← Chapters

အခန်း (၂၀၅)

Vol. 21 Ch. 205

အခန်း (၂၀၅)

Vol. 21 Ch. 205

အခန်း (၂၀၅) တစ်စုံတစ်ယောက်၏ ခေါင်းကို ခွဲချင်နေသော ယွင်ဝေ

နန်ကုန်းယွမ်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ညွှန်ကြားလိုက်၏။

"တရားရေးရာရုံးတော်နဲ့ တရားစီရင်ရေးရုံးတော်ကို အကြောင်းကြားလိုက်... ကျောက်မိသားစုဝင်တစ်ယောက် လွတ်မြောက်နေသေးတယ်..."

"အမိန့်အတိုင်းပါ..."

ရှောင်ရှင်းဟွာသည် ယခုအခါ ယွင်ဟွားရှေ့တွင် မျက်နှာပြဝံ့ခြင်း မရှိတော့ပေ။ သူမသည် မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေပြီး သခင်ဖြစ်သူ၏ အမိန့်ကို လက်ခံရရှိပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားလေ၏။

ယခုလေးတင် ဂရုမစိုက်သလို ဟန်ဆောင်နေသော ကျောက်သွမ်က ယွင်ဟွား၏ စကားကို ကြားပြီးနောက် ချက်ချင်းပင် မျက်နှာပျက်ကာ မှုန်ကုပ်သွားလေသည်။

သူသည် သူမကို သိရှိပေသည်။ သူမ၏ ကြမ်းတမ်းသော ခွန်အားများကြောင့် မြို့တော်တွင် ခေါင်းခွဲမင်းသမီးဟူသော ဘွဲ့ကို ရရှိထားခြင်း ဖြစ်၏။ အခြားသူများက ကြောက်ရွံ့ကြသော်လည်း သူက သူမကို ကြောက်ရွံ့သည်ဟု မဆိုလိုပေ။ သူ၏ အနီးတွင် သိုင်းပညာရှင်တစ်ဦး ရှိနေပေသည်။

ကျောက်သွမ်သည် ယွင်ဟွားအား မထီမဲ့မြင် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထက်ရှိ လှောင်ပြောင်မှုများက အလွန် သိသာထင်ရှားနေလေသည်။

"မင်းက ဘယ်လိုလုပ် အဲ့လို အဓိပ္ပာယ်မရှိတဲ့ စကားမျိုးကို ပြောရဲရတာလဲ... မင်းမှာ ပိုက်ဆံရော ရှိလို့လား... ငွေစက္ကူ သောင်းချီတန်တဲ့ အင်ပါယာကျောက်စိမ်းကို ဝယ်နိုင်မယ်လို့ထင်ပြီး အဲ့လောက်မောက်မာတဲ့ စကားကို ပြောထွက်ရဲတယ်ပေါ့လေ..."

သူမသည် အိမ်ထောင်မပြုရသေးဘဲ မျက်နှာသာပေးခံရလျှင်တောင်မှ ယွင်မိသားစုက သူမအား ငွေစက္ကူ သောင်းချီ၍ အလွယ်တကူ သုံးစွဲရန် ပေးလိမ့်မည်ဟု သူ မယုံကြည်ပေ။ သူကိုယ်တိုင်ပင် ထိုမျှများပြားသော ငွေကြေးမျိုး တစ်ကြိမ်မျှ မပိုင်ဆိုင်ခဲ့ဖူးပေ။

"ဘာမှမပေးဘဲ အလကားလိုချင်နေတဲ့ လူတချို့ထက်စာရင်တော့ ပိုကောင်းပါသေးတယ်... သူတို့က ငွေတစ်ထောင်လောက်နဲ့ ငွေသောင်းချီတန်တဲ့ အရာကို လိုချင်နေကြတယ်... အနည်းဆုံးတော့ ဒီမင်းသမီးက ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိသေးတယ်... နင်နဲ့မတူဘူး နင်က တကယ့်ကို အရှက်မရှိတာပဲ..."

ယွင်ဟွားသည် သူတို့၏ အာဏာနှင့် ဩဇာလွှမ်းမိုးမှုကို အားကိုးကာ မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ပြီး ပြည်သူများကို ဖိနှိပ်တတ်သော ဤကဲ့သို့သော လူစားမျိုးကို အလွန် ရွံရှာလေသည်။ သူမသည် ကပ်ဘေးဒုက္ခတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ ဖန်တီးသော ကပ်ဘေးဒုက္ခမှာ သူမရှေ့ရှိ ဤလူယုတ်မာမျိုးအတွက်သာဖြစ်၏။

ယွင်ဟွားသည် သူမ၏ လက်သေးသေးလေးများကို ကျောဘက်သို့ လှည့်လိုက်ရာ ရွှေအုတ်ခဲလေးမှာ သူမ၏ လက်ထဲတွင် ပေါ်လာလေသည်။

ညီမဖြစ်သူ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့သော ယွင်ဝေမှာ အလွန် စိတ်လှုပ်ရှားနေလေသည်။ သူမ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရှုလိုက်ရာ သင့်တော်သော ကျောက်ခဲတစ်လုံးကို တွေ့ရှိသွား၏။ သူမသည် ထိုကျောက်ခဲကို လက်ထဲတွင် အလေးချိန်ချိန်ကြည့်လိုက်ကာ ပြုံးဖြီးဖြီးလုပ်ပြီး ယွင်ဟွား၏ အနားသို့ ပြေးသွားလေသည်။

"ညီမလေး... ဘယ်သူ့ခေါင်းကို အရင်ခွဲရမလဲ..."

ယွင်ဝေ၏ မျက်လုံးများက အရောင်လက်နေပြီး အလွန် စမ်းသပ်ကြည့်ချင်နေလေသည်။ နောက်ဆုံးတွင် သူမနှင့် သူမ၏ ညီမလေးအတွက် 'လုပ်ကြံသူစုံတွဲ' ဟူသော အမည်နာမတစ်ခုကို ဖန်တီးနိုင်တော့မည် ဖြစ်၏။

ဧကရာဇ်မင်းမြတ်သည် ကျောက်သွမ်ဟုခေါ်သော ဤလူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး သူ၏ ဆွေမျိုး မျိုးဆက်ကိုးဆက် အပါအဝင် မိသားစုတစ်စုလုံးကိုပါ ကွပ်မျက်ခဲ့သည်ဟု သူမ၏ ညီမလေး ယခုလေးတင် ပြောခဲ့သည် မဟုတ်ပါလား။ သို့ဖြစ်ရာ ထိုအကြောင်းပြချက်အရ သူသည် လွတ်မြောက်နေသော တရားခံပြေးတစ်ဦး ဖြစ်နေဆဲပင်တည်း။ အကယ်၍ သူမက သူ့ကို ရိုက်သတ်လိုက်မည်ဆိုလျှင် တရားရေးရာရုံးတော်က သူမကို အပြစ်တင်မည် မဟုတ်ဘဲ ဆုလာဘ်ပင် ပေးကောင်းပေးနိုင်သေးသည်။

ထိုအချက်ကို တွေးမိသောအခါ ယွင်ဝေမှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။

"ညီမလေး... သူ့ခေါင်းကို တတိယအစ်မ ခွဲဖို့ ချန်ထားပေးရမည်နော်..."

သူမသည် တစ်စုံတစ်ယောက်၏ ခေါင်းကို ခွဲချရသည့် ခံစားချက်ကို ကိုယ်တွေ့ ကြုံဆုံခံစားချင်နေလေသည်။

“ဟွားဟွား... ဒါဆိုရင် သူ့ရဲ့ အငြိုးအတေးဝိညာဉ် ပေပေ့အတွက် ချန်ထားပေးရမယ်.. ပေပေ့က အပြင်ဘက်မှာ ကြွပ်ရွပြီး အတွင်းဘက်မှာ နူးညံ့သွားတဲ့အထိ ဆီပူပူမှာ ကြော်ပစ်မယ်... ကြွပ်ရွပြီး အရသာရှိမှာပဲ..”

တရားသူကြီးပေပေ့သည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်၏။ ထိုအသံကြောင့် ရှိနေသူအားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ ချက်ချင်းပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြလေသည်။

ယွင်ဟွား... “အင်း…”

သူမသည် တရားသူကြီး၏ စုတ်တံကို လျစ်လျူရှုလိုက်သည်။ သို့သော်... သူမသည် သူမ၏ တတိယအစ်မကိုပါ လမ်းမှားသို့ ခေါ်ဆောင်သွားမိသကဲ့သို့ ဖြစ်နေလေသည်။

"တတိယ... တတိယအစ်မ... အခြားနည်းလမ်းတစ်ခုလောက် ပြောင်းကြည့်ရင် မကောင်းဘူးလား..."

တတိယအစ်မဖြစ်သူ နောင်တစ်ချိန်တွင် အိမ်ထောင်မပြုနိုင်တော့မည်ကို စိုးရိမ်သဖြင့် ယွင်ဟွားက သတိထားကာ ဖျောင်းဖျလိုက်၏။ ထိုသို့ဆိုလျှင် သူမသည် ကိုယ်လုပ်တော်လီ၏ တုတ်ဖြင့် ရိုက်နှက်မှုကို ခြံဝင်းအနှံ့ ခံရပေလိမ့်မည်။

ယွင်ဝေက လက်ကို ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။

"မလိုပါဘူး... ခေါင်းခွဲတာက ငါနဲ့ အလိုက်ဖက်ဆုံးပဲ..."

သူမသည် ရက်စက်ကြမ်းကြုတ်သော လူကြမ်းတစ်ဦး ဖြစ်ချင်နေပြီး မကြမ်းတမ်းလျှင် သူမ၏ ဆိုးယုတ်မှုက ထင်ရှားမည် မဟုတ်ပေ။

"မင်း... မင်းတို့တွေ... မင်းတို့က တကယ့်ကို ရက်စက်လွန်းတယ်... ငါက ကျောက်မိသားစုဝင် စစ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးပဲ..."

ကျောက်သွမ်က သူတို့အား မလိုမုန်းထားမှုများဖြင့် စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

"မင်းတို့က နေ့ခင်းကြောင်တောင်ကြီး ငါ့ခေါင်းကို ခွဲဖို့ ကြံစည်နေကြတယ်... မင်းတို့မှာ ဥပဒေကို လေးစားမှုမရှိဘူးလား..."

သူ၏ ခေါင်းသည် ဖရဲသီးတစ်လုံး မဟုတ်ရာ ထိုကဲ့သို့ အလွယ်တကူ ခွဲပစ်၍ မရနိုင်ပေ။

ယွင်ဝေက သူ၏ စကားကို ရယ်စရာကောင်းသည်ဟု ထင်ကာ ပခုံးတွန့်လိုက်လေသည်။

"နင်တောင် နေ့ခင်းကြောင်တောင်ကြီး ဥပဒေမဲ့ ငွေလုနေပြီးတော့ ငါတို့ကိုရော ဥပဒေလိုက်နာဖို့ မျှော်လင့်နေတာလား... နင့်မှာ အဲ့စကားကို ပြောခွင့်မရှိဘူး..."

ယွင်ဝေသည် မျက်လုံးလှန်လိုက်ပြီး သူ့ကို တစ်ချက်ပင် လှည့်မကြည့်တော့ပေ။

"လက်သီးတွေကသာ ခွန်အားရဲ့ စစ်မှန်တဲ့ အတိုင်းအတာပဲ... ဘယ်လိုပဲဖြစ်ဖြစ် နင်က သိပ်ကြာကြာ အသက်ရှင်ရတော့မှာ မဟုတ်ဘူးဆိုတော့ ဒီသခင်မလေးက နင့်ကို သေသေချာချာလေး ရိုက်နှက်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်... ပြီးရင် နင့်အတွက် စက္ကူပိုက်ဆံတွေတောင် မီးရှို့ပေးလိုက်ဦးမယ်..."

ယွင်ဝေ၏ မျက်လုံးများက သူ၏ အပေါ်တွင် စူးစိုက်နေပြီး တိုက်ပွဲစတင်ရန် ညီမဖြစ်သူ၏ အမိန့်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေရာမှ ချက်ချင်း ပြေးဝင်သွားနိုင်ရန် ပြင်ဆင်နေလေသည်။

ယွင်ဟွား : သူမတော့ သွားပါပြီ။ သူမသည် သူမ၏ ရူးသွပ်နေသော တတိယအစ်မကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

"ရိုင်းစိုင်းလှချည်လား... ခွေးမ... မင်းသာ အသက်တိုမယ့်သူပဲ..."

ကျောက်သွမ်၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည် ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ ယွင်ဝေ၏ မျက်လုံးများဆီသို့ စူးဝင်သွားလေသည်။ သူ၏ ဖခင်သည် သူ၏ မိခင်ဘက်မှ အဘိုးအတွက် အလုပ်လုပ်ပေးနေပြီး နောင်တစ်ချိန်တွင် မြို့တော်၌ စကားပြောနိုင်သူများမှာ ကျောက်မိသားစုပင် ဖြစ်လာနိုင်သေးသည်။ သူတို့က အဆင့်အတန်းနိမ့်ကျသူတစ်ဦးအား သူ့ကို ဤကဲ့သို့ စော်ကားခွင့် ပြုနိုင်မည်နည်း။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ တိမ်လွှမ်းနေသော မျက်လုံးများက ယွင်ဝေ၏ အပေါ်သို့ တစ်ဖန် ရောက်ရှိသွားပြန်ရာ သူမ၏ ကောက်ကြောင်းပေါ်လွင်သော ခန္ဓာကိုယ်နှင့် တက်ကြွသော စရိုက်လက္ခဏာများက သူမကို တစ်မူထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေလေသည်။ ၎င်းတို့သည် ဖားယားတတ်သော ပြည့်တန်ဆာများ သို့မဟုတ် လေးစားဖွယ်ကောင်းသော မိသားစုများမှ အမူအကျင့်ကောင်းမွန်သော သခင်မလေးများထက် များစွာ ပို၍ စိတ်ဝင်စားဖွယ် ကောင်းနေပေသည်။

အကယ်၍... သူမကို အောက်သို့ ပြင်းပြင်းထန်ထန် ဖိချကာ သူမ ကျေမွသွားသည်အထိ ပွတ်သပ်ရမည်ဆိုလျှင် အလွန်ကောင်းမွန်သော ခံစားချက်ကို ရရှိပေလိမ့်မည်။

ကျောက်သွမ်သည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ယခုချက်ချင်းပင် သူမ၏ အဝတ်အစားများကို ချွတ်ကာ အတွင်းပိုင်းတွင် မည်သို့ရှိသည်ကို ကြည့်ရှုလိုစိတ်များ ပြင်းပြနေလေသည်။ အနည်းငယ်တော့ နှမြောစရာ ကောင်းလှသည်။ အချိန်နှင့် နေရာ နှစ်ခုစလုံး မှားယွင်းနေပေသည်။

တတိယမင်းသားသည် လွန်ခဲ့သောရက်အနည်းငယ်က ယွင်အိမ်တော်တွင် နေထိုင်ခဲ့ပြီး ယွင်ဝေနှင့် အချိန်များစွာ ကုန်ဆုံးခဲ့သည်။ သူမက သူ့ကို တစ်ခါတစ်ရံ နောက်ပြောင်တတ်သော်လည်း သူမသည် အလွန် ပွင့်လင်းရိုးသားပြီး တက်ကြွသော လူတစ်ဦးဖြစ်၏။ ထို့အပြင် သူမသည် အစ်မကြီး၏ အရင်းအချာ ညီမတစ်ဦးဖြစ်နေသည်ကို ဆိုဖွယ်ရာ မရှိပေ၊ ထို့ကြောင့် သူမသည် သူ၏ အကာအကွယ်အောက်တွင် ရှိနေမည်မှာ သဘာဝပင်ဖြစ်သည်။ ထို့အပြင် ယောက်ျားတစ်ယောက်အနေဖြင့် ကျောက်သွမ်၏ မျက်လုံးထဲမှ ကာမရာဂ အကြည့်များကို သူက မည်သို့လျှင် မမြင်ဘဲ နေမည်နည်း။

“ဟမ့်... ငါ့နေရာမှာ လာပြီး ပြဿနာရှာတဲ့အပြင် ငါ့လူတွေကိုပါ တပ်မက်ဝံ့တယ်ပေါ့... ငါ သူ့ကို အခုချက်ချင်း သတ်ပစ်မယ်.."

တတိယမင်းသားက သူ၏ လက်စွပ်များကို ခေါက်တင်လိုက်ပြီး အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း ရှန်ကွမ်းဝမ်သော်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"ခဏနေပါဦး... အစ်မကြီး အဲ့နေရာမှာ ရှိနေတာကို မမြင်ဘူးလား... သူမက ကိုယ့်အစ်မကို လူတွေ အနိုင်ကျင့်တာ ခံနေပါ့မလား... မင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ စွမ်းရည်တွေနဲ့ဆိုရင် မင်းက ပြဿနာပိုရှာသလိုပဲ ဖြစ်နေလိမ့်မယ်..."

နန်ကုန်းယွမ်က တတိယမင်းသားအား တစ်ချက် ကြည့်လိုက်ပြီးနောက် ယွင်ဝေဘက်သို့ လှည့်ကြည့်ကာ သိသာစွာ ပြုံးလိုက်လေသည်။

ယွင်ဝေသည် အိမ်ထောင်မပြုရသေးဘဲ သူမသည် ရဲရင့်သူတစ်ဦး ဖြစ်သော်လည်း အဝတ်အစားများ ချွတ်ချခံရမည့်အလား မျက်လုံးများဖြင့် စိုက်ကြည့်ခံရခြင်းက သူမအား ဒေါသထွက်စေပြီး ရှက်ရွံ့စေခဲ့သည်။ သူမ၏ မျက်နှာမှာ နီရဲသွားကာ ဒေါသထွက်လွန်းသဖြင့် သူ၏ ခေါင်းကို ခွဲပစ်ချင်စိတ်များ ပေါက်လာလေသည်။

"သခင်မလေးယွင်... သခင်မလေးက စေ့စပ်ထားပြီးပြီလား မသိဘူး... မနက်ဖြန်ကျရင် ကျွန်တော်နဲ့အတူ ပန်းတွေ သွားကြည့်ဖို့များ ဖိတ်ခေါ်ခွင့် ပြုနိုင်မလား..."

ကျောက်သွမ်သည် ယွင်ဝေအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာရင်း သူ၏ ရန်လိုမှုများကို ဖုံးကွယ်ရန် ကြိုးစားခြင်း မရှိတော့ပေ။

"ကံမကောင်းစွာနဲ့ပဲ ဒီကောင်တီမင်းသမီးက အခု နင့်ကို ငရဲပြည် ပို့ပေးဖို့ အချိန်ရှိတယ်.."

ယွင်ဟွား၏ အငွေ့အသက်များက ရုတ်တရက် မှုန်မှိုင်းသွားကာ သူမ၏ လက်ချောင်းငါးချောင်းက လက်သည်းများသဏ္ဌာန် ဖြစ်ပေါ်လာပြီး ကျောက်သွမ်၏ လည်ပင်းကို ဆွဲကိုင်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေမည့် သတ်ဖြတ်လိုသော အငွေ့အသက်လှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။ သေစေနိုင်လောက်သော အပြုံးလေးတစ်ခုက သူမ၏ နှုတ်ခမ်းထက်တွင် ကစားနေလေသည်။

"ငါ့ဆီကနေ အခွင့်အရေးယူဖို့ ကြိုးစားရင် နင် သေချာပေါက် အလောင်းလှမှာ ဖြစ်ပေမယ့် ငါ့ရဲ့ တတိယအစ်မဆီကနေ အခွင့်အရေးယူဖို့ ကြိုးစားရင်တော့ နင် အသေဆိုးနဲ့ သေဖို့ သေချာအောင် ငါ လုပ်ပေးမယ်..."

ယွင်ဟွားက သူ၏ လည်ပင်းကို ဆွဲကိုင်ထားသဖြင့် ကျောက်သွမ်၏ မျက်နှာမှာ နီရဲလာပြီး အသက်ရှူမဝတော့ဘဲ သူ၏ လက်များဖြင့် ယွင်ဟွားအား အဆက်မပြတ် ရိုက်နှက်နေလေသည်။

"မင်း... မင်း ခွေးမ... လွှတ်စမ်း..."

သတိပြန်လည်လာပြီးနောက် ကျောက်သွမ်၏ အစောင့်များသည် သူတို့၏ ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။ နန်ကုန်းယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။

"စတင်လှုပ်ရှားကြ..."

သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် အစောင့်များသည် ခုန်ထွက်လာကြပြီး ကျောက်သွမ်၏ ကိုယ်ရံတော်များကို ချက်ချင်းပင် နှိမ်နင်းလိုက်ကြသည်။ သိုင်းပညာရှင်ဟု ဆိုသောသူမှာလည်း သူ့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ဘေးနားမှ ကြည့်ရှုနေသူများသည် မြင်ကွင်းကို ကြည့်ရှုလိုကြသော်လည်း ဓားများကို ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူစုကွဲကာ ထွက်ပြေးသွားကြရာ ဆိုင်တစ်ဆိုင်လုံးတွင် လူအနည်းငယ်မျှသာ ကျန်ရှိတော့သည်။ ယွင်ဟွားက သူ့လည်ပင်းကို ဆွဲကိုင်ထားသော်လည်း ကျောက်သွမ်သည် မောက်မာနေဆဲဖြစ်ကာ ပြောလိုက်၏။

"မင်းက အရာရှိတစ်ယောက်ရဲ့ သားကို သတ်ရဲတယ်ဆိုရင် မနက်ဖြန်ကျရင် ငါ့အဖေက မင်းကို သေချာပေါက် စွပ်စွဲပြစ်တင်ပြီး အကျဉ်းထောင်ထဲ ပို့ပစ်လိမ့်မယါ."

"ဟုတ်လား..."

ယွင်ဟွားက မျက်ခုံးပင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"ငါ တကယ်ကို စိတ်မကောင်းပါဘူး... ဒါပေမယ့် နင့်အဖေက သစ္စာဖောက်တစ်ယောက် ဖြစ်သွားပြီး နင့်ထက်စောပြီး ဒီမနက်မှာပဲ အကျဉ်းချခံလိုက်ရပြီ... နင့်ရဲ့ ကျောက်မိသားစုက အခုလောက်ဆိုရင် ဝင်ရောက်စီးနင်းခံလိုက်ရလောက်ပြီဖြစ်ပြီး နင်က အရာအားလုံးကို ဘာမှမသိဘဲ ဖြစ်နေတုန်းပဲ..."

ကျောက်သွမ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ပြန်လည်ချေပလိုက်၏။

"ခွေးမ... မင်း ငါ့ကို လိမ်နေတာပဲ..."

သူ၏ ဖခင်သည် အလွန်ကောင်းမွန်စွာ ပုန်းအောင်းနေခဲ့ရာ မည်သူက သူ့ကို ရှာဖွေတွေ့ရှိနိုင်မည်နည်း။ သူ မယုံကြည်ပေ။ သူသည် ယုံကြည်ရန် လုံးဝငြင်းဆန်ခဲ့သည်။

ထိုအချိန်မှာပင် စစ်သည်အမြောက်အမြားသည် သူတို့ကို ဝိုင်းရံကာ နှိမ်နင်းရန် ရောက်ရှိလာကြလေတော့သည်။

All Chapters