← Chapters

အခန်း (၃၉၇)

Vol. 40 Ch. 397

အခန်း (၃၉၇)

Vol. 40 Ch. 397

အခန်း (၃၉၇) မင်းတို့ အနာဂတ်ကို ငါ ကြိုမြင်ပြီးသွားပြီ

“ဒါဆိုလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

သူတို့ငါးယောက်လုံး ပြိုင်တူပြောလိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ မြင့်မြတ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

အလင်းတန်းများ တောက်ပလာပြီး သူတို့ထံမှ စစ်မှန်ကံကြမ္မာအဆင့် အရှိန်အဝါများ ထွက်လာကာ ရှီးရွှမ်ကို လွှမ်းခြုံသွားသည်။

ရှီးရွှမ်သည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လေထဲတွင် ညင်သာစွာ ဆွဲရေးလိုက်သည်။ သူ့လက်ချောင်း လှုပ်ရှားမှုတိုင်းနှင့်အတူ စာလုံးတစ်လုံး မျက်စိရှေ့တွင် တဖြည်းဖြည်း ပုံပေါ်လာသည်။

ကျောက်ဝူကျိနှင့် အခြားသူများသည် ဤမျှ ထူးဆန်းသော နည်းစနစ်မျိုး မမြင်ဖူးပေ။ သို့သော် သူတို့ တိုက်ခိုက်နေကြပြီဖြစ်ရာ သာမန်စာလုံးတစ်လုံးတည်းဖြင့်တော့ နောက်တွန့်သွားမည် မဟုတ်ပေ။

ချူချန်းဟန်၏ မြင့်မြတ်အလင်းတန်းက ရွှေရောင်ခေါင်းတလားထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ အက်ကွဲသံတစ်ချက်နှင့်အတူ ခေါင်းတလားက ပွင့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ စိမ့်ထွက်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

စောင့်ကြည့်နေသူများထဲတွင် ဗဟုသုတပြည့်စုံသော ကျင့်ကြံသူများ ပါဝင်သည်။ ထူးဆန်းသော မြင်ကွင်းကို မြင်သောအခါ သူတို့ အော်ဟစ်လိုက်မိကြသည်။

“ဒါ ဒဏ္ဍာရီလာ မြင့်မြတ်နေမင်းခန္ဓာကိုယ် များလား”

“ဟုတ်လောက်တယ်။ အဲ့လိုခန္ဓာကိုယ်မျိုးမှသာ သူတော်စင်အလောင်းရဲ့ အရှိန်အဝါကို ခံနိုင်ရည်ရှိမှာ။ ကောင်လေးက ကောင်းကင်အလောင်းဂိုဏ်းအတွက် မွေးဖွားလာတာပဲ။ ဒီတစ်ကြိမ်တော့ ရှီးရွှမ် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“…”

လူအုပ်ကြီး တီးတိုးပြောဆိုနေစဉ်

ကျန်လေးယောက်ကလည်း အလျော့မပေးကြပေ။ ရှုဝမ်ထျန်း၏ အနောက်တွင် သွေးနီရောင်နဂါးပုံရိပ်တစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။

“ရှုဝမ်ထျန်းက သူတော်စင်တစ်ပါးရဲ့ တပည့်ဖြစ်ထိုက်တယ်။ သူ သွေးနတ်ဘုရားဂိုဏ်းရဲ့ သွေးနတ်ဘုရားကျမ်းစာကို သင်ယူထားတယ်ဟ။ ဒီနည်းစနစ်ကို အသက်သွင်းလိုက်တာနဲ့ သွေးနတ်ဘုရားပုံရိပ် ပေါ်လာလိမ့်မယ်။ ကျမ်းစာရဲ့ အဆင့်မြင့်လေလေ ပုံရိပ်က ပိုပြီး အသက်ဝင်လေလေပဲ။ အဆင့်(၁၂)ထိ ကျင့်ကြံနိုင်ရင် စစ်မှန်သွေးနတ်ဘုရားကိုတောင် ဆင့်ခေါ်နိုင်တယ်လို့ ပြောကြတယ်”

“နတ်ဘုရားဓားမြင့်မြတ်နယ်မြေက လုံကျိုက်ယွမ်ကလည်း အစွမ်းထက်တာပဲ။ သူ့အရှိန်အဝါကို ကြည့်ရတာ ဓားဆန္ဒကို အသေးစားအောင်မြင်မှုအဆင့်ထိ ကျင့်ကြံထားပုံရတယ်”

“ငါ့ကို အံ့အားအသင့်စေဆုံးက ရွှီအောက်ထျန်းပဲ။ သူ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ အထွတ်အထိပ်လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ကောင်းကင်နတ်ဘုရားအသွင်ပြောင်းခြင်းကို နားလည်ထားတယ်။ သူ့ခန္ဓာကိုယ်ပေါ်က နတ်ဘုရားအလင်းတန်းကို ကြည့်ရင် သိသာတယ်”

၎င်းကိုကြားသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ရွှီအောက်ထျန်းကို ကြည့်လာကြ၏။

သူသည် အစောပိုင်းက ပေါ့ပျက်ပျက်အမူအရာကို လုံးဝဖယ်ရှားလိုက်သည်။ ယခုအခါ အဇူရာနဂါးလှံကို ကိုင်ဆောင်ကာ ပြိုင်ဘက်ကင်းအရှိန်အဝါများကို ထုတ်လွှတ်လျက် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသည်။

နောက်ဆုံးဖြစ်သော ကျောက်ဝူကျိ ယင်နှင့်ယန် အလင်းတန်းများ ဖြာထွက်နေသည့် သူ၏ ဓားရှည်ကို ကိုင်ဆောင်ထားသည်။

“သတ်”

ကျောက်ဝူကျိ၏ မိုးခြိမ််းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူတို့ငါးယောက်လုံး ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။

“ကောင်းကင်အလောင်း မြင့်မြတ်လက်သည်း”

ချူချန်းဟန် အော်ဟစ်လိုက်ပြီး လက်သည်းဖြင့် ရိုက်ချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်မှုသည် သူတော်စင်စွမ်းအားများ ကိန်းအောင်းနေသော ဧရာမလက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်း မကျဆင်းလာမီ ကောင်းကင်ကြီးပင် မှောင်မိုက်သွား၏။

ဤကဲ့သို့စွမ်းအားမျိုးသည် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းပေသည်။

“နတ်ဆိုးကောင်းကင်ခုတ်ပိုင်းခြင်း”

လုံကျိုက်ယွမ် နတ်ဆိုးဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်နှင့်မြေကြီး ပျောက်ကွယ်သွားသည့်အလား ဓားတစ်လက်သာ ကျန်ရစ်တော့သည်။

ဓားချီသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်များဖြင့် ရစ်ပတ်ထားသဖြင့် ထိတ်လန့်စရာပင်။

“စစ်နတ်ဘုရားဖျက်ဆီးခြင်း”

ရွှီအောက်ထျန်း အလျှော့မပေးတော့ပေ။ အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး သူ့လှံက နဂါးတစ်ကောင်ကဲ့သို့ ရှေ့သို့ ထိုးထွက်လာသည်။

“သွေးနဂါးဒေါသ”

ရှုဝမ်ထျန်း၏ အနောက်ရှိ သွေးနဂါးပုံရိပ်က ဟိန်းဟောက်လိုက်သည်။ နဂါးနတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်စွမ်းအားက သူ့လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

“ယင်နှင့်ယန် ဖြတ်တောက်ခြင်း”

ကျောက်ဝူကျိ သူ့ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အခြားလေးယောက်လောက် လွှမ်းမိုးနိုင်စွမ်းမရှိသော်လည်း ထိုတိုက်ခိုက်မှုက ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်သည်။

ဓားအလင်းတန်း ပေါ်လာသည့် အခိုက်တွင် ရှီးရွှမ် မရဏတံခါးဝသို့ ခြေတစ်လှမ်း ကျော်လွန်သွားသည့်အလား။

“ကောင်းတယ်”

ရှီးရွှမ် စကားပြောလိုက်သည်နှင့် သူ့ရှေ့ရှိ ရှေးဟောင်းတာအိုစာလုံး ပျောက်ကွယ်သွား၏။ သူက သေရမည်ကို စောင့်ဆိုင်းနေသည့်အလား မျက်လုံးများကို တည်ငြိမ်စွာ မှိတ်ထားလိုက်သည်။

ရှီးမျိုးနွယ်စုဝင်များအားလုံး၏ နှလုံးသားများက လည်ချောင်းဝသို့ ရောက်လာကြသည်။ သတ္တိနည်းသူအချို့က ဆက်မကြည့်ရဲတော့သဖြင့် မျက်လုံးများကိုပင် မှိတ်ထားလိုက်ကြသည်။

ချူဖုန်းတို့ကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး ရှီးရွှမ်၏ ဘေးကင်းမှုအတွက် မစိုးရိမ်ကြပေ။

ချောင်ရို့ချန်နှင့် အခြားသူများ သူတို့အချင်းချင်း စတင်ဆွေးနွေးလာကြသည်။

“ညီအစ်ကိုတို့ ငါတို့ဂျူနီယာညီလေး အဲဒီကောင်တွေကို သူတို့ဝှက်ဖဲတွေ ထုတ်ပြလာအောင် ဖိအားပေးဖို့ အချိန်ဘယ်လောက် ကြာမယ်ထင်လဲ”

ယဲ့ပေရွှမ်က ရယ်မောလိုက်သည်။

“သုံးကွက်ထက်တော့ မပိုလောက်ဘူးလို့ ထင်တယ်။ သူတို့အမွေအနှစ်တွေက အစွမ်းထက်တာ မှန်ပေမဲ့ အဲဒါတွေက သူတော်စင်အမွေအနှစ်တွေပဲလေ။ ကျွန်တော်တို့ မြောင်တောင် အမွေအနှစ်နဲ့ ယှဉ်လို့မရဘူး”

အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။ မြောင်တောင်တွင် စစ်မှန်နတ်ဘုရားစွမ်းရည်များ ရှိပေသည်။

ထို့ပြင် သူတို့ဂျူနီယာညီလေးက သူတို့ဆရာ အသစ်ဖန်တီးထားသော နတ်ဘုရားစွမ်းရည်တစ်ခုကို သင်ယူထားရာ ဤအပေါ်ယံနည်းစနစ်များထက် များစွာပို၍ အစွမ်းထက်ပေသည်။

တစ်ချိန်တည်းမှာပင် လသာဆောင် အတွင်း၌ အချို့က သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာနေကြသည်။

ရှီးရွှမ်၏ စေ့စပ်ထားသူ ရှစ်ယောက်က နှုတ်ခမ်းများ ကောင်းကင်သို့ ကွေးတက်မတတ် ပြုံးရွှင်နေကြပြီဖြစ်သည်။ သူတို့ မျက်လုံးထဲတွင် ရှီးရွှမ်က သေချာပေါက် သေရတော့မည်ဖြစ်သည်။

ဝမ်တောက်ကျောင်းတော်တွင် မရပ်တည်နိုင်သော တောသားတစ်ယောက်က သူတို့ ချစ်ရသော အစ်ကိုများနှင့် ယှဉ်နိုင်စရာ အကြောင်းမရှိပေ။

မြောက်ပိုင်းချောက်နက်တော်ဝင်ကျင့်ကြံသူများက ရှီးရွှမ်ကို လှောင်ပြောင်သော အပြုံးများဖြင့် ကြည့်နေကြသည်။

အကယ်၍ ရှီးရွှမ်သာ ဤနေရာတွင် ကျဆုံးသွားပါက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်သည် မြောက်ပိုင်းကို နောက်တစ်ကြိမ် လွှမ်းမိုးနိုင်လိမ့်မည်ဖြစ်သည်။

ထိုလွှမ်းမိုးမှုက စိန်ခေါ်သူများကို ဟန့်တားနိုင်လိမ့်မည်ဖြစ်ပြီး ရှီးရွှမ်ကဲ့သို့ ပါရမီရှင်တစ်ယောက် ပေါ်လာလျှင်တောင် သူက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ထဲသို့ အိမ်ထောင်ပြုဝင်ရောက်ရုံမှလွဲ၍ ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။

ကံကြမ္မာသားတော် ငါးယောက်၏ တိုက်ခိုက်မှုများက ရှီးရွှမ်အပေါ်သို့ ကျရောက်တော့မည့်အချိန်တွင် သူ နောက်ဆုံး၌ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ လက်ဖဝါးထဲတွင် ချိတ်စည်း သင်္ကေတတစ်ခု ပေါ်လာသည်။

ထိုချိတ်စည်း ပေါ်လာသည့် အခိုက်တွင် ကောင်းကင်နှင့်မြေကြီးက တုန်လှုပ်သွားသည်။ ကမ္ဘာကြီးကိုပင် ချိတ်ပိတ်နိုင်သော အလင်းတန်းတစ်ခု သင်္ကေတမှ ဖြာထွက်လာပြီး ရှီးရွှမ်ကို လွှမ်းခြုံသွားသည်။

ဘုန်း။

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တိုက်ခိုက်မှုငါးခုစလုံး အလင်းတန်း၏ လွယ်ကူစွာ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

“ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းပဲ”

“အဲဒါ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ကို တည်ထောင်တုန်းက ရှီးမျိုးနွယ်စုဘိုးဘေး ချန်ရစ်ခဲ့တဲ့ ပိုင်နက် ချိတ်စည်းပဲ။ မြင့်မြတ်ရတနာတစ်ခုပေါ့”

“ပါရမီရှင်ငါးယောက်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တာလည်း မဆန်းပါဘူး”

ကံကြမ္မာသားတော် ငါးယောက်က ရှီးရွှမ်၏ လက်ထဲက ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းကို တည်ငြိမ်စွာ ကြည့်နေကြသည်။

စီနီယာအစ်ကိုကျောက် လှောင်ပြောင်လိုက်သည်။

“ဂျူနီယာညီလေးရှီး မင်းဆီမှာ ဒါပဲရှိတာလား။ ဒီနေ့ မင်းဆီမှာ ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းပဲ ရှိတယ်ဆိုရင် သေဘေးကနေ လွတ်မှာမဟုတ်ဘူး”

ရှီးရွှမ်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားသည်။

“စီနီယာအစ်ကိုကျောက် ကျွန်တော့်ကို လာမစမ်းသပ်ဖို့ အကြံပေးချင်တယ်။ ဝှက်ဖဲတွေကို အခုပဲ ထုတ်ပြလိုက်။ မဟုတ်ရင် မင်းတို့ငါးယောက် ပေါင်းပြီးတောင် ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်း တစ်ခုတည်းနဲ့ ဖိနှိပ်ခံလိုက်ရရင် အရှက်ကွဲရလိမ့်မယ်”

သူ ချန်လျှို့ဝှက်ချက်ကို ယခုလေးတင် အသုံးပြုလိုက်သဖြင့် အနာဂတ် မြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။ သူတို့ငါးယောက် ကံကြမ္မာသားတော်များဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်ကြောင်း ဝန်ခံရပေမည်။

ရွှီအောက်ထျန်း၏ အနောက်ရှိ သူတော်စင်ဝိညာဉ်သည် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်၏ ရန်သူဖြစ်သည်။ ချူချန်းဟန်၏ ရွှေရောင်ခေါင်းတလားထဲတွင် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်တစ်ခုလုံး အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော သူတော်စင်အလောင်းတစ်ခု ပါဝင်သည်။ သူတို့နှင့် ယှဉ်လျှင် ရှုဝမ်ထျန်း၏ အစောင့် သွေးနက်နဂါးနှင့် လုံကျိုက်ယွမ်၏ နတ်ဆိုးဓားဝိညာဉ်တို့က အနည်းငယ် ပို၍အားနည်းနေသည်။

တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ရှီးရွှမ်သည် အနာဂတ် စီနီယာအစ်ကိုကျောက်၏ ဝှက်ဖဲကို ကြိုမမြင်ခဲ့ရခြင်းပင်။ ဤလူက လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်သည်။

ပြိုင်ဘက်များ၏ ဝှက်ဖဲလေးခုကို မြင်တွေ့လိုက်ရခြင်းက ထိပ်တိုက်ရင်ဆိုင်မှုတွင် ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းကို အားကိုးရန် ရှီးရွှမ် ယုံကြည်သွားတော့သည်။

ကံကြမ္မာသားတော် ငါးယောက်သည် ရှီးရွှမ်၏ စကားများကြောင့် ဒေါသထွက်မသွားကြပေ။

စီနီယာအစ်ကိုကျောက် လှောင်ပြောင်လိုက်သည်။

“မင်း ငါတို့ကို အရူးတွေလို့ ထင်နေတာလား။ ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းက အစွမ်းထက်ပေမဲ့ ငါတို့ကို မင်းသဘောကျ ဖိနှိပ်ဖို့ အသုံးပြုနိုင်တဲ့အထိမဟုတ်ဘူး။ ငါတို့ငါးယောက်သာ ပေါင်းလိုက်ရင် မင်းရဲ့ လိပ်ခွံကို ချိုးဖျက်ဖို့က ခက်ခဲမှာ မဟုတ်ဘူး”

“စီနီယာအစ်ကိုကျောက် ခင်ဗျားကို အမုန်းဆုံးဖြစ်စေတဲ့အရာက ဘာလဲဆိုတာကိုသိရဲ့လား”

ရှီးရွှမ် စီနီယာအစ်ကိုကျောက်ကို တိုက်ရိုက် မဖြေပေ။ ယင်းအစား သူ မေးခွန်းတစ်ခု မေးလိုက်သည်။

“ဘာများလဲ သိချင်မိပါရဲ့”

စီနီယာအစ်ကိုကျောက် ကြောင်နှင့်ကြွက် ကစားသကဲ့သို့ လှောင်ပြောင်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ရှီးရွှမ် တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားက အရာအားလုံးကို ထည့်တွက်ဖို့ အမြဲကြိုးစားပြီး ဘာမှမချန်လှပ်ဘဲ အစီအစဉ်ဆွဲတတ်တယ်။ ပြီးပြည့်စုံတဲ့ ဗျူဟာမှူးဆိုတဲ့ နာမည်ပြောင်က ခင်ဗျားနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က ခင်ဗျားရဲ့ အကြံအစည်တွေကို ထိုးထွင်းမြင်သွားပြီဆိုရင် ခင်ဗျားရဲ့ ဗျူဟာတွေဆိုတာ ပြက်လုံးတစ်ခု သက်သက်ထက် မပိုတော့ဘူး”

“အိုး”

စိတ်ဝင်စားသွားသော စီနီယာအစ်ကိုကျောက် ပြန်လည်ချေပလိုက်သည်။

“ဒါဆို မင်း ငါ့အစီအစဉ်ကို မြင်ပြီးသွားပြီပေါ့။ ဒါဆို ငါ့ရဲ့ ပွင့်လင်းတဲ့ အကြံအစည်ကို မင်း ဘယ်လို ဟန့်တားမလို့လဲ”

ရှီးရွှမ် အေးစက်စွာ ပြန်ဖြေသည်။

“ပကတိခွန်အားရှေ့မှာ တွက်ချက်မှုတွေနဲ့ အကြံအစည်တွေ အားလုံးက ဘာမှမဟုတ်တော့ဘူး ဆိုတဲ့စကားကို ခင်ဗျား ကြားဖူးလားတော့ မသိဘူး”

ထိုစကားများကြောင့် သူတို့ငါးယောက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

“ဟားဟားဟား”

ရွှီအောက်ထျန်း အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။

“ရှီးရွှမ် ဒီစကားကိုပြောဖို့ ဘယ်သူက မင်းကို သတ္တိတွေပေးလိုက်လဲ ငါ မသိဘူး”

“အဓိပ္ပာယ်မရှိတာတွေကို ရပ်လိုက်စမ်း ရှီးရွှမ်။ မင်းကို အပိုင်းပိုင်းဖြတ်ဖို့ ငါ မစောင့်နိုင်တော့ဘူး”

ချူချန်းဟန် အော်ဟစ်လိုက်ပြီး စိတ်မရှည်တော့သဖြင့် အခြားသူများကို ဂရုမစိုက်တော့ဘဲ အရင်ဆုံး တိုက်ခိုက်လိုက်သည်။

“ကောင်းကင်အလောင်းချိတ်စည်း”

အခြားလေးယောက် ချက်ချင်း ဝင်မပါကြပေ။ ရှီးရွှမ်၏ ဝှက်ဖဲက ဘာလဲဆိုတာကို သူတို့ မြင်တွေ့ချင်ကြသည်။ သူ့ခွန်အားကို အလှည့်ကျ စုပ်ယူမည့် တိုက်ခိုက်မှုပုံစံလည်း အသုံးပြုနိုင်သည့် နည်းဗျူဟာတစ်ခုပင်။

ခရက်။

ရွှေရောင်ခေါင်းတလားရှိ အက်ကွဲကြောင်းက ပို၍ ကျယ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ မြင့်တက်သွားကာ ဧရာမတိမ်တိုက်ကြီးတစ်ခုဖြစ်လာ၏။

All Chapters