← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း ၃၇ မင်းပိုင်တာက ငါ့ဟာပဲ၊ နဂါးအကြေးခွံ

​"အိုး... ဟုတ်လား... မြောက်ပိုင်းမန်အင်ပါယာက လူတွေက ငါ့ရဲ့ မဟာချင်အင်ပါယာကို အနှောင့်အယှက် ပေးချင်နေကြတာလား..."

​ချင်လော့ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ မြောက်ပိုင်းမန်အင်ပါယာမှ လူများလည်း ပါဝင်ပတ်သက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

​သို့သော် ဤသည်မှာ မြောက်ပိုင်းမန်မှ လူများက သူ့ကို တန်ဖိုးထားသောကြောင့် မဟုတ်ဘဲ သူ၏ အဆင့်အတန်းကို တန်ဖိုးထားသောကြောင့် ဖြစ်နိုင်ပေသည်။

​အကယ်၍ ချန်ကျန့်ရှန်းကသာ ချင်လော့ကို သတ်လိုက်မည်ဆိုပါက သူ့အတွက် မဟာချင်အင်ပါယာတွင် နေရာရှိတော့မည် မဟုတ်ချေ။ ထိုအချိန်ကျလျှင် မြောက်ပိုင်းမန်အင်ပါယာမှ လူများက ချန်ကျန့်ရှန်းကို သူတို့၏ အဖွဲ့အစည်းအတွင်းသို့ ခေါ်ဆောင်ကာ သူတို့လူအဖြစ် ပြောင်းလဲနိုင်ပေသည်။

​ချင်လော့ကို သတ်ဖြတ်ခြင်းက အကျိုးကျေးဇူးများစွာကိုလည်း ရရှိစေပြီး မင်းသားများအကြား တိုက်ပွဲကို တဖြည်းဖြည်း ပြင်းထန်လာစေနိုင်လေသည်။

​မည်သူမျှ အရူးမဟုတ်ကြချေ။ ဤနေရာရှိ အကြောင်းပြချက်ကို ဘယ်သူက မခန့်မှန်းနိုင်ဘဲ နေမည်နည်း။

​ဤလောကတွင် ငြင်းဆို၍မရသော သက်သေအထောက်အထားများ မလိုအပ်ချေ။ လိုအပ်သည်မှာ အကြောင်းပြချက် သို့မဟုတ် ဆင်ခြေတစ်ခုသာ ဖြစ်လေသည်။

​အကယ်၍ တစ်စုံတစ်ယောက်က ဤကိစ္စတွင် မင်းသားများအကြား ပွင့်လင်းပြီး လျှို့ဝှက်သော အာဏာလုပွဲများ ပါဝင်နေကြောင်း သက်သေပြနိုင်မည့် အထောက်အထားများကို ထုတ်ပြမည်ဆိုပါက အခြားမင်းသားများက လဲကျနေသူကို ထပ်မံနင်းချေရန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမည်ပင်။

​ချင်လော့ကို သတ်ရန် မည်သူ့တွင် အကြောင်းပြချက်နှင့် ဆင်ခြေ ရှိသနည်း။ ချင်ဖုန်းတွင် အကြောင်းပြချက်နှင့် ဆင်ခြေ ရှိပြီး ချင်ကျင်းတွင်လည်း အကြောင်းပြချက်နှင့် ဆင်ခြေ ရှိပေ၏။

​သူတို့က နောက်ထပ် ရှင်းလင်းခံရမည့် ပစ်မှတ်များ ဖြစ်လာနိုင်လေသည်။

​မြောက်ပိုင်းမန်အင်ပါယာက မီးလောင်ရာ လေပင့်ပေးခဲ့ရုံသာ ဖြစ်သော်လည်း ကြီးမားသော အကျိုးကျေးဇူးများကို ရိတ်သိမ်းနိုင်ခဲ့၏။

​မြောက်ပိုင်းမန်အင်ပါယာသည် မဟာချင်အင်ပါယာထက် အနည်းငယ် အားနည်းသော်လည်း အများကြီး ကွာခြားမှု မရှိချေ။

​မဟာချင်အင်ပါယာအား အင်ပါယာနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားရခြင်းမှာ ၎င်းကို တည်ထောင်သူသည် မဟာဧကရာဇ် ဖြစ်သောကြောင့်ပင်။ ထိုကဲ့သို့ တန်ခိုးကြီးမားသော ပုဂ္ဂိုလ်မျိုး မြောက်ပိုင်းမန်အင်ပါယာတွင် မည်သည့်အခါကမျှ မပေါ်ထွက်ခဲ့ဖူးချေ။

​သို့တိုင်အောင် ၎င်းက သူတို့ကို မဟာချင်အင်ပါယာ၏ အကြီးမားဆုံးသော ရန်သူများထဲမှ တစ်ခု ဖြစ်လာခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

​"အရှင်မင်းသားကို မြို့တော်နဲ့ အာဏာဗဟိုချက်ကနေ ထွက်သွားအောင် ကြံစည်နေကြတဲ့ တခြားသူတွေလည်း ရှိသေးတယ်လို့ ကျွန်တော် ထင်တယ်..."

​"နယ်စပ်တပ်ဖွဲ့တွေ၊ အထူးသဖြင့် မြောက်ပိုင်းကာကွယ်ရေးတပ်မတော်ကို သွားလို့မရဘူး..." ချန်ကျန့်ရှန်းက လေးနက်စွာ ပြောဆိုလိုက်၏။

​မြောက်ပိုင်းကာကွယ်ရေးတပ်သည် အခြေခံအားဖြင့် မြောက်ပိုင်းကာကွယ်ရေးဘုရင် တစ်ဦးတည်းကသာ ခြယ်လှယ်နေသော နေရာဖြစ်လေသည်။ အကယ်၍ ချင်လော့သာ သွားမည်ဆိုပါက သူ သေချာပေါက် သေဆုံးမည်မဟုတ်သော်လည်း လုံးဝ ဖိနှိပ်ခံရမည်ဖြစ်ပြီး တိုးတက်ရန် အခွင့်အရေး ရရှိမည် မဟုတ်ချေ။

​"ငါ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ ဆီကို သွားမယ်..." ချင်လောက ဆုံးဖြတ်ချက်ချလိုက်၏။

​"တချို့လူတွေက ငါ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ ထဲ ရောက်သွားတာကို သဘောကျလိမ့်မယ်လို့ ငါ ထင်တယ်..."

​"ဒါက ဘဝရဲ့ အမည်းစက်တွေထဲက တစ်ခုပဲလေ..."

​ချင်လော့က လှောင်ပြောင်လိုက်သည်။ အကယ်၍ သူက မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး သို့မဟုတ် မဟာချင်အင်ပါယာ၏ ချင်ဧကရာဇ်ပင် ဖြစ်လာလိုပါက သူ၏ ဘဝမှာအခြားသူများ ဝေဖန်ခြင်းကို လွယ်ကူစွာ ခံရပေလိမ့်မည်။

​သို့သော် ချင်လော့ ဂရုမစိုက်ခဲ့ချေ။ သူ ဂရုစိုက်သော အရာတစ်ခုတည်းသာ ရှိပြီး ၎င်းမှာ အာဏာပင် ဖြစ်လေသည်။

​သူ၏ အမြင်က အခြားမည်သူ့ထက်မဆို ပိုမိုကျယ်ပြန့်လေသည်။ ဤလောကတွင် သူသည် တစ်လောကလုံးနှင့် ရန်သူဖြစ်လာနိုင်ပေ၏။ သေးငယ်သော မဟာချင်အင်ပါယာမှာ သူ၏ ခြေကုပ်ကျောက်တုံးလေး တစ်ခုမျှသာ ဖြစ်လေသည်။

​"ကောင်းပြီ... သွားပြီး စီစဉ်လိုက်တော့..."

​သူ ပြန်ရောက်ပြီးနောက် ချင်လော့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်း ဆိုသည်ကို သေချာစွာ တွေးတောရမည်ဖြစ်ကြောင်း ချန်ကျန့်ရှန်း သိရှိထားပေ၏။ မှန်းဆကြည့်ရလျှင် ချင်ဧကရာဇ်၌ အစီအစဉ်တစ်ခု ရှိထားပြီး ဖြစ်လိမ့်မည်။

​ချင်ဧကရာဇ်က ယခုအချိန်အထိ ချင်လော့ကို ဆင့်ခေါ်ခြင်း မရှိသေးသည့် အချက်က ဤသားတော်ကို သူ အများကြီး တန်ဖိုးမထားကြောင်း ပြသနေလေသည်။

​သေမျိုးတစ်ဦး ဖြစ်ခြင်းနှင့် မာနထောင်လွှားခြင်း နှစ်ခုပေါင်းစပ်လိုက်သောအခါ ချင်လော့တွင် အနာဂတ်မရှိကြောင်း သက်သေပြနေပေ၏။

​ချင်လော့က လင်းရွှမ်၏ ဟင်းလင်းပြင်လက်စွပ်ကို သေချာစွာ ရှာဖွေကြည့်လိုက်ရာ အဆင့်အတော်လေး နိမ့်ကျသော ကျင့်စဉ်အချို့ကိုသာ တွေ့ရှိရလေသည်။

​အတွင်းပိုင်းမှ သံမည်းသေတ္တာတစ်လုံးကို သူ ထုတ်ယူလိုက်ရာ ၎င်းမှာ တံဆိပ်တစ်ခုဖြင့် ချိတ်ပိတ်ထားခြင်း ခံရပေ၏။

​"ဒီအထဲမှာ ပစ္စည်းကောင်းတစ်ခုခု ရှိနေပုံရတယ်..."

​လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ချင်လောက လူသားဧကရာဇ်အလံကို ဆင့်ခေါ်လိုက်ပြီး ၎င်းအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။ ၎င်းက ပြင်ပမှ အာရုံခံနိုင်စွမ်းများကို ကာကွယ်ပေးထားပေသည်။

​ရှီးဟွမ်က ချင်လော၏ဘေးတွင် ပေါ်လာပြီး သူမ၏ အကြည့်က သံမည်းသေတ္တာအပေါ်သို့ ကျရောက်သွားကာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့၏။ "ဒီသံနက်သေတ္တာထဲမှာ ထူးခြားတဲ့ အရာတစ်ခုခုကို ချိတ်ပိတ်ထားပုံရတယ်..."

​"အန္တရာယ်ရှိလား..." ချင်လောက မေးမြန်းလိုက်လေသည်။

​"အဲဒီလောက်တော့ မဆိုးလောက်ပါဘူး..."

​"ဖွင့်ကြည့်လိုက်ရင် မင်း သိသွားမှာပါ..."

​ရှီးဟွမ်က သံနက်သေတ္တာကို စတင်ဖွင့်လိုက်ပြီး ချင်လော့က လုံခြုံသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းရန် အနည်းငယ် နောက်ဆုတ်လိုက်၏။ အသက်အနည်းငယ်ရှူပြီးနောက် ရှီးဟွမ်က သံနက်သေတ္တာကို ဖွင့်လိုက်ရာ အကြေးခွံတစ်ခုက ချင်လော့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့လေသည်။

​"အကြေးခွံလား..." ချင်လောက အနက်ရောင်အလင်းဖြင့် တောက်ပနေသော အကြေးခွံကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ရှိနေခဲ့ပေသည်။

"ဒါပဲလား..."

​"နဂါးအကြေးခွံပဲ..." ရှီးဟွမ်၏ အံ့အားသင့်နေသော အသံ ထွက်ပေါ်လာခဲ့၏။

​"နဂါးအကြေးခွံ ဟုတ်လား..." ချင်လော၏ နှလုံးသား လှုပ်ရှားသွားခဲ့ပြီး ကြွေပုလင်းလေးတစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာလေသည်။ ပုလင်းထဲတွင် နတ်နဂါးသွေးအဆီအနှစ်ရှိနေပေ၏။ ပုလင်းထဲရှိ သွေးနှင့် သူ့ရှေ့ရှိ အကြေးခွံတို့ အချင်းချင်း တုံ့ပြန်နေကြသည်ကို သူ ဝေဝါးစွာ ခံစားလိုက်ရသည်။

​သူတို့က တစ်သားတည်းဖြစ်နေသည့် ဝိညာဉ်များကို မြင်တွေ့လိုက်ရသည့်အလားပင်။ ၎င်းမှာ နဂါးအကြေးခွံဖြစ်ကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်လေပြီ။

​"ဒါက တကယ်ပဲ နဂါးအကြေးခွံ ဖြစ်နေတာပဲ..."

​"ဒီလောကမှာ နတ်နဂါးက တကယ် တည်ရှိခဲ့တာ ဖြစ်ရမယ်..."

​"ဒီနဂါးအကြေးခွံက အရမ်း တန်ဖိုးရှိတယ်... တကယ်လို့ အဲဒါကို သံချပ်ကာအဖြစ် ထုဆစ်နိုင်ရင် အဲဒါက သေချာပေါက် ထိပ်တန်း သူတော်စင်အဆင့် သံချပ်ကာ ဖြစ်လာလိမ့်မယ်..."

​"တကယ်လို့ လက်နက်အဖြစ် ထုဆစ်နိုင်ရင်တော့ ဧကရာဇ်လက်နက် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်..."

​"မင်း တကယ်ပဲ အခွင့်အရေးကြီး ရသွားတာပဲ..."

​ရှီးဟွမ်က ချင်လော့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏။ "လင်းရွှမ်ဆိုတဲ့ အဲဒီကောင်လေးဆီမှာ ဒီရတနာ ရှိနေမှန်း မင်း သိလို့ သူ့ကို တိုက်ခိုက်ပြီး သတ်လိုက်တာလား..."

​"ငါက ဘယ်လိုလုပ် သိမှာလဲ... ငါ့မှာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်တဲ့ အမြင်အာရုံမှ မရှိတာ..." ချင်လောက ပေါ့ပေါ့ပါးပါး ပြန်လည်ဖြေကြားလိုက်လေသည်။

​ဇာတ်လိုက်တိုင်းတွင် ကောင်းကင်ကိုဆန့်ကျင်သော အခွင့်အရေးတစ်ခု ရှိရမည်ဖြစ်ကြောင်းကိုသာ သူ သိရှိခဲ့ခြင်း ဖြစ်ပေ၏။ လင်းရွှမ်လည်း ချွင်းချက် မဟုတ်ခဲ့ချေ။

​ရှီးဟွမ်က ထပ်မံ မေးခွန်းမထုတ်တော့ချေ။ သူမက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ "နဂါးအကြေးခွံတွေက တန်ဖိုးရှိပေမဲ့ အဲဒါတွေကို ထုဆစ်နိုင်တဲ့ လူတစ်ယောက်ကို တစ်လောကလုံးမှာ ရှာတွေ့ဖို့ဆိုတာ အရမ်း ခက်ခဲတယ်..."

​"အခုလောလောဆယ်တော့ ဒီနဂါးအကြေးခွံက မင်းအတွက် သိပ်အသုံးမဝင်သေးဘူး..."

​ချင်လောက ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။ လင်းရွှမ်၏ နဂါးအကြေးခွံတွင် အခြား အသုံးဝင်မှုများ ရှိလိမ့်မည်ဟု သူ အမြဲတမ်း ခံစားရသော်လည်း လောလောဆယ်တွင် မည်သည့်အရာကိုမျှ သူ မစဉ်းစားတတ်တော့ချေ။

​"လင်းရွှမ်... မင်းမှာ ဘာလို့ ဒိုင်ယာရီရေးတဲ့ အကျင့် မရှိတာလဲ..." ချင်လောက မကျေမနပ် ညည်းတွားလိုက်လေသည်။

​"ကောင်းပြီလေ... အခုတော့ လင်းရွှမ်ရဲ့ အမွေအနှစ်ကို ငါ လက်ခံရဦးမယ်..."

​ဒြပ်ငါးပါးဝိညာဉ်ခန္ဓာ၏ မူလအဆီအနှစ်ကို သူ ဝါးမြိုရန်ပင် မစတင်ရသေးချေ။

​ယခုအချိန်က အကောင်းဆုံး အချိန်ပင် ဖြစ်လေသည်။ အပြင်ဘက်တွင် အရာအားလုံး ဖရိုဖရဲ ဖြစ်နေချိန်၌ မိမိ၏ စွမ်းအားကို တိုးမြှင့်ခြင်းက မိမိ၏ အသက်ကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

​"စကားမစပ် မင်းဆီမှာအစွမ်းထက်တဲ့ ဝိညာဉ်ကျင့်စဉ်များ ရှိလား..." ချင်လော့က ရှီးဟွမ်ကို မေးမြန်းလိုက်၏။

​မူလက တော်ဝင်မိသားစု၏ ရတနာတိုက်ကို လုယက်ရန် သူ ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါတွင်မူ အဆင်သင့်ရှိနေသော ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ရှိနေပြီဖြစ်ရာ သူမတွင် ဘယ်လိုလုပ် မရှိဘဲ နေမည်နည်း။

​မဟုတ်လျှင် သူမ၏ ဝိညာဉ်က မည်သို့လုပ်၍ ဤမျှ အချိန်အကြာကြီး တည်ရှိနေနိုင်မည်နည်း။

​"မင်းက ငါ့အကူအညီကို တောင်းနေတာလား..." ရှီးဟွမ်က မာနထောင်လွှားစွာ မေးမြန်းလိုက်လေသည်။

​"ဒါဆိုရင် မင်းက အခြေအနေတစ်ခုကို သဘောတူရလိမ့်မယ်..."

​"အခြေအနေ ဟုတ်လား..."

​"မှန်တယ်... ငါ့ကို တစ်ခုခု ကတိပေးရင် ဒီလောကမှာ အစွမ်းအထက်ဆုံး ဝိညာဉ်ကျင့်စဉ်ကို မင်းကို ငါ ပေးမယ်..."

​ဖြန်း...

​ချင်လောက သူ၏ လက်ထဲတွင် ဝိညာဉ်ရိုက်နှက်ကြာပွတ်ကို ဖန်ဆင်းလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်လေသည်။

​"ဟမ်... ကြည့်ရတာ မင်းရဲ့ နေရာကို မင်း နားမလည်သေးဘူးထင်တယ်... မင်းက ငါ့နဲ့ အပေးအယူ လုပ်ဖို့ ကြိုးစားနေတာလား..."

​"မင်းပိုင်တာတွေက ငါ့ဟာပဲ... ငါပိုင်တာကလည်း ငါ့ဟာပဲ... အခြေအနေ ဟုတ်လား... ဟက်... မင်းကပဲ 'တောင်းဆိုပါတယ်' လို့ပဲ ပြောလို့ရမယ်... နားလည်လား..."

​နောက်ဆုံးတွင် ရှီးဟွမ်က သူမ၏ ကံကြမ္မာကို လက်ခံလိုက်ရပြီး တောင်းပန်လိုက်၏။ "ငါ ပေးမယ်... ငါ ပေးပါ့မယ်... ကျေးဇူးပြုပြီး ငါ့ကို မရိုက်ပါနဲ့တော့... ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး..."

​ချင်လော့က ရှီးဟွမ်ကို သင်ခန်းစာ ပေးနေချိန်၌ လင်းရွှမ်၏ အလောင်းဘေးရှိ လူအချို့က မှုန်ကုပ်သော အကြည့်များ ဖလှယ်လိုက်ကြလေသည်။

​"ပစ္စည်းတွေ ပျောက်သွားပြီ..."

​"အဲဒါ နဂါးအကြေးခွံလေ... အဲဒါက အရေးအကြီးဆုံးပဲ... ဘယ်လိုလုပ်ပြီး ပျောက်သွားရတာလဲ..."

​"ချင်လော့ ယူသွားတာပဲ..."

​"ချင်လော... သူ သေဖို့ ထိုက်တန်တယ်..."

​"အဲဒီပစ္စည်းတွေကို ငါတို့ ပြန်ယူရမယ်... မဟုတ်ရင် ငါတို့ နှစ်ပေါင်းများစွာ စီစဉ်ခဲ့တာတွေ အားလုံးက အလကား ဖြစ်သွားလိမ့်မယ်..."

​"တကယ်လို့ လိုအပ်လာရင် ချင်လော့ကို ငါ ကိုယ်တိုင် သတ်ပစ်မယ်..."

All Chapters