← Chapters

အခန်း (၃၉၆)

Vol. 40 Ch. 396

အခန်း (၃၉၆)

Vol. 40 Ch. 396

အခန်း(၃၉၆) ရှောင်ရွှမ်ကို အရင်ကြည့်ရအောင်

လသာဆောင်တွင်

အကြည့်များက ယခုလေးတင် ပေါ်လာသော လူသုံးယောက်အပေါ် ကျရောက်သွားသည်။ ထိုသုံးယောက်က သာမန်ပုံပေါက်သော်လည်း သူတို့၏ ဝတ်စားဆင်ယင်မှုက အလွန် ထူးဆန်းနေသည်။

တစ်ယောက်က စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူ့ကျောပေါ်တွင် ဓားသေတ္တာကြီး တစ်ခုကို သယ်ဆောင်ထားသည်။ ထိုနေရာတွင် ရပ်နေစဉ် သူသည် အခြားသူများ အနားမကပ်ရဲအောင် လုပ်နိုင်သည့် နတ်ဆိုးဓားတစ်လက်နှင့် တူနေသည်။

အထင်ရှားဆုံးမှာ ခေါင်းတလားတစ်ခုကို သယ်ဆောင်လာသော သာမန်လူငယ်လေးပင်။ သူ့ကျောပေါ်တွင် ရွှေရောင်ခေါင်းတလား တစ်ခု ရှိနေပြီး နဂါးကိုးကောင်မှ ခေါင်းတလားကို ဆွဲနေသည့် ပုံစံဖြင့် အသက်ဝင်လှသော ရွှေနဂါး ကိုးကောင်ကို ထွင်းထုထားသည်။

ရွှေရောင်ခေါင်းတလားသည် ပိတ်ထားဆဲ ဖြစ်သော်လည်း ကျင့်ကြံသူများသည် အတွင်းမှ ဖြာထွက်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို အာရုံခံမိသည်။ သုံးယောက်ထဲမှ နောက်ဆုံးတစ်ယောက်က သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရိုးမျက်နှာဖုံးတစ်ခုကို တပ်ဆင်ကာ မည်သူမည်ဝါဖြစ်ကြောင်း သဲလွန်စများကို ဖုံးကွယ်ထားသဖြင့် သူ့ကို သွေးနတ်ဘုရားဂိုဏ်းမှ ဖြစ်ကြောင်း ဖော်ပြနေသည်။

ထိုကဲ့သို့သော ပြိုင်ဘက်များကြောင့် စောင့်ကြည့်နေသူများ သက်ပြင်းချလိုက်မိကြသည်။ အကြီးအကဲများက လေးနက်သော လေသံဖြင့် ပြောသည်။

“ရှီးမျိုးနွယ်စုက ဘယ်လို စေ့စပ်ထားသူမျိုးတွေကို ရွေးချယ်ခဲ့လို့ မြင့်မြတ်နယ်မြေ သုံးခုဆီက တပည့်တွေကိုတောင် ဆွဲဆောင်နိုင်ရတာလဲ။ ဒီတစ်ကြိမ်တော့ ရှီးမျိုးနွယ်စု ကိစ္စတုံးလောက်ပြီ”

“မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက် ဖြစ်ဖြစ် သွေးနတ်ဘုရားဂိုဏ်း ဖြစ်ဖြစ် နတ်ဘုရားဓားမြင့်မြတ်နယ်မြေ ပဲဖြစ်ဖြစ် တစ်ခုတည်းဆိုရင်တောင် ရှီးမျိုးနွယ်စု ခုခံနိုင်စွမ်းထက် ကျော်လွန်နေပြီလေ။ အခု သူတို့က သုံးခုစလုံးနဲ့ ရင်ဆိုင်နေရတာ”

“မြင့်မြတ်နယ်မြေ သုံးခု တင်မကဘူး။ ကောင်းကင်အလောင်းဂိုဏ်း ရဲ့ အမွေဆက်ခံသူ တစ်ယောက်လည်း ပါသေးတယ်။ ရွှေနဂါးခေါင်းတလား ကို သယ်လာတဲ့ အဲဒီ လူငယ်လေးကို ကြည့်လိုက်။ ငါထင်တာ မမှားဘူးဆိုရင် သူက ကောင်းကင်အလောင်းဂိုဏ်း အမွေဆက်ခံသူ ဖြစ်ရမယ်။ မျိုးဆက်တိုင်းမှာ အမွေဆက်ခံသူ တစ်ယောက်ပဲ ရှိပြီး အမွေအနှစ်နဲ့အတူ သူတော်စင်တစ်ပါးက အစောင့်အရှောက်အဖြစ်လိုက်ပါတယ်။ သူ့ရွှေရောင်ခေါင်းတလားထဲမှာ သူတော်စင် အလောင်း တစ်ခု ရှိနေတယ်”

စကားသံများက တိုးညင်းသော်လည်း ကျင့်ကြံသူတိုင်းက အားနည်းသူများ မဟုတ်ကြပေ။ လသာဆောင်ပေါ်ရှိ မည်သည့်အရာကမျှ သူတို့ အာရုံစိုက်မှုမှ မလွတ်ကင်းနိုင်ပေ။ တီးတိုးစကားသံများ သူတို့နားသို့ ပျံ့နှံ့သွားသည်။

“စီနီယာ မြင့်မြတ်နယ်မြေ သုံးခုနဲ့ ကောင်းကင်အလောင်းဂိုဏ်း တပည့်ကို ကျွန်တော်တို့ မှတ်မိပေမဲ့ နတ်ဘုရားဓားမြင့်မြတ်နယ်မြေက ဘယ်သူလဲ”

လူတစ်ယောက်က မေးလိုက်သည်။

“ဓားသေတ္တာကို သယ်ထားတဲ့ လူငယ်လေ။ သူက နတ်ဘုရားဓားမြင့်မြတ်နယ်မြေ ရဲ့ ဓားပျိုးထောင်ခြင်းဌာနကို ကိုယ်စားပြုတာ”

အခြား တစ်ယောက်က ပြန်ဖြေသည်။

၎င်းကို ကြားသောအခါ ရှီးမျိုးနွယ်စုဝင်များသည် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြူဖျော့သွားကြသည်။ ရှီးမျိုးနွယ်စုဘိုးဘေးပင် ချူဖုန်းကို စောင့်ကြည့်နေသည်။ ချူဖုန်း တီးတိုးစကားသံများကို ဂရုမစိုက်ဘဲ ချင်းချင်းဘက်သို့ လှည့်လိုက်သည်။

“ချင်းချင်း ထူးဆန်းတာ တစ်ခုခုကိုသတိထားမိလား”

ချင်းချင်း လေးစားစွာ ပြန်ဖြေသည်။

“ဆရာ ကျောက်ဝူကျိဝိညာဉ်ထဲမှာ မဟာပဏ္ဍိတအဆင့် အကြီးအကဲ တစ်ယောက် ပါနေတာကို မြင်ရတယ်။ သူ့အရှိန်အဝါက ငရဲက်ိုးထပ်မြင့်မြတ်နယ်မြေ ရဲ့ အရှိန်အဝါနဲ့ တူတယ်”

“ကောင်းတယ်။ မင်းရဲ့ ကမ္ဘာပျက်မျက်ဝန်း က ပိုပြီး အဆင့်မြင့်လာတာပဲ”

ချူဖုန်း ချီးကျူးလိုက်သည်။

ရှီးမျိုးနွယ်စုဘိုးဘေး လေသံကို အလျင်အမြန် နှိမ့်ချလိုက်သည်။ “မိတ်ဆွေ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

“မလောပါနဲ့။ အရင်ဆုံး ရှောင်ရွှမ် ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်တာပေါ့။ ပြီးမှ ဆုံးဖြတ်ကြမယ်”

ချူဖုန်း လက်ဖက်ရည်ခွက်ကို ညင်သာစွာ မှုတ်လိုက်ပြီး သက်တောင့်သက်သာ ဖြစ်လို့နေသည်။

စင်မြင့်ထက်တွင် စေ့စပ်ထားသူများသည် အောက်ဘက်ရှိ ယှဉ်ပြိုင်သူများထံ အားကိုးသော အကြည့်များဖြင့် ကြည့်နေကြသည်။ ကမ္ဘာကြီးရှေ့တွင် ချစ်ရသူက သံယောဇဉ်ကို ကြေညာသည်ကို မြင်တွေ့ရခြင်းအား မည်သည့် အမျိုးသမီးက မနှစ်သက်ဘဲ နေမည်နည်း။ သူတို့ ရှီးမျိုးနွယ်စု၏ နာမည်ဂုဏ်သတင်းကို ဂရုမစိုက်ကြပေ။ အချို့က မျိုးနွယ်စု ကျဆင်းသွားခြင်းကိုပင် လိုလားကြသေးသည်။

ရှီးရွှမ် ခြိမ်းခြောက်နေသော မျက်နှာစိမ်းများကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်းတို့ အားလုံးလား”

ထိုကဲ့သို့ သာမန် စကားကြောင်းလေး တစ်ကြောင်းက လူအုပ်ကြီးကြားတွင် တုန်လှုပ်မှု လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။

“အဲဒီ ကောင်လေးက ဘယ်လိုတောင် ရဲတင်းရတာလဲ” ကျင့်ကြံသူများ အော်ဟစ်လိုက်ကြသည်။ ဘုရင်ကျန့်နန်ပင် စိုးရိမ်နေပုံရပြီး စကားပြောရန်ပြင်လိုက်သည်။ မြင့်မြတ်နယ်ယ်မြေ သုံးခုအပြင် သူတော်စင်မျိုးဆက်၏ အမွေဆက်ခံသူ တစ်ဦးဆိုသည်မှာ ရှီးမျိုးနွယ်စု ရန်စသင့်သော အရာများ မဟုတ်သဖြင့် ရှီးရွှမ်ကို အလျှော့ပေးဖို့ အကြံပေးရန် သူ တွေးလိုက်သည်။ သို့သော် ရှီးရွှမ်၏ ယုံကြည်မှု အပြည့်ရှိသော အကြည့်ကို မြင်သောအခါ စကားလုံးများ သူ့ လျှာပေါ်တွင်ပင် ပျောက်ကွယ်သွားသည်။

ခေါင်းတလား သယ်ဆောင်လာသော ကျင့်ကြံသူက အေးစက်စွာ နှာမှုတ်လိုက်သည်။

“ရှီးရွှမ် ငါ မင်းအပေါ်မှာ မကျေနပ်ချက် တစ်ထောင်လောက် ရှိတယ်။ ဒီနေ့ ငါ့ မျိုးနွယ်စုက သေဆုံးသွားတဲ့ လူရာချီ အတွက် မင်းတို့စုံတွဲရဲ့ ခေါင်းတွေကို ယူမယ်။ မင်းမှာ စွမ်းရည် ရှိရင် ငါနဲ့ အရင် လာတိုက်စမ်း”

ရှီးရွှမ် သူ၏ မျက်လုံးများကို မှေးလိုက်ပြီး ကျောက်ကျိရို့ ထံသို့ လှည့်ကာ တုံးတိ မေးလိုက်သည်။

“မင်းက စေ့စပ်ထားတာကို ဖျက်သိမ်းရုံတင် မကဘူး။ အဲဒီ မျိုးနွယ်စုကိုပါ သုတ်သင်ပစ်ခဲ့တာလား”

ကျောက်ကျိရို့ အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ “အစ်ကိုရွှမ် ကျွန်မ တကယ် မလုပ်ဘူး။ အဲဒီ ရန်ငြိုးက ဘိုးဘေးတွေရဲ့ ရန်ကြွေးပါ။ ကျွန်မတို့ ကျောက်မျိုးနွယ်စုက စေ့စပ်ထားတာကို သွားဖျက်ရုံ သက်သက်ပါ။ ကျွန်မတို့ အပိုလုပ်တွေ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ မျိုးနွယ်စုလေးတစ်ခုကို ဖျက်ဆီးပစ်တာက ကျွန်မတို့ ကျောက်မျိုးနွယ်စု အတွက် ဘာအကျိုးအမြတ်များ ရလာမှာလဲ”

“ဆင်ခြေပေးနေတာတွေကို ရပ်လိုက်စမ်း။ ငါ့မိသားစုက က အကြောင်းပြချက် မရှိဘဲ တခြားသူတွေကို ဘယ်တော့မှ ရန်မစဘူး။ မျိုးနွယ်စုကို ဖျက်ဆီးမဲ့ တခြား ဘယ်သူ့ကိုမှ ငါ စဉ်းစားလို့ မရဘူး။ ပြီးတော့ မင်းနဲ့ ငါက သုံးနှစ်နေရင် တိုက်ပွဲဝင်ဖို့ သဘောတူထားခဲ့တယ်လေ။ ဒီနေ့က အဲဒီနေ့ပဲ”

ချူချန်းဟန် စကားပြောလေ ပို၍ ဒေါသထွက်လာလေ ဖြစ်ပြီး သူ့အရှိန်အဝါများက အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။

“ကောင်းပြီလေ။ မင်းတို့ အားလုံး ငါနဲ့ တိုက်ခိုက်ဖို့ အတင်းအကျပ် တောင်းဆိုနေမှတော့ မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ရှီးရွှမ် ရှေ့သို့ ခြေလှမ်းလိုက်၏။ မျက်စိတစ်မှိတ်အတွင်း လသာဆောင်၏ အထက်သို့ ရောက်ရှိသွားကာ အောက်ဘက်ရှိ လူငါးယောက်ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် လူအုပ်ကြီး မှင်တက်သွားကြပြီး ရင်ပြင်တစ်လျှောက် တီးတိုးစကားသံ လှိုင်းလုံးများ ပျံ့နှံ့သွားသည်။

“ရှီးရွှမ် မြင့်မြတ်နယ်မြေလေးခုက တပည့်တွေကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား”

“မြောက်ပိုင်း ချောက်နက် ရဲ့ ထိပ်တန်း ပါရမီရှင် ဖြစ်နေတာလည်း မဆန်းပါဘူး။ ဒီလို ရဲတင်းမှုမျိုးက ပြိုင်ဘက်ကင်းတယ်”

“အကယ်၍ သူသာ ရှီးမျိုးနွယ်စု နဲ့ ဆက်နွှယ်မနေဘူး ဆိုရင် ဒါမှမဟုတ် ဝမ်တောက်ကျောင်းတော်က အင်အားစုတွေ သတိပြုမိတာ မခံရဘူး ဆိုရင် ဒီနေ့ အဖြစ်အပျက်တွေက တခြားနည်းလမ်းနဲ့ ပြီးဆုံးသွားနိုင်တယ်”

ရှီးမျိုးနွယ်စုဘိုးဘေးသည် ချူဖုန်း ထံသို့ လှည့်မေးလိုက်သည်။

“မိတ်ဆွေ၊ ရှီးရွှမ် တကယ်ပဲ ဒီလို လုပ်နိုင်ပါ့မလား”

ချူဖုန်း ပြုံးလိုက်သည်။

“ရှီးမျိုးနွယ်စု ခင်ဗျား ကိုယ့်မိသားစု ပါရမီရှင်ကို ဘာလို့ ယုံကြည်မှု ကင်းမဲ့နေရတာလဲ။ တကယ်လို့ ခင်ဗျား ရှီးရွှမ် ကို သံသယဝင်နေရင်တောင် အနည်းဆုံးတော့ ကျွန်တော့်ကို ယုံကြည်ပါ”

၎င်းကို ကြားသောအခါ ဘိုးဘေး ရုတ်တရက် သက်သာရာရသွားသလို ခံစားလိုက်ရသည်။

ကျောက်ဝူကျိနှင့် အခြားသူများသည် ရှီးရွှမ် သူတို့ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ဆန္ဒရှိနေသည်ကို မြင်သောလည်း အမူအရာမဲ့စွာပင်။ သူတို့ ရှီးရွှမ်၏ သတို့သမီးလောင်းကို လုယူမည့်အပြင် သူ့ကိုကံကြမ္မာကိုပါ လုယူရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့ တညီတညွတ်တည်း ပြောလိုက်ကြသည်။

“မင်းက သေလမ်းရှာနေမှတော့ အများနဲ့ တစ်ယောက် တိုက်ခိုက်ရတယ်ဆိုပြီး ငါတို့ကို အပြစ်မတင်နဲ့”

ထိုသို့ပြောပြီးနောက် လူငါးယောက်သည် ရှေ့သို့ အတူတကွ တိုးလိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံသို့ ပျံတက်သွားကာ ရှီးရွှမ်ကို အရပ်ငါးမျက်နှာမှ ဝိုင်းရံထားလိုက်ကြသည်။

ဓားသမား ကျောပေါ်ရှိ ဓားသေတ္တာ အတွင်းမှ ပြိုင်ဘက်ကင်း နတ်ဆိုးဓားတစ်လက် ထွက်လာပြီး ဓားမြည်သံတစ်ခု ကောင်းကင်ယံကို ဖြတ်ပိုင်းသွားသည်။

၎င်း ထွက်ပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားသည်။ နတ်ဆိုးချီ လှိုင်းလုံးများ မြောက်ပိုင်းချောက်နက်တော်ဝင် မြို့တော် တစ်ခုလုံးကို လွှမ်းခြုံ ဖိနှိပ်ထားလိုက်သည်။

အသက်ရှူကျပ်စေသော အရှိန်အဝါက စောင့်ကြည့်နေသူများ၏ နှလုံးသားများကို တုန်လှုပ်သွားစေသည်။

ရှီးရွှမ် လှောင်ပြောင်လိုက်သည်။

“လုံကျိုက်ယွမ် မင်းက အရိုက်ခံရတဲ့ ခွေးတစ်ကောင်ထက် မပိုဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ မင်း ဒီကို ရောက်လာပြန်ပြီပဲ။ ဒါပေမဲ့ မင်း နတ်ဆိုးဓားတစ်လက်ကို ရလိုက်ရုံ သက်သက်ပါပဲ”

“ဟမ့်”

လုံကျိုက်ယွမ် အေးစက်စွာ နှာမှုတ်လိုက်သည်။

“မင်းကြောင့် ငါ နတ်ဘုရားဓားမြင့်မြတ်နယ်မြေကနေ နှင်ထုတ်ခံခဲ့ရပေမဲ့ မင်းကြောင့်ပဲ ဓားနတ်ဆိုးမဟာပဏ္ဍိတအမွေအနှစ်ကို ဆက်ခံခွင့် ရခဲ့တာပဲ။ ဒီနေ့ မင်းရဲ့ သွေးကို သုံးပြီး ငါ့ ဓားကို ပူဇော်မယ် “

ဓားနတ်ဆိုးမဟာပဏ္ဍိ ဟူသော နာမည်ကြောင့် လူတိုင်း အမူအရာ ပြောင်းလဲသွားကြသည်။

ရှီးမျိုးနွယ်စုဘိုးဘေး တီးတိုးရေရွတ်လိုက်သည်။

‘ဓားနတ်ဆိုးမဟာပဏ္ဍိတ အမွေအနှစ်က နတ်ဘုရားဓားမြင့်မြတ်နယ်မြေ ဖျက်ဆီးတာကို ခံလိုက်ရပြီ မဟုတ်ဘူးလား။ အဲဒါက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်တာလဲ”

ချူဖုန်း ရယ်မောလိုက်သည်။

“မဟာပဏ္ဍိတတစ်ပါးရဲ့ အမွေအနှစ်ကို နတ်ဘုရားဓားမြင့်မြတ်နယ်မြေက ဘယ်လိုလုပ် ဖျက်ဆီးပစ်နိုင်မှာလဲ။ ဒီကောင်လေးက လျှို့ဝှက်လေ့ကျင့်ပေးခံရတာတောင် ဖြစ်နိုင်တယ်။ တိုက်ပွဲက ပိုပြီးတောင် စိတ်ဝင်စားစရာ ကောင်းလာပြီ”

ရှီးရွှမ် ကြောက်ရွံ့မသွားပေ။ သူက လှောင်ပြောင်လိုက်သည်။

“ဒါဆို ဓားနတ်ဆိုးအမွေအနှစ်က မင်းကို သတ္တိတွေ ပေးလိုက်တာပေါ့လေ။ ဒီနေ့ မင်း ဘယ်လောက် အသုံးကျလဲ ဆိုတာကို ကြည့်ရသေးတာပေါ့ “

သူ့အကြည့်က အရိုးမျက်နှာဖုံး တပ်ထားသော သွေးနတ်ဘုရားဂိုဏ်းမှ တပည့်ထံသို့ ရွေ့လျားသွားသည်။

“ရှုဝမ်ထျန်း မင်းရဲ့ မျက်နှာအစစ်ကို မပြတော့ဘူးလား”

ထိုနာမည်ကြောင့် လူအုပ်ကြားတွင် အံ့အားသင့်နေသည့် သက်ပြင်းချသံများ ပြည့်နှက်သွားသည်။ သွေးနတ်ဘုရားဂိုဏ်းတွင် သူတော်စင်တပည့်များ သို့မဟုတ် အမည်ခံတပည့်များသာ ရှုဟူသော အမည်ကို ခံယူခွင့် ရှိသည်။

ရှီးရွှမ်၏ ရဲတင်းမှုက အံ့ဩစရာပင်။

“ရှီးရွှမ် မင်းက ပိုပြီး ရယ်စရာ ကောင်းလာတာပဲ။ ဒါပေမဲ့ ဒီနေ့တော့ ဒီနေရာမှာ ကျဆုံးရလိမ့်မယ်”

ရှုဝမ်ထျန်း စကားပြောရင်း သူ၏ မျက်နှာဖုံးကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်သည်။

သူ့ရုပ်ကို လူအုပ်ကြီး မြင်တွေ့ရသောအခါ ရှီးရွှမ် ၏ စေ့စပ်ထားသူက သူ့ကို ဘာကြောင့် သဘောကျခဲ့သလဲ ဆိုတာကို နောက်ဆုံးတွင် သူတို့ နားလည်သွားကြသည်။ သူ့မျက်နှာအလှတရားက အမျိုးသမီးများထက်ပင် သာလွန်နေသည်။

စေ့စပ်ပွဲ စင်မြင့်ထက်တွင် ထောင်ယောင်ယောင် တို့သည် ရှုဝမ်ထျန်းကို ကြည်နူးစွာ ငေးကြည့်နေကြသည်။ အကယ်၍ သူ သူတို့ကို သေရန် အမိန့်ပေးလျှင်တောင်မှ တုံ့ဆိုင်းမှုမျှ မရှိ လိုက်နာကြမည် ဖြစ်သည်။

ရှီးရွှမ် ပြုံးလိုက်သည်။ “အဲဒီလိုလား။ ဒါဆို မင်းတို့ အားလုံးဆီမှာ ဘယ်လို လှည့်ကွက်တွေ ရှိသလဲ ဆိုတာ ကြည့်ကြတာပေါ့”

All Chapters