အခန်း (၄၄၈-၄၄၉)
Vol. 42 Ch. 448-449
အခန်း ၄၄၈ - လင်းယာအသွင်ပြောင်းလဲခြင်းနှင့် အာဏာရှင်ဆန်သော ထိုက်ဟွမ်နန်းတော်
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ နောက်တွင် ကျိယွမ်၏ စိတ်ဝိညာဉ်သည် တည်ငြိမ်သော အမူအရာဖြင့် ရပ်နေ၏။
"ဘာလို့ အထောက်အထား မရှိဘဲနဲ့ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို လာပြီး စွပ်စွဲနေရတာလဲ"
အမှန်တကယ်လည်း သူသည် တိုင်ခဲ့ခြင်း မရှိပါ။
နင်က ငါ့ရဲ့ စိတ်ဝိညာဉ်ဆီကို သတင်းစကား ပါးလိုက်မှတော့ ငါ့ရဲ့ စစ်မှန်ခန္ဓာကိုယ်က အဲဒါကို ကြားပြီပေါ့။ တိုင်နေစရာ လိုလို့လား။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် ကျိယွမ်ဟုအယောင်ဆောင်ထားသော စိတ်ဝိညာဉ်ကို သံသယဖြင့် ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်လေသည်။
"နင်က တော်တော်လေး စွမ်းဆောင်နိုင်တယ် မဟုတ်လား။ မြန်မြန်လုပ်.. အနှိုင်းမဲ့မူလသဘောတရား နောက်ထပ် နည်းနည်းလောက် နားလည်အောင် လုပ်ပါလား ၊ ပြီးရင် ထိုက်ဟွမ်နန်းတော်က အားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ မိုလိုကောင်းကင်ဘုံအရှင်ကိုပါ နှိမ်နင်းလိုက်စမ်းပါ။ အဲဒီအခါကျရင် ငါက နင့်ရဲ့ မယားငယ် လုပ်ပေးမယ်"
"တော်လိုက်တော့.. .ဒီ မယားငယ်ဆိုတာမပါရင် စကားမပြောတတ်တော့ဘူးလား"
.............
မူလသဘောတရားနယ်မြေကောင်းကင်ဘုံရှိ မိုလိုမျိုးနွယ်စု၏ အခြေစိုက်စခန်းတွင် ဖြစ်၏။
ကျိယွမ်သည် သူ၏ ကျင့်ကြံဂူအတွင်း၌ရပ်ကာ အတွေးနက်နေလေသည်။
သူသည် ရေခဲတမျှ အေးစက်နေသော ရေဇလုံတစ်ခုထဲသို့ လက်ကိုနှစ်လိုက်၏။ စိမ့်ဝင်နေသော အအေးဓာတ်က သူ့ကို ထိုးဖောက်သွားသလို ခံစားလိုက်ရသည်။
ဤရေသည် သာမန်ရေ မဟုတ်ပေ။
၎င်းသည် အလွန်အမင်း အေးစက်နေသော အဆီအနှစ် ဖြစ်၏။ ရေတစ်စက်တည်းဖြင့်ပင် ခရမ်းရောင်နန်းတော်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို အေးခဲသေဆုံးစေနိုင်သည်။
ကျိယွမ်သည် လက်ကို ရေထဲတွင် နှစ်ထားစဉ် သူ၏ လက်ဖဝါးက တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သတိပြုမိလိုက်၏။
"ဒါက အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း ပေါ့။ ရေခဲရေရဲ့ အပူချိန်နဲ့ အတိအကျ ကိုက်ညီသွားအောင် ပြောင်းလဲသွားတာပဲ"
ကျိယွမ်သည် သူ၏လက်ကို ကြည့်ကာ မှတ်ချက်ပေးလိုက်၏။ သူ၏ လက်သည်လည်း ရေကဲ့သို့ပင် အေးစက်နေလေပြီ ။
သူသည် လက်ကို ပြန်ထုတ်လိုက်ပြီး လေထဲသို့ မြှောက်လိုက်၏။ မြူတိမ်များ ပေါ်လာပြီး မကြာမီမှာပင် မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းလာလေသည်။
ထိုခဏ၌ သူ၏ ဦးခေါင်းပေါ်တွင် ထီးတစ်ချောင်း ပေါ်ထွက်လာပြီး မိုးဒဏ်မှ ကာကွယ်ပေးလိုက်၏။
ကျိယွမ်က ဤအခြေအနေကို စစ်ဆေးရင်း စဉ်းစားနေလေသည်။
"အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း... ဒါက နည်းနည်းတော့ ထူးဆန်းသားပဲ။ ငါ ဒီမူလသဘောတရားကို တည်ငြိမ်အောင် လုပ်ပြီး နက်နက်ရှိုင်းရှိုင်း ထွင်းထုရမယ်။ ပြီးတော့ သူ့ရဲ့ အလားအလာတွေကိုလည်း ရှာဖွေရမယ်"
မူလသဘောတရားတစ်ခုကို နားလည်သဘောပေါက်ရုံဖြင့် မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦး အလိုအလျောက် ဖြစ်မလာနိုင်ပေ။
မူလသဘောတရားတစ်ခုကို နားလည်ထားပြီးဖြစ်သော ဓားနက်ကဲ့သို့ပင် ။ သူသည် သူ၏စွမ်းအားကို သွေးရန်နှင့် မူလသဘောတရားနယ်ပယ်သို့ တက်လှမ်းရန် အချိန်လိုအပ်သေးသည်။
ထို့ထက်မက မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်လည်း ကြိုးစားရဦးမည် ဖြစ်သည်။
ဤလမ်းစဉ်တွင် အတားအဆီးများ မရှိသော်လည်း မိမိ၏ စွမ်းအားကို သန့်စင်ရန်နှင့် မိမိ၏ မူလသဘောတရားကို ခိုင်မာစေရန် လိုအပ်ဆဲပင် ဖြစ်၏။
"ငါကြိုက်တာငါလုပ်ကရော ဘယ်လိုလဲ"
ကျိယွမ်သည် သူ၏ ဒုတိယမြောက် မူလသဘောတရားကို စတင် စမ်းသပ်ကြည့်လေသည်။
တစ်နာရီခန့် ကြာပြီးနောက် ကျိယွမ်၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်းများ ဝင်းလက်သွား၏။
"ငါ အခုဆိုရင် တော်တော်လေး သန်မာနေပြီပဲ။ တကယ်လို့ ငါ့လက်ထဲမှာ အားကောင်းတဲ့ တိုက်ခိုက်ရေး ဖန်ဆင်းရှင်အဆင့်ရတနာ တစ်ခုခုသာ ရှိမယ်ဆိုရင် ဆဌမကောင်းကင်ဘုံမှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်လိမ့်မယ်"
ထိုနေ့ မွန်းလွဲပိုင်းတွင် အဓိက အင်အားစု အချို့သည် လက်ဆောင်များ သယ်ဆောင်လာပြီး မိုလိုမျိုးနွယ်စု၏ နယ်မြေသို့ ရောက်ရှိလာကြ၏။
အမှန်စင်စစ် လနန်းတော်မှလွဲ၍ ဆဌမကောင်းကင်ဘုံရှိ အင်အားကြီး အဖွဲ့အစည်းအားလုံးနီးပါးသည် မိုလိုကောင်းကင်ဘုံအရှင်ထံသို့ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ကြသည်။
မူလသဘောတရားနှစ်ခုကို နားလည်သဘောပေါက်ခြင်းသည် ယခင်က မရှိခဲ့ဖူးသော အရာပင်။ ထို့ကြောင့် ဤအဖွဲ့အစည်းများသည် မိုလိုကောင်းကင်ဘုံအရှင်နှင့် ရင်းနှီးမှုရရန် သဘာဝအတိုင်းပင် လိုလားနေကြလေသည်။
"ဒီဆုံဆည်းပွဲကို တက်ရောက်ဖို့ အချိန်တန်ပြီ ထင်တယ်"
ကျိယွမ်က သက်ပြင်းချရင်း ပြောလိုက်၏။
အကယ်၍ သူသည် မူလသဘောတရား တစ်ခုမှ နားမလည်ခဲ့ပါက ယနေ့ညတွင် ကျင်းပမည့် ဆုံဆည်းပွဲသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။
ကျိယွမ်သည် အတွေးများများစားစား မဝင်တော့ဘဲ မိုလိုကောင်းကင်ဘုံအရှင်၏ ပုံသဏ္ဌာန်ဖြင့်ပင် ဆုံဆည်းပွဲ ကျင်းပရာ နေရာသို့ ဦးတည် ထွက်ခွာခဲ့လေသည်။
ဆုံဆည်းပွဲကို တည်ငြိမ်အေးချမ်းသော ကန်ရေပြင်ဘေးတွင် ကျင်းပထား၏။
ရေပြင်ထက်မှ မြူခိုးများ ထွက်ပေါ်နေပြီး အေးချမ်းကာ နတ်ဘုံနတ်နန်းကဲ့သို့သော ခံစားချက်ကို ပေးစွမ်းနေလေသည်။
ကျိယွမ် ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ဦးက သူ့ကို နှုတ်ဆက်လိုက်သံကို ကြားလိုက်ရ၏။
"မိုလိုကောင်းကင်ဘုံအရှင်၊ ကျွန်တော်တို့က မူလဇစ်မြစ် တူညီကြတာပဲ။ မဟူရာနတ်ဆိုးချောက်ကို ဘာလို့ ပြန်မလာတာလဲ"
ထိုသို့ ပြောလိုက်သူမှာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်သော ဓားနက် ပင် ဖြစ်သည်။ သူ၏ မူလသဘောတရားကို နားလည်ပြီးနောက် သူ၏ အရှိန်အဝါသည် ပိုမို နက်နဲကာ ခန့်မှန်းရ ခက်လာခဲ့လေသည်။
သာမန် မူလသဘောတရား ကျင့်ကြံသူတစ်ဦးသည် ဓားနက်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ကြောင်း ကျိယွမ် အလိုလို ခံစားနေရ၏။
ဝန်ခံရလျှင် သူသည် ဓားနက်၏ မူလသဘောတရားကိုလည်း အတော်လေး စိတ်ဝင်စားနေလေသည်။
"မလိုပါဘူး၊ ငါက အမြဲတမ်း လွတ်လပ်တဲ့ စိတ်ဝိညာဉ်ပဲ ဖြစ်ချင်တာ"
ကျိယွမ်က ခေါင်းယမ်းကာ ဓားနက်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်၏။
ထိုစကားကို ကြားသောအခါ ဓားနက်၏ အမူအရာသည် မပြောင်းလဲဘဲ မိုလိုကောင်းကင်ဘုံအရှင်ကို အကဲခတ်နေလေသည်။
"အခု မင်းတို့ နှစ်ယောက်လုံး ရောက်လာပြီဆိုတော့ ဆုံဆည်းပွဲက ပြည့်စုံသွားပြီ။ ကျေးဇူးပြုပြီး နေရာယူကြပါ"
ဝူရှန်းကောင်းကင်ဘုံအရှင်၏ ပုံရိပ် ပေါ်လာပြီး သူ၏ အမူအရာက ကြင်နာသော်လည်း လေးစားမှု အပြည့် ရှိနေလေသည်။
ကျိယွမ်နှင့် ဓားနက်တို့သည် ချက်ချင်းပင် ရှေ့သို့ တက်သွားကြ၏။
ကန်၏ အလယ်ဗဟိုတွင် ကျိယွမ် အပါအဝင် စုစုပေါင်း လူ ၂၇ ဦး ရှိနေလေသည်။
ကျိယွမ်၊ ဓားနက်နှင့် နေမင်းကောင်းကင်ဘုံအရှင်တို့မှလွဲ၍ ကျန်ရှိသူများ အားလုံးသည် မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ဆဌမကောင်းကင်ဘုံ၌ အဖွဲ့ချုပ် တစ်ခု၊ နန်းတော် နှစ်ခု၊ ကောင်းကင်ဘုံ သုံးခု၊ ချောက်နက် လေးခုနှင့် မရေမတွက်နိုင်သော မြင့်မြတ်နယ်မြေများရှိသည်။
ယခုအခါ ဆဌမကောင်းကင်ဘုံရှိ မြင့်မြတ်နယ်မြေတိုင်းလိုလိုမှ အနည်းဆုံး မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးစီ ဤဆုံဆည်းပွဲသို့ တက်ရောက်လာကြ၏။
ထို့ကြောင့် ဤပွဲသည် ကျိယွမ် တစ်ခါမျှ မကြုံဖူးသေးသော အဆင့်မြင့် တွေ့ဆုံးပွဲတစ်ခုပင်။
အထဲသို့ ရောက်သွားသည်နှင့် မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ် ထက်ဝက်ကျော်သည် ကျိယွမ်ကို အာရုံစိုက်လာကြ၏။ သူတို့၏ အမူအရာများမှာ စူးစမ်းလိုစိတ်၊ အံ့သြမှုနှင့် ရင်းနှီးမှုများဖြင့် ကွဲပြားနေကြလေသည်။
"မိုလိုကောင်းကင်ဘုံအရှင်၊ ဓားနက်ကောင်းကင်ဘုံအရှင်၊ ကျေးဇူးပြုပြီး အဓိကနေရာတွေမှာ ထိုင်ပါ"
ဝူရှန်းကောင်းကင်ဘုံအရှင်က သတိပေးလိုက်၏။
ကန်အလယ်ရှိ ထိုင်ခုံနေရာချထားမှုသည်ပင်လျှင် အလွန်စနစ်ကျလေသည်။
ယခင်ကဆိုလျှင် ထိုင်ခုံများကို အဆင့်သုံးဆင့် ခွဲခြားထားလေ့ရှိ၏။ တစ်ခုမှာ မူလသဘောတရားအဖွဲ့ချုပ်အတွက် ဖြစ်ပြီး၊ နောက်တစ်ခုမှာ အနှိုင်းမဲ့မူလသဘောတရားကို နားလည်ထားသော မဟာမူလသဘောတရားအဆင့်ရှိ အဖွဲ့အစည်းများအတွက် ဖြစ်ကာ၊ ကျန်တစ်ခုမှာ အခြားသူများအတွက် ဖြစ်လေသည်။
သို့သော် ယခုအခါ ကျိယွမ်၊ ဓားနက်နှင့် နေမင်းတို့ ရှိနေသဖြင့် သူတို့ သုံးဦးအတွက် ထိုင်ခုံအဆင့်သစ် တစ်ခုကို ထပ်တိုးထားခြင်း ဖြစ်၏။
ကျိယွမ်သည် ဝူရှန်းကောင်းကင်ဘုံအရှင်၏ ဘေးတွင် ထိုင်လိုက်ပြီး ဓားနက်နှင့် နေမင်းတို့က သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်ကြလေသည်။
ကျန်သော မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်များကို ငုံ့ကြည့်ရင်း ကျိယွမ်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာ၏။
ဤမဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်တိုင်းသည် မရေမတွက်နိုင်သော ခေတ်ကာလများကို ဖြတ်သန်းလာခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ တုန်ခါမှု အနည်းငယ်ကပင် နယ်မြေတစ်ခုကို ရိုက်ခွဲနိုင်ပြီး ကောင်းကင်ဘုံများကို တုန်ခါစေနိုင်သည်။
သို့သော် ယခုအချိန်တွင်မူ သူတို့သည် ထိုင်နေသော ပုဂ္ဂိုလ် သုံးဦးကို လေးစားမှု၊ ကြောက်ရွံ့မှုများဖြင့် ကြည့်နေကြလေ၏။
"ငါ့ရဲ့ အထောက်အထားကို သေချာဖုံးကွယ်ထားဖို့ လိုမယ် ထင်တယ်။ တကယ်လို့ ငါက ခရမ်းရောင်နန်းတော်အဆင့်မှာပဲ ရှိသေးတယ်ဆိုတာကို သူတို့ သိသွားရင် အရမ်း အန္တရာယ်များလိမ့်မယ်"
ကျိယွမ်က သတိထားကာ တွေးလိုက်၏။
သူသည် မူလသဘောတရား နှစ်ခုကို နားလည်ထားပြီး အတော်လေး အားကောင်းသော စွမ်းအားကို ရရှိထားသော်လည်း ၎င်းတို့ကို အပြည့်အဝ ခိုင်မာအောင် မလုပ်ရသေးသလို အလားအလာများကိုလည်း အပြည့်အဝ မဖော်ထုတ်ရသေးပေ။သူတွင် တိုက်ဖန်ဆင်းရှင်အဆင့် တိုက်ခိုက်ရေးရတနာလည်း မရှိသေးပေ။
တကယ်တိုက်ကြမယ်ဆိုရင် သူက မဟာမူလသဘောတရားအဆင့်ရှိသူကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
ထိုခဏ၌ ဝူရှန်းကောင်းကင်ဘုံအရှင်က စကားစတင် ပြောကြားလိုက်ရာ သူ၏ အသံသည် တွေ့ဆုံပွဲတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။
"ဒီမူလသဘောတရားဟောပြောပွဲမှာ ယန်နတ်ဘုရားကောင်းကင်ဘုံအရှင် ၉၆ ပါးက မူလသဘောတရားကို နားလည်သဘောပေါက်ခဲ့ကြတယ်။ ဒါဟာ နှစ်သန်းပေါင်းများစွာအတွင်း အကြီးမားဆုံး အောင်မြင်မှုပဲ။ ဒါဟာ ဂုဏ်ပြုရမယ့် ကိစ္စပဲ"
ထို့နောက် သူက သူ၏ အသံနေအထားကို ပြောင်းလဲလိုက်၏။
"ဒါ့အပြင် မိုလိုကောင်းကင်ဘုံအရှင်၊ ဓားနက်နဲ့ နေမင်းတို့ဟာ အနှိုင်းမဲ့မူလသဘောတရားတွေကို နားလည်ခဲ့ကြတယ်။ ဒါဟာ ဆဌမကောင်းကင်ဘုံရဲ့ သမိုင်းမှာ ပထမဆုံးပဲ။
အထူးသဖြင့် မိုလိုကောင်းကင်ဘုံအရှင်က မူလသဘောတရား နှစ်ခုကို နားလည်ခဲ့တာဟာ တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ။
ပင်လယ်တွေ လှိုင်းထန်ပြီး တိမ်တိုက်တွေ ဟိန်းဟောက်နေကြတယ်။ ဆဌမကောင်းကင်ဘုံဟာ မုန်တိုင်းတွေ၊ မိုးကြိုးတွေနဲ့အတူ တုန်ခါနေပြီ။
အကြီးအကဲတို့၊ ဒီနေ့ကို ကြည့်ကြစမ်းပါ ၊ ငါတို့ရဲ့ သမိုင်းဝင်နေ့ပဲ"
ဝူရှန်းကောင်းကင်ဘုံအရှင်က အံ့သြဝမ်းသာစွာ ထောပနာပြုလိုက်၏။
အခြား မဟာမူလသဘောတရားအဆင့်ရှိ ကျင့်ကြံသူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကြလေသည်။
ဤမူလသဘောတရားဟောပြောပွဲသည် သမိုင်းတွင် ကျန်ရစ်မည်မှာ အသေအချာပင် ။
ယခင်က ဆဌမကောင်းကင်ဘုံတွင် အနှိုင်းမဲ့မူလသဘောတရားကို နားလည်ထားသော မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူ အရေအတွက်ကို လက်ချိုးရေတွက်နိုင်သော်လည်း ယခုအခါ သုံးဦး တစ်ပြိုင်နက် ပေါ်ထွက်လာခြင်း ဖြစ်လေသည်။
"အားလုံး စုံလင်ပြီဆိုတော့ ဆဌမကောင်းကင်ဘုံအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို ငါ ကြေညာရမယ်"
ဝူရှန်းကောင်းကင်ဘုံအရှင်၏ အမူအရာက တည်ကြည်သွားလေသည်။
အခြား မဟာမူလသဘောတရားအဆင့်ရှိ ကျင့်ကြံသူများသည်လည်း ကိစ္စ၏ အရေးကြီးပုံကို သိရှိသဖြင့် တည်ငြိမ်သွားကြ၏။
ဆုံဆည်းပွဲ၏ ပတ်ဝန်းကျင်သည် လေးလံထိုင်းမှိုင်းသွားလေသည်။
ကျိယွမ်က မျက်လုံးမှေးကာ စူးစမ်းလိုက်၏။
ဆဌမကောင်းကင်ဘုံအတွက် ဒီလောက် အရေးကြီးတဲ့ ကိစ္စက ဘာများဖြစ်မလဲ။
"မသေမျိုးလမ်းစဉ်မှာ အတိတ်နဲ့ ပစ္စုပ္ပန် ရှိပေမယ့် အနာဂတ် မရှိဘူး"
"ကောင်းကင်ဘုံဟာ မူလက နယ်ပယ် ငါးခုပဲ ရှိတာ။ ဆဌမမြောက်ကိုတော့ ငါတို့ မဟာမူလသဘောတရားအဆင့်ရှိသူတွေက ဖွင့်လှစ်ခဲ့ကြတာပဲ"
"ငါတို့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး အနာဂတ်ကို လှမ်းကြည့်နိုင်ဖို့၊ ယန်နတ်ဘုရားရဲ့ တတိယအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုရင် ငါတို့ဟာ သတ္တမကောင်းကင်ဘုံ၊ အဋ္ဌမကောင်းကင်ဘုံနဲ့ နဝမကောင်းကင်ဘုံအထိ ဖန်တီးဖို့ လိုအပ်တယ်"
ယန်နတ်ဘုရားနယ်ပယ်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ဤလောကသည် မသေမျိုးလမ်းစဉ် သို့မဟုတ် ဆဌမကောင်းကင်ဘုံတစ်ခုတည်းဖြင့် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း ကောင်းစွာ သိကြလေသည်။
ဆဌမကောင်းကင်ဘုံအတွင်း၌ ထူးဆန်းသော နယ်မြေများစွာ ရှိ၏။
ထိုနယ်မြေများ၏အလွန်တွင် အခြားကမ္ဘာများနှင့် စကြဝဠာများသို့ ဆက်သွယ်မှုများ ရှိနေလေသည်။
အခြား စကြဝဠာများ၊ အခြား ကမ္ဘာများတွင်မူ အတိတ်နှင့် ပစ္စုပ္ပန်ကို ကျင့်ကြံကြသလို အနာဂတ်ကိုလည်း လှမ်းမြင်နိုင်ကြ၏။
သို့သော် ဆဌမကောင်းကင်ဘုံတွင်မူ အနာဂတ် မရှိပေ။
ဆဌမကောင်းကင်ဘုံ၏ အနာဂတ်ကို တစ်စုံတစ်ဦးက ဖြတ်တောက်ထားသကဲ့သို့ ဖြစ်နေလေသည်။
ယန်နတ်ဘုရား ကျင့်ကြံသူအားလုံးသည် ယန်နတ်ဘုရားနယ်ပယ်၏ ဒုတိယအဆင့်တွင်သာ ရပ်တန့်နေကြရ၏။
"တစ်ခုတည်းသောနန်းတော်က ဆဌမကောင်းကင်ဘုံကို ဖွင့်လှစ်ခဲ့ပြီး အနာဂတ်အတွက် လမ်းခင်းဖို့ မသေမျိုးလမ်းစဉ်ရဲ့ အလိုဆန္ဒကို လက်ခံရရှိခဲ့တယ်။"
"အခု တစ်ခုတည်းသောနန်းတော်ဆီကနေ အမိန့်တော်တစ်ခု ဆင်းသက်လာပြီ။ ကြယ်တွေ ကြွေကျလာလိမ့်မယ်၊ ဆဌမကောင်းကင်ဘုံက မတည်မငြိမ် ဖြစ်လာလိမ့်မယ်။ လင်းယာအသွင်ပြောင်းလဲခြင်း စတင်လိမ့်မယ်။ ဒါဟာ တစ်ခုတည်းသောနန်းတော်ကို ပိုပြီး အားကောင်းလာစေမှာ ဖြစ်သလို ငါတို့အားလုံး အတူတကွ... မသေမျိုးလမ်းစဉ်ကို တည်ဆောက်ကြမယ်"
ဝူရှန်းကောင်းကင်ဘုံအရှင်က မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်ကာ ကြေညာလိုက်လေသည်။
ဤစကားကြောင့် မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်အားလုံး၏ အမူအရာများ ပြောင်းလဲသွား၏။
လင်းယာအသွင်ပြောင်းလဲခြင်း လာတော့မည်ဟူသော ကောလာဟလများကို ကြားခဲ့ဖူးသော်လည်း ၎င်းတို့မှာ ကောလာဟလများသာ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ယခု ဝူရှန်းကောင်းကင်ဘုံအရှင်၏ စကားကို ကြားလိုက်ရသောအခါ မဟာမူလသဘောတရားအဆင့်ရှိသူများ အားလုံး စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်သွားလေသည်။
သို့သော် ကျိယွမ်ကမူ လုံးဝ ဇဝေဇဝါ ဖြစ်နေ၏။
"ဒါတွေက ဘာကို ဆိုလိုတာလဲ။ တစ်ခုတည်းသောနန်းတော်ဆိုတာက ဘာလဲ၊ ပြီးတော့ လင်းယာအသွင်ပြောင်းလဲခြင်းဆိုတာကရော ဘာကြီးလဲ"
သူ အတော်လေး ရှုပ်ထွေးသွားပြီး စဉ်းစားနေလေသည်။
ဤလူများ ပြောနေသော ကိစ္စရပ်များသည် သူ နားလည်နိုင်သော အဆင့်ထက် ကျော်လွန်နေ၏။
ထိုခဏ၌ ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်က လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။
"တစ်ခုတည်းသောနန်းတော်က သတ္တမကောင်းကင်ဘုံမှာ ရှိတာ"
"နေပါဦး၊ ဆဌမကောင်းကင်ဘုံအထိပဲ ရှိတာ မဟုတ်ဘူးလား"
ကျိယွမ်က မနေနိုင်စွာ မေးလိုက်မိလေ၏။
ဒီသတ္တမကောင်းကင်ဘုံဆိုတာ ဘယ်မှာလဲ။
"သတ္တမကောင်းကင်ဘုံက အခုထိ တည်ဆောက်နေတုန်းပဲ။ ဘယ်သက်ရှိမှ အဲဒီထဲကို မဝင်နိုင်သေးဘူး"
ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်က ရှင်းပြလေသည်။
ကျိယွမ် ဇဝေဇဝါ ဖြစ်နေဆဲရှိသည်ကို မြင်သောအခါ ထိုပုဂ္ဂိုလ်က ဆက်လက် ရှင်းပြ၏။
"မသေမျိုးလမ်းစဉ်ရဲ့ အလိုဆန္ဒဟာ ဒီလောကရဲ့ ကောင်းကင်ဘုံလမ်းစဉ်နဲ့ ဆင်တူပေမယ့် အဆင့်အတန်း ပိုပြီး မြင့်မားတယ်"
"ဆဌမကောင်းကင်ဘုံမှာ အနာဂတ် မရှိဘူး၊ ယန်နတ်ဘုရား ကျင့်ကြံသူတွေက ဒုတိယအဆင့်မှာပဲ ပိတ်မိနေကြတယ်"
"ဒီအခြေအနေကို ချိုးဖျက်ဖို့ဆိုရင် ငါတို့ဟာ နဝမကောင်းကင်ဘုံကို ဖန်တီးရမယ်"
"ဒါပေမဲ့ နဝမကောင်းကင်ဘုံကို တည်ဆောက်တာက... လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး"
"ဒါကြောင့် လင်းယာအသွင်ပြောင်းလဲခြင်း ဒါမှမဟုတ် လင်းယာကပ်ဘေးဆိုတာကို ကြံစည်ခဲ့ကြတာပဲ"
သူရှင်းပြသော်လည်း ကျိယွမ်မှာ ရှုပ်ထွေးနေဆဲပင် ။
"ဒါကို ပိုပြီး ရိုးရှင်းအောင် ရှင်းပြနိုင်မလား"
သူက နားမလည်လျှင် မေးရန်တွန့်ဆုတ်နေတတ်သူမဟုတ်ပေ။
"ရိုးရိုးရှင်းရှင်း ပြောရရင် ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်တွေဟာ ကြီးမားတဲ့ စစ်ပွဲတစ်ခုကို ဆင်နွှဲကြရမယ်။ သေဆုံးသွားတဲ့သူတွေရဲ့ စစ်မှန်တဲ့ ဝိညာဉ်တွေဟာ သတ္တမကောင်းကင်ဘုံကို တည်ဆောက်ဖို့အတွက် တစ်ခုတည်းသောနန်းတော်ထဲကို ဝင်ရောက်ကြရလိမ့်မယ်"
နဂါးဖြူချောက်နက်မှ မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်က သက်ပြင်းချရင်း ပြောလိုက်လေသည်။
လင်းယာအသွင်ပြောင်းလဲခြင်းကို ယန်နတ်ဘုရားဘေးဒုက္ခ ဟုလည်း ခေါ်ကြ၏။
"ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်တွေက အရမ်းများနေတာကိုး"
"ပြီးတော့ ဆဌမကောင်းကင်ဘုံကလည်း အရမ်း သေးငယ်လွန်းနေတယ်"
"ယန်နတ်ဘုရားတွေက ထူးဆန်းတဲ့ နယ်မြေတွေကို စူးစမ်းနိုင်ပေမယ့် ဆဌမကောင်းကင်ဘုံကနေ ထွက်ပြီး အခြားကမ္ဘာတွေကို သွားလို့ မရကြသေးဘူး"
"လင်းယာအသွင်ပြောင်းလဲခြင်းရဲ့ ရည်ရွယ်ချက်က ယန်နတ်ဘုရားတွေ သူတို့ရဲ့ အသက်တွေကို စွန့်လွှတ်ပြီး အခြားပုံစံတစ်ခုနဲ့ တစ်ခုတည်းသောနန်းတော်ထဲကို ဝင်ရောက်ပြီး သတ္တမကောင်းကင်ဘုံကို တည်ဆောက်ဖို့ပဲ"
ထိုပုဂ္ဂိုလ်က ဆက်လက် ရှင်းပြလေသည်။
လင်းယာအသွင်ပြောင်းလဲခြင်း တစ်ကြိမ်တိုင်းတွင် မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်များ သေဆုံးလေ့ရှိသဖြင့် ၎င်းသည် အလွန် အန္တရာယ်များလှ၏။
ဤအချက်ကို ကြားလိုက်ရသောအခါ ကျိယွမ် အံ့အားသင့်သွားလေသည်။
ဒီမသေမျိုးလမ်းစဉ်ရဲ့ အလိုဆန္ဒဆိုတာ... သားနို့စ်နဲ့ အတူတူပဲ မဟုတ်လား။
ယန်နတ်ဘုရားတွေက အရမ်းများနေလို့လား။
"တစ်ခုတည်းသောနန်းတော်က လင်းယာအသွင်ပြောင်းလဲခြင်းကို ဖွင့်လှစ်လိုက်ပေမယ့် ငါတို့အားလုံး ပါဝင်ရမယ်လို့ ဆိုလိုတာလား။ ငြင်းပယ်လို့ မရဘူးလား"
ကျိယွမ်က ဇဝေဇဝါဖြင့် မေးလိုက်၏။
အနာဂတ်ကို လှမ်းမြင်ဖို့ ဒါမှမဟုတ် သတ္တမကောင်းကင်ဘုံကို တည်ဆောက်ဖို့ ဆိုတာတွေက သာမန် ယန်နတ်ဘုရားတွေအတွက်တော့ အဝေးကြီး မဟုတ်လား။
ဘာလို့ သာမန် ယန်နတ်ဘုရားတွေက ဒီလိုကိစ္စမျိုးကို ထောက်ခံကြမှာလဲ။
"ဒါက မသေမျိုးလမ်းစဉ်ရဲ့ အလိုဆန္ဒပဲ။ ငါတို့က ဘယ်လိုလုပ်ပြီး အမိန့်ကို ဖီဆန်လို့ ရမှာလဲ။ ဒါမှမဟုတ် မင်းက မင်းရဲ့ ကြယ်တာရာပုံရိပ်အယောင်ကို မလိုချင်တော့ဘူးလား"
မဟာမူလသဘောတရားအဆင့်ရှိသူ တစ်ဦးက တည်ကြည်သောအသံဖြင့် ပြန်ပြောလိုက်၏။
ကြယ်တာရာနယ်မြေသည် မသေမျိုးလမ်းစဉ်၏ အလိုဆန္ဒနှင့် ဆက်နွှယ်နေသည်ဟု ဆိုကြလေသည်။
ယန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းလိုသော ကျင့်ကြံသူတိုင်းသည် ကြယ်တာရာ ပုံရိပ်အယောင်တစ်ခုကို ဖန်တီးပြီး ကြယ်တာရာနယ်မြေထဲသို့ ပေးပို့ရ၏။
သူတို့၏ ကြယ်တာရာပုံရိပ်အယောင် မရှိပါက ယန်နတ်ဘုရား၏ ကိုယ်ပွားသည် ရပ်တည်ရန် ခက်ခဲသွားမည် ဖြစ်သလို သူတို့၏ စွမ်းအားများသည်လည်း အလွန်အမင်း အားနည်းသွားမည် ဖြစ်လေသည်။
"ဒါတင်မကသေးဘူး၊ လင်းယာအသွင်ပြောင်းလဲခြင်းဟာ ဘေးဒုက္ခတစ်ခုဖြစ်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။
"မသေမျိုးနန်းတော် ပွင့်လာတဲ့အခါ ရတနာတွေ ကျဆင်းလာလိမ့်မယ်၊ ဖန်ဆင်းရှင်အဆင့်ရတနာတွေတောင် ပါလာနိုင်တယ်"
"မသေမျိုးလမ်းစဉ်ဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာပဲ။ ငါတို့က ဘာလို့ ဒီအခွင့်အရေးအတွက် အသက်မစွန့်ရမှာလဲ"
လပန်းကောင်းကင်ဘုံအရှင်က ပြောလိုက်၏။ သူမ၏ အသံထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေလေသည်။
အမှန်စင်စစ် သူမသည် အချို့အရာများကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်၏။
မသေမျိုးနန်းတော်ထဲတွင် နတ်ဆိုးများနှင့် တူသော ထူးဆန်းသော သတ္တဝါများ ရှိနေလေသည်။
နက်နဲသော စိတ်ဓာတ်ရှိသည့် ယန်နတ်ဘုရားတစ်ဦးပင်လျှင် ထိုနတ်ဆိုးများ၏ လွှမ်းမိုးမှုကို ခံရနိုင်ပြီး ရုတ်တရက် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာတတ်သည်။
ပဋိပက္ခများကတော့ ရှောင်လွှဲ၍ မရနိုင်ပေ။
ထို့အပြင် တစ်စုံတစ်ဦးက ပဋိပက္ခကို ရှောင်လွှဲရန် ကြိုးစားသော်လည်း ထိုနတ်ဆိုးဘေးဒုက္ခက သူတို့ကို တိုက်ပွဲထဲသို့ အတင်းအကျပ် ဆွဲသွင်းလိမ့်မည် ဖြစ်၏။
ထိုသို့ ကြားလိုက်ရသောအခါ ကျိယွမ် ဘာမှ ထပ်မပြောတော့ပေ။
သူသည် မိုလိုကောင်းကင်ဘုံအရှင်အဖြစ် ဟန်ဆောင်ထားရသူ ဖြစ်သဖြင့် မတော်တဆ စကားမှားခြင်းမျိုး မဖြစ်အောင် သတိထားရလေသည်။
မဟုတ်ပါက ထိုက်ဟွမ်နန်းတော်က သူ၏ အထောက်အထားအမှန်ကို သိသွားလျှင် အန္တရာယ်ရှိနိုင်၏။
"လင်းယာအသွင်ပြောင်းလဲခြင်းက မကြာခင် ရောက်တော့မယ်။ ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေ စုဝေးပြီး ရက်စွဲနဲ့ အသေးစိတ်အချက်အလက်တွေကို အတည်ပြုကြလိမ့်မယ်။ အခု ပြန်ပြီးတော့ ပြင်ဆင်မှုတွေ လုပ်ကြပါ။ တစ်ခုတည်းသောနန်းတော်ရဲ့ ဝိညာဉ်အဖြစ်နဲ့ အသေမခံကြပါနဲ့ဦး"
ဝူရှန်းကောင်းကင်ဘုံအရှင်က သက်ပြင်းချရင်း ပြောလိုက်၏။
ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ် ဆိုသည်မှာ အနှိုင်းမဲ့မူလသဘောတရားကို နားလည်သဘောပေါက်ထားသော မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများကို ခေါ်ဆိုခြင်း ဖြစ်သည်။
လင်းယာအသွင်ပြောင်းလဲခြင်း တစ်ကြိမ်တိုင်းတွင် မဟာမူလသဘောတရားအဆင့်ရှိသူများ သေဆုံးလေ့ရှိပြီး သူတို့သည် တစ်ခုတည်းသောနန်းတော်ရှိ ဝိညာဉ်များ ဖြစ်သွားကြကာ သတ္တမကောင်းကင်ဘုံ တည်ဆောက်ရေးကို ထာဝရ ကူညီပေးကြရ၏။
ထိုဝိညာဉ်များသည် အခြေခံအားဖြင့် သေဆုံးနေသူများနှင့် တူပြီး သူတို့၏ ကျင့်စဉ်မှာလည်း ရပ်တန့်သွားကာ ရုပ်သေးရုပ်များကဲ့သို့ ဖြစ်သွားကြလေသည်။
ဆဌမကောင်းကင်ဘုံတွင် လွတ်လပ်စွာ နေထိုင်လာကြသော ယန်နတ်ဘုရားများအတွက်မူ သေဆုံးခြင်းနှင့် လွတ်လပ်ခွင့် ဆုံးရှုံးခြင်းသည် အဆိုးရွားဆုံး ကံကြမ္မာပင် ။
တစ်ခုတည်းသောနန်းတော်၏ ဝိညာဉ်ဟူသောဘွဲ့ထူးမှာ ဂုဏ်သိက္ခာကြီးမားသည်ဟု ဆိုသော်လည်း ယန်နတ်ဘုရားများအတွက်မူ အဓိပ္ပာယ်မရှိသော ဂုဏ်ပုဒ်တစ်ခုသာ ဖြစ်လေသည်။
ထိုခဏ၌ ထိုက်ဟွမ်နန်းတော်မှ မဟာမူလသဘောတရားအဆင့်ရှိ ပုဂ္ဂိုလ်က ရုတ်တရက် ထူးဆန်းစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။
"ငါတို့ ထိုက်ဟွမ်နန်းတော်မှာလည်း ကြေညာစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"
ကျိယွမ်က ထိုပုဂ္ဂိုလ်ကို ကြည့်လိုက်၏။
အခြား မဟာမူလသဘောတရားအဆင့်ရှိသူများကလည်း စူးစမ်းလိုစိတ်နှင့် စိုးရိမ်စိတ်များဖြင့် သူ့ကို အာရုံစိုက်လိုက်ကြလေသည်။
လရောင်ကောင်းကင်ဘုံအရှင်က မျက်လုံးမှေးကာ ကြည့်လိုက်ပြီး သူမ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်သွား၏။
"တစ်ခုတည်းသောနန်းတော်ရဲ့ အလိုဆန္ဒအရ ဒီတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်းကို..."
ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်က လူအုပ်ကို ဝင့်ကြွားသော အမူအရာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ထိုက်ဟွမ်နန်းတော်ကနေ ကြီးကြပ်ကွပ်ကဲလိမ့်မယ်"
ဤစကားအနည်းငယ်သည် စုဝေးနေသော ပုဂ္ဂိုလ်များ၏ နားထဲတွင် မိုးကြိုးသံကဲ့သို့ ဟိန်းသွားပြီး သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားလေတော့သည်။
ဝူရှန်းကောင်းကင်ဘုံအရှင်၏ မျက်နှာမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။
လင်းယာအသွင်ပြောင်းလဲခြင်းတွင် ကြီးကြပ်သူဟူ၍ ယခင်က မရှိခဲ့ဖူးပေ။
အခု ဘာလို့ ကြီးကြပ်မယ့် အဖွဲ့အစည်း ရှိလာရတာလဲ။
အဖွဲ့အစည်းတိုင်းသည် ဤသေစေနိုင်သောပွဲတွင် ပါဝင်သူများသာ ဖြစ်ပြီး တစ်ခုတည်းသောနန်းတော်ကသာ တရားမျှတသော ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယခု ထိုက်ဟွမ်နန်းတော်က ကစားသမားရော ဒိုင်လူကြီးပါ လုပ်မည်ဆိုလျှင် မည်သို့ဖြစ်ကုန်မည်နည်း။
"ဒါက တကယ်လား။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ"
ဝူရှန်းကောင်းကင်ဘုံအရှင်က အလောတကြီး မေးလိုက်၏။
"တစ်ခုတည်းသောနန်းတော်က ဘာလို့ ဒီလို အမိန့်မျိုး ထုတ်ပြန်ရတာလဲ။ ထိုက်ဟွမ်နန်းတော်က ဘယ်လိုလုပ်ပြီး လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်မှာလဲ"
"ဒါက... အဓိပ္ပာယ် မရှိဘူး"
မဟာမူလသဘောတရားအဆင့်ရှိသူ အများအပြားက သူတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ကြလေသည်။
အကယ်၍ ထိုက်ဟွမ်နန်းတော်ကသာ ဤပွဲကို ကြီးကြပ်မည်ဆိုပါက ဘာတွေ ဖြစ်လာမည်ကို သူတို့ ခန့်မှန်းနိုင်ကြပါသည်။
လပန်းကောင်းကင်ဘုံအရှင်၏ မျက်နှာမှာ ပိုမို ဖြူဖျော့လာ၏။
တကယ်လို့ ထိုက်ဟွမ်နန်းတော်ကသာ ကြီးကြပ်မယ်ဆိုရင် လနန်းတော်က အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ သေချာသလောက်ပင်။
ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်က ပိုမိုကျယ်လောင်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒီအမိန့်တော်က ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဆီကနေ လာတာပဲ။ ဒီမှာ လိမ်လည်မှု မရှိဘူး"
ထိုစကားကို ကြားသောအခါ အခြား ပုဂ္ဂိုလ်များသည် ဇဝေဇဝါ ဖြစ်နေသော်လည်း လက်တွေ့ဘဝကို လက်ခံလိုက်ကြရလေသည်။
ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်က ဒီလိုကိစ္စမျိုးကို လိမ်ပြောပါ့မလား။
ပတ်ဝန်းကျင်သည် လေးလံထိုင်းမှိုင်းသွားပြီး စုဝေးနေသော ပုဂ္ဂိုလ်များသည် ထိုအမှန်တရားကို မကျေမနပ်ဖြင့် လက်ခံလိုက်ကြ၏။ သူတို့ထဲမှ မည်သူမျှ ပျော်ရွှင်ပုံ မပေါ်ပေ။
သူတို့သည် ဤကိစ္စ၏ နောက်ကွယ်မှ အကြောင်းအရင်းများကို မသိကြသဖြင့် သူတို့၏ ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ထံမှသာ အဖြေကို စောင့်ကြည့်ရမည် ဖြစ်သည်။
အထူးသဖြင့် ဝူရှန်းကောင်းကင်ဘုံအရှင်အတွက်ပို၍ ဆိုးလေသည်။
ခေတ်အဆက်ဆက်တွင် မူလသဘောတရားအဖွဲ့ချုပ်သည် ဆဌမကောင်းကင်ဘုံ၌ ထိပ်တန်း အင်အားစု ဖြစ်ခဲ့သည်။
ယခုအခါ ထိုက်ဟွမ်နန်းတော်က နောက်ထပ် ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ် တစ်ဦးကို ရရှိတော့မည် ဖြစ်သလို လင်းယာအသွင်ပြောင်းလဲခြင်းကိုလည်း ကြီးကြပ်တော့မည် ဖြစ်၏။
ဒီအသွင်ပြောင်းလဲခြင်း ပြီးသွားရင် ထိုက်ဟွမ်နန်းတော်က ဆဌမကောင်းကင်ဘုံမှာ အင်အားအကြီးဆုံး ဖြစ်လာတော့မှာလား။
"ကြေညာစရာ နောက်ထပ် တစ်ခု ကျန်သေးတယ်။ ဒီတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်းမှာ အနည်းဆုံး ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ် တစ်ဦးကတော့... တစ်ခုတည်းသောနန်းတော်ဆီကို တက်လှမ်းရလိမ့်မယ်"
ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်က ကြေညာလိုက်လေသည်။
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ဆုံဆည်းပွဲ တစ်ခုလုံး တိတ်ဆိတ်သွား၏။
သူ ပြောချင်တာက... ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ် တစ်ဦး သေဆုံးရမယ်လို့ ဆိုလိုတာလား။
ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ် တစ်ဦး ဟုတ်လား။
ဒီနှစ်တွေအတွင်းမှာ ဆဌမကောင်းကင်ဘုံမှာ ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်က ငါးဦးထက်တောင် နည်းတာလေ။
ဒါပေမဲ့ အခု တစ်ယောက်က သေရမယ်ဆိုတာလား။
လရောင်ကောင်းကင်ဘုံအရှင်၏ မျက်နှာက ပို၍ ပျက်သွား၏။
လနန်းတော်သည် ထိုက်ဟွမ်နန်းတော်နှင့် အမြဲတမ်း ရန်ဘက် ဖြစ်ခဲ့သည်။
ယခု ထိုက်ဟွမ်နန်းတော်က ထိုသို့ ကြောက်စရာကောင်းသော ကြေညာချက်မျိုးကို ထုတ်ပြန်လိုက်သဖြင့် သူမ မည်သို့စိုးရိမ်စိတ် မဝင်ဘဲ နေနိုင်မည်နည်း။
အခြား မဟာမူလသဘောတရားအဆင့်ရှိသူများလည်း သိသိသာသာ တုန်လှုပ်သွားကြလေသည်။
သာမန် မဟာမူလသဘောတရားအဆင့်ရှိသူတွေ သေဆုံးမယ်ဆိုရင်တောင် သူတို့ရဲ့ အင်အားကြီးတဲ့ အဖွဲ့အစည်းတွေကို အားကိုးပြီး ကာကွယ်နိုင်ကြသေးတယ်။
ဒါပေမဲ့ ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေတောင် သေရမယ်ဆိုရင် လင်းယာအသွင်ပြောင်းလဲခြင်းက သူတို့ကို ဘယ်လိုလုပ် မထိခိုက်ဘဲ နေမှာလဲ။
ဓားနက်၏ အမူအရာမှာလည်း ရှုပ်ထွေးသွား၏။
သူက နေမင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျိယွမ်ကို ကြည့်ကာ တစ်စုံတစ်ခုကို ကြံစည်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
ယန်နတ်ဘုရား သုံးဦးစလုံးက ယခုတစ်ကြိမ်၌ အနှိုင်းမဲ့မူလသဘောတရားကို နားလည်ခဲ့ကြပြီး ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်များ ဖြစ်လာနိုင်သော အလားအလာ ရှိနေကြ၏။
ဒါက တကယ်ပဲ အရည်အချင်းကြောင့်ပဲလား။
ဒါမှမဟုတ် ကံကြမ္မာကြောင့်လား။
ဒါမှမဟုတ်... ဒါက လျှို့ဝှက်အစီအစဉ်ကြီးတစ်ခုလား။
ထိုခဏ၌ နေမင်းကောင်းကင်ဘုံအရှင်သည်လည်း ဓားနက်နှင့် ကျိယွမ်ကို တစ်ချက်ကြည့်လိုက်၏။
သူ၏ အမူအရာမှာ ခန့်မှန်းရခက်လှပြီး တစ်စုံတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ပင် ။
ဆုံဆည်းပွဲမှာ ကြီးမားသော ကြေညာချက်၏ ဖိအားများဖြင့် အဆုံးသတ်သွားလေသည်။
ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်မှလွဲ၍ ကျန်ရှိသော ယန်နတ်ဘုရားများ၏ မျက်နှာများမှာ မသာမယာ ဖြစ်နေကြ၏။
ကျိယွမ်သည် လပန်းကောင်းကင်ဘုံအရှင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ဆရာအကြောင်းကို မေးမြန်းချင်သော စိတ်များ ပေါ်လာလေသည်။
သို့သော် ယခုအချိန်သည် သူ၏ အထောက်အထားကို ဖော်ထုတ်ရန် အချိန်မဟုတ်မှန်းသိသဖြင့် ပြန်ထိန်းလိုက်၏။
မဟာမူလသဘောတရားအဆင့်ရှိသူများသည် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြလေသည်။
သို့သော် မထွက်ခွာမီမှာပင် အများအပြားသည် ကျိယွမ်ကို သူတို့၏ အဖွဲ့အစည်းများထဲသို့ ဆွဲဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း သူက အားလုံးကို ငြင်းပယ်ခဲ့သည်။
သူ ထွက်ခွာတော့မည့်အချိန်တွင် နေမင်းကောင်းကင်ဘုံအရှင်က သူ့အနားသို့ ချဉ်းကပ်လာ၏။
သူ၏ အမူအရာက အေးဆေးတည်ငြိမ်နေလေသည်။ သူသည် ဓားနက်နှင့် ကျိယွမ်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"ကျွန်တော်တို့ သုံးယောက်လုံး အနှိုင်းမဲ့မူလသဘောတရားကို နားလည်ခဲ့ကြတာပဲ။ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရအောင်"
ဓားနက်နှင့် ကျိယွမ်တို့ကလည်း လက်သီးဆုပ်ကာ အသိအမှတ်ပြုလိုက်ကြလေသည်။
ထို့နောက် နေမင်းကောင်းကင်ဘုံအရှင်က ဝမ်းနည်းမှုအချို့ဖြင့် သက်ပြင်းချလိုက်၏။
"ကျွန်တော်တို့က အချိန်မှားပြီး မွေးဖွားလာခဲ့ကြတာပဲ။ မဟာမူလသဘောတရားအဆင့်ကို တက်လှမ်းခါစမှာပဲ လင်းယာအသွင်ပြောင်းလဲခြင်းက ရောက်လာတော့မယ်။ ငါတို့ ဘယ်မှာ အဆုံးသတ်မလဲဆိုတာ... ဘယ်သူမှ မသိနိုင်ဘူး"
ထိုသို့ ပြောပြီးနောက် နေမင်းကောင်းကင်ဘုံအရှင်၏ ပုံရိပ်သည် ပျောက်ကွယ်သွားလေတော့သည်။
သူ၏ နောက်ကျောပုံရိပ်ကိုကြည့်ကာ ကျိယွမ်နှင့်ဓားနက်တို့မှာ လမ်းပျောက်နေသလို၊ မရေမရာ ဖြစ်နေသလိုပင် ခံစားလိုက်ရလေသည်။
...........
အခန်း ၄၄၉ - နောက်ဆုံးတော့ နွားချိုမမကို နိုင်သွားပြီ
နေမင်းကောင်းကင်ဘုံအရှင် ထွက်ခွာသွားလေသည်။
ဓားနက်သည် မိုလိုကောင်းကင်ဘုံအရှင်ကို ရိုးသားသောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။
"မင်းက မိုလိုမျိုးနွယ်စုကပဲ၊ ငါတို့မျိုးနွယ်နဲ့ မူလအစချင်း တူတူပဲလေ။ လင်းယာအသွင်ပြောင်းလဲခြင်းကလည်း နီးလာပြီဆိုတော့ ငါတို့ ပိုပြီးတော့ နီးနီးကပ်ကပ် ရှိသင့်တယ် မဟုတ်လား"
တစ်ခုတည်းသောနန်းတော်က အမိန့်တော်ထုတ်ပြန်ပြီး ထိုက်ဟွမ်နန်းတော်ကို လင်းယာအသွင်ပြောင်းလဲခြင်းအား ကြီးကြပ်ခွင့် ပေးလိုက်လေသည်။ ထိုကိစ္စကြောင့် တည်ငြိမ်လှသော ဓားနက်ပင်လျှင် အန္တရာယ်ရိပ်အယောင်ကို ခံစားနေရ၏။
ထို့အပြင် ဤတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်းတွင် ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တစ်ဦးပင် သေဆုံးနိုင်သည်ဟု ဆိုထားသည်။
ထို့ကြောင့် အသေဆုံးနိုင်ဆုံး ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်မှာ သူကိုယ်တိုင်၊ မိုလို နှင့် နေမင်းကောင်းကင်ဘုံအရှင်တို့ပင်။
သူတို့သုံးဦးစလုံးသည် မူလသဘောတရားနယ်ပယ်သို့ အပြည့်အဝ မရောက်ရှိသေးသလို မဟာ မူလသဘောတရား အဆင့်နှင့်လည်း အလှမ်းဝေးနေကြသေး၏။
"ပြဿနာ မရှိပါဘူး"
ကျိယွမ်က အေးအေးဆေးဆေး သာ ပြန်ပြောလိုက်သည်။
ထိုခဏ၌ ဓားနက်က မိုလိုကို တည်ကြည်သောအမူအရာဖြင့် ကြည့်လိုက်၏။
"တစ်ခုတည်းသောနန်းတော်က ဆဌမကောင်းကင်ဘုံရဲ့ ကိစ္စရပ်တွေမှာ တစ်ခါမှ ဝင်မစွက်ဖက်ခဲ့ဖူးဘူး။ ထိုက်ဟွမ်နန်းတော်က သူတို့နဲ့ ဘယ်လိုများ အဆက်အသွယ်လုပ်ပြီး ဒီလင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်ခွင့် ရအောင် လုပ်နိုင်ခဲ့တယ်လို့ မင်းထင်သလဲ"
"မသိဘူးလေ.."
ကျိယွမ်သည် မလိုအပ်ဘဲ အများကြီး တွေးတောရသည်ကို မနှစ်သက်ပါ။
"အရင်က လင်းယာအသွင်ပြောင်းလဲခြင်းတွေမှာ ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေ သေဆုံးတဲ့ ဖြစ်ရပ်မျိုး မရှိခဲ့ဘူး။ ဒါကြောင့် တစ်ခုတည်းသောနန်းတော်က အရင်က အသွင်ပြောင်းလဲခြင်းတွေအပေါ်မှာ မကျေမနပ်ဖြစ်နေနိုင်တယ်လို့ ငါ သံသယရှိမိတယ်"
" ထိုက်ဟွမ်နန်းတော်က တစ်ခုတည်းသောနန်းတော်နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ ဒီပွဲကို ကြီးကြပ်ခွင့်ရဖို့အတွက် ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တစ်ဦး သေဆုံးစေရမယ်လို့ ကတိပေးခဲ့တာမျိုးပေါ့"
"ပြီးတော့ နေမင်းကောင်းကင်ဘုံအရှင်ကလည်း ရုတ်တရက်ကြီး ပေါ်လာတယ်ဆိုတော့... မင်းမထင်ဘူးလား၊ ဒါက တိုက်ဆိုင်လွန်းနေတယ်လေ"
ဓားနက်၏ အကြည့်များက ကျိယွမ်ကို အကဲခတ်နေရင်း နက်နဲနေလေသည်။
သူ့အတွက်မူ နေမင်းကောင်းကင်ဘုံအရှင် ပေါ်လာသည်မှာ ရုတ်တရက်ဆန်လွန်းသကဲ့သို့ မိုလို ရောက်ရှိလာသည်မှာလည်း ထူးဆန်းနေ၏။
ထို့အပြင် မိုလိုမျိုးနွယ်စုသည် ထိုက်ဟွမ်နန်းတော်နှင့် အမြဲတမ်း ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။ သူတို့ကြားတွင် လျှို့ဝှက်သဘောတူညီချက် ရှိနေလျှင်လည်း အံ့သြစရာတော့ မဟုတ်ပေ။
"ဒါဆို မင်းက ထိုက်ဟွမ်နန်းတော်က ဒီပွဲကို ကြီးကြပ်ခွင့်ရဖို့အတွက် နေမင်းကောင်းကင်ဘုံအရှင်ကို တစ်ခုတည်းသောနန်းတော်ဆီ ပူဇော်ဖို့ မွေးမြူထားတာလို့ သံသယရှိနေတာလား"
ကျိယွမ်က ဦးနှောက်သုံးရသည်ကို မကြိုက်သော်လည်း သူ၏ ဘာသာစကား နားလည်မှုကတော့ အတော်လေး ကောင်းမွန်လှလေသည်။
"အတိအကျပဲ"
ဓားနက်၏ မျက်လုံးများက ကျိယွမ်၏ အတွေးများကို ထိုးဖောက်ကြည့်ရှုရန် ကြိုးစားနေသကဲ့သို့ ထက်ရှနေ၏။
သို့သော် ယခုလိုအကဲခတ်ရုံဖြင့် သူသည် သိသာသော ထင်ရှား အရာတစ်ခုကိုမျှ တွေ့မြင်ရလိမ့်မည် မဟုတ်ကြောင်းလည်း သိနေလေသည်။
"ဆဌမကောင်းကင်ဘုံကို ပြန်လာပြီး ငါနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလား"
ဓားနက်က ဖိတ်ခေါ်လိုက်၏။
"မစိတ်ဝင်စားဘူး"
ကျိယွမ်က ယခင်လူများအတိုင်း ခေါင်းယမ်းလိုက်လေသည်။
ဓားနက်က ထပ်မံမတိုက်တွန်းတော့ပါ ။
.........
"နေဆယ်စင်းအရှင်သခင်ရဲ့ သတင်း အစအန မရသေးဘူးလား"
ထိုက်ဟွမ်နန်းတော်၏ ခံတပ်အတွင်း၌ မဟာ မူလသဘောတရား အဆင့်ရှိ ကျင့်ကြံသူတစ်ဦး အေးအေးဆေးဆေး ထိုင်နေလေသည်။
ကရုဏာကောင်းကင်ဘုံအရှင်သည် ခေါင်းငုံ့ကာ တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်၏။
"တောင်းပန်ပါတယ်၊ ကျွန်တော် နေဆယ်စင်းအရှင်သခင်ကို ရှာမတွေ့ခဲ့ပါဘူး။ သူက အရမ်း သတိကြီးတယ်၊ မူလသဘောတရားဟောပြောပွဲကိုလည်း မလာခဲ့တာ ဖြစ်နိုင်ပါတယ်"
မူလသဘောတရားဟောပြောပွဲ ကျင်းပနေစဉ်အတွင်း ကရုဏာ ကောင်းကင်ဘုံအရှင်သည် နေဆယ်စင်းအရှင်သခင်ကို ရှာဖွေရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
"ကိစ္စ မရှိပါဘူး၊ သူက ပုန်းအောင်းနေရတာကိုပဲ ကျွမ်းကျင်တဲ့ အကောင်သေးလေး တစ်ကောင်ပါပဲ"
"လင်းယာအသွင်ပြောင်းလဲခြင်း စတင်လို့ ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေ ကောင်းကင်ဘုံကို ကင်းလှည့်တဲ့အခါ ကျရင် ကြယ်တာရာနယ်မြေကို သုံးပြီး သူ့ရဲ့ စစ်မှန်ကိုယ်ခန္ဓာကို ရှာဖွေကြမယ်။ အဲဒီအခါကျရင် သူ ပုန်းစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး"
တစ်ခုတည်းသောနန်းတော်သည် ထိုက်ဟွမ်နန်းတော်၏ ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်များကို အထူးအခွင့်အရေးများစွာ ပေးထားလေသည်။
လင်းယာအသွင်ပြောင်းလဲခြင်း မစတင်မီ ထိုက်ဟွမ်နန်းတော်သည် နယ်ပယ်အားလုံးကို ကင်းလှည့်ရန် ကြယ်တာရာနယ်မြေကို အသုံးပြုခွင့်ရ၌လိမ့်မည် ။ ထိုအခါ ယန်နတ်ဘုရား တိုင်းကို ရှာတွေ့နိုင်မည် ဖြစ်ပြီး မည်သူမျှ မပါဝင်ဘဲ မနေနိုင်အောင် လုပ်ဆောင်မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် နေဆယ်စင်းအရှင်သခင်၏ အထောက်အထားအမှန်နှင့် တည်နေရာမှာ ပေါ်ပေါက်လာမှာ အသေအချာပင်။
ထို့နောက် ထိုက်ဟွမ်နန်းတော်က သူ့ကို ဖမ်းဆီးရန် ယန်နတ်ဘုရားများကို စေလွှတ်ရုံပင်။
ဤစကားကို ကြားသောအခါမှ ကရုဏာ ကောင်းကင်ဘုံအရှင်သည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်လေသည်။
ထိုခဏ၌ သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး တိုးညှင်းစွာ ပြောလိုက်၏။
"တစ္ဆေစိုးမိုးကောင်းကင်က မဟူရာနတ်ဆိုးချောက်နက်ရဲ့ ထူးချွန်တဲ့ လူငယ်နှစ်ယောက်ဖြစ်တဲ့ ဓားနက်နဲ့ သွေးဝတ်စုံကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်။ ဓားနက်ကတော့..."
တစ္ဆေစိုးမိုးကောင်းကင်သည် ထိုက်ဟွမ်နန်းတော်နှင့် လျှို့ဝှက်စွာ မဟာမိတ် ဖွဲ့ထားသည်မှာ ကြာပြီ ဖြစ်သည်။
"သူတို့ကို လုပ်ခွင့်ပေးလိုက်"
"ဒါပေမဲ့... ဓားနက်က အနှိုင်းမဲ့မူလသဘောတရားကို နားလည်ထားပြီးသားလေ။ အခု သူ သေသွားမယ်ဆိုရင် ထိပ်တန်းအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေရဲ့ အစီအစဉ်ကို နှောင့်ယှက်သလို ဖြစ်နေမှာလား"
ကရုဏာ ကောင်းကင်ဘုံအရှင်က တွန့်ဆုတ်နေလေသည်။
ဤလင်းယာအသွင်ပြောင်းလဲခြင်း၏ ရည်ရွယ်ချက်မှာ မဟာ မူလသဘောတရား အဆင့်ရှိသူများကို တတ်နိုင်သမျှ များများ သတ်ရန် ဖြစ်၏။
အကယ်၍ ဓားနက်သာ ယခု သေသွားမယ်ဆိုရင် နှမြောစရာ မဟုတ်ဘူးလား။
"မင်းက တစ္ဆေစိုးမိုးကောင်းကင်ကို အထင်ကြီးလွန်းပြီး မဟူရာနတ်ဆိုးချောက်နက်နဲ့ ဓားနက်ကို အထင်သေးလွန်းနေတယ်"
"မူလသဘောတရားကို နားလည်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က ဒီလောက် အလွယ်တကူနဲ့ မသေဘူး"
" ဒါမှမဟုတ် သူက အဲဒီ သွေးဝတ်စုံနဲ့ တူတယ်လို့ မင်းထင်နေတာလား"
ထိုက်ဟွမ်နန်းတော်မှ မဟာ မူလသဘောတရား အဆင့်ရှိသူက မှတ်ချက်ပေးလိုက်၏။
သွေးဝတ်စုံလို လူငယ်မျိုးက သေသွားရင်တောင် ဘာဖြစ်မှာလဲ။
ဒါပေမဲ့ ဓားနက် ဆိုတာက မဟူရာနတ်ဆိုးချောက်နက်ရဲ့ တန်ဖိုးအရှိဆုံး လူဖြစ်၏။ အခြား မဟာ မူလသဘောတရား အဆင့်ရှိသူတွေက သူ့ကို မည်သို့ မကာကွယ်ဘဲ နေမည်နည်း။
တစ္ဆေစိုးမိုးကောင်းကင်က ၄င်းကို ကောင်းကောင်း သိသော်လည်း သူတို့ ကြိုးစားကြည့်ချင်ကြဆဲပင်။
တကယ်လို့များ အောင်မြင်သွားရင် ဟု တွေးနေကြပုံရ၏။
အောင်မြင်မှု မရခဲ့လျှင် ယန်နတ်ဘုရားအနည်းငယ်လောက်ပဲ အသက်ဆုံးရှုံးရုံပင်။
"အချို့လူတွေက သွေးဝတ်စုံ ဟာ နောက်ထပ် ဓားနက်ဖြစ်လာလိမ့်မယ်လို့ ပြောကြတယ်။ အဲဒါက တကယ်လား"
ကရုဏာ ကောင်းကင်ဘုံအရှင်က ရှုပ်ထွေးသောအမူအရာဖြင့် မေးလိုက်၏။
"ဟွန်း.. မူလသဘောတရားဆိုတာ အဲဒီလောက် အလွယ်တကူ နားလည်နိုင်တာ မဟုတ်ဘူး။ သွေးဝတ်စုံ ကတော့ အကောင်းဆုံးဖြစ်လှ သာမန် မဟာ မူလသဘောတရား တစ်ယောက်ပဲ ဖြစ်လာမှာပါ"
"ဒါပေမဲ့ မိုလိုဆိုတဲ့ကောင်ကတော့ တကယ့်ကို ထင်မှတ်မထားတဲ့ အံ့သြစရာပဲ"
"မိုလိုမျိုးနွယ်စုက ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းပြီး အခွင့်အရေးကို စောင့်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
..............
အခြားတစ်နေရာတွင် ကျိယွမ်သည် မိုလိုအသွင်ကို ဖယ်ရှားပြီး သူ၏ စစ်မှန်သောပုံစံသို့ ပြန်ပြောင်းလိုက်လေသည်။
ယခုအချိန်တွင် မူလသဘောတရားဟောပြောပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း မြင့်မြတ်နယ်မြေ အသီးသီးမှ တပည့်များနှင့် ယန်နတ်ဘုရားများမှာ ထွက်ခွာခြင်း မရှိကြသေးပေ။
"ဒါက နင့်အစ်မလား၊ သူက တော်တော်လေး လှတာပဲ"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် ကျိယီကို ကြည့်ကာ ပြောလိုက်၏။
(ရှောင်မေ သို့မဟုတ် ချီယီ၏ နာမည်ကို ကျိယီ ဟု ပြောင်းလဲသုံးစွဲသွားပါမည် ။ ကျိယွမ်၏အစ်မ ကျိယီ )
(မူရင်း English စာစဥ်သည် Ai ဖြင့်ဘာသာပြန်ထားပြီး ၊ ဇာတ်ကောင်တစ်ဦးတည်း၏ နာမည် ၊ ဘွဲ့ထူးများကို တစ်ခန်းလျှင် တစ်မျိုးရေးထားပါသည် ။ ကျွန်တော်လည်းအတတ်နိုင်ဆုံး စစ်ဆေးနေသော်လည်း နာမည်များက တရုတ်အသံထွက်ဖြစ်လိုက် ၊ English အသံထွက်ဖြစ်လိုက် ၊ တိုက်ရိုက်အဓိပ္ပါယ်များဖြစ်လိုက်နှင့် လူတစ်ယောက်ကို နာမည် ၅ မျိုးလောက်ပြောင်းနေသဖြင့် တစ်ခါတရံ အမှားအယွင်းမှာ ပါဝင်သွားရခြင်းကို သည်းခံပေးကြပါခင်ဗျာ )
ကျိယီသည် အရပ်ရှည်ပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက် ရှိကာ ကျော့ရှင်းသော ခြေတံများ ရှိလေသည်။ သူမ၏ ခါးသည်လည်း ပိုလျှံနေသော အဆီများ မရှိဘဲ သွယ်လျနေ၏။
"လှမှာပေါ့ ငါ့ရဲ့ မျိုးရိုးဗီဇက ကောင်းတာကို"
ကျိယွမ်က တည်တည်တံ့တံ့ပင် မှတ်ချက်ချလိုက်သည်။
တရားဝင်နည်းလမ်းဖြင့် ရရှိထားသော အကြွေးများကို ဆပ်ရန် မလိုဟု သူ အမြဲ ယုံကြည်ထားသော်လည်း သေချာစဉ်းစားလိုက်ပြီးနောက် သူကိုယ်သူ ကပ်စေးနှဲသူအဖြစ် အမည်တပ်မခံချင်တော့ပေ။
သူသည် ကျိယီကို ပြန်ဆပ်ရန်အတွက် ဝိညာဉ်ကျောက်တုံး အချို့ကို ပြင်ဆင်ထားလေသည်။
အမှန်စင်စစ် သူသည် သူမကို ဘေးကင်းစေရန်အတွက် ဗုဒ္ဓတိုင်းပြည်သို့ ခေါ်ဆောင်သွားရန်ပင် စဉ်းစားနေ၏။
ဘာပဲဖြစ်ဖြစ် ကျိယီသည် ဂိမ်းလောကထဲမှ သူ၏ သွေးသောက်အစ်မ ဖြစ်သည် မဟုတ်ပါလား။
ထို့အပြင် မူလသဘောတရား နှစ်ခုကို နားလည်ပြီးနောက် ကျိယွမ်သည် သူ၏အပေါ်သို့ ကျရောက်လာမည့် အမည်းရောင် တိမ်တိုက်ကြီးတစ်ခုကို ခံစားနေရလေသည်။
ကျိယီသည် သူနှင့် ထူးခြားသော ဆက်ဆံရေး ရှိနေသဖြင့် သူမကို အန္တရာယ်ထဲတွင် မထားချင်ပေ။
ထို့ကြောင့် သူမကို ဗုဒ္ဓတိုင်းပြည်သို့ ပို့ထားခြင်းက ပိုပြီး ဘေးကင်းသော ရွေးချယ်မှု ဖြစ်လိမ့်မည်။
"သူက နင့်အစ်မလေ၊ နင့်ရဲ့ မျိုးရိုးဗီဇနဲ့ ဘာဆိုင်လို့လဲ"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က မျက်စောင်းထိုးလိုက်၏။
"ဘာပဲဖြစ်ဖြစ်၊ ကောင်းကင်ဘုံအစီအစဉ်ကို ပြောင်းပြန်လှန်ပြီးတော့... အွန်း"
စကားပြောနေရင်း ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။
သူမ၏ လည်ချောင်းထဲတွင် ထူးဆန်းပြီး လေးလံသော ခံစားချက်ကြီး တစ်ခုဖြင့် ပြည့်နှက်သွား၏။ သူမ စကားပြောရန် ကြိုးစားသော်လည်း ဗလုံးဗထွေး အသံများသာ ထွက်ပေါ်လာလေသည်။
သူမ၏ ပါးစပ်ထဲတွင် မှိုများက လျင်မြန်စွာ ပေါက်လာပြီး ခဏအတွင်းမှာပင် အပြည့်ဖြစ်သွား၏။
ဒါက ကျိယွမ်၏ လက်ချက်ဖြစ်ကြောင်း သိသာလှလေသည်။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ တုံ့ပြန်မှုကို ကြည့်ရင်း ကျိယွမ်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရ၏။
သူမ၏ ရှေ့မကြည့်နောက်မကြည့် စနောက်မှုများကို ပြန်လည် ချေပရန်အတွက် ကျိယွမ်သည် သူ၏ မူလသဘောတရား နှစ်ခုဖြစ်သော အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း နှင့် ငါကြိုက်တာငါလုပ်မယ် တို့ကို အသုံးပြုကာ တုံ့ပြန်လိုက်ခြင်းပင်။
ဤမူလသဘောတရား နှစ်ခု၏ ပေါင်းစပ်အာနိသင်ကြောင့် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ ပါးစပ်ထဲတွင် မှိုများ ဆက်တိုက် ပေါက်လာပြီး စကားပြောရန် လုံးဝ မဖြစ်နိုင်တော့ပေ။
"နင် ငါ့ကို ဘာလုပ်လိုက်တာလဲ၊ ဒါက ဘာအတတ်လဲ... ဟုတ်ပါပြီ... သွေးဝတ်စုံဟာ အချောဆုံး၊ အခန့်ညားဆုံး၊ အရှိန်အဝါ အရှိဆုံး အမျိုးသားပါ... အီး....ခွီး.."
အမှန်တကယ်မှာ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ရှင်းပြချက် တောင်းရန် ကြိုးစားနေခြင်းပင်။
သို့သော် ထူးဆန်းသည်မှာ သူမ၏ စကားလုံးများသည် သွေးဝတ်စုံ ကို ချီးမွမ်းသည့် စကားလုံးများအဖြစ် ပြောင်းလဲသွား၏။
"အင်း....နွားချိုမမ၊ နင် နောက်ဆုံးတော့ အမှန်တရားကို ပြောလိုက်ပြီပဲ"
ကျိယွမ်က ကျေနပ်စွာ ပြောလိုက်လေသည်။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် ဒေါသထွက်နေသော်လည်း ကျိန်ဆဲမည့်အစား သူမ၏ မျက်နှာတွင် ချိုမြိန်သော အပြုံးအတုတစ်ခုသာ ပေါ်နေ၏။
ကျိယွမ် အလွန် ကျေနပ်သွားလေသည်။
မူလသဘောတရားများက တကယ့်ကို အသုံးဝင်လှ၏။
သို့သော် သူသည် တရားမျှတသော လူတစ်ဦး ဖြစ်သဖြင့် မူလသဘောတရား၏ အာနိသင်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်လေသည်။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ ပါးစပ်ထဲမှ မှိုများ ပျောက်ကွယ်သွားသောအခါမှ သူမ စိတ်သက်သာရာရကာ အသက်ပြင်းပြင်း ရှူနိုင်တော့၏။
သူမသည် ကျိယွမ်ကို စနောက်သည့်ပုံစံ မဟုတ်တော့ဘဲ သတိကြီးစွာဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဒါက ဘာအတတ်လဲ"
ယခုအချိန်တွင် သူမသည် သူ့ကို ထပ်ပြီး ရန်မစရဲတော့ပေ။
ထိုထူးဆန်းသော ခံစားချက်မျိုးကို သူမ ထပ်ပြီး မကြုံချင်တော့ပါ။
"ဘာအတတ်လဲ ဟုတ်လား၊ ဒါက ငါ့ရဲ့ မူလသဘောတရားပဲ"
ကျိယွမ်က ဂုဏ်ယူစွာ ကြေညာလိုက်၏။
"အံ့သြစရာပဲ၊ နင်က ဓားနက် လိုမျိုး ဖြစ်နေပြီလို့ ထင်နေတာလား"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က နှုတ်ခမ်းဆူလိုက်လေသည်။
ကျိယီကမူ ဘာမှမပြောဘဲ သူတို့ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။
"ဒါတွေ ထားလိုက်ပါတော့။ ငါ လပန်းကောင်းကင်ဘုံအရှင်နဲ့ တွေ့ဖို့ ပြင်ဆင်ရမယ်။ ငါ တွေ့ခွင့်တောင်းတဲ့စာ ပို့ထားပြီးပြီ၊ အခုဆိုရင်... ရောက်နေလောက်ပြီ မဟုတ်လား"
ကျိယွမ်က တွေးလိုက်၏။
သူသည် သူ၏ ဆရာ ရွမ်ယူချမ်း အကြောင်းကို မေးမြန်းရန်အတွက် လပန်းကောင်းကင်ဘုံအရှင်နှင့် တွေ့ဆုံချင်နေခြင်း ဖြစ်သည်။
".အဲဒါက မဟာ မူလသဘောတရား အဆင့်ရှိတဲ့သူလေ။ နင် တွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေတာလား။ နင်က မူလသဘောတရားကို နားလည်ထားတဲ့သူမှ မဟုတ်တာ"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ပြန်ပြောလိုက်၏။
ကျိယွမ်က သူမကို ကြည့်ကာ တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။
"နင့်ပါးစပ်ထဲက မှိုတွေ ပေါက်နေတဲ့အချိန်မှာ နင်က ပိုပြီးတော့ ချစ်ဖို့ကောင်းတယ်လို့ ငါထင်တယ်"
"နင်..."
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် သူမ၏ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး ကြောက်လန့်တကြား ကြည့်လိုက်၏။
"နင်... နင်..."
သူမသည် တွန့်ဆုတ်မနေဘဲ ချက်ချင်း ထွက်ပြေးသွားလေတော့သည်။
သူမသည် သွေးဝတ်စုံကို မည်သို့ ပြန်ပြီး ပညာပေးရမည်ကို စဉ်းစားရန် လိုအပ်နေလေပြီ
နင် စောင့်နေလိုက်..။
.........
အခြားတစ်နေရာတွင်ဖြစ်သည်။
လနန်းတော်ခံတပ်အတွင်း၌ လပန်းကောင်းကင်ဘုံအရှင်သည် စိုးရိမ်ပူပန်နေသော အမူအရာ ရှိနေလေသည်။
သူမသည် ဆုံဆည်းပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို လနတ်ဘုရားအရှင်သခင်ထံသို့ တင်ပြထားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသေးသဖြင့် သူမ စိတ်မအေးနိုင် ဖြစ်နေရ၏။
ထိုက်ဟွမ်နန်းတော်သည် လနန်းတော်၏ မဟာရန်သူတော်ကြီး ဖြစ်ပြီး အခု လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်ခွင့် ရလိုက်ခြင်းသည် လနန်းတော်အတွက် သတင်းဆိုးပင်။
အကယ်၍ ဤကိစ္စသာ ပေါက်ကြားသွားပါက လနန်းတော်အတွင်းရှိ စိတ်ဓာတ်ကျဆင်းမှုမှာ ပို၍ ဆိုးရွားသွားလိမ့်မည် ဖြစ်ကြောင်း လပန်းကောင်းကင်ဘုံအရှင် နားလည်၏။
"လပန်းကောင်းကင်ဘုံအရှင်၊ မဟူရာနတ်ဆိုးချောက်နက်က သွေးဝတ်စုံ ဆိုတဲ့ တပည့်တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"
အမျိုးသမီးငယ်တစ်ဦး ဝင်လာပြီး လေးစားစွာ အရိုအသေပြုကာ ပြောလိုက်၏။
"သွေးဝတ်စုံလား"
လပန်းကောင်းကင်ဘုံအရှင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ထိုအမည်ကို မှတ်မိသွားလေသည်။
"မတွေ့ဘူး"
သူမသည် တွန့်ဆုတ်မနေဘဲ ငြင်းပယ်လိုက်၏။
သွေးဝတ်စုံ သည် အရည်အချင်းရှိသော ယန်နတ်ဘုရား တစ်ဦးမျှသာ ဖြစ်လေသည်။ သူသည် အတန်အသင့် ကျော်ကြားသော်လည်း သူမကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရန် အဆင့်မမီသေးပေ။
ထိုအမျိုးသမီးငယ်က တွန့်ဆုတ်နေပြီး စိုးရိမ်တကြီး ပြောလိုက်၏။
"ဒါပေမဲ့... မိုလိုကောင်းကင်ဘုံအရှင်က သူ့အတွက် ထောက်ခံစာ ပေးလိုက်ပါတယ်"
လရောင်ကောင်းကင်ဘုံအရှင်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားလေသည်။
မိုလိုမျိုးနွယ်စုမှ မိုလိုကောင်းကင်ဘုံအရှင်သည် လနန်းတော်နှင့် ရန်ဖြစ်နေသူ ဖြစ်၏။
သို့သော် ယခု သူက တစ်စုံတစ်ယောက်ကို သူမနှင့် တွေ့ဆုံရန် ထောက်ခံပေးလိုက်ခြင်းမှာ စိတ်ဝင်စားစရာ ကောင်းလှလေသည်။
"သူ့ကို ဝင်ခိုင်းလိုက်ပါ"
လရောင်ကောင်းကင်ဘုံအရှင်၏ အသံမှာ တည်ငြိမ်နေ၏။
အသက်ရှုကြိမ် တစ်ရာခန့် ကြာပြီးနောက် ကျိယွမ်သည် ခမ်းနားသော ခန်းမထဲသို့ ဝင်လာလေသည်။
လပန်းကောင်းကင်ဘုံအရှင်သည် ပိတ်ကားတစ်ခု၏ နောက်ကွယ်တွင် ရှိနေသဖြင့် သူမ၏ ပုံသဏ္ဌာန်ကို မမြင်ရပေ။
"လပန်းကောင်းကင်ဘုံအရှင်ကို နှုတ်ဆက်ပါတယ်"
ကျိယွမ်သည် ငါကြိုက်တာငါလုပ်မယ် ဆိုသော စရိုက် ရှိသော်လည်း ယဉ်ကျေးမှုကိုတော့ ထိန်းသိမ်းထားလေသည်။
"အွန်း...... မိုလိုကောင်းကင်ဘုံအရှင်က မင်းကို ငါနဲ့တွေ့ဖို့ ထောက်ခံပေးရအောင် မင်းနဲ့ သူနဲ့က ဘာပတ်သက်မှု ရှိလို့လဲ။ ငါ့ရဲ့ လနန်းတော်က မိုလိုမျိုးနွယ်စုနဲ့ ရန်ဖြစ်နေတာကို မင်းမသိဘူးလား"
လရောင်ကောင်းကင်ဘုံအရှင်၏ အသံမှာ ယဉ်ကျေးမှု အလျဉ်းမရှိပေ။
ချက်ချင်းပင် ပြင်းထန်သော ဖိအားတစ်ခုသည် ခန်းမအတွင်းသို့ လွှမ်းမိုးသွားပြီး ကျိယွမ်သည် မဟာ မူလသဘောတရား အဆင့်ရှိသူ၏ ကြီးမားသော စွမ်းအားကို ထပ်မံ ခံစားလိုက်ရပြန်၏။
သမုဒ္ဒရာကဲ့သို့ ကျယ်ပြောပြီး အတိမ်အနက်ကို ခန့်မှန်း၍ မရနိုင်ပေ။
"မိုလိုကောင်းကင်ဘုံအရှင်နဲ့ ကျွန်တော်နဲ့က ပတ်သက်မှု အချို့ ရှိပါတယ်"
ကျိယွမ်က အေးဆေးပင် ပြန်ဖြေလိုက်၏။
လပန်းကောင်းကင်ဘုံအရှင်သည် သူ့ကို ရှုပ်ထွေးသောအမူအရာဖြင့် အကဲခတ်လိုက်သော်လည်း ထပ်ပြီး မမေးတော့ပေ။
မဟာ မူလသဘောတရား အဆင့်ရှိသူတစ်ဦးအနေဖြင့် သာမန် ယန်နတ်ဘုရားတစ်ဦးကို လိုက်ပြီး အငြင်းပွားနေခြင်းမှာ မသင့်တော်ပါ။
"မင်း ဘာလိုချင်လို့လဲ"
"ကျွန်တော် ကိစ္စတစ်ခု မေးချင်လို့ လာခဲ့တာပါ"
ကျိယွမ်သည် လအမှတ်အသား တစ်ခုကို ထုတ်လိုက်၏။
"ဒါက ကျွန်တော့်ရဲ့ ဆရာက ပေးခဲ့တဲ့ လအမှတ်အသား ပါ။ မကြာခင်ကပဲ လနန်းတော်က စီနီယာတစ်ယောက်နဲ့ တွေ့ခဲ့တော့ သူက ဒီအမှတ်အသားဟာ အရင်က လနတ်ဘုရားအရှင်သခင်နဲ့ ပတ်သက်နေတယ်လို့ ပြောခဲ့ပါတယ်"
ကျိယွမ်သည် ဘာမှ ဖုံးကွယ်မထားပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက နောက်ဆုံးတော့ ပေါ်လာမှာပဲလေ။
လပန်းကောင်းကင်ဘုံအရှင်သည် လမင်းအကြီးအကဲထံတွင် ကျိယွမ် ဘာတွေ မေးခဲ့သည်ကို သေချာပေါက် စုံစမ်းလိမ့်မည် ဖြစ်၏။
ကျိယွမ်၏ စကားကြောင့် လပန်းကောင်းကင်ဘုံအရှင်၏ အမူအရာ တင်းမာသွားလေသည်။
လအမှတ်အသားသည် လေထဲတွင် လွင့်ပျံနေ၏။
"မင်းဆရာရဲ့ နာမည်က ဘယ်သူလဲ"
လပန်းကောင်းကင်ဘုံအရှင်က အတိတ်ကို ပြန်သတိရနေသကဲ့သို့ နက်နဲသော အကြည့်ဖြင့် မေးလိုက်၏။
"ရွမ်ယူချမ်း ပါ"
ထိုအမည်ကို ကြားလိုက်ရသော်လည်း လရောင်ကောင်းကင်ဘုံအရှင်၏ အမူအရာမှာ မပြောင်းလဲပေ။
"ငါ အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး"
ကျိယွမ် စိတ်ပျက်သွားလေသည်။
"ဒီလအမှတ်အသားက အရင်လနတ်ဘုရားအရှင်သခင်ရဲ့ အမှတ်အသားပဲ။ မင်းရဲ့ ဆရာက သူမနဲ့ ဘာပတ်သက်မှု ရှိသလဲဆိုတာ ငါ မသိဘူး။ အရင် လနတ်ဘုရားအရှင်သခင် ကတော့... လွန်ခဲ့တဲ့ အချိန်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ"
"ဘာ"
ကျိယွမ် အံ့သြသွားလေသည်။
သူမ လိမ်ပြောနေခြင်း မဟုတ်ကြောင်း သူ၏အာရုံက သိနေ၏။
"လင်းယာအသွင်ပြောင်းလဲခြင်းက နီးလာပြီ။ မင်းလည်း မကြာခင် သိရလိမ့်မယ်"
"အရင် လင်းယာအသွင်ပြောင်းလဲခြင်းတုန်းက အရင် လနတ်ဘုရားအရှင်သခင် ပျောက်ကွယ်သွားခဲ့တာပဲ"
လပန်းကောင်းကင်ဘုံအရှင်က ရှင်းပြလေသည်။
"ပျောက်ကွယ်သွားတယ် ဟုတ်လား"
"ဟုတ်တယ်။ ဒါက ဆဌမကောင်းကင်ဘုံရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုပဲ။ အရင် လနတ်ဘုရားအရှင်သခင်က သေဆုံးသွားပြီး တစ်ခုတည်းသောနန်းတော်ထဲမှာ ဝိညာဉ်တစ်ခု ဖြစ်သွားတယ်လို့ ကောလာဟလတွေ ရှိပေမယ့် အဲဒါတွေက ကောလာဟလတွေပါပဲ"
"မင်းရဲ့ ဆရာ ရွမ်ယူချမ်း အကြောင်း ပြောရရင်တော့... သူက အရင် လနတ်ဘုရားအရှင်သခင်ရဲ့ အစေခံ ဖြစ်နိုင်တယ်လို့ ငါ သံသယရှိမိတယ်"
ထိုစဉ်က အရင် လနတ်ဘုရားအရှင်သခင် ပျောက်ကွယ်သွားချိန်တွင် သူမ၏ အစေခံလည်း ပျောက်ကွယ်သွားခဲ့၏။
ရွမ်ယူချမ်းနှင့် အရင် လနတ်ဘုရားအရှင်သခင်တို့မှာ တစ်ဦးတည်း ဖြစ်နိုင်လိမ့်မည်ဟု တော့ လပန်းကောင်းကင်ဘုံအရှင် မထင်ပေ။
"အင်အားကြီးမားတဲ့ လနတ်ဘုရားအရှင်သခင်က ပျောက်ကွယ်သွားပြီးမှ တစ်ခြားတစ်ယောက်ရဲ့ ဆရာအဖြစ် ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာမှာလဲ"
"ဒါကြောင့် ရွမ်ယူချမ်းက အရင်လနတ်ဘုရားအရှင်သခင်ရဲ့ အစေခံ ဖြစ်နိုင်ခြေ ပိုများပြီး နာမည်ကလည်း အတု ဖြစ်နိုင်တယ်"
ယခင် လနတ်ဘုရားအရှင်သခင်သည် မဟာ မူလသဘောတရား အဆင့်ရှိသူ ဖြစ်သော်လည်း မူလသဘောတရားကိုတော့ နားလည်ထားခြင်း မရှိပေ။
ကျိယွမ်သည် ဤအချက်အလက်များကို ရှုပ်ထွေးသော ခံစားချက်များဖြင့် နားထောင်နေ၏။
သူ့ဆရာနှင့် ပတ်သက်ပြီး ခိုင်မာသော သတင်းအစအန ယခုထိ မရသေးပေ။
အမှန်စင်စစ် သူသည် စိုးရိမ်နေသလို အတွေးမျိုးစုံလည်း ဝင်နေလေသည်။
ငါ ဆဌမကောင်းကင်ဘုံကို ရောက်လာပြီး လနန်းတော်ကလူတွေနဲ့ တွေ့ခဲ့တယ်။
တကယ်လို့ ငါ့ဆရာသာ ဒီမှာ ရှိနေမယ်ဆိုရင် သူမ ငါ့ဆီ သေချာပေါက် လာတွေ့မှာပဲ။
သူမ ပိတ်မိနေတာလား။
ဒါမှမဟုတ်... သူမ ထုတ်မပြောနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတာလား။
"မင်း လနန်းတော်နဲ့ ဒီလောက်အထိ ပတ်သက်မှု ရှိလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး"
လပန်းကောင်းကင်ဘုံအရှင်က မှတ်ချက်ပေးလိုက်၏။
ရုတ်တရက် သူမ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။
သူမသည် လဆုံစည်းခြင်းအကြီးအကဲ နှင့် အခုလေးတင် ဆက်သွယ်လိုက်ခြင်း ဖြစ်၏။
လဆုံစည်းခြင်းအကြီးအကဲက ကျိယွမ် နတ်ဆိုးချောက်နက်မှာ ရှိစဉ်က လကညာကျင်းလီ နှင့် တွေ့ဆုံခဲ့ပုံနှင့် လဆုံစည်းခြင်းကောင်းကင်ဘုံအရှင် နှင့် စကားပြောခဲ့ပုံများကို သူမအား ပြောပြလိုက်လေသည်။
ကျိယွမ်၏ ပြောပြချက်အရ သူသည် မိုလိုကောင်းကင်ဘုံအရှင်ကို နှိမ်နင်းခဲ့ပြီး မိုလိုအသွင်ဖြင့် နတ်ဆိုးချောက်နက်ထဲသို့ ဝင်ရောက်ကာ ကျင်းလီနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်၏။
ဒါဆို လူတိုင်းသိထားတဲ့ မိုလိုကောင်းကင်ဘုံအရှင်ဆိုတာ တကယ်တော့ ကျိယွမ် ဖြစ်နေတာပေါ့။
"မင်း... မင်းက မိုလို ပဲ"
လပန်းကောင်းကင်ဘုံအရှင်၏ နှလုံးသားမှာ တုန်လှုပ်သွား၏ ။ထို့နောက် သူမ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားလေသည်။
ကျိယွမ်သည် သူ၏လျှို့ဝှက်ချက် ပေါ်သွားသည်ကို မအံ့သြပါ။
သူကလည်း အတော်များများ ထုတ်ပြောလိုက်ပြီ ဖြစ်သဖြင့် လပန်းကောင်းကင်ဘုံအရှင်အနေဖြင့် ၄င်းကို မသိလျှင် အတော်လေး ဦးနှောက်နည်းသူ ဖြစ်လိမ့်မည်။
"ဒါကို လျှို့ဝှက်ထားပေးမယ်လို့ မျှော်လင့်ပါတယ်"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
သူ၏စကားကို ကြားသောအခါ လပန်းကောင်းကင်ဘုံအရှင်က ပိုပြီး အတည်ပြုနိုင်သွားလေသည်။
မူလက လနန်းတော်နှင့် ရန်ဖြစ်နေသော မိုလိုမျိုးနွယ်စုတွင် မိုလိုကောင်းကင်ဘုံအရှင် ပေါ်ထွက်လာခြင်းမှာ လနန်းတော်အတွက် ဘေးဒုက္ခတစ်ခုဖြစ်၏။
ယခုမူ မိုလိုသည် တကယ်တော့ ကျိယွမ် သို့မဟုတ် သွေးဝတ်စုံဖြစ်နေပြီး သူသည် အရင်လနတ်ဘုရားအရှင်သခင်နှင့် ပတ်သက်နေသလို လကညာနှင့်လည်း ဆက်နွှယ်နေကြောင်း သိလိုက်ရသဖြင့် သူမ အတော်လေး စိတ်အေးသွားရလေသည်။
မူလသဘောတရားဟောပြောပွဲ စတင်ကတည်းက သူမ မည်သည့် သတင်းကောင်းမျှ မကြားခဲ့ရပေ။
ကြုံခဲ့ရသမျှက လနတ်ဘုရားနန်းတော်အတွက် ကောင်းသောအရာတစ်ခုမှ မရှိပေ။
ယခုလျှို့ဝှက်ချက်ကတော့ သူမအတွက် အကောင်းဆုံး သတင်းပင် ။ သူမ၏ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာ၏။
"မင်း စိုးရိမ်စရာ မလိုပါဘူး။ ငါ ဒါကို ဘယ်သူ့ကိုမှ စကားတစ်လုံးမှ ဟမှာ မဟုတ်ဘူး"
လရောင်ကောင်းကင်ဘုံအရှင်က အသိအမှတ်ပြုသည့် အကြည့်ဖြင့် အာမခံလိုက်လေသည်။
"ကျင်းလီ... အဲဒီကလေးမ၊ လကညာလေးပေါ့၊ ငါ သူ့ကို အရင်က တွေ့ဖူးပါတယ်။ သူ ဒီလောက်အထိ မျက်စိစူးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
လပန်းကောင်းကင်ဘုံအရှင်သည် ပိတ်ကားနောက်မှ ထွက်လာပြီး သူမ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ရှိနေ၏။
"မင်း သူ့ကို ဘယ်တော့ လက်ထပ်ပြီး ကျင့်ကြံဖော် လုပ်မှာလဲ"
"အာ... ကျင်းလီက လကညာ ဖြစ်နေတုန်းပဲလေ။ သူ လနတ်ဘုရားအရှင်သခင်နဲ့ တွေ့ပြီး အဲဒီဘွဲ့ကို စွန့်လွှတ်မှ ကျွန်တော်နဲ့ အတူရှိလို့ ရမှာပါ"
ကျိယွမ်က တည်တည်တံ့တံ့ ရှင်းပြလိုက်၏။
မူလသဘောတရား နှစ်ခုကို နားလည်ပြီးနောက် သူသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိပြီဟု ပိုမို ယုံကြည်လာလေသည်။
ယခင်ကလို ထိုက်ဟွမ်နန်းတော် သို့မဟုတ် မဟာ မူလသဘောတရား အဆင့်ရှိသူကို ရင်ဆိုင်ရလျှင် သေရုံပဲ ရှိတော့သည်ဟု မခံစားရတော့ပေ။
ထို့အပြင် နင်းထောင်နှင့် ကျူးယန်တို့ကလည်း သူ့အတွက် ကြယ်အမြုတေ များကို သန့်စင်ပေးနေကြ၏။
သူ၏ စွမ်းအားမှာ လျင်မြန်စွာ တိုးတက်နေလေသည်။
"ဒါတွေက ကိစ္စအသေးအမွှားတွေပါ"
လပန်းကောင်းကင်ဘုံအရှင်က လက်ခါပြလိုက်၏။
"မင်းသာ ကျင်းလီကို လက်ထပ်ချင်တယ်ဆိုရင် သူ လကညာဘွဲ့ကို ချက်ချင်း စွန့်လွှတ်လို့ ရတယ်"
ထို့နောက် သူမ တစ်စုံတစ်ခုကို စဉ်းစားမိသကဲ့သို့ ထပ်ပြောလိုက်လေသည်။
"ဒါမှမဟုတ် အဲဒီဘွဲ့ကို ဆက်ပြီး ယူထားလို့လည်း ရတာပဲလေ"
---------