အခန်း (၄၅၂-၄၅၃)
Vol. 42 Ch. 452-453
အခန်း ၄၅၂ - ပြုပြင်ပြောင်းလဲရေး
ယန်နတ်ဘုရားနှစ်ပါး၏ ကြယ်တာရာပုံရိပ်ရောင်များသည် "အမျိုးသမီး" ဆိုသော စာလုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
၄င်းမှာ တုန်လှုပ်စရာကောင်းပြီး နားမလည်နိုင်စရာလည်း ဖြစ်နေသည်။
မူလသဘောတရားအဆင့်ရှိ အစွမ်းထက်သော ကျင့်ကြံသူကြီးများပင်လျှင် ဘာဖြစ်နေသည်ကို လုံးဝမသိကြပါ။
"ဒါက ဘာလဲ..."
"ဘယ်လိုအရာမျိုးက ဒါကို ဖန်တီးနိုင်တာလဲ"
ယန်နတ်ဘုရားများသည် အမျိုးမျိုးထင်မြင်ချက်များထုတ်လိုက်ကြပြီး အချိုမှာမူ စိတ်ထဲတွင် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားကြ၏။
အဖြစ်အပျက်မှာ ထူးဆန်းလွန်းပြီး စိတ်ကူးယဉ်ဆန်လွန်းလှသဖြင့် သူတို့၏ နားလည်မှုနှင့် အမြင်အာရုံများကိုပင် ကျော်လွန်နေလေသည်။
ထိုအချိန်တွင် ထူးဆန်းနယ်မြေအတွင်းမှာတော့...။
ကျိယွမ်သည် သူ့ရှေ့ရှိ ပုံရိပ်နှစ်ခုကို ရှုပ်ထွေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
"ယောက်ျားဘဝကနေ နှင်ထုတ်ခံရတာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဘာလို့ အမျိုးသမီးတွေ ဖြစ်သွားရတာလဲ၊ ဒါက ဘယ်လိုဖြစ်တာလဲ"
၄င်းက မမှန်ကန်ပေ။
အရှေ့ဘက်စက်ရုံက မလုပ်နိုင်သောအရာကို အနောက်ဘက်စက်ရုံက လုပ်နိုင်သည်ဆိုသော်လည်း ယောက်ျားဘဝမှ နှင်ထုတ်ခံရခြင်းသည် အမျိုးသမီးဘဝသို့ ကူးပြောင်းခြင်းကို ဆိုလိုခြင်းလော။
တခြားလိင်တွေကော မရှိဘူးလား။
နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်သည် ယခုအခါတွင် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် အမျိုးသမီးဆန်သော စူးရှရှအသံဖြင့် ပြောလိုက်၏။
"နင် ငါ့ကို ဘာလုပ်လိုက်တာလဲ"
သူသည် ကောင်းကင်ဘုံခြောက်ထပ်ကို တုန်လှုပ်စေနိုင်သော မဟာမူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း မိမိ၏ကံကြမ္မာကို ဤမျှလောက် ထိန်းချုပ်မှုမဲ့သွားခြင်းမျိုး တစ်ခါမျှ မကြုံဖူးပေ။
ပီတိကောင်းကင်ဘုံအရှင်အကြောင်း ပြောရလျှင်မူ သူသည် ယခုအခါ မဟာငိုကြွေးခြင်းကောင်းကင်ဘုံအရှင်ဟု ခေါ်ဆိုရမည့်အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
"ခင်ဗျားက ကျွန်တော့်ကို မဟုတ်မမှန် စွပ်စွဲပြီး လူသားတွေရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ဖျက်ဆီးခဲ့တယ်၊ အဲဒါကြောင့် ခင်ဗျားကို ယောက်ျားဘဝကနေ နှင်ထုတ်လိုက်တာလေ၊ နားမလည်ဘူးလား"
ကျိယွမ်က နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်ကို ကြည့်ကာ သတိပေးလိုက်သည်။
"ပြီးတော့ ကျွန်တော့်ကို အသံကျယ်ကျယ်နဲ့ လာမပြောနဲ့၊ ခင်ဗျားက အခု သာမန်အမျိုးသမီးတစ်ယောက်ပဲ "
ကျိယွမ်သည် လက်ရှိအခြေအနေ၏ ကိုယ်ကျင့်တရားစံနှုန်းမှာ ရှုပ်ထွေးလွန်းပြီး ရှင်းရခက်သည်ဟု ခံစားလိုက်ရ၏။
သာမန်အမျိုးသားများပင်လျှင် သူ့ကို အသံကျယ်ကျယ်ဖြင့် မပြောရဲကြပေ။
ကျိယွမ်သည် နတ်ဘုရားသွေးကို စိုက်ကြည့်ရင်း တွေဝေမနေတော့ပေ။
"တကယ်တော့... ခင်ဗျား သေသွားတာက ပိုကောင်းလိမ့်မယ်"
ထူးဆန်းနယ်မြေထဲတွင် နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်၌ ဒဏ္ဍာရီလာအဆင့် တိုက်ခိုက်ရေးစွမ်းရည်သာ ရှိလေ၏။
ကျိယွမ်၏ အစွမ်းဖြင့်ဆိုလျှင် မူလသဘောတရားကို အသုံးမပြုဘဲ သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား စွမ်းရည်ဖြင့်ပင် နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ကျိယွမ်အတွက် ဤထူးဆန်းနယ်မြေမှာ သူ၏ ကိုယ်ပိုင်ကွင်းပြင်ကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ထို့အပြင် ဘိုးဘေးသွေးအတက်ကို ကျင့်ကြံပြီးနောက် သူ၏အစွမ်းမှာ သိသိသာသာ တိုးတက်လာခဲ့ရာ ကျိယွမ်သည် အတိတ်ကကဲ့သို့ မဟုတ်တော့ပါ။
သူက အသက်တစ်ချက်ပြင်းပြင်းရှုပြီး ရှေ့သို့ လှမ်းလိုက်၏။ ခြေလှမ်းလိုက်တိုင်း ဟင်းလင်းပြင်ပင် တုန်လှုပ်ကာ ပြိုကွဲသွား၏။ သူ၏ ရက်စက်လှသော လက်သီးချက်သည် မည်သည့်ကရုဏာမျှမရှိဘဲ ကျဆင်းလာခဲ့သည်။
"ငါ့ရဲ့ မြေအောက်ကမ္ဘာအတွက် မြေဩဇာ ဖြစ်လိုက်တော့"
လက်သီးချက်က အညှာအတာမရှိ ကျရောက်သွား၏။
ကျိယွမ်၏ ကြီးမားသော လက်သီးကြီးမှာ ရုတ်တရက် အနာဂတ်ခေတ်သုံး သွမဏိကြိတ်စက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ ကြီးမားသော ပါးစပ်ကြီးက သံကြိုးများဖြင့် တုပ်နှောင်ခံထားရဆဲဖြစ်သော နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်ကို ဝါးမြိုလိုက်လေသည်။
"အား..."
နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်ထံမှ သနားစရာကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
ကြီးမားလှသော ကျောက်ကြိတ်စက်ကြီး၏ ဓားသွားများက ၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ တစ်စစီ ဖြစ်အောင် ကြိတ်ခြေပစ်လိုက်သည်။
နောက်ဆုံးတွင် ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ မြေဩဇာပုံတစ်ခု ထွက်ပေါ်လာလေသည်။
ပီတိကောင်းကင်ဘုံအရှင်သည် ဘေးတွင်ရပ်ရင်း တံတွေးကို အနိုင်နိုင်မြိုချကာ အလွန်အမင်း ထိတ်လန့်နေ၏။
သူသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး အရာရာကို မြင်တွေ့ဖူးသည်ဟု ထင်ခဲ့သော်လည်း ယနေ့တွင်မူ... သူ၏ သိနားလည်မှုကို ကျော်လွန်သောအရာကို အမှန်တကယ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ကျိယွမ်သည် မြေဩဇာအဖြစ် ပြောင်းလဲသွားသော နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်၏ အကြွင်းအကျန်များကို စိုက်ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်၏။
"မူလသဘောတရားကို စည်းကမ်းမရှိဘဲ သုံးတာက မထင်မှတ်ထားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ပဲ၊ အထူးသဖြင့်... အိပ်ယာထဲက ကိစ္စတွေမှာပေါ့"
ကျိယွမ်သည် ထိုအခြင်းအရာကို တွေးမိကာ ကျောချမ်းသွား၏။
ယခုအချိန်တွင် မူလသဘောတရားကို အသုံးပြုခြင်းမှာ သူ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် မရှိသေးပေ။
တကယ်လို့ မင်္ဂလာဦးညမှာ သူ မှားယွင်းပြီး အသုံးပြုမိပါက မည်ကဲ့သို့သော ကြောက်မက်ဖွယ်ရာများ ဖြစ်ပျက်လာမည်ကို မည်သူသိနိုင်မည်နည်း။
သို့သော် ကျိယွမ်သည် ဤအရာမှာ သူ မူလသဘောတရားကို စတင်နားလည်ကာစသာ ရှိသေးပြီး အပြည့်အဝ မကျွမ်းကျင်သေးသောကြောင့် ဖြစ်ကြောင်းကို သတိရသောအခါ အနည်းငယ်စိတ်အေးသွား၏။
ငါ မကျွမ်းကျင်သေးလို့ပါ ။
သူသာ မဟာမူလသဘောတဖား အဆင့်သို့ ရောက်ရှိသွားပါက ၎င်းကို စိတ်ကြိုက် အသုံးပြုနိုင်ပေလိမ့်မည် ။
နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်ကို ရှင်းလင်းပြီး မြေဩဇာများကို သူ၏မြေအောက်ကမ္ဘာထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် ကျိယွမ်၏ အကြည့်မှာ ပီတိကောင်းကင်ဘုံအရှင်အပေါ်သို့ ကျရောက်သွား၏။
"မင်းအလှည့်ပဲ... အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ၊ မင်းကိုယ်မင်း အဆုံးစီရင်လိုက်စမ်း"
"မလုပ်ပါနဲ့..."
ပီတိကောင်းကင်ဘုံအရှင်သည် ဝိညာဉ်တစ်သောင်းတံခွန်ကို ကိုင်ဆောင်ထားရင်း မျက်လုံးများ နီမြန်းကာ ဖရိုမရဲဖြစ်နေ၏။
ထိုအချိန်မှာပင် ဝိညာဉ်တစ်သောင်းတံခွန်သည် တုန်လှုပ်သွားပြီး ရေတွက်မရနိုင်သော ရန်ငြိုးဖွဲ့ဝိညာဉ်များ ထွက်ပေါ်လာကာ ပီတိကောင်းကင်ဘုံအရှင်၏ လက်မောင်းများကို ဆွဲကိုင်ကြလေသည်။
သူသည် ဂျူရီအဖွဲ့နှင့် တရားသူကြီးများ၏ တုပ်နှောင်မှုကို ခံထားရပြီး ဖြစ်သောကြောင့် ကျိယွမ်၏ မူလသဘောတရား စွမ်းအားအောက်တွင် တွန်းလှန်နိုင်စွမ်း မရှိတော့ပေ။
သူ၏ခန္ဓာကိုယ်မှာ တစ်သောင်းဝိညာဉ်တံခွန်ထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရပြီး အဆုံးမဲ့သော သရဲတစ္ဆေများ၏ တစ်စစီ ဆွဲဖြဲခြင်းကို ခံလိုက်ရလေသည်။
တံခွန်အတွင်းရှိ ရန်ငြိုးဖွဲ့ဝိညာဉ်များ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေ၏။
ဤတစ္ဆေများသည် တစ္ဆေစိုးမိုးကောင်းကင်ဘုံက သတ်ဖြတ်ခဲ့သော ကျင့်ကြံသူများ၏ ဝိညာဉ်များ ဖြစ်ကြပြီး သူတို့၏ အဆီအနှစ်များဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။
ဝိညာဉ်တစ်သောင်းတံခွန်သည် အဆုံးမဲ့သော မကောင်းမှုများနှင့် ပြည့်နှက်နေသည့် အဆုံးစွန်သော မိစ္ဆာအရင်းအမြစ်ဖြစ်သည်ဟုပင် ပြောနိုင်၏။
ထိုတံခွန်တစ်ခုတည်းတွင် ရှိသော အပြစ်မဲ့ဝိညာဉ်များ၏ အရေအတွက်မှာ ကမ္ဘာမြေပေါ်ရှိ လူဦးရေထက်ပင် ပိုမိုများပြားလှသည်။
"နှမြောစရာပဲ... သူက တံခွန် ဝါးမြိုခြင်းကို ခံလိုက်ရလို့ ငါ့မြေအောက်ကမ္ဘာအတွက် မြေဩဇာ ဖြစ်မလာတော့ဘူး"
ကျိယွမ်က ထိုတံခွန်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
သူ၏လက်ကို ဆန့်ထုတ်ကာ ဝိညာဉ်တစ်သောင်းတံခွန်ကို ဖမ်းကိုင်လိုက်သည်။
"ငါ့ဆီ ပြန်လာခဲ့စမ်း... ငါ့ရဲ့ အိမ်မက်ထဲက တံခွန်လေး"
ထိုတံခွန်မှာ ဝိညာဉ်တစ်သောင်းတံခွန်ကြီးမှ ခွဲထွက်လာသော အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။
၎င်း၏စွမ်းအားမှာ မူရင်းတံခွန်၏ ဆယ့်တစ်ပုံ တစ်ပုံသာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ရှိသော ဖန်ဆင်းရှင်အဆင့်လက်နက်ရတနာ တစ်ခုအဖြစ် သတ်မှတ်နိုင်ဆဲပင်။
ဝိညာဉ်တံခွန်သည် တုန်လှုပ်သွားပြီး မဟူရာမြူခိုးများကို မှုတ်ထုတ်လိုက်၏။
ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်ကျွန်များနှင့် အဆုံးမဲ့သောတစ္ဆေအစေခံများသည် ကျိယွမ်ကို စိုက်ကြည့်ကာ သူတို့၏ အရိုးစုလက်ကြီးများကို ဆန့်ထုတ်လျက် တစ္ဆေပင်လယ်ကြီးတစ်ခုကဲ့သို့ အော်ဟစ်ငိုကြွေးနေကြသည်။
သူတို့၏ ပုံသဏ္ဍာန်မှာ မည်မျှပင် ရဲရင့်သောသူကိုမဆို ထိတ်လန့်သွားစေနိုင်၏။
ကျိယွမ်က ၄င်းတို့ကိုကြည့်ကာ အကယ်၍ သူသည် ဤတံခွန်ကို ကမ္ဘာမြေသို့ ပြန်လည်ယူဆောင်သွားပြီး သရဲအိမ်အပန်းဖြေနေရာတစ်ခု ဖွင့်လှစ်ပါက သေချာပေါက် လူကြိုက်များလိမ့်မည်ဟုပင် တွေးလိုက်မိသည်။
ဤတစ္ဆေများသည် တီဗီထဲက သရုပ်ဆောင်များထက် ပို၍ကြောက်စရာကောင်းကာ လက်ခြေများ ရှုပ်ထွေးနေခြင်း သို့မဟုတ် ခေါင်းပုံကြီးများအဖြစ် ထူးဆန်းဆန်းပြားစွာ ပုံပျက်နေကြ၏။
ကျိယွမ်သည် လဝိညာဉ်ကျွန်များကို ကြည့်ရင်း သူ၏ စီမံကိန်းကို သတိရသွားသည်။
သူသည် လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ညင်သာစွာ ပြောလိုက်၏။
"တခြားသူတွေက မင်းတို့ကို ကြောက်ကြလိမ့်မယ်၊ ဒါပေမဲ့ ငါ့အမြင်မှာတော့... မင်းတို့အားလုံးက တကယ်ကို လှပကြပါတယ်"
ကျိယွမ်သည် ဝိညာဉ်တွသောင်းတံခွန်ကို သူ၏ အိမ်မက်ထဲမှ တံခွန်အဖြစ် ပြောင်းလဲရန် သူ၏ ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို စတင်တော့မည် ဖြစ်သည်။
ပထမဆုံးအဆင့်မှာ အတွင်းရှိ ဝိညာဉ်ကျွန်များနှင့် တစ္ဆေများကို ဖြောင့်မတ်သော ဝိညာဉ်များအဖြစ် ပြောင်းလဲပစ်ရန်ပင်။
စတင်ရန်အတွက် ကျိယွမ်သည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းနှင့် အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်းစွမ်းရည်ကို အသုံးပြုကာ တံခွန်ကို စတင်သန့်စင်လိုက်၏။
အတွင်းရှိ ဝိညာဉ်များသည် မကောင်းမှုများစွာကို ပြုလုပ်ခဲ့ကြသော်လည်း သူတို့၏ မူလအခြေအနေမှာ အပြစ်မဲ့သူများ ဖြစ်ကြသည်။
ထို့ကြောင့် ကျိယွမ်သည် သူတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရန် စီစဉ်လိုက်၏။
ဤပြုပြင်ပြောင်းလဲရေးမှာ မူလဖြစ်စဉ်ကို ပြောင်းပြန်လှန်ပစ်မည် ဖြစ်သည်။
မူလဝိညာဉ်တစ်သောင်းတံခွန်က သက်ရှိဝိညာဉ်များကို ဖမ်းဆီးကာ အသိဉာဏ်မရှိသော ရက်စက်သည့် တစ္ဆေများအဖြစ် သန့်စင်သကဲ့သို့ ယခုအခါ ကျိယွမ်က သူတို့ကို ဖြောင့်မတ်သော ဝိညာဉ်များအဖြစ် ပြောင်းလဲပစ်မည် ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိယွမ်၏ စကားကို ကြားရသောအခါ သဝိညာဉ်တံခွန်အတွင်းရှိ ဝိညာဉ်များသည် ခဏမျှ ဇဝေဇဝါ ဖြစ်သွားကြပြီး သူတို့၏ ဒေါသတကြီး အော်ဟစ်သံများမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။
၄င်းကို မြင်ရသောအခါ ကျိယွမ်က အမြန် ဆက်ပြောလိုက်၏။
"မင်းတို့ကိုယ်မင်းတို့ အပြစ်မတင်ကြနဲ့၊ မကြောက်ကြနဲ့၊ မရှက်ကြနဲ့၊ ဘယ်သူမှ မွေးရာပါ လူဆိုးမဟုတ်ဘူး၊ တကယ်တော့ မင်းတို့အားလုံးက လှပကြပါတယ်"
သူသည် ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုကဲ့သို့ သူ့ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေများဆီသို့ နှေးကွေးစွာ ချဉ်းကပ်ရင်း ပြောလိုက်၏။
"ဒီကမ္ဘာကြီးက မှောင်မိုက်ခြင်းတွေ၊ ပျက်စီးခြင်းတွေနဲ့ ပြည့်နှက်နေတယ်၊ ကမ္ဘာကြီးကို သန့်စင်ပြီး ငြိမ်းချမ်းမှု ယူဆောင်လာပေးဖို့ မင်းတို့လို ဖြောင့်မတ်တဲ့သူတွေ လိုအပ်တယ်။"
"မင်းတို့က မှောင်မိုက်ခြင်းကို မြင်တွေ့ဖူးလို့ အလင်းရောင်ကို ပိုပြီး တန်ဖိုးထားတတ်ကြမှာပဲ။"
"မင်းတို့မှာ မကောင်းတဲ့ အတွေးတွေရှိရင် ငါ့ကို ပြောပြပါ၊ ငါ ဖျက်ဆီးပေးမယ်"
ကျိယွမ်က ပို၍နီးကပ်စွာ ချဉ်းကပ်လိုက်၏။
မဟာမေ့လျော့ခြင်းစိတ်ကျမ်းကိုလည်း အသက်သွင်းလိုက်သည်။
အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်းစွမ်းရည်ကိုလည်း အသက်သွင်းလိုက်သည်။
ကျိယွမ်၏ ပုံသဏ္ဍာန်မှာ စတင်ပြောင်းလဲသွား၏။
တစ္ဆေများ၏ မျက်လုံးထဲတွင်မူ ယခုအခါ ကျိယွမ်သည် ပုံသဏ္ဍာန်မရှိသော လည်ပတ်နေသည့် သွေးနီရောင်ရိပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။
သူသည် တစ္ဆေအားလုံး၏ ဘုရင် ၊တစ္ဆေများ၏ ဘိုးဘေးကြီးတစ်ဦးနှင့် တူလှသဖြင့် တစ္ဆေများကို ကြောက်ရွံ့တုန်လှုပ်စေကာ အညံခံလိုစိတ် များ ပေါ်ပေါက်လာစေ၏။
သို့သော် ပုံပျက်နေသော သွေးရောင်ပုံရိပ်ကြီးထံမှ သန့်စင်သော အလင်းရောင်များ ဖြာထွက်နေလေသည်။
ဤအရာက အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသော တစ္ဆေများကို ထိတ်လန့်စေရုံတင်မကဘဲ အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားစေ၏။
"ကလေးတို့... လက်တွေကို ဆန့်ထုတ်ပြီး ပိုကောင်းတဲ့ ကမ္ဘာကြီးတစ်ခုကို ငါနဲ့အတူ ဖန်တီးကြရအောင်"
ကျိယွမ်က ကြင်နာတတ်သော ဖခင်တစ်ယောက်ကဲ့သို့ ညင်သာသော မျက်နှာအမူအရာဖြင့် လက်ကို ဆန့်ထုတ်လိုက်၏။
ဝိညာဉ်တစ်သောင်းတံခွန်အတွင်းရှိ အဆုံးမဲ့သော တစ္ဆေများသည် တုန်လှုပ်နေဆဲပင် ဖြစ်သော်လည်း စတင်ပြောင်းလဲလာကြသည်။ သူတို့၏ အနက်ျရာင်မြူခိုးများသည် သန့်စင်သော အလင်းရောင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွား၏။
ကျိယွမ်သည် ဤကဲ့သို့သောအရာများတွင် အတွေ့အကြုံ များစွာ ရှိပါသည်။
အဘယ်ကြောင့်ဆိုသော် သူသည် အတိတ်က သွေးဆာနေသော အငွေ့အသက်များ ရှိသည့် တောက်ပသောဓားကို သန့်စင်သော အလင်းရောင်များ ဖြာထွက်သည့် ဓားအဖြစ် ပြောင်းလဲခဲ့ဖူးသောကြောင့်ပင်။
ယခုအခါ မြူခိုးနက်များကို မြူခိုးအဖြူများအဖြစ် ပြောင်းလဲခြင်းမှာ ထိုမျှလောက် မခက်ခဲလှပေ။
ထိုအခိုက်အတန့်တွင် ဝိညာဉ်တစ်သောင်းတံခွန်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေများသည် တွေဝေနေကြသော်လည်း ကျိယွမ်၏ စကားကြောင့် လွှမ်းမိုးခြင်း ခံလိုက်ရပုံရ၏။ တစ်ဦးပြီးတစ်ဦး သူတို့၏ သရဲလက်ကြီးများကို ဆန့်ထုတ်လိုက်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေတွက်မရနိုင်သော ဖြူဖျော့သည့် လက်ကြီးများသည် ကျိယွမ်ဆီသို့ ဆန့်ထွက်လာကြ၏။
ဦးဆောင်နေသော ဝိညာဉ်ကျွန်မှာ အသိဉာဏ်အနည်းငယ် ရှိပုံရသော ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။
၎င်းမှာ အတွင်း၌ ပုန်းအောင်းနေဆဲ ဖြစ်ပြီး ၎င်း၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှမရှိဘဲ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းနှင့် တွေဝေခြင်းများ ပြည့်နှက်နေ၏။
နောက်ဆုံးတွင် ၎င်းသည်လည်း ထိတ်လန့်စွာဖြင့် ၎င်း၏ အမွှေးအမျှင်များ ပြည့်နှက်နေသော အရိုးစုလက်ကြီးကို ဆန့်ထုတ်လိုက်လေသည်။
ကျိယွမ်သည် ဆန့်ထွက်လာသော လက်များကို ကြည့်ကာ ကြင်နာစွာ ပြောလိုက်၏။
"လိမ္မာတဲ့ ကလေးတွေပဲ..."
သို့သော် ထိုအချိန်တွင် ရုတ်တရက် ဦးဆောင်နေသော ဝိညာဉ်ကျွန်၏ လက်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး ကျိယွမ်၏ မျက်နှာကို ရက်စက်စွာ ရိုက်နှက်လိုက်လေသည်။
ဖြတ်...။
ထိုလက်သည် ကျိယွမ်၏ ဝိညာဉ်အရိပ်မျက်နှာကို ထိမှန်သွားပြီး ကျယ်လောင်သော ရိုက်သံတစ်ခု ထွက်ပေါ်လာ၏။
၎င်းသည် ဝိညာဉ်ရိပ်ကို ရိုက်နှက်လိုက်ခြင်း ဖြစ်သည်။
အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်းစွမ်းရည်ဖြင့် ဖန်တီးထားသော ဝိညာဉ်အရိပ်ကို ရိုက်မိသွား၏။
ထိုအသံမှာ ထူးဆန်းနယ်မြေတစ်ခုလုံးတွင် ဟိန်းထွက်သွားလေသည်။
တစ္ဆေအားလုံး တုန်လှုပ်သွားကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ ဟင်းလင်းပြင်ထဲတွင် ရပ်တန့်သွား၏။
အော်ဟစ်ငိုကြွေးသံများအားလုံး ရပ်စဲသွားခဲ့သည်။
ထို့နောက် ရွှင်မြူးတက်ကြွပြီး နောက်ပြောင်တတ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"အိုး... မင်းက ငါ့ရဲ့ မျက်နှာလေးကို ထိလိုက်တာပဲ"
ထိုဝိညာဉ်ပုံရိပ်ကြီးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ရှက်သွေးဖြန်းနေသကဲ့သို့ပင် အသံထွက်လာ၏။
ဤအရာကို မြင်ရသောအခါ တစ္ဆေများသည် စိတ်အေးသွားကြပုံရ၏ သို့မဟုတ် ကျိယွမ်၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းလည်း ဖြစ်နိုင်သည်။
သူတို့ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများသည် တောက်ပသော အလင်းဖြူများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြ၏။
ထိုအခိုက်အတန့်တွင် ကျိယွမ်သည် ဦးဆောင်နေသော ဝိညာဉ်ကျွန်ဆီသို့ ချဉ်းကပ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ကြင်နာနေဆဲပင် ဖြစ်သည်။
"မင်းက တကယ်ကို သတ္တိရှိတာပဲ၊ ငါ့မျက်နှာလေးကို ထိရဲတယ်ပေါ့၊ ကောင်းပြီ... ငါလည်း မင်းကို ပြန်ထိပေးမယ်"
ဦးဆောင်နေသော ဝိညာဉ်ကျွန်သည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် ဒေါသတကြီးနှင့် ကြောက်ရွံ့စွာ အော်ဟစ်လိုက်၏။
"မင်းက ပျော်လွန်းလို့ အော်ဟစ်နေတာပဲ၊ ငါ့ကို ကြိုဆိုနေတာလား"
ကျိယွမ်က ညင်သာသော လေသံဖြင့် မေးရင်း ထိုဦးဆောင်နေသော ဝိညာဉ်ကျွန်ကို မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်လေသည်။
"သေချာ လှဲနေစမ်း... ငါ မင်းကို ကောင်းကောင်း နှိပ်ပေးမယ်"
"အို... ကြည့်စမ်း၊ မင်းရဲ့ ကျောရိုးက အဆိပ်မိနေတာပဲ၊ ငါ ဖယ်ရှားပေးမယ်နော်"
"စိတ်လှုပ်ရှားလို့ အသံကျယ်ကျယ်နဲ့ မအော်နဲ့၊ မင်း ပျော်နေတာ ငါသိတယ်"
"လာပါ... ငါလည်း မင်းရဲ့ မျက်နှာလေးကို ထိပြီး လှပတဲ့ မျက်နှာသစ်တစ်ခု လုပ်ပေးမယ်"
ကျိယွမ်သည် ခေါင်းဆောင်ဝိညာဉ်ကျွန်ပေါ်တွင် ထိုင်ကာ ၎င်း၏ မျက်နှာကို ဆွဲဖြဲပစ်လိုက်၏။
၎င်း၏ ကျောရိုးနှင့် အရိုးများကို မှုန့်မှုန့်ညက်ညက် ဖြစ်အောင် ကြိတ်ခြေပစ်လိုက်သည်။
"မင်းရဲ့ အရိုးတွေက မည်းလွန်းနေတယ်၊ ဖြောင့်မတ်တဲ့ အစေခံတစ်ယောက် ဖြစ်ဖို့ မသင့်တော်ဘူး၊ ဒီနေ့ ငါ မင်းကို အရိုးဖြူတွေနဲ့ အလကား လဲလှယ်ပေးမယ်"
ကျိယွမ်သည် သူ၏ ကြီးမားလှသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စတင်လိုက်ပြီး စိတ်ဓာတ်တက်ကြွဖွယ် စကားများကိုလည်း ပြောဆိုရန် မေ့လျော့ခြင်းမရှိပေ။
ကျန်ရှိနေသော တစ္ဆေများသည် ဝေးသောနေရာတွင် ရပ်နေကြပြီး ကျိယွမ်ကို အဝေးမှ လှမ်းကြည့်နေကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။
မဟာမေ့လျော့ခြင်းစိတ်ကျမ်း၏ လွှမ်းမိုးမှုအောက်တွင် အတိတ်က ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်များသည် ရက်စက်ပြီး ကြောက်စရာကောင်းသော ပုံစံများမှ အလင်းဖြူများ ဖြာထွက်နေသော သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားကြ၏။
သူတို့၏ အရိုးစုပုံစံများသည် ယခုအခါ ပွဲလမ်းသဘင်သုံး အနီရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြလေသည်။
သူတို့၏ ရှုပ်ထွေးနေသော လက်ခြေများနှင့် အရိုးပြားများအားလုံးကို လူသားပုံစံအဖြစ် ပြန်လည် တည်ဆောက်ပေးခဲ့၏။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရသော်လည်း ကျိယွမ်သည် ပြုပြင်ပြောင်းလဲပြီးသား တစ္ဆေများကို ကျေနပ်စွာ ကြည့်လိုက်၏။
"ကြည့်စမ်း... သူတို့က လူသားဧကရာဇ်တံခွန်ထဲက ဖြောင့်မတ်တဲ့ ဝိညာဉ်တွေနဲ့ တူမနေဘူးလား၊ အရိုးစုတစ်ခုတောင် မမြင်ရတော့ဘူး"
မိစ္ဆာမျက်လုံးကောင်းကင်ဘုံအရှင်က လှမ်းကြည့်လိုက်၏။
သူသည် အနီရောင် ပန်းပွင့်လေးများ ဆင်ယင်ထားပြီး လည်ပင်းတွင် အနီရောင် ပုဝါကို ပတ်ထားသော အရိုးစုတစ်ခုကို မြင်လိုက်ရသည်။
အခြားသရဲတစ်ကောင်မှာမူ တစ်ကိုယ်လုံး တုန်ရင်နေပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွင်နေကာ မျက်လုံးများမှ လေဆာကဲ့သို့ စူးရှသော အလင်းဖြူများ ထွက်ပေါ်နေ၏။
ဖော်ပြရလျှင်...
အတိတ်က ဝိညာဉ်တစ်သောင်းတံခွန်အတွင်းရှိ သရဲတစ္ဆေများသည် အနောက်တိုင်း သရဲကားဆန်ဆန် ပုံပျက်ပန်းပျက်နှင့် အပ်ကဲ့သို့ စူးရှသော သွားများ ပြည့်နှက်နေသည့် သတ္တဝါများ ဖြစ်ကြသည်။
သို့သော် ယခုအခါတွင်မူ...
သူတို့သည် သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး အပေါ်ယံကြည့်လျှင် လူသားများနှင့် တူလှ၏။
သို့သော် သေချာစွာ စိုက်ကြည့်လိုက်ပါက သူတို့၏ မလှုပ်မယှက် အမူအရာများနှင့် အသက်မဲ့သော မျက်လုံးများမှာ ပို၍ပင် ကျောချမ်းစရာ ကောင်းနေလေသည်။
တကယ်တော့ သူတို့သည် ဥရောပသရဲများအဖြစ်မှ တရုတ်သရဲကားထဲက သရဲများအဖြစ်သို့ ပြောင်းသွားကာ တရုတ်သရဲများနှင့် တူနေတော့၏။
"သူတို့က လူသားတွေနဲ့ တူပါတယ်၊ ဒါပေမဲ့ တစ်ခုခုကြောင့် ပိုပြီးတော့ ကျောချမ်းဖို့ကောင်းနေသလိုပဲ"
မိစ္ဆာမျက်လုံးကောင်းကင်ဘုံအရှင်က တည်ငြိမ်စွာ မှတ်ချက်ချလိုက်၏။
"တကယ်လား"
ကျိယွမ်က သူတို့ကို လှမ်းကြည့်လိုက်သည်။
သူတို့က အမှန်တကယ်ကို ကြောက်စရာကောင်းနေဆဲပင် ။
"ကောင်းပြီ... ဒါက ရှင်းရလွယ်ပါတယ်၊ ငါ သူတို့ကို ချစ်စရာကောင်းတဲ့ မျက်လုံးကြီး အကျိုးသက်ရောက်မှု ပေးလိုက်မယ်"
ကျိယွမ်သည် လက်ကို ဝှေ့ယမ်းကာ မန္တန်တစ်ခု ရွတ်ဆိုလိုက်ပြီး သူတို့အားလုံးကို ချစ်စရာကောင်းသော မျက်လုံးဝိုင်းကြီးများအဖြစ် ပြောင်းလဲပေးလိုက်၏။
ယခုအခါ အတိတ်က ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေများသည် ချစ်စရာကောင်းပြီး အပြစ်မဲ့သော ပုံစံများ ဖြစ်သွားကြလေသည်။
"အခုကော ဘယ်လိုလဲ၊ လူသားဧကရာဇ်တံခွန်ထဲက ဖြောင့်မတ်တဲ့ ဝိညာဉ်တွေနဲ့ တူသွားပြီ မဟုတ်ဘူးလား"
ကျိယွမ်က မေးလိုက်၏။
မိစ္ဆာမျက်လုံးကောင်းကင်ဘုံအရှင်သည် မျက်တောင်ခတ်ကာ ချစ်စရာကောင်းသော အမျိုးသမီးသရဲမလေးတစ်ကောင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော် သူမကို မိန်းမအဖြစ် အိမ်ခေါ်သွားလို့ရမလား"
"တော်စမ်း...."
ကျိယွမ်က သူ့ကို ဘေးသို့ ကန်ထုတ်လိုက်ပြီး သူ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ကျေနပ်နေ၏။
ယခုအခါ ဝိညာဉ်တစ်သောင်းတံခွန်၏ မူလပိုင်ရှင်ကိုယ်တိုင်ပင် သူ၏တစ္ဆေများကို မှတ်မိတော့မည် မဟုတ်ပေ။
"ဒါက အခု ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ပဲ"
"ငါ့ရဲ့ နည်းစနစ်တွေ ပြီးဆုံးသွားတာနဲ့ တစ္ဆေစိုးမိုးကောင်းကင်ဘုံကို ဖျက်ဆီးပြီး ကောင်းကင်စကြာဝဠာကို ပြောင်းပြန်လှန် ၊ မူရင်းတံခွန်ကြီးကို ဝါးမြိုပစ်မယ်၊ အဲဒီအခါ အားလုံးက ငါ့အပိုင် ဖြစ်လာလိမ့်မယ်"
ကျိယွမ်သည် တံခွန်ကို ကိုင်ဆောင်ထားရင်း ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေ၏။
ယခုလုပ်ကြံခံရမှုမှာ တကယ်ကို အကျိုးအမြတ် များပြားလှသည်။
အထူးသဖြင့် လူသားဧကရာဇ်တံခွန်ကို ရရှိခဲ့ခြင်းကြောင့် ကျိယွမ်အတွက် ရှေ့ဆက်ရမည့် လမ်းစဉ်မှာ ပိုမိုရှင်းလင်းသွားခဲ့ပြီး မိမိကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်ရှိသော ဖန်ဆင်းရှင်အဆင့်လက်နက်ရတနာကို ဖန်တီးရန် လမ်းစရရှိခဲ့၏။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၌ တိုက်ခိုက်ရေးစွမ်းရည်ရှိသော ဖန်ဆင်းရှင်အဆင့်လက်နက်ရတနာ မရှိလျှင် ဆဌမကောင်းကင်ဘုံကို စိုးမိုးရန်အတွက် သူသည် မူလသဘောတရားတံခါးအတွင်း၌ နှစ်ပေါင်းသောင်းချီ၊ သို့မဟုတ် သန်းချီ၍ ကျင့်ကြံရမည် ဖြစ်သောကြောင့်ပင်။
ထိုအရာမှာ အချိန်ကြာမြင့်လွန်းလှသည်။
နှစ်ပေါင်းသန်းချီထိကြာနေပါက မည်သူက ကျင့်ကြံနေတော့မည်နည်း။
သူသည် ကမ္ဘာမြေသို့ ပြန်လည်သွားရောက်ကာ နည်းပညာစက်ရုံတစ်ခုတွင် အလုပ်ရှာပြီး တစ်လလျှင် ယွမ် ၃၀၀၀ ရရှိပါက နှစ်ပေါင်းသန်းချီအတွင်း သူ၌ ယွမ် ၃ ဒသမ ၆ ဘီလီယံ ရှိလာလိမ့်မည်ဖြစ်ရာ ချက်ချင်းပင် ငွေကြေးလွတ်လပ်ခွင့်ရရှိပြီး အချမ်းသာဆုံးလူ ၁၀၀ စာရင်းထဲတွင် ပါဝင်နိုင်ပေလိမ့်မည် ။
ထို့ကြောင့် အချိန်များကို အလဟဿမဖြစ်စေရန်နှင့် အချမ်းသာဆုံးလူတစ်ယောက် ဖြစ်လာမည့် အခွင့်အရေးကို လည်း လက်မလွှတ်စေရန်အတွက် တိုက်ခိုက်ရေးစွမ်းရည်ရှိသော ဖန်ဆင်းရှင်အဆင့်လက်နက်ရတနာတစ်ခုကို အာရုံစိုက်ဖန်တီးခြင်းက အကောင်းဆုံး ဖြစ်သည်။
"ပြန်ရမယ့် အချိန်တန်ပြီ"
........
မဟူရာနတ်ဆိုးချောက်အတွင်း၌ ဖြစ်သည်။
သတ်ဖြတ်ခြင်းအငွေ့အသက်များ ဟင်းလင်းပြင်ထဲတွင် ပြည့်နှက်နေ၏။
ဓားနက်၏ ကျော့ရှင်းသော ဝတ်စုံဖြူမှာ သွေးများဖြင့် စွန်းထင်နေသော်လည်း သူ၏အရှိန်အဝါမှာ သမုဒ္ဒရာကဲ့သို့ နက်နဲလှသည်။
"တစ္ဆေစိုးမိုးကောင်းကင်ဘုံက ဓားနက်ကို လုပ်ကြံဖို့ ကြိုးစားရဲတာပဲ... သူတို့ သေသင့်တယ်"
မူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦးက သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်၏။
"တော်သေးတာပေါ့... ငါတို့ရဲ့ ဘိုးဘေးက သူ့ရဲ့ နှလုံးသွေးကို အကုန်ခံပြီး ဓားနက်ကို ကယ်တင်ခဲ့လို့ပဲ"
ဓားနက်သည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး ထူးဆန်းနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ရသော်လည်း ဘိုးဘေးက ဖန်ဆင်းရှင်အဆင့်လက်နက်ရတနာကို အသုံးပြုပြီး ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့်သာ ဓားနက် လွတ်မြောက်ခဲ့ခြင်း ဖြစ်၏။
ဓားနက်၏ ပညာရှိဆန်သော မျက်နှာတွင် မည်သည့်ခံစားချက်မျှ မပေါ်သော်လည်း သူ၏လေသံမှာ ရိုသေမှုများ ပြည့်နှက်နေ၏။
"ဒီအတွက်... ဘိုးဘေးကို ကျေးဇူးတင်ပါတယ်"
သူသည် ဝေးကွာသောနေရာရှိ မဟူရာနတ်ဆိုးတောင်ဆီသို့ ဦးညွှတ်လိုက်လေသည်။
"တကယ်လို့ ဘိုးဘေးသာ မရှိရင်... အဲဒီမူလသဘောတရားအဆင့် ကျင့်ကြံသူနှစ်ယောက်ရဲ့ လက်ချက်နဲ့ အသက်ပျောက်သွားလောက်ပြီ"
မူလသဘောတရားအဆင့် ကျင့်ကြံသူနှစ်ဦး၏ လုပ်ကြံမှုကို ခံခဲ့ရသော်လည်း ဓားနက်၏ လေသံမှာ တည်ငြိမ်နေဆဲပင် ဖြစ်ကာ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ မရှိပေ။
ဘာမှမဖြစ်ပျက်ခဲ့သကဲ့သို့ပင်။
ဘေးတွင်ရှိနေသော အခြားယန်နတ်ဘုရားများသည် ထိုအခြေအနေမှာ မည်မျှအထိ အန္တရာယ်များခဲ့သည်ကို ကောင်းစွာ သိရှိကြ၏။
သူတို့သည်လည်း မူလသဘောတရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ထိုအဆင့်နှင့် သာမန်ယန်နတ်ဘုရားများအကြားရှိ ကြီးမားလှသော ကွာဟချက်ကို ကောင်းစွာ သိကြသည်။
ဓားနက်သည် မူလသဘောတရားကို နားလည်သဘောပေါက်ထားသူ ဖြစ်သော်လည်း ထိုအဆင့်သို့ အပြည့်အဝ မရောက်ရှိသေးပေ။ မူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပါက အသက်ရှုကြိမ်တစ်ကြိမ်စာ တောင့်ခံနိုင်လျှင်ပင် အလွန်အံ့ဩစရာကောင်းလှပြီ ဖြစ်ရာ... အသက်ရှုကြိမ်နှစ်ကြိမ်စာ ဆိုသည်မှာ မတွေးဝံ့စရာပင်။
"ငါ ကြားတာတော့... ညီငယ် သွေးဝတ်စုံလည်း တစ္ဆေစိုးမိုးကောင်းကင်ဘုံရဲ့ လုပ်ကြံမှုကို ခံခဲ့ရတယ်ဆို၊ သူ အခု ဘာဖြစ်သွားပြီလဲ"
ဓားနက်က စိတ်ပျက်အားလျှော့နေသော လေသံဖြင့် မေးလိုက်၏။
သူသည် သွေးဝတ်စုံ အသက်ရှင်သန်နိုင်မှုအပေါ် မျှော်လင့်ချက် သိပ်မရှိပေ။
သွေးဝတ်စုံက သန်မာသည်မှာ မှန်သော်လည်း တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ လုပ်ကြံမှုကို ခံရပါက အသက်ရှင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုစကားကို ကြားရသောအခါ အခြားမူလသဘောတရားအဆင့် ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
နောက်ဆုံးတွင် ပဉ္စမမြောက် အကြီးအကဲက နှေးကွေးစွာ ပြောလိုက်သည်။
"တကယ်တော့... အဲဒီအကြောင်းကို ငါတို့အားလုံးလည်း တကယ်ကို သိချင်နေကြတာ"
"သိချင်နေကြတာ ဟုတ်လား"
"ငါတို့ရရှိထားတဲ့ သတင်းတွေအရ သွေးဝတ်စုံကို သတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေက ပီတိကောင်းကင်ဘုံအရှင်နဲ့ နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်တို့ပဲ"
"နတ်ဘုရားသွေးလား... မူလသဘောတရားအဆင့် ကျင့်ကြံသူပဲ"
ဓားနက် အလွန် အံ့ဩသွား၏။
သူ၏ စိတ်ထဲတွင် သွေးဝတ်စုံ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်မှာ ပို၍ပင် လျော့နည်းသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်မှာ မူလသဘောတရားအဆင့်ရှိ ယန်နတ်ဘုရားတစ်ပါး ဖြစ်သောကြောင့်ပင်။
"ဒါပေမဲ့..အကြောင်းရင်းမသိရဘဲ သူတို့နှစ်ယောက်... သူတို့ရဲ့ ကြယ်တာရာပုံရိပ်ရောင်တွေက 'အမျိုးသမီး' ဆိုတဲ့ စာလုံးအဖြစ် ပြောင်းလဲသွားပြီးတော့... ပေါက်ကွဲသွားခဲ့ကြတယ်"
"ဘာ..." ဓ
ဓားနက်သည် မယုံကြည်နိုင်လောက်အောင်ဖြစ်သွားကာ မျက်တောင်ခတ်ရင်း ဇဝေဇဝါ ဖြစ်သွားရ၏။
ပဉ္စမမြောက် အကြီးအကဲက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော ကြယ်တာရာနယ်မြေအတွင်း၌ ကြယ်တာရာပုံရိပ်ရောင် နှစ်ခုသည် အလင်းများ ဖြာထွက်လျက် လိမ်ပတ်ကွေးကောက်သွားပြီးနောက် ရုတ်တရက် "အမျိုးသမီး" ဆိုသော စာလုံးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရ၏။
ထို့နောက် ၎င်းတို့သည် ပေါက်ကွဲသွားခဲ့ကြသည်။
ထိုမြင်ကွင်းတစ်ခုလုံးမှာ ရှုပ်ထွေးဆန်းပြားပြီး ကျောချမ်းစရာ ကောင်းလှ၏။
ဓားနက်သည် ထိုမြင်ကွင်းကို စိုက်ကြည့်ရင်း ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်... ညီငယ် သွေးဝတ်စုံရဲ့ နောက်ကွယ်မှာလည်း အထက်တန်းကောင်းကင်ဘုံအရှင် တစ်ယောက်ယောက် ရှိနေတာများလား"
အခြားမူလသဘောတရားအဆင့် ကျင့်ကြံသူများသည် မှန်သည် မှားသည် မဖြေနိုင်ဘဲ သူတို့လည်း နက်နဲစွာတွေးနေကြလေသည်။
တကယ်လို့ ဤအရာမှာ သူတို့ နားမလည်နိုင်သောအရာ ဖြစ်ပါက သေချာပေါက် အထက်တန်းကောင်းကင်ဘုံအရှင် တစ်ပါးပါး ပါဝင်နေလေပြီ။
-------------
အခန်း ၄၅၃ - ထိုက်ဟွမ်နန်းတော်၏ ခြိမ်းခြောက်မှု
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ၏ဂူအပြင်ဘက်တွင် ရပ်နေရင်း မျက်နှာအမူအရာမှာ ထူးခြားစွာ ရှုပ်ထွေးနေ၏။
"ဒါက ဘာအဓိပ္ပာယ်လဲ..."
သူသည် တကယ်ကို ဇဝေဇဝါဖြစ်နေရသည်။
ကြယ်တာရာပုံရိပ်ရောင်တစ်ခုက ရုတ်တရက် "အမျိုးသမီး" ဆိုသော စာလုံးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရခြင်းမှာ လုံးဝကို အဓိပ္ပာယ်မရှိပါ။
ကြယ်တာရာပုံရိပ်ရောင်ဆိုသည်မှာ ယန်နတ်ဘုရားတစ်ပါး၏ အဆီအနှစ် ဖြစ်၏။
လုံးဝန်းသောကြယ်တစ်လုံးက အကြောင်းပြချက်မရှိဘဲ "အမျိုးသမီး" ဆိုသော စာလုံးအဖြစ်သို့ ကွေးကောက်ပြောင်းလဲသွားခြင်းမှာ မူလသဘောတရား၏စွမ်းအားပင် ဖြစ်နိုင်ပါ့မလားဟု သူတွေးမိသည်။
ဤကဲ့သို့သောအရာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။
"သွေးဝတ်စုံရဲ့ နောက်ကွယ်မှာ အထက်တန်းကောင်းကင်ဘုံအရှင် တစ်ယောက်ယောက် ရှိနေတာများလား၊ ဒါပေမဲ့ ဘယ်သူဖြစ်မလဲ"
ခရမ်းရောင်ကံကြမ္မာဘိုးဘေး နက်နဲစွာ စဥ်းစားနေ၏။
ထို့နောက် ရုတ်တရက် သူ၏စိတ်ထဲတွင် အရာတစ်ခုကို သတိရသွားသည်။
"ဒါ... လနတ်ဘုရားဘိုးဘေးအရှင် ဖြစ်နေမလား"
"ဒီလက်ရာမျိုးက... သေချာပေါက် လနတ်ဘုရားအရှင်နဲ့ ကိုက်ညီနေတာပဲ"
"ဒါပေမဲ့ လနတ်ဘုရားဘိုးဘေးက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာ မဟုတ်ဘူးလား"
"လင်းယာအသွင်ပြောင်းလဲခြင်း နီးကပ်လာလို့ သူမရဲ့ ဒဏ်ရာတွေ... ပျောက်ကင်းသွားပြီဆိုတာကို တစ်ကမ္ဘာလုံးကို သက်သေပြဖို့အတွက် သူမရဲ့ စွမ်းရည်ကို အခုလို့ တစ်ကွက်ထုတ်ပြလိုက်တာများလား"
"ဒါပဲ ဖြစ်မှာပါ "
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ့ကိုယ်သူ ဖြေသိမ့်လိုက်ရ၏။
ဆဌမကောင်းကင်ဘုံတွင် သွေးဝတ်စုံ၏ဆက်ဆံရေးများမှာ ရိုးရှင်းလှသည်။
သူသည် မိုလိုမျိုးနွယ်စုမှ လာပြီး လကညာကို ချစ်မြတ်နိုးခဲ့သူ ဖြစ်၏။
ထို့ကြောင့် သူသည် လနတ်ဘုရားဘိုးဘေးနှင့် ဆုံတွေ့ခဲ့ဖူးရန် အလွန် ဖြစ်နိုင်ချေ ရှိသည်။
"ဒီကောင်စုတ်လေးက ငါ့ကို အရင်က လကညာကို လက်ထပ်ချင်တယ်လို့ ပြောခဲ့ပြီး... လနတ်ဘုရားနန်းတော်အပေါ် ငါ့ရဲ့ သဘောထားကိုတောင် စမ်းသပ်ခဲ့တာ မဆန်းပါဘူး"
ထိုသို့ တွေးမိသောအခါ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ စိတ်ထဲရှိ ရှုပ်ထွေးမှုများ ပြေလည်သွားလေ၏။
အကယ်၍ လနတ်ဘုရားအရှင်သာ ဝင်ရောက်စွက်ဖက်ခဲ့ပါက သွေးဝတ်စုံမှာ သေချာပေါက် ဘေးကင်းပေလိမ့်မည်
ထိုသို့တွေးမိပြီး သူပို၍ စိတ်အေးသွားရ၏။
"ဒီကောင်စုတ်လေးက ငါ့ကို မဟူရာနတ်ဆိုးတောင်အထိ သွားပြီး သူ့အတွက် အသနားခံခိုင်းလို့ မျက်နှာပျက်ခဲ့ရတယ်၊ သူ ပြန်ရောက်လာတဲ့အခါ သူ့ကို ကောင်းကောင်း ဆုံးမရမယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက မကျေနပ်သလို ရေရွတ်လိုက်သည်။
ထိုအခိုက်မှာပင် ရုတ်တရက် သူသည် တစ်ခုခုကို ခံစားမိလိုက်သဖြင့် သူ၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ပေါ်လာခဲ့သည်။
သူ၏ ပုံသဏ္ဍာန်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
သူ ပြန်လည်ပေါ်လာသောအခါ တယ်လီပို့အစီအရင်၏ အပြင်ဘက်တွင် ရပ်နေခဲ့ပြီ ဖြစ်သည်။
သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးမှာ ခဏမျှ အေးခဲသွားပြီး ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ တည်ငြိမ်သော မျက်နှာအမူအရာ ရှိနေသည့် ကျိယွမ်ကို စိုက်ကြည့်လိုက်၏။
"မင်းက အသက်ရှင်လျက် ပြန်လာနိုင်တာ တကယ်ကို ကံကောင်းတာပဲ"
သူက ဝမ်းမြောက်မှုများ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။
"အူး... အဘိုးကြီး ရေ၊ အပြင်မှာက တကယ်ကို အန္တရာယ်များလွန်းတယ်"
ကျိယွမ်က ထိတ်လန့်နေဆဲ လေသံဖြင့် ခေါင်းယမ်း၏။
"ယောက်ျားအနံ့တွေ အရမ်းထွက်နေတဲ့ ကောင်တွေ အများကြီးပဲ၊ ပြီးတော့ အမျိုးသမီးတွေကို မဟုတ်မမှန် စွပ်စွဲတတ်တဲ့ ပုစွန်ခေါင်း ယောက်ျားတွေလည်း ရှိသေးတယ်၊ သူတို့ကို ကာကွယ်ဖို့က လုံးဝ မလွယ်ဘူး"
နတ်ဘုရားသွေးကောင်းကင်ဘုံအရှင်၏ ရမ္မက်ကြီးသော အကြည့်ကို တွေးမိရုံမျှဖြင့် ကျိယွမ်သည် ဒေါသထွက်လာရ၏။
ထိုအရာ တရားလွန်နှောင့်ယှက်စော်ကားခြင်းပင်။
"ဆဌမကောင်းကင်ဘုံဆိုတာ ကံကောင်းခြင်းတွေချည်း ရှိတဲ့နေရာ မဟုတ်ဘူး၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ၊ အခုတော့ မင်း ဒါကို သဘောပေါက်သွားပြီ ထင်တယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက လေးနက်စွာ ပြောလိုက်၏။
"နောက်ဆိုရင်ကော... မင်းက စိတ်အလိုလိုက်ပြီး ကြိုက်တဲ့နေရာကို လျှောက်သွားရဲဦးမလား"
"အဘိုးကြီး... ခင်ဗျားက အခု 'သားကောင်ကို အပြစ်ပုံချတဲ့' လောဂျစ်ကို သုံးနေတာလား၊ ကျွန်တော်က ဝတ်တာစားတာလေးနည်းနည်းပေါ်သွားရုံနဲ့ သူတို့က စိုက်ကြည့်ပြီး နှောင့်ယှက်နေတာလေ"
"ဟမ့်... ငါက မင်းကို 'ပညာရှိတစ်ယောက်ဟာ ပြိုလဲလုဆဲဆဲ တံတိုင်းအောက်မှာ မရပ်ဘူး' ဆိုတာကိုပဲ ပြောပြတာ"
"အခုအချိန်မှာ လင်းယာအသွင်ပြောင်းလဲခြင်းက နီးကပ်လာပြီ၊ ကြီးမြတ်တဲ့ နတ်ဘုရားနယ်မြေတွေအားလုံးက လှုပ်ရှားလာကြလိမ့်မယ်။ မင်းအနေနဲ့ အိမ်ထဲမှာပဲ ပိုနေသင့်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ကာ ကိုယ်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို မြှင့်တင်ထားရမယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက စေတနာရှေ့ထားကာ အကြံပေးလိုက်၏။
ကျိယွမ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားပြောတာ မှန်တယ်၊ ဒါပေမဲ့... အခုလောလောဆယ်တော့ ကျွန်တော် အပြင်ကို ခဏလောက် သွားဖို့ လိုအပ်တယ်၊ လပန်းကောင်းကင်ဘုံအရှင်က ခွင့်ပြုချက် ပေးထားပြီးပြီ၊ လကညာကို ကျွန်တော့်ရဲ့ သတို့သမီးအဖြစ် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံကို ခေါ်ဆောင်လာဖို့လည်း အတည်ပြုချက် ရခဲ့တယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့၏။
သူ၏ ယူဆချက်များမှာ ပို၍ သေချာလာခဲ့သည်။
အမှန်ပင်... သွေးဝတ်စုံ၏ နောက်ကွယ်တွင် ရှိနေသူမှာ လနတ်ဘုရားအရှင်မှတစ်ပါး အခြားမရှိပေ။
"ဘယ်တော့လဲ"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက မေးလိုက်၏။
"ကျွန်တော် ရက်ကောင်းရက်မြတ် တစ်ရက် ရှာလိုက်ဦးမယ်"
ကျိယွမ်က ခဏစဥ်းစားပြီးမှ ပြန်ပြောလိုက်သည်။
"ဒီတစ်ခါတော့... ငါ မင်းနဲ့အတူ လနတ်ဘုရားနန်းတော်ကို လိုက်ခဲ့မယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးကလည်း တိုက်ရိုက်ပြောလိုက်၏။
ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ထည့်တွက်ပြီး သူသည် ကျိယွမ်နှင့်အတူ လိုက်ပါရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ တံခွန်သခင် ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက အခြားသူများမှာ သူ့ကို အလွယ်တကူ အန္တရာယ်မပြုနိုင်ပေ။
အကယ်၍ တံခွန်သခင်ကိုယ်တိုင် ပေါ်လာခဲ့လျှင်ပင် အလွန်ဆုံး သူ ဒဏ်ရာရရုံသာ ရှိလိမ့်မည်။
ထို့အပြင် တစ္ဆေစိုးမိုးကောင်းကင်ဘုံသည် သွေးဝတ်စုံက အမှန်တကယ် မည်သူဖြစ်သည်ကို နားမလည်ကြသေးသဖြင့် ဓားနက်ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သော အင်အားစုမျိုးကို သွေးဝတ်စုံအတွက် သုံးလိမ့်မည် လည်း မဟုတ်ချေ။
ကျိယွမ်က သေချာစွာ စဉ်းစားပြီးနောက် မေးလိုက်၏။
"ဒါက... မဟူရာနတ်ဆိုးချောက်က ဒီကိစ္စကို ပြဿနာရှာမှာတော့ မဟုတ်ဘူးလား"
ကျိယွမ်သည် အသိဉာဏ်အလွန်ကြီးမားသူ မဟုတ်သော်လည်း မိုက်မဲသူတစ်ယောက်တော့ မဟုတ်ပေ။
ယခုလို လင်းယာအသွင်ပြောင်းလဲခြင်း နီးကပ်လာချိန်တွင် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံ၏ နတ်ဆိုးသားတော်များအနက် တစ်ဦးက လနတ်ဘုရားနန်းတော်မှ လကညာကို လက်ထပ်မည်ဆိုပါက ၎င်းသည် အမျိုးမျိုးသော တွေးတောချက်များကို ဖြစ်ပေါ်စေလိမ့်မည် ။
မဟူရာနတ်ဆိုးချောက်သည် လနတ်ဘုရားနန်းတော်နှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားနေခြင်းလောဟု လူများက သံသယဝင်ကြမှာ အသေအချာပင်။
ထို့အတူ လနတ်ဘုရားနန်းတော်နှင့် တိုက်ခိုက်ခဲ့ဖူးသော မဟူရာနတ်ဆိုးချောက်အတွင်းရှိ အရိပ်ဝိညာဉ်အဖွဲ့ ကဲ့သို့သော အင်အားစုများကလည်း ဝင်ရောက်စွက်ဖက်ရန် ကြိုးစားကြမည့် အခြေအနေကလည်း ရှိနေ၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
"ဒီကိစ္စက... ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရဲ့ ကိုယ်ပိုင်ကိစ္စပဲ၊ အခြားသူတွေက... ဝင်ပြောပိုင်ခွင့် မရှိဘူး"
မကြာသေးမီက သွေးဝတ်စုံအတွက်အကူအညီတောင်းရန် မဟူရာနတ်ဆိုးတောင်သို့ သွားခဲ့သော်လည်း အပြတ်ငြင်းပယ်ခြင်း ခံခဲ့ရသည်။
ထိုအရှင်သခင်နှင့် ပတ်သက်ပြီး ယခုအခါ သူသည် လုံးဝ စိတ်ပျက်သွားခဲ့လေပြီ ။
သူသည် မဟူရာနတ်ဆိုးချောက်အတွက် နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုထမ်းခဲ့၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် မဟူရာနတ်ဆိုးချောက်အတွက် အန္တရာယ်များလှသော အခြားကမ္ဘာများသို့ပင် ခုနစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ဖူးပြီး၊ မျိုးနွယ်ခြားများကို တိုက်ခိုက်ကာ မဟူရာနတ်ဆိုးဘိုးဘေးသွေး ကို ပြန်လည်ရယူပြီး ဘိုးဘေးတို့၏ မြေပြင်အတွင်းသို့ အပ်နှံပေးခဲ့သည်။
ဓားနက်အတွက် လမ်းခင်းပေးရန် သူသည် မိမိ၏ သက်စောင့်အားအင်များကို လေးကြိမ်တိုင်တိုင် အကုန်ခံကာ မဟာသွေးဆေးလုံးများကို ဖော်စပ်ပေးခဲ့ဖူး၏။
အခြားအရာများကိုတော့ ပြောမနေတော့ပေ။
သို့သော် သွေးဝတ်စုံအတွက် သူ၏ အရှင်သခင်ထံမှ အကူအညီတောင်းခံသောအခါ ထိုအရှင်သခင်က သူ့ကို တွေ့ဆုံရန်ပင် ငြင်းဆန်ခဲ့သည်။
အတွင်းစိတ်ထဲတွင် ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။
"ကျွန်တော့်ကို ကူညီတာက ခင်ဗျားကို
ပြဿနာတော့ မတတ်လောက်ဘူးမှတ်လား"
ကျိယွမ်က ဂရုတစိုက် မေးလိုက်သည်။ သူသည် စိတ်ခံစားမှုဆိုင်ရာ အိုင်ကျူ မြင့်မားသူပီပီ ထပ်ပြောလိုက်၏။
"ခင်ဗျားနဲ့ မဟူရာနတ်ဆိုးချောက်ရဲ့ အရှင်သခင်တို့ အဆင်မပြေကြဘူးလို့လည်း ကျွန်တော် ကြားဖူးတယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးနှင့် မဟူရာနတ်ဆိုးချောက်အရှင်သခင်တို့ သဘောထားကွဲလွဲနေခြင်းမှာ အထက်တန်းအလွှာကြားတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
ကောလာဟလများစွာ ရှိပြီး အချို့မှာ အချက်အလက်များဖြစ်ကာ အများစုမှာ အလွန်ထူးဆန်းလှ၏။
ဥပမာအားဖြင့် မဟူရာနတ်ဆိုးချောက်အရှင်သခင်သည် လူငယ်လေးများကို နှစ်သက်တတ်ပြီး တစ်ကြိမ်တွင် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို လူအများရှေ့တွင် ပိုးပန်းခဲ့ဖူးသော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်ဟူသော ကောလာဟလမျိုးပင် ရှိသည်။
ထို့ပြင် ပို၍ ထူးဆန်းသော ကောလာဟလတစ်ခုမှာ ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ၏ အရှင်သခင်၏ ဇနီးကို ချစ်မိသွားခဲ့သည် ဟူ၍ ဖြစ်သည်။ သူသည် သူမကို ဆေးခတ်ခဲ့သော်လည်း နိုးလာသောအခါတွင်မူ မှားယွင်းပြီး သူမနှင့်မဟုတ်ဘဲ မဟူရာနတ်ဆိုးချောက်အရှင်သခင်နှင့် အတူအိပ်မိသွားခဲ့သည်ကို တွေ့လိုက်ရသည်ဟုလည်း ဆိုကြ၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာအမူအရာမှာ အတိတ်က အမှတ်တရများ ပြန်လည်ပေါ်လာသဖြင့် ရှုပ်ထွေးသွားခဲ့သည်။
"ဒါက မတူညီတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ ရှိကြလို့ပါ၊ ငါတို့ လမ်းစဉ်ချင်း မတူတော့ဘူး"
"ဒါတွေက ကိစ္စအသေးအဖွဲတွေပဲ၊ တကယ်လို့ ငါက မင်းရဲ့ မင်္ဂလာဆောင်ကိုတောင် အကြီးအကဲအဖြစ် မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ငါ မဟူရာနတ်ဆိုးချောက်ကနေ လုံးဝ ထွက်ခွာလိုက်တာက ပိုကောင်းလိမ့်မယ်"
"ဒါတင်မကသေးဘူး..."
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်လုံးများထဲတွင် ပြုံးရောင်သန်းကာ တောက်ပသွား၏။
"မင်းပဲ အရင်က 'လွတ်လပ်တဲ့ အိမ်ထောင်ရေး' ကို ယုံကြည်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ မင်းမင်္ဂလာဆောင်ကို ဘယ်သူက ဂရုစိုက်မှာလဲ၊ တကယ်လို့ တစ်ယောက်ယောက်က ပြဿနာရှာရင် သူတို့ကို ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံကို မလာခိုင်းနဲ့ပေါ့"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် စိတ်ပိုင်းဖြတ်လိုက်ပြီ ဖြစ်သည်။
သူသည် အတိတ်ကအလွန်အလျှော့ပေးပြီး ပျော့ညံ့ခဲ့ဖူးသည်။
ထို့ကြောင့်ပင် မဟူရာနတ်ဆိုးချောက်အတွင်း၌ သူသည် အမြဲတမ်း ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးပြီး အနစ်နာခံခဲ့ရသော်လည်း အကျိုးအမြတ်များမှာ သူ့ထံသို့ ဘယ်သောအခါမှ ရောက်မလာခဲ့ပေ။
မကြာသေးမီက မဟူရာနတ်ဆိုးချောက်အရှင်သခင်ထံမှ အကူအညီတောင်းခံရာတွင် ငြင်းပယ်ခံရခြင်းက သူ၏ စိတ်ထဲရှိ နောက်ဆုံးသော သံယောဇဉ်ကြိုးကို ဖြတ်တောက်လိုက်သလိုပင်။
သူသည် ကျန်ရှိနေသော သံယောဇဉ် သို့မဟုတ် သစ္စာရှိမှုများကို လုံးဝ ငြှိမ်းသတ်ပစ်လိုက်ပြီ ဖြစ်၏။
ယခုအချိန်မှစ၍ သူသည် မဟူရာနတ်ဆိုးချောက်နှင့် မည်သည့်ပတ်သက်မှုမျှ ရှိတော့မည်မဟုတ်ပေ။ နောက်ထပ် မိုလိုမျိုးနွယ်စုတစ်ခု ဖြစ်လာရမည်ဆိုလျှင်ပင် ဂရုမစိုက်တော့ပေ။
"ခင်ဗျားပြောတာ မှန်တယ် အဘိုးကြီး ရေ"
ကျိယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်၏။
ထို့နောက် သူက တစ်ခုခုကို သတိရသွားသည်။
"ဒါနဲ့... အဘိုးကြီး၊ ခင်ဗျားဆီမှာ မဟူရာနတ်ဆိုးဘိုးဘေးသွေး ကျန်သေးလား၊ကျွန်တော် အဲဒါကို တကယ် လိုအပ်နေလို့"
ဘိုးဘေးသွေးအတတ်ပညာ၏ ဆယ့်တစ်ဆင့်မြောက်သို့ ရောက်ရှိပြီးနောက် ကျိယွမ်သည် မူလသဘောတရား နှီးနှောဖလှယ်ပွဲကြီးကြောင့် အလုပ်ရှုပ်သွားခဲ့ရာ ထိုအတတ်ပညာ၏ တိုးတက်မှုမှာ ရပ်တန့်နေခဲ့လေ၏။
သူသည် ဘိုးဘေးသွေးအတတ်ပညာကို မြှင့်တင်ရန် အလွန်အာရုံစိုက်ထားသည်။
ထိုအတတ်ပညာသည် သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ကျင့်ကြံမှုကို တိုးတက်စေနိုင်သောကြောင့် အလွန်အရေးပါ၏။
ယခုအခါ သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ကျင့်ကြံမှုမှာ မူလသဘောတရား အဆင့်ရှိသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
လင်းယာအသွင်ပြောင်းလဲခြင်း နီးကပ်လာသည်နှင့်အမျှ သူသည် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် တိုးတက်ရန် လိုအပ်နေ၏။
တိုက်ခိုက်ရေးစွမ်းရည်ရှိသော နတ်ဘုရားရတနာများမှသည် အမြင့်ဆုံးနည်းစနစ်များ ၊ ထို့နောက် ဘိုးဘေးသွေးအတတ်ပညာအထိ အရာရာကို ရှေ့သို့ တွန်းပို့ရန် လိုအပ်သည်။
"ဟဲဟဲ... မင်း ကံကောင်းတာပဲ ကောင်လေး၊ ငါ့ဆီမှာ အဆင်သင့် ရှိနေတာ အတော်ပဲ၊ ဒါကို လက်ဆောင်အဖြစ် မှတ်လိုက်ပါ"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ရယ်မောရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ မဟူရာနတ်ဆိုးဘိုးဘေးသွေး တစ်ပုလင်း ကျိယွမ်ဆီသို့ ပျံသန်းသွားခဲ့သည်။
အတွင်းစိတ်ထဲတွင်တော့ ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ နှမြောစိတ် အနည်းငယ် ရှိနေ၏။
မဟူရာနတ်ဆိုးဘိုးဘေးသွေးမှာ သူ့လိုလူအတွက်ပင် အလွန် ရှားပါးသောအရာ ဖြစ်လေသည်။
သူကိုယ်တိုင်ပင် တစ်စက်လေးမျှ အလဟဿမဖြစ်စေရန် ဂရုစိုက်ရသည်။
သို့သော် လက်ရှိတွင် သူ၏ ကျင့်ကြံမှုမှာ မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် နောက်ထပ် မူလမိစ္ဆာကပ်ဘေး တစ်ခု ထပ်မံကျရောက်လာပါက သူ တောင့်ခံနိုင်မည် မဟုတ်သောကြောင့် ၎င်းကို ဆက်လက်သန့်စင်ရန် မဝံ့ရဲတော့ပေ။
ကျိယွမ်က မဟူရာနတ်ဆိုးဘိုးဘေးသွေးကို ယူလိုက်ရင်း ဝမ်းသာသွား၏။
"အဘိုးကြီး...ခင်ဗျားက မဆိုးဘူးပဲ၊ ခင်ဗျားသေသွားတဲ့အခါ တမလွန်မှာ အဆင်ပြေမယ့် အလုပ်ကောင်းကောင်းတစ်ခု ရှာပေးရမလား"
"သွားစမ်း....."
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ဒေါသထွက်ကာ အော်ဟစ်လိုက်၏။
သို့သော် သူ၏ မျက်နှာအမူအရာမှာ အတွေးတစ်ခုကြောင့် မှောင်မိုက်သွားခဲ့သည်။
"မင်း ထိုက်ဟွမ်နန်းတော်နဲ့ ရန်ငြိုးရှိနေတာလား"
"အင်းလေ... ဘာလို့လဲ"
ကျိယွမ်ကလည်း ထိမ်ချန်ထားခြင်းမရှိပါ။
နွားချိုမမ သိထားပြီးဖြစ်သောကြောင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးလည်း သိရှိနေခြင်းမှာ ပုံမှန်ပင် ။
"ငါ အခုပဲ သတင်းရတာ ၊ လင်းယာအသွင်ပြောင်းလဲခြင်းကို ထိုက်ဟွမ်နန်းတော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပလိမ့်မယ်ဆိုတာ ကောလာဟလ မဟုတ်ဘူး။"
"ဒီသတင်းကို အထက်တန်းကောင်းကင်ဘုံအရှင် အတော်များများက အတည်ပြုပေးထားကြပြီ"
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ လေသံမှာ တိုးညင်းကာ လေးနက်သွားခဲ့၏။
ဤအရာ၏ နောက်ဆက်တွဲသက်ရောက်မှုများမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဒါက ပြဿနာရှိနိုင်တယ်"
ကျိယွမ်၏ မျက်နှာမှာလည်း လေးနက်သွားခဲ့၏။
"ထိုက်ဟွမ်နန်းတော်က လင်းယာအသွင်ပြောင်းလဲခြင်းကို ထိန်းချုပ်တာက ငါတို့လို မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ"
"တကယ်လို့ ငါတို့က ပါဝင်ဖို့ ငြင်းဆန်ရင် သူတို့က ကြယ်တာရာနယ်မြေတွေကို လှည့်စားပြီး ငါတို့ရဲ့ မူလမိစ္ဆာကပ်ဘေးတွေကို ဖြစ်ပေါ်စေနိုင်တယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ရှင်းပြလိုက်၏။
အတိတ်ကာလက လင်းယာအသွင်ပြောင်းလဲခြင်းတွင် ပါဝင်ရန် ငြင်းဆန်သော မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများသည် မူလမိစ္ဆာကပ်ဘေးများနှင့် ရင်ဆိုင်ရလေ့ ရှိသည်။
သို့သော် ထိုစဉ်က ၎င်းကို တစ်ခုတည်းသောနန်းတော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်၏။
သတ္တမကောင်းကင်ဘုံတွင် တည်ရှိသောကြောင့် တစ်ခုတည်းသောနန်းတော်သည် ဆဌမကောင်းကင်ဘုံအကြောင်းကို နားလည်မှု နည်းပါးလှပြီး အခြားမဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများအတွက် မူလမိစ္ဆာကပ်ဘေးများကို လွယ်ကူစွာ မဖန်တီးနိုင်ခဲ့ချေ။
မဟာမူလသဘောတရားအဆင့် ရှိသူများသည် ၎င်းကို ရှောင်ရှားရန် မိမိကိုယ်ပိုင် နည်းလမ်းများ ရှိကြသည်။
သူတို့သည် သတ်မှတ်ချက်များကို အပြည့်အဝရှောင်လွှဲနိုင်သရွေ့ တစ်ခုတည်းသောနန်းတော်က သူတို့ကို မထိခိုက်နိုင်ပေ။
ရိုးရှင်းစွာ ဖော်ပြရလျှင်... ၂၁ရာစုကမ္ဘာ၏ ဥပဒေစနစ်များနှင့် နှိုင်းယှဉ်ပါက တစ်ခုထည်းသောနန်းတော်သည် "ဥပဒေစိုးမိုးရေး" စနစ်အောက်တွင် လည်ပတ်နေခြင်း ဖြစ်သည်။ စည်းကမ်းများကို တင်းကျပ်စွာ လိုက်နာပြီး လင်းယာအသွင်ပြောင်းလဲခြင်းကို စီမံခန့်ခွဲရန် အသိဉာဏ်ရှိသော AI စနစ်တစ်ခုကို အသုံးပြုထားသည့် ပုံစံပင်။ ထို့ကြောင့် စနစ်၏အလုပ်လုပ်ပုံကို နားလည်သူများက အားနည်းချက်များကို ရှာဖွေ၍ ဘေးဒုက္ခကိုကျော်လွှားနိုင်ကြ၏။
သို့သော် ယခုအခါတွင်မူ ထိုက်ဟွမ်နန်းတော်က ထိန်းချုပ်ထားသဖြင့် ၎င်းသည် "လူသားအုပ်ချုပ်ရေး" သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထို့အခါ ဆုံးဖြတ်ချက်များကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်များအပေါ် အခြေခံပြီး ချမှတ်နိုင်လာ၏။လိုအပ်သလို လျှော့ပေါ့ခြင်း သို့မဟုတ် တင်းကျပ်ခြင်းများ ပြုလုပ်နိုင်ပြီး ဥပဒေအသစ်များ ဖန်တီးခြင်း သို့မဟုတ် အထူးအခွင့်အရေးများ ပေးခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
အကယ်၍ ထိုက်ဟွမ်နန်းတော်က တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားလိုပါက သူတို့သည် မရိုးသားသော နည်းလမ်းများကိုပင် အသုံးပြုကာ "ယန်လက်သီးချက်" ဖြင့် ထိရောက်စွာ ထိုးနှက်နိုင်မည် ဖြစ်၏။
ထို့ကြောင့်ပင် လနတ်ဘုရားနန်းတော်၏ လက်ရှိအခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းနေခြင်းပင်။
ကျိယွမ်သည် ထိုစကားကို ကြားသောအခါ ထိုက်ဟွမ်နန်းတော်၏ ကြီးမားလှသော အာဏာစွမ်းရည်ကို ခံစားလိုက်ရသော်လည်း ကြောက်ရွံ့ခြင်းတော့လမရှိပါ။
"ကျွန်တော် ကုံရှင်းဂြိုဟ်ပေါ်က မိစ္ဆာအရင်းအမြစ်ပင်လယ်ထဲကိုတောင် သွားခဲ့ဖူးတာပဲ၊ မူလမိစ္ဆာကပ်ဘေးလေးတစ်ခုက ငါ့ကို မခြောက်လှန့်နိုင်ပါဘူး"
"ဒါကြောင့်..."
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ပြောလိုက်သည်။
"မင်း လကညာကို လက်ထပ်ပြီးပေမဲ့ လနတ်ဘုရားနန်းတော်ရဲ့ ကိစ္စတွေမှာ အများကြီး ဝင်မပါနဲ့ဦး။ လောလောဆယ်လည်း ယန်နတ်ဘုရားအဆင့်ကို မတက်လှမ်းနဲ့ဦး။ မင်း ယန်နတ်ဘုရား ဖြစ်မလာသရွေ့ လင်းယာအသွင်ပြောင်းလဲခြင်းက မင်းကို ထိခိုက်နိုင်မှာ မဟုတ်ဘူး"
လင်းယာအသွင်ပြောင်းလဲခြင်းမှာ ယန်နတ်ဘုရားများကိုသာ ပစ်မှတ်ထားခြင်း ဖြစ်၏။
သွေးဝတ်စုံသည် ယန်နတ်ဘုရား ဖြစ်မလာသရွေ့ ဘေးကင်းလိမ့်မည် ဖြစ်သည်။
"စိတ်အေးအေးထားပါ... ကျွန်တော်က ယန်နတ်ဘုရားဖြစ်ဖို့ အဝေးကြီး လိုပါသေးတယ်"
ကျိယွမ်က ယုံကြည်မှုရှိရှိ ပြောလိုက်၏။ သူသည် ခရမ်းရောင်နန်းတော်အဆင့်တွင်သာ ရှိသေးသဖြင့် ယန်နတ်ဘုရားအဆင့်မှာ တကယ်ကို အလှမ်းဝေးနေဆဲ ဖြစ်သည်။
သို့သော် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
"တကယ်လို့ ကျွန်တော် လကညာကို လက်ထပ်ရင် ခင်ဗျားအတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာနိုင်လား၊ ဥပဒေအရ ထိုက်ဟွမ်နန်းတော်က ခင်ဗျားအပေါ် မူလမိစ္ဆာကပ်ဘေး ကျရောက်အောင် လုပ်နိုင်မလား"
"ဒါက ကိစ္စအသေးအဖွဲပဲ၊ ထိုက်ဟွမ်နန်းတော်က ဒီလောက် အရေးမပါတဲ့အရာကို အာရုံစိုက်မှာ မဟုတ်ဘူး။"
"သူတို့က လင်းယာအသွင်ပြောင်းလဲခြင်းကို လက်ခံကျင်းပနေတာ မှန်ပေမဲ့ တရားဝင် စည်းကမ်းချက်တွေကိုတော့ လိုက်နာရဦးမယ်။ တကယ်လို့ သူတို့ မလိုက်နာရင် အခြားအထက်တန်းကောင်းကင်ဘုံအရှင်တွေက သူတို့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။"
"မင်းအနေနဲ့ သူတို့ခေါင်းဆောင်ရဲ့ အဖေကို သတ်တာ၊ ဒါမှမဟုတ် သူ့မျက်နှာကို စော်ကားတာမျိုး မလုပ်သရွေ့တော့ အဆင်ပြေပါတယ်"
"ဒါ့အပြင် ငါ ခရမ်းရောင်ကံကြမ္မာဘိုးဘေးကလည်း သူတို့ အလွယ်တကူ ကစားလို့ရတဲ့သူ မဟုတ်ဘူး"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ယုံကြည်မှုရှိရှိ ပြောလိုက်၏။
မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတိုင်းတွင် မိမိကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိကြသည်။
ထိုက်ဟွမ်နန်းတော်၏ ခေါင်းဆောင်တွင် သူ့ကို သတ်နိုင်သော စွမ်းအားရှိသည်မှာ မှန်သော်လည်း သူသည် အလွယ်တကူ ချေမှုန်းနိုင်သော ပစ်မှတ်လေးတစ်ခုတော့ မဟုတ်ပါ။
ကျိယွမ်သည် ထိုစကားကို ကြားပြီးနောက် စိတ်သက်သာရာရသွား၏။
တော်သေးတာပေါ့... သူ ထိုက်ဟွမ်နန်းတော်ခေါင်းဆောင်၏ အဖေနှင့် တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးချေ။
သူလုပ်ခဲ့သမျှမှာ ထိုခေါင်းဆောင်၏ ကမ္ဘာသုံးထောင်ကို ဖျက်ဆီးပြီး သူ၏ အတိတ်ဘဝသုံးထောင်ကို ချေမှုန်းပစ်ခဲ့ခြင်းသာ ဖြစ်၏။
၄င်းက ကိစ္စအကြီးကြီးတော့ မဟုတ်သဖြင့် သူ့အားအသည်းအသန်ရန်ငြှိုးမထားလောက်ပေ။
"မြန်မြန် ပြန်သွားတော့... မင်း ပျောက်နေတုန်းက ခရမ်းရောင်ကံကြမ္မာတာရွှယ်က တကယ်ကို အပြစ်ရှိသလို ခံစားနေရတာ။ သူက တိမ်မည်းသွေးမြင်းကိုထုတ်ယူပြီး သစ္စာဆိုခဲ့လို့ မင်း ဒီဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာလို့ အမြဲတမ်း ပြောနေတာပဲ"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက လက်ကို ဝှေ့ယမ်းကာ ပျောက်ကွယ်သွားခဲ့၏။
"နွားချိုမမက ငါ့အတွက် အပြစ်ရှိသလို ခံစားနေရတာ ဟုတ်လား"
ကျိယွမ်သည် ဤအရာကို ထူးဆန်းသည်ဟု ခံစားရသဖြင့် သူမကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
ကျိယွမ်သည် နွားချိုမမက တစ်နေရာတွင် ထိုင်ရင်း မျက်ရည်များ စီးကျလျက် ဟော့ပေါ့စားနေသည်ကို စိုက်ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားရ၏။
သူမ ပါးစပ်ကို ဟလိုက်ပြီး မှိုများက ဟော့ပေါ့အိုးထဲသို့ လိမ့်ကျသွားသည်ကို သူ မြင်လိုက်ရသည်။
မှန်ပါသည်... ပါဝင်ပစ္စည်းများမှာ သူမ၏ ပါးစပ်ထဲမှ ထွက်လာခြင်း ဖြစ်၏။
"ဟင်... သွေးဝတ်စုံ.."
သူမက ကျိယွမ်အား မြင်သောအခါ မျက်ရည်စက်လက်ဖြင့် ဝမ်းသာအားရ
အော်ဟစ်လေတော့သည်။
"နင်...နင်..အဆင်ပြေမယ်ဆိုတာ ငါ သိသားပဲ "
"နင် အသက်ရှင်သေးတာပဲ၊ လာ ...ငါနဲ့အတူ မှိုလေးတွေ စားလိုက်ဦး"
-------