန်ပြီ "

" ဒါက ၊ မိုလိုကောင်းကင်ဘုံအရှင်ပဲ "

ကောင်းကင်ယံရှိ မဟာမူလသဘောတရား ကျင့်ကြံသူများမှာ မှင်တက်သွားကြ၏။

မိုလိုကောင်းကင်ဘုံအရှင်က ၊ တကယ်ပဲ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သွားတာလား ။

မဟာမူလသဘောတရား ကျင့်ကြံသူ အားလုံး တုန်လှုပ်သွားကြလေသည်။

ဓားနက်နှင့် နေမင်းကောင်းကင်ဘုံအရှင်တို့ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်ခြင်းမှာ သူတို့ လက်ခံနိုင်သော ကိစ္စ ဖြစ်၏။

သို့သော် ဤမိုလိုကောင်းကင်ဘုံအရှင်မှာ မည်သည့် နေရာမှ ပေါ်လာသည်ကိုပင် မသိရပေ။

ယခုမူ ၊ သူကပါ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သွားလေပြီ။

ထိတ်လန့်နေသော မဟာမူလသဘောတရား ကျင့်ကြံသူများထဲတွင် လပန်းကောင်းကင်ဘုံအရှင်ထက် ပို၍ စိတ်ဓာတ်ကျနေသူ မရှိနိုင်တော့ပါ။

ကြည့်ပါဦး..။

လနန်းတော်သည် ထိုက်ဟွမ်နန်းတော်ကို တိုက်ခိုက်နေရရုံသာမက မိုလိုမျိုးနွယ်စု နှင့် မဟူရာနတ်ဆိုးချောက်တို့နှင့်လည်း ထိပ်တိုက်တွေ့နေရခြင်း ဖြစ်၏။

ယခုမူ ၊ သူမ၏ ရန်သူ အားလုံးက အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သွားကြပြီ မဟုတ်ပါလား ။

ဒါတွေ အားလုံးက ဘယ်လိုလုပ် တစ်ချိန်တည်းမှာ ဖြစ်နိုင်ရတာလဲ။

ဝူရှန်းကောင်းကင်ဘုံအရှင်သည် ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩတကြီး မျက်တောင်ခတ်နေမိ၏။

အကြည့်တိုင်းသည် မိုလိုကောင်းကင်ဘုံအရှင်ထံသို့ ရောက်နေကြလေသည်။

ဓားနက်နှင့် နေမင်းကောင်းကင်ဘုံအရှင်တို့ပင်လျှင် မိုလိုကောင်းကင်ဘုံအရှင်ကို တစ်ချက် ကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ဓားနက်နှင့် နေမင်းကောင်းကင်ဘုံအရှင် နှစ်ဦးစလုံးသည် အနှိုင်းမဲ့ မူလသဘောတရားကို သူတို့၏ ဝိညာဉ်ပေါ်တွင် မှတ်ကျောက်တင်ခြင်း ပြီးဆုံးသွားကြပြီ ဖြစ်လေသည်။

ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာမှာ တည်ငြိမ်နေ၏။ ဓားနက်သည် အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

နေမင်းကောင်းကင်ဘုံအရှင်၏ ပုံရိပ်မှာလည်း လေထဲတွင် ပျောက်ကွယ်သွား၏။

အနှိုင်းမဲ့ မူလသဘောတရားကို စတင် နားလည်သွားပြီ ဖြစ်ရာ ၊ နှစ်ဦးစလုံးသည် သူတို့၏ အမြင်သစ်များကို တည်ငြိမ်စေရန် အချိန်ယူရမည် ဖြစ်လေသည်။

ထိုနှစ်ဦး ထွက်ခွာသွားသော်လည်း မူလသဘောတရား ဆွေးနွေးပွဲမှာ ဆက်လက် ရှိနေဆဲပင် ။

အားလုံး၏ အကြည့်မှာ မိုလိုကောင်းကင်ဘုံအရှင်ထံတွင်သာ ရှိနေသေး၏။

"ကျင့်ကြံသူ သုံးဦးတောင် အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သွားတာပဲ ၊ ဒီမူလသဘောတရား ဆွေးနွေးပွဲကတော့ သမိုင်းတွင်တော့မှာ သေချာတယ် "

"ဆဌမကောင်းကင်ဘုံတော့ ၊ ပြောင်းလဲတော့မှာပဲ "

"နေပါဦး ၊ သူက မူလသဘောတရားကို မှတ်ကျောက်တင်ပြီးတာတောင် ဘာလို့ မထွက်သွားသေးတာလဲ "

"ဪ ... ငါ သိပြီ ၊ မိုလိုမျိုးနွယ်စုမှာ သူ့ကို ကာကွယ်ပေးမယ့် မဟာမူလသဘောတရား ကျင့်ကြံသူ မရှိဘူးလေ ၊ မူလသဘောတရားနံရံ အနားမှာ နေတာက သူ့အတွက် အလုံခြုံဆုံးပဲ ဖြစ်မှာ "

ယန်နတ်ဘုရား အချို့က တိုးတိုးတိတ်တိတ် ပြောဆိုနေကြလေသည်။

ဝူရှန်းကောင်းကင်ဘုံအရှင်၏ အကြည့်မှာ ကျိယွမ်ထံတွင် ရှိနေပြီး သူ တစ်ခုခုကို စဉ်းစားနေ၏။

သူသည် မိုလိုကောင်းကင်ဘုံအရှင်ကို မူလသဘောအဖွဲ့အစည်းထဲသို့ ဆွဲဆောင်ရန် အခွင့်အရေး ရှိမရှိ စဉ်းစားနေခြင်း ဖြစ်လေသည်။

အကယ်၍ သူတို့ အောင်မြင်ပါက မူလသဘောအဖွဲ့အစည်းသည် ထိုက်ဟွမ်နန်းတော်ကို ပြန်လည် အသာစီး ရနိုင်မည် ဖြစ်၏။

ထိုအချိန်တွင် နွားချိုမမက မအောင့်နိုင်တော့ဘဲ ပြောလိုက်လေသည် ။

"နင်နဲ့ မိုလိုကောင်းကင်ဘုံအရှင်က ရင်းနှီးလို့လား ၊ ငါ သူ့ကို ရုပ်ဆိုးတယ်လို့ ပြောတာကို သွားမတိုင်ပါနဲ့နော် "

ကျိယွမ်၏ စိတ်ဝိညာဉ်ထံသို့ သတင်းပို့လိုက်၏ ။

ကျိယွမ်၏ စိတ်ဝိညာဉ်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောပေ။

တစ်ဖက်တွင်မူ မူလသဘောတရားနံရံ ခြေရင်း၌ ကျိယွမ်သည် မျက်မှောင် ထပ်မံ ကြုတ်လိုက်ပြန်၏။

"အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း က အစွမ်းထက်တယ် ၊ ဒါက ရှင်သန်ခြင်း လမ်းစဉ်ပဲ "

"ဒါပေမဲ့ ၊ ငါက ဘာလို့ ဒီလောကနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နေရမှာလဲ "

"လောကကသာ ငါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်သင့်တာ မဟုတ်ဘူးလား "

"ဟုတ်တယ် ၊ လောကကြီးက ငါ့ကို အကြွေးတင်နေတာ "

ရုတ်တရက် ကျိယွမ်သည် အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း မှာ အစွမ်းထက်သော်လည်း တစ်ဖက်တွင်မူ ရိုးရိုးရှင်းရှင်းပင် ဖြစ်နေကြောင်း သဘောပေါက်သွား၏။

"၂၁ရာစု ကမ္ဘာမြေမှာ ၊ လိုက်လျောညီထွေ ဖြစ်ခြင်းက မင်းကို ပိုသန်မာစေတယ် "

"လိုက်လျောညီထွေ ဖြစ်ခြင်းက မင်းကို ထိန်းချုပ်နိုင်စွမ်း ရစေတယ် "

"ဒါပေမဲ့ လိုက်လျောညီထွေ ဖြစ်ခြင်းက အလျှော့ပေးခြင်း တစ်မျိုးလည်း ဖြစ်နေတယ် "

ကျိယွမ်၏ သဘာဝမှာ အလျှော့ပေးတတ်သူ မဟုတ်ပေ။

"ငါက ဘာလို့ ငါ့ရဲ့ အပြစ်မရှိကြောင်း သက်သေပြဖို့ ငါ့ခေါင်းပေါ်မှာ ကင်မရာ တစ်လုံး ပေါက်အောင် လုပ်နေရမှာလဲ "

" ချီသန့်စင်ခြင်းအဆင့်က ခရမ်းရောင်နန်းတော် အဆင့်ဖြစ်တဲ့ ငါ့ကို မဟုတ်မမှန် စွပ်စွဲတဲ့အခါ ၊ ငါက ဘာလို့ အပြစ်မရှိကြောင်း သက်သေပြနေရမှာလဲ "

"ဒါကြောင့် ၊ လောကနဲ့ လိုက်လျောညီထွေ ဖြစ်နေရုံနဲ့ မလုံလောက်ဘူး "

"ငါ့ရဲ့ မူလသဘောတရားက အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း တစ်ခုတည်း မဖြစ်နိုင်ဘူး "

"လောကကြီးက ငါ့နောက်ကို လိုက်ရမယ် "

---------

အခန်း ၄၄၇ - မူလသဘောတရား၏ သံသရာ

ရှင်သန်ခြင်း၏ အနှစ်သာရမှာ လိုက်လျောညီထွေဖြစ်ခြင်းပင် ဖြစ်၏။

လူ့ပတ်ဝန်းကျင်၊ လောကကြီးနှင့် စကြာဝဠာတို့နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရမည် ဖြစ်သည်။

ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန်အတွက် လူသည် မိမိကိုယ်ကိုယ် ပြောင်းလဲရ၏။

လှည့်ဖြားတတ်သူများသည် မြင့်မြတ်သူများအဖြစ် ဟန်ဆောင်ကြလေသည်။

ကိုယ်ကျင့်တရားနှင့် စည်းမျဉ်းများသည် လူတိုင်းအပေါ် အချုပ်အနှောင်များ ထားရှိပြီး ရှင်သန်ရန်အတွက် ထိုအရာများနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေကြရ၏။

ကျိယွမ်၏ အနှိုင်းမဲ့မူလသဘောတရားမှာ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်းပင်။

" ဒါပေမဲ့ လိုက်လျောညီထွေဖြစ်ခြင်းက ငါအလိုရှိတဲ့အရာ မဟုတ်ဘူး "

" လိုက်လျောညီထွေ ဖြစ်ရမယ်ဆိုတာက နွားချိုမမရဲ့ လှောင်ပြောင်တာကို ခံပြီး ပြန်မပြောနိုင်တာကို ဆိုလိုတာလား "

"တကယ်လို့ အစွမ်းထက်တဲ့ မဟာမူလသဘောတရား ကျင့်ကြံသူ တစ်ယောက်က ငါ့အိမ်ကို လာပြီး ပေါက်စီတွေ ခိုးရင် ၊ ငါက ကုတင်အောက်မှာ ပုန်းပြီး တုန်ရင်နေရမှာလား "

"အင်အားကြီးတဲ့သူက လွဲမှားတဲ့ ယုတ္တိဗေဒတွေနဲ့ ငါ့ကို ဆုံးမတဲ့အခါ ၊ ငါက အောင့်အည်းသည်းခံပြီး နားထောင်နေရမှာလား "

"လောကကြီးက မတရားဘဲ ဖိနှိပ်နေတဲ့အခါ ၊ ရှင်သန်ဖို့အတွက်ပဲ အခြားလူတွေလို လိုက်လျောညီထွေ ဖြစ်အောင် နေရမှာလား "

"ဒါက ငါ့ရဲ့ လမ်းစဉ် မဟုတ်တာတော့ သေချာတယ် "

"အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း ၊ ပြီးတော့ မွေးရာပါ ၊ တစ်ခုတည်းသော နဲ့ သံသရာ "

အနှိုင်းမဲ့မူလသဘောတရားတွင် အမျိုးအစား လေးမျိုး ရှိလေသည်။

"အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း ၊ အခြားအရာတွေကရော ဘာလဲ "

မည်သို့ပင်ဆိုစေကာမူ သက်ရှိများသည် အနှိုင်းမဲ့မူလသဘောတရား တစ်ခုတည်းကိုသာ နားလည်ရမည်ဟူသော စည်းမျဉ်း မရှိပေ။

ကျိယွမ်သည် သူ၏ သွေးဆေးလုံးကို ကိုင်ကာ ထပ်မံစားလိုက်လေသည်။

သူ၏ စိတ်မှာ ပြန်လည် ကြည်လင်လာပြီး တက်ကြွလာ၏။

ရှေးခေတ်က ကြိတ်ဆုံကို မတွန်းတော့သော မြည်းတစ်ကောင်သည် ကြိမ်ဒဏ် ခံရတတ်လေသည်။

ယနေ့ခေတ်တွင်မူ အလုပ်သမားများ ပင်ပန်းလာသောအခါ မိမိတို့ဘာသာ ကော်ဖီ ဝယ်သောက်ကြ၏။

သွေးဆေးလုံးမှာ ကော်ဖီကဲ့သို့ပင် စိတ်ကို နိုးကြားစေပြီး အတွေးအခေါ်များကို ပိုမို ကြည်လင် မြန်ဆန်စေလေသည်။

" မွေးရာပါ "

" မွေးရာပါ လမ်းစဉ်က လိုအပ်ချက် ရှိနေသေးတယ်"

မွေးရာပါ လမ်းစဉ်ကို ကျိယွမ် ဆက်လက် နားမလည်နိုင်သေးပေ။

သို့မဟုတ်ပါက မွေးရာပါ လမ်းစဉ်မှာ သွေးမျိုးဆက်နှင့် ဘိုးဘေးများအပေါ် အလွန်အမင်း အမှီပြုနေခြင်း ဖြစ်လေသည်။

ကျိယွမ်မှာ ရောဂါဝေဒနာများနှင့် ပြဿနာများ ပြည့်နှက်နေသော အပြာရောင်ဂြိုဟ်မှ သာမန်လူတစ်ဦးသာ ဖြစ်ရာ ၊ ထူးခြားသော ကိုယ်ခန္ဓာ သို့မဟုတ် ထူးကဲသော မျိုးရိုးဗီဇကို မည်သည့်နေရာမှ ရနိုင်မည်နည်း။

နောက်ပိုင်းတွင် ရရှိခဲ့သော ဝါးမြိုခြင်းခန္ဓယနှင့် လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားတို့မှာ ကျိယွမ်၏ အမြင်တွင် ကြိုးစားအားထုတ်မှုကြောင့် ရရှိလာသော အရာများသာ ဖြစ်လေသည်။

"မင်းသားတွေနဲ့ ဘုရင်တွေက မွေးကတည်းက မြင့်မြတ်တာလား "ဆိုသော အတွေးအခေါ်တွေ ကြားမှာ ကြီးပြင်းလာသော ကျိယွမ်သည် မည်သည့် သွေးမျိုးဆက်ကမျှ မွေးရာပါ မြင့်မြတ်သည်ဟု မယုံကြည်ပေ။

လူသားအားလုံးသည် ဂုဏ်သိက္ခာပိုင်းတွင် တန်းတူညီမျှကြ၏။

"တစ်ခုတည်းသော ကရော.."

ကျိယွမ် မျက်မှောင်ကြုတ်လိုက်လေသည်။

"ငါသာ တစ်ခုတည်းသော လမ်းစဉ်ကို လိုက်ခဲ့ရင် ၊ ငါက တစ်ခုတည်းသော မဟာနေမင်း ဖြစ်လာမှာပဲ "

ကောင်းကင်ယံရှိ နေမင်းဆယ်စင်းကို စိန်ခေါ်ကာ ထိုက်ဟွမ်နန်းတော်ကို ရန်စခဲ့စဉ်ကတည်းက ကျိယွမ်၏ တစ်ခုတည်းသောသဘောတရား လမ်းစဉ်မှာ သတ်မှတ်ပြီးသား ဖြစ်လေသည်။

သူသည် မဟာနေမင်း၏ရာဇပလ္လင်ကို ရယူရန်သာမက ၎င်း၏ အနှိုင်းမဲ့မူလသဘောတရားကိုပါ သိမ်းပိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

"ဒါဆိုရင် ၊ သံသရာ လမ်းစဉ်ပဲ ကျန်တော့တယ် "

"သံသရာ ဆိုတာ ဘာလဲ "

ကျိယွမ် နက်နဲစွာ စဉ်းစားလိုက်မိလေသည်။

ထိုအချိန်တွင် ပြင်ပလောက၌ လူအများအပြား၏ အကြည့်များသည် ကျိယွမ်ထံသို့ စူးစိုက်နေကြ၏။

ဝူရှန်းကောင်းကင်ဘုံအရှင်သည် သူ၏ မျက်လုံးများကို မှေးလိုက်ပြီး စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်လေသည် ။

"သူက အနှိုင်းမဲ့မူလသဘောတရားကို မှတ်ကျောက်တင်ပြီးပြီပဲ ၊ ဘာလို့ ဒီမှာ ဆက်ပြီးထိုင်..ဆက်ပြီးအိပ်နေတာလဲ "

မိုလိုမျိုးနွယ်စုတွင် မဟာမူလသဘောတရား ကျင့်ကြံသူ မရှိသော်လည်း အကယ်၍ မိုလိုကောင်းကင်ဘုံအရှင်သာ ဆန္ဒရှိပါက မဟူရာနတ်ဆိုးချောက်က သူ့ကို ကြိုဆိုမည်မှာ သေချာလှလေသည်။

သို့သော် သူသည် မူလသဘောတရားနံရံ ရှေ့တွင် ထူးထူးဆန်းဆန်း လဲလျောင်းနေဆဲပင်။

" သူက ဒုတိယတစ်ခုကို နားလည်အောင် လုပ်နေတာလား "

ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရား ကျင့်ကြံသူက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်လေသည် ။

၎င်းမှာ နောက်ပြောင်ခြင်းသာ ဖြစ်၏။

ဆဌမကောင်းကင်ဘုံ၏ သမိုင်းတွင် ထိုကဲ့သို့သော သာဓကမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

သာမန်အဆင့် မူလသဘောတရား နှစ်ခုကို နားလည်ရန်ပင် အလွန် ရှားပါးလှလေသည်။

ထိုသို့သော ဖြစ်ရပ်များကို လက်တစ်ဖက်စာမျှသာ ရေတွက်နိုင်၏။

"မိုလိုကောင်းကင်ဘုံအရှင်က အနှိုင်းမဲ့မူလသဘောတရား တစ်ခုကို နားလည်ထားပြီဆိုတော့ ၊ သူက လင်းယာအသွင်ပြောင်းလဲခြင်း မှာ ပါဝင်ရလိမ့်မယ် "

မဟာမူလသဘောတရား ကျင့်ကြံသူ တစ်ဦးက တည်ငြိမ်စွာပြောလိုက်သည် ။

အခြား မဟာမူလသဘောတရား ကျင့်ကြံသူများကလည်း ခေါင်းညိတ်ကြ၏။

အနှိုင်းမဲ့မူလသဘောတရားကို နားလည်ခြင်းမှာ ၊ အချိန်မတိုင်မီ သေဆုံးခြင်း မရှိခဲ့လျှင် ၊ မဟာမူလသဘောတရား ကျင့်ကြံသူ တစ်ဦး ဖြစ်လာရန် သေချာသလောက် ရှိလေသည်။

ဝူရှန်းကောင်းကင်ဘုံအရှင်က ညင်သာစွာ ပြောလိုက်လေသည် ။

"သူ ပြီးသွားတာနဲ့ ၊ ငါကိုယ်တိုင် ဖိတ်ကြားစာ သွားပေးမယ် "

မူလသဘောတရား ဆွေးနွေးပွဲ ပြီးဆုံးပါက ထိုမဟာမူလသဘောတရား ကျင့်ကြံသူများသည် လင်းယာအသွင်ပြောင်းလဲခြင်း နှင့် ပတ်သက်သော ကိစ္စရပ်များကို ကြေညာရန် လူစုကြမည် ဖြစ်လေသည်။

မူလက မိုလိုမျိုးနွယ်စုတွင် မဟာမူလသဘောတရား ကျင့်ကြံသူ မရှိသဖြင့် ထိုအကြောင်းကို သိခွင့် မရှိခဲ့ပေ။

သို့သော် ယခုမူ မိုလိုကောင်းကင်ဘုံအရှင် ရှိနေပြီ ဖြစ်ရာ အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်၏။

" လင်းယာအသွင်ပြောင်းလဲခြင်း .... အင်း...ကြယ်တွေ ဘယ်လောက်တောင် ကြွေဦးမလဲ မသိဘူး "

မဟူရာနတ်ဆိုးချောက်မှ တတိယအကြီးအကဲက ကြယ်များ ပြည့်နေသော ကောင်းကင်ယံကို ကြည့်ကာ သက်ပြင်းချလိုက်လေသည် ။

လင်းယာအသွင်ပြောင်းလဲခြင်းမှာ ကပ်ဘေးတစ်ခု ဖြစ်လေသည်။

မဟာမူလသဘောတရား ကျင့်ကြံသူများပင်လျှင် ထိုကာလအတွင်း သေဆုံးနိုင်၏။

" မိုလိုကောင်းကင်ဘုံအရှင် ဘာတွေ တွေးနေလဲ မသိဘူး ၊ သူသာ အဲဒီမှာ အိပ်နေတုန်းပဲ ..မဟုတ်ရင် မူလသဘောတရား ဆွေးနွေးပွဲက ပြီးသွားပြီ "

တစ္ဆေစိုးမိုးကောင်းကင်မှ မဟာမူလသဘောတရား ကျင့်ကြံသူ တစ်ဦးက ပျင်းရိစွာ ပြောလိုက်လေသည် ။

ပုံမှန်အားဖြင့် ဤအချိန်တွင် မူလသဘောတရား ဆွေးနွေးပွဲမှာ ပြီးဆုံးနေပြီ ဖြစ်၏။

မူလသဘောတရားကို နားမလည်သော ယန်နတ်ဘုရားများကို မူလသဘောတရားအဖွဲ့ချုပ်က ပြန်လွှတ်ပေးမည် ဖြစ်သည်။

သို့သော် မိုလိုကောင်းကင်ဘုံအရှင်မှာ ထိုနေရာတွင် ရှိနေဆဲ ဖြစ်ပြီး နားလည်ရန် ကြိုးစားနေဆဲ ဖြစ်၏။

သူသည် အနှိုင်းမဲ့မူလသဘောတရားကို နားလည်ထားပြီး ဖြစ်ရာ သူ့ကို မောင်းထုတ်ရန်လည်း မသင့်တော်ပေ။

ကျိယွမ်၏ နှောင့်နှေးမှုကြောင့် ကျန်ရှိနေသော ယန်နတ်ဘုရားများသည် အချိန်အနည်းငယ် ပိုရသွားပြီး နောက်ထပ် အခွင့်အရေး တစ်ခု ရရှိသွားကြလေသည်။

" မိုလိုကောင်းကင်ဘုံအရှင်ကို လေးစားမှု ထားကြပါ ၊ အနာဂတ်မှာ သူက ငါတို့ရဲ့ စီနီယာ ဖြစ်လာနိုင်တယ် "

ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရား ကျင့်ကြံသူက တည်ငြိမ်စွာ ပြောလိုက်လေသည် ။

၎င်းကို ကြားသောအခါ အခြား မဟာမူလသဘောတရား ကျင့်ကြံသူများသည် စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းသိမ်းလိုက်ကြ၏။

သူ ပြောသည်မှာ မှန်လေသည်။

မဟာမူလသဘောတရား ကျင့်ကြံသူများ အကြားတွင်ပင် ခွန်အား ကွာခြားချက် ရှိသည်။

အနှိုင်းမဲ့မူလသဘောတရားကို နားလည်သော သူများသည် စစ်မှန်သော ဘုရင်များပင်။

" ဒီရုပ်ဆိုးတဲ့ လူက ၊ တစ်ချို့ ရှုထောင့်က ကြည့်ရင် ဆွဲဆောင်မှု ရှိသလိုလိုပဲ ၊ အား ....သူ နောက်တစ်ဖက် လှည့်သွားပြန်ပြီ "

နွားချိုမမက ကျိယွမ်၏ စိတ်ဝိညာဉ်ထံသို့ သတင်းပို့ကာ ချဲ့ကား ပြောလိုက်လေသည် ။

သူမသည် စရိုက်ကြမ်းသော်လည်း မည်သည့်စကားကို အပြင်မှာ ပြောရမည် ၊ မည်သည့်စကားကို စိတ်ထဲမှာ ထားရမည်ကို သိလေသည်။

"ငါ မင်းကို သွားတိုင်မှာ မကြောက်ဘူးလား "

လိကျိယွမ်၏ စိတ်ဝိညာဉ်က အေးစက်စွာ မေးလိုက်၏ ။

" ဘာလို့ ကြောက်ရမှာလဲ ၊ ငါ့မှာ သန့်ရှင်းတဲ့ စိတ်ရှိတယ် ၊ ပြီးတော့ ၊ သူက မဟာမူလသဘောတရား ကျင့်ကြံသူ မဖြစ်သေးဘူး မဟုတ်လား ၊ အကယ်၍ ဖြစ်သွားရင်တောင် ၊ သူ့လို အဆင့်အတန်းမျိုးက ငါ့လို လူကို အငြိုးထားပါ့မလား"

နွားချိုမမက စိတ်ထဲမှ ပြောဆိုခြင်းကို ရပ်လိုက်ပြီး နောက်ပြောင်ဟန်ဖြင့် ထပ်ပြောလိုက်လေသည် ။

" ဒီလောက် ခန့်ညားတဲ့ မိုလိုကောင်းကင်ဘုံအရှင် ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ် သိချင်မိတယ် ၊ သူ့အတွေးတွေကို နည်းနည်းလောက် မြင်ခွင့်ရရင်တောင် ၊ ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် နှစ်ပေါင်း တစ်သောင်းစာ ခွန်အား ဖြစ်မှာပဲ "

လုအများကြားတွင် ပြောသောအခါတွင်မူ သူမသည် တစ်မျိုး ပြောင်းပြောရလေသည်။ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် သူမ၏ ကိုယ်ဟန်ကိုပင် ပြောင်းလဲလိုက်၏။

သို့သော် သူမ၏ အသံကို မည်သူမျှ အာရုံမစိုက်ကြပေ။

လူအများအပြား၏ အကြည့်များသည် မိုလိုကောင်းကင်ဘုံအရှင်ထံ၌သာ ရှိနေပြီး သူတို့၏ အကြည့်များတွင် အမျိုးမျိုးသော ခံစားချက်များ ရှိနေကြလေသည်။

"မိုလိုမျိုးနွယ်စုက နောက်ထပ် မူလသဘောတရား ကျင့်ကြံသူ တစ်ယောက် ထုတ်ပေးလိုက်ပြန်ပြီ "

နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်က စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ကြည့်လိုက်လေသည် ။

မိစ္ဆာမျက်လုံးသည် သူ၏ မြေးမကို သတ်ခဲ့ခြင်း ဖြစ်ရာ ၊ သူသည် မိုလိုမျိုးနွယ်စုနှင့် ရန်ငြိုးဖွဲ့ကာ မိစ္ဆာမျက်လုံးနှင့် စိန်ခေါ်ပွဲ စီစဉ်ထားခဲ့ခြင်း ဖြစ်၏။

မူလက သူသည် မိုလိုမျိုးနွယ်စုကို ကြောက်ရွံ့သော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။

မဟာမူလသဘောတရား ကျင့်ကြံသူ မရှိသော မိုလိုမျိုးနွယ်စုမှာ သူ့ကို တကယ်တမ်း ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။

သို့သော် ယခုမူ အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်၏။

မိုလိုမျိုးနွယ်စုတွင် မဟာမူလသဘောတရား ကျင့်ကြံသူ တစ်ဦး ရရှိသွားပြီ ဖြစ်သလို မဟူရာနတ်ဆိုးချောက်တွင်လည်း တစ်ဦး ရရှိသွားပြီ ဖြစ်သည်။

ဖိအားမှာ အလွန် ပြင်းထန်လှလေသည်။

" ငါလည်း ၊ ပီတိကောင်းကင်ဘုံအရှင် ရဲ့ အကြံဉာဏ်ကို ယူပြီး တစ္ဆေစိုးမိုးကောင်းကင်နဲ့ ပူးပေါင်းရတော့မယ် ထင်တယ် ၊ မဟုတ်ရင် .. မိုလိုမျိုးနွယ်စုကို ငါ လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး"

နတ်ဘုရားသွေး ကောင်းကင်ဘုံအရှင်က ထပ်မံတွေးလိုက်လေသည် ။

နောင်လာမည့် ရက်များတွင် သူသည် ပီတိ ကောင်းကင်ဘုံးအရှင်နှင့် ပူးပေါင်းကာ သွေးဝတ်စုံကို သတ်ဖြတ်ပြီး တစ္ဆေစိုးမိုးကောင်းကင်ထံသို့ လက်ဆောင်အဖြစ် ဆက်သရန် စီစဉ်လိုက်၏။

ထိုအချိန်တွင် ကျိယွမ်သည် ကုတင်ပေါ်၌ လဲလျောင်းနေရင်း မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်ထားလေသည်။

"သံသရာ ဆိုတာ အတိအကျ ဘာလဲ "

"အရှေ့နဲ့ အနောက် ခွဲခြားလို့မရတဲ့ မိုးဘီးယပ်စ်ကွင်း လား "

( မိုးဘီးယပ်စ်ကွင်း =

အစနှင့်အဆုံး မခွဲခြားနိုင်သော တစ်ဆက်တည်းဖြစ်နေသည့်သင်္ကေတ)

"အဆုံးမရှိတဲ့ သံသရာရဲ့သင်္ကေတ အူရိုဘိုးရတ်စ် လား "

( အူရိုဘိုးရတ်စ် = မိမိအမြီးကို ပြန်စားနေသော မြွေရုပ်)

"ဒါမှမဟုတ် ၊ ပြန်လည်မွေးဖွားခြင်း လား "

"ဒါပေမဲ့ ပြန်လည်မွေးဖွားခြင်းက လောကကြီးကို ငါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပေးမှာ မဟုတ်ဘူး "

ကျိယွမ်၏ စိတ်မှာ ပြင်းပြင်းထန်ထန် လည်ပတ်နေ၏။

အပြာရောင်ဂြိုဟ်မှ အမှတ်တရများနှင့် ဤဘဝမှ အတွေ့အကြုံများက သူ၏ ခေါင်းထဲတွင် လျှပ်ခနဲ ပေါ်လာလေသည်။

ယင်နှင့်ယန် ၊ ကောင်းကင်နှင့်မြေကြီး ၊ အသက်ရှင်ခြင်းနှင့် သေခြင်းသံသရာ ၊ ပါ့ကွာ ထိုက်ကျိ ၊ ဘဝ၏ အဆုံးမဲ့ လည်ပတ်ခြင်း ။

( ပါ့ကွာ ထိုက်ကျိ = ယင်နှင့်ယန် ၊ ဓာတ်ကြီးရှစ်ပါးပုံဆွဲထားသော တရုတ်ရိုးရာအဆောင်ပြား)

နေထွက်ခြင်းနှင့်နေဝင်ခြင်း ၊ ဒီရေ တက်ခြင်းနှင့် ကျခြင်း ၊ စွမ်းအင် ပြောင်းလဲမှုများ ။

သံသရာနှင့် ပတ်သက်သော အရာ အားလုံးသည် သူ၏ စိတ်ထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွား၏။

"ဒါတွေက ၊ သံသရာနဲ့ ပတ်သက်နေပုံရပေမဲ့ ၊ စွမ်းအင် ပြောင်းလဲမှုတွေက ငါ နွားချိုမမကို စကားနိုင်မလုနိုင်တာနဲ့ ဘာဆိုင်လို့လဲ "

"ဒါတွေက သံသရာလို ထင်ရပေမဲ့ ၊ အခြေအနေ တစ်ခုလုံးကိုတော့ မပြောင်းလဲနိုင်ဘူး ၊ လိုက်လျောညီထွေ ဖြစ်ဖို့ပဲ လိုနေသေးတာပဲ "

" သံသရာက အဆုံးမရှိဘူး ၊ အသက်က အသက်ကို ပြန်ကျွေးတယ် ၊ အရာအားလုံးက ဆက်နွယ်နေတယ် ၊ ချိတ်ဆက်နေတယ် "

ရုတ်တရက် ကျိယွမ်၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ပေါ်လာလေသည်။

" ချိတ်ဆက်နေတယ် ၊ ဂွမ်းဂွမ်းငှက်တွေ လား "

" မဟုတ်ဘူး ၊ ဒါ မဟုတ်ဘူး "

" သံသရာ ဆိုတာ ယင်နှင့်ယန် လည်ပတ်နေတာ ၊ အဆုံးမရှိ ပြန်လည်မွေးဖွားနေတာပဲ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ"

ထိုအချိန်တွင် ကျိယွမ်၏ အတွေးမှာ ပိုကြီးကျယ်သော ဘက်သို့ လှည့်သွားလေသည်။

သူသည် အမြဲတမ်း ကြီးကြီးမားမား စဉ်းစားနေခဲ့ခြင်းကြောင့် အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း ဟူသော မူလသဘောတရားကို နားလည်ခဲ့ခြင်း ဖြစ်၏။

သို့သော် အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း မှာ ကျိယွမ်အတွက် တစ်ဖက်တွင် အချုပ်အနှောင် ဖြစ်နေလေသည်။

ထို့ကြောင့် လွတ်မြောက်ရန်အတွက် ယခုတစ်ကြိမ်တွင်မူ သူသည် ကြီးကြီးမားမား မစဉ်းစားတော့ပေ။

ဒါကြောင့် ...

" ငါ့ရဲ့ သံသရာ မူလသဘောတရားက ..."

" ငါကြိုက်တာ ငါလုပ်မယ် ပဲ "

ထိုခဏ၌ ကျိယွမ် သဘောပေါက်သွားလေသည်။

" မိမိကြိုက်ရာကိုလုပ်ခြင်းက သံသရာ ဖြစ်စေသလား "

သင်က စကားလုံးစစ်ပွဲများလုပ်ပြီး ငါကြိုက်တာငါလုပ်မယ်ဟု ထည့်ပြောလိုက်သောအခါ ၊ သံသရာက အဆုံးမရှိ ဖြစ်သွားပြီး စကြာဝဠာထက်တောင် ပိုပြီး ကြာရှည်သွားလေသည်။

၎င်းမှာ အဆုံးမရှိ ထပ်ခါတလဲလဲ ဖြစ်နေသော ကိန်းဂဏန်း တစ်ခုနှင့် တူလေသည်။

" ငါကြိုက်တာ ငါလုပ် ... ငါကြိုက်တာ ငါလုပ် ...ငါကြိုက်တာ ငါလုပ် ၊ ဒါကမှ သံသရာရဲ့ အနှစ်သာရ မဟုတ်ဘူးလား "

"အကြွင်းမဲ့ လိုက်လျောညီထွေ ဖြစ်ခြင်းက ငါ့ကို လောကကြီးနဲ့ အညီ နေဖို့ ခိုင်းစေတယ် ၊ ဒါပေမဲ့ ဒါက ငါ တကယ်အလိုရှိတဲ့အရာ မဟုတ်ဘူး "

" ဒါကြောင့် ၊ ငါကြိုက်တာ ငါလုပ်မှာပဲ"

ထိုခဏ၌ ကျိယွမ် နားလည်သွား၏။

သူ၏ သံသရာမူလသဘောတရားမှာ " ငါကြိုက်တာ ငါလုပ် "ဟု အမည်ရလေသည်။

ထိုအချိန်တွင် မူလသဘောတရားနံရံမှာ ရုတ်တရက် တောက်ပသော ခရမ်းရောင် အလင်းများ ထွက်ပေါ်လာပြန်သည်။

ရောက်တတ်ရာရာများ ပြောနေကြသော မဟာမူလသဘောတရား ကျင့်ကြံသူများသည် မှင်တက်သွားကြ၏။

"ခရမ်းရောင် အလင်း"

"နောက်တစ်ခါလား.."

ဝူရှန်းကောင်းကင်ဘုံအရှင်သည် ထိတ်လန့်သွားပြီး အသက်ကို ပြင်းပြင်း ရှူလိုက်လေသည် ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

မဟာမူလသဘောတရား ကျင့်ကြံသူ တစ်ဦးကလည ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်စွာ အော်ဟစ်လိုက်သည် ။

" မိုလိုကောင်းကင်ဘုံအရှင်က ၊ ဒုတိယမြောက် အနှိုင်းမဲ့မူလသဘောတရားကို နားလည်သွားတာလား "

လပန်းကောင်းကင်ဘုံအရှင်၏ အသံမှာ တုန်ယင်နေ၏။

အဝေးတစ်နေရာတွင် အမြဲတမ်း တည်ငြိမ်ပြီး ခန့်ညားနေသော ဓားနက်သည် ယခုအခါ ပထမဆုံးအကြိမ် အံ့ဩတုန်လှုပ်သွားလေသည်။

ဒုတိယမြောက် အနှိုင်းမဲ့မူလသဘောတရားလား...။

သူသည် မူလသဘောတရားနံရံမှ ထွက်လာခဲ့သည်မှာ မကြာသေးသဖြင့် အနှိုင်းမဲ့မူလသဘောတရားကို နားလည်ရန် မည်မျှ ခက်ခဲကြောင်း ကောင်းကောင်း သိလေသည်။

သူ ပထမတစ်ခုကို မှတ်ကျောက်တင်ပြီးနောက် ဒုတိယတစ်ခုကို နားလည်ရန် ကြိုးစားခဲ့သေး၏။

သို့သော် မူလသဘောတရားနံရံ ရှေ့တွင် သူ မြင်ရသည်မှာ ရှုပ်ထွေးမှုများသာ ဖြစ်ပြီး သူ၏ အတွေးများမှာလည်း ဝေဝါးသွားခဲ့ရသည်။

ခေတ်သစ် စကားဖြင့် ပြောရလျှင် အာဖရိကတောနက်ထဲမှ ကလေးငယ် တစ်ဦးကို ရှေးဟောင်း စာသားများဖြင့် ရေးထားသော အဆင့်မြင့် သင်္ချာပုစ္ဆာကို ဖြေခိုင်းသကဲ့သို့ပင်။

ထို့ကြောင့် သူသည် သူ၏ မူလသဘောတရားကို တည်ငြိမ်စေရန် အေးအေးဆေးဆေး ထွက်လာခဲ့ခြင်း ဖြစ်၏။

" ဒီမိုလိုကောင်းကင်ဘုံအရှင်က ၊ သူ ဒီလောက်အထိ ပါရမီ ထူးချွန်မယ်လို့ ငါ ဘာလို့ အရင်က သတိမထားမိခဲ့တာလဲ "

မဟူရာနတ်ဆိုးချောက်မှ တတိယအကြီးအကဲက အံ့ဩတကြီး မှတ်ချက်ချသည် ။

အားလုံးမှာ သမိုင်းဝင်ဖြစ်ရပ်ကို မျက်မြင်တွေ့နေရခြင်း ဖြစ်၏။

" မိုလိုမျိုးနွယ်စုက ဘာလို့ အခွန်မဆက်တာလဲဆိုတာ မဆန်းတော့ပါဘူး ၊ "

ဓားနက်က တည်ငြိမ်အောင် ကြိုးစားရင်း ပြောလိုက်လေသည် ။

မိုလိုကောင်းကင်ဘုံအရှင်သည် အနှိုင်းမဲ့မူလသဘောတရား နှစ်ခုကို နားလည်ခဲ့၏။ ၎င်းမှာ မကြုံစဖူး ဖြစ်ရပ် ဖြစ်သော်လည်း ဓားနက်မှာမူ သူ၏ ကိုယ်ပိုင် မူလသဘောတရားက ဆဌမကောင်းကင်ဘုံ တစ်ခုလုံးကို လွှမ်းမိုးနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေဆဲ ဖြစ်၏။

အနှိုင်းမဲ့မူလသဘောတရားကို နားလည်သော မဟာမူလသဘောတရား ကျင့်ကြံသူ တိုင်းသည် ဤကဲ့သို့သော အနိုင်မခံ အရှုံးမပေး စိတ်ဓာတ် ရှိကြသည်။

ထိုစိတ်ဓာတ် မရှိပါက စစ်မှန်သော အနှိုင်းမဲ့မူလသဘောတရား ကျင့်ကြံသူ မဖြစ်နိုင်ပေ။

သေချာသည်မှာ ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ဆဌမကောင်းကင်ဘုံ သမိုင်းတွင် တစ်ကြိမ်သာ ဖြစ်ပွားခဲ့ဖူးလေသည်။

" ဒီမိုလိုကောင်းကင်ဘုံအရှင်ကတော့ ၊ ထူးဆန်းတဲ့ လူပဲ "

မဟူရာနတ်ဆိုးချောက်မှ တတိယအကြီးအကဲက လေးနက်သော လေသံဖြင့် မှတ်ချက်ပေးလိုက်ပြန်သည် ။

ဒါက ကောင်းတဲ့အရာလား ၊ ဆိုးတဲ့အရာလားဆိုတာ သူ မသိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ မိုလိုမျိုးနွယ်စုနှင့် မဟူရာနတ်ဆိုးချောက်မှာ ရင်းနှီးသော ဆက်ဆံရေး ရှိကြလေသည်။

အခြားတစ်နေရာတွင်မူ နွားချိုမမမှာ မယုံနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေပြီး စိတ်ထဲတွင် တုန်လှုပ်နေ၏။

အတော်ကြာမှ သူမက သက်ပြင်းချလိုက်သည်။

"ငါက သူ့ရဲ့ ရုပ်ရည်ကို ကြည့်ပြီး စောစောစီးစီး ဆုံးဖြတ်လိုက်မိတာ ငါ့အမှားပဲ လို့ ဝန်ခံပါတယ် "

မိုလိုကောင်းကင်ဘုံအရှင်အတွက် အနှိုင်းမဲ့မူလသဘောတရား တစ်ခုကို နားလည်ခြင်းကပင် ကျင့်ကြံသူ အားလုံးကို အံ့ဩတုန်လှုပ်စေရန် လုံလောက်လှလေပြီ။

ယခုမူ သူက ဒုတိယတစ်ခုကို နားလည်လိုက်ပြန်ပြီ ။

၄င်းက ဆဌမကောင်းကင်ဘုံမှာ တစ်ခါမှ မဖြစ်ဖူးသော အရာပင် ။

ဝူရှန်းကောင်းကင်ဘုံအရှင်၏ အမူအရာ ပြောင်းလဲသွားပြီး အတော်ကြာ တိတ်ဆိတ်နေပြီးမှ စကားဆို၏။

" ဒါက ဆဌမကောင်းကင်ဘုံ သမိုင်းမှာ ပထမဆုံး အကြိမ်ပဲ ၊ လင်းယာအသွင်ပြောင်းလဲခြင်း ရဲ့ အပြောင်းအလဲတွေက တကယ်ကို နက်နဲလိမ့်မယ် "

ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရား ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ မိုလိုကောင်းကင်ဘုံအရှင်ကို သတိထားသော အကြည့်ဖြင့် ကြည့်လိုက်၏။

သို့သော် ခဏအကြာတွင် သူသည် ယုံကြည်မှု ပြန်လည် ရရှိလာလေသည်။

" မိုလိုမျိုးနွယ်စုနှင့် ထိုက်ဟွမ်နန်းတော်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတာပဲ ၊ ဒီတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်း မှာ ငါတို့ ထိုက်ဟွမ်နန်းတော်က အောင်နိုင်သူ ဖြစ်လာမယ် ထင်တယ် ၊ "

ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရား ကျင့်ကြံသူက အသာစီးရနေသလို ဆို၏ ။

အခြား မဟာမူလသဘောတရား ကျင့်ကြံသူများသည် မိုလိုကောင်းကင်ဘုံအရှင်ကို ကြည့်ရင်း ဘာမှ ဆက်မပြောကြပေ။

သို့သော် လပန်းကောင်းကင်ဘုံအရှင်၏ အမူအရာမှာမူ အလွန် မည်းမှောင်နေ၏။

မူလက လနန်းတော်သည် မိုလိုမျိုးနွယ်စုနှင့် ရန်ငြိုးရှိနေပြီး မဟူရာချောက်နက်ထဲတွင် တိုက်ပွဲများ ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။

မကြာသေးမီက သူတို့ အောင်မြင်မှု အချို့ ရခဲ့၏။ သို့သော် မိုလိုမျိုးနွယ်စုမှ မူလသဘောတရား နှစ်ခုကို နားလည်ထားသော ယန်နတ်ဘုရား တစ်ဦး ထွက်ပေါ်လာခြင်းနှင့် နှိုင်းယှဉ်လျှင် ထိုအောင်မြင်မှုများမှာ ဘာမှ မဟုတ်တော့ပေ။

သူမသည် ခေါင်းငုံ့ကာ နက်နဲစွာ စဉ်းစားနေလေသည်။

ထိုအချိန်တွင် မကြုံစဖူး ဖြစ်ရပ်နှင့် ပတ်သက်သော သတင်းများသည် အဓိက မျိုးနွယ်စုများနှင့် အင်အားစုများ၏ ဘိုးဘေးများထံသို့ တိတ်တဆိတ် ပျံ့နှက်သွားလေသည်။

အချိန် မည်မျှ ကုန်ဆုံးသွားသည် မသိရဘဲ နောက်ဆုံးတွင် ကျိယွမ်သည် ကုတင်ပေါ်မှ ထလိုက်သည်။

ဝူရှန်းကောင်းကင်ဘုံအရှင်သည် သူ၏ ကြီးမားသော ပုံစံကို ချုံ့လိုက်ပြီး ကြင်နာတတ်သော လူကြီးအသွင် ပြောင်းကာ ကျိယွမ်ထံသို့ ချဉ်းကပ်လာလေသည် ။

" အနှိုင်းမဲ့မူလသဘောတရား နှစ်ခုကို နားလည်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ၊ အရှင်က အမြင့်ဆုံး နယ်မြေကို တက်လှမ်းဖို့ သေချာသွားပြီပဲ"

မူလသဘောတရားအဖွဲ့ချုပ်၏ စီနီယာ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် အားလျော်စွာ ဝူရှန်းကောင်းကင်ဘုံအရှင်သည် မြင့်မြတ်သော အဆင့်အတန်း ရှိလေသည်။

သို့သော်လည်း ကျိယွမ်၏ ရှေ့တွင်မူ သူသည် နှိမ့်ချသော အမူအရာကို ပြသနေ၏။

"ဟူး..... ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ ပါရမီက နည်းနေသေးတယ် ၊ အနှိုင်းမဲ့မူလသဘောတရား နှစ်ခုကိုပဲ နားလည်နိုင်ခဲ့တယ် ၊ ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ နယ်ပယ်တွေ တိုးတက်လာတဲ့အခါ ၊ ကျန်တဲ့ နှစ်ခုကို နားလည်ဖို့ ငါ ပြန်လာခဲ့ဦးမယ် "

ကျိယွမ်ကတော့ စိတ်မချမ်းသာစွာ ပြောလိုက်ပြီး ဝမ်းသာဟန်မပြပေ။

သူသည် ခရမ်းရောင်နန်းတော်အဆင့် တွင်သာ ရှိနေသေး၏။

ခရမ်းရောင်နန်းတော်အဆင့် ရှိသူ တစ်ဦးအတွက် မူလသဘောတရား နှစ်ခုကို နားလည်ရန်မှာ အလွန် ခက်ခဲလှလေပြီ။

အကယ်၍ သူ ထပ်ပြီး ကြိုးစားပါက သူ၏ ဦးနှောက် ပေါက်ကွဲသွားမည်ကို ကျိယွမ် စိုးရိမ်နေရ၏။

ဝူရှန်းကောင်းကင်ဘုံအရှင်မှာ ထိုကဲ့သို့သော အဖြေမျိုးကို မမျှော်လင့်ထားသဖြင့် ခဏမျှ မှင်တက်သွားရှာသည်။

မည်သို့ပင်ဆိုစေကာမူ အနှိုင်းမဲ့မူလသဘောတရား တစ်ခုကို နားလည်ရန်ပင် အလွန် ရှားပါးလှလေသည်။ နှစ်ခုကို နားလည်ခြင်းမှာ တစ်ခါမှ မကြားဖူးသော အရာ ဖြစ်ပြီး ၊ ယခုမူ သူက ကျန်သည့် နှစ်ခုကိုပါ နားလည်ရန် ပြောနေခြင်း ဖြစ်လေသည်။

သို့သော် ဝူရှန်းကောင်းကင်ဘုံအရှင်က ရယ်မောလိုက်ပြီး အလိုက်သင့် ရောချပေးလိုက်၏။

" ဒါဆိုရင်လည်း အရှင် ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ငါ ဆုတောင်းပေးပါတယ် "

၎င်းနှင့်အတူ သူက အလျင်အမြန် ထပ်ပြောလိုက်၏ ။

" အရှင်က အနှိုင်းမဲ့မူလသဘောတရားကို အခုလေးတင် နားလည်ခဲ့တာ ဆိုတော့ ၊ ဒါက အပြည့်အဝ မတည်ငြိမ်သေးဘူး "

"မိုလိုမျိုးနွယ်စုမှာ ဒါကို တည်ငြိမ်အောင် ကူညီပေးမယ့် မဟာမူလသဘောတရား ကျင့်ကြံသူ မရှိဘူးလေ "

"မိုလိုမျိုးနွယ်စုနဲ့အတူ မူလသဘောတရားအဖွဲ့ချုပ်ကို ပူးပေါင်းဖို့ အရှင် စဉ်းစားမလား ၊ ငါတို့ရဲ့ အကြီးအကဲတွေက အရှင့်ရဲ့ မူလသဘောတရားကို တည်ငြိမ်အောင် ကိုယ်တိုင် ကူညီပေးပါလိမ့်မယ် "

အနှိုင်းမဲ့မူလသဘောတရားမှာ မြင့်မြတ်ပြီး ဆန်းကြယ်လှလေသည်။

ယန်နတ်ဘုရား တစ်ဦးက ၎င်းကို နားလည်ခဲ့လျှင်ပင် ၊ ၎င်းကို တည်ငြိမ်အောင် ပြုလုပ်ပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်ပေါ်တွင် မှတ်ကျောက်တင်ရန် ခက်ခဲလှ၏။

ထို့ကြောင့် ဓားနက်သည် သူ၏ အနှိုင်းမဲ့မူလသဘောတရားကို နားလည်ပြီးနောက် မဟူရာနတ်ဆိုးချောက်မှ တတိယအကြီးအကဲကို တည်ငြိမ်အောင် ကူညီပေးရန် ချက်ချင်း ထွက်သွားခဲ့ခြင်း ဖြစ်လေသည်။

ယခုမူ ဝူရှန်းကောင်းကင်ဘုံအရှင်က တိုက်ရိုက် ဖိတ်ခေါ်လိုက်ခြင်းပင် ဖြစ်၏။

"ဟေး ... မူလသဘောတရားအဖွဲ့ချုပ်က အတော့်ကို လွန်လာပြီပဲ ၊ မိုလိုမျိုးနွယ်စုက မဟူရာနတ်ဆိုးချောက်နဲ့ မျိုးရိုးတူတူပဲ ၊ သူက ငါတို့ဆီပဲ ပြန်လာရမှာ "

မဟူရာနတ်ဆိုးချောက်မှ တတိယအကြီးအကဲက စိုးရိမ်တကြီးဖြင့် ပြေးထွက်လာကာ ပြောလိုက်လေသည် ။

အခြား အချိန်များတွင်မူ မိုလိုကောင်းကင်ဘုံအရှင်က သူတို့၏ နေရာကို လုယူသွားမည်ကို သူ စိုးရိမ်ကောင်း စိုးရိမ်ပေလိမ့်မည်။

သို့သော် လင်းယာအသွင်ပြောင်းလဲခြင်းနီးကပ်လာချိန်တွင် အစွမ်းထက်သော တိုက်ခိုက်ရေးသမား တိုင်းကို မိမိတို့ဘက်တွင် ရှိနေရန် လိုအပ်လေသည်။

ဓားနက်ပင်လျှင် ဤအချက်ကို ကန့်ကွက်ခြင်း မရှိပေ။

"ထိုက်ဟွမ်နန်းတော်ကို ဘာလို့ မလာတာလဲ ၊ ငါတို့က ရင်နှီးပြီးသားတွေလေ "

ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရား ကျင့်ကြံသူကလည်း ဝငိရောကထဖိတ်ခေါ်နေပြန်သည် ။

" နဂါးဖြူချောက်နက် ကို လာခဲ့ပါ ၊ ငါတို့အစွမ်းကုန် ကူညီပါမယ်"

ထိုအချိန်တွင် နဂါးဖြူချောက်နက် မှ မဟာမူလသဘောတရား ကျင့်ကြံသူကလည်း ဝင်ပြောလိုက်၏။

အခြား မဟာမူလသဘောတရား ကျင့်ကြံသူများမှာ မှင်တက်သွားကြလေသည်။

အခြား အင်အားစုများက ဖိတ်ခေါ်သည်မှာ နားလည်နိုင်စရာ ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုအင်အားစုများတွင် မူလသဘောတရားကို နားလည်ထားသော မဟာမူလသဘောတရား ကျင့်ကြံသူများ ရှိနေပြီးသား ဖြစ်ရာ မိုလိုကောင်းကင်ဘုံအရှင်က သူတို့နေရာကို လွှမ်းမိုးသွားမည်ကို စိုးရိမ်စရာ မရှိပေ။

သို့သော် နဂါးဖြူချောက်နက် တွင်မူ ထိုကဲ့သို့သော မဟာမူလသဘောတရား ကျင့်ကြံသူ မရှိပေ။

"အားလုံးကို ကျေးဇူးတင်ပါတယ် ၊ ငါက လွတ်လပ်တာကိုပဲ ကျင့်သားရနေပြီ ၊ အချုပ်အနှောင်တွေ မခံချင်ဘူး "

ကျိယွမ်က တိုက်ရိုက် ငြင်းပယ်လိုက်လေသည် ။

မည်သို့ပင်ဆိုစေကာမူ ထိုအင်အားစုများနှင့် ပူးပေါင်းခြင်းမှာ စာချုပ်များစွာ ပါဝင်လာမည်မှာ သေချာသည်။

၎င်းအပြင် သူ၏ ရန်သူဖြစ်သော ထိုက်ဟွမ်နန်းတော်မှ ထိုပုဂ္ဂိုလ်သိသွားလျှင် ကိစ္စများမှာ ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။

၎င်းကို ကြားသောအခါ ရောက်ရှိနေသော မဟာမူလသဘောတရား ကျင့်ကြံသူများသည် အနည်းငယ် အံ့ဩသွားသော်လည်း အချို့မှာ နားလည်ပေးကြပြီး မည်သူမျှ ဆက်လက် မတိုက်တွန်းကြတော့ပေ။

" အရှင်က မပူးပေါင်းချင်ဘူးဆိုရင်လည်း ငါတို့ အတင်းအကျပ် မလုပ်ပါဘူး ၊ မနက်ဖြန် ညမှာ လူစုပွဲလေး တစ်ခု ရှိတယ် ၊ အရှင် တက်ရောက်နိုင်မယ်ဆိုရင် ငါတို့ ဂုဏ်ယူမိမှာပါ "

ဝူရှန်းကောင်းကင်ဘုံအရှင်က ကျိယွမ်ထံသို့ ဖိတ်စာ တစ်စောင် ပေးပြီးနောက် ပျောက်ကွယ်သွားလေသည် ။

သေချာသည်မှာ သူသည် ဤအတိုင်း လက်လျှော့မည် မဟုတ်ပေ။

သူသည် ပြန်သွားပြီး မိုလိုကောင်းကင်ဘုံအရှင်ကို မူလသဘောတရားအဖွဲ့ချုပ်သို့ မည်သို့ ဆွဲဆောင်ရမည်ကို အခြား အကြီးအကဲများနှင့် တိုင်ပင်ရမည် ဖြစ်၏။

အခြား မဟာမူလသဘောတရား ကျင့်ကြံသူများသည်လည်း ကျိယွမ်ကို ဂုဏ်ပြုစကား အနည်းငယ် ပြောကြားပြီးနောက် ပျောက်ကွယ်သွားကြလေသည်။

မကြာခင်မှာပင် ကျိယွမ် တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။

ရုတ်တရက် သူသည် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ထံသို့ စူးရှသော အကြည့်ဖြင့် လှည့်ကြည့်လိုက်လေသည် ။

"ဟေး .. ရုပ်ဆိုးတာက ပြစ်မှု မဟုတ်ပါဘူး ၊ နင်က ဘာလို့ ငါ့ရဲ့ ရုပ်ရည်ကို ကြည့်ပြီး ဆုံးဖြတ်နေတာလဲ "

ထိုစူးရှသော အကြည့်အောက်တွင် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ စိတ်မှာ တင်းကျပ်သွားပြီး သူမ၏ မျက်နှာမှာ ဖြူလျော်သွားလေသည်။

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျိယွမ်မှာ အလွန် ကျေနပ်သွား၏။

မူလသဘောတရားကို နားလည်ခြင်းမှာ ကောင်းကျိုးများ ရှိလေသည် ။

နွားချိုမမပင်လျှင် သူ့ကို ပြန်ပြီး စကားမများရဲတော့ပေ။

" လူတွေကို ရုပ်ရည်နဲ့ မဆုံးဖြတ်ပါနဲ့ ၊ လူတိုင်းက တန်းတူညီမျှပါတယ် "

ကျိယွမ်က ပြောပြီးနောက် လျှပ်ခနဲ ပျောက်ကွယ်သွားလေသည် ။

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်မှာ မှင်တက်ကာ ကျန်ရစ်ခဲ့ပြီး သူမ၏ နှလုံးမှာ တုန်ယင်နေကာ ချွေးများပင် ထွက်လာလေ၏။

ခုနလေးတင် သူမသည် သေခြင်းတရားကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။

" ဒီမိုလိုကောင်းကင်ဘုံအရှင်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ "

"ပြီးတော့ ..သွေးဝတ်စုံ ၊ ငါ့ကို သွားတိုင်တာ နင် မဟုတ်လား"

---------

All Chapters